← Chapters

အခန်း ၂၅၄

Vol. 13 Ch. 254

အခန်း ၂၅၄

Vol. 13 Ch. 254

အပိုင်း(၂၅၄) မိစ္ဆာပစ်ကပ်ကား

အဖွဲ့သားများ ရောက်ရှိလာချိန်တွင် ထိုအဘိုးအိုသည် တစ်ကိုယ်လုံး သွေးများပေကျံကာ နေရာ၌ပင် ငေးကြောင်ရပ်နေပြီး သူ၏ မျက်နှာအမူအရာမှာ အလွန်တရာ စိတ်ပျက်အားငယ်နေပုံ ပေါ်သည်ကို မြင်တွေ့လိုက်ရ၏။

သူ၏ ခန္ဓာကိုယ်တွင်လည်း မီးခိုးငွေ့များဖြင့် ပုံဖော်ထားသော ကြိုးများက အထပ်ထပ် ရစ်ပတ်ချည်နှောင်ထားသည်။

ပုံဖော်ထားသည့် မရဏနတ်သမီး၏ လက်ထဲမှ တံစဉ်ကြီးကလည်း အဘိုးအို၏ လည်ပင်းတွင် ရွယ်ထားလျက်ရှိ၏။

ထိုမျှမက လူမျက်နှာ ကင်းမြီးကောက်ကပင် ဘေးနားမှနေ၍ သတိဝီရိယဖြင့် စောင့်ကြပ်နေပြီး ၎င်း၏ အဆိပ်ဆူးမြီးကြီးမှာ အဘိုးအို၏ ခေါင်းပေါ်၌ ရပ်တန့်နေသည်။

ဤမျှသာမကသေးဘဲ အဘိုးအို၏ တစ်ကိုယ်လုံးကို မိုးမခကိုင်းများကပါ ချည်နှောင်ထားသေးသည်။

တစ်ခဏမျှ လူတိုင်းက ချန်းရီအား ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

သူတို့စိတ်ထဲတွင် ဤကောင်ကတော့ လက်ပါဖို့ မအောင့်နိုင်ပြန်ဘူးပဲဟု တွေးလိုက်မိကြ၏။

တကယ်ပါပဲ၊ ချန်းရီကတော့ ချန်းရီပါပဲ။

သို့သော် မည်သူ့ထံတွင်မျှ အပြစ်တင်လိုသော အရိပ်အယောင် မရှိကြဘဲ ချန်းရီ၏ လက်မြန်ခြေမြန်နိုင်လွန်းလှမှုကိုသာ သက်ပြင်းချမိကြတော့သည်။

ကံကောင်းသည်မှာ ဤတစ်ကြိမ်တွင် ချန်းရီက လူမသတ်ခဲ့ခြင်းပင် ဖြစ်ပြီး ၎င်းမှာ အလွန်ကြီးမားသော တိုးတက်မှုကြီး တစ်ခုပင် ဖြစ်နေပြီ မဟုတ်လော။

ချန်းရီ လူမသတ်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ဤအဘိုးအိုထံမှ သတ်ဖြတ်လိုသော အငွေ့အသက်ကို မခံစားရသောကြောင့် ဖြစ်၏။

ထို့အပြင် ဤအဘိုးအိုထံတွင် ကြီးမားသော လျှို့ဝှက်ချက် တစ်ခုခု ရှိနေသည့်ပုံ အထင်အရှား ပေါ်လွင်နေသည်။

သို့မဟုတ်ပါက ခုနကတင် သတ်ပစ်လိုက်ပြီ ဖြစ်သည်။

အကဲခတ်ကြည့်ရသလောက် ဤအဘိုးအိုက သူ့ကို ချောက်ချရန် ကြံစည်နေပုံရသည်။

သို့သော် သူ၏ လက်မှတ်ကို ယူပြီး ဤအဘိုးအို ဘာလုပ်မည်ဆိုသည်ကို ယခုတိုင် စဉ်းစား၍ မရသေးပေ။

ချန်းရီ၏ မျက်နှာ အနည်းငယ် မည်းမှောင်သွားသော်လည်း ခုနက အခြေအနေကိုမူ ရှင်းပြလိုက်သည်။

ဤအချိန်တွင် ကျူဇီးကျိုက်၏ စိတ်ထဲ၌လည်း အလွန်တရာ စိတ်ပျက်အားငယ်နေရှာ၏။

အမှတ်တရ လက်မှတ်ထိုး စာအုပ် ဆိုသည့် လှည့်ကွက်ကို သူ အသုံးပြုခဲ့သည်မှာ ဤတစ်ကြိမ် ပထမဆုံး မဟုတ်ပေ။

ယခင်က ဟန်ရေးပြတတ်သော ချန်းဟောင် ဆိုသည့်ကောင်သည်လည်း သူ့ကို ဤကဲ့သို့ လှည့်စားလိုက်ရာမှ အလွယ်တကူ ကျော့ကွင်းထဲ သက်ဆင်းသွားခဲ့ရသည် မဟုတ်ပါလော။

ထိုအဖြစ်အပျက်ကြောင့်သာ သူ လိုက်လံ သတ်ဖြတ်ခံရသည့် ကိစ္စများ ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။

သူ၏ ဤလုပ်ငန်းစဉ်သည်လည်း စနစ်ကျလှပေသည်။

ပထမဆုံးအနေဖြင့် သူ၏ အတိတ်အတွေ့အကြုံများကို ပြောပြရသည်။ ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် လူအများစု၏ အတွေ့အကြုံများမှာ သူနှင့် သိပ်ပြီး ကွာခြားလှသည် မဟုတ်ပေ။

ဘဝတူ ခံစားချက်ဖြင့် ကိုယ်ချင်းစာစိတ် ဝင်သွားစေပြီးမှ နောက်ကနေ အမှတ်တရ လက်မှတ်ထိုး စာအုပ်ကို ထုတ်ပြလိုက်ခြင်း ဖြစ်သည်။

လူအများစုမှာ မည်သို့မျှ ငြင်းဆန်နိုင်ကြမည် မဟုတ်ချေ။

စိတ်ခံစားမှုနောက်သို့ ပါသွားပြီးနောက် သူ့အပေါ်တွင်လည်း သတိထားမှုများ အလွန် လျော့ကျသွားတတ်ကြပြီး ထိုမှတ်တမ်းစာအုပ်ကို သေချာစွာ စစ်ဆေးကြည့်တော့မည် မဟုတ်ပေ။

ပို၍ အစစ်နှင့် တူစေရန်အတွက် မှတ်တမ်းစာအုပ်၏ ရှေ့စာမျက်နှာ အနည်းငယ်ကို အခြားသူများအား အမှန်တကယ် ရေးခိုင်းထားခဲ့သေးသည်။

သို့သော် ဤမျှလောက် သတိကြီးလွန်းသော ကောင်နှင့် တွေ့ရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။

ကြည့်ရသည်မှာ နောက်တစ်ကြိမ်တွင် အစီအစဉ်ကို အဆင့်မြှင့်တင်မှသာ ရတော့မည်။

ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်ရမည်။ ယခင်အကြိမ်များက အောင်မြင်ခဲ့သဖြင့် အနည်းငယ် ပေါ့ဆသွားခဲ့မိသည်။

ငါ့ကိုယ်ငါ အပြစ်တင်ရမှာပဲ...။

ချန်းရီ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လူတိုင်းမှာ ရင်တထိတ်ထိတ် ဖြစ်သွားကြသည်။

ပန်းရောင်ဆံပင်နှင့် ကောင်မလေး ပင်လျှင် အနည်းငယ် ထိတ်လန့်သွားခဲ့၏။

အကယ်၍သာ သူမကိုယ်တိုင် ဤအခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရမည် ဆိုပါက...

သူမ၏ မိသားစု တစ်ခုလုံး သေဆုံးသွားခဲ့ပြီး သူမ တစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည် မဟုတ်ပါလော။ ဤအဘိုးအိုကသာ သူမကို ပထမဆုံး ပစ်မှတ်ထား ရွေးချယ်ခဲ့မည်ဆိုလျှင်...

တင်းတုံ၏ မျက်နှာအမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူမကိုယ်တိုင် လှည့်စားခံရမည်လား မခံရဘူးလား ဆိုသည်ကို မသိသော်လည်း သူမ၏ တုံ့ပြန်မှုကတော့ ချန်းရီကဲ့သို့ ပြတ်သားနေမည် မဟုတ်ကြောင်း သေချာလှသည်။

ခေါင်းဆောင်ချူ၏ မျက်နှာမှာမူ အစကတည်းက ဘာမှ ပြောင်းလဲသွားခြင်း မရှိပေ။

ဤအဘိုးအိုက ချန်းရီ၏ လက်မှတ်ကို ဘာကြောင့် လိုချင်နေမှန်း ယခုတိုင် မသိရသေးသော်လည်း ကောင်းသောကိစ္စတော့ သေချာပေါက် ဖြစ်နိုင်မည် မဟုတ်ချေ။

သူက သာမန်လူ မဟုတ်ဘဲ လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။

အကယ်၍ ဤအဘိုးအိုကသာ ထယ်ရှီး နှင့် တွေ့ခဲ့မည်ဆိုပါကဟု ခေါင်းဆောင်ချူ တွေးလိုက်မိသည်။

အင်းပေါ့...

ထယ်ရှီး ဆိုလျှင်တော့ သေချာပေါက် အလိမ်ခံရမည်သာ ဖြစ်သည်။

"အခု ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ"

ခေါင်းဆောင်ချူက အဘိုးအိုအား တစ်ချက် ကြည့်လိုက်၏။

သူက အဘိုးအိုကို သတ်ပစ်ရန်တော့ သဘောမတူပေ။

ဘာပဲဖြစ်ဖြစ် ဒီအဘိုးအိုက လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။

လမ်းစဉ် အစွမ်းပိုင်ရှင်တိုင်းသည် စည်းလုံးညီညွတ်စွာ လက်တွဲသင့်သော ပစ်မှတ်များပင် ဖြစ်သည်။

ယခုလို အချိန်အခါမျိုး ရောက်နေပြီဖြစ်ရာ လူသားအချင်းချင်း ဆက်လက် သတ်ဖြတ်နေကြဦးမည် ဆိုပါက လူသားမျိုးနွယ်အတွက် အမှန်တကယ် မျှော်လင့်ချက် ရှိတော့မည် မဟုတ်ပေ။

လူသားများနှင့် ထူးဆန်းသောအရာများ၏ အင်အားစု နှစ်ခုကြားတွင်...

လက်ရှိတွင် လူသားများက အစစအရာရာ အားနည်းသည့်ဘက်၌ လုံးလုံးလျားလျား ကျရောက်နေသည်။

ယခုအချိန်အထိ လူသားများဘက်မှ ထိရောက်သော တန်ပြန်တိုက်ခိုက်မှု တစ်ခုကိုပင် စနစ်တကျ ပြုလုပ်နိုင်ခြင်း မရှိသေးပေ။

ချန်းရီ၏ မျက်လုံးများထဲတွင် ရက်စက်သော အရောင်များ လက်လာ၏။ လွန်ခဲ့သော လအနည်းငယ်ခန့်က သူသာဆိုလျှင် လုံးဝ တုံ့ဆိုင်းနေမည် မဟုတ်ချေ။

သို့သော် အဘယ်ကြောင့်မှန်း မသိပေ။ သူ၏ ခေါင်းထဲတွင် နတ်ဆင်ရွာမှ ပုံရိပ် ဆယ့်ရှစ်ခုကို အမြဲလိုလို မြင်ယောင်လာမိသည်။

ထိုလူများသည် နောက်လှည့်မကြည့်ဘဲ အိမ်မြောင်အမြီး အဖြစ်သို့ ခံယူသွားခဲ့ကြသည်။

ချန်းရီကမူ သူကိုယ်တိုင် ထိုအဆင့်အထိ လုပ်နိုင်မည် မဟုတ်ကြောင်း ယုံကြည်ထား၏။

သို့ပေမဲ့...

ထိုလူငယ် ဆယ့်ရှစ်ယောက်၏ ကျောပြင်များက ရုပ်ရှင်ပြကွက်တစ်ခုလို သူ၏ မျက်စိရှေ့တွင် တစ်လှည့်စီ ပေါ်လာနေခဲ့သည်။

ချန်းရီက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင် ပြောလိုက်သည်။

"မင်းက ခေါင်းဆောင်ပဲ... ဒီလိုကိစ္စမျိုးကို ခင်ဗျားပဲ ကြည့်ရှင်းလိုက်ပါ"

"ဒါပေမဲ့ ဒီအဘိုးကြီးဆီမှာ သဘာဝလွန်ပစ္စည်းတွေ အများကြီး ရှိတယ်... လျှို့ဝှက်ချက်တွေလည်း မနည်းလောက်ဘူးလို့ ထင်တယ်"

ခေါင်းဆောင်ချူက ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်၏။

"စိတ်ချပါ... ဒီကိစ္စကို ငါ့တာဝန်ထားလိုက်... မင်းအတွက် သေချာပေါက် အဖြေတစ်ခု ရစေရမယ်"

ချန်းရီက အံ့အားသင့်သွားပြီး ခေါင်းဆောင်ချူအား တစ်ချက် ကြည့်လိုက်သည်။

"ခေါင်းဆောင်ချူ... မင်းက အတင်းအကျပ် စစ်မေးတဲ့ ကျွမ်းကျင်မှုတွေလည်း ရှိနေတာလား"

"အဟမ်း အဟမ်း... အတင်းအကျပ် စစ်မေးတာလေးများ ခက်လို့လား... စကားနားမထောင်ရင် ရိုက်မှာပေါ့... ငါ့ဆီမှာ နည်းလမ်းတွေ အများကြီး ရှိပါတယ်"

"မတရားခံရတာ... ငါက ဆရာချန်းကို အမှတ်တရ လက်မှတ်ထိုး စာအုပ်လေး ရေးခိုင်းချင်ရုံ သက်သက်ပါ... တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး... တကယ်ပြောတာပါ... ငါ့ကို ယုံကြပါ"

အဘိုးအိုသည် ခေါင်းဆောင်ချူ၏ ထိပ်ပြောင်ပြောင် ခေါင်းကြီးကို ရင်ဆိုင်ရချိန်တွင် အနည်းငယ် ထိတ်လန့်နေရှာ၏။

"ကျွန်တော် ဘာမှ မလုပ်ရသေးဘူးနော်"

"ခင်ဗျားတို့ ဒီလို လုပ်လို့ မရဘူးလေ... ဒါက... ဒါက မမှန်ကန်ဘူးဗျ"

ဤအချိန်တွင်မူ မည်သူကမျှ အဘိုးအို၏ စကားကို ယုံကြည်မည် မဟုတ်သည်မှာ သဘာဝပင် ဖြစ်သည်။

ယခုက ကမ္ဘာပျက်ကပ်ကြီး ဖြစ်နေပြီ။ ထိုမျှမက ဤအဘိုးအိုက အစွမ်းပိုင်ရှင် တစ်ယောက်လည်း ဖြစ်နေသေးသည်။

အနည်းငယ် သံသယ ဝင်ရုံနှင့်ပင် လုံလောက်နေပြီ ဖြစ်၏။

အကယ်၍သာ ကမ္ဘာပျက်ကပ် မတိုင်မီက တရားဥပဒေ စိုးမိုးသော လူ့အဖွဲ့အစည်းတွင် ဆိုပါက တစ်ဖက်လူက သင့်အပေါ် မကောင်းကြံနေကြောင်း အတိအကျ သိနေလျှင်တောင် သူ လက်တွေ့ အကောင်အထည် မဖော်သရွေ့ သင် ဘာမှ တတ်နိုင်မည် မဟုတ်ပေ။

သို့သော် ယခုက ကမ္ဘာပျက်ကပ် ဖြစ်သည်။

သံသယဖြစ်ရုံဖြင့် လုံလောက်ပြီ ဖြစ်၏။

ဤအဖြစ်အပျက်ငယ်လေး ပြီးဆုံးသွားပြီးနောက်...

အဘိုးအိုကို ခေါင်းဆောင်ချူ၏ တဲအိမ်ထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။

ချန်းရီကမူ သူ၏ ကားပေါ်သို့ ပြန်တက်လာခဲ့၏။

ယခုအချိန်တွင် ဤအဘိုးအိုနှင့် ရှုပ်ထွေးနေရန် သူ့၌ အချိန်မရှိပေ။

သူ့တွင် ယခု လုပ်ဆောင်ရန် ပို၍ အရေးကြီးသော ကိစ္စရပ်များ ရှိနေသည်။

မိစ္ဆာပစ်ကပ်ကားကို အဆင့်မြှင့်တင်ရန် ဖြစ်၏။

သူက မစောင့်ဆိုင်းနိုင်တော့ဘဲ စနစ် မျက်နှာပြင်ကို ဖွင့်လိုက်သည်။

အဆင့်မြှင့်တင်ရန် (၂၄) ရက်တောင် လိုအပ်နေသည်ကို မြင်လိုက်ရသောအခါ ချန်းရီ၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။

သေချာပေါက်ကို အချိန်အရမ်း ကြာလွန်းနေသည် မဟုတ်ပါလော။

ယခင်က ချန်းရီသည် သတ်ဖြတ်မှတ် (၁၀၀၀) ကို စောစောစီးစီး မစုဆောင်းချင်ခဲ့သည်တော့ မဟုတ်ပေ။ သို့သော် ထူးဆန်းသောအရာများနှင့် ထိတွေ့ရသည့် လုပ်ငန်းစဉ်က အလွန်တရာ အန္တရာယ်များလှသည်။

တစ်ကောင်တည်း ရှိနေသော ထူးဆန်းသည့် အရာပင်လျှင် အန္တရာယ်ကြီးမားသော ကိစ္စရပ်တစ်ခု ဖြစ်၏။

နောက်ပိုင်းတွင် ထူးဆန်းသော သစ်ပင်ကြီးနှင့် တွေ့ဆုံခဲ့ရသည်။

နှမြောစရာ ကောင်းသည်မှာ အပင်များက သတ်ဖြတ်မှတ် စုဆောင်းခြင်းကို လုံးဝ အသက်မဝင်စေနိုင်ခြင်းပင်။

သို့မဟုတ်ပါက ချန်းရီ လမ်းတစ်လျှောက်လုံး မီးမွှေးရန် ခုတ်ခဲ့သော သစ်ပင်များဖြင့်ပင် သတ်ဖြတ်မှတ်များက စောစောစီးစီး တဟုန်ထိုး တက်နေလောက်ပြီ ဖြစ်သည်။

သွေးထွက်နိုင်သော သစ်ပင်ဖြစ်နေလျှင်တောင် သစ်ပင်က သစ်ပင်သာ ဖြစ်၏။

ထို့နောက်တွင် လူစားနိုင်သော ထူးဆန်းသည့် ပန်းပွင့်လေးများနှင့် တွေ့ရပြန်သည်။

ထိုပန်းပွင့်လေးများက သာမန်လူများအတွက် ခြိမ်းခြောက်မှု ဖြစ်သော်လည်း အစွမ်းပိုင်ရှင်များအတွက်မူ ပုရွက်ဆိတ်၊ ပိုးကောင်လေးများနှင့် ဘာမှ ကွာခြားခြင်း မရှိပေ။

ယခင်က ရင်ဆိုင်ခဲ့ရသော ထူးဆန်းသည့် အရာများနှင့် ယှဉ်လျှင် သာ၍ပင် ကွာခြားလှသည်။

ချန်းရီသည် ထိုပန်းပွင့်လေးများကို ခေါင်းဆောင်ချူထံ မလွှဲပြောင်းပေးမီ တစ်ပွင့်ကို သတ်ပြီး သတ်ဖြတ်မှတ် စုဆောင်းရန် စမ်းသပ်ကြည့်ခဲ့သေး၏။

သို့သော် ရရှိသော သတ်ဖြတ်မှတ်များမှာ သနားစရာ ကောင်းလောက်အောင် နည်းပါးလှသည်။

ပန်းပွင့်လေးများ အားလုံးကို သတ်ပစ်လိုက်လျှင်တောင် ရရှိမည့်အမှတ်က နည်းပါးနေဦးမည်သာ ဖြစ်သည်။

ထို့ကြောင့် ခေါင်းဆောင်ချူအား သုတေသန လုပ်ရန်အတွက်သာ ပေးအပ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

ယခု ဤအဘိုးအိုနှင့် တွေ့လိုက်ရမှသာ အဘိုးအိုထံမှ အမှတ်များ လုံလောက်အောင် ရရှိသွားခဲ့သည်။

သို့သော် ဤ (၂၄) ရက် ဆိုသည်မှာ အမှန်တကယ်ပင် အနည်းငယ် ကြာလွန်းနေသည်။

မည်သို့ပင်ဖြစ်စေ ချန်းရီက နောက်ဆုံးတွင်တော့ အတည်ပြုရန် ကို ရွေးချယ်နှိပ်လိုက်သည်။

ယခင်က ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို အဆင့်မြှင့်တင်စဉ်က (၄) ရက်သာ ကြာမြင့်ခဲ့သည်။ ၎င်းမှာ နံပါတ်စဉ် (၃၀၀၀) အတွင်းရှိ သဘာဝလွန်ပစ္စည်း ဖြစ်၏။

ယခု မိစ္ဆာပစ်ကပ်ကားကမူ နံပါတ်စဉ် (၁၀၀၀) အတွင်းတွင် ရှိပြီး အဆင့်နိမ့်သော သဘာဝလွန်ပစ္စည်းမျိုးလည်း မဟုတ်ပေ။

(၂၄) ရက်...

(၂၄) ရက် ဆိုလည်း (၂၄) ရက်ပေါ့လေ။

တူညီသော နံပါတ်စဉ်ရှိသည့် သဘာဝလွန်ပစ္စည်းများ ပင်လျှင် အဆင့်မြှင့်တင်ရသည့် အချိန်များ ကွာခြားနိုင်သေးသည်။

နံပါတ်စဉ် အဆင့်သတ်မှတ်ချက် ဤမျှလောက် ကွာခြားနေသည်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။

မိစ္ဆာပစ်ကပ်ကားက နံပါတ်စဉ် (၁၀၀၀) အတွင်း မဟုတ်ပါလော။

နံပါတ်စဉ် (၁၀၀၀) အတွင်းရှိ သဘာဝလွန်ပစ္စည်းက ဘယ်လို အနေအထားမျိုး ဖြစ်လာမည်ဆိုတာ တကယ်ကို သိချင်လှပြီ။

ချန်းရီက အဆင့်မြှင့်တင်ရန် အတည်ပြုလိုက်သည့် ခဏလေးမှာပင်...

အလွန်တရာ စူးရှကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံကြီး တစ်ခုကို ချန်းရီ ရုတ်တရက် ကြားလိုက်ရသည်။

"ကောင်လေး... မင်း ကတိမတည်ဘူး... ကတိမတည်ဘူး... မင်းလို ယုတ်မာတဲ့ကောင်... မိစ္ဆာကောင်... လူယုတ်မာကြီး"

ချန်းရီက သူ၏ ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲကို ဖွက်ထားသော သေတ္တာလေးကိုသာ တစ်ချက် ကြည့်လိုက်၏။

သေတ္တာလေးထဲတွင် ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲက အရူးအမူး ရုန်းကန်နေပြီး သေတ္တာကို ဒုန်းဒုန်းဒိုင်းဒိုင်း မြည်အောင် ထုရိုက်နေသည်။

ချန်းရီက စောင်တစ်ထည်ကို ဆွဲယူကာ ဖုံးအုပ်လိုက်ပြီး ဘာမှ မဖြစ်ခဲ့သကဲ့သို့သာ နေလိုက်တော့သည်။

...

ခေါင်းဆောင်ချူက တဟီးဟီး ရယ်မောရင်း အဘိုးအိုအား တဲအိမ်ထဲသို့ ဆွဲခေါ်သွားပြီး သူ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ တစ်ခဏမျှ အလွန် ညစ်ညမ်းနေပုံ ပေါ်သည်။

အဘိုးအိုမှာ အလွန်တရာ ကြောက်လန့်နေရှာ၏။

အဘိုးအို၏ ကိုယ်ပေါ်ရှိ မီးခိုးငွေ့ကြိုးများနှင့် မိုးမခကိုင်းများ မရှိတော့ဘဲ ၎င်းတို့အစား လက်ညှိုးအရွယ်အစားခန့် တုတ်သော ကြိုးများဖြင့် အစားထိုး ချည်နှောင်ထားသည်။

ကြိုးများက ပိန်လှီသော အဘိုးအိုအား ကောက်ညှင်းထုပ် တစ်ထုပ်ပမာ တင်းကျပ်စွာ ချည်နှောင်ထား၏။

သူ၏ ကိုယ်ပေါ်ရှိ သဘာဝလွန်ပစ္စည်းများ အားလုံးကိုလည်း ဖြုတ်ယူသိမ်းဆည်းခံလိုက်ရသည်။

သူ၏ အတွင်းခံဘောင်းဘီကိုပင် ရွှီနန်က တစ်ခေါက် စစ်ဆေးသွားသေးသည်။

ဆံပင်များကိုပင် ချန်မထားခဲ့ပေ။

အဘိုးအိုမှာ ဤမျှလောက် အနှိပ်စက်ခံလိုက်ရသဖြင့် အလွန်အမင်း ထိတ်လန့်နေခဲ့ပြီ ဖြစ်သည်။

"မင်း... ဘာလုပ်ချင်လို့လဲ"

အဘိုးအိုက ညစ်ညမ်းသော အပြုံးများဖြင့် ထိပ်ပြောင်ပြောင် ခေါင်းဆောင်ချူကို ကြည့်ကာ ရင်ထဲတွင် တုန်ရီလာသည်။

"ဟီးဟီး... ခင်ဗျားဘာသာ ပြောမလား... ဒါမှမဟုတ် ကျုပ်ကပဲ အတင်း ပြောခိုင်းရမလား... ချန်းရီရဲ့ လက်မှတ်ကို ခင်ဗျား ဘာလို့ လိုချင်တာလဲ"

"မင်း... မင်း အနားမလာနဲ့... ငါ အကုန်ပြောပြပါ့မယ်... မင်းသိချင်တာ မှန်သမျှ အကုန် ပြောပြပါ့မယ်"

ဆက်ရန်...

All Chapters