← Chapters

အခန်း (၂၇၆၇-၂၇၆၈)

Vol. 277 Ch. 2767-2768

အခန်း (၂၇၆၇-၂၇၆၈)

Vol. 277 Ch. 2767-2768

အခန်း (၂၇၆၇) - အနှစ်သာရသွေး ဖြင့် ခန္ဓာကိုယ်ကို ပုံသွင်းသော အဆောင်

​ဖန့်ချန်က လက်ထဲမှ စာရင်းစာလိပ်ကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် နတ်ဘုရားစွမ်းရည် အမျိုးအစားပေါင်း မြောက်မြားစွာကို သိပ်သည်းစွာ ရေးမှတ်ထားသည်။

​အကြမ်းဖျင်း ခန့်မှန်းရသော် အနည်းဆုံး တစ်ထောင်ကျော်ခန့် ရှိပေလိမ့်မည်။

​ကရုဏာတောင်၏ အဓိက နတ်ဘုရားစွမ်းရည် သုံးခုပင် ပါဝင်နေသော်လည်း "ကရုဏာတံဆိပ်" ကမူ ပါဝင်ခြင်း မရှိပေ။

​ဤစာရင်းထဲတွင် ပါဝင်သော နတ်ဘုရားစွမ်းရည်များမှာ "ထူးချွန်အဆင့်" အထိ ရောက်ရှိရန် ခက်ခဲကြောင်း ယင်းအချက်မှတစ်ဆင့် သိသာထင်ရှားလှသည်။

​“ဒီစာရင်းကတော့ ငါတို့ ကောင်းကင်ငါးပါးထဲမှာ အဆင့်တစ်ထက် သာလွန်တယ်လို့ သတ်မှတ်ထားတဲ့ နတ်ဘုရားစွမ်းရည်တွေကိုပဲ စုစည်းထားတာပါ။”

​“သာမန် နတ်ဘုရားစွမ်းရည်တွေကတော့ ဒီထဲမှာ မပါဘူး။”

​ရှူလုံ ကောင်းကင်အရှင်က ပြောသည်။

​“မင်းကို အကြံပေးချင်တာကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ နတ်ဘုရားစွမ်းရည် အနည်းငယ်ကိုပဲ ရွေးလိုက်ပါ။ အမည်မသိ နေရာမျိုးကို သွားရမှာဖြစ်လို့ အသက်ရှင်ဖို့က အရေးအကြီးဆုံးပဲ။ အသက်စွမ်းအင် နဲ့ အသက်ပြန်ရှင်တာမျိုးက ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အခြေခံအနှစ်သာရတွေကို ဆုံးရှုံးရစေမှာပဲ။”

​“ဖန့်ချန်၊ မင်း ရှူလုံ ကောင်းကင်အရှင် ပြောတာကို နားထောင်လိုက်ပါ။ တိုက်ခိုက်ရေး နတ်ဘုရားစွမ်းရည်တွေက မင်းမှာ လုံလောက်နေပြီ။ အဲဒီထဲကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ ဟာမျိုးပဲ ရွေးလိုက်ပါ။”

​ဒွမ်ချင်းရှန်းက ပြောသည်။

​ဖန့်ချန် ခေါင်းညိတ်ကာ နတ်ဘုရားစွမ်းရည် တစ်ခုစီ၏ အသေးစိတ် မိတ်ဆက်ချက်များကို ဂရုတစိုက် ကြည့်ရှုလိုက်သည်။

​သူသည် တစ်ချက် စစ်ဆေးကြည့်လိုက်ရာ ထိုစာရင်းထဲတွင် "မျက်လုံးကိုးခု နည်းလမ်း" လည်း မပါသလို၊ "ချုပ်နှောင်ခြင်းနည်းလမ်းကိုးခု" လည်း မပါဝင်သည်ကို တွေ့လိုက်ရသည်။ အဓိက မျိုးနွယ်စုကြီးများ၏ "မျိုးနွယ်စု ကံကြမ္မာ နတ်ဘုရားစွမ်းရည်" များလည်း ပါဝင်ခြင်း မရှိပေ။

​“ကောင်းကင်ငါးပါးထဲမှာတော့ သူတို့က ကိုယ့်မျိုးနွယ်စုဝင် သူတော်စင်တွေသာလျှင် မျိုးနွယ်စု ကံကြမ္မာ နတ်ဘုရားစွမ်းရည်ကို နားလည်သဘောပေါက်နိုင်မယ်လို့ပဲ ထင်နေကြတုန်းပဲ။”

​ဖန့်ချန် စိတ်ထဲတွင် တွေးလိုက်သည်။

​သူသည် နတ်ဆိုးမျက်လုံး ကို သတိရလိုက်သည်။ သူကိုယ်တိုင်ပင် ထိုစွမ်းရည်ကို နားလည်သဘောပေါက်ထားပြီဖြစ်ရာ မျိုးနွယ်စုဝင် မဟုတ်သော်လည်း နားလည်သဘောပေါက်နိုင်ကြောင်း သက်သေပြနေသည်။ သို့သော်လည်း ထိုဖြစ်စဉ်မှာ အတော်လေး ရှုပ်ထွေးလှသည်။

​ခန့်မှန်းခြေ တစ်ဆယ့်ငါးမိနစ်ခန့် အကြာတွင် ဖန့်ချန်၏ အကြည့်တို့သည် နတ်ဘုရားစွမ်းရည် တစ်ခုပေါ်သို့ ကျရောက်သွားသည်။

​စာရင်း၏ ဖော်ပြချက်အရ ဤနတ်ဘုရားစွမ်းရည်မှာ လင်ချုံ အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ မှ ဆင်းသက်လာခြင်း ဖြစ်သည်။

​အမည်မှာ - အနှစ်သာရသွေးဖြင့် ခန္ဓာကိုယ်ကို ပုံသွင်းသော အဆောင် ။

​“အနှစ်သာသွေးဖြင့် ခန္ဓာကိုယ်ကို ပုံသွင်းသော အဆောင်…… အနှစ်သာရသွေးကို မီးရှို့ခြင်းဖြင့် ခေတ္တခဏ ပိုမိုမြင့်မားသော စွမ်းအားကို လဲလှယ်ယူခြင်း။”

​“ဘယ်လောက်ထိ စွမ်းအားကို လဲလှယ်နိုင်မလဲဆိုတာက ပေးဆပ်ရတဲ့ တန်ဖိုးအပေါ်မှာ မူတည်တယ်ပေါ့လေ”

​“ဒီနေရာက အနှစ်သာရသွေး ဆိုတာက ကိုယ့်ရဲ့ ကိုယ်ပိုင်သွေးကို ဆိုလိုတာဖြစ်မယ်၊ ရှေးဟောင်း သူတော်စင်ဧကရာဇ် တွေရဲ့ သွေးကို ဆိုလိုတာ မဟုတ်လောက်ဘူး……”

​“မင်း ဘာကြည့်နေတာလဲ အနှစ်သာရသွေးဖြင့် ခန္ဓာကိုယ်ကို ပုံသွင်းသော အဆောင်လား”

​ဒွမ်ချင်းရှန်းက ဖန့်ချန် စွမ်းရည်တစ်ခုကို စိုက်ကြည့်နေပြီး စကားမပြောသည်ကို မြင်သောအခါ ခေါင်းငုံ့ကြည့်လိုက်ပြီးနောက် အံ့ဩတကြီး ပြောလိုက်သည်။

​“မင်း ဒီစွမ်းရည်ကို ဘာလို့ ကြည့်နေတာလဲ။ ဒီစွမ်းရည်ကို တစ်ခါသုံးလိုက်တာနဲ့ မင်းလူက အသုံးမဝင်တော့ဘူး။”

​“ဒွမ်ဘိုးဘေး၊ ဒီ အနှစ်သာရသွေးဖြင့် ခန္ဓာကိုယ်ကို ပုံသွင်းသော အဆောင်ရဲ့ တကယ့် အသုံးဝင်ပုံကို သိလားခင်ဗျာ။”

​ဖန့်ချန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

​ဒွမ်ချင်းရှန်းမှာ မျက်မှောင်ကြုတ်ကာ ပြောသည်။

​“ဒါက အသက်စွန့် တိုက်ခိုက်တဲ့အခါ သုံးတဲ့ စွမ်းရည်ပဲ။ ဒီလို ပြောရအောင်၊ ဒါကို သုံးဖို့ မင်းပေးဆပ်ရမယ့် တန်ဖိုးက အပေါ်ယံ အနှစ်သာရသွေးတင် မဟုတ်ဘူး၊ မင်းပိုင်ဆိုင်သမျှ အရာအားလုံးပဲ။ မင်းက တိုတောင်းတဲ့ စွမ်းအားတိုးတက်မှုကို လဲလှယ်ဖို့အတွက် မင်းရဲ့ အသက်စွမ်းအင် ကိုတောင် မီးရှို့ပြီး ပေးဆပ်လို့ ရတယ်။”

​စကားဆုံးသော် ရှူလုံ ကောင်းကင်အရှင်ဘက်သို့ လှည့်ကာ -

​“အကြီးအကဲ၊ လွန်ခဲ့တဲ့အချိန်က လင်ချုံ အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့က ဒီစွမ်းရည်ကြောင့် ဆုံးရှုံးမှုတွေ အများကြီး ရှိခဲ့လို့ နောက်ပိုင်းမှာ သူတော်စင်တွေကို လွယ်လွယ်နဲ့ လေ့လာခွင့် မပေးတော့တာပါ။ အကြီးအကဲက ဘာလို့ ဒီစွမ်းရည်ကို စာရင်းထဲ ထည့်ထားရတာလဲ။”

​ရှူလုံ ကောင်းကင်အရှင်က ဘာမျှ မပြောဘဲ ဒွမ်ချင်းရှန်းကို တစ်ချက်သာ အေးစက်စက် ကြည့်လိုက်သည်။

​ဒွမ်ချင်းရှန်းမှာ ချက်ချင်းပင် လန့်သွားပြီး စကားကို ရပ်လိုက်ကာ ဖန့်ချန်ကို မျက်စိဖြင့် တစ်ခုခု အရိပ်အမြွက် ပြလိုက်သည်။

​ဖန့်ချန်မှာ ထိုအရိပ်အမြွက်ကို မမြင်သယောင်ပြုကာ ရှူလုံ ကောင်းကင်အရှင်ကို မေးလိုက်သည်။

​“အကြီးအကဲ၊ ဒီ အနှစ်သာရသွေးဖြင့် ခန္ဓာကိုယ်ကို ပုံသွင်းသော အဆောင်က နတ်ဘုရားစွမ်းရည်တွေကို မီးရှို့ပြီး ခေတ္တခဏ စွမ်းအားတိုးတက်မှုကို လဲလှယ်ယူလို့ ရလား”

​“သဘာဝအတိုင်းပဲ ရတာပေါ့။”

​ရှူလုံ ကောင်းကင်အရှင်က ခေါင်းညိတ်ကာ ဆိုသည်။

​“ဒါပေမဲ့ ဒီလို လုပ်လိုက်ရင်တော့ အဲဒီ နတ်ဘုရားစွမ်းရည်က ပျက်စီးသွားပြီး ပြန်လည် လေ့ကျင့်ရလိမ့်မယ်။”

​“ဒါဆိုရင် ကျွန်တော် ဒီ အနှစ်သာရသွေးဖြင့် ခန္ဓာကိုယ်ကို ပုံသွင်းသော အဆောင်ကိုပဲ ရွေးပါ့မယ်။”

​ဖန့်ချန်က အတွေးနက်စွာဖြင့် ပြောလိုက်သည်။

​ဒွမ်ချင်းရှန်းမှာ သက်ပြင်းချကာ -

“ဒါက ကိုယ့်ဘက်ရော သူတို့ဘက်ပါ ထိခိုက်စေတဲ့ အရာပဲ။ ထပ်စဉ်းစားဦးမလား။”

​“ဖန့်ချန်ကို သူ့ဘာသာ ဆုံးဖြတ်ပါစေ၊ မင်းနဲ့ ဘာဆိုင်လို့လဲ။”

​ရှူလုံ ကောင်းကင်အရှင်က မျက်မှောင်ကြုတ်လိုက်သည်။

​“ဒွမ်ဘိုးဘေး၊ ထပ်စဉ်းစားစရာ မလိုတော့ပါဘူး။ ဒီစွမ်းရည်ကို အရေးပေါ်အတွက်ပဲ ထားထားတာပါ၊ သာမန်အချိန်ဆိုရင် သုံးစရာ မလိုပါဘူး။”

​ဖန့်ချန်က ပြုံး၍ ပြောသည်။

​“ကောင်းပြီလေ၊ မင်းဘာသာ မင်း သိရင် ပြီးတာပါပဲ။ တခြား နတ်ဘုရားစွမ်းရည်တွေကိုလည်း ထပ်ကြည့်လိုက်ဦး။”

​ဒွမ်ချင်းရှန်းက ပြောသည်။

​“တခြား နတ်ဘုရားစွမ်းရည်တွေက…… ကျွန်တော့်အတွက် အခုလောလောဆယ် မလိုသေးပါဘူး။”

​ဖန့်ချန် စာရင်းစာလိပ်ကို ပိတ်လိုက်ပြီး ရှူလုံ ကောင်းကင်အရှင်ထံ ပြန်ပေးလိုက်သည်။

​နေရာရှိ ဌာနမှူးများမှာ အချင်းချင်း ကြည့်လိုက်ကြသည်။ ကောင်းကင်ငါးပါး၏ နတ်ဘုရားစွမ်းရည် စာရင်းတွင် ဒီလောက် များပြားလှသော စွမ်းရည်တွေ ရှိပါလျက်နဲ့ ဖန့်ချန်က ဒီတစ်ခုတည်းကိုပဲ ရွေးတာလား။ တခြား ဟာတွေကို အထင်မကြီးကြတာလား။

​သူတို့ မသိတာကတော့ ယခင်ကဆိုရင် ဖန့်ချန်က တခြား နတ်ဘုရားစွမ်းရည် အချို့ကို ထပ်ရွေးကောင်း ရွေးလိမ့်မည်။ ဒါပေမဲ့ အခုတော့…… သူသည် အမှန်တရားကို သိရှိသွားပြီဖြစ်ရာ နတ်ဘုရားစွမ်းရည် ရွေးချယ်မှုတွင် ပိုမို သတိထားနေခြင်း ဖြစ်သည်။

​အခြား နတ်ဘုရားစွမ်းရည်များသည် သူ၏ စွမ်းအားအတွက် အထောက်အကူ မဖြစ်လှပေ။ ကြီးမားသော မျိုးနွယ်စုကြီးများ၏ မျိုးနွယ်စု ကံကြမ္မာ နတ်ဘုရားစွမ်းရည် သို့မဟုတ် ထူးချွန်အဆင့် စွမ်းရည်မျိုးသာဆိုပါက သူစိတ်ဝင်စားပေလိမ့်မည်။

​ရှူလုံ ကောင်းကင်အရှင်က စကားမပြောတော့ဘဲ စာရင်းကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူ၏ စိတ်အာရုံမှာ လှုပ်ရှားသွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

​“နိဗ္ဗာန်တားမြစ်နယ်မြေဘက်က အဖြေထွက်လာပြီ။ ဒီတစ်ခါ 'ကျဲနယဲ့ အဆင့်နိမ့်' စာမေးစသ်ဆေးသူလက်ထဲမှာ တစ်နာရီကြာအောင် ခံနိုင်ရည်ရှိခဲ့တဲ့သူ ရှိတယ်၊ သူက ကျဲနယဲ့ အဆင့်နိမ့် ဘွဲ့ကို ရရှိသွားပြီ။”

​“အကြီးအကဲ၊ ဘယ်မျိုးနွယ်စုက နောက်မျိုးဆက်သစ်လဲ။”

​ဌာနမှူးများမှာ စိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်နေကြသည်။

​“နောက်ထပ် ဘယ်သူဖြစ်ရမလဲ၊ လူသားမျိုးနွယ်စု ကရုဏာတောင်မှ ရှဲ့အာမန် ပေါ့။”

​ရှူလုံ ကောင်းကင်အရှင်က ဒွမ်ချင်းရှန်းကို တစ်ချက်ကြည့်လိုက်သည်။

​“ဒွမ်ချင်းရှန်းက မရည်ရွယ်ဘဲနဲ့ ကောင်းတဲ့ အသီးအပွင့်တွေကို ရလိုက်တာပဲ။ ကောင်းကင်ငါးပါးရဲ့ ကျဲနယဲ့ အဆင့်ရှိ ကျောင်းသား နှစ်ယောက်လုံးက ကရုဏာတောင်ကပဲ ဖြစ်နေတယ်။”

​“သူမ ကိုး။”

​“ပြီးခဲ့တဲ့ တစ်ခေါက်က သူ့ရဲ့ စွမ်းဆောင်ရည်က တကယ့်ကို ထူးချွန်တာ။ သူတော်စင်ဧကရာဇ် စီမံကိန်းက တကယ်ကို ကျရှုံးတာပဲ၊ လူအား ငွေအားတွေ ဒီလောက် သုံးထားတာတောင် လူသား ကျောင်းသားတစ်ယောက်လောက် မစွမ်းဆောင်နိုင်ဘူး။”

​“မိတ်ဆွေဒွမ်၊ ဂုဏ်ယူပါတယ်ဗျာ။”

​“မင်းရဲ့ တပည့်တွေက တကယ့်ကို ထူးချွန်ကြတာပဲ။”

​ဌာနမှူးများစွာမှာ မနာလိုမှုများဖြင့် ချီးကျူးစကား ဆိုကြသည်။ သူတို့ အဆင့်ထိ ရောက်လာကြပြီ ဖြစ်ရာ ကိုယ့်ကျင့်ကြံမှုထက် ကိုယ့်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ခြင်းအပေါ် ပိုမို အာရုံစိုက်ကြသည်။ ထို့ကြောင့် ဒွမ်ချင်းရှန်း၏ မျိုးဆက်မှ ကျဲနယဲ့ ကျောင်းသား နှစ်ယောက် ပေါ်လာခြင်းကို မနာလို ဖြစ်ခြင်းမှာ အမှန်ပင်။

​“ဝမ်အိုကြီးက အကြီးဆုံး အစ်မကြီးရဲ့ အကူအညီနဲ့သာ အလုံးစုံသိဂိုဏ်းရဲ့ ဒုတိယ ဂိုဏ်းချုပ် ဖြစ်လာနိုင်တာဆိုတာ အခုမှပဲ သေချာတော့တယ်။”

​ဖန့်ချန် စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။

​“ဒီလိုဆိုတော့ မင်းနဲ့အတူ ဆန်းနယဲ့အဆင့် တံခါးကို တွန်းဖွင့်မယ့်သူက တစ်ယောက် ပိုလာဦးမှာပဲ။”

​ရှူလုံ ကောင်းကင်အရှင်က ပြုံးကာ ပြောသည်။

​“အကြီးအကဲ၊ အဲဒီ အကြီးကဲကလည်း တံခါးကို ဖွင့်ဖို့ သဘောတူလိုက်ပြီလားခင်ဗျာ။”

​ဖန့်ချန် စိတ်လှုပ်ရှားသွားသည်။

​ရှူလုံ ကောင်းကင်အရှင်မှာ ဖန့်ချန် ပြောနေသည်ကို သိသဖြင့် ခေါင်းညိတ်လိုက်သည်။

​“လုကျိုးယွမ်ပါ သဘောတူလိုက်ပြီဆိုတော့ ဆန်းနယဲ့အဆင့် နောက်ကွယ်မှာ သူတော်စင်ဧကရာဇ် နန်းဆောင် နဲ့ ပတ်သက်မှု မရှိနိုင်ဘူးဆိုတာ ပိုသေချာသွားပြီ။”

​“လွန်ခဲ့တဲ့ ထွက်ပြေးချိန်တုန်းက သူတော်စင်ဧကရာဇ် နန်းဆောင်ရဲ့ ထိန်းချုပ်မှုကနေ ထွက်ပြေးခဲ့တဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိခဲ့တယ်။”

​“အဲဒီတုန်းက အစောဆုံး ထွက်ပြေးခဲ့တဲ့ အဖွဲ့အစည်းတွေကပဲ ဆန်းနယဲ့ စစ်မြေပြင်ကို ဖန်တီးလိုက်တာလား။”

​ဖန့်ချန်မှာ အတွေးနက်စွာဖြင့် တွေးလိုက်သည်။

​“မှန်တယ်၊ ဒီနှစ်တွေအတွင်းမှာ ငါတို့ ဖမ်းစီးရေးဌာနက ယင်သူတော်စင် အများအပြားကို ဖမ်းမိထားတယ်၊ မင်းရဲ့ အသက်အမဲလိုက်ခြင်း ကို လိုအပ်နေတယ်။”

​“ပြီးတော့ တခြား ကောင်းကင်လေးပါးက စစ်ဆေးရေးဌာနတွေကလည်း မင်းရဲ့ နည်းလမ်းကို သိသွားကြလို့ ငါတို့ဆီ အကူအညီ တောင်းလာကြတယ်။”

​“မင်းကိုယ်စား ငါ သဘောတူပေးလိုက်တယ်။ သူတို့ဘက်ကတော့ အသက်စွမ်းအင် တစ်ခုအတွက် အတွင်းကမ္ဘာ ကျောက်တုံး ဆယ်ခု ပေးမယ်တဲ့။ မင်း ဈေးနှုန်း မကြိုက်ရင် ထပ်တောင်းပေးမယ်။”

အသက်စွမ်းအင် တစ်ခုအတွက် ကျောက်တုံး ဆယ်ခု

​“ညီကို မြန်မြန် သဘောတူလိုက်ပါ။”

မှန်လေး၏ အသံမှာ အားနည်းစွာဖြင့် ထွက်ပေါ်လာသည်။

​“မှန်လေး အိပ်ရာက နိုးလာတာလား။ ဘာလို့ ဒီလောက် အားမရှိသလို ဖြစ်နေတာလဲ။”

​“ကောင်းကောင်း မအိပ်ရလို့ပါ၊ အိပ်မက်ဆိုးတွေ မက်နေလို့ပါ။”

​“ကောင်းပြီလေ၊ အသက်တစ်ခု အတွက် ကျောက်တုံး ဆယ်ခုဆိုတော့ မနည်းဘူးပဲ။ ဒီတစ်ခါတော့ မင်းအတွက် စားစရိတ်လေး ရှာပေးလိုက်ပါဦးမယ်။”

​ဖန့်ချန် ရှူလုံ ကောင်းကင်အရှင်ကို လက်အုပ်ချီကာ -

​“အကြီးအကဲ၊ ဒီကိစ္စကို ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော် အရင်ဆုံး ရွှေဟွေး ကျောင်းတော်ကို ပြန်သွားဦးမယ်၊ လူသားမျိုးနွယ်စု ကျောင်းဆောင်မှာ နောက်မျိုးဆက်သစ်တွေ ရောက်နေလို့ သွားကြည့်ရဦးမယ်။”

​ရှူလုံ ကောင်းကင်အရှင် -

“မင်းရဲ့ ရှန်းဟုန် မျိုးဆက်က လူတွေပဲလား။”

​ဖန့်ချန် - “ဟုတ်ကဲ့ခင်ဗျာ။”

​“ကောင်းပြီ။”

​အခန်း (၂၇၆၈) - နောက်ဆုံးရွေးချယ်မည့်သူများကို ဆုံးဖြတ်ခြင်း

​လူသားမျိုးနွယ်စု ကျောင်းဆောင်။

​လွန်ခဲ့သည့်တစ်ကြိမ် ဟော်ဆွေ့မျိုးနွယ်စုခွဲသည် ထိုနေရာမှ စိတ်ပျက်လက်ပျက်ဖြင့် နုတ်ထွက်သွားပြီးနောက် လူသားမျိုးနွယ်စု ကျောင်းဆောင်ရှိ ကျောင်းသားအရေအတွက်မှာ အလွန်ပင် နည်းပါးသွားခဲ့သည်။

​ကံကောင်းစွာဖြင့် ကျောင်းသားအသစ်များကို အသုတ်လိုက် ထပ်မံလက်ခံလိုက်သောကြောင့် လူသားမျိုးနွယ်စု ကျောင်းတော်မှာ အသက်ဝင်မှု အနည်းငယ် ပြန်လည်ရရှိလာသည်။ သို့သော်လည်း ဤကျောင်းသားများကို တောင်များအလိုက် ခွဲဝေပေးလိုက်သည့်အခါ တောင်ထိပ်တစ်ခုချင်းစီတွင် ခွဲဝေရရှိသည့် ကျောင်းသားအရေအတွက်မှာ အလွန်ပင် နည်းပါးနေဆဲဖြစ်သည်။

​ကရုဏာတောင်တွင်မူ ရှဲ့အာမန်တို့အဖွဲ့ နိဗ္ဗာန်တားမြစ်နယ်မြေသို့ သွားရောက်ကြပြီးနောက် ကျန်ရှိနေသော ကျောင်းသားများမှာ ဤနေရာတွင် တိတ်ဆိတ်စွာ ကျင့်ကြံနေကြသည်။

​“ဖန့်ညီလေး၊ ဒီတစ်ကြိမ် လူသားမျိုးနွယ်စု ကျောင်းတော်အတွက် လက်ခံလိုက်တဲ့ ကျောင်းသားသစ်တွေက မင်းပေးတဲ့ စာရင်းအတိုင်း ရွေးချယ်ထားတာပါ။”

​“အချို့က ကျောင်းတော်ထဲကို ဝင်ရောက်ဖို့ အရည်အချင်း မပြည့်မီသေးဘူး၊ နောက်တစ်ကြိမ်ကျမှပဲ လက်ခံနိုင်မယ်ထင်တယ်”

ဟု ကျန်းတောက်ယွဲ့က ပြုံးရွှင်စွာ ပြောသည်။

​“သူတို့ကို မင်းဆီ လာပြီး ဂါရဝပြုဖို့ အကြောင်းကြားပေးရမလား။”

​“သူတို့လည်း သူတို့ကိုယ်တိုင်က ရှန်းဟုန် မျိုးနွယ်စုခွဲထဲမှာ ပါဝင်တယ်ဆိုတာကို သိနေကြပါပြီ။ ဒီအချက်ကို သိရက်နဲ့ပဲ ရွှေဟွေး ကျောင်းတော်ကို ဝင်လာတယ်ဆိုတာက ဟော်ဆွေ့ မျိုးနွယ်စုခွဲနဲ့ လမ်းခွဲလိုက်ပြီဆိုတာ သက်သေပြနေတာပဲ။ ဒါပေမဲ့ သူတို့ထဲမှာလည်း စိတ်သဘောထား မဖြူစင်သူတွေ ရှိနေနိုင်သေးတာပဲ။”

​“အစ်ကိုကြီး ကျွန်တော့်လက်ထဲမှာ လုပ်စရာကိစ္စတွေ ရှိသေးလို့ အဲဒီ ညီငယ်ညီမငယ်တွေကို မတွေ့တော့ပါဘူး။ ဒီ စင်ကြယ်သော ဗောဓိသီး တွေကိုတော့ ကျွန်တော့်ကိုယ်စား ပေးလိုက်ပါ။ အပိုကျန်ရင် သိမ်းထားလိုက်ပါ၊ နောက်ထပ် ညီငယ်ညီမငယ်တွေ ထပ်ရောက်လာရင် သူတို့ကို ပေးလိုက်ပေါ့။”

​ဖန့်ချန်သည် ကျန်ရှိနေသော စင်ကြယ် ဗောဓီသီးများအားလုံးကို ထုတ်ယူလိုက်ရာ အရေအတွက်အားဖြင့် ထောင်နှင့်ချီ ရှိနေသည်။ ၎င်းတို့မှာ လွန်ခဲ့သည့်တစ်ကြိမ်က ကန့်သက်ချက် ကျော်လွန်ခြင်းတောင် မှ ရရှိလာခဲ့ခြင်း ဖြစ်သည်။ ကြားထဲတွင် အနည်းငယ် သုံးစွဲခဲ့သော်လည်း စုစုပေါင်းအရေအတွက်နှင့် ယှဉ်လျှင် သိသာသော ဆုံးရှုံးမှု မရှိပေ။

​လက်ရှိတွင် လူသားမျိုးနွယ်စု ကျောင်းတော်၌ ကျောင်းသား ထောင်ပေါင်းများစွာ တိုးလာသည်ကို သူသည် အကြောင်းတရား ပိတ်ကာ တွင် အတည်ပြုပြီးဖြစ်သည်။ အများစုမှာ စာရင်းနှင့် ကိုက်ညီသည်။ စိတ်သဘောထား မကောင်းသူများ ပါဝင်နေသလား ဆိုသည်ကိုမူ သူ အရေးမစိုက်တော့ပေ။ ထိုသူများ ရှိနေသည့်အတွက်ကြောင့် အချိန်ကုန်ခံကာ တစ်ယောက်ချင်းစီကို စမ်းသပ်နေမည်ဆိုပါက ဘယ်သောအခါမှ ဗောဓိသီးများကို ဝေငှပေးနိုင်မည် မဟုတ်ပေ။

​“ညီလေး၊ မင်း နေမင်းခုနှစ်ပါးခန်းမကိုများ ဓားပြတိုက်လာတာလား။”

​ကျန်းတောက်ယွဲ့က မျက်စိရှေ့မှ ဗောဓိသီးအစုအဝေးကို ကြည့်ရင်း အံ့အားသင့်သွားသည်။ ယခုအချိန်ထိ သူသည် မိမိ၏ ညီလေးမှာ မည်မျှ ချမ်းသာကြောင်း မသိရှိခဲ့ပေ။ အလယ်အလတ်မျိုးနွယ်စုများပင်လျှင် တစ်လုံး၊ နှစ်လုံးထက်ပို၍ မပိုင်ဆိုင်နိုင်သော စင်ကြယ်သော ဗောဓိသီးများကို ယခုအခါတွင်မူ အလေးချိန်နှင့်ပင် တွက်ချက်ရတော့မည့်ပုံ ပေါက်နေသည်။

​“နေမင်းခုနှစ်ပါး ခန်းမကို ဓားပြတိုက်နိုင်တဲ့ စွမ်းအားသာ ရှိရင် ကျွန်တော် တကယ်ပဲ ဓားပြတိုက်ပစ်လိုက်ချင်တာပါ။”

​ဖန့်ချန်က ရယ်မောကာ ပြောသည်။

“ဒီ ‌ဗောဓိသီးတွေက မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်သွားတော့မှာပါ၊ လုံးဝ မလောက်ဘူး။”

​“လောက်ရောပေါ့……” ကျန်းတောက်ယွဲ့က ထူးဆန်းသော အမူအရာဖြင့် ပြောသည်။

​“ဒီ ဗောဓိသီးတွေကို ဝေငှပေးလိုက်ရင် ကျောင်းတော်ကို ဝင်ဖို့ အရည်အချင်းရှိတဲ့ သူတို့ရဲ့ ပါရမီနဲ့ပေါင်းလိုက်တဲ့အခါ၊ ငါ့မြင်တာတော့ မကြာခင်မှာပဲ ငါတို့ လူသားမျိုးနွယ်စု ကျောင်းဆောင်ရဲ့ အရည်အချင်းရှိသူ အရန်အင်အားဟာ တခြား ကြီးမားတဲ့ မျိုးနွယ်စုတွေနဲ့ မခြားတော့ဘူး။ အထက်တန်းစား မျိုးနွယ်စုတွေထက်ပဲ နည်းနည်းလေး နိမ့်တော့မှာ။”

​ခဏရပ်ပြီးနောက် ကျန်းတောက်ယွဲ့က ယဉ်ကျေးစွာ ပြောသည်။

​“ငါခန့်မှန်းတာတော့ နောက်ပိုင်းမှာ ကျောင်းတော်ကို ဝင်လာမယ့် ရှန်းဟုန်မျိုးနွယ်စု ကျောင်းသားတွေ သိပ်များတော့မှာ မဟုတ်ဘူး။ ကျောင်းတော်ကို ဝင်နိုင်တဲ့အဆင့်အထိ ပါရမီရှိတဲ့သူဆိုတာ ရှားပါးတာကိုး။”

​“ဒါလည်း ဟုတ်တာပါပဲ၊ ကျွန်တော်နည်းလမ်းရှာပြီး ဗောဓိသီးတွေ ထပ်ရှာရဦးမယ်၊ သူတို့ ကျောင်းတော်ကို မဝင်ခင်လေးမှာပဲ ပေးလိုက်ရမှာ။”

ဖန့်ချန် စိတ်ထဲတွင် တွေးလိုက်သည်။

​“ထပ်ရှာဦးမလို့လား။ ဘယ်မှာ သွားရှာမှာလဲ။”

ကျန်းတောက်ယွဲ့က အံ့ဩစွာ မေးသည်။

​“ပိတ်ဆို့ခံထားရတဲ့ အတွင်းကမ္ဘာ တားမြစ်နယ်မြေ အများအပြားထဲမှာ ဗောဓိသီးတွေ ရှိနေနိုင်တယ်။”

ဖန့်ချန်က ပြောသည်။

​“ဒါလည်း ဟုတ်တာပါပဲ၊ ဒါပေမဲ့ မင်းတို့လို ဆန်းနယဲ့ အဆင့် ကျောင်းသားတွေပဲ ဝင်လို့ရတာလေ။”

ကျန်းတောက်ယွဲ့၏ မျက်လုံးထဲတွင် မနာလိုမှုများ ပေါ်လာသည်။ အကယ်၍ သူသာ နိဗ္ဗာန်တားမြစ်နယ်မြေသို့ ဝင်ရောက်နိုင်သည့် စံနှုန်းထက် ကျော်လွန်နေခြင်း မဟုတ်ပါက သူလည်း တကယ်ပဲ ဝင်ကြည့်ချင်နေသည်။

​ဤကိစ္စကို ဖြေရှင်းပြီးနောက် ဖန့်ချန်သည် ဖမ်းဆီးရေးဌာန သို့ ပြန်သွားလိုက်သည်။ ဤတစ်ကြိမ် အသက်ကို လိုက်လံရှာဖွေခြင်း တွင် သူသည် ရုံးတော်ကိုးခု သို့ မသွားဘဲ ဖမ်းဆီးရေးဌာနကိုသာ အခြေပြုသည်။ ဖမ်းဆီးရေးဌာနသည် မည်သည့်ရုံးသို့ ရောက်ရှိပါစေ၊ ထိုနေရာရှိ တရားသူကြီးများကို အပြစ်ရှိသူများကို ချက်ချင်း ဖမ်းဆီးခေါ်ဆောင်လာခိုင်းလိုက်သည်။

​ရှူလုံ ကောင်းကင်အရှင်သည် သူ့နေရာကို လွှဲပေးလိုက်ပြီး ဖန့်ချန်ကိုသာ အဓိကနေရာတွင် ထိုင်၍ စစ်ဆေးစေသည်။ သူသည်မူ ကုလားထိုင်တစ်လုံးကို အနီးသို့ ရွှေ့လိုက်ကာ ထိုင်ကြည့်နေသည်။ တခြားဌာနမှူးများလည်း ထိုနည်းအတိုင်းပင်။

​မူလက မာနကြီးပြီး နာခံခြင်းမရှိသည့် အပြစ်ရှိသူများသည် ဖမ်းဆီးရေးဌာနသို့ ခေါ်ဆောင်ခြင်းခံရပြီး အနီးတွင် ဌာနမှူးများ ဝန်းရံနေသည်ကို မြင်သောအခါ အသံများ တိတ်ဆိတ်သွားကြသည်။ သို့သော်လည်း သူတို့သည် ဖမ်းဆီးရေးဌာနမှ အရာရှိငယ်တစ်ဦးသည် သူတို့၏ အသက်စွမ်းအင် ကို လွယ်လွယ်ကူကူ ဖမ်းဆီးနိုင်လိမ့်မည်ဟု မယုံကြည်ကြပေ။

​ထိုယုံကြည်မှုသည် တစ်လခန့်အထိ ကြာမြင့်ခဲ့ပြီး၊ အပြစ်ရှိသူများ၏ အသက်များ တစ်ခုပြီးတစ်ခု အသတ်ခံရခြင်း သို့မဟုတ် ဖမ်းဆီးခံရခြင်းတို့ ဖြစ်လာမှသာ သူတို့ ကြောက်ရွံ့လာကြသည်။ သူတို့ထဲမှ အများအပြားသည် ဖမ်းဆီးရေးဌာနနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ကြပြီး အခြားသော ယင်သူတော်စင်များကို သတင်းပေးကာ မိမိကိုယ်ကို အသတ်မခံရအောင် ပြုလုပ်ကြသည်။

​ဌာနမှူးများအားလုံးသည် ဤသို့ တိကျစွာ အသက်ကို လိုက်လံရှာဖွေနိုင်ခြင်းမှာ အရာရှိငယ်လေးတစ်ဦးသည် အသက်ရှာဖွေခြင်းနှင့် ဆက်စပ်သည့် ထူးခြားသော နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံထား၍ ဖြစ်ကြောင်း နားလည်သွားကြသည်။

​ထိုကာလအတွင်း ဖန့်ချန်သည် ဖမ်းဆီးရေးဌာန၏ တန်ခိုးအာဏာကို ခံစားမိသည်။ ယခင်က သူ ရုံးတော်ကိုးခု တွင် အသက်ရှာဖွေစဉ်က လက်အောက်ရှိ အရာရှိအရေအတွက်မှာ ကန့်သတ်ချက် ရှိသည်။ အသက်အချို့၏ တည်နေရာကို သိသော်လည်း ခေါ်ဆောင်လာရန် အချိန်အတော်ကြာသည်။ ယခု သူသည် ဌာနမှူးအဖြစ် ထိုင်နေစဉ်တွင် ဤကြီးမားသော စက်ယန္တရားကြီး လည်ပတ်နေသည်ကို မြင်လိုက်ရသည်။ သူသည် အစွမ်းထက်သော အရာရှိများစွာက မိမိပေးသော တာဝန်များကို လုံ့လဝီရိယရှိရှိ လုပ်ဆောင်နေကြသည်ကို မြင်ရသည်။ တစ်ခါတစ်ရံ သုံးရက်၊ ငါးရက်အတွင်းမှာပင် အပြစ်ရှိသူတစ်ဦး၏ အသက်ကို ရှာဖွေပြီး ဖမ်းဆီးခေါ်ဆောင်လာနိုင်သည်။

​...

​...

​ယခင်က တစ်ကြိမ်ရှင်းလင်းပြီး ဖြစ်သောကြောင့် ဤတစ်ကြိမ်တွင် စုပုံနေသော အပြစ်ရှိသူ အရေအတွက်မှာ များများစားစား မရှိဘဲ ခြောက်လခန့်အတွင်းမှာပင် အားလုံးကို ဖြေရှင်းနိုင်ခဲ့သည်။ ထို့နောက်တွင် ဖန့်ချန်သည် ဖမ်းဆီးရေးဌာနတွင် ဆက်လက် ထိုင်နေခဲ့ပြီး၊ ကွာခြားသည်မှာ ရှူလုံ ကောင်းကင်အရှင်၏ ဦးဆောင်မှုဖြင့် လင်ယောင် ၊ လင်ချုံ၊ ရှန်းချုံ၊ ပိလော့ ဟူသော မဟာမိတ်လေးခုသို့ သွားရောက်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

​ထိုနေရာမှ စစ်ဆေးရေးဌာနများနှင့်လည်း ခင်မင်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ဤအတွေ့အကြုံကြောင့် မဟာမိတ်အဖွဲ့အသီးသီးရှိ ဌာနမှူးများနှင့်လည်း တွေ့ဆုံခဲ့ရသည်။ တချို့ဌာနမှူးများက နောက်ပြောင်သည့် သဘောဖြင့် ရှူလုံ ကောင်းကင်အရှင်၏ ရှေ့မှောက်တွင်ပင် ဖန့်ချန်ကို ခေါ်ယူရန် ပြောဆိုကြသေးသည်။ ရှူလုံ ကောင်းကင်အရှင်ကမူ အေးစက်စက် အသံဖြင့် ပြန်လည် ချေပလိုက်သည်။

​ထိုနှစ်အနည်းငယ်အတွင်း ဖန့်ချန်သည် ပင်ပန်းနွမ်းနယ်ခြင်း မရှိသော အသက်ရှာဖွေသည့် စက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်နေသည်။ နေ့တိုင်း အပြစ်ရှိသူများကို စစ်ဆေးနေရသည်။ နေရာတစ်ခုစီတွင် ပူးပေါင်းဆောင်ရွက်မှု ပြီးဆုံးတိုင်း အတွင်းကမ္ဘာ ကျောက်တုံး များကို ချက်ချင်း ရရှိသည်။ အတွင်းကမ္ဘာ ကျောက်တုံးများအပေါ် သူ၏ လိုအပ်ချက်မှာ မများလှသော်လည်း၊ အိမ်မှာ အမြဲတမ်း ဗိုက်ဆာနေသည့် အကောင်တစ်ကောင် ရှိနေသောကြောင့် ကျောက်တုံးများ ရရှိသည့်အခါတိုင်း သူသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည်။

​အချိန်များ ကုန်ဆုံးသွားရာ ဆယ်နှစ်ကျော် သွားခဲ့သည်။ နောက်ဆုံး လက်မှတ်ကို ရေးထိုးပြီး အောက်ခြေရှိ အရာရှိထံ ပေးလိုက်ပြီးနောက် ဖန့်ချန်သည် သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်သည်။

​ရှူလုံ ကောင်းကင်အရှင်က ရယ်မောကာ ပြောသည်။

​“ဆယ်နှစ်ကျော်အတွင်းမှာ အသက်တစ်သိန်းကျော်ကို ရှာဖွေနိုင်ခဲ့တယ်။ ကောင်းကင်ငါးပါး စစ်ဆေးရေးဌာနမှာ နှစ်ပေါင်းများစွာ မဖြေရှင်းနိုင်ခဲ့တဲ့ ယင်သူတော်စင်တွေကို အကုန်ရှင်းပစ်လိုက်နိုင်ပြီ။ ဒီတစ်ခါပြီးရင် သူတို့ရဲ့ အင်အားတွေ အကြီးအကျယ် ထိခိုက်သွားမှာပဲ။ နောက်ပိုင်းမှာလည်း ပိုပြီး တိတ်တိတ်ပုန်း လုပ်ဆောင်လာလိမ့်မယ်၊ မာန်မာန မကြီးရဲတော့ဘူး။”

​နေရာရှိ ဌာနမှူးများလည်း ရယ်မောကြပြီး သူတို့၏ မျက်လုံးများတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။

​“အသက် တစ်သိန်းကျော်သွားပြီလား။”

ဖန့်ချန် အံ့အားသင့်သွားပြီးနောက် အလွန် ဝမ်းသာသွားသည်။

​ဒါဆိုရင် အတွင်းကမ္ဘာ ကျောက်တုံး တစ်သန်း ဖြစ်ပြီပေါ့။

​အရင်က အသက်တစ်ခုအတွက် ကျောက်တုံး ဆယ်ခု ပေးသည်။ ပထမကြည့်ရင် နည်းသယောင် ထင်ရသော်လည်း ဆယ်နှစ်ကျော်ကြာအောင် ကြိုးစားပြီးနောက် ရရှိလာသည့် စုစုပေါင်း အရေအတွက်မှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။

​“နှမြောစရာကောင်းတာက ဒီလို ကောင်းတဲ့ အခွင့်အရေးမျိုး နောက်တစ်ခါ ရှိတော့မှာ မဟုတ်ဘူး။ နောက်တစ်ခါ ဒီလောက်များတဲ့ အပြစ်ရှိသူတွေ စုမိဖို့ ဘယ်နှစ်နှစ် စောင့်ရမလဲ မသိဘူး……”

​“ဒီတစ်ခါ လုကျိုးယွမ် က လာရောက် တားဆီးခြင်း မရှိတာကို ကြည့်ရတာ၊ ယင်သူတော်စင်တွေကို နှိမ်နင်းတာက သူတို့ နောက်ကွယ်က လူတွေကို အရူးအမူး မဖြစ်စေဘူးလို့ ထင်ရတယ်။”

​ရှူလုံ ကောင်းကင်အရှင် -

“နိဗ္ဗာန်တားမြစ်နယ်မြေဘက်လည်း ပြီးသလောက် ဖြစ်နေပြီ။ မင်း ငါ့နဲ့အတူ ဆုံးဖြတ်ချက်ချမယ့် နေရာကို လိုက်ခဲ့ပါ။”

​“ဆန်းနယဲ့အဆင့် တံခါးက မင်းလက်ထဲမှာ ရှိနေတဲ့အတွက်၊ မဟာမိတ် ငါးခုလုံးရဲ့ တရားရုံးက အဆုံးသတ် အစည်းအဝေးကို ချင်းမင် ဘက်မှာ ကျင်းပဖို့ ဆုံးဖြတ်လိုက်ကြတယ်။”

​“နောက်ဆုံး ရွေးချယ်မယ့်သူတွေကို ဆုံးဖြတ်ဖို့ပေါ့။”

All Chapters