← Chapters

အခန်း ၆၀၁

Vol. 43 Ch. 601

အခန်း ၆၀၁

Vol. 43 Ch. 601

အခန်း (၆၀၁) - အသည်းအသန် အခြေအနေသို့ တွန်းပို့ခံရခြင်း၊ ရုတ်တရက် တိုက်ခိုက်လာခြင်းနှင့် ချီဖျန့်ဧကရာဇ်ကို ဖောက်ခွဲပစ်ခြင်း

" ချီဖျန့်ဧကရာဇ်… တစ်ခုခု အထင်လွဲနေတာ ရှိရင်လည်း ထိုင်ပြီး သေချာဆွေးနွေးကြတာပေါ့ "

ကမ္ဘာငယ်လေးထဲတွင် ချူးဧကရာဇ်သည် နတ်ဆိုးဧကရာဇ်ကြီး ထိန်းချုပ်ထားသော ရှာနာနတ်ဆိုးဧကရာဇ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ကို စိုက်ကြည့်နေသော ချီဖျန့်ဧကရာဇ်ကို ကြည့်ကာ တိုက်ပွဲကို ရပ်တန့်ချင်သည့်ဟန်ဖြင့် အေးဆေးစွာ ပြောဆိုလိုက်၏။

" ထိုင်ပြီး ဆွေးနွေးကြမယ် ဟုတ်လား "

ချီဖျန့်ဧကရာဇ်၏အသံမှာ အလွန်တရာ အေးစက်နေကာ သူ၏မျက်နှာမှာလည်း အနည်းငယ် ရှုံ့မဲ့နေလေသည်။

" ရှင့်ကြောင့် ကျွန်မ အများကြီး ဆုံးရှုံးခဲ့ရတာ… ကျွန်မတို့ကြားမှာ ဆွေးနွေးစရာ ဘာမှမရှိဘူး… ရှင့်ရဲ့ ခေါင်းကမှ ကျွန်မရဲ့ ဒေါသကို ပြေပျောက်စေမှာ! "

ချီဖျန့်ဧကရာဇ်အတွက်မူ ယခု ချူးဧကရာဇ်သည် ဤဘဝတွင် သူ၏ အကြီးမားဆုံးသော ရန်သူပင်ဖြစ်သည်။

ကွေ့ရွှီးနယ်မြေတွင် တစ်ကြိမ် သေဆုံးခဲ့ရခြင်းကြောင့် သူ မည်မျှ ဆုံးရှုံးခဲ့ရသနည်း။

အနည်းဆုံး နှစ်သန်းပေါင်းများစွာ ကျင့်ကြံအားထုတ်မှုနှင့် စုဆောင်းမှုများအားလုံး တစ်ကြိမ်တည်းနှင့် ပျက်စီးသွားခဲ့ရ၏။

ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင် ချူးဧကရာဇ်နှင့် သူ ဘယ်လိုလုပ် ဆွေးနွေးနိုင်ပါတော့မည်နည်း။ တစ်ဖက်လူ၏ အသက်ကသာ သူ၏ရင်တွင်းမှ ဒေါသကို ပြေပျောက်စေနိုင်မည်ဖြစ်သည်။

" သေစမ်း! "

ချီဖျန့်ဧကရာဇ်မှ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကမ္ဘာငယ်လေးထဲတွင် ဖုံးကွယ်ထားသော ရှေးဟောင်း မဟာအစီအရင်က ၎င်း၏ စွမ်းအားများကို စတင်ဖော်ထုတ်လာပြီး ချူးဧကရာဇ်ကို ဝန်းရံနေသည့် မရေမတွက်နိုင်သော တာအိုသံကြိုးများအဖြစ် ပြောင်းလဲသွားလေသည်။

ထို့နောက် ထိုမရေမတွက်နိုင်သော တာအိုသံကြိုးများသည် သူ၏ဆန္ဒအတိုင်း လှုပ်ရှားလာကာ အဆုံးမဲ့တာအို နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေမည့် နဂါးဟောက်သံကြီးကို မြည်ဟည်းရင်း ချူးဧကရာဇ်ဆီသို့ ကြောက်မက်ဖွယ်ကောင်းစွာ ခုန်အုပ်သွားလေသည်။

ထိုအခြေအနေကို မြင်သောအခါ ချူးဧကရာဇ်သည်လည်း ကျိန်းသေပေါက် အားနည်းမှုကို မပြသဘဲ စွမ်းအားအပြည့်ဖြင့် ခုခံလေသည်။

သို့သော် သူသည် ဤမဟာအစီအရင်ကြောင့် တာအိုနားလည်သဘောပေါက်နိုင်စွမ်းများ ပြတ်တောက်သွားပြီး စွမ်းအားများ လျော့ကျနေခဲ့ပြီဖြစ်သည်။ ယခု ချီဖျန့်ဧကရာဇ်တွင် အစီအရင်၏ စွမ်းအားများ ပံ့ပိုးပေးမှုပါ ရှိနေသဖြင့် သူတို့နှစ်ဦးကြားရှိ ကွာဟချက်ကြောင့် သဘာဝကျကျပင် ချီဖျန့်ဧကရာဇ်ကို ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ အကြိမ်ကြိမ် နောက်ဆုတ်နေရကာ လုံးလုံးလျားလျား အသာစီးရခံနေရ၏။

" ချီဖျန့်ဧကရာဇ်! မင်းသာ ငါ့ကို လမ်းဆုံးအောင် တွန်းပို့မယ်ဆိုရင် ငါလည်း မင်းကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး! "

ချူးဧကရာဇ်သည် ခက်ခက်ခဲခဲ ခုခံနေရင်း ခြိမ်းခြောက်လိုက်၏။

သို့သော် ချီဖျန့်ဧကရာဇ်မှာ ၎င်းကို လုံးဝ ဂရုမစိုက်ဘဲ အဆက်မပြတ် တိုက်ခိုက်နေကာ မမျှော်လင့်ထားသော အပြောင်းအလဲများ မဖြစ်ပေါ်စေရန် အချိန်တိုအတွင်း ချူးဧကရာဇ်ကို အနိုင်ယူချင်ပုံရလေသည်။

ချူးဧကရာဇ်နှင့် ချီဖျန့်ဧကရာဇ်တို့ ပြင်းထန်စွာ တိုက်ခိုက်နေကြစဉ် အခြားတစ်ဖက်တွင် ရှာနာနတ်ဆိုးဧကရာဇ်နှင့် နတ်ဆိုးဧကရာဇ်ကြီးတို့သည် သိမ်မွေ့သော မျှခြေတစ်ခုကို ထိန်းသိမ်းထားကြ၏။ ရှာနာနတ်ဆိုးဧကရာဇ်မှာ နတ်ဆိုးဧကရာဇ်ကြီး ဘာတွေးနေသည်ကို မသိသော်လည်း မည်သို့ပင်ဖြစ်စေ ထိုသူသည် လှုပ်ရှားမည့် ရည်ရွယ်ချက် မရှိဘဲ ချူးဧကရာဇ်ကို သူ မကူညီနိုင်ရန်သာ တားဆီးထားပုံရ၏။

သို့သော် တိုက်ပွဲ၏ အခြေအနေ တိုးတက်လာမှုအရ ချီဖျန့်ဧကရာဇ်သာ ချူးဧကရာဇ်ကို ရှင်းလင်းပြီးပါက သူ့ကို လာရောက် ရှင်းလင်းရန်မှာ အချိန်ပိုင်းသာ ကြာပေလိမ့်မည်။

ကမ္ဘာငယ်လေး၏ အပြင်ဘက်ရှိ ကုချန်သည် ဤအရာအားလုံးကို အေးစက်သော အကြည့်ဖြင့် စောင့်ကြည့်နေခဲ့၏။

ချီဖျန့်ဧကရာဇ်မှ ချူးဧကရာဇ်ကို လမ်းဆုံးသို့ တွန်းပို့လိုက်၍ သေစေလောက်သော တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် ကုချန်၏ တည်ငြိမ်နေသော မျက်လုံးများထဲတွင် နောက်ဆုံး၌ လှုပ်ရှားမှုတစ်ခု ပေါ်လာလေသည်။

အခုပဲ!

တစ်ချိန်တည်းမှာပင် ကမ္ဘာငယ်လေး အတွင်း၌…..

ရှာနာနတ်ဆိုးဧကရာဇ်သည် အမိန့်တစ်ခုခုကို ရရှိလိုက်သည့်အလား သူ၏ ရှေ့တွင်ရှိနေသော နတ်ဆိုးဧကရာဇ်ကြီးကို ရုတ်တရက် တိုက်ခိုက်လိုက်လေသည်။

" ဟင်? "

ရှာနာနတ်ဆိုးဧကရာဇ်၏ ရုတ်တရက် လှုပ်ရှားမှုကို မြင်သောအခါ နတ်ဆိုးဧကရာဇ်ကြီးသည် အနည်းငယ် အံ့အားသင့်သွားသော်လည်း ဤအရာမှာ တစ်ဖက်လူ၏ သေခါနီး ရုန်းကန်မှု ဟုတ်မဟုတ်ကို မသိသဖြင့် ကမ္ဘာငယ်လေးအတွင်းရှိ လှုပ်ရှားမှုများကို သတိထားနေရင်း ခံစစ်ကိုသာ ယူထားလိုက်၏။

သို့သော် ချူးဧကရာဇ်နှင့် ချီဖျန့်ဧကရာဇ်တို့၏ တိုက်ပွဲမြေပြင်တွင် မျှော်လင့်မထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

ချီဖျန့်ဧကရာဇ်သည် မဟာအစီအရင်၏ စွမ်းအားဖြင့် ချူးဧကရာဇ်ကို ဖိနှိပ်ထားလျက် ချူးဧကရာဇ်အပေါ် သေစေလောက်သော တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် အကွက်တစ်ခု ရှာတွေ့သွားချိန်မှာပင် ချူးဧကရာဇ်၏ ဘေးရှိ လေဟာနယ်မှာ ရုတ်တရက် တုန်ခါသွားကာ လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်တစ်ခု ပေါ်လာလေသည်။

ထိုပုံရိပ်မှာ ကုချန်၏ ခန္ဓာကိုယ်အစစ်အမှန်ပင် ဖြစ်၏။

ချူးဧကရာဇ် ဤကမ္ဘာငယ်လေးထဲသို့ မဝင်ရောက်မီကတည်းက ကုချန်သည် အကြွင်းမဲ့အရိပ်ခြောက်ပါးအဆောင်ဖြင့် အချိန်မရွေး လာရောက်နိုင်ရန် သူ၏ ခန္ဓာကိုယ်အစစ်အမှန်ကို ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်သည် အကောင်းဆုံး အချိန်အခါဖြစ်သဖြင့် ချီဖျန့်ဧကရာဇ်ကို သေစေလောက်သော တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် သူ ထွက်ပေါ်လာရခြင်းဖြစ်သည်။

“ ဒူ…! “

ကုချန်၏ ခန္ဓာကိုယ်အစစ်အမှန် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခေါင်းလောင်းသံလှိုင်းတစ်ခုသည် သူ၏ နတ်ဘုရားဝိညာဉ်မှတစ်ဆင့် အဝေးသို့ ချက်ချင်း ပြန့်နှံ့သွားလေသည်။

၎င်းမှာ ဧကရာဇ်ဖိနှိပ်ခေါင်းလောင်း၏ အသံပင်ဖြစ်၏။ ထိုဧကရာဇ်အဆင့် ရတနာကြီးကို ကုချန်သည် သူ၏ ခန္ဓာကိုယ်အစစ်အမှန်ကို ပေးအပ်ထားခြင်းဖြစ်ပြီး ယခု ချီဖျန့်ဧကရာဇ်ကို တိုက်ခိုက်ရာတွင် အသုံးပြုလိုက်ခြင်း ဖြစ်သည်။

ဧကရာဇ်ဖိနှိပ်ခေါင်းလောင်း၏ အသံ ထွက်ပေါ်လာသည့် အချိန်တို‌လေး အတွင်းမှာပင် ၎င်းသည် ချီဖျန့်ဧကရာဇ်ထံသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ၎င်းမှာ နတ်ဘုရားဝိညာဉ်မှ မြစ်ဖျားခံသော တိုက်ခိုက်မှုတစ်ခုဖြစ်သဖြင့် ကြိုတင်သတိမထားမိသော ချီဖျန့်ဧကရာဇ်မှာ တည့်တည့် ထိမှန်သွားရကာ သူ၏မျက်လုံးများမှာလည်း ချက်ချင်း အာရုံလွတ်သွား၍ ခဏတာ မိန်းမောသွားတော့၏။

အခုပဲ!

ကုချန် ထပ်ပြောစရာ မလိုတော့ပေ။ ချူးဧကရာဇ်သာမက အစက နတ်ဆိုးဧကရာဇ်ကြီးနှင့် ရင်ဆိုင်နေရသော ရှာနာနတ်ဆိုးဧကရာဇ်သည်လည်း တိုက်ပွဲမြေပြင်မှ ချက်ချင်း ခွဲထွက်လာပြီး ချီဖျန့်ဧကရာဇ်ဆီသို့ သေစေလောက်သော တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်လိုက်လေသည်။

ကုချန်၏ ခန္ဓာကိုယ်အစစ်အမှန်သည်လည်း သဘာဝကျကျပင် အားနည်းမှုကို မပြသဘဲ 'ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း' ကို အသက်သွင်းကာ စွမ်းအားမဟာတာအိုကို အသုံးပြု၍ ချီဖျန့်ဧကရာဇ်ဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဧကရာဇ်သုံးပါး၏ ပူးပေါင်းတိုက်ခိုက်မှုသည် ချီဖျန့်ဧကရာဇ်ထံသို့ ရောက်ရှိသွားခဲ့လေပြီ။

ဤအချိန်တွင် ချီဖျန့်ဧကရာဇ်သည် သူ၏ နတ်ဘုရားဝိညာဉ် တုန်ခါသွားမှုကြောင့် လုံးဝ ကာကွယ်မှု ကင်းမဲ့နေသည့် အခြေအနေတွင် ရှိနေ၏။ ဧကရာဇ်သုံးပါး၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် သူ့ကို ကာကွယ်ရန် မဟာအစီအရင်မှ ပေါင်းထည့်ပေးထားသော အနည်းငယ်သော စွမ်းအားလေးသာ ရှိတော့သည်။

“ ဘုန်း! “

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကမ္ဘာငယ်လေး တစ်ခုလုံး ပြိုကျသွားသည့်အလား ဖြစ်သွား၏။

ချီဖျန့်ဧကရာဇ်၏ ခန္ဓာကိုယ်သည် ချက်ချင်း အပိုင်းပိုင်း ကွဲကြေသွား၍ တိုက်ရိုက် ပေါက်ကွဲသွား၏။ ထိုမြင်ကွင်းကို မြင်သောအခါ နတ်ဆိုးဧကရာဇ်ကြီးမှာ ပို၍ပင် အံ့အားသင့်သွားရသည်။

အဘယ်ကြောင့်ဆိုသော် ထိုအပြောင်းအလဲမှာ လွန်စွာ လျင်မြန်လွန်းသောကြောင့်ပင်။

အစက အခြေအနေများ အလွန် ကောင်းမွန်နေခဲ့၏။

သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ဤကဲ့သို့သော အပြောင်းအလဲမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။

ပို၍ အရေးကြီးသည်မှာ ရုတ်တရက် ပေါ်လာသော ထိုပုံရိပ်မှာ မည်သူနည်း။

ထိုသူ၏ တိုက်ခိုက်မှုအဆင့်ကို ကြည့်ရခြင်းအားဖြင့် ထိုသူသည် သေချာပေါက် ကျွမ်းကျင်သော နတ်ဆိုးဧကရာဇ်တစ်ပါးသာ ဖြစ်သည်။

ထို့အပြင် ထိုနတ်ဆိုးဧကရာဇ်သည် ယခင်က မည်သည့် အရိပ်အယောင်မျှ ပြသခဲ့ခြင်း မရှိချေ!

All Chapters