← Chapters

အခန်း ၈၄၂

Vol. 57 Ch. 842

အခန်း ၈၄၂

Vol. 57 Ch. 842

အခန်း (၈၄၂) : စကားမှားသွားခြင်း

ထိုနေရာမှာရှိတဲ့ ကြေးစားစစ်သားတွေထဲက ဘယ်သူမှ ဟားဗတ်မိသားစုရဲ့ အမွေဆက်ခံသူကိုမထိပါးရဲကြပေ။ ထိုလူငယ်မှာ အရမ်းစွမ်းအားမကြီးမားကြောင်းကို လူတိုင်းသိကြ‌သော်လည်း အားလုံးက သူ့အားရှောင်ကြလေသည်။

အဘယ့်ကြောင့်ဆိုသော် သူ့အစ်ကိုကြီးသည် ကြေးစားစစ်တပ်အခြေစိုက်စခန်းတစ်ခုလုံးတွင် သြဇာအာဏာအတော်အသင့် ကြီးမားသူဖြစ်နေသောကြောင့် ဖြစ်လေသည်။

အထူးသဖြင့် သူ့အစ်ကို၏အမြန်နှုန်းမှာ အရိပ်တောင်မမြင်နိုင်လောက်သည်အထိမြန်ဆန်ပြီး သူရောက်လာသည်ကိုပင် မြင်နိုင်ဖို့ခက်ခဲလေသည်။ လက်ရှိဒီနေရာတွင် ရှိ‌နေသောလူတိုင်းမှာ သူ့နောက်ကျောကိုပင်ဖမ်းမိနိုင်လောက်သည့်အရည်အချင်းမျိုးမရှိကြပေ။

“ဝူး… ဝူး… ငမိုက်..သား… ငါ… မင်းကို… စဉ်းစားစေချင်…”

မြေပြင်ပေါ်တွင် လဲကျနေသော လူငယ်က နာကျင်စွာ အော်ညည်းနေခဲ့ပြီး စကားများကလည်း မရှင်းမလင်းဖြစ်နေခဲ့လေသည်။ သွားအချို့ ကျွတ်ထွက်သွားသဖြင့် သူပြောလိုက်တဲ့စကားကို ဘယ်သူမှ တိတိကျကျ နားမလည်နိုင်ကြပေ။

သို့သော် ကျိုးဟောင်ကတော့ အနည်းငယ် ခန့်မှန်းလို့ရနေခဲ့သည်။ ဒီလူငယ်က သူ့အစ်ကိုကြီးလာရင် ကျိုးဟောင်တို့ကို သင်္ဂြိုဟ်ဖို့ မလိုအောင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့သူပင် ဖြစ်လေသည်။

“ဖြောင်း… ဖြောင်း…”

ကျိုးဟောင်က လက်အားအပြည့်နဲ့ ပါးနှစ်ချက် ဆက်တိုက်ရိုက်ချလိုက်ပြီး သူ့ပါးစပ်ထဲက သွားအချို့ကိုပါ ထပ်မံပျံထွက်သွားစေလိုက်လေသည်။ ကျိုးဟောင်လို အင်အားကြီးမားသူအတွက် ဒီလို မသတ်ပစ်သေးတာကတောင် သူ့ကို မျက်နှာသာပေးထားခြင်းပင် ဖြစ်လေသည်။

ဘေးနားက ကြေးစားစစ်သားများမှာ မထိန်းနိုင်တော့ဘဲ ခိုးရယ်သံများ ထွက်လာခဲ့ကြလေသည်။ ပုံမှန်အားဖြင့် ဒီလူငယ်ဟာ သူတို့ကို အမြဲအမိန့်ပေးခိုင်း စေနေသူဖြစ်ပြီး တခါမှ အကောင်းမမြင်တတ်သူလည်း ဖြစ်လေသည်။ ထိုလူငယ်အား ယခုလို အခြေအနေဖြင့်တွေ့မြင်ရချိန်တွင် သူတို့အနေဖြင့် ဝမ်းသာအားရကြည့်‌နေမိကြပြီး စိတ်ထဲမှာပါ သဘောကျနေကြလေသည်။

သူတို့နှင့်မသက်ဆိုင်သလို သူတို့အတွက် အမှုပတ်စရာလည်း မရှိသောကြောင့် ထိုဟားဗတ်မိသားစုမှလူငယ် ဒုက္ခ‌ ရောက်နေခြင်းကိုကြည့်နေရခြင်းကသူတို့အတွက် ပျော်ရွှင်စရာတစ်ခု ဖြစ်နေလေသည်။

တချို့ကဝင်ပါချင်စိတ် ရှိကြပေမယ့်လည်း ကျိုးဟောင်၏ရက်စက်မှုကို ကြောက်ရွံ့သောကြောင့်ဘယ်သူမှ ရှေ့မတိုးရဲကြပေ။ သူတို့ကိုပါ ပါးနှစ်ချက်ရိုက်ပြီး သွားများပျံထွက်သွားစေမည်ကို ကြောက်ရွံ့နေကြလေသည်။

“မင်းလို အရှက်မဲ့တဲ့လူမျိုးတွေကို ငါ အများကြီးတွေ့ဖူးတယ်။ လူတွေကို အနိုင်ကျင့်ချင်ရင် ကိုယ်ကိုယ်တိုင်လည်း အနိုင်ကျင့်ခံနိုင်ဖို့ ပြင်ဆင်ထားရတယ်”

ကျိုးဟောင်က မြေပြင်ပေါ်က လူငယ်ကို အေးစက်စွာ ကြည့်ရင်း မထီမဲ့မြင်စိတ်အပြည့်ဖြင့် ပြောလိုက်လေသည်။ သူ့မျက်လုံးထဲမှာတော့ မုန်းတီးမှုသာ ပြည့်နှက်နေလေသည်။ မိသားစုနောက်ခံကို အားကိုးပြီး လိုရာလုပ်နေသူတွေက ဒီလိုပဲ ဖြစ်တတ်ကြတာကို သူသိနေပြီးသားဖြစ်လေသည်။

“ယောင်ယွဲ့… မင်းဝင်ပြီး လေ့ကျင့်ပါ။ ငါ တံခါးကို စောင့်‌နေပေးမယ်”

ကျိုးဟောင်က ပြောလိုက်လေသည်။ ကျိယောင်ယွဲ့အတွက် တံခါးကို မစောင့်ပေးပါက သူမ လုံးဝ စိတ်လုံခြုံမှုမရှိတော့ဘူးဆိုတာ သူသိနေခဲ့လေသည်။ ဒီလိုအဖြစ်အပျက်တစ်ခုကြုံပြီးနောက် ဘယ်လောက် စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်စေ စိတ်အနှောင့်အယှက်တစ်ခုတော့ မဖြစ်မနေ ကျန်ရစ်သွားတတ်လေသည်။

ကျိယောင်ယွဲ့က နှုတ်ခမ်းကို ကိုက်ကာ ခေါင်းခါလိုက်လေသည်။ ယခုအချိန်မှာ အရေးကြီးဆုံးက လေ့ကျင့်ခြင်းမဟုတ်ဘဲ လက်ရှိအန္တရာယ်ကို ဘယ်လို ဖြတ်ကျော်မလဲဆိုတာပင် ဖြစ်လေသည်။

“မြန်မြန်… ငါ့အစ်ကိုကြီးကို သွားအကြောင်းကြားလိုက်… ဒီနေ့ ဒီလိုအရှက်ခွဲခံရတာကို သွေး‌‌ကြွေးပြန်ဆပ်ခိုင်းမယ်…”

မြေပြင်ပေါ်က လူငယ်က အော်ဟစ်ပြောဆိုလာခဲ့လေသည်။ သူ့သွားတွေ ပြုတ်သွားသလို လက်လည်း ကျိုးသွားခဲ့ပြီး ပြန်ကောင်းလာနိုင်ပါ့မလားဆိုတာကို သေချာ မသိနိုင်တော့ပေ။ သို့သော် နာကျင်မှုကတော့ သူ့အာရုံကြောတိုင်းကို စူး၀င်နေခဲ့လေသည်။

အချို့သော ကြေးစားစစ်သားများက ချက်ချင်းပင် ပြေးထွက်သွားကြလေသည်။ ဒါက သူတို့အတွက် အင်အားကြီးသူကို ဖက်တွယ်ဖို့ အကောင်းဆုံးအချိန်ပင်ဖြစ်လေသည်။

“မင်း လေ့ကျင့်ချင်စိတ်မရှိတော့ရင် ငါတို့ ပြန်ကြတာပေါ့"

ကျိုးဟောင်က ပြောလိုက်လေသည်။ အထူးသဖြင့်လူတစ်ယောက် စိတ်မကောင်းတဲ့အချိန်တွင် စိတ်စွမ်းအင် လေ့ကျင့်ရေးမျိုးကို မဖြစ်မနေ အတင်းလုပ်ခိုင်းပါက ပြဿနာကြီးတွေ ဖြစ်တတ်ကြောင်း သူသိနေခဲ့လေသည်။

သူတို့နှစ်ယောက်မှာ နောက်သို့လှည့်ကာ ထွက်သွားကြလေသည်။ မြေပြင်ပေါ်မှာ ခွေးသေလို လဲကျနေတဲ့ ဟားဗတ်လူငယ်ကို တစ်ချက်တောင် လှည့်မကြည့်ခဲ့ကြပေ။

ကြည့်စရာမရှိတော့သဖြင့် ကြေးစားစစ်သားများလည်း လေ့ကျင့်ခန်းပြန်လုပ်ဖို့ ထွက်သွားကြလေသည်။ ဒီရန်ပွဲက ဒီလောက်မြန်မြန် ပြီးသွားမယ်လို့ သူတို့ မထင်ထားခဲ့ကြပေ။

“ညီလေး… အဆင်ပြေရဲ့လား။ ဘယ်သူက မင်းကို ဒီလောက်တောင် ရိုက်ထားတာလဲ”

အပြင်ဘက်ကနေ စိုးရိမ်သံတစ်ခု ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် လေတံခွန်တစ်ခု၏အလျင်နှင့်အရိပ်တစ်ခု ဝင်လာခဲ့လေသည်။ လူတိုင်းမှာ ထိတ်လန့်သွားကြလေသည်။

ဟားဗတ်မိသားစုရဲ့ အကြီးဆုံးသားကြီးက ဒီလောက်တိုအချိန်အတွင်း ရောက်လာနိုင်လိမ့်မည်လို့ မည်သူမှ မထင်ထားခဲ့ကြပေ။ ဒီရန်ပွဲက မပြီးသေးသလို ဖြစ်နေလေသည်။

လူတိုင်းရဲ့ မျက်နှာပေါ်မှာတော့ လှောင်ပြောင်လိုစိတ်များ ပြည့်နေလေသည်။ ဒီနေ့ ကျိုးဟောင်တို့ ဘယ်လို လွတ်မြောက်အောင်ကြိုးစားမလဲဆိုတာကို ကြည့်ချင်နေကြလေသည်။

ကျိုးဟောင်၏ မျက်နှာထားက ပြောင်းလဲသွားခဲ့လေသည်။ ထိုလူ၏ အမြန်နှုန်းမှာ အကန့်အသတ်အဆင့်ကို ရောက်နေပြီး နောက်တစ်ဆင့်တက်သွားပါက ကျိုးဟောင်ကဲ့သို့ပင် အာကာသအမြန်နှုန်းကို ထိန်းချုပ်နိုင်သူ ဖြစ်လာနိုင်တယ်ဆိုတာကို သူခံစားမိလိုက်လေသည်။

"အစ်ကိုကြီး… နောက်ဆုံးတော့ ရောက်လာပြီပေါ့….. ကျွန်တော့်ကို သူတို့ ဒီလိုဆိုးဆိုးရွားရွားဖြစ်အောင်ရိုက်နှက်ထားကြတာ။ ဒီရှေ့မှာရှိတဲ့ အရှက်မဲ့စုံတွဲကလုပ်ထားတာပဲ"

လူငယ်လေးက ဖြစ်ပျက်ခဲ့သမျှကို အလွန်အကျွံ ချဲ့ကားပြီး ပြောပြနေလေသည်။ ကျိယောင်ယွဲ့က သူလေ့ကျင့်ရေးလုပ်နေချိန် အချိန်ပြည့်သွားသော ကြောင့်တံခါးကို အတင်းဖွင့်ခဲ့ပြီး စကားအနည်းငယ်သာပြောခဲ့ခြင်းဖြစ်လေသည်။ ဒါ့အပြင်ကျိုးဟောင်က သူ့အားဒီလို ရက်ရက်စက်စက် ရိုက်နှက်ခဲ့တယ်လို့တောင် ပြောဆိုခဲ့လေသည်။ ထိုလူငယ်မှာပြောနေရင်း မျက်ရည်နဲ့ နှာရည်တွေပါ တစ်ပြိုင်နက် စီးကျလာခဲ့လေသည်။

သူ့လက်မှာနာကျင်လွန်းလှသဖြင့် မလှုပ်နိုင်တော့ပေ။ စကားပြောတိုင်းမှာလည်း သွားများကျွတ်ထွက်နေခဲ့‌ သောကြောင့် ပီသမှုမရှိ‌တော့‌ပေ။သို့သော် သူ့အစ်ကိုကြီးက သူ့ရဲ့ သဘောသဘာဝကို သိထားပြီးသားဖြစ်သဖြင့် ဘာကိုဆိုလိုချင်မှန်းအကြမ်းဖျဉ်း နားလည်နိုင်ခဲ့လေသည်။ သို့သော် မည်သို့ပင် ဖြစ်စေ သူ့ညီကို ဘယ်သူမဆို အနိုင်ကျင့်လို့ မရပေ။

ထိုအစ်ကိုကြီးဆိုသူက သူ့ညီလေး၏ လက်ကို စစ်ကြည့်လိုက်သောအခါ အလွန်အမင်းကွေးကောက်ကာပုံပျက်နေပြီး အရင်လို ပြန်မကောင်းနိုင်တော့ဘူးဆိုတာကို သိသွားခဲ့လေသည်။ ဝိညာဉ်ဆေးပင်တွေ သုံးရင်တောင်မှ အကျိုးမရှိတော့ပေ။ ထိုအချိန်၌ သူ့ကိုယ်ထဲရှိ စွမ်းအားအငွေ့အသက်များမှာပိုမို ပြင်းထန်လာခဲ့လေသည်။

ထိုလူမှာ စဉ်းစားချင့်ချိန်မနေတော့ဘဲ သူ့လက်ဖဝါးကို ကျိုးဟောင်ဘက်သို့ ဦးတည်ကာရိုက်ချလိုက်လေသည်။ ဒီလူငယ်က သူ့ညီကို ဒီလောက် ရက်စက်စွာ လုပ်ခဲ့ခြင်းကြောင့် ခွင့်လွှတ်‌မပေးနိုင်တော့ပေ။ ဟားဗတ်မိသားစု၀င်ဖြစ်သောကြောင့် သူ့အမြန်နှုန်းသည် ဘယ်သူမှ မလိုက်နိုင်လောက်အောင် မြန်ဆန်လှလေသည်။

ကျိုးဟောင်က ကျိယောင်ယွဲ့၏လက်ကို ဆွဲကာ အာကာသ နေရာကူးပြောင်းရေးအစွမ်းကိုသုံးပြီး အကွာအဝေးတစ်ခုဆီသို့ချက်ချင်း ရွှေ့ပြောင်းသွားခဲ့လေသည်။ ခက်ခက်ခဲခဲဖြင့် ဒီလက်ဖဝါးကို ရှောင်ရှယးနိုင်ခဲ့ခြင်း ဖြစ်ပြီး အာကာသနေရာကူးပြောင်းရေးစွမ်းအားကို မပိုင်ဆိုင်ထားပါက ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်လေသည်။

“အို… မင်းက တော်တော်လေး အစွမ်းအစရှိတာပဲ။ ငါ့ညီကို လွယ်လွယ်ကူကူ ဒဏ်ရာရစေနိုင်တာ မထူးဆန်းတော့ပါဘူး”

အစ်ကိုကြီးဆိုသော အသက်လတ်အရွယ်ရှိ လူမှာ အံ့ဩသွားခဲ့လေသည်။ သူ့လက်ကနေ လွတ်မြောက်နိုင်သူမှာ အလွန်ရှားပါးလေသည်။ သူ့ထက် အင်အားကြီးသူတွေတောင် မှဒီလောက် လွယ်လွယ် မလွတ်နိုင်ကြပေ။

“ဟမ့်… မင်းညီက ဘယ်လိုလူလဲဆိုတာ မင်း မသိဘူးလား။ အင်အားကမရှိ၊ လောဘကကြီးပြီး မိန်းမလိုက်စားတဲ့အပြင် လူ တွေကိုလည်း အနိုင်ကျင့်တတ်တဲ့ကောင်ပဲ”

“သူ့လက်တစ်ဖက်ကိုပဲ ချိုးလိုက်တာက ကျိုးဟောင်ဘက်ကမျက်နှာသာ ပေးထားလို့ပဲ။ နောက်တစ်ကြိမ် ဒီလိုထပ်လုပ်ရင်တော့ သတ်ပစ်ခံရလိမ့်မယ်"

ကျိုးဟောင် ဘာမှမပြောရသေးခင်မှာပင် ကျိယောင်ယွဲ့က စိတ်တိုလွန်းသဖြင့် မစဉ်းစားဘဲ ပြောထွက်သွားခဲ့လေသည်။ သူမ၏ဒေါသထွက်လွယ်တဲ့စိတ်က အပြည့်အဝ ပေါ်လွင်လာခဲ့ပြီး အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံးလို ဖြစ်နေခဲ့လေသည်။

အဲဒီအချိန်မှပင် ဟာဗတ်မိသားစုရဲ့ အကြီးဆုံးသားက ဒီနေရာတွင် မယှဉ်နိုင်လောက်အောင် လှပသော မိန်းကလေးတစ်ယောက် ရှိနေကြောင်း သတိထားမိခဲ့လေသည်။ အနည်းငယ် စဉ်းစားလိုက်ရုံဖြင့် သူ့ညီ ဒီအခြေအနေထိ ရောက်သွားရခြင်းက ဒီမိန်းကလေးကြောင့်ဆိုတာကို နားလည်သွားခဲ့လေသည်။

မိသားစုက ညီလေးကို ငယ်စဥ်ကတည်းက အလွန်အမင်း လိုက်လျောထားခဲ့လေသည်။ အများဆုံး ဆူပူပြောဆိုတာမျိုးပဲ လုပ်လေ့ရှိပြီး ဒီလို ဒဏ်ရာကြီးကြီးမားမား ရအောင် မလုပ်ဖူးပေ။ အိမ်ပြန် ရောက်ရင် မိဘတွေကို ဘယ်လို ရှင်းပြရမလဲဆိုတာကို တွေးရင်း သူစိတ်ထိခိုက်သွားခဲ့လေသည်။ ထို့အပြင် ကိုယ်အလွန်ချစ်ရတဲ့ ညီလေးမှာ အနိုင်ကျင့်ခံထားရခြင်းကို အစ်ကိုတစ်ယောက်အနေနှင့် မျက်ကွယ်မပြုနိုင်ပေ။

“သူ မင်းကို သဘောကျတာက မင်းအတွက် ကံကောင်းခြင်းပဲ။ဒီနေ့ မင်းမှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်။ တစ်ခုက ကိုယ့်ကိုယ်ကို သတ်သေလိုက်တာဖြစ်ပြီး နောက်တစ်ခုကတော့ ငါ့ညီရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ရမယ်။ အဲဒီနောက် မင်းဘဝတစ်လျှောက်လုံး သူ့အမိန့်ကိုပဲ နာခံရမယ်”

ထိုအသက်လတ်အရွယ်အစ်ကိုကြီးက ကျိုးဟောင်တို့၃ယောက်ကိုကြည့်ပြီး သူ့ဆုံးဖြတ်ချက်ကို ကြေညာလိုက်လေသည်။

မြေပြင်ပေါ်တွင် လဲနေသော လူငယ်လေးက မပြုံးဘဲ မနေနိုင်တော့ပေ။ ဒီလိုအဆုံးသတ်ကို သူလိုချင်ခဲ့ခြင်း ဖြစ်လေသည်။ ဒီမိန်းကလေးကို သူ့ခြေဖဝါးအောက်တွင် ပြားပြား၀ပ်အောင် လုပ်ချင်ခဲ့လေသည်။ သူ့အစ်ကိုက ပုံမှန်ဆိုရင် အလွန်တင်းကျပ်သူဖြစ်သော်လည်း ဒီတစ်ကြိမ်တွင်တော့ မထင်မှတ်ဘဲ သူ့ဘက်မှာ ရပ်တည်ပေးခဲ့လေသည်။

....................................................................................

အခန်း (၈၄၂) ပြီးပါပြီ။

--

All Chapters