အခန်း ၈၄၁
Vol. 57 Ch. 841
အခန်း (၈၄၁) : အလွန်အမင်း သနားစရာကောင်းခြင်း
လောကကြီးက တကယ့်ကို ကျဉ်းလွန်းလေသည်။ ပထမဆုံး လေ့ကျင့်ရေး ဝင်ရောက်တဲ့နေ့မှာပင် ဒီမ ကောင်းတဲ့ကောင်နှင့်ထပ်မံတွေ့ဆုံရမည်လို့ ဘယ်သူမှ မထင်ထားခဲ့ပေ။
“မိန်းမလှလေးရေ… ငါနဲ့အတူ လေ့ကျင့်မလား။ မင်းကို နည်းနည်းမှ မနစ်နာစေရပါဘူး”
အေးစက်စက် မျက်နှာထားနဲ့ ရပ်နေတဲ့ ကျိယောင်ယွဲ့ကို ကြည့်ရင်း ထိုလူငယ်လေးက မသမာသောအပြုံးတစ်ခုနဲ့ ပြောလာခဲ့လေသည်။ ထိုလူငယ်ပြောခဲ့သော ပြန်ဆုံကြမယ်ဆိုသည့်စကားမှာ တကယ် ဖြစ်လာမယ်လို့ ကျိယောင်ယွဲ့မထင်ထားခဲ့ပေ။ လောကကြီးက တကယ့်ကို အံ့ဩစရာကောင်းလှပေသည်။
“ရှင့်လေ့ကျင့်ရေးအချိန် ပြီးပြီ... ထွက်သွားပေးပါ”
ကျိယောင်ယွဲ့က မျက်နှာသာပေးမထားဘဲ အေးစက်စွာ ပြောလိုက်လေသည်။ သူမအတွက် ဒီလိုလေ့ကျင့်ရေးအချိန်တိုင်းဟာ အလွန်တန်ဖိုးရှိလေသည်။ ဒီလိုစက်ဆုပ်ဖွယ်ကောင်းသူတစ်ယောက်အတွက်နဲ့ သူမ၏အချိန်ကိုတစ်စက္ကန့်တောင်မှ မဖြုန်းချင်ပေ။
ပတ်ဝန်းကျင်က ကြေးစားစစ်သားများအားလုံးသည်လည်း တိတ်ဆိတ်သွားကြလေသည်။ ဒီလိုလှပတဲ့ မိန်းကလေးတစ်ယောက်သည် ဟားဗတ်မိသားစုမှအမွေဆက်ခံသူအားထွက်သွားခိုင်းနေခြင်းကို မယုံကြည်နိုင်ဖြစ်နေလေသည်။ ဒီမိန်းကလေးသည်အလွန်ရဲရင့်လွန်းလှပေသည်။
မိန်းကလေးကြေးစားစစ်သားအချို့၏ မျက်လုံးများမှာ မနာလိုမှု၊ မုန်းတီးမှုများနှင့် ပြည့်နေလေသည်။ သူတို့အတွက် ဒီလူနဲ့ နီးစပ်ခွင့်တောင် မရခဲ့ကြပေ။ တချို့သော အမျိုးသားကြေးစားစစ်သားများကတော့ ဒီလို လှပတဲ့မိန်းကလေးမှာ ဒီမိစ္ဆာကောင်လက်ထဲသို့ ကံဆိုးစွာဖြင့်ကျရောက်သွားမည်ကိုစိုးရိမ်နေကြလေသည်။ ဒီလိုကောင်မျိုးနှင့်ပတ်သက်မိပါက သူ့မဘ၀အတွက်ကောင်းကွက်တစ်ကွက်မှမရှိပေ။
"မိန်းမလှလေး... ငါနဲ့အတူလေ့ကျင့်ခွင့်ရတာ ဂုဏ်ယူစရာတစ်ခုပဲ။ပြီးမှ မင်းနောင်တရနေရမယ်နော်။ ဟားဗတ်မိသားစုက လူတိုင်းကိုဒီလိုချေချေငံငံဆက်ဆံတတ်တာမဟုတ်ဘူး။ ငါ့ကိုအခွင့်အရေးပေးမယ်ဆိုရင် မင်းကိုလက်ထပ်ယူမယ် မဟုတ်ရင်တော့ မင်းကိုငါ့အိပ်ယာနွေးစေရုံသက်သက်ပဲအသုံးချရလိမ့်မယ်"
ဒီလူငယ်လေးမှာရိုင်းစိုင်းသောစကားများကိုလွယ်လွယ်ကူကူပင်ပြောထွက်နေလေသည်။
ကျိယောင်ယွဲ့မှာ ဒေါသအလွန်ထွက်လာခဲ့လေသည်။ ဒီလိုစကားမျိုးကို သူမရှေ့တွင် မည်သူမှ မပြောရဲခဲ့ဖူးပေ။ ဒီလိုဆိုရင် ဒီလူငယ်၏ဆိုးရွားတဲ့ ပါးစပ်ကို ပိတ်ပစ် ပေးရမည်သာ ဖြစ်လေသည်။
ကျိယောင်ယွဲ့ကဘာမှပြောမနေတော့ဘဲ ပါးလှမ်းရိုက်လိုက်လေသည်။ သူလက်ဝါးသည်လေဟုန်ကိုခွင်းသွားပြီး ထိုလက်ဝါးဆီမှ ပူပြင်းသောမီးလျှံအငွေ့ အသက်များပျံ့လွင့်လာခဲ့လေသည်။
ဒီလိုအချေအတင်ဖြစ်လောက်ရုံဖြင့် သူမ၏မီးစွမ်းအားကိုထုတ်သုံးလာလိမ့်မည်လို့မည်သူမှမထင်ထားခဲ့ပေ။ ကျိယောင်ယွဲ့မှာ မီးအနှစ်သာရစွမ်းအားကိုကျွမ်းကျင်သည့် ရှားပါးသိုင်းပညာရှင်တစ်ဦးဖြစ်လေသည်။ ကြည့်နေသော တခြားကြေးသားစစ်သားများမှာ နားထင်ကြောများတင်းသွားပြီး ထိုနေရာတွင် သူတို့သာဆိုပါက ချက်ချင်းပြာကျသွားလိမ့်မည်လို့တွေးနေကြလေသည်။
ထိုလူငယ်ကမျက်လုံးများကိုမှေးကာ ထိုနေရာမှချက်ချင်းပျောက်ကွယ်သွားပြီး ကျိယောင်ယွဲ့နှင့်သိပ်မဝေးသောအကွာအဝေးတစ်ခုတွင်ပြန်ပေါ်လာခဲ့လေသည်။ ထိုကဲ့သို့အမြန်နှုန်းမှာ သာမန်သိုင်းပညာရှင်မလုပ်နိုင်သည့်ကိစ္စဖြစ်လေသည်။
လျင်မြန်မှုသည် သိုင်းပညာလောကတွင်အရေးအပါဆုံးပညာရပ်တစ်ခုဖြစ်ပြီး ဟားဗတ်မိသားစုမှာ သူတို့၏အမြန်နှုန်းကြောင့်နာမည်ကျော်ကြားလေသည်။ တချို့လျှို့ဝှက်သိုင်းတတ်သည့်ပညာရှင်များတောင်မှ သူတို့၏အမြန်နှုန်းကို မယှဉ်ပြိုင်နိုင်ကြပေ။
"မိန်းမလှလေး မင်းကြည့်ရတာ ငါ့ အပေါ်မကျေနပ်ချက်တွေရှိနေပုံပဲ။ ဒီလိုဆိုမှ မင်းခံစားသွားရအောင်ငါလုပ်ပေးမယ်"
ဟားဗတ်မိသားစုမှ လူငယ်လေးကပြောပြီးနောက် တခဏအတွင်း ကျိယောင်ယွဲ့၏ နောက်မှာ ပေါ်လာခဲ့ပြီး သူ၏လက်ချောင်းများကို ဖြန့်ကာ ကျိယောင်ယွဲ့၏ ရင်ဘတ်အနီးတဝိုက်ကို မထိတထိကိုင်လိုက်လေသည်။
ဒီလိုအမြန်နှုန်းအောက်တွင် ကျိယောင်ယွဲ့မှာရှောင်ရှားနိုင်ဖို့အခွင့်မသာဖြစ်နေလေသည်။ တခြားကြေးစားမိန်းကလေးစစ်သည်များမှာ သူမအားကြည့်ပြီး မကျေမနပ်ဖြစ်နေကြလေသည်။ အမျိုးသားစစ်သားများကတော့အားကျသောမျက်လုံးများဖြင့်ကြည့်နေကြလေသည်။
ကျိယောင်ယွဲ့က ရှောင်ချင်ခဲ့ပေမယ့် အမြန်နှုန်းက အလွန်မြန်လွန်းလှပေသည်။ သို့သော် အလိုလိုသိစိတ်အရ သူမဆီအရှိန်နှင့်၀င်လာသောထိုလူငယ်အားမီးလုံးအကြီးကြီးတစ်ခုဖြင့်ရိုက်ချလိုက်လေသည်။
"ဝိုး...မိန်းမလှလေး..... မင်းဒီလောက်သန်မာလိမ့်မယ်လို့မထင်ထားခဲ့ဘူး။ ဒီနေ့တော့ မင်းကို ငါ့ရှေ့မှာဒူးထောက်လာရအောင်လုပ်ပေးမယ်"
ဟားဗတ်လူငယ်လေးက ပြောပြီးနောက် ချက်ချင်းနေရာပြောင်းလိုက်ပြီး အနောက်ကနေ ကျိယောင်ယွဲ့၏ ခါးသေးသေးကို ပွေ့ဖက်ကာ လက်များကို အောက်သို့ ဆက်လက်ရွှေ့လျားနေခဲ့လေသည်။ လူတိုင်းရှေ့တွင်ဒီမိန်းကလေးအား ဖျက်ဆီးပြချင်နေခဲ့ လေသည်။
ကျိယောင်ယွဲ့မှာ ဒေါသအား ထိန်းချုပ်ထားလို့မရတော့ပေ။ သူမအနေနဲ့ သေချင်လောက်အောင် အရှက်ရနေခဲ့သော်လည်း အင်အားနဲ့ အမြန်နှုန်း နှစ်ခုစလုံးတွင် ထိုလူငယ်ထက် အနည်းငယ်ကွာခြားနေခဲ့လေသည်။
ဒီလိုဖြစ်မယ်ဆိုတာ ကြိုသိခဲ့ပါက ဒီလူငယ်အားရန်မစခဲ့သင့်ဘူးလို့ သူမစိတ်ထဲတွင် နောင်တရနေခဲ့သည်။ လင်းထျန် ပြောခဲ့သည့်စကားကို အလေးမထားခဲ့ခြင်းသည် သူမအတွက်ကြီးမားသောအမှားတစ်ခုဖြစ်သွားစေလေသည်။
"ဂျွတ် ....ခရက်..."
“ဘုန်း...."
ဘယ်သူမှ နားမလည်လိုက်နိုင်ခင်မှာပင် အရိုးကျိုးသံများ ထွက်ပေါ်လာခဲ့ပြီး အရိပ်မည်းတခုမှာ လွင့်ထွက်သွားလေသည်။ လူတိုင်း သတိပြန်လည်လာချိန်တွင်အပြင်းအထန် ဒေါသထွက်နေသောမျက်နှာထားနှင့်လူငယ်တစ်ယောက်မှာ ကျိယောင်ယွဲ့ဘေးတွင်ရပ်နေခဲ့လေသည်။
ထိုနေရာမှ အနည်းငယ်ကွာဝေးသောနေရာတွင်တော့ စောနကလူတိုင်းအထင်ကြီးနေခဲ့သော ဟားဗတ်မိသားစုမှ လူငယ်မှာ မြေပြင်ပေါ်တွင်လူးလိမ့်နေခဲ့ပြီး ခွေးတစ်ကောင်လိုငြီးငြူနေခဲ့လေသည်။
လူတိုင်း မှာသရဲမြင်လိုက်ရသကဲ့သို့ပင် မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားကြလေသည်။ ဟားဗတ်မိသားစုရဲ့ အမြန်နှုန်းကို အမှီလိုက်နိုင်သူ မရှိဘူးဆိုတာ လူတိုင်း သိထားကြလေသည်။
အဲဒီလူငယ်သည် သတိလျော့ခဲ့လို့သာ အလစ်တိုက်ခံလိုက်ရခြင်းဖြစ်မည်လို့ လူများကထင်နေကြလေသည်။
“အား....ငါ့ကို အသေသတ်ချင်နေတာလား.... ငါက ဟားဗတ်မိသားစုက ဖြစ်တယ်ဆိုတာ မသိဘူးလား။ငါ့အစ်ကိုကြီး သိသွားရင် မင်းကို တစစီဆုတ်ဖြဲပြီး သတ်ပစ်လိမ့်မယ်”
မြေပြင်ပေါ်တွင်လဲကျနေသော လူငယ်က ဆက်တိုက် ကြိမ်းဝါးနေခဲ့လေသည်။
ကျိုးဟောင်က သူ့ကို တစ်ချက်တောင် မကြည့်ခဲ့ပေ။ ဒီလို အာဏာရှိမိသားစုက ဆက်ခံသူအမှိုက်ကောင်များစွာ ကို သူတွေ့မြင်ဖူးပြီးသား ဖြစ်လေသည်။
“ယောင်ယွဲ့… အဆင်ပြေရဲ့လား”
ကျိုးဟောင်က စိုးရိမ်စိတ်ဖြင့် မေးလိုက်လေသည်။ သူတို့နှစ်ယောက်ဟာ တိုက်ပွဲတွေကို အတူဖြတ်သန်းခဲ့သည့်မိတ်ဆွေများ ဖြစ်ကြပြီး သေရေးရှင်ရေးအခြေအနေများကို အတူကြုံဖူးခဲ့ကြသူများ ဖြစ်လေသည်။ ဒီလို မတရား အနိုင်ကျင့်မှုမျိုးကို သူသည်းမခံနိုင်ပေ။
ကျိယောင်ယွဲ့က နှုတ်ခမ်းလေး ကိုက်ကာ ခေါင်းညိတ်ပြလိုက်လေသည်။ ခဏလေးအတွင်းတွင် သူမ အားနည်းသေးကြောင်းခံစားလိုက်ရပြီးအင်အားကြီးမားဖို့လိုအပ်ကြောင်းကို ပိုမို သိလာခဲ့လေသည်။ ယခုလိုလူကိုတောင်မှ မကိုင်တွယ်နိုင်ရင် နောက်ပိုင်းတွင်ပိုမိုအင်အားကြီးသော ကျွမ်းကျင်သူများကို ဘယ်လို ရင်ဆိုင်မလဲဆိုသည့်အချက်အား စိုးရိမ်မိလာခဲ့သည်။
“ဒီတစ်ခါတော့ ငါတို့ ဒုက္ခရောက်ပြီ။ ဟားဗတ်မိသားစုက ဩဇာအာဏာကြီးမားတဲ့မိသားစု မဟုတ်ပေမယ့် ဂုဏ်သတင်းကြီးမားတဲ့မိသားစုလို့ ကြားဖူးတယ်”
ကျိယောင်ယွဲ့က ကိုယ်တိုင် ဒီလို မိသားစုကြီးကို ရန်စမိလိုက်တာကြောင့် အနည်းငယ် အပြစ်ရှိသလို ခံစားလာခဲ့ရလေသည်။
“မကြောက်ပါနဲ့… ဒါကတစ်နေ့တော့ ကြုံတွေ့ရမယ့် အရာတစ်ခုပါပဲ”
ကျိုးဟောင်က သဘောထားကြီးစွာ ပြောလိုက်လေသည်။ သူသည် မလိုအပ်ဘဲ ပြဿနာမရှာတတ်သော်လည်း ရန်စလာရင်တော့ အဆုံးထိ နောက်မဆုတ်တတ်သူ ဖြစ်လေသည်။
“ဟွန်း… အခုမှ တွေးကြောက်နေရင်တော့ နောက်ကျသွားပြီ။ မင်းတို့ကို ငါတစစီလုပ်ပစ်မယ်။ ပြီးတော့မိန်းမကို မင်းရှေ့မှာပဲ သေသေချာချာ ရိုက်နှက်ပစ်မယ်”
မြေပြင်ပေါ်က လူငယ်မှာ မိုက်မဲသောစကားများကို ဆက်ပြောနေခဲ့လေသည်။
“ဖြောင်း..."
ကျိုးဟောင်ကထိုလူငယ်အားထပ်မံရိုက်နှက်လိုက်လေသည်။ ထိုမြင်ကွင်းကြောင့် လူတိုင်းမှင်တက်သွားကြလေသည်။ ပထမတကြိမ်တိုက်ခိုက်ခြင်းမှာ ဒီလူငယ်၏မိသားစုနောက်ခံကိုမသိခြင်းကြောင့်ဖြစ်နိုင်သော်လည်း ယခုလို အကြောင်းသိပြီးနောက် ထပ်မံတိုက်ခိုက်ခြင်းက ဟားဗတ်မိသားစုအားစိန်ခေါ်လိုက်ခြင်းဖြစ်လေသည်။
“ဟားဗတ်မိသားစုကို စော်ကားပြီး သေဖို့စိန်ခေါ်နေတဲ့ လူမျိုးကို မတွေ့ဖူးသေးဘူး”
“ဒီလို ပွဲမျိုးကို မကြည့်ရတာ ကြာပြီ”
“ဒီလိုလူမျိုးတွေ ဘယ်လို သေမယ်ဆိုတာ ကိုယ်တိုင်တောင် မသိကြမယ်မထင်ဘူး”
ဘေးနားက ကြေးစားစစ်သားများမှာအေးစက်စွာ ပြောဆိုနေကြပြီး ကျိုးဟောင်တို့ သုံးယောက်ကို အနိုင်ကျင့်ချင်နေကြလေသည်။ သူတို့အတွက်တော့ ဒီသုံးယောက်ရဲ့ အဆုံးသတ်ကို ကြည့်ရတာ စိတ်လှုပ်ရှားစရာ ဖြစ်နေလေသည်။ ဒီနေရာက လူတွေသည် တကယ့်ကို အေးစက်ပြီး စာနာမှု မရှိကြသူများပင် ဖြစ်လေသည်။
....................................................................................
အခန်း (၈၄၁) ပြီးပါပြီ။
--