← Chapters

အခန်း ၆၁၄

Vol. 44 Ch. 614

အခန်း ၆၁၄

Vol. 44 Ch. 614

အခန်း (၆၁၄) - ထွက်ပြေးလွတ်မြောက်ခြင်းနှင့် ကုချန် ပေးလိုက်သော အဖြေ

မျက်တောင်တစ်ခတ်စာ အတွေးအတွင်းမှာပင် နတ်ဆိုးဧကရာဇ်ကြီးသည် နောက်ဆုတ်ရန် ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သည်။ သူသည် နောက်ဆုံးတစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် မည်သည့် တွန့်ဆုတ်လွမ်းဆွတ်မှုမျှ မရှိတော့ဘဲ ကုချန်ကို ခေါ်ဆောင်ကာ ဤပြဿနာများလှသော နေရာမှ ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။

သို့သော် သူ လုံးဝ မမျှော်လင့်ထားခဲ့သောအရာမှာ ချီဖျန့်ဧကရာဇ်၏ အသည်းအသန် အော်ဟစ်သံ ထွက်ပေါ်လာပြီးနောက် ချက်ချင်းဆိုသလိုပင် အံ့မခန်း အလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းကာ နတ်ဆိုးနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာသို့ အပြင်းအထန် ထွက်ပြေးသွားခြင်းပင် ဖြစ်လေသည်။

" ချီဖျန့်ဧကရာဇ်?! "

အလျင်အမြန် ထွက်ပြေးသွားသော အလင်းတန်းကို ကြည့်ရင်း နတ်ဆိုးဧကရာဇ်ကြီး၏ မျက်နှာပေါ်တွင် မဖုံးကွယ်နိုင်သော အံ့အားသင့်မှုများ ချက်ချင်း ပေါ်လာလေသည်။

ထိုအလင်းတန်းမှာ အလွန် မြန်ဆန်လှသော်လည်း ၎င်းထံမှ ထွက်ပေါ်လာသော အငွေ့အသက်ကို နတ်ဆိုးဧကရာဇ်ကြီးမှာ လွန်စွာ ရင်းနှီးကျွမ်းဝင်နေခဲ့၏။ အကြောင်းမှာ ထိုအလင်းတန်း၏ ပိုင်ရှင်မှာ ချီဖျန့်ဧကရာဇ်ပင် ဖြစ်နေသောကြောင့်တည်း။

ထိုကောင် ချီဖျန့်ဧကရာဇ်သည် နတ်ဆိုးဧကရာဇ် လေးပါး၏ ဝိုင်းရံပိတ်ဆို့ထားမှုမှ အမှန်တကယ်ပင် လွတ်မြောက်သွားခဲ့ပြီ!

ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

နတ်ဆိုးဧကရာဇ်ကြီးမှာ အလွန်အမင်း အံ့အားသင့် မှင်သက်သွားရလေသည်။ ယနေ့ အခြေအနေအရ ချီဖျန့်ဧကရာဇ်မှာ လွတ်မြောက်ရန် လမ်းစမရှိတော့ဘဲ သေချာပေါက် သေဆုံးရတော့မည်ဟု သူ၏ရင်ထဲတွင် ကြိုတင် သတ်မှတ်ထားခဲ့ပြီးသား ဖြစ်၏။

သို့သော် ယခုမူ ချီဖျန့်ဧကရာဇ်မှာ သူ အောင်မြင်စွာ လွတ်မြောက်သွားပြီဖြစ်ကြောင်း သူ၏လုပ်ရပ်များဖြင့် သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။

ထို့အပြင် ကောင်းကင်ယံသို့ ထွက်ပြေးသွားသော ထိုအလင်းတန်းကို နတ်ဆိုးဧကရာဇ်ကြီး ငေးကြည့်နေချိန်မှာပင် အဝေးဆီမှနေ၍ ချီဖျန့်ဧကရာဇ်၏ ရန်လိုသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်ကိုလည်း သူ မြင်တွေ့လိုက်ရ၏။

" တာအိုမိတ်ဆွေ နတ်ဆိုးဧကရာဇ်... ဒီနေ့ ဖြစ်ပျက်ခဲ့တာကို ငါအရှင် မှတ်ထားလိုက်မယ်! "

၎င်းမှာ ယနေ့ သူ၏လုပ်ရပ်များအပေါ် မကျေမနပ်ဖြစ်ကာ ချီဖျန့်ဧကရာဇ်မှ သူ့ကို ခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်သည်။

သို့သော် ထိုချီဖျန့်မှာ ဘယ်လိုနည်းနှင့် အသက်ရှင်ကျန်ရစ်ခဲ့သလဲ။

" ဒီလို မဖြစ်သင့်ဘူး "

နတ်ဆိုးဧကရာဇ်ကြီးမှ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်၏။ ဗေဒင်ဟောကြည့်ရန်ပင် မလိုဘဲ ချီဖျန့်ဧကရာဇ် လုံးဝ အသက်မရှင်နိုင်တော့ကြောင်း သူ အလိုလို ခံစားသိရှိထားခဲ့သည်။

ဒါဆို ဒီကောင်က ဘယ်လိုလုပ် လွတ်သွားတာလဲ။

ယခုအချိန်တွင် နတ်ဆိုးဧကရာဇ်ကြီး၏ စိတ်ထဲ၌ မေးခွန်းများစွာဖြင့် ပြည့်နှက်နေလေသည်။ သူ အလျင်စလို ထွက်ခွာလာခဲ့မိသဖြင့် ချီဖျန့်ဧကရာဇ် မည်သို့ လွတ်မြောက်သွားသည်ကို မမြင်လိုက်ရသည့်အပေါ် အနည်းငယ် နောင်တပင် ရမိသွား၏။

" နတ်ဆိုးဧကရာဇ် မဟာအစီအရင်ရဲ့ အကူအညီနဲ့ရယ် ပြီးတော့ သူ့ဆီမှာ ဖုံးကွယ်ထားတဲ့ ဝှက်ဖဲတစ်ခုခု ရှိနေလို့ ကံကောင်းထောက်မစွာနဲ့ လွတ်မြောက်သွားတာ ဖြစ်နိုင်တယ် "

ချီဖျန့်ဧကရာဇ် အသက်ရှင်လွတ်မြောက်သွားခြင်းအတွက် အကြောင်းပြချက်တစ်ခုကို ရှာဖွေနေသည့်အလား နတ်ဆိုးဧကရာဇ်ကြီးမှာ တွေးတောနေမိသည်။ သို့သော် မကြာမီမှာပင် သူသည် ထိုအတွေးများအားလုံးကို စိတ်ထဲမှ အတင်းအကျပ် ထုတ်ပယ်ပစ်လိုက်၏။

ယခုအချိန်သည် ထိုကိစ္စများကို တွေးတောနေရန် အချိန်မဟုတ်ကြောင်း ရှင်းလင်းလှပေသည်။ ချီဖျန့်ဧကရာဇ် မည်သို့ပင် လွတ်မြောက်သွားပါစေ ချူးဧကရာဇ်တို့မှာ ယခုအချိန်တွင် အလွန် ဒေါသထွက်နေကြမည်မှာ သေချာပြီး သူတို့သည် ဆက်လက်၍ပင် လိုက်လံ ဖမ်းဆီးကောင်း ဖမ်းဆီးနိုင်ပေသည်။ အကယ်၍ သူသာ အမြန် မထွက်ခွာဘဲ ချူးဧကရာဇ်တို့နှင့် ပက်ပင်းတိုးမိပါက သူသည် ထိုသူတို့၏ ဒေါသကို ခံစားရမည့် ပစ်မှတ် ဖြစ်သွားနိုင်ပေ၏။

ဤအချက်ကို တွေးမိသည်နှင့် နတ်ဆိုးဧကရာဇ်ကြီးသည် ကုချန်ကို ခေါ်ဆောင်ကာ ချက်ချင်းပင် ထွက်ခွာသွားတော့ရာ အနည်းငယ်မျှပင် တွေဝေမနေရဲတော့ချေ။

သို့သော် သူ သတိမထားမိလိုက်သောအရာမှာ သူ၏ ဘေးနားရှိ ကုချန်သည် သူ၏ ရှုပ်ထွေးကာ မယုံနိုင်ဖြစ်နေသော မျက်နှာအမူအရာကို မြင်တွေ့ရချိန်တွင် သူ၏ မျက်လုံးအနက်ရှိုင်းဆုံး နေရာ၌ သတိမပြုမိနိုင်လောက်အောင် မှိန်ဖျော့သော အပြုံးတစ်ခု ဖြတ်ပြေးသွားခဲ့ခြင်းပင်။

ကမ္ဘာငယ်လေးအတွင်း၌…..

" အရှင်သခင်… ဟိုကောင် နတ်ဆိုးဧကရာဇ်ကြီး ထွက်သွားပါပြီ "

ချူးဧကရာဇ်သည် အဝေးသို့ ကြည့်ကာ အာရုံခံလိုက်ပြီးနောက် လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။

" ငါ သိတယ် "

ကုချန်မှ အေးဆေးစွာသာ ပြန်လည် ဖြေဆိုလိုက်၏။ သူသည် နတ်ဆိုးဧကရာဇ်ကြီး ထွက်သွားသည်ကို သိရုံသာမက ယခုလေးတင် နတ်ဆိုးဧကရာဇ်ကြီး ပြသသွားခဲ့သော ရှုပ်ထွေးမှုများနှင့် အံ့အားသင့်မှုများကိုပါ ကောင်းစွာ သိရှိထားလေသည်။

ချီဖျန့်ဧကရာဇ်မှာ သဘာဝကျကျပင် အမှန်တကယ် ထွက်ပြေးလွတ်မြောက်သွားခြင်း မဟုတ်ပေ။ သူ လွတ်မြောက်သွားပြီဟူသော အထင်အမြင်မှားမှုတစ်ခုကို ဖန်တီးရန် နတ်ဆိုးဧကရာဇ်ကြီး၏ ခေါင်းပေါ်မှ တမင်တကာ ပျံသန်းသွားခြင်းမှာ နတ်ဆိုးဧကရာဇ်ကြီးကို လမ်းလွဲသွားစေရန် ကုချန်၏ ညွှန်ကြားချက်ဖြင့် သရုပ်ဆောင်ပြလိုက်သည့် လှည့်ကွက်တစ်ခုသာ ဖြစ်လေသည်။

ချီဖျန့်ဧကရာဇ်ကို ဤသို့ လုပ်ဆောင်ရန် ကုချန် ညွှန်ကြားခဲ့ရခြင်းမှာ သူ၏ ကိုယ်ပိုင် အကြောင်းပြချက်များ ရှိနေသောကြောင့် ဖြစ်သည်။

ပထမအချက်အနေဖြင့် ချီဖျန့်ဧကရာဇ်သည် ယခု သူ၏ အစေခံ ဖြစ်သွားခဲ့ပြီ ဖြစ်သော်လည်း နတ်ဆိုးဧကရာဇ်ကြီး၏ အမြင်တွင်မူ ချီဖျန့်ဧကရာဇ်မှာ သေလူတစ်ယောက်သာ ဖြစ်နေပြီပင်။ အကယ်၍ အနာဂတ်တွင် နတ်ဆိုးနယ်မြေ၌ သူ ပြန်လည် ပေါ်ထွက်လာလိုပါက ခိုင်လုံသော အကြောင်းပြချက်တစ်ခု ရှိရန် လိုအပ်ပေသည်။

ထို့ကြောင့် ချီဖျန့်ဧကရာဇ် ကံကောင်းထောက်မစွာဖြင့် အသက်ရှင်လွတ်မြောက်သွားခဲ့သည် ဆိုခြင်းမှာ ကုချန် ပေးလိုက်သော အဖြေပင် ဖြစ်လေတော့သည်။

All Chapters