Chapters

အခန်း ၆၁၁

Vol. 44 Ch. 611

အခန်း ၆၁၁

Vol. 44 Ch. 611

အခန်း (၆၁၁) - အချိန်ကုန်လွန်ခြင်း၊ အရာအားလုံးကို မျိုချခြင်းနှင့် ကျိုးမေကို နှိမ်နင်းခြင်း

" ဒါကြောင့်ကိုး... ဒါကြောင့်ကိုး… "

ချီဖျန့်ဧကရာဇ်သည် တီးတိုးရေရွတ်လိုက်၏။ သူ၏မျက်လုံးများတွင်မူ မဖယ်ရှားနိုင်သော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလေသည်။

ယနေ့ဖြစ်ပျက်နေသမျှအရာအားလုံးမှာ အစကတည်းကပင် အလွန်ထူးဆန်းနေခဲ့၏။ ကွေ့ရွှီးနယ်မြေတွင် ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့၏ မယုံကြည်နိုင်ဖွယ် မဟာမိတ်ဖွဲ့ခြင်းမှသည် ယနေ့ သူတို့၏ အပြစ်အနာအဆာကင်းသော ပူးပေါင်းဆောင်ရွက်မှုအထိ ဘာမျှအဆင်မပြေမှုမရှိပေ။

ယခင်က ချီဖျန့်ဧကရာဇ် နားမလည်ခဲ့ပေ။ မည်သည့်သဘောတူညီချက်မျိုးကို ရရှိထားသည်ဖြစ်စေ ဤမျှလောက် နားလည်မှုရှိရှိ ပူးပေါင်းနိုင်စွမ်း မရှိသင့်ပေ။

သို့သော် ထိုသူနှစ်ဦးစလုံးမှာ လူတစ်ယောက်တည်း၏ အစေခံများ ဖြစ်နေခဲ့မည်ဆိုလျှင်တော့ အရာအားလုံးမှာ အဓိပ္ပာယ်ရှိသွားပြီပင်။

ဒါပေမယ့် နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှု နှစ်ခုလုံးကို အစေခံတွေအဖြစ် သိမ်းသွင်းနိုင်တဲ့သူက တကယ်ပဲ ဘယ်သူများလဲ?!

ချီဖျန့်ဧကရာဇ်၏ အကြည့်များက ဟွမ်သွမ့်ချီများဖြင့် ဖုံးလွှမ်းနေသော ကုချန်၏ ပုံရိပ်ပေါ်သို့ ကျရောက်သွားပြီး သူ၏မျက်လုံးများထဲတွင် နက်ရှိုင်းသော အံ့အားသင့်မှုများ ပေါ်လာလေသည်။

ဤလျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုးဧကရာဇ်မှာ အမှန်တကယ် မည်သူနည်း။ နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုများကို နှိမ်နင်းနိုင်သော နည်းလမ်းကို သူ အဘယ်ကြောင့် ပိုင်ဆိုင်ထားရသနည်း။

တစ်ဖက်လူက သူ၏ မျက်နှာအစစ်အမှန်ကို လူသိရှင်ကြား မပြသရဲသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ ဤသို့သာ သတင်းပျံ့သွားပါက နတ်ဆိုးနယ်မြေ တစ်ခုလုံးရှိ နတ်ဆိုးဧကရာဇ်များအားလုံး၏ ဝိုင်းရံတိုက်ခိုက်မှုကို သေချာပေါက် ခံရမည်မှာ သံသယဖြစ်ဖွယ် မရှိချေ။

မည်သည့် နတ်ဆိုးဧကရာဇ်မှ သူတစ်ပါး၏ နှိမ်နင်းခြင်းကို ခံရပြီး တစ်နေ့တွင် သူတို့၏ အစေခံ ဖြစ်သွားမည်ကို လိုလားမည်မဟုတ်ပေ။

သို့သော် လတ်တလော အခြေအနေအရ ချီဖျန့်ဧကရာဇ်သည် ဤနေရာမှပင် လွတ်မြောက်နိုင်ခြင်း မရှိသေးရာ ဤနေရာတွင် ဖြစ်ပျက်နေမှုများကို အခြားသူများအား မည်သို့ ပြောပြနိုင်မည်နည်း။

" နတ်ဆိုးဧကရာဇ်ကြီး… နတ်ဆိုးဧကရာဇ်ကြီး... မင်းသာ နည်းနည်းလေး နောက်ကျပြီးမှ ထွက်သွားခဲ့မယ်ဆိုရင် ငါအရှင် ဒီလို အခြေအနေမျိုး ဘယ်ရောက်ပါ့မလဲ! "

တိုက်ပွဲမှ 'ထွက်ပြေး' သွားသော နတ်ဆိုးဧကရာဇ်ကြီးကို တွေးမိသောအခါ ချီဖျန့်ဧကရာဇ်၏ ရင်ထဲတွင် ဒေါသအမျက်များ ချက်ချင်း ပြည့်နှက်သွားတော့သည်။

ဧကရာဇ်၏ မူလသဘောသဘာဝ ထိန်းချုပ်ခြင်း ပညာရပ်၏ စွမ်းအားဖြင့် ဖန်တီးထားသော မမြင်ရသည့် ပိုက်ကွန်ကြီးသည် သူ၏ နတ်ဘုရားဝိညာဉ်ကို လုံးဝ မျိုချတော့မည့် ဆဲဆဲ အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။

အစပိုင်းတွင်မူ ရုန်းကန်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင်မူ ဤအရာမှာ မဆိုးရွားသော ရွေးချယ်မှုတစ်ခုဟုပင် ထင်မှတ်လာအောင် ကုချန်၏စွမ်းအားက အသွင်ပြောင်းသွားစေသည်။

ခဏအကြာတွင် ချီဖျန့်ဧကရာဇ်၏ မျက်နှာပေါ်ရှိ ရုန်းကန်မှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး ငြိမ်းချမ်းတည်ငြိမ်မှုနှင့် ဝမ်းသာကြည်နူးမှုတို့ဖြင့် အစားထိုးသွားလေသည်။

" အရှင်သခင့်ကို ဂါရဝပြုပါတယ် "

ချီဖျန့်ဧကရာဇ်၏ နတ်ဘုရားဝိညာဉ် စွမ်းအားများမှာ ဧကရာဇ်၏ မူလသဘောသဘာဝ ထိန်းချုပ်ခြင်း ပညာရပ်၏ စွမ်းအားဖြင့် လုံးဝ အသွင်ပြောင်းခံလိုက်ရပြီပင်။

ယခု ချီဖျန့်ဧကရာဇ်သည်လည်း ရှာနာနတ်ဆိုးဧကရာဇ်နှင့် ချူးဧကရာဇ်တို့ပြီးနောက် ကုချန်၏ တတိယမြောက် နတ်ဆိုးဧကရာဇ်အဆင့် အစေခံ ဖြစ်လာခဲ့ပြီဖြစ်သည်။