← Chapters

အခန်း ၈၄၇

Vol. 57 Ch. 847

အခန်း ၈၄၇

Vol. 57 Ch. 847

အခန်း (၈၄၇) : မင်းက မဆိုးဘူးပဲ

“မင်းက ငါ့ကို တောင်းပန်စေချင်တယ်လား။ မဖြစ်နိုင်ဘူး..."

လင်းထျန်၏ စိတ်ဓာတ်မှာ အလွန် ခိုင်မာနေဆဲဖြစ်လေသည်။ အသက်အန္တရာယ်ကြုံနေရသော်လည်း အသက်ရှင်ဖို့အတွက် ကိုယ့်မာန်မာနကို ပစ်ချမည့်သူမျိုး မဟုတ်ခဲ့ပေ။ လူတစ်ယောက်ဆိုသည်မှာ အနိုင်မခံအရှုံးမပေးသော စိတ်ဓာတ်ဖြင့် နေထိုင်သင့်လေသည်။

“အသက်ရှင်ရတာ ဘယ်လောက် ပျော်စရာကောင်းနေလို့ သေရမှာကိုကြောက်နေရမှာလဲ”

လင်းထျန်က မျက်လုံးများကို ချက်ချင်းပိတ်လိုက်ပြီး ချာလီကူရိုကို လုံးဝ ဂရုမစိုက်တော့ပေ။ ဒီကိစ္စဟာ အစကတည်းက သူ့အပြစ်ဖြစ်နေတာကိုတောင်လူကို တောင်းပန်စေချင်သေးလေသည်။ ဒီလိုလူမျိုးကို အခွင့်အရေးပေးဖို့ မဖြစ်နိုင်ပေ။

“ကောင်းပြီ… မင်းရဲ့ ဆန္ဒကို ငါဖြည့်ဆည်းပေးရတာ‌ ပေါ့"

ချာလီကူရို၏ လက်သီးသည် လင်းထျန်၏ ခေါင်းဆီသို့ ပြင်းထန်စွာ ၀င်ရောက်လာခဲ့လေသည်။ သို့သော် လင်းထျန် မျှော်လင့်ထားသည့် နာကျင်မှုမှာ မရောက်လာခဲ့ပေ။ သူခံစားလိုက်ရသည်မှာ ခေါင်းအပေါ်ဘက် စင်တီမီတာအနည်းငယ်အကွာတွင် လေပြင်းတစ်ခု ရပ်တန့်သွားသလို ခံစားချက်သာ ဖြစ်လေသည်။

တစ်မိနစ်ခန့်ကြာပြီးနောက် လင်းထျန် မျက်လုံးဖွင့်လိုက်ရာ အံ့အားသင့်စရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

ကျိုးဟောင်သည် သူ့ဘက်သို့ အလွန်လျင်မြန်စွာ ရောက်လာပြီး ချာလီကူရို၏ လက်သီးကို အလွယ်တကူ ဖမ်းတားထားခဲ့လေသည်။

“အစ်ကို… ကျွန်တော် ရောက်လာပြီ”

ကျိုးဟောင်က လင်းထျန်၏ အခြေအနေကို ခံစားကြည့်လိုက်‌သောအခါ လင်းထျန်၏ အငွေ့အသက်မှာ အလွန်အားနည်းနေကြောင်း ချက်ချင်း သိလိုက်ရ‌လေသည်။ အလွန်ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး အချိန်နည်းနည်းသာ နောက်ကျခဲ့ပါက ပြန်လည် မကုသနိုင်သော အခြေအနေထိ ရောက်သွားနိုင်ပေသည်။

ကျိုးဟောင်၏ မျက်နှာတွင် ဒေါသများပြည့်နှက်နေပြီး အကြည့်များမှာလည်း ရေခဲသမျှအေးစက်ပြင်းထန်နေခဲ့လေသည်။ မြင်သူတိုင်း ကြောက်ရွံ့သွားစေမည့် အအေးစက်မှုမျိုးဖြစ်လေသည်။

ကျိယောင်ယွဲ့က အလျင်အမြန်ပင် လင်းထျန်အား ထူကာ မတ်တပ်ရပ်စေပြီး သူ့ဘေးတွင် ရပ်နေလိုက်လေသည်။ သူမကိုယ်တိုင်လည်း မကြာသေးမီကပင် အနိုင်ကျင့်ခံထားရပြီး လင်းထျန်ပါ အန္တရာယ်ကြုံနေရမည်လို့ မထင်ထားခဲ့သဖြင့် မျက်လုံးများ နီရဲလာသည်အထိဒေါသထွက်နေခဲ့လေသည်။

ဘာကြောင့် ဒီလူတွေက သူတို့ကိုသာ ဆက်တိုက် အနိုင်ကျင့်နေကြပါသနည်း။ သူတို့က လူသစ်များဖြစ်နေပြီး အင်အားနည်းခြင်းကြောင့်ခုလိုပြုမူခြင်းခံရလေသလားလို့ စဉ်းစားမိရင်း စိတ်ထဲတွင် နာကျင်သွားခဲ့လေသည်။

“ ငါ့အစ်ကိုကို အလွန်အကျွံအနိုင်ကျင့်ပြီး အသက်သေခါနီးအထိဖြစ်အောင်လုပ်တာ မင်းမှတ်လား"

ကျိုးဟောင်က သူ့ရင်ထဲကဒေါသမီးကို ထိန်းချုပ်ထားရင်း ပြောလိုက်လေသည်။ ချာလီကူရိုသည် အင်အားကြီးသော်လည်း ကျိုးဟောင်၏ လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ အနည်းငယ် ကြောက်ရွံ့သွားခဲ့လေသည်။

သူ့လက်သီးကို လက်ဗလာဖြင့် ဖမ်းယူနိုင်ပြီး ထိုမျှ လျင်မြန်စွာ လှုပ်ရှားနိုင်သူကို ယခင်က တစ်ခါမှ မတွေ့ဖူးခဲ့ပေ။ ဟားဗတ်မိသားစုဝင်များမှလွဲ၍ ဒီလိုလုပ်နိုင်သူ မရှိခဲ့ပေ။

သူ့မျက်နှာအရောင်မှာ ပြောင်းလဲသွားခဲ့လေသည်။ သို့သော် သူမမြင်နိုင်ခဲ့သည့် အရာတစ်ခုရှိနေခဲ့သည်။ကျိုးဟောင်၏ လက်ဖဝါးမှာ နည်းနည်း တုန်ယင်နေခဲ့ခြင်း ဖြစ်သည်။

ထိုလက်သီးတစ်ချက်ကြောင့် သူလည်း အနည်းငယ် ထိခိုက်သွားခဲ့လေသည်။ ဒီနေရာရှိလူတိုင်းက အလွန်အစွမ်းထက်လွန်းလှပေသည်။ လင်းထျန်ကို ကယ်ဖို့ အရေးကြီးနေခဲ့ခြင်းကြောင့်သာ ဒီလို လုပ်လိုက်ရခြင်းဖြစ်လေသည်။

“မင်းက အရမ်းအားကောင်းတယ်။ ဒီလေ့ကျင့်ရေးစခန်းထဲမှာ မင်းလိုလူမျိုး မတွေ့ဖူးဘူး။ မင်းကသေချာပေါက် လူသစ်ပဲ ဖြစ်ရမယ်”

ချာလီကူရိုကမေးလိုက်ခြင်းဖြစ်သော်လည်း သူ့လေသံမှာသေချာနေသည့်ပုံပေါက်လေသည်။ ဒီလိုအမြန်နှုန်းရှိသည့်လူပေါ်လာပါက ကျိန်းသေပေါက်ထိုသတင်းမှာ စခန်းတစ်ခုလုံးပျံ့နှံ့ကာ လူတိုင်းသိနေကြမည်ဖြစ်လေသည်။ ခုလိုလူသိပ်မသိသေးပုံအရ ဒီကောင်လေးသည် ကျိန်းသေပေါက်လူသစ်ဖြစ်ပေလိမ့်မည်။

“ဟုတ်တယ်… အဲ့တော့ ဘာဖြစ်လဲ”

ကျိုးဟောင်က ဒေါသအပြည့်ဖြင့် ပြန်ပြောလိုက်သည်။ အနားရှိ ကြေးစားစစ်သားများအားလုံး မယုံနိုင်အောင်ဖြစ်သွားပြီး အံ့အားသင့်သွားကြလေသည်။

“မင်းတို့ မသိကြသေးဘူးလား… ဒီအညှာတာကင်းတဲ့လူငယ်လေးက ဟားဗတ်မိသားစုက သခင်လေးကို သုံးစက္ကန့်အတွင်း အနိုင်ယူပြခဲ့တာ"

ကြည့်ရှုဖို့ အလျင်အမြန် ရောက်လာသော ကြေးစားစစ်သားများက ကျိုးဟောင်ကို မြင်လိုက်ရသည့်အခါ သရဲကို မြင်လိုက်ရသလို ဖြစ်သွားကြလေသည်။ ရှောင်ပုန်းနေတော့မည်လို့သူတို့ထင်ခဲ့သောလူသစ်လေးကဒီနေရာတွင်တဖန်ပြန်ပေါ်လာခဲ့လေသည်။

“အမှန်တကယ်လား... လိမ်နေတာမဟုတ်ဘူးလား"

“ဟားဗတ်မိသားစုရဲ့သခင်‌လေးက လွယ်လွယ်နဲ့အနိုင်ယူလို့ရတဲ့သူမျိုး မဟုတ်ဘူးနော်”

လူအများစုက မယုံကြည်ကြသေးပေ။ ဒီလို ဩဇာကြီးမားသူများကို လူမသိသူမသိ လူငယ်တစ်ယောက်က အနိုင်ရနိုင်မည်ဆိုတာ မယုံနိုင်စရာပင် ဖြစ်လေသည်။

“မယုံလည်း ရတယ် ဒါပေမယ့် နောက်ဆို ဒီလူငယ်ကိုတွေ့ရင် ဝေးဝေးကပဲရှောင်ရမယ်"

ထိုကြေးစားစစ်သားမှာ ပြောပြီးသည်နှင့် ချက်ချင်း ပြေးထွက်သွားခဲ့လေသည်။ အာဏာရှင်များ တိုက်ပွဲဖြစ်လာခဲ့ပါက အင်အားနည်းသူတွေသာ ထိခိုက်တတ်လေသည်။ထိုအချက်ကိုလူတိုင်းက အရမ်းကြောက်နေခဲ့ခြင်း ဖြစ်ပေသည်။

ဟားဗတ်မိသားစုက လျင်မြန်မှုကြောင့် နာမည်ကြီးသော်လည်း တကယ့်ခွန်အားအရတော့ ချာလီကူရိုက ဒုတိယအဆင့်အဖွဲ့များအတွင်း အင်အားအကြီးဆုံးဖြစ်ပေသည်။ ပထမအဆင့်အဖွဲ့ဘော့စ်တွေကတော့ ဘယ်လောက်အင်အားရှိတယ်ဆိုတာ မည်သူမျှ မသိကြပေ။

“မင်း ဒီကိစ္စကို လက်ခံလိုက်ပြီဆိုရင် သူ့အစား မင်းပဲ ခံလိုက်တော့.."

ချာလီကူရိုက ကျိုးဟောင်ဆီမှ ပြင်းထန်သော တိုက်ခိုက်လိုစိတ်ကို ခံစားလိုက်ရသည်။ ဒီလို တန်ဖိုးရှိတဲ့ ပြိုင်ဘက်ကို တွေ့ရခြင်းမှာ လွယ်ကူတဲ့ကိစ္စ မဟုတ်ပေ။

ကျိုးဟောင်၏ အင်အားဟာ သူ့ထက် နည်းနည်းနိမ့်ကြောင်း သိပေမယ့် မည်သို့ပင်ဖြစ်စေ သူသည်အလွန်စိတ်လှုပ်ရှားနေခဲ့လေသည်။

“ကောင်းပြီ… ဒါဆို ဘယ်သူ အနိုင်ရမလဲ ကြည့်ကြစို့”

ကျိုးဟောင်ဟာအမြဲတည်ငြိမ်စွာတုံပြန်တတ်သူဖြစ်သော်လည်း ဒီနေရာရှိလူများမှာ သူ့သည်းခံမှုအတိုင်းအတာအား ခဏခဏလာရောက်စမ်းသပ်နေကြလေသည်။

ဒီနေရာရှိထင်ပေါ်ကကျော်ကြားသူများကို နမူနာအဖြစ် အသုံးချရမည် ဖြစ်လေသည်။ နှစ်ဖက်စလုံး ပြင်းထန်စွာ ထိခိုက်ရင်တောင်မှ နောက်ထပ် ဘယ်သူမှ သူနှင့်ကျိယောင်ယွဲ့တို့အား လွယ်လွယ်နှင့် စော်ကားရဲတော့မည်မဟုတ်ပေ။

“ဟွန့်..."

ကြေးစားစစ်သားများအားလုံး အံ့အားသင့်သွားပြီး အာမေဍိတ်မျ ထွက်လာကြလေသည်။ ဒီလောက် မိုက်မဲသည့်လူကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

' ဘယ်သူ အနိုင်ရမလဲ' ဆိုသည့်စကားဟာ အင်အားတူညီသူတွေကြားမှာသာ ပြောသင့်သည့်စကားဖြစ် ပေသည်။ အခုတော့ နှစ်ဦးကြား အင်အားကွာဟချက်ဟာ အနည်းဆုံး သုံးဆင့်လောက် ရှိနေလေသည်။

“လူငယ်လေး… မင်းရဲ့ သတ္တိကို ငါလေးစားတယ်။ ဒါပေမယ့် ငါက သက်ညှာမပေးတတ်ဘူးနော်"

ချာလီကူရို၏ မျက်နှာပေါ်တွင် ရိုးသားသလို ပြုံးနေပေမယ့် မျက်လုံးထဲတွင်တော့ အေးစက်ခက်ထန်မှုသာ ရှိနေခဲ့သည်။ သူ့ကို သိသူများသာ ဒီအပြုံး၏ အဓိပ္ပာယ်ကို နားလည်ကြ‌သည်။ ဒီလို ပြုံးလာရင် အလုံးစုံ မညှာမတာပြုမူတော့မည် ဖြစ်လေသည်။

ချာလီကူရိုမှာ သူ့အတွက် အန္တရာယ်ရှိသည်ကိုခံစားလိုက်ရသဖြင့် လက်သီးအင်အားကိုရှစ်ဆယ်ရာခိုင်နှုန်းအထိတိုးမြှင့်ပြီး ကျိုးဟောင်ဆီသို့ ထိုးချလိုက်သည်။ လေခွင်းသံကြီးမှာ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့လေသည်။

အချိန်အတော်ကြာမှ ချာလီကူရို၏အင်အားအပြည့် လှုပ်ရှားလာမှုကို မြင်ရခြင်းကြောင့် လူအားလုံးမှာ အသက်တောင် မရှူရဲကြတော့ပေ။

ကြည့်နေသူတွေတောင် ထိုဖိအားကြောင့် အသက်ပင် ၀၀မရှုနိုင်တော့ပေ။ ကြောက်ရွံ့တတ်သူများမှာ မျက်လုံးများကိုပိတ်ထားလိုက်ကြလေသည်။ နောက်လာမည့် သွေးသံရဲရဲ မြင်ကွင်းကို သူတို့မကြည့်ရဲကြခြင်း ဖြစ်ပေသည်။

အရင်တုန်းက ချာလီကူရိုသည်လက်သီးတစ်ချက် တည်းဖြင့် လူတစ်ယောက်အား သွေးမှုန်များ ဖြစ်သွားသည်အထိ လုပ်ခဲ့ခြင်းကို သူတို့မြင်ဖူးကြပေသည်။ ဒီတစ်ခါလည်း အဲ့ကိစ္စတုန်းကလိုပင်ဖြစ်လာမည်မှာမလွဲဧကန်ဖြစ်ပေသည်။သူ လက်သီးသုံးလိုက်တိုင်း သွေးမြေကျတတ်လေသည်။

....................................................................................

အခန်း (၈၄၇) ပြီးပါပြီ။

--

All Chapters