အခန်း ၆၁၆
Vol. 44 Ch. 616
အခန်း (၆၁၆) - လုပ်ဆောင်ချက်မတိုင်မီ စီစဉ်ခြင်း၊ ယာယီပြီးဆုံးခြင်းနှင့် စိုးရိမ်စိတ်များ
ချီဖျန့်ဧကရာဇ် သူ၏ရှေ့၌ အကြောက်ကြီးကြောက်နေသည်ကို မြင်သောအခါ ကုချန်သည် နောက်ဆုံး၌ သူ၏အကြည့်ကို ရုပ်သိမ်းလိုက်လေသည်။
သာမန်အားဖြင့်ဆိုပါက နတ်ဆိုးဧကရာဇ်ကြီးကိုပါ အစေခံအဖြစ် သိမ်းသွင်းလိုခြင်းမှာ သဘာဝပင်ဖြစ်သည်။ သို့သော် ပထမဦးစွာ ချီဖျန့်ဧကရာဇ်ကို သိမ်းသွင်းလိုက်ရခြင်းက သူ၏ စွမ်းအားအချို့ကို သုံးစွဲလိုက်ရပြီး သူ၏ လျှို့ဝှက်အစီအစဉ်များလည်း နတ်ဆိုးဧကရာဇ်ကြီးထံသို့ ပေါက်ကြားသွားခဲ့ပြီဖြစ်သည်။
ဒုတိယအချက်မှာ နတ်ဆိုးဧကရာဇ်ကြီးသည် ကိုယ်ပွားတစ်ခုသာ စေလွှတ်ခဲ့ပြီး ခန္ဓာကိုယ်အစစ်အမှန်မှာ အပြင်၌ ကျန်ရှိနေခဲ့ခြင်း ဖြစ်သဖြင့် သူ၏ သတိကြီးမားမှုနှင့် ပြင်ဆင်ထားပုံအရ နောက်တစ်ကြိမ် အတင်းအကျပ် သိမ်းသွင်းရန်မှာ များစွာ ခက်ခဲလိမ့်မည်ပင်။
ဤအချက်နှစ်ချက်ကြောင့် ကုချန်သည် နတ်ဆိုးဧကရာဇ်ကြီးကို ယာယီ လက်လွှတ်ပေးလိုက်ရန် ဆုံးဖြတ်လိုက်၏။
‘လောဘကြီးလျှင် အရာအားလုံး ဆုံးရှုံးတတ်သည်’ ဆိုသည့် စကားအတိုင်းပင်။
ယခုဆိုလျှင် နတ်ဆိုးဧကရာဇ်သုံးပါးကို သိမ်းသွင်းထားပြီး ဖြစ်ရာ အနာဂတ်တွင် နတ်ဆိုးဧကရာဇ်ကြီးကို သိမ်းသွင်းရန် အခွင့်အရေးမှာ ရှိနေဦးမည်သာ ဖြစ်သည်။ နတ်ဆိုးဧကရာဇ်ကြီး မရှိလျှင်လည်း အခြားသော နတ်ဆိုးဧကရာဇ်များစွာ ရှိနေသေးသည် မဟုတ်ပါလော။
" ကောင်းပြီ… မင်းတို့ အားလုံး သွားကြတော့… ငါ မှာထားခဲ့တဲ့အတိုင်းပဲ ပုံမှန်အတိုင်း ဆက်လုပ်နေကြပါ… ဘာထူးခြားမှုမှ မပြမိစေနဲ့ "
ကုချန်သည် ချီဖျန့်ဧကရာဇ်နှင့် အခြားသူတို့ကို မှာကြားပြီးနောက် လွှတ်ပေးလိုက်၏။
ရှာနာနတ်ဆိုးဧကရာဇ်မှာ ရှာနာပန်းကို ရရှိသွားသဖြင့် အလွန်တရာ ဝမ်းမြောက်နေ၏။ ထိုပန်း၏ အကူအညီဖြင့် သူ၏ကျင့်ကြံခြင်းမှာ ကြီးမားစွာ တိုးတက်လာမည်ဖြစ်ပြီး အနာဂတ်တွင် ယောင်ဧကရာဇ်တို့ကဲ့သို့သော ရှေးဟောင်း နတ်ဆိုးဧကရာဇ်များနှင့်ပင် ရင်ပေါင်တန်းနိုင်တော့မည်ဖြစ်သည်။
သို့သော် ချီဖျန့်ဧကရာဇ်မှာမူ အနည်းငယ် စိတ်မကျေမနပ် ဖြစ်နေပုံရသည်။ ကုချန်၏ ဆုံးဖြတ်ချက်ကို သူ မငြင်းဆန်ရဲသော်လည်း နတ်ဆိုးဧကရာဇ်ကြီးကို အလွတ်ပေးလိုက်ရသည့်အတွက် နာကျည်းနေဆဲပင် ဖြစ်၏။
သူတို့ ထွက်ခွာသွားပြီးနောက် ကုချန်သည် နတ်ဆိုးဧကရာဇ်ကြီး ထွက်ခွာသွားရာ အရပ်သို့ တစ်ချက်ကြည့်ကာ သူ၏ပုံရိပ်ကို ဖျောက်ဖျက်လိုက်ပြီး ကိုယ်ပွားနှင့်အတူ အင်မော်တယ်နယ်မြေသို့ ပြန်လည် ထွက်ခွာသွားတော့သည်။
... ...
" မိတ်ဆွေငယ်… ဒီနေရာကနေပဲ ငါ လမ်းခွဲလိုက်တော့မယ် "
ကုန်းမြင့်ထိပ်တွင် နတ်ဆိုးဧကရာဇ်ကြီးမှ ကုချန်အား ပြုံးရယ်လျက် ပြောဆိုလိုက်၏။
သူသည် ကုချန်ကို လိုက်ပို့ပေးခြင်းမှာ ဤနေရာသည် သူ၏ အခြေစိုက်စခန်းဖြစ်သော 'ထုံထျန်းနတ်ဆိုးတောင်' ဖြစ်နေ၍ပင်။ ဤတောင်မှာ သူ၏ တစ်သက်တာ စုဆောင်းမှုများနှင့် အစွမ်းထက်သော အစီအရင်များဖြင့် ပြည့်နှက်နေသဖြင့် မည်သည့် နတ်ဆိုးဧကရာဇ်မျှ သူ့ကို မကျူးကျော်ရဲပေ။
နတ်ဆိုးဧကရာဇ်ကြီးသည် မိမိနယ်မြေသို့ ပြန်ရောက်သွားပြီဖြစ်၍ စိတ်အေးသွားရ၏။ သူသည် အဝေးတွင် ရှိနေသည့် ထိုနတ်ဆိုးဧကရာဇ် နှစ်ပါးကို ကြောက်ရွံ့ရန် မလိုတော့ပင်။
သို့သော် သူ၏စိတ်ထဲတွင် ကုချန်အပေါ် အနည်းငယ် စိုးရိမ်စိတ်များ တိုးဝင်နေဆဲဖြစ်သည်။
ဒီကောင်လေးက သာမန် အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်ပါလျက်နဲ့ ဘာလို့ သူ့ကို မြင်တိုင်း ကြောက်စိတ်ဝင်နေရတာလဲ။
သူသည် ကုချန်ကို အကြိမ်ကြိမ် စမ်းသပ်ခဲ့သော်လည်း ရလဒ်မှာ ကုချန်သည် အလွန်တရာ နက်နဲလွန်းသူ ဖြစ်နေခြင်းပင်။ သူ၏ နောက်ခံနှင့် မူလအစကိုပင် နတ်ဆိုးဧကရာဇ်ကြီး မသိရှိနိုင်ပေ။
ဤအချက်ကပင် နတ်ဆိုးဧကရာဇ်ကြီးကို ကုချန်အပေါ် စိုးရိမ်စိတ် ဖြစ်ပေါ်စေခြင်း ဖြစ်သည်။