← Chapters

အခန်း ၁၉၉၁

Vol. 133 Ch. 1991

အခန်း ၁၉၉၁

Vol. 133 Ch. 1991

အခန်း(၁၉၉၁) နတ်ဆိုးအိုကြီးသုံးဦး သေဆုံးခြင်းနှင့် လူတိုင်း ထိတ်လန့်တုန်လှုပ်ခြင်း

ချူးယွင်ဖန်း၏ အသံမှာ လွန်စွာ အေးစက်လှသည်။ ယခုအချိန်သည် သူ၏စွမ်းအားများကို အမှန်တကယ် ပေါက်ကွဲထုတ်ရမည့် အချိန်ပင် ဖြစ်တော့သည်။

ဤခဏတွင် လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ ၎င်းတို့က ထိုထက်ပို၍ ကြောက်စရာကောင်းသော အချက်တစ်ခုကို တွေးမိသွားကြသောကြောင့် ဖြစ်သည်။ ချူးယွင်ဖန်းသည် ဤဆေးလုံးကို လွန်ခဲ့သောအချိန်ကတည်းက သောက်သုံးနိုင်ခဲ့သည်။ သူ ယခုပြသနေသော အစွမ်းများနှင့်ဆိုလျှင် ဝိုင်းရံမှုအတွင်းမှ ဖောက်ထွက်သွားနိုင်ရန် အခွင့်အလမ်း အလွန်များပြားလှသည်။

သို့သော် ချူးယွင်ဖန်းက ၎င်းတို့ ဝိုင်းရံမှုမှ ဖောက်ထွက်ရန် မရွေးချယ်ခဲ့ဘဲ၊ ထိုနေရာတွင်ပင် ဆက်လက်ရပ်တည်ကာ သူတို့၏ ဝိုင်းရံပိတ်ဆို့မှုကို ရင်ဆိုင်ရန် ရွေးချယ်ခဲ့သည်။ အစောပိုင်းကဆိုလျှင် သူတို့ ဤအချက်ကို သတိပြုမိကြမည်မဟုတ်သော်လည်း၊ ယခုမူ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားကြပြီ ဖြစ်သည်။

သူ ဤအရာကို တမင်တကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ မိမိကိုယ်မိမိ မပြေးနိုင်တော့ဟု လူတိုင်းကို ထင်မှတ်စေကာ သူတို့၏ အင်အားအားလုံးဖြင့် ဝိုင်းရံလာအောင် ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။

ဤတိုတောင်းလှသော အချိန်အတွင်းမှာပင် သူသည် အင်အားကြီးအဖွဲ့အစည်းအသီးသီးကို အပြင်းအထန် အထိနာအောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ တစ်ရက်တည်းဖြင့် ဖန်ဆင်းရှင် ပဥ္စမအဆင့်နှင့် ဆဠမအဆင့်ပညာရှင် ဒါဇင်ပေါင်းများစွာ သေဆုံးသွားခဲ့ရသည်။ ၎င်းမှာ မည်မျှအထိ ဂယက်ရိုက်ခတ်သွားမည်ကို စိတ်ကူးကြည့်နိုင်သည်။

ဤအင်အားစုများသည် တစ်ရက်အတွင်းမှာပင် အကြီးအကျယ် ဆုံးရှုံးခဲ့ရသည်ဟု ပြောနိုင်သည်။ သူတို့ ခံစားလိုက်ရသော ဒဏ်ရာမှာ သာမန်တပည့် ရာနှင့်ချီ၊ ထောင်နှင့်ချီ သေဆုံးရခြင်းထက် များစွာ ပိုမိုကြီးမားလှသည်။ ဤအချက်ကို တွေးမိသွားသောအခါ အင်အားကြီးအဖွဲ့အီးသီးမှ ခေါင်းဆောင်များ၏ မျက်နှာထားမှာ လွန်စွာ ရုပ်ဆိုးသွားတော့သည်။

"မင်း ဒါကို တမင်လုပ်ခဲ့တာပေါ့” မီးတောက်နီနတ်ဆိုးဂိုဏ်းမှ နတ်ဆိုးအိုကြီးသုံးဦးသည် ချူးယွင်ဖန်းကို စိုက်ကြည့်လိုက်ကြသည်။

"မှန်တယ်။ သူတို့တင်မကဘူး၊ မင်းတို့အားလုံးလည်း သေရမယ်" ချူးယွင်ဖန်းက ဖြဲပြုံး ပြုံးလိုက်သည်။

"မောက်မာလှချေလား"

မီးတောက်နီနတ်ဆိုးဂိုဏ်းမှ နတ်ဆိုးအိုကြီးသုံးဦးသည် မူလက ချူးယွင်ဖန်းအနေဖြင့် အခြေအနေကို အခွင့်ကောင်းယူကာ ဝိုင်းရံမှုမှ ဖောက်ထွက်ပြေးသွားမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ အကယ်၍ ချူးယွင်ဖန်းကသာ ထွက်ပြေးရန် ကြိုးစားလျှင် သူတို့ တားဆီးနိုင်ရန် ခဲယဉ်းပေလိမ့်မည်။

ချူးယွင်ဖန်း၏ အရှိန်မှာ မြန်ဆန်လွန်းလှသည်။ သူကသာ ထွက်ပြေးမည်ဆိုပါက အခြားလူများ လိုက်မှီရန် မလွယ်ကူချေ။ သို့သော် ယခုမူ ချူးယွင်ဖန်းက သူတို့ကို သတ်ရန် ဆုံးဖြတ်ထားသဖြင့် ၎င်းမှာ သူတို့အတွက် ကောင်းသော အချက်တစ်ချက် ဖြစ်လာသည်။

ဝုန်း

မျက်စိတစ်မှိတ်အတွင်းမှာပင် ချူးယွင်ဖန်း စတင်လှုပ်ရှားလိုက်သည်။ ရွှေရောင်အလင်းတန်းများ ဝဲပျံလာပြီး သူ၏ လက်ချောင်းငါးချောင်းကို လက်သီးအဖြစ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ခဏအတွင်းမှာပင် ၎င်းသည် နဂါး ရှစ်ကောင်အသွင် ပြောင်းလဲကာ ထွက်ပေါ်လာတော့သည်။

နတ်ဘုရားရှစ်ပါး တစ်ပါးပြီးတစ်ပါး လှုပ်ရှားလာကာ ကောင်းကင်ကိုပင် ဖောက်ထွင်းတော့မည့်အတိုင်း ဖြစ်နေသည်။ လက်သီးအရှိန်အဝါက အရာအားလုံးကို ကြိတ်ခြေပစ်လိုက်ပြီး လောကကြီးကို ဖုံးလွှမ်းသွားသည်။ တစ်ခဏချင်းမှာပင် လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသော ရွှေရောင်ဒီရေလှိုင်းကြီးသည် မိုင်ပေါင်းများစွာသော ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

၎င်းသည် မီးတောက်နီနတ်ဆိုးဂိုဏ်းမှ နတ်ဆိုးအိုးကြီး သုံးဦးကိုပါ လွှမ်းခြုံသွားခဲ့ပြီ ဖြစ်သည်။

ဤမြင်ကွင်းမှာ လွန်စွာ ကြောက်မက်ဖွယ် ကောင်းလှသည်။ အဝေးမှ စောင့်ကြည့်နေကြသော မရေမတွက်နိုင်သော လူများသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် ချောက်ချားသွားကြရသည်။ ချူးယွင်ဖန်း၏ လက်သီးချက်မှာ ကြောက်စရာ ကောင်းလွန်းလှသည်။ သူတို့သာဆိုလျှင် ဤလက်သီးချက်အောက်၌ သေဆုံးသွားရမည်မှာ သေချာသည်။

လက်သီးအရှိန်အဝါမှာ ရွှေရောင်ပင်လယ်ပြင်ကြီးတစ်ခုအသွင် ပြောင်းလဲသွားကာ ဤရွှေရောင်ပင်လယ်ပြင်ကြီးထဲတွင် နတ်ဘုရား ရှစ်ပါးက အရာအားလုံးကို ကြိတ်ခြေဖျက်ဆီးပစ်နေသည်။

"ချူးယွင်ဖန်းက ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ သူက ဖန်ဆင်းရှင်အဆင့် သတ္တမအဆင့်ကိုတောင် ကျော်နေပြီမလား”

အချို့လူများသည် မိမိတို့၏ စိတ်နှလုံးများ တုန်ယင်နေရသည်ကို ခံစားနေကြရသည်။ ဤမျှကြီးမားသော စွမ်းအားက သူတို့ကို ကြောက်ရွံ့ထိတ်လန့်စေသည်။

ချူးယွင်ဖန်းမှာမူ ထိုနေရာတွင်ပင် မတ်မတ်ရပ်နေသည်။ သူသည် လရောင်ကဲ့သို့ ဖြူစင်သော ဝတ်ရုံကို ဆင်မြန်းထားပြီး ထူးခြားပြောင်မြောက်သော အသွင်အပြင် ရှိနေသည်။ သူသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဒေဝါတစ်ပါးနှင့်ပင် တူနေတော့သည်။

မီးတောက်နီနတ်ဆိုးဂိုဏ်းမှ နတ်ဆိုးအိုကြီးသုံးဦးမှာမူ လွန်စွာ ထိတ်လန့်သွားကြသဖြင့် သူတို့၏ မျက်ခုံးများပင် ပင့်တက်သွားကြရသည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးမီးလျှံများသည် ၎င်းတို့၏ ခန္ဓာကိုယ်များမှ ပေါက်ကွဲထွက်လာပြီး ချူးယွင်ဖန်း ထုတ်လွှတ်လိုက်သော ရွှေရောင်လက်သီးအရှိန်အဝါကို ခုခံလိုက်ကြသည်။

ဤအခြေအနေသို့ ရောက်ရှိလာသောအခါ ၎င်းတို့က မည်သည့်အရာကိုမျှ ထပ်မံ၍ ဖုံးကွယ်မထားဝံ့ကြတော့ပေ။ သူတို့သည် နတ်ဆိုးမီးတောက်များ တောက်လောင်နေသော နတ်ဆိုးဓားများကို တစ်ယောက်ပြီးတစ်ယောက် ဆွဲထုတ်ကာ ချူးယွင်ဖန်း၏ ရွှေရောင်လက်သီးအဟုန်ကို ဖြတ်တောက်ရန် အရှိန်ပြင်းစွာ ဝှေ့ယမ်းလိုက်ကြသည်။

သို့သော်လည်း ချူးယွင်ဖန်းကို တားဆီးနိုင်ရန် နည်းလမ်းမရှိချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ချူးယွင်ဖန်း၏ ရွှေရောင်လက်သီးချက်မှ အဆုံးမရှိသော မိုးကြိုးစွမ်းအားများ ပေါက်ကွဲထွက်လာပြီး လျှပ်စီးနဂါးများအသွင် ပြောင်းလဲသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းသည် နတ်ဆိုးအိုကြီး သုံးဦး၏ နတ်ဆိုးဓားများနှင့် နတ်ဆိုးမီးလျှံများကို ရိုက်ချိုးဖျက်ဆီးကာ အရာအားလုံးကို ဆုတ်ဖြဲပစ်လိုက်တော့သည်။

ဒုန်း

လက်သီးအရှိန်အဝါက မီးတောက်နီနတ်ဆိုးဂိုဏ်းမှ သုံးဦးကို ဖြတ်သန်းသွားသည်။ ခဏအတွင်းမှာပင် သူတို့သည် သွေးတစ်လုတ်စီ ထွေးထုတ်လိုက်ရပြီး နောက်သို့ လွင့်ထွက်သွားကြတော့သည်။

ဗူး

မီးတောက်နီနတ်ဆိုးဂိုဏ်းမှ နတ်ဆိုးအိုကြီးသုံးဦးလုံး ကြိုးပြတ်သွားသော စွန်များကဲ့သို့ လွင့်ထွက်သွားကြသည်။

"သူက ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေရတာလဲ"

နတ်ဆိုးအိုကြီး သုံးဦး၏ မျက်လုံးများသည် သရဲသဘက်ကို မြင်လိုက်ရသကဲ့သို့ ပြူးကျယ်သွားကြရသည်။ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်မှာ ဖန်ဆင်းရှင် သတ္တမအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ဖန်ဆင်းရှင်အဆင့် ထိပ်ဆုံးသို့ မရောက်သေးသော်လည်း၊ သူတို့ သုံးဦးစလုံး၏ စုပေါင်းအစွမ်းမှာ ဖန်ဆင်းရှင်အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦး ၏ အစွမ်းထက် မနိမ့်ကျချေ။

ယခုမူ ၎င်းတို့က ချူးယွင်ဖန်း၏ လက်သီးတစ်ချက်တည်းဖြင့် လွင့်ထွက်သွားခဲ့ရပြီး၊ တစ်ကိုယ်လုံးလည်း ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့ရသည်။ ဤမျှ ကြောက်စရာကောင်းသော လက်သီးချက်ကြောင့် သူတို့၏ စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်လာရသည်။

သို့သော် ယခုအချိန်တွင်မူ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သူတို့ နောက်သို့ လွင့်ထွက်သွားသည့် ခဏမှာပင် ထိတ်လန့်ဖွယ်ရာ ဓားအလင်း သုံးစင်းသည် လေထုထဲတွင် စုစည်းလာပြီး လျှပ်စီးကဲ့သို့သော အရှိန်နှုန်းဖြင့် နတ်ဆိုးအိုကြီး သုံးဦးထံသို့ လွှဲရိုက်ကျဆင်းလာသည်။

ချူးယွင်ဖန်းသည် လက်စည်းချိပ်တစ်ခုကို ဖော်ဆောင်လိုက်ရာ၊ ထိုဓားအလင်း သုံးစင်းသည် ဝိညာဉ်ကို လိုက်လံလွှင့်ပါးစေပြီး သေခြင်းတရားကို သယ်ဆောင်လာသည့်အတိုင်း ကောင်းကင်ယံကို ဖြတ်သန်းကာ နတ်ဆိုးအိုကြီး သုံးဦးပေါ်သို့ ကျရောက်သွားတော့သည်။

အခြေအနေ မဟန်တော့ကြောင်း ၎င်းတို့ သုံးဦး မည်သို့ သိရှိဘဲ နေမည်နည်း။ သူတို့သည် ချက်ချင်းပင် အင်အားချင်း ပူးပေါင်းကာ သူတို့၏ ရှေ့တွင် နတ်ဆိုးမီးလျှံ အကာအကွယ်အတားအဆီးတစ်ခုကို ဖန်တီးလိုက်ကြပြီး ချူးယွင်ဖန်း၏ ဓားအလင်း သုံးစင်းကို တားဆီးရန် ကြိုးစားလိုက်ကြသည်။

သို့သော်လည်း ၎င်းမှာ အသုံးမဝင်ခဲ့ချေ။ မိုးကြိုးစွမ်းအားများ တဖျတ်ဖျတ် တောက်လောင်နေသော ဓားအလင်းများသည် ထိုအတားအဆီးကို တိုက်ရိုက် ရိုက်ချိုးဖျက်ဆီးပစ်လိုက်ပြီး နတ်ဆိုးအိုကြီး သုံးဦး၏ ခန္ဓာကိုယ်များကို ချင်းနင်းဖြတ်သန်းသွားခဲ့သည်။ ပြင်းထန်လှသော တွန်းကန်အားကြောင့် နတ်ဆိုးအိုကြီး သုံးဦးသည် ပင်လယ်ပြင်ဆီသို့ လွင့်ကျသွားခဲ့ရပြီး ပင်လယ်ပြင်ကြီးပေါ်တွင် ဧရာမ အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။

ဒုန်း

ဒုန်း

ဒုန်း

နတ်ဆိုးအိုကြီး သုံးဦး၏ ခန္ဓာကိုယ်များမှာ ပေါက်ကွဲသွားကြတော့သည်။ ထို့နောက် သူတို့ အောက်သို့ ဆက်လက်၍ မကျဆင်းသွားမီမှာပင်၊ ချူးယွင်ဖန်း ဖန်တီးလိုက်သော စွမ်းအင်လက်ဝါးကြီးက သူတို့ကို ဖမ်းဆွဲကာတောင်မြစ်ပန်းချီကား အတွင်းသို့ ဆွဲသွင်းသိမ်းဆည်းသွားခဲ့သည်။

ဤအကြောင်းအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ် ကြာမြင့်သော်လည်း၊ လက်တွေ့တွင်မူ အသက်ရှူသံ အနည်းငယ်အတွင်းမှာပင် အရှုံးအနိုင်က ပြတ်သားစွာ ပေါ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုနေရာတစ်ခုလုံးတွင် သေခြင်းတရားကဲ့သို့ တိတ်ဆိတ်မှုမျိုး စိုးမိုးသွားခဲ့ရသည်။ လူတိုင်းသည် ချူးယွင်ဖန်း၏ လျင်မြန်လှသော သတ်ဖြတ်မှုအရှိန်ကြောင့် မှင်တက်သွားကြရသည်။

သူသည် ဖန်ဆင်းရှင်သတ္တမအဆင့် ရှိသော နတ်ဆိုးအိုကြီး သုံးဦးကို နှစ်ချက် တည်းဖြင့် သတ်ဖြတ်ပစ်လိုက်ခြင်း ဖြစ်သည်။

ထို့ပြင် ချူးယွင်ဖန်း၏ ပြင်းထန်လှသော အရှိန်အဝါမှာလည်း ဆက်လက်၍ မြင့်တက်နေဆဲ ဖြစ်ရာ၊ လူတိုင်းမှာ လွန်စွာ ထိတ်လန့်သွားကြသဖြင့် ရှေ့သို့ပင် မတိုးဝံ့ကြတော့ချေ။ ၎င်းမှာ တကယ့်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကြီးပင် ဖြစ်သည်။

"တကယ်ကို အစွမ်းထက်တဲ့ မိုးကြိုးအတတ်ပညာပဲ" အသံတစ်ခုက ထိုတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

လူတိုင်း လှည့်ကြည့်လိုက်ကြရာ၊ ထိုသူမှာ လီဝေယွမ် မှတစ်ပါး အခြားသူမဟုတ်မှန်း တွေ့လိုက်ကြရသည်။ သူ၏စကားကို ကြားလိုက်ရသောအခါမှသာ လူတိုင်း သတိပြန်ဝင်လာကြတော့သည်။ နတ်ဆိုးအိုကြီး သုံးဦး မည်သည့်အတွက်ကြောင့် ဤမျှ အလွယ်တကူ ရှုံးနိမ့်သွားရသနည်းဟူသော အချက်ကို လူတိုင်း နားလည်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထို သုံးဦး၏ ကျင့်စဉ်များသည် လုံးဝ အနှိမ်ခံလိုက်ရခြင်းကြောင့် ဖြစ်သည်။

နတ်ဆိုးလမ်းစဥ် ဆိုသည်မှာ ကမ္ဘာလောက၏ မှောင်မိုက်သော စွမ်းအင်များမှ ပေါက်ဖွားလာခြင်းဖြစ်ပြီး ၎င်းမှာ ယင် စွမ်းအင် ဖြစ်သည်။ သို့သော် မိုးကြိုးစွမ်းအားမှာမူ ယန်စွမ်းအင်၏ ကြီးမြတ်လှသော စွမ်းအား ဖြစ်သည်။

ချူးယွင်ဖန်းသည် မွန်းစတားများနှင့် နတ်ဆိုးအလုံးစုံကို နှိမ်နင်းနိုင်သော ကျင့်စဉ်ပေါင်းစုံကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူက ထိုနတ်ဆိုးသုံးဦးလုံး၏ ခံစစ်ကို အလွယ်တကူ ဖောက်ထွင်းကာ သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ ၎င်းတို့၏ စွမ်းအားများမှာ လုံးဝ နှိမ်နင်းခြင်း ခံလိုက်ရသောကြောင့် ဖြစ်သည်။ ထို့အပြင် သူတို့ဘက်မှ မေ့လျော့ပေါ့ဆခဲ့မိသဖြင့် ချူးယွင်ဖန်း၏ လက်ချက်ဖြင့် ချက်ချင်းပင် အပြတ်အသတ် ချေမှုန်းခံလိုက်ရခြင်း ဖြစ်တော့သည်။

လူတိုင်း ဤအချက်ကို တွေးမိသွားကြသောအခါမှသာ၊ ဖန်ဆင်းရှင် သတ္တမအဆင့် ပညာရှင် သုံးဦး မျက်စိတစ်မှိတ်အတွင်း သေဆုံးသွားရသည့် ထိတ်လန့်မှုဘေးမှ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားကြတော့သည်။

--

All Chapters