အခန်း ၁၉၈၆
Vol. 133 Ch. 1986
အခန်း(၁၈၈၆) ဂေါ်ဖီထုပ်များကဲ့သို့ သုတ်သင်ခြင်း
"မင်းတို့က ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေဦးမှာလား" မီးတောက်နီနတ်ဆိုးဂိုဏ်းမှ ဦးဆောင်သူအကြီးအကဲက ရုပ်ဆိုးလှသော မျက်နှာထားဖြင့် ဟောက်လိုက်သည်။
မူလက ၎င်းတို့က မီးတောက်နီနတ်ဆိုးဂိုဏ်းက ချူးယွင်ဖန်းကို တစ်ဦးတည်း သတ်ဖြတ်နေသည်ကို ဘေးမှကြည့်နေကြလိမ့်မည်ဟု မျှော်လင့်နေခဲ့ကြသည်။
ချူးယွင်ဖန်းက လီချန်းယွမ်ကို သုတ်သင်ပြီးနောက် လီချန်းယွမ်၏ နေရာသို့ သဘာဝအလျောက်ပင် အစားထိုးရောက်လာခဲ့သဖြင့် အကယ်၍ မီးတောက်နီနတ်ဆိုးဂိုဏ်းကသာ ချူးယွင်ဖန်းကို သုတ်သင်နိုင်ခဲ့လျှင် ၎င်းမှာ ၎င်းတို့အတွက် နာမည်ကျော်ကြားရန် အခွင့်အရေးတစ်ခုဖြစ်လာမည်မှာ အသေအချာပင်ဖြစ်၏။
မည်သို့ပင်ဆိုစေ နတ်ဆိုးဂိုဏ်းများနှင့် တရှပြည်ထောင်စုသည် အမြဲတစေ ရန်ဘက်များဖြစ်ကြသည်။ တရှက အလေးထားသော်လည်း နတ်ဆိုးဂိုဏ်းများကမူ လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။ သူတို့သည် အဆုံးမရှိသော ပရမ်းပတာဖြစ်မှုများကိုသာ မျှော်လင့်ထားကြသည်ဖြစ်ရာ အထူးသဖြင့် နတ်ဆိုးပညာများမှ အများအပြားမှာ မရေမတွက်နိုင်သော သက်ရှိများကို စတေးရန် လိုအပ်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ၎င်းတို့က တရှကို ဆန့်ကျင်ရန် ဝန်မလေးကြပေ။ အမှန်စင်စစ် တရှကို ဆန့်ကျင်ခြင်းမှာ ၎င်းတို့၏ ဗီဇပင် ဖြစ်သည်။ သို့သော် ယခုမူ အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်သည်။ ဤနတ်ဆိုးအိုကြီးများသည် ချူးယွင်ဖန်းးမှာ ကိုင်တွယ်ရလွယ်ကူသူမဟုတ်ကြောင်း သတိပြုမိသွားကြသည်။ ထို့ကြောင့် ဆုံးရှုံးမှုအားလုံးကို တစ်ဦးတည်း မခံလိုကြတော့ပေ။ သို့မဟုတ်ပါက နောက်ဆုံးတွင် ချူးယွင်ဖန်းကို သတ်နိုင်ခဲ့လျှင်ပင် သူတို့ဘက်မှ အထိနာပေလိမ့်မည်။
ထိုနေရာတွင် တရှဘက်မှ ပညာရှင်များစွာ ရောက်ရှိနေသည်ကိုလည်း သိထားကြသည်။ ထိုသူတို့က သူတို့ ကဲ့သို့ နတ်ဆိုးများကိုပါ အခွင့်ကောင်းယူ တိုက်ခိုက်၍ တရှနန်းတော်၌ အမှုထမ်းကောင်းအဖြစ် အသိအမှတ်ပြုခံရန် ကြိုးစားလာနိုင်သည်ကိုလည်း သိကြသည်။ မဟုတ်သေး၊ အတိအကျပြောရလျှင် ထိုသူတို့ ထိုသို့လုပ်ကြမည်မှာ သေချာသည်။ ချူးယွင်ဖန်းကို လွယ်လွယ်နှင့် မသတ်နိုင်ကြောင်း မြင်လိုက်ရသောအခါ ဤနတ်ဆိုးအိုကြီးများသည် မိုက်မဲမနေတော့ဘဲ ကျန်ရှိနေသော လူများကိုပါ တိုက်ပွဲထဲသို့ ချက်ချင်း ဆွဲသွင်းလိုက်တော့သည်။
အင်အားစုအသီးသီးမှ ပညာရှင်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ၎င်းတို့အားလုံးက ချူးယွင်ဖန်းကို သုတ်သင်ရန် ရောက်လာကြခြင်းဖြစ်သော်လည်း တစ်ဦးနှင့်တစ်ဦး မရိုးသားကြဘဲ ရန်လိုနေကြဆဲ ဖြစ်သည်။ အစောပိုင်းက ချူးယွင်ဖန်းကို သတ်ရန် အပြိုင်အဆိုင် ကြိုးစားခဲ့ကြသော်လည်း၊ ယခုမူ ချူးယွင်ဖန်းက ၎င်းတိုကို ပစ်မှတ်ထားလာပါက အထိနာမည်ကို စိုးရိမ်လာကြသည်။
သို့သော် ဤအတိုင်းသာ ဆက်သွားပါက ချူးယွင်ဖန်းး လွတ်မြောက်သွားနိုင်သည်ကိုလည်း ၎င်းတို့ သိရှိကြသည်။
ပညာရှင်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်းမှာပင် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ကြသည်။
၎င်းတို့အားလုံးက ဝိုင်းရံရန် စတင်လိုက်ကြတော့သည်။
"အားလုံး တူတူတိုက်ကြမယ်။ သူ့ခေါင်းပေါ်က ဆေးအိုးက ဘယ်လောက်ပဲ ခံနိုင်ရည်ရှိရှိ အဆုံးအစမရှိ အစွမ်းထက်နေမယ်လို့ ငါမထင်ဘူး”
တောင်ပံပါကျားမျိုးနွယ်မှ ပညာရှင်တစ်ဦးက ကြုံးဝါး၍ ဦးဆောင်ကာ တိုက်ခိုက်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းတစ်ခုကို ဖန်တီးကာ ချူးယွင်ဖန်းထံသို့ ဝှေ့ယမ်းလိုက်သည်။
သူ စကားပြောပြီးသည်နှင့် တိုက်ခိုက်မှုပေါင်းစုံမှာ ချူးယွင်ဖန်းပေါ်သို့ တစ်ပြိုင်နက် ကျရောက်လာတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုပေါင်းစုံမှာ ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းသွားပြီး ဒီရေလှိုင်းများကဲ့သို့ ကျရောက်လာသည်။
ဝုန်း
ကြောက်မက်ဖွယ် တိုက်ခိုက်မှုကြီးက အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး ဧရာမ မှိုပွင့်ပုံစံ မီးခိုးတိမ်တိုက်ကြီးတစ်ခု တဖြည်းဖြည်း တက်လာသည်။ ဤပညာရှင်အားလုံးမှာ ပဥ္စမအဆင့်နှင့် ထို့ထက်မြင့်သော ဖန်ဆင်းရှင်အဆင့် ပညာရှင်များဖြစ်ကြောင်း သိထားရမည်။ တစ်ဦးချင်းစီ၏ သာမန်တိုက်ခိုက်မှုပင်လျှင် တောင်တစ်လုံးကို ဖြိုချနိုင်သည်။ ဤမျှများပြားသော တိုက်ခိုက်မှုများ စုပေါင်းပေါက်ကွဲသွားခြင်းမှာ မည်မျှ ထိတ်လန့်စရာကောင်းမည်ကို စိတ်ကူးကြည့်နိုင်သည်။
"သူ သေသွားပြီလား”
အချို့လူများသည် မျက်လုံးပြူးကာ ချူးယွင်ဖန်း သေဆုံးသည်ကို မြင်ချင်နေကြသည်။ ချူးယွင်ဖန်း၏ ဦးခေါင်းထက်မှ ဆေးအိုးမှာ အဖိုးတန် ကာကွယ်ရေးပစ္စည်း ဖြစ်လင့်ကစား ဤမျှပြင်းထန်သော တိုက်ခိုက်မှုကို တားဆီးနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။
သို့သော် နောက်တစ်စက္ကန့်တွင် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မီးခိုးတိမ်တိုက်ကြီးကြားမှ ချူးယွင်ဖန်း၏ ပုံရိပ် တိုးထွက်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် တောင်ပံပါကျားမျိုးနွယ် ပညာရှင်၏ ရှေ့မှောက်သို့ ရောက်ရှိသွားသည်။
"ဘာ? သူက အသက်ရှင်နေတုန်းပဲလား"
တောင်ပံပါကျားမျိုးနွယ် ပညာရှင်မှာ ထိတ်လန့်တုန်လှုပ်ကာ မျက်နှာ ဖြူဖျော့သွားသည်။ သူသည် ကြိုတင်ပြင်ဆင်ထားခြင်း မရှိပေ။ ဗီဇအရပင် သူသည် မိမိကိုယ်မိမိ အလွှာပေါင်းစုံဖြင့် ကာကွယ်လိုက်သော်လည်း၊ ဓားနက်ကြီးက လွှဲရိုက်လိုက်သောအခါ ထိုအတားအဆီးများသည် စက္ကူကဲ့သို့ပင် ဖြစ်သွားသည်။ ၎င်းမှာ မရေမတွက်နိုင်သော အလွှာများကို အလွယ်တကူ ဖြတ်တောက်သွားခဲ့သည်။
ပျံသန်းနေသော တောင်ပံပါကျားပညာရှင်၏ ဦးခေါင်းမှာ ချက်ချင်းပင် အဖြတ်ခံလိုက်ရပြီး လွင့်ထွက်သွားသည်။
ဧရာမ ကျားခေါင်းကြီးမှာ ပင်လယ်ထဲသို့ လွင့်စင်ကျသွားတော့သည်။
"သူ ဒီမှာ သူ့ကို သတ်ကြ"
ကျန်ရှိနေသော တောင်ပံပါကျားမျိုးနွယ် ပညာရှင်များသည် ချူးယွင်ဖန်း ၎င်းတို့ရှေ့သို့ ရောက်နေသည်ကို ရုတ်တရက် သတိပြုမိသွားကြသည်။ သူတို့ အငိုက်မိနေစဉ်မှာပင် ချူးယွင်ဖန်းက ၎င်းတို့အနက်မှ တစ်ဦးကို သတ်ပစ်လိုက်ခြင်းဖြစ်သ်ည။
သို့သော် သူတို့ တုံ့ပြန်ရန် မပြင်နိုင်မီမှာပင် ချူးယွင်ဖန်းက အစအနမကျန် ပျောက်ကွယ်သွားပြန်သည်။ သူ ပြန်လည်ပေါ်လာသောအခါ ပင်လယ်မျိုးနွယ်စုများ၏ အစီရင်ခံထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီ ဖြစ်သည်။
"မိုးကြိုးခရမ်းဓား ခုနစ်စင်း"
ချူးယွင်ဖန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ မရေမတွက်နိုင်သော မိုးကြိုးစွမ်းအားများသည် သူ၏ပတ်လည်တွင် စုစည်းလာပြီး သူ့ကို လှည့်ပတ်နေသော ဓားခုနစ်စင်းအဖြစ် ပြောင်းလဲသွားသည်။
ထိုဓားအလင်းများသည် ကောင်းကင်ကို ဖောက်ထွင်းကာ သေစေနိုင်သော အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့က ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ပင်လယ်မျိုးနွယ်စုများ၏ စစ်ကြောင်းထဲသို့ ပေါက်ကွဲဝင်ရောက်သွားသည်။
ယခုအကြိမ်တွင် ပင်လယ်မျိုးနွယ်စုများသည် အင်အားအများဆုံး ပါဝင်လာခြင်း ဖြစ်သည်။ ဖန်ဆင်းရှင်အဆင့် ပညာရှင်များစွာအပြင် ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော ပင်လယ်နတ်ဆိုးများစွာကိုလည်း ပင်လယ်ပြင်တစ်ခုလုံး ဝိုင်းရံထားရန် အမိန့်ပေးထားကြသည်။
ထိုထိတ်လန့်ဖွယ်ရာ ဓားအလင်းများ၏ တိုက်ခိုက်မှုအောက်တွင် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိပ်တန်းပညာရှင်အချို့မှာ ထိုးဖောက်အသတ်ခံလိုက်ရသည်။ ကျန်ရှိနေသော နတ်ဆိုးများမှာမူ ပို၍ပင် အသေအပျောက် များလှသည်။ ခဏအတွင်းမှာပင် နတ်ဆိုး ရာနှင့်ချီ၍ သေဆုံးသွားခဲ့ရသည်။
ဤပင်လယ်မျိုးနွယ်စု ပညာရှင်များသည် တောင်ပံပါကျားမျိုးနွယ်ကို တိုက်ခိုက်နေသော ချူးယွင်ဖန်းက ၎င်းတိုဘက်သို့ ရုတ်တရက် အာရုံလှည့်လာလိမ့်မည်ဟု မထင်ထားကြပေ။ ထို့ကြောင့် ချက်ချင်းပင် အထိနာသွားကြတော့သည်။
ပင်လယ်မျိုးနွယ်စု ပညာရှင်များကို အပြင်းအထန် ဒဏ်ရာရစေပြီးနောက် ချူးယွင်ဖန်းသည် နတ်ဓားဂိုဏ်း၏ မှော်အစီအရင်ထဲ၌ ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင်မူ ရှေ့မှလူများက အကာအကွယ်ဖြစ်ပေးလိုက်သဖြင့် အနည်းငယ် အရှိန်တန့်သွားသည်။ မည်သူမျှ ချူးယွင်ဖန်းကို မတားနိုင်သော်လည်း သူတို့ကို သတ်ရန် ချူးယွင်ဖန်းဘက်မှ အားစိုက်ထုတ်လိုက်ရသည်။
နတ်ဓားဂိုဏ်းမှ ပညာရှင်များသည် ပြင်ဆင်ထားကြပြီးသား ဖြစ်သည်။
ချူးယွင်ဖန်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဓားအလင်း (၁၀) စင်းကျော်သည် သူ့ထံသို့ အရှိန်ဖြင့် ကျဆင်းလာသည်။
"လေဆင်နှာမောင်း ပုံရိပ်ယောင်ကိုးသွယ်”
ချူးယွင်ဖန်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး လေထဲတွင် ပုံရိပ်ယောင် ကိုးသွယ်အဖြစ် ပြောင်းလဲလိုက်သည်။ ဓားအလင်းများသည် ချူးယွင်ဖန်း၏ ပုံရိပ်ယောင်များပေါ်သို့ ကျရောက်သွားသည်။ သူသည် အခွင့်ကောင်းကို ဆုပ်ကိုင်ကာ သမုဒ္ဒရာလှန်ဓား ဖြင့် လွှဲရိုက်လိုက်သည်။
ခဏအတွင်းမှာပင် ၎င်းသည် ဓားသိုင်းလောကမှ ရှည်လျားသော နဂါးကြီးတစ်ကောင်အသွင် ပြောင်းလဲသွားပြီး နတ်ဓားဂိုဏ်းမှ ပဥ္စမအဆင့် အကြီးအကဲ နှစ်ဦးကို သတ်ဖြတ်လိုက်သည်။ သွေးများ ပန်းထွက်လာပြီး ၎င်းတို့၏ ခန္ဓာကိုယ်များကို ချူးယွင်ဖန်း ဖန်တီးလိုက်သော ဧရာမလက်ကြီးတစ်ဖက်က သိမ်းဆည်းသွားလေသည်။
တိုတောင်းလှသော အချိန်အတွင်းမှာပင် ချူးယွင်ဖန်းကို ဝိုင်းရံထားသည့် ပညာရှင်များအားလုံးမှာ သူ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ အသက်ရှူသံ အနည်းငယ်အတွင်းမှာပင် ဖန်ဆင်းရှင်အဆင့် ပညာရှင်များစွာ ကြွေလွင့်သွားခဲ့သည်။ ဤကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် အဝေးမှ စောင့်ကြည့်နေကြသော စပိုင်များနှင့် အင်အားကြီးအဖွဲ့များမှ ပညာရှင်များမှာ လုံးဝ ထိတ်လန့်သွားကြတော့သည်။
"ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ အစွမ်းလဲ။ ဒီလူတွေ အကုန်လုံးက ပဥ္စမအဆင့် နဲ့ အထက် ပညာရှင်တွေချည်းပဲ။ ပုံမှန်ဆိုရင် သူတို့ထဲက တစ်ယောက်သေတာတောင် ကိစ္စအကြီးကြီး ဖြစ်နေတာ။ အခုတော့ ချူးယွင်ဖန်းက သူတို့ကို မုန်လာဥ လှီးသလိုပဲ အလွယ်တကူ သတ်ပစ်နေတာလား။ တကယ်ကို ကြောက်စရာကောင်းလွန်းတယ်"
--