← Chapters

အခန်း ၈၄၃

Vol. 57 Ch. 843

အခန်း ၈၄၃

Vol. 57 Ch. 843

အခန်း (၈၄၃) : ငါဘယ်ဟာကိုမှမရွေးချယ်ဘူး

ထိုကဲ့သို့တွေးမိလိုက်သောအခါ ဟားဗတ်လူငယ်ရဲ့ လက်နာကျင်မှုက အရင်ကလို မပြင်းထန်တော့ပေ။ သူ့စိတ်ထဲမှာတော့ မျက်စိရှေ့က မိန်းကလေးကို ဘယ်လို အနိုင်ကျင့်ပြီး ဖျက်ဆီးမလဲဆိုတဲ့ အတွေးတွေတောင် ပေါ်လာခဲ့လေသည်။ သူ့အမြင်အရတော့ ဒီလို လူတွေက သူ့အတွက် ဘာမှ အရေးမပါကြပေ။

“ရှင်တို့ စိတ်ကူးယဉ်နေကြတာလား။တခြားသူတွေကိုဘယ်လိုလုပ်ရမယ်ဆိုပြီးအမိန့်ပေးပိုင်ခွင့် ရှင်တို့မှာရှိလို့လား။ပြီးတော့ကျွန်မက ရှင်တို့ အမိန့်ပေးပြီးခိုင်းချင်တိုင်းခိုင်းလို့ ရတဲ့လူမျိုးမဟုတ်ဘူး… အရမ်း အတွေးလွန်နေကြတာပဲ"

လူရှုံးပေမယ့် စိတ်ဓာတ်မရှုံးဘူး ဆိုသည့်ဆိုရိုးကဲ့သို့ပင် ကျိယောင်ယွဲ့က ပြောပြီးနောက် လှည့်ထွက်သွားခဲ့‌လေသည်။

“ဟားဟား ဘာဖြစ်လို့အမိန့်ပေးနိုင်တာလဲဆိုတော့ ငါ့မိသားစုက ဩဇာကြီးမားလို့ပဲ။ ပြီးတော့ ဒီကြေးစားစစ်တပ် အခြေစိုက်စခန်းထဲမှာလည်း ငါကအင်အား ကြီးမားသူတစ်ယောက်ဖြစ်လို့ပဲ"

အသက်လတ်အရွယ်ရှိသူက အေးစက်စွာ ပြောလိုက်လေသည်။ သူသည် ဒုတိယအဆင့် ကြေးစားအဖွဲ့ကြီး လေးခုထဲက တစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး အသစ်ဝင်လာသည့်လူအနည်းငယ်ကို ကိုင်တွယ်ရခြင်းမှာ သူ့အတွက် လက်ဖက်စားသကဲ့သို့လွယ်ကူပေသည်။ ပထမအဆင့် ကြေးစားအဖွဲ့များကိုတော့ စိန်ခေါ်နိုင်ခြင်းမရှိသော်လည်း ဒီလို လူသစ်တွေကိုတော့ ဂရုစိုက်နေစရာမလိုပေ။

ကျိုးဟောင်ကတော့ဘေးနားမှာ တိတ်တိတ်လေးနားထောင်နေခဲ့လေသည်။ အကယ်၍ ဒီအသက်လတ်အရွယ်လူက တကယ်တိုက်ခိုက်ချင်ခဲ့ပါက အစကတည်းက သူ့အင်အားအပြည့်သုံးပြီးတိုက်ခိုက်လာမည်ဖြစ်လေသည်။ ထိုကြောင့် ဒီကိစ္စကို ဖြေရှင်းနိုင်မယ့် အခွင့်အလမ်း သေးသေးလေးတော့ ကျန်နေသေးကြောင်း ကျိုးဟောင်သဘောပေါက်သွားလေသည်။

တကယ်လို့ ရင်ဆိုင်တိုက်ခိုက်ရမယ်ဆိုရင်လည်း သူ့မှာ အနိုင်ရဖို့ အခွင့်အလမ်း လုံးဝ မရှိမျိုးတော့မဟုတ်ပေ။ ကျိုးဟောင်၏အမြန်နှုန်းက အလင်းကဲ့သို့လျင်မြန်သလို ဒီလူသည်လည်း မနှေးပေ။ အစောပိုင်း ရိုက်ချက်သည် သာမန်ကဲ့သို့ထင်ရသော် တကယ်အားဖြင့်တော့ အင်အားစမ်းသပ်မှုတစ်ခုသာ ဖြစ်လေသည်။ ကျိုးဟောင်အား ဘယ်လောက်အဆင့်ရှိလဲဆိုတာ စမ်းကြည့်လိုက်ခြင်းပင် ဖြစ်လေသည်။

ဒီစမ်းသပ်မှုရဲ့ အဖြေကတော့ ထွက်သွားခဲ့ပြီဖြစ်လေသည်။ အသက်လတ်အရွယ်ရှိသူ၏မျက်နှာပေါ်က ခက်ထန်သော အမူအရာနှင့် ဓားဒဏ်ရာကြောင့် သူသည်လွယ်ကူသည့် လူတစ်ယောက်မဟုတ်ဘူးဆိုတာ ထင်ရှားလှပေသည်။

"ဘာကိုမှမရွေးချယ်ဆိုရင်ကော… မင်း ဘာလုပ်မလဲ”

ကျိုးဟောင်က ကျိယောင်ယွဲ့ကို သူ့နောက်ဘက်သို့ ဆွဲသွင်းပြီး‌နောက် ပြန်ပြောလိုက်လေသည်။ ဒီလူ ရုတ်တရက်ထပြီး ကျိယောင်ယွဲ့အား တိုက်ခိုက်လာမည်ကို သူစိုးရိမ်နေခဲ့လေသည်။

"ကျွတ်စ်..."

ရပ်ကြည့်နေကြသော ကြေးစားစစ်သားများဆီမှအသံများထွက်လာခဲ့လေသည်။ ကျိုးဟောင် ဒီလောက် ခေါင်းမာလိမ့်မည်လို့ သူတို့ မထင်ထားခဲ့ကြပေ။ ဒုတိယအဆင့်ကြေးစားအဖွဲ့တစ်ခု၏ ခေါင်းဆောင်တစ်ယောက်ရှေ့မှာတောင် ဒီလို ပြောရဲသည့်သတ္တိအားဘယ်ကရခဲ့လဲဆိုတာ နားမလည်နိုင်ကြပေ။

သူတို့အမြင်အရ ကျိုးဟောင်ဟာ ဒီအသက်လတ်အရွယ်လူ၏ ပြိုင်ဘက် မဖြစ်နိုင်ဘူးဆိုတာ ထင်ရှားလှပေသည်။

“အစ်ကိုကြီး… ဒီလူ ဒီလောက် အရှက်မဲ့နေပြီဆိုမှတော့ သင်ခန်းစာပေးလိုက်ကြရအောင်”

ဘေးနားက ကြေးစားစစ်သားတစ်ယောက် မခံမရပ်နိုင်ဖြစ်ပြီး ထွက်ပြောလာလေသည်။ သူ့မျက်လုံးတွေထဲတွင် ဒေါသရိပ်များပြည့်နှက်‌နေပြီး ကျိုးဟောင်ရဲ့ စကားတွေက သူ့ကိုပါ အရှက်ခွဲလိုက်သလို ခံစားမိနေလေသည်။

“ဟုတ်တယ်အစ်ကိုကြီး ဒီလိုစော်ကားတာမျိုးကိုခွင့်မလွှတ်သင့်ဘူး"

“ဒီလို စော်ကားတာကိုလျစ်လျူရှူပေးလို့မရဘူး။ ပထအဆင့်ကြေးစားအဖွဲ့တွေတောင်မှ အဲ့လိုလာလုပ်လို့မရဘူး"

ဘေးနားက ကြေးစားစစ်သားများမှာလည်း ဆက်တိုက် အော်ဟစ်လာကြလေသည်။ သူတို့အတွက် ဒီလိုစကားမျိုးဟာ အကြီးမားဆုံး စော်ကားမှုတစ်ခုပင် ဖြစ်လေသည်။

ဟားဗတ်မိသားစု၏အကြီးဆုံးသားကတော့ မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားနေခဲ့လေသည်။

“အစ်ကိုကြီး.... ကျွန်တော်သေသွားနိုင်တာကို ဂရုမစိုက်တာလား။ဒီလို ဆက်လုပ်နေရင် ပြန်ရောက်တာနဲ့ မိဘတွေကို ပြောပြီး အစ်ကိုကြီးရဲ့ အမွေဆက်ခံခွင့်ကို ဖယ်ရှားခိုင်းမယ်”

မြေပြင်ပေါ်တွင် လဲနေသောလူငယ်ကလည်း၀င်‌ပြောလေသည်။ ဒီလို ခြိမ်းခြောက်မှုမျိုးကို သုံးတိုင်း သူ့အစ်ကိုကြီးက အမြဲတမ်းအလျှော့ပေးခဲ့တာကြောင့် ဒီတစ်ခါလည်း အလုပ်ဖြစ်မည်လို့ သူယုံကြည်နေခဲ့လေသည်။

ထိုစကားကိုကြားပြီးနောက် ဟားဗတ်မိသားစု၏ အကြီးဆုံးသားရဲ့ မျက်နှာအမူအရာမှာ လုံး၀တင်းမာသွားခဲ့လေသည်။ ဒီအကြောင်းကို ကြားတိုင်း သူ့စိတ်ထဲမှာ အလွန်မသက်မသာ ဖြစ်ရတတ်ပေသည်။

ဒါပေမယ့် ဒီကိစ္စကလည်း သူ၏အားနည်းချက်တစ်ခု ဖြစ်နေတာတော့ အမှန်ပင် ဖြစ်လေသည်။ ဒီညီလေးကို မိသားစုက အလွန် ချစ်မြတ်နိုးထားပြီး အနည်းငယ် မျက်နှာသာပေးလိုက်ရုံနဲ့ မိသားစုရဲ့ အမြင်တောင် ပြောင်းသွားနိုင်တတ်လေသည်။ ဒီလို ခြိမ်းခြောက်ခံရတာကို သူ အကြိမ်ပေါင်း များစွာ ခံခဲ့ရပြီးသား ဖြစ်လေသည်။

“ဟဲဟဲ… ဘာကိုမှမရွေးချယ်ဘူးဆိုရင်တော့ သေဖို့သာပြင်ထားလိုက်တော့"

ဟားဗတ်မိသားစု၏အကြီးဆုံးသားက အေးစက်စွာ ပြောလိုက်လေသည်။ ဒီလို ခေါင်းမာတဲ့ လူငယ်မျိုးကို သူ အများကြီး တွေ့ဖူးပြီးသား ဖြစ်လေသည်။ ဒါပေမယ့် အဆုံးသတ်ကတော့ ကောင်းတာ မရှိခဲ့ကြပေ။ ဟားဗတ်မိသားစုကလူကို မစော်ကားသင့်ဘူးဆိုတာ သူတို့ မသိခဲ့ကြလေသလား။

“ဟုတ်တယ်အစ်ကိုကြီး… ပြန်ရောက်ရင် ဟာရုကို ကိုလည်း မင်းဆီ ပြန်ပို့ပေးမယ်”

မြေပြင်ပေါ်က ဟားဗတ်လူငယ်က အပြုံးအပြည့်နဲ့ ပြောလိုက်လေသည်။သူသည် သူ့အစ်ကို ကြိုက်သည့်အရာမှန်သမျှကို အမြဲ လုယူတတ်သူဖြစ်ပြီး မိန်းမတွေတောင်မှ ပါဝင်လေသည်။

ဒီစကားကြားပြီးနောက် အစ်ကိုကြီးဖြစ်သူ၏ မျက်နှာထားမှာပိုပြီး ဆိုးရွားသွားခဲ့လေသည်။ မနှစ်မြို့စရာ ကောင်းသည့်အရာတစ်ခုကို စဉ်းစားမိလိုက်သလို ဖြစ်နေခဲ့လေသည်။

ဘေးနားက လူတွေကတော့ စိတ်ဝင်စားသောအမူအရာများဖြင့် ကြည့်နေကြလေသည်။ မိသားစုတိုင်းမှာ ဒီလို မတရားမှုတွေ ရှိတတ်ပေမယ့် ဟားဗတ်မိသားစုက အမြဲ ဖုံးကွယ်ထားခဲ့တာကြောင့် ဘယ်သူမှ အမှန်တရားကို မသိခဲ့ကြပေ။ ဒီလို ဉာဏ်နည်းတဲ့ လူငယ်တစ်ယောက်ကြောင့် အနည်းငယ် ပေါက်ကြားသွားခဲ့ခြင်းပင် ဖြစ်လေသည်။

ဒီစကားတွေကြားပြီးနောက် လူတိုင်း၏စိတ်ထဲတွင် မသင့်တော်‌သောအတွေးများပေါ်လာခဲ့ကြလေသည်။

“မင်းက တကယ့်ကို အစ်ကိုတစ်ယောက်အနေနဲ့ မအောင်မြင်ခဲ့ဘူးပဲ…”

ကျိုးဟောင်က ဟားဗတ်မိသားစု၏အကြီးဆုံးသားကို ကြည့်ရင်း ပြောလိုက်လေသည်။ ဒီလို အခြေအနေက သူ့ရဲ့ စိတ်ထဲမှာ နာကျင်မှုတစ်ခု ဖြစ်နေတာကို သူမြင်နိုင်ခဲ့သည်။ ဒီအားနည်းချက်ကို အသုံးချနိုင်ရင် ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့ ဖြစ်နိုင်ချေ ရှိနေခဲ့လေသည်။

ဘေးနားက လူတွေကလည်း နားလည်သွားတဲ့ မျက်နှာထားတွေ ပေါ်လာခဲ့ကြလေသည်။ ခဏအတွင်းမှာပင် ဟားဗတ်မိသားစု၏အကြီးဆုံးသားဟာ လူတိုင်းရှေ့တွင် အဝတ်ချွတ်ခံလိုက်ရသလို ခံစားလိုက်ရပေသည်။

ဒါပေမယ့် ညီလေးအတွက်မရပ်တည်ပေးလို့လည်းမဖြစ်တာကြောင့် သွားကို ကြိတ်ပြီး ချက်ချင်း ပြောလိုက်လေသည်။

“ဒီလိုလုပ်မယ်… လောင်းကြေး တစ်ခု သတ်မှတ်ကြမယ်။မင်းရှုံးရင် ဒူးထောက်ပြီး တောင်းပန်ရမယ်။ငါရှုံးရင်တော့ မင်းကို အမှတ် ၁ထောင် ပေးမယ်… ဘယ်လိုလဲ”

“ကြေးစားတပ်ဖွဲ့ရဲ့‌ ခေါင်းဆောင်တစ်ယောက်အနေနဲ့ လူသစ်တွေကို အနိုင်ကျင့်တယ်လို့တော့ မထင်စေချင်ဘူး"

ဟားဗတ်မိသားစု၏အကြီးဆုံးသားက အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဒီအကြံကို တွေးထုတ်လာခဲ့ခြင်း ဖြစ်လေသည်။ မြေပြင်ပေါ်က သူ့ညီငယ်အတွက် အင်အားအပြည့် သုံးပြီး လက်စားချေရမည်ကို သူ လုံးဝ မကြိုက်နှစ်သက်ပေ။

ထို့အပြင် သူ့ရှေ့က ကျိုးဟောင်၏ အင်အားကလည်း သာမန်မဟုတ်ဘူးဆိုတာကို သူခံစားမိနေခဲ့သည်။ တကယ်လို့တိုက်ပွဲဖြစ်သွားပါက ဘယ်သူအနိုင်ရမလဲဆိုတာ တကယ် မသေချာပေ။

သူ့ကို ခြိမ်းခြောက်နေသည့်ဒီလိုညီငယ်တစ်ယောက်အတွက် သူ့အသက်ကို မစွန့်စားချင်ပေ။ လက်ကျိုးသွားတဲ့ သူ့ညီငယ်က အခုအခြေအနေဖြင့် မိသားစုအမွေကို ဘယ်လိုဆက်ခံနိုင်မလဲဆိုတာကိုလည်း သူကြည့်ချင်နေခဲ့လေသည်။

“ဘယ်လို လောင်းကြမလဲ”

ကျိုးဟောင်သည်လည်း စိတ်ဝင်စားသွားခဲ့လေသည်။ အသက်နဲ့ အသက်ချင်း ရင်ဆိုင်တာထက် လောင်းကြေးနဲ့ ဖြေရှင်းရတာ ပိုကောင်းလှပေသည်။ အမှတ် ၁ထောင်နဲ့သာ ဆိုရင် သူ လုပ်နိုင်တာတွေ အများကြီး ရှိနေခဲ့လေသည်။

“မင်း ရဲ့အမြန်နှုန်းကလည်းမနှေးဘူးထင်တယ်…ကဲ ဒါဆို အမြန်နှုန်းချင်းပြိုင်ကြမယ် ဘယ်လိုလဲ။ သုံးစက္ကန့်အတွင်း ငါ့ဆီက ပစ္စည်းတစ်ခုကို ယူနိုင်ရင် ငါရှုံးတယ်လို့ သတ်မှတ်မယ်”

မြေပြင်ပေါ်က လူငယ်က ဒီစကားကြားပြီး အလွန် ဒေါသထွက်သွားခဲ့လေသည်။ သူ့အစ်ကိုသည်သူ့အတွက် လက်စားမချေပေးခြင်းကိုမကျေနပ်ပေ။ သို့သော် အမြန်နှုန်းချင်းပြိုင်မယ်ဆိုသည်ကို ကြားလိုက်ရချိန်မှာတော့ မာန်တက်သွားခဲ့လေသည်။

သူ့အစ်ကို၏အမြန်နှုန်းသည်လူတိုင်းထက် ပိုမြန်ပြီး မိသားစုထဲမှာတောင် အတော်များများက သူ့အမြန်နှုန်းအားလိုက်မမှီကြပေ။

“ကောင်းပြီ... လက်ခံတယ်”

ကျိုးဟောင်က အလွန် လွယ်လွယ်ကူကူပင် သဘောတူလိုက်လေသည်။ သူကျွမ်းကျင်တဲ့ အရာမှာတောင် အနိုင်မရရင် ဒီလူကို ရင်ဆိုင်နိုင်ဖို့ အခွင့်အလမ်း လုံးဝ မရှိတော့ဘူးဆိုတာ သူသိနေခဲ့သည်။

ကျိယောင်ယွဲ့ကတော့ ဘေးနားတွင် စိုးရိမ်နေသော မျက်နှာလေးဖြင့် ရပ်နေခဲ့လေသည်။ သို့သော် မြှားကို လေးတွင်တင်ပြီးသား ဖြစ်သည့်အတွက် ပစ်လိုက်ရုံသာ ရှိတော့လေသည်။

လူတိုင်းက‌တော့ဟားဗတ်မိသားစုရဲ့ နံပါတ်တစ် အမြန်နှုန်းကျွမ်းကျင်သူနဲ့ ပြိုင်ရဲတဲ့ လူရှိတယ်ဆိုတာ ကြားပြီး‌နောက်ကမ္ဘာပေါ်က အရယ်အမောဆုံး ဟာသကို ကြားလိုက်ရသလို ခံစားမိကြလေသည်။

သုံးစက္ကန့်အတွင်း ဖြစ်ရမယ်ဆိုတာကြောင့် ပြိုင်ပွဲက စတောင်မစရသေးခက် အဆုံးသတ်သွားပြီလို့ သူတို့ ယုံကြည်နေခဲ့ကြလေသည်။

....................................................................................

အခန်း (၈၄၃) ပြီးပါပြီ။

--

All Chapters