← Chapters

အခန်း ၈၄၄

Vol. 57 Ch. 844

အခန်း ၈၄၄

Vol. 57 Ch. 844

အခန်း (၈၄၄) : သုံးစက္ကန့်ကောင်

ကျိယောင်ယွဲ့သာလျှင် ကျိုးဟောင်ရဲ့တကယ့်စွမ်းအားအစစ်အမှန်ကို သိသူဖြစ်လေသည်။ အင်အားချင်းယှဉ်ပြိုင်မယ်ဆိုရင်တော့ ကျိုးဟောင်ဟာ ဟားဗတ်မိသားစုက လူငယ်ထက် အနည်းငယ်နိမ့်နိုင်ပေမယ့် အမြန်နှုန်းကတော့ ပိုမိုသာလွန်လေသည်။

“ကြည့်ပါဦး… ဟားဗတ်မိသားစုကအမွေဆက်ခံသူနဲ့ အမြန်နှုန်းချင်းပြိုင်ဖို့ စိန်‌ခေါ်ရဲတဲ့သူ ရှိသေးတယ်ဟေ့..."

“ ဟား ဟားး ....ဒီကောင်က တကယ်လည်းသုံးစက္ကန့် ကောင်ပဲ ဖြစ်မယ်ထင်တယ်"

“ဟားဟား… အမှန်တွေလျှောက်မပြောနဲ့လေ တဖက်သူ စိတ်မကောင်းဖြစ်သွားမယ်…”

ကြေးစားစစ်သားများက တီးတိုးပြောဆိုနေကြလေသည်။ သူတို့အမြင်အရ ကျိုးဟောင်သည် ကိုယ့်ကိုယ်ကို သေမင်းဆီ တွန်းပို့နေသည်နှင့် မခြားပေ။ ထို့အပြင် ဒီလောင်းကြေးကလည်း လုံးဝ မညီမျှတဲ့ လောင်းကြေးတစ်ခု ဖြစ်နေခဲ့လေသည်။

သို့သော် ကျိုးဟောင်က သူတို့ရဲ့ အပြစ်ပြောစကားများကို စိတ်ထဲမထားပေ။ တခြားလူတွေက မိုက်မဲနေတိုင်း သူပါလိုက်မိုက်မဲရမည်ဆိုတာမျိုး မရှိပေ။

ဟားဗတ်မိသားစု၏ အကြီးဆုံးသားကတော့ မာန်တက်နေသည့် ဒေါင်းတစ်ကောင်လို ဖြစ်နေပြီး မာနတံခွန်က မိုးထိမတတ် မြှောက်ထားသလို ဖြစ်နေခဲ့လေသည်။ လူအများကြားထဲတွင် အားပေးအားမြှောက်အလုပ်ခံရသည့် ခံစားချက်ကို သူ အရမ်းနှစ်သက်လေသည်။

မြေပြင်ပေါ်မှာ လဲနေသည့်လူငယ်တောင်မှ ငြီးတွားသံများ ရပ်သွားခဲ့လေသည်။ ကျိုးဟောင်က သူ့ခြေထောက်အောက်မှာ ဒူးထောက်ပြီး တောင်းပန်နေမည့်ပုံရိပ်ကို တွေးမိရုံနဲ့တင် သူ့စိတ်ထဲမှာ အလွန်‌ ပျော်ရွှင်သွားခဲ့သည်။ အရင်က ပြင်းထန်စွာ နာကျင်နေသည့်လက်တောင်မှ အခုချိန်တွင် မနာတော့သလို ခံစားရလေသည်။

သူ့အစ်ကိုကြီးက အရင်လိုပဲ ခြိမ်းခြောက်ရင် နားထောင်မယ့်သူ ဖြစ်နေဆဲပဲလို့ သူထင်နေခဲ့လေသည်။ အဲ့ဒီမိန်းမနဲ့ ပျော်ပါးရသည်မှာလည်း ငြီးငွေ့နေပြီဖြစ်သောကြောင့် သူ့အစ်ကိုကြီးထံ ပေးလိုက်ရင်‌ တောင်မှ ဘာမှမဖြစ်ဘူးလို့ သူတွေးနေခဲ့လေသည်။

“အစ်ကိုကြီးက သေချာပေါက် ငါ့အတွက် လက်စားချေပေးမယ်ဆိုတာ ငါသိတယ်။ အမှန်တော့ အစ်ကိုကြီးက ဟာရုကို ကို မမေ့နိုင်သေးဘူးပဲ။အစ်ကိုကြီးနာမည်ကိုပဲ သူက အမြဲ ရေရွတ်နေခဲ့တာ"

ထိုလူငယ်က မစဉ်းစားဘဲ ဆက်ပြောနေခဲ့လေသည်။ သူက မိသားစုရဲ့ အလိုလိုက်မှုကို အားကိုးပြီး အစ်ကိုကြီးကို ဘယ်တုန်းကမှ မလေးစားခဲ့သူ ဖြစ်လေသည်။ သူ့အစ်ကိုကြီးကြိုက်တဲ့အရာတိုင်းကို လူဖြစ်ဖြစ် ပစ္စည်းဖြစ်ဖြစ် မမေးမမြန်းဘဲ လုယူတတ်သူပင် ဖြစ်လေသည်။

ဒီလို ယုတ်မာပြီး အရှက်မဲ့တဲ့ ညီလေးတစ်ယောက် ရှိနေရခြင်းက သူ့အတွက် ကမ္ဘာမှားပြီး ပြန်မွေးလာသကဲ့သို့ ခံစားရလေသည်။ ဒီလိုအခြေအနေကို ကိုယ်တိုင် ကြုံဖူးသူသာ နားလည်နိုင်မည် ဖြစ်လေသည်။

ရယ်မောရဲတဲ့သူ မရှိကြပေမယ့် လူတိုင်းရဲ့ မျက်နှာအမူအရာက အရင်ထက် ပိုပြီး ထူးဆန်းလာခဲ့လေသည်။ ဟားဗတ်မိသားစု၏ အကြီးဆုံးသားက သူကိုယ်တိုင် ဒီကမ္ဘာပေါ်တွင် အကြီးဆုံး ဟာသကြီးတစ်ခု ဖြစ်သွားသလို ခံစားလိုက်ရလေသည်။

ကျိုးဟောင်ရဲ့ အင်အားက သူ့ထက် နည်းနည်း နိမ့်ပေသည်။ သူသည် ကိုယ့်မိန်းကလေးကိုတောင် မကာကွယ်နိုင်သည့်ငကြောက်တော့အဖြစ်မခံလိုပေ။

“အစ်ကိုကြီး… ဒီကိစ္စကို သေချာလုပ်ပေးရင် ကျွန်တော့်ကတိကိုတည်ပါ့မယ်။ဘာပဲဖြစ်ဖြစ် မကြာခင် ငါ့မှာ အချစ်အသစ် ရလာတော့မှာလေ"

မြေပြင်ပေါ်တွင်လဲနေသော ဟားဗတ်မိသားစုကလူငယ်က ကျိယောင်ယွဲ့ကို စူးရှသောမျက်လုံးများဖြင့်စိုက်ကြည့်နေဆဲပင် ဖြစ်လေသည်။ သူကြိုက်တဲ့ မိန်းမကို တွေ့ရင် မည်သည့်နည်းနဲ့မဆို ရယူဖို့ ကြိုးစားမယ့်သူ ဖြစ်လေသည်။ မိသားစုအင်အားကို သုံးရမယ်ဆိုရင်တောင် သူ တွန့်ဆုတ်နေမည်မဟုတ်ပေ။

“ဖြန်း...."

"ငါ့ကို အဲ့လို မျက်လုံးနဲ့ ကြည့်ရဲတယ်လား”

ကျိယောင်ယွဲ့က သူ့ရဲ့ မကောင်းတဲ့ မျက်လုံးများဖြင့်ကြည့် နေခြင်းကို ခံစားမိပြီးချက်ချင်းတုံပြန်လိုက်လေသည်။ သူ့မျက်နှာကို လက်ဝါးတစ်ချက်ဖြင့် ရိုက်နှက်လိုက်သောအခါ သူ့ဆံပင်တစ်လျှောက် မီးများတောက်လောင်သွားခဲ့လေသည်။ ဒီလို မျက်လုံးနှင့် ကြည့်ရဲတဲ့အတွက် အပြစ်ပေးရမည် ဖြစ်လေသည်။

စက္ကန့်အနည်းငယ်အတွင်း သူ့ဆံပင်အားလုံး လောင်ကျွမ်းသွားခဲ့သည်။ အံ့သြစရာကတော့ မီးဟာ တခြားနေရာတွေကို မပျံ့နှံ့သွားခြင်းပင် ဖြစ်လေသည်။ ဒီလို မီးစွမ်းအားကို ထိန်းချုပ်နိုင်တာက သာမန်လူ မလုပ်နိုင်တဲ့အရာပင် ဖြစ်လေသည်။

ဟားဗတ်မိသားစု၏ အကြီးဆုံးသားတောင်မှ မျက်လုံးပြူးသွားခဲ့လေသည်။ ဘာကြောင့်မှန်းမသိပေမယ့် သူ့စိတ်ထဲတွင် အနည်းငယ် ပေါ့ပါးသွားသလို ခံစားလိုက်ရလေသည်။ ခေါင်းပြောင် ဖြစ်သွားသည့် ညီလေးကို မြင်ရခြင်းက သူ့အတွက် လက်စားချေပေးလိုက်သလို ခံစားမိခဲ့လေသည်။

“မင်းက အရမ်း မာန်တက်လွန်းတယ်။ငါ့ရှေ့မှာတောင် ဟားဗတ်မိသားစုကလူကို ရိုက်ရဲတယ်ပေါ့...”

ဟားဗတ်မိသားစု၏ အကြီးဆုံးသားရဲ့ အသံက အရင်ကလို မာန်မပါတော့ပေ။ ဒီကိစ္စထဲ ဝင်မပါချင်တော့ဘူးဆိုတာ ထင်ရှားလှပေသည်။

“ခွီ..."

“ဟား...ဟား...ဟား..."

ကြေးစားစစ်သားများမှာမထိန်းနိုင်ဘဲ ရယ်မောသံများထွက်လာကြလေသည်။ ဟားဗတ်မိသားစုရဲ့ သခင်လေးဆိုသူမှာ ကတုံး ဖြစ်သွားလိမ့်မည်လို့ သူတို့ မထင်ထားခဲ့ကြပေ။ ထို့အပြင် သူသည်ကိုယ့်အနေအထားကို သိမြင်နိုင်စွမ်းတောင် မရှိသေးဘဲ မျက်နှာပေါ်တွင် မောက်မာမှုနဲ့ မကောင်းတဲ့ ဆန္ဒတွေ ပြည့်နှက်နေဆဲပင် ဖြစ်လေသည်။

“ရိုက်တာက ချစ်လို့ဖြစ်ပြီး ဆူတာက မေတ္တာရှိလို့ပဲ။ အစ်ကိုကြီး… စိတ်မပူပါနဲ့ ငါ အိပ်ရာပေါ်မှာ သူမကို အနိုင်ယူပေးမယ်”

မြေပြင်ပေါ်ရှိလူငယ်က ဆက်ပြီး အရှက်မဲ့ သောစကားများကို ပြောနေခဲ့လေသည်။

ကျိုးဟောင်ရဲ့ မျက်နှာလုံး၀ မည်းမှောင်သွားခဲ့လေသည်။ သူ့လက်သီးတစ်ချက်တည်းဖြင့်ဒီလူငယ်ကို ကောင်းကင်ဘုံ ပို့မိသွားမလားဆိုတာကို သူ စိုးရိမ်နေခဲ့သည်။ ဟားဗတ်မိသားစုကထိုလူငယ်အား မထိန်းပါက သူကိုယ်တိုင် သင်ခန်းစာပေးရတော့မည် ဖြစ်လေသည်။

“လူကြီးမင်း… လောင်းကြေးထဲကို အခြေအနေတစ်ခု ထပ်ထည့်ရအောင် တကယ်လို့ ကျုပ်နိုင်ခဲ့ရင် ဒီ ကောင်ကိုရိုက်ခွင့်ပေးပါ ဒါပေမယ့် အသက်သေ အောင်တော့မလုပ်ဘူး”

အမြဲတမ်း အေးဆေးတည်ငြိမ်တဲ့ ကျိုးဟောင်တောင် ဒီအချိန်မှာတော့ ဒီကောင်လေးကို ရိုက်နှက်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။

“ဟုတ်ပြီ... မင်းရှုံးရင်တော့ ငါ့ဘေးမှာ သုံးနှစ်တိတိ အလုပ်လုပ်ရမယ်… ဘယ်လိုလဲ”

ဟားဗတ်မိသားစု၏အကြီးဆုံးသား နှင့် ကျိုးဟောင်တို့ ချက်ချင်း သဘောတူညီမှု ရခဲ့ကြလေသည်။ ကျိုးဟောင်ကို သူ့အောက်မှာ ထားနိုင်ရင် ကိစ္စအားလုံးကိုဖြေရှင်းရ ပိုမိုလွယ်ကူသွားမည် ဖြစ်လေသည်။

“ဒါဆို… ပြိုင်ပွဲ စကြတာ...."

ဟားဗတ်မိသားစု၏ အကြီးဆုံးသား၏စကားမဆုံးသေးခင်မှာပင် သူ့ရှေ့ကနေ အနက်ရောင် အရိပ်တစ်ခု လျင်မြန်စွာ ဖြတ်သန်းသွားခဲ့လေသည်။

အခြားလူတွေ မျက်လုံးထဲမှာတော့ ကျိုးဟောင်က ကြောက်လန့်ပြီး နေရာမရွှေ့ဘဲ ကြောင်ရပ်နေသလိုပဲ ထင်ရလေသည်။

“ငါပြောတယ်နော်… သူက လူကြီးမင်းဘေးမှာ နေရဖို့ လုပ်နေတာဖြစ်မယ်"

“သုံးစက္ကန့်အတွင်း ဘယ်သူက လုပ်နိုင်မှာလဲ”

ဟားဗတ်မိသားစုကအမွေဆက်ခံသူနဲ့ လောင်းရဲတာ သေချင်နေလို့ပဲဖြစ်မယ်"

“တောင်းပန်ဖို့ ပြင်ထားတော့....”

“လူသစ်လေးကို ဒီလောက်ထိလုပ်တာတော့ နည်းနည်း လွန်သွားပြီထင်တယ်"

လူတချို့က သနားနေကြပြီး တချို့ကတော့ ဝမ်းသာကြကာ တချို့ကတော့ ဘေးကနေသာ ကြည့်နေကြလေသည်။

“ဒီတစ်ခါ…”

စကားမပြီးသေးခင်မှာပင် သူ၏အရေးအကြီးဆုံး ပစ္စည်းတစ်ခု ပျောက်သွားတာကို ခံစားမိလိုက်လေသည်။ သူ့မျက်နှာအရောင်မှာ ချက်ချင်း ပြောင်းလဲသွားခဲ့လေသည်။

သူနှင့်အနီးကပ်ဆုံး ပစ္စည်းကို ကျိုးဟောင်က ယူသွားခဲ့တာခြင်းကို သူ မသိခဲ့ပေ။သူ့မျက်လုံးတွေထဲမှာ ကြောက်ရွံ့မှု ပြည့်နှက်သွားခဲ့လေသည်။

ဒီလို အမြန်နှုန်းရှိတဲ့ လူတစ်ယောက်အတွက် တစ်စုံတစ်ယောက်ရဲ့ အသက်ကို နှုတ်ယူခြင်းက လက်ဖက်စားသလို လွယ်ကူလှပေသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံး ချွေးစေးများ ထွက်လာခဲ့‌လေသည်။ဒီတစ်ခါတော့ သူ တကယ့်ကို စွမ်းအားကြီးတဲ့ ပြိုင်ဘက်တစ်ယောက်နဲ့ ရင်ဆိုင်တွေ့ခဲ့ပြီ ဖြစ်လေသည်။

....................................................................................

အခန်း (၈၄၄) ပြီးပါပြီ။

--

All Chapters