← Chapters

အခန်း ၆၀၂

Vol. 43 Ch. 602

အခန်း ၆၀၂

Vol. 43 Ch. 602

အခန်း (၆၀၂) - ချိန်ခွင်လျှာ တိမ်းယိမ်းသွားခြင်း၊ အခြေအနေ ပြောင်းပြန်ဖြစ်သွားခြင်းနှင့် နတ်ဆိုးဧကရာဇ်ကြီးကို ဖိအားပေးခြင်း

မျက်တောင်တစ်ခတ်အတွင်းမှာပင် နတ်ဆိုးဧကရာဇ်ကြီး၏ ကျောပြင်တစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲသွားတော့သည်။

ကျောက်စိမ်းလိပ်ခွံ၏ ဟောကိန်းရလဒ်ထဲတွင် ပြသနေသော အပြောင်းအလဲဆိုသည်မှာ ဤအရာများလော။

အစက များစွာကောင်းမွန်နေခဲ့သော အခြေအနေသည် ဤလျှို့ဝှက်ဆန်းကြယ်သော ပုံရိပ် ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် အောင်နိုင်ခြင်း ချိန်ခွင်လျှာကို တိုက်ရိုက် တိမ်းယိမ်းသွားစေခဲ့၏။

နတ်ဆိုးဧကရာဇ်ကြီးသည် ဟွမ်သွမ့်စွမ်းအင်များဖြင့် လုံးဝ ဖုံးလွှမ်းနေသော ပုံရိပ်ကို မသေချာမရေရာမှုများနှင့် မှိုင်းညို့မှုများ ရောယှက်နေသည့် အကြည့်ဖြင့် ကြည့်လိုက်၏။ ယခုအချိန်အထိ တစ်ဖက်လူ မည်သူမည်ဝါဖြစ်ကြောင်းကို သူ မသိရသေးချေ။

ကမ္ဘာငယ်လေးအတွင်း၌ ချီဖျန့်ဧကရာဇ်၏ ခန္ဓာကိုယ် ပေါက်ကွဲသွားမှုကြောင့် လောကကြီးတစ်ခုလုံး လှုပ်ခတ်သွားခဲ့၏။

အကယ်၍ ဤကမ္ဘာကြီးသည် ချီဖျန့်ဧကရာဇ် ဖန်တီးထားသော နတ်ဆိုးဧကရာဇ်အဆင့် မဟာအစီအရင်တစ်ခု မဟုတ်ခဲ့ပါက ဤပေါက်ကွဲမှု၏ ဂယက်ရိုက်ခတ်မှုများကပင် နယ်မြေအတော်များများကို ဖျက်ဆီးပစ်ရန် လုံလောက်ပေလိမ့်မည်။

သို့သော် ယခု၌ ထိန်းချုပ်မရသော ထိုဂယက်ရိုက်ခတ်မှုများသည် ဤကမ္ဘာငယ်လေးအတွင်း၌သာ ရှိနေကာ အပြင်သို့ အနည်းငယ်မျှပင် ယိုစိမ့်ထွက်ပေါ်လာခြင်း မရှိချေ။

ဤအရာက ကမ္ဘာငယ်လေး အပြင်ဘက်တွင် မည်သည့် လှုပ်ရှားမှုမျှမရှိဘဲ ပကတိ တိတ်ဆိတ်ငြိမ်သက်နေခြင်းကိုသာ ဖြစ်ပေါ်စေခဲ့၏။

ချီဖျန့်ဧကရာဇ်၏ ခန္ဓာကိုယ် ပေါက်ကွဲသွားခဲ့သော်လည်း ကုချန်မှာတော့ အရှေ့ဘက်ရှိ နေရာတစ်ခုသို့သာ စူးစိုက်ကြည့်နေပြီး တိတ်ဆိတ်စွာ ရပ်နေဆဲပင်။

ထိုနေရာမှ နတ်ဆိုးဧကရာဇ်အဆင့် လှိုင်းဂယက်များ ထွက်ပေါ်နေလေသည်။

၎င်းမှာ ချီဖျန့်ဧကရာဇ်၏ အငွေ့အသက်ဖြစ်၏။ အစောပိုင်းက သူသည် ဧကရာဇ်ဖိနှိပ်ခေါင်းလောင်း၏ စွမ်းအားဖြင့် ခြုံခိုတိုက်ခိုက်ရာတွင် အောင်မြင်ခဲ့သော်လည်း နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုသည် ဘယ်လိုလုပ် အလွယ်တကူ သေဆုံးသွားနိုင်မည်နည်း။

အစောပိုင်း တိုက်ခိုက်မှုက ချီဖျန့်ဧကရာဇ်၏ စွမ်းအားအများစုကိုသာ ကုန်ဆုံးသွားစေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ချီဖျန့်၌ စွမ်းအားအနည်းငယ်မျှ ကျန်ရှိနေခဲ့မည်ဆိုလျှင် သူ၏ အရိုးနှင့် အသားတစ်စမျှ မကျန်ရစ်တော့လျှင်တောင်မှ ကောင်းကင်နှင့် မြေကြီးကြား လေထဲမှနေ၍ သူ၏ခန္ဓာကိုယ်ကို ပြန်လည် ဖွဲ့စည်းနိုင်လိမ့်မည်ပင်။

အဘယ်ကြောင့်ဆိုသော် နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုများသည် မဟာတာအိုကို ကျင့်ကြံကြသဖြင့် သူတို့၏ ခန္ဓာကိုယ်များသည် တာအိုနှင့် ပေါင်းစပ်သွားခဲ့ကြပြီးဖြစ်၏။ ထို့ကြောင့် သူတို့၏အသွေးအသားများ လုံးဝ ပျောက်ကွယ်သွားလျှင်တောင်မှ တာအိုအမှတ်အသား တစ်စက်လေး‌ ကျန်ရှိနေသေးလျှင်ပင် သူတို့သည် ပြန်လည်မွေးဖွားနိုင်ဆဲဖြစ်သည်။

သူတို့၏စွမ်းအားများ လုံးဝ ကုန်ဆုံးသွားပြီး မဟာတာအိုအတွင်းရှိ သူတို့၏ ခြေရာများ လုံးဝ ဖျက်ဆီးခံလိုက်ရမှသာလျှင် သူတို့သည် အမှန်တကယ် လုံးဝ ပြိုလဲသွားပြီဟု သတ်မှတ်နိုင်ပေမည်။

သို့သော် ချီဖျန့်ဧကရာဇ် မသေသေးသော်လည်း အစောပိုင်း တိုက်ခိုက်မှု၏ စွမ်းအားကြောင့် သူ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပြီး သူ၏ အတွင်းအားအများစု ကုန်ခမ်းသွားကာ လောကတွင် ရိုက်နှိပ်ထားသော တာအိုအမှတ်အသားများစွာပင် ဖျက်ဆီးခံလိုက်ရ၏။

ထို့ကြောင့် သူ၏ ကျန်ရှိနေသေးသော စွမ်းအားနှင့် ဤနေရာရှိ နတ်ဆိုးဧကရာဇ် မဟာအစီအရင်၏ လွှမ်းမိုးမှုကို အားကိုး၍ သူ၏ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့လျှင်တောင်မှ ချီဖျန့်ဧကရာဇ်၏ အငွေ့အသက်နှင့် အခြေအနေမှာ ယခင်ကထက် များစွာ ကျဆင်းသွားခဲ့ပြီဖြစ်သည်။

" သေစမ်း…! "

ချီဖျန့်ဧကရာဇ်သည် ချူးဧကရာဇ်၏ ရှေ့တွင် ရပ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် ပုံရိပ်ကို ထိတ်လန့်မှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။

ကုချန်၏ ရုတ်တရက် ပေါ်ထွက်လာမှုသည် သူ မျှော်လင့်ထားသည်ထက် လုံးဝ သာလွန်နေခဲ့လေသည်။

ဤကမ္ဘာကြီးကို မဟာအစီအရင်တစ်ခုဖြင့် သူ ကြိုတင်စီစဉ်ထားခဲ့ပြီးဖြစ်ရာ သူ၏ အိမ်ကွင်းဖြစ်၍ မည်သည့် အနှောင့်အယှက်မျှ သူ၏အသိမှ လွတ်ကင်းခြင်းမရှိသင့်ပေ။

သို့သော် ယခုအချိန်အထိ ထိုလူ မည်သို့ ပေါ်လာသည်ကို သူ မသိရသေးချေ!

ထိုလူသည် လေထဲမှ ရုတ်တရက် ပေါ်လာသကဲ့သို့ ဖြစ်နေသည်မှာ တကယ့်ကို ထူးဆန်းလွန်းလှ၏။

အကြွင်းမဲ့အရိပ်ခြောက်ပါးအဆောင် ဤလောကတွင် ရှိနေကြောင်းကိုတော့ ချီဖျန့်ဧကရာဇ် လုံးဝ မသိခဲ့ချေ။

သူ့ရှေ့မှ ပုံရိပ်နှင့် နတ်ဆိုးဧကရာဇ်ကြီး ခေါ်လာသောသူမှာ အမှန်တကယ်တွင် လူတစ်ယောက်တည်း ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ တွေးမိမည်မဟုတ်ပေ!

" မင်းက တကယ်ပဲ ဘယ်သူလဲ?! "

ချီဖျန့်ဧကရာဇ်သည် ကုချန်ကို သတိထား၍ ကြည့်လိုက်၏။ သူ၏ မျက်နှာမှာလည်း ရေစက်များ ကျလာမတတ် မှုန်ကုပ်နေလေသည်။

ကုချန်၏ ရုတ်တရက် ပေါ်ထွက်လာမှုကို သူ သတိထားနေရုံသာမက တစ်ဖက်လူ၏ နားလည်ရခက်သော နည်းလမ်းများကိုပါ သတိထားနေမိ၏။

ယခုလေးတင် သူသည် မည်သည့် ကာကွယ်မှုမျှ မရှိခဲ့ဘဲ အသိစိတ် လုံးဝလွတ်သွားကာ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရသည်။ ထိုအချိန်တွင် သူ လုံးဝ အဆင်သင့်မဖြစ်ခဲ့ပေ။

ဤနည်းလမ်းမှာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းလွန်းကာ ကာကွယ်ရန် မဖြစ်နိုင်ပေ!

" မင်းကို သတ်မယ့်သူ "

ချီဖျန့်ဧကရာဇ်၏ မေးခွန်းကို ကုချန်မှာ လုံးဝ စိတ်ဝင်စားမှု မရှိပေ။

သူသည် သူ၏လက်ဖဝါးကို ထပ်မံ မြှောက်လိုက်ပြီး စွမ်းအားမဟာတာအိုကို အသုံးပြုကာ မဟာတာအို သုံးထောင်၏ စွမ်းအားများကို အသက်သွင်းလျက် ချီဖျန့်ဧကရာဇ်ဆီသို့ ရိုက်ချလိုက်လေသည်။

ကုချန်၏ ခန္ဓာကိုယ်အစစ်အမှန်သည် လက်ရှိတွင် ပြီးပြည့်စုံသော အင်မော်တယ်ဘုရင်အဆင့်တွင်သာ ရှိနေသော်လည်း သူသည် စွမ်းအားမဟာတာအိုကို ကျင့်ကြံပြီး မဟာတာအို သုံးထောင်ကို အုပ်စိုးထားသဖြင့် သူ အမှန်တကယ် ပြသနိုင်သော တိုက်ခိုက်ရေးစွမ်းအားမှာ သူ၏ လက်ရှိအဆင့်ထက် များစွာ သာလွန်နေ၏။

ထို့ကြောင့် လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့်ပင် မဟာအစီအရင် စွမ်းအား၏ အကူအညီပါရှိနေသည့်တိုင် ချီဖျန့်ဧကရာဇ်သည် ရင်ဆိုင်ရန် ခက်ခဲနေပြီး သူ၏ဖိနှိပ်မှုကို လုံးဝ ခံနေရကာ ပြန်လည် မခုခံနိုင်ဖြစ်နေ၏။

ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့က ဘေးမှနေ၍ ခြိမ်းခြောက်နေသည်မှာတော့ ပြောစရာပင် မလိုတော့ချေ။

ဤအချက်ကို တွေးမိသောအခါ ချီဖျန့်ဧကရာဇ်သည် နတ်ဆိုးဧကရာဇ်ကြီးကို အလျင်အမြန် လှည့်ကြည့်ကာ ကြမ်းတမ်းသောအသံဖြင့် အော်ဟစ်လိုက်၏။

" နတ်ဆိုးဧကရာဇ်ကြီး! မင်း ဘာလို့ အားမထုတ်တာလဲ… ကျွန်မ သေသွားရင် ရှင်လည်း အခြေအနေ ကောင်းမယ်လို့ ထင်နေတာလား… ကျွန်မတို့ တစ်ယောက်ချင်းစီ အနိုင်ယူခံရလိမ့်မယ်! "

နတ်ဆိုးဧကရာဇ်ကြီး၏ ပါးနပ်မှုက ချီဖျန့်ဧကရာဇ်ကို များစွာ ဒေါသထွက်စေခဲ့၏။

အစောပိုင်းက နတ်ဆိုးဧကရာဇ်ကြီးသည် ရှာနာနတ်ဆိုးဧကရာဇ်ကို ရင်ဆိုင်ရာတွင် ဟန်ပြသက်သက်သာ လှုပ်ရှားနေခဲ့သော်လည်း ရှာနာနတ်ဆိုးဧကရာဇ်ကို ထိန်းထားနိုင်ခဲ့သဖြင့် သူ သည်းခံခဲ့သည်။

သို့သော် ယခု တစ်ဖက်တွင် အကူအညီ နောက်တစ်ယောက် ထပ်တိုးလာပြီဖြစ်ရာ နတ်ဆိုးဧကရာဇ်ကြီးမှာ ပွဲကြည့်ရန်သာ စဉ်းစားနေသေးသည်လော။

အကယ်၍ သူသာ သေသွားပါက နတ်ဆိုးဧကရာဇ်ကြီး ဘယ်လိုလုပ် အလွယ်တကူ လွတ်မြောက်နိုင်မည်နည်း။

" ကျွန်မ ပြောမယ်… ဒီကိစ္စကနေ ရှောင်ထွက်သွားဖို့ ရှင် မစဉ်းစားနဲ့… ဒီနှစ်ယောက် ထွက်မပြေးနိုင်အောင် ကျွန်မ ဒီကမ္ဘာကို လုံးဝ ပိတ်လှောင်ထားပြီးပြီ… တကယ်လို့ ကျွန်မ သေသွားရင်တောင်မှ မဟာအစီအရင်ရဲ့ စွမ်းအားက အချိန်အတိုင်းအတာတစ်ခုအထိ ဆက်ပြီး အလုပ်လုပ်နေဦးမှာပဲ…..

အဲ့ဒီအချိန်အတွင်းမှာ ရှင်လည်း ထွက်သွားလို့ရမှာ မဟုတ်ဘူး!

တာအိုမိတ်ဆွေ နတ်ဆိုးဧကရာဇ်ကြီး… ဘာလုပ်ရမလဲဆိုတာ ရှင် သိပါတယ် "

ချီဖျန့်ဧကရာဇ်သည်လည်း ချောင်ပိတ်ခံနေရပြီဖြစ်၍ ဤနည်းလမ်းဖြင့် နတ်ဆိုးဧကရာဇ်ကြီးကို သူ၏ စစ်ရထားပေါ်သို့ အတင်းအကျပ် ဆွဲတင်ရန် ကြိုးစားနေလေသည်။

သူသာ တစ်ယောက်တည်းဆိုလျှင် နတ်ဆိုးဧကရာဇ် မဟာအစီအရင် စွမ်းအား၏ အကူအညီပါရှိနေလျှင်တောင်မှ တစ်ဖက်မှသုံးယောက်ကို လုံးဝ ယှဉ်နိုင်မည်မဟုတ်ကြောင်း သူ ရှင်းလင်းစွာ သိ၏။

ထို့ကြောင့် နတ်ဆိုးဧကရာဇ်ကြီးမှ သူ့ကို ကူညီရန် အပြည့်အဝ အားထုတ်မှသာ မျှော်လင့်ချက်လေးတစ်ခုကို သူ ရရှိနိုင်မည်ပင်။

All Chapters