Chapters

အခန်း ၆၁၂

Vol. 44 Ch. 612

အခန်း ၆၁၂

Vol. 44 Ch. 612

အခန်း (၆၁၂) - နောက်ထပ် အကြောင်းအရာတစ်ခု ရှိသေးတယ်၊ အမြန်ထွက်သွားပါ

" အင်း "

မိမိရှေ့တွင် ရိုသေစွာ ဦးညွှတ်နေသော ချီဖျန့်ဧကရာဇ်ကို ကြည့်ရင်း ကုချန်၏ မျက်နှာပေါ်တွင် ကျေနပ်မှု အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။

ကြိုးစားပန်းစား အကွက်ဆင်ခဲ့ရကျိုးနပ်ပါသည်။ ယခုဆိုလျှင် ချီဖျန့်ဧကရာဇ်ကိုပါ သူ၏ လက်အောက်သို့ ရောက်ရှိအောင် သိမ်းသွင်းနိုင်ခဲ့ပြီ ဖြစ်သည်။

" ရှာနာ… ချူးဧကရာဇ်… မင်းတို့လည်း အရှင်သခင်ရဲ့ အစေခံတွေပဲ… တကယ်ကို ဝမ်းသာစရာကောင်းလိုက်တာ "

ချီဖျန့်ဧကရာဇ်သည် ချူးဧကရာဇ်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ကို ကြည့်ကာ ဝမ်းသာအားရ ပြောဆိုလိုက်၏။

ကုချန်၏အစေခံများ ဖြစ်သွားကြပြီ ဖြစ်သဖြင့် အတိတ်က ရန်ငြိုးများမှာ အရေးမကြီးတော့ချေ။

ချီဖျန့်ဧကရာဇ်သည် သူ၏သစ္စာရှိမှုကို ပြသရန် ယခင်က သိမ်းထားခဲ့သော ရှာနာပန်းကို ကုချန်ထံသို့ ပေးအပ်လိုက်၏။

" အရှင်သခင်… အရှင်သခင်ကို အစေခံခွင့်ရတဲ့အတွက် ကျွန်မက အလွန့်အလွန်ကို ကံကောင်းပါတယ်… ဒီ ရှာနာပန်းကို အရှင်သခင်ကိုပဲ ပေးအပ်ပါ့မယ် "

ကုချန်သည် ရှာနာနတ်ဆိုးဧကရာဇ်၏ ရှာနာပန်းအပေါ် အလွန် အလေးထားကြောင်း သိထားသဖြင့် ၎င်းကို ယူလိုက်ကာ ရှာနာနတ်ဆိုးဧကရာဇ်ထံ ပစ်ပေးလိုက်သည်။

" ဒီ ရှာနာပန်းကို မင်းပဲ ယူထားလိုက်တော့ "

" ကျေးဇူးတင်ပါတယ် အရှင်သခင်! "

ရှာနာနတ်ဆိုးဧကရာဇ်၏ လှပသော မျက်လုံးများထဲတွင် အဆုံးမဲ့ ဝမ်းသာမှုများ ပြည့်နှက်သွားလေသည်။

ရှာနာပန်းကို ရရှိသွားခြင်းဖြင့် သူ၏ကျင့်ကြံခြင်းမှာ ကြီးမားစွာ တိုးတက်သွားမည်မှာ အသေအချာပင်။

ရှာနာနတ်ဆိုးဧကရာဇ် ပျော်ရွှင်နေသည်ကို ကြည့်ပြီးနောက် ကုချန်က ချီဖျန့်ဧကရာဇ်ကို လှည့်ကြည့်ကာ အေးစက်စက် အမိန့်ပေးလိုက်၏။

" နောက်ထပ် လုပ်စရာ တစ်ခု ကျန်သေးတယ် "

" အရှင်သခင် အမိန့်ပေးပါ! "

ကမ္ဘာငယ်လေး၏ အပြင်ဘက် မိုင်ပေါင်း သောင်းချီ အဝေးတွင်…..

နတ်ဆိုးဧကရာဇ်ကြီးသည် ထွက်ပြေးသွားပြီးနောက် ချက်ချင်းပင် မဝေးတော့သည့်နေရာသို့ ရောက်ရှိသွားကာ ယခင်က သူနှင့် ချီဖျန့်ဧကရာဇ်တို့ ရှိခဲ့သည့် နေရာဆီသို့ ပြန်သွားလိုက်၏။

" ကိစ္စပြီးသွားပြီ… အမြန်လိုက်ခဲ့တော့! "

ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေသော ကုချန်ကို မြင်သောအခါ နတ်ဆိုးဧကရာဇ်ကြီးမှ အလျင်အမြန်ပင် ပြောဆိုလိုက်၏။

သူသည် ကုချန်ကို ခေါ်ဆောင်သွားရန် ပြန်လာခြင်းဖြစ်သည်။ ကုချန်နှင့် ချီဖျန့်ဧကရာဇ်တို့၏ တိုက်ပွဲအကြောင်း သူ အနည်းငယ် သံသယရှိနေသော်လည်း ကုချန်သည် ဤနေရာတွင် တည်ငြိမ်စွာ ရှိနေဆဲ ဖြစ်သည့်အတွက် သူ့စိတ်ထဲရှိ သံသယများမှာ အနည်းငယ် လျော့ပါးသွားလေတော့သည်။