← Chapters

အခန်း ၁၉၈၄

Vol. 133 Ch. 1984

အခန်း ၁၉၈၄

Vol. 133 Ch. 1984

အခန်း(၁၉၈၄) အမြည်း

ကျင့်ကြံသူများအတွက် ပါရမီသည် အရေးကြီးသော်လည်း ကျင့်ကြံချိန်သည်လည်း အလွန်ပင် အရေးပါလှသည်။ လီချန်းယွမ်သည် လီဝေယွမ်ကဲ့သို့ ပါရမီထူးသူ ဖြစ်လင့်ကစား အချိန်မလောက်ငမှုကြောင့် လီဝေယွမ်တမျှ အစွမ်းမထက်နိုင်ခဲ့ချေ။ ပါရမီ မည်မျှပင် မြင့်မားစေကာမူ ၎င်းမှာ ပါရမီအဆင့်သာ ရှိပါသေးသည်။ အကယ်၍ လမ်းဆုံးအထိ မလျှောက်လှမ်းနိုင်ခဲ့လျှင် ထိုပါရမီမှာ အသုံးမဝင်တော့ပေ။

လီချန်းယွမ်၏ ပါရမီမှာ လီဝေယွမ်နှင့် ယှဉ်လျှင် သိသိသာသာ ကွာခြားနေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သို့သော် လီချန်းယွမ်မှာမူ လီဝေယွမ်နှင့် နှိုင်းယှဉ်နိုင်မည့် အဆင့်သို့ မရောက်ရှိမီမှာပင် ကြွေလွင့်သွားခဲ့ရသည်။

လီဝေယွမ်သည် ချူးယွင်ဖန်းကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။ ချူးယွင်ဖန်းက လူငယ်မျိုးဆက်ထဲတွင် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်နေပြီဟု ထင်ရသော်လည်း ၎င်းမှာ လီချန်းယွမ်တို့နှင့် နှိုင်းယှဉ်လျှင်သာ ဖြစ်သည်။ သူ့အတွက်မူ ချူးယွင်ဖန်းက ဝေးကွာနေဆဲ ဖြစ်သည်။ ချူးယွင်ဖန်း၌ ပါရမီရှိလျှင်ပင် ထိုအဆင့်ထိ ရောက်လာအောင် ကြီးထွားရန် အခွင့်အရေး ရလိမ့်မည် မဟုတ်ပေ။

"လီဝေယွမ်၊ မင်းတို့မျိုးနွယ်စုက ဒီနတ်ဆိုးတွေနဲ့ လက်တွဲလိုက်တာလား။ နန်းတော်ရဲ့ အမျက်ဒေါသကို မကြောက်ဘူးလား" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။

"နတ်ဆိုးတွေနဲ့ လက်တွဲတယ်ဟုတ်လား။ သူတို့က မင်းကို သတ်ချင်လို့ လုပ်တာ ငါနဲ့ ဘာဆိုင်လို့လဲ" လီဝေယွမ်သည် ချူးယွင်ဖန်းအတွက် မည်သည့် သက်သေအထောက်အထားမျှ ချန်မထားလိုပေ။

"ဒါ့အပြင် မင်းက ဘာမို့လို့လဲ။ ပြင်ပစစ်တပ်က အဆင့်နိမ့် ဗိုလ်ချုပ်တစ်ယောက်ပဲဟာကို"

စစ်ဖက်ဆိုင်ရာ မိသားစုမှ မွေးဖွားလာသူဖြစ်၍ လီဝေယွမ်သည် ချူးယွင်ဖန်းက ပထမတန်းစား အရာရှိတစ်ဦး ဖြစ်နေလင့်ကစား ပြင်ပစစ်တပ်အပေါ် လေးစားမှု အလျဉ်းမရှိပေ။ တရှပြည်ထောင်တွင် ပထမတန်းစား ဗိုလ်ချုပ်ပေါင်းများစွာ ရှိသည်။ ကျင့်ကြံသူများသည် သက်တမ်းရှည်ကြသည့်အပြင် တရှ၌လည်း တစ်ခါမျှ ငြိမ်းချမ်းခဲ့သည်မဟုတ်ပေ။ ဟူမျိုးနွယ်စု၊ နတ်ဆိုး၊ လူရိုင်း၊ ပင်လယ်မျိုးနွယ်စုများနှင့် အခြားသော မျိုးနွယ်ခြားများသည် အရပ်ရပ်တွင် သောင်းကျန်းနေကြသည်။ စစ်တပ်ထဲဝင်လျှင် စိတ်အားထက်သန်မှုရှိသရွေ့ ရာထူးတက်ရန် အခွင့်အရေးများစွာ ရှိသဖြင့် ပထမတန်းစား ဗိုလ်ချုပ်တစ်ယောက် ဖြစ်လာခြင်းမှာ မထူးဆန်းလှပေ။

ပါရမီရှင်စာရင်း ထဲမှ ပါရမီရှင်များစွာသည် စစ်တပ်တွင် ဦးဆောင်နေကြကာ အများစုမှာ ပထမတန်းစား ဗိုလ်ချုပ်များ ဖြစ်ကြသည်။ လီချန်းယွမ်မှာမူ လူငယ်မျိုးဆက်ထဲတွင် ပထမဆုံးသော နယ်စားမင်း ဘွဲ့ရသူ ဖြစ်သည်။ သာမန်လူများအတွက် ပထမတန်းစား ဗိုလ်ချုပ်မှာ အစွမ်းထက်သူ ဖြစ်သော်လည်း လီဝေယွမ်အတွက်မူ ဘာမှမဟုတ်ချေ။ သူသာ ဆန္ဒရှိလျှင် နယ်စားမင်း ဘွဲ့ရရန်မှာ အချိန်တစ်ခုသာ လိုအပ်သည်။

"အဲ့ဒါလည်း ဟုတ်တာပဲ။ ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ အကုန်လုံးကို သတ်ပစ်လိုက်ရုံပဲ" ချူးယွင်ဖန်းက ပြုံးလိုက်သည်။

တရှတွင် မှောင်မိုက်သော ဘက်ခြမ်းများမှာ နေရာအနှံ့ ပျံ့နှံ့နေကာ၊ စည်းကမ်းမဲ့ကာ ရှုပ်ထွေးလှသော အရှေ့ပင်လယ်ပြင်တွင်မူ ပြောနေစရာပင် မလိုတော့ချေ။

မျက်စိတစ်မှိတ်အတွင်း ဟင်းလင်းပြင်ထဲမှ ဓားမြှောင်တစ်စင်း ထွက်ပေါ်လာသည်။ ၎င်းသည် ချူးယွင်ဖန်း၏ မျက်လုံးနှင့် တစ်စင်တီမီတာခန့်သာ ဝေးတော့သည်။ ဆံခြည်မျှင်စာမျှသာ လိုတော့သည့် အရှိန်အဟုန်ဖြင့် ဦးခေါင်းကို ဖောက်ထွက်တော့မည့်အတိုင်း ဖြစ်နေသည်။ ဤအရာအားလုံးမှာ မည်သည့်သတိပေးချက်မျှမရှိဘဲ အလွန်လျှင်မြန်စွာ ဖြစ်ပျက်သွားခြင်း ဖြစ်သည်။

သို့သော် ထိုဓားမြှောင်မှာ ရှေ့သို့ ဆက်မတိုးနိုင်တော့ပေ။

အကြောင်းမှာ လက်တစ်ဖက်က လေထဲတွင် ယင်းကို တင်းကျပ်စွာ ဖမ်းဆုပ်ထားသောကြောင့် ဖြစ်သည်။

လေထဲတွင် လက်မောင်းတစ်ခု ပေါ်လာပြီးနောက် လူရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ သွေးရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဖြစ်သည်။ ထိုသူ၏ အေးစက်၍ ခံစားချက်ကင်းမဲ့သော မျက်နှာတွင် မယုံကြည်နိုင်မှုများ ဖုံးလွှမ်းသွားသည်။

ချူးယွင်ဖန်းက သူရှိနေသည်ကို မည်သို့ သိရှိသွားသနည်း။

"ဒါ သွေးနတ်ဆိုးမျှော်စင် က လူသတ်သမားပဲ" တစ်စုံတစ်ယောက်က အံ့သြတကြီး အော်ဟစ်လိုက်သည်။

ဤသွေးရောင်ဝတ်စုံနှင့်လူမှာ သွေးနတ်ဆိုးမျှော်စင်မှ လူသတ်သမားမှလွဲ၍ အခြားသူ မဖြစ်နိုင်ပေ။

ယခင်က ချူးယွင်ဖန်းသည် ထိုမျှော်စင်မှ ထိပ်တန်းလူသတ်သမားတစ်ဦးကို သတ်ခဲ့ဖူးသည်။ သူတို့က သူ့ကို မည်သို့ လွှတ်ပေးမည်နည်း။ အငြိုးအတေးကို အသေးအမွှားလေးပင် ဖြစ်နေစေကာမူ လက်စားချေတတ်ခြင်းမှာ ၎င်းတို့၏ စတိုင်ပင် ဖြစ်သည်။

ဝုန်း

နောက်တစ်စက္ကန့်တွင် ချူးယွင်ဖန်းက လက်သီးဖြင့် ထိုးနှက်လိုက်သည်။ မည်သည့် အပိုလှုပ်ရှားမှုမျှ မပါဘဲ ထိုလူသတ်သမား၏ ရင်ဘတ်ကို ချူးယွင်ဖန်း၏ လက်သီးဖြင့် ဖောက်ထွက်သွားသည်။ ထိုသူမှာ ဖန်ဆင်းရှင်အဆင့် ဖြစ်သော်လည်း သူတို့မှာ လုပ်ကြံသတ်ဖြတ်ခြင်းတွင်သာ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ချူးယွင်ဖန်းကဲ့သို့ ခန္ဓာကိုယ်ပိုင်း ကျင့်ကြံမှု အားကောင်းသူနှင့် ထိပ်တိုက်တွေ့ခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်သည်။

လက်သီးတစ်ချက်တည်းနှင့်ပင် သူ၏ ခန္ဓာကိုယ်မှာ အပေါက်ဖြစ်သွားပြီး သေဆုံးသွားခဲ့သည်။

"အားနည်းလိုက်တာ။ သွေးနတ်ဆိုးမျှော်စင်မှာ ဒီလောက်အဆင့်ရှိတဲ့ ရွှေတံဆိပ် လူသတ်သမားတွေပဲ ရှိတာလား" ချူးယွင်ဖန်းက လှောင်ပြုံး ပြုံးလိုက်သည်။

သူသည် ဓားမြှောင်ကို ယူကာ လေထဲသို့ ပစ်တင်လိုက်သည်။ ဓားမြှောင်သည် ပျံတက်လာသည့် နဂါးတစ်ကောင်ကဲ့သို့ မည်သည့်အသံမျှမထွက်ဘဲ ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။ ၎င်းမှာ ထိုမျှော်စင်မှ အထူးပြုလုပ်ထားသော ဓားမြှောင်ဖြစ်ပြီး မမြင်နိုင်သောနည်းဖြင့် လူသတ်ရန် အသုံးပြုနိုင်သည်။

ဝှစ်

ဓားမြှောင်သည် လေထုကို ဖောက်ထွက်သွားပြီး မထင်မှတ်ဘဲ ဟင်းလင်းပြင်ထဲမှ ဦးခေါင်းတစ်ခုကို သွားရောက် စိုက်ဝင်သွားသည်။ ၎င်းမှာ သွေးရောင်ဝတ်စုံနှင့် အခြား ရွှေတံဆိပ်လူသတ်သမား တစ်ဦးပင် ဖြစ်သည်။ သူ၏မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ သူ လှုပ်ရှားမှုပင် မလုပ်ရသေးမီမှာပင် ချူးယွင်ဖန်း၏ ရှာဖွေခြင်းကို ခံလိုက်ရသည်။ ချူးယွင်ဖန်းတွင် သူတို့ကို အလွယ်တကူ သိရှိနိုင်သော အထူးအာရုံခံနည်းပညာ တစ်ခုခု ရှိနေသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ပင်လယ်ပြင်ထက်တွင် လူပေါင်းများစွာ၏ အသက်ရှူသံများ မြန်ဆန်လာသည်။ ချူးယွင်ဖန်းက သွေးနတ်ဆိုးမျှော်စင်မှ ထိပ်တန်းလူသတ်သမား နှစ်ဦးကို အမှတ်မထင် သတ်ပစ်လိုက်၏။ သူ၏အစွမ်းမှာ ကောလာဟလများအတိုင်းပင် ဖြစ်ကာ အလွန်ပင် ကြမ်းတမ်းလှသည်။

ထိုမျှော်စင်မှ ထိပ်တန်းလူသတ်သမားများသည် ဖန်ဆင်းရှင်အဆင့်များသာ ဖြစ်ကြသည်။ ထိုနှစ်ဦးမှာ ဖန်ဆင်းရှင်အဆင့် ပညာရှင်များ ဖြစ်ကြ၍သာ ချူးယွင်ဖန်း ကိုင်တွယ်ရန် စေလွှတ်ခြင်း ခံရခြင်း ဖြစ်သည်။ ယခုမူ သူတို့ကို အလွယ်တကူ သတ်ဖြတ်ခံလိုက်ရပြီ။

ချူးယွင်ဖန်းက လှောင်ပြုံးဖြင့် ပြောလိုက်၏။

"အမြည်းကတော့ ပြီးသွားပြီ။ အခု ဘယ်သူ အရင်လာမလဲ။ ဒါမှမဟုတ် အားလုံးပဲ တူတူလာကြမလား"

သာမန်လူများအတွက်မူ သွေးနတ်ဆိုးမျှော်စင်မှ တစ္ဆေတစ်ကောင်ကဲ့သို့ ပေါ်လာတတ်သော လူသတ်သမားများကို အကြောက်ဆုံး ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းအတွက် ထိုကဲ့သို့ လှည့်ကွက်သုံးသူများကို အကြောက်ဆုံး မဟုတ်ပေ။ ဧကရာဇ်အဆင့် ခန္ဓာကိုယ် (၃) မျိုးကို ပိုင်ဆိုင်ထားသူဖြစ်၍ သူ၏ အငွေ့အသက် အာရုံခံနိုင်စွမ်းမှာ လူတိုင်း၏ စိတ်ကူးထက် ကျော်လွန်နေသည်။ ထို့ပြင် ဟင်းလင်းပြင်၏ အနည်းငယ်သော လှုပ်ခတ်မှုကိုပင် သူ လွတ်သွားမည် မဟုတ်ပေ။

ဤကဲ့သို့သော အခြေအနေတွင် ထိုလူသတ်သမားများမှာ သူတို့ ချဉ်းကပ်လာသည်ကို မည်သူမျှ မသိဟု ထင်နေကြသော်လည်း၊ ချူးယွင်ဖန်း၏ အမြင်တွင်မူ မှောင်မိုက်နေသော ညထဲ၌ မီးမောင်းကြီးတစ်လုံး ထိုးပြီး လာနေသကဲ့သို့ ထင်ရှားနေခြင်း ဖြစ်သည်။

"မောက်မာလှချင်လား။ တိုက်ခိုက်ကြစမ်း" မီးတောက်နီနတ်ဆိုးဂိုဏ်း ခေါင်းဆောင်က ဟိန်းဟောက်လိုက်သည်။

မီးတောက်နီနတ်ဆိုးဂိုဏ်း ပညာရှင် (၁၀) ယောက်ကျော် စတင် တိုက်ခိုက်လာကြသည်။ ၎င်းတို့ တစ်ဦးချင်းစီ၏ ခန္ဓာကိုယ်တွင် နတ်ဆိုးမီးတောက်များ တောက်လောင်နေသည်။ အမှန်စင်စစ် ၎င်းတို့မှာ ထိုဂိုဏ်း၏ အဓိက အင်အားစု တစ်ဝက်ကျော် ဖြစ်သည်။

မီးတောက်နီနတ်ဆိုးဂိုဏ်း၏ အင်အားမှာ ကြယ်ကြွေကောင်းကင်ဂိုဏ်းနှင့် ယှဉ်နိုင်လောက်သည်ဟု ဆိုသော်လည်း၊ ၎င်းမှာ ကြယ်ကြွေကောင်းကင်ဂိုဏ်းမှ အဓိက ပညာရှင်များ မရောက်လာနိုင်သော အခြေအနေမျိုးတွင်သာ ဖြစ်သည်။

ထို ဖန်ဆင်းရှင်အဆင့် ပညာရှင် (၁၀) ယောက်ကျော်မှာ ဂိုဏ်း၏ တိုက်ခိုက်ရေးအင်အား တစ်ဝက်ကျော် ဖြစ်သည်။ သာမန် ပညာရှင်များနှင့်မတူဘဲ သူတို့အားလုံးမှာ ဖန်ဆင်းရှင် ပဥ္မစအဆင့်ထက်မြင့်မားသူများ ဖြစ်ကြသည်။

ချူးယွင်ဖန်းနှင့် လီချန်းယွမ်တို့၏ တိုက်ပွဲကို မြင်တွေ့ခဲ့ကြသူများ ဖြစ်၍ ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ဖန်ဆင်းရှင် ပဥ္စမအဆင့် နှင့် ညီမျှကြောင်း သူတို့ တွက်ချက်ထားကြသည်။ ဆိုလိုသည်မှာ သာမန် ဖန်ဆင်းရှင်အဆင့် အကြီးအကဲများက သူ့ကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ဤဖန်ဆင်းရှင် ပဥ္စမအဆင့် ပညာရှင် ဆယ်ဦးကျော်က မီးတောက်နီနတ်ဆိုးဂိုဏ်းက အချိန်တိုအတွင်း စုစည်းနိုင်သမျှသော တိုက်ခိုက်ရေး အင်အားစု အားလုံးပင် ဖြစ်တော့သည်။

--

All Chapters