← Chapters

အခန်း ၅၉၇

Vol. 43 Ch. 597

အခန်း ၅၉၇

Vol. 43 Ch. 597

အခန်း (၅၉၇) - ငါးစာမိသွားခြင်း၊ မျှော်လင့်ထားသည့်အတိုင်း စောင့်ကြည့်လေ့လာခြင်း

လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာငယ်လေးအတွင်း၌ ရှာနာနတ်ဆိုးဧကရာဇ်သည် အရပ်မျက်နှာအသီးသီးမှ ဝင်ရောက်လာသော တိုက်ခိုက်မှုများကို သူ၏စွမ်းအားအပြည့်ဖြင့် ခုခံနေခဲ့သည်။

ရှာနာပန်း၏ ပတ်လည်တွင် မရေမတွက်နိုင်သော ကောင်းကင်ဘုံတာအို ဥပဒေသများသည် ကြောက်မက်ဖွယ်ကောင်းသော သံကြိုးများအဖြစ် ပြောင်းလဲသွားပြီး ရှာနာနတ်ဆိုးဧကရာဇ်ဆီသို့ ရိုက်ခတ်လာလေသည်။ ၎င်းတို့၏ စွမ်းအားမှာ ကြီးမားလှပြီး ကြောက်ရွံ့တုန်လှုပ်ဖွယ် ကောင်းလှသော်လည်း ၎င်းသည် လူသားတို့၏ ဝင်ရောက်စွက်ဖက်မှု လုံးဝမပါဝင်ဘဲ ရှာနာပန်းကို ကာကွယ်ပေးနေသော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသက်သက်ဟုသာ ခံစားရစေပြီး မည်သည့်သံသယမျှ မဖြစ်ပေါ်စေခဲ့ချေ။

ဤနေရာ၏ အမှန်တရားကို ရှာနာနတ်ဆိုးဧကရာဇ် သိရှိထားသော်လည်း အပေါ်ယံတွင်မူ သူသည် ရှာနာပန်းကို မိန်းမောတွေဝေစွာ စိုက်ကြည့်နေကာ ဤအထွတ်အထိပ် ဖန်တီးမှုကို ရယူလိုသော ဆန္ဒများ ပြည့်နှက်နေလေသော အလွန်အမင်း ဝမ်းသာအားရဖြစ်နေသည့် အမူအရာကို ဟန်ဆောင်ပြသနေ၏။

" ဒီလို ဖန်တီးမှုမျိုးက ငါအရှင်နဲ့ပဲ ထိုက်တန်တယ်! "

ရှာနာနတ်ဆိုးဧကရာဇ်သည် တီးတိုးရေရွတ်လိုက်ပြီး သူ၏ လက်များကို ဆက်လက်လှုပ်ရှားကာ ဝင်ရောက်လာသော အဆုံးမဲ့တာအို သံကြိုးများကို အဆက်မပြတ် ဖယ်ရှားရင်း ရှာနာပန်းဆီသို့ ခက်ခဲစွာ ချဉ်းကပ်သွားလေသည်။

" ချီဖျန့်ဧကရာဇ်... မင်းရဲ့ အဖိုးတန်ရတနာကိုရော စစ်တပ်ကိုပါ မဆုံးရှုံးစေနဲ့နော် "

ဤအခြေအနေကို မြင်သောအခါ နတ်ဆိုးဧကရာဇ်ကြီး မျက်လုံးများ မှေးကျဉ်းသွားပြီး အေးဆေးစွာ သတိပေးလိုက်၏။

ရှာနာပန်းသည် ရှာနာနတ်ဆိုးဧကရာဇ်ကို သွေးဆောင်ရန် ချီဖျန့်ဧကရာဇ် အသုံးပြုသော အစာတစ်ခုမျှသာဖြစ်ကြောင်း သူ သိထားသည်။

သို့သော် ရှာနာနတ်ဆိုးဧကရာဇ်သာ ဤနတ်ဘုရားရတနာကို တကယ်ရရှိသွားမည်ဆိုပါက အခြေအနေများ ကောင်းမွန်တော့မည် မဟုတ်ပေ။

ဤရှာနာပန်းသည် ရှာနာနတ်ဆိုးဧကရာဇ်အပေါ် မည်မျှ ဩဇာလွှမ်းမိုးမှု ရှိနိုင်သည်ကို နတ်ဆိုးဧကရာဇ်ကြီး အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။

အကယ်၍ ရှာနာနတ်ဆိုးဧကရာဇ်သာ ဤနတ်ဘုရားရတနာကို ရရှိသွားပြီး အရေးကြီးသော အချိန်တွင် သူ့ကိုယ်သူ မြှင့်တင်ရန် အသုံးပြုသွားပါက များစွာ ဒုက္ခရောက်ပေလိမ့်မည်။

" ဟက်! ငါအရှင်က သူ့ကို လုံးဝ အောင်မြင်ခွင့် ပေးမှာ မဟုတ်ဘူး "

ချီဖျန့်ဧကရာဇ်သည် နှာခေါင်းရှုံ့လိုက်၏။ အစာသက်သက်မျှသာဖြစ်သော ရှာနာပန်းကို ရှာနာနတ်ဆိုးဧကရာဇ်၏ လက်ထဲသို့ သူ ဘယ်လိုလုပ် အမှန်တကယ် ကျရောက်ခွင့် ပေးနိုင်မည်နည်း။

ထိုကဲ့သို့သော မိုက်မဲသည့်အလုပ်မျိုးကို သူ လုံးဝ လုပ်မည်မဟုတ်ပေ!

စကားပြောရင်းနှင့်ပင် ချီဖျန့်ဧကရာဇ်မှ နောက်ထပ် လက်သင်္ကေတတစ်ခုကို ဖန်တီးလိုက်၏။ ချက်ချင်းဆိုသလို ကမ္ဘာငယ်လေးထဲရှိ ရှာနာပန်းသည် တစ်ခုခု၏ လမ်းညွှန်မှုကို ခံရသည့်အလား ရုတ်တရက် ပွင့်လန်းလာတော့သည်။ တောက်ပလှသော အလင်းတန်းပေါင်းများစွာ ရှာနာပန်းထံမှ ထွက်‌ပေါ်လာပြီး ၎င်းတို့ ဖြတ်သန်းသွားရာ လေဟာနယ်ပင်လျှင် အပြင်းထန်ဆုံး ဖျက်ဆီးခံလိုက်ရ၏။

ရှာနာနတ်ဆိုးဧကရာဇ်သည် ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွား၏။ သူသည် ချက်ချင်းပင် မှန်ချပ်ပေါင်းများစွာကို ဖန်တီးလိုက်၍ သူ၏ ခန္ဓာကိုယ်အစစ်အမှန်ကို မှန်ကမ္ဘာများစွာထဲတွင် ထည့်သွင်းကာ ရှာနာပန်း၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်လေသည်။

မှန်ချပ်ပေါင်းများစွာ ကွဲကြေသွားသလို ရှာနာနတ်ဆိုးဧကရာဇ်မှာလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်ပင် ရုန်းကန်နေရကာ အလွန်တရာ အခက်တွေ့နေလေသည်။

အဆက်မပြတ် ရှေ့တိုးနေခဲ့သော သူ၏ လမ်းကြောင်းသည် ယခုအခါ ပို၍ပို၍ နှေးကွေးလာပြီး နောက်ဆုံးတွင် လုံးဝ ရပ်တန့်သွားတော့သည်။

သို့သော် ရင်ထဲတွင် အလွန်အမင်း စိုးရိမ်ပူပန်နေသော်လည်း ရှာနာနတ်ဆိုးဧကရာဇ်သည် သူနှင့် မလှမ်းမကမ်းတွင် လက်လှမ်းမီလုနီးနီးဖြစ်နေသော်ငြား မရရှိနိုင်သည့် ရှာနာပန်းကိုသာ စိုက်ကြည့်နေနိုင်တော့၏။

ခြေတစ်လှမ်းသာ လိုတော့သည့် ဤခံစားချက်မှာ အမှန်တကယ်ပင် ခံစားရခက်လွန်းလှသည်။

ထို့အပြင် ၎င်းမှာ ချီဖျန့်ဧကရာဇ် ရည်ရွယ်ချက်ရှိရှိ လိုချင်ခဲ့သော ပန်းတိုင်ပင် ဖြစ်သည်။

မျက်စိရှေ့မှ ဖန်တီးမှုကို မြင်နေရသော်လည်း မရရှိနိုင်ဖြစ်နေသည်ကို ရှာနာနတ်ဆိုးဧကရာဇ်အား သူ ခံစားစေချင်ခဲ့သည်။

ဤနည်းအားဖြင့် ရှာနာနတ်ဆိုးဧကရာဇ်သည် စိုးရိမ်ပူပန်လာမည်ဖြစ်ပြီး သူ၏ စိုးရိမ်ပူပန်မှုထဲတွင် နည်းလမ်းရှာရန် ကြိုးစားပေလိမ့်မည်။

ရှာနာပန်းက မျက်စိရှေ့မှာတင် ရှိနေတာတောင် ရှာနာနတ်ဆိုးဧကရာဇ်က မလိုချင်ဘဲ နေနိုင်ပါ့မလား။

သို့သော် သူတစ်ယောက်တည်း ရှာနာပန်းကို မရရှိနိုင်သဖြင့် မျှော်လင့်ချက်မဲ့စွာဖြင့် ရှာနာနတ်ဆိုးဧကရာဇ်သည် ပြင်ပမှ အကူအညီကိုသာ တောင်းခံရတော့မည်ဖြစ်သည်။

ထို့‌အပြင် ထိုအကူအညီတောင်းခံရမည့်သူမှာ ကျိန်းသေပေါက် အခြားသူမဟုတ်ဘဲ ချူးဧကရာဇ်သာ ဖြစ်ပေလိမ့်မည်။

ချူးဧကရာဇ် ရောက်လာသည်နှင့် သူ၏ ရည်ရွယ်ချက်အစစ်အမှန်ကို ထုတ်ဖော်ကာ ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ် နှစ်ဦးစလုံးကို ထောင်ချောက်ဆင်နိုင်မည်။ သူ၏အစီအစဉ် အကောင်အထည်ပေါ်လာတော့မည်ကို တွေးမိသည်နှင့် ချီဖျန့်ဧကရာဇ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု မလွဲမသွေ ပေါ်လာလေသည်။

သူသည် ဤနေ့ရက်ကို စောင့်မျှော်နေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည်။

သူ့ကို သစ္စာဖောက်သူတိုင်း တန်ဖိုးပေးဆပ်ရမည်။

ချီဖျန့်ဧကရာဇ်၏ နှုတ်ခမ်းထောင့်တွင် ပေါ်လာသော အပြုံးကို မြင်သောအခါ ကုချန်သည် သူ တွေးနေသည့်အရာကို သဘာဝကျကျပင် နားလည်သွား၏။

ထို့ကြောင့် သူသည် အခွင့်အရေးယူကာ ရှာနာနတ်ဆိုးဧကရာဇ်ထံ အသံဖြင့် ဆက်သွယ်လိုက်၏။

" ကောင်းပြီ… ငါးစာမိသွားပြီ… နောက်တစ်ဆင့်အနေနဲ့ ချူးဧကရာဇ်နဲ့ ပူးပေါင်းပြီး ပြဇာတ်ကောင်းကောင်း ကပြလိုက်ဦး "

" ဟုတ်ကဲ့ပါ! "

အရာအားလုံး သူ့လက်ခုပ်ထဲတွင် ရှိနေသည်ဟု ထင်မှတ်နေသော ချီဖျန့်ဧကရာဇ်သည် သူ၏ အကြံအစည်များအားလုံးကို တစ်စုံတစ်ယောက်က ရှင်းလင်းစွာ သိရှိနေကြောင်း အိပ်မက်တောင် မက်နိုင်မည်မဟုတ်ဟု ရှာနာနတ်ဆိုးဧကရာဇ်က စိတ်ထဲမှ တွေးလိုက်၏။

ယခု အရာအားလုံးမှာ သူ့အတွက် ပြဇာတ်တစ်ခုမျှသာ ဖြစ်နေပြီပင်။

" ကျစ်... ကြည့်ရတာ ငါ့စွမ်းအားတစ်ခုတည်းနဲ့တော့ ဒီနတ်ဘုရားရတနာကို ရဖို့ မဖြစ်နိုင်ဘူးနဲ့တူတယ် "

ရှာနာနတ်ဆိုးဧကရာဇ်သည် လက်လှမ်းမီနေသော်ငြား မရရှိနိုင်သော ရှာနာပန်းကို ကြည့်ကာ သူ၏နှုတ်ခမ်းနီနီလေးများကို ဖွဖွလေးကိုက်ရင်း အလိုမကျမှုများ ပါဝင်နေသည့် အသံဖြင့် ပြောဆိုလိုက်၏။

ထို့နောက် အလွန် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ရသည့်အလား သူသည် အချိန်အတော်ကြာအောင် စဉ်းစားခန်းဝင်သွားပြီးနောက် မျက်လုံးများကို အနည်းငယ် မှိတ်ကာ တစ်ခုခုကို ဆက်သွယ်လိုက်လေသည်။

ခဏအကြာတွင် ရှာနာနတ်ဆိုးဧကရာဇ်သည် မျက်လုံးများ ပြန်ပွင့်လာကာ အနည်းငယ် မကျေမချမ်းဖြင့် ပြောဆိုလိုက်၏။

" အဲ့ဒီကောင်တော့ လွယ်လွယ်နဲ့ အကျိုးအမြတ် ရသွားတာပဲ… ဟွန်း! "

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ရှာနာနတ်ဆိုးဧကရာဇ်သည် ရှေ့သို့ ဆက်မတိုးတော့ဘဲ တစ်ခုခုကို စောင့်မျှော်နေသည့်အလား နေရာမှာပင် ခိုင်မာစွာ ရပ်နေလိုက်၏။

မိုင်ထောင်ချီ အဝေးတွင်ရှိနေသော ချီဖျန့်ဧကရာဇ်သည် ထိုမြင်ကွင်းကို မြင်သောအခါ အလွန် ဝမ်းသာသွားတော့သည်။

အဘယ်ကြောင့်ဆိုသော် သူ၏အကြံအစည် နောက်ဆုံးတွင် အလုပ်ဖြစ်သွားပြီဖြစ်ကြောင်း သူ သိလိုက်သောကြောင့်ပင်။

ရှာနာနတ်ဆိုးဧကရာဇ်သည် ရှာနာပန်းကို မရရှိနိုင်ကြောင်း သိသွားပြီးနောက် လက်လျှော့လိုက်မည့်လမ်းကို လုံးဝ ရွေးချယ်မည်မဟုတ်ဘဲ ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို ကြိုးစားပေလိမ့်မည်။

ယခု ကြည့်ရသည်မှာ ရှာနာမှာ ချူးဧကရာဇ်ကို ဆက်သွယ်နေပြီပင်။

ချူးဧကရာဇ် ရောက်လာတာနဲ့ သူ့ရဲ့ အကြံအစည်က လုံးဝ အောင်မြင်သွားပြီပဲ!

ဤအချက်ကို တွေးမိသောအခါ သူသည် နတ်ဆိုးဧကရာဇ်ကြီးကို လှည့်မကြည့်ဘဲ မနေနိုင်တော့ဘဲ လေးနက်သောအသံဖြင့် ပြောဆိုလိုက်၏။

" တာအိုမိတ်ဆွေ နတ်ဆိုးဧကရာဇ်… ချူးဧကရာဇ် ရောက်လာပြီးတာနဲ့ မင်း လှုပ်ရှားရမယ့် အလှည့်ရောက်ပြီ… ငါတို့ကြားက သဘောတူညီချက်ကို မမေ့ပါနဲ့ "

ချီဖျန့်ဧကရာဇ်နှင့် နတ်ဆိုးဧကရာဇ်ကြီးတို့၏ သဘောတူညီချက်အရ အကယ်၍ ချူးဧကရာဇ် ရောက်မလာဘဲ ရှာနာနတ်ဆိုးဧကရာဇ် တစ်ဦးတည်းသာ ရှိနေပါက နတ်ဆိုးဧကရာဇ်ကြီး လှုပ်ရှားရန် မလိုအပ်ဘဲ ချီဖျန့်ဧကရာဇ်မှ ရှာနာနတ်ဆိုးဧကရာဇ်ကို ကိုယ်တိုင် သတ်မည်ဖြစ်သည်။

သို့သော် အကယ်၍ ချူးဧကရာဇ်သာ အစီအစဉ်အတိုင်း ရောက်လာပါက နတ်ဆိုးဧကရာဇ်ကြီးသည် ရှာနာနတ်ဆိုးဧကရာဇ်ကို ကိုင်တွယ်ရမည်ဖြစ်ပြီး ချူးဧကရာဇ်ကိုမူ ချီဖျန့်ဧကရာဇ်မှ တာဝန်ယူမည်ဖြစ်သည်။ သူတို့နှစ်ဦး ပူးပေါင်းကာ ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ် နှစ်ဦးစလုံးကို သတ်ပစ်မည်ဖြစ်သည်။

ယခု ချူးဧကရာဇ် လာနေပြီဖြစ်ကြောင်း အတည်ပြုလိုက်ပြီဖြစ်၍ ရှာနာနတ်ဆိုးဧကရာဇ်အနေဖြင့် သူ၏ ကတိကို တည်ရမည့်အချိန် ရောက်လာပြီဖြစ်သည်။

" စိတ်မပူပါနဲ့… ငါအရှင် သေချာပေါက် မှတ်မိပါတယ်… ဒီကိစ္စအတွက် တာအိုမိတ်ဆွေ ချီဖျန့် စိတ်ပူစရာ မလိုပါဘူး "

နတ်ဆိုးဧကရာဇ်ကြီးမှ အေးဆေးစွာ ပြောဆိုလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ တိတ်တဆိတ် တွေဝေနေခဲ့၏။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်အထိ သူသည် အစောပိုင်းက ထုတ်ခဲ့သော ဟောကိန်းကို စဉ်းစားနေဆဲဖြစ်သောကြောင့်ပင်။

ဟောကိန်းရလဒ်အရ မသေချာမရေရာသော အဆုံးသတ်တစ်ခုနှင့်အတူ ပြင်းထန်သော ဆိုးရွားသည့် လက္ခဏာတစ်ခုကို ပြသနေပြီး အနည်းငယ်မျှ ပေါ့ဆလိုက်ပါက သူ၏ ပျက်သုဉ်းမှုဆီသို့ပင် ဦးတည်သွားနိုင်ကြောင်း ညွှန်ပြနေသည်။

သို့သော် လက်ရှိအခြေအနေကို ကြည့်ရသည်မှာ ကောင်းသောနိမိတ် ဖြစ်နေသည်မှာ ရှင်းလင်းနေ၏။ အရာအားလုံးက ချီဖျန့်ဧကရာဇ်၏ အစီအစဉ်အတိုင်း ဖြစ်ပေါ်နေသည်။

ဒါဆို ဒီဆိုးရွားတဲ့ လက္ခဏာတွေက ဘယ်ကနေ လာတာလဲ။

သူ့ရဲ့ ဟောကိန်းရလဒ်က တကယ်ပဲ မတိကျတော့တာများလား။

ဒါမှမဟုတ် တကယ့် ပြောင်းလဲနိုင်တဲ့ အချက်က ရှာနာနတ်ဆိုးဧကရာဇ်ဆီမှာ မဟုတ်ဘဲ အခု လာနေတဲ့ ချူးဧကရာဇ်ဆီမှာများလား။

နတ်ဆိုးဧကရာဇ်ကြီးသည် တိတ်တဆိတ် စဉ်းစားလိုက်ပြီးနောက် ဒုတိယ ဖြစ်နိုင်ခြေမှာ ပိုများသည်ဟု ခံစားလိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ယခင်က ကျောက်စိမ်းလိပ်ခွံကို အသုံးပြု၍ အကြိမ်ပေါင်းများစွာ ဟောကိန်းထုတ်ခဲ့ဖူးသလို ရလဒ်များမှာလည်း တစ်ခါမျှ မမှားယွင်းခဲ့ဖူးချေ။

ထို့ကြောင့် တိုက်ပွဲ၏ လမ်းကြောင်းကို ပြောင်းလဲနိုင်သော တကယ့် အချက်မှာ ချူးဧကရာဇ်ထံတွင်သာ ရှိရမည်ပင်။

ကံကောင်းစွာဖြင့် ချူးဧကရာဇ်ကို ကိုင်တွယ်ရန်မှာ ချီဖျန့်ဧကရာဇ်၏ တာဝန်ဖြစ်ရာ အပြောင်းအလဲ တစ်ခုခု ရှိခဲ့လျှင်တောင်မှ လောလောဆယ် သူ့ကို ထိခိုက်မှု ရှိလိမ့်မည်မဟုတ်ပေ။

သူက ရှာနာနတ်ဆိုးဧကရာဇ်ကို ခဏလောက် ထိန်းထားပြီး အခြေအနေကို စောင့်ကြည့်ဖို့ပဲ လိုတယ်!

All Chapters