← Chapters

အခန်း ၈၄၉

Vol. 57 Ch. 849

အခန်း ၈၄၉

Vol. 57 Ch. 849

အခန်း (၈၄၉) : လမ်းတွင် ကျားနှင့်တွေ့ကြုံခြင်း

လင်းထျန်၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့လေသည်။ ထို့အပြင် ဒဏ်ရာများလည်း အပြည့်အဝ မသက်သာသေးသောကြောင့် မတ်တပ်ရပ်လိုက်သည့်အချိန်မှာပင် မူးဝေသွားပြီး မြေပြင်ပေါ်သို့ ပြန်လဲကျသွားခဲ့လေသည်။

ဒီအချိန်မှာတော့ သူ့ကိုယ်သူစွမ်းအားမလုံလောက် မခိုင်မာသေးသည့်အတွက် အလွန်အမင်း မုန်းတီးနေခဲ့လေသည်။ သူ့ကြောင့်ပင် ကျိုးဟောင်လည်း ယခုလို ဒဏ်ရာအပြင်းအထန် ရသွားခဲ့ရခြင်း ဖြစ်လေသည်။

ကျိုးဟောင်သည် အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး အသက်ရှူသံမှာ မတည်မငြိမ် ဖြစ်နေခဲ့လေသည်။ ဒီရက်အနည်းငယ်အတွင်း ဆက်တိုက် တိုက်ပွဲများ ဆင်နွှဲခဲ့ရပြီး သူရင်ဆိုင်တွေ့ခဲ့သူများ၏ အင်အားမှာလည်း အမှန်တကယ် ထူးခြားလှပေသည်။

ကျိုးဟောင်ကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သေလောက်သည့်ဒဏ်ရာမဟုတ်သော်လည်း ခန္ဓာကိုယ်အတွက်တော့ အလွန်တရာမှ ခံစားနေရလေသည်။

သို့သော် လင်းထျန် စိုးရိမ်နေခဲ့သော အရာက နောက်ဆုံးတော့ ဖြစ်ပျက်လာခဲ့လေသည်။ကျိယောင်ယွဲ့ တစ်ယောက် ဆေးဝါးလဲလှယ်ရာနေရာမှ ထွက်လာစဉ်တွင် အစောပိုင်းက သူမနှင့် အပြင်းအထန် ပဋိပက္ခဖြစ်ခဲ့ဖူးသော ဟားဗတ် မိသားစုမှ လူများနှင့် မျက်နှာချင်းဆိုင် တွေ့ခဲ့လေသည်။

သူမသည် ချက်ချင်း လှည့်ထွက်ကာပြန်ဖို့ပြင်ဆင်လိုက်ပြီး ဒီလူများနှင့် အချိန်မဖြုန်းချင်တော့ပေ။ လက်ရှိအချိန်တွင် လင်းထျန်သည် အသက်ရှင်ဖို့အတွက် ဒီဆေးဝါးများကို စောင့်နေသောကြောင့် တစ်ခဏလောက်တောင်မှ နှောင့်နှေးလို့ မရတော့ပေ။

“ဒါဆိုရင် ဒါက ငါတို့သခင်‌လေးရဲ့ ချစ်သူလေး မဟုတ်လား"

“ဟုတ်တယ် သခင်လေး ဒဏ်ရာရထားတာ သိလို့ ဆေးလာပို့တာမှတ်လား"

ကြေးစားစစ်သားများ၏ မျက်လုံးများထဲတွင် မကောင်းသောအကြံအစည်များ ပြည့်နှက်လာခဲ့လေသည်။ သူတို့ထဲမှ တစ်ယောက်သည် ရှေ့သို့တိုးလာပြီး ကျိယောင်ယွဲ့၏ လက်ကို ဖမ်းဆွဲရန် ကြိုးစားလိုက်လေသည်။

ကျိယောင်ယွဲ့သည် ဒဏ်ရာကုသရန် ဆေးဝါးများ အများအပြား ရောစပ်ထားကြောင်း သူတို့က ထင်ရှားစွာ မြင်တွေ့ထားခဲ့ပြီးသားဖြစ်လေသည်။ ဟာဗီ ဒဏ်ရာအပြင်းအထန် ရသွားရခြင်းမှာ ဒီမိန်းက‌လေးကြောင့်ဖြစ်သဖြင့် သူမလက်ထဲက ဆေးဝါးများကို ပြန်လုယူခြင်းမှာ မလွန်ကဲဘူးလို့ သူတို့ထင်နေခဲ့လေသည်။

အဲဒီအချိန်တုန်းက သူတို့သည် ဟာဗီနှင့်အတူ လေ့ကျင့်ခန်းခန်းမထဲတွင် ရှိမနေခဲ့ကြပေ။ နောက်မှ သူတို့သခင်လေး အနိုင်ကျင့်ခံရကြောင်း ကြားသိလိုက်ရပြီး မျှတမှုမရှိဘူးလို့ထင်နေခဲ့ကြလေသည်။

သူတို့ လိုချင်သည့်အရာ တစ်ခုတည်းသာရှိလေသည်။ ထိုအရာမှာ ပြန်လည်လက်တုံ့ပြန်ခြင်း ဖြစ်လေသည်။အခု‌တော့ကျိယောင်ယွဲ့နှင့် ဆုံတွေ့လိုက်‌ရသောကြောင့် ဒီလိုအခွင့်အရေးကြီးကို လုံးဝ လွတ်မပေးနိုင်ကြတော့ပေ။

“ထွက်သွားစမ်းပါ... ငါ့မှာ ရှင်တို့လို အမှိုက်တွေနဲ့ အချိန်ဖြုန်းမနေနိုင်ဘူး။ ရှင်တို့ မဖယ်ဘူးဆိုရင် ငါ လုံးဝ ညှာတာနေမှာမဟုတ်ဘူးနော်"

ကျိယောင်ယွဲ့၏ စိတ်ထဲမှာ စိုးရိမ်မှုနှင့် ဒေါသများ ပြည့်နှက်နေခဲ့လေသည်။ လင်းထျန် အခြေအနေ ဘယ်လိုရှိနေပြီလဲဆိုတာကို စိတ်ထဲတွင် ဆက်တိုက် စိုးရိမ်နေခဲ့လေသည်။ဒီလူတွေကို သင်ခန်းစာပေးချင်သော်လည်း အချိန်မရတော့ပေ။

“အို… မင်းက မွေးရာပါ ငရုတ်သီးလေးလို မိန်ကလေးပဲ”

သခင်လေးကတော့ နှင်းဆီလို့ခိုင်းနှိုင်းထားတဲ့အတိုင်းပဲ တကယ့်ကို အဆူး‌တွေနဲ့ ပြည့်နေတာပဲ။ ငါတို့သခင်လေးကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ပြီးတော့ လွတ်လွတ်လပ်လပ် သွားလာနေနိုင်မယ်လို့ ထင်နေတာလား"

ဒီလူများသည် ကြေးစားစစ်သားများဖြစ်ရုံသာမက ဟားဗတ် မိသားစုက ဟာဗီကို ကာကွယ်ဖို့ ပို့ထားသည့် လူများလည်း ဖြစ်ကြလေသည်။ ဟာဗီ ဒဏ်ရာအပြင်းအထန်ရထားသည်ကြိ ကိုယ်တိုင် မြင်တွေ့ခဲ့ရသဖြင့် မိသားစုဘက်ကို ဘယ်လိုရှင်းပြရမလဲဆိုတာ အဖြေရှာမရဖြစ်နေလေသည်။

သူတို့လုပ်နိုင်တာ တစ်ခုတည်းသာရှိလေသည်။အပြစ်တင်ဖို့ အစားထိုးပစ်မှတ် ရှာခြင်း ဖြစ်လေသည်။

ကျိယောင်ယွဲ့ကို ကြည့်ရင်း သူတို့၏ စိတ်များမှာ ပိုမိုကောက်ကျစ်လာခဲ့လေသည်။ ဟာဗီက ဒီမိန်းကလေးကို သဘောကျနေကြောင်းကို သူတို့ သိထားပြီးသားဖြစ်လေသည်။

“ရှင်တို့ ဘာလိုချင်တာလဲ"

ကျိယောင်ယွဲ့က ဒီနေ့ကိစ္စဟာ လွယ်လွယ်နဲ့ မပြီးနိုင်ကြောင်းကို သိနေခဲ့လေသည်။ သို့သော် သူမအတွက် အရေးကြီးဆုံးက ဆေးဝါးများကို အမြန်ဆုံး ပြန်ပို့ဖို့ပဲ ဖြစ်လေသည်။

စကားပြောရင်း သူမက ထွက်ပြေးရမည့်လမ်း ကြောင်းကို လိုက်လံကြည့်ရှုနေခဲ့လေသည်။ အရေးပေါ်ဖြစ်လာပါ ထွက်‌ပြေးဖို့နည်းလမ်းတစ်ခုတည်းသာ ရွေးချယ်စရာရှိတော့ပေသည်။

ဒီလို ကြောက်ရွံ့စိတ်ကို သူမ ဘယ်တုန်းကမှ မခံစားဖူးခဲ့ပေ။ ဒီတစ်ခါတော့ လင်းထျန်အတွက် ဂုဏ်သိက္ခာကိုတောင် စွန့်လွှတ်ရပေတော့မည်။ကျိယောင်ယွဲ့အမြင်မှာ လူ့အသက်က ဂုဏ်သိက္ခာထက် ပိုမိုတန်ဖိုးရှိလေသည်။

“ဒီနေ့ ရှင်တို့နဲ့ အချိန်ဖြုန်းဖို့ မအားဘူး။ ဒီကိစ္စကို ငါ မှတ်ထားတာမို့ ရှင်တို့‌အလှည့်ရောက်မယ့်အချိန်ကိုစောင့်နေကြ..."

ပြောပြီး‌နောက် ကျိယောင်ယွဲ့သည် အမြန်ဆုံး အရှိန်ဖြင့် အခြားလမ်းကြောင်းတစ်ခုမှ ထွက်ပြေးသွားခဲ့လေသည်။

ကြေးစားစစ်သားများသည် ခဏလောက် မှင်တက်သွားခဲ့လေသည်။ သူတို့သိထားသည့်သတင်းများအရ ဒီမိန်းကလေးသည် ဘယ်လိုပဲ ဖြစ်ဖြစ် နောက်မဆုတ်တတ်သူဖြစ်လေသည်။ ကြေးစားစစ်သား တစ်ယောက်အနေဖြင့် ထွက်ပြေးခြင်းဟာ အလွန်အမင်း အရှက်ရစရာ ဖြစ်လေသည်။

သူတို့ သတိပြန်ဝင်လာချိန်မှာတော့ ကျိယောင်ယွဲ့ဟာ မျက်စိရှေ့မှ ပျောက်ကွယ်သွားပြီးသား ဖြစ်နေလေသည်။ သူတို့၏ မျက်နှာများတွင် ဒေါသနှင့် မကျေနပ်မှုများ ပြည့်နှက်သွားခဲ့လေသည်။

သူတို့ခေါင်းဆောင်၏ မျက်နှာမှာ အမုန်းတရားအပြည့်ဖြင့် ပြောင်းလဲသွားခဲ့လေသည်။ ဟာဗီ၏ အော်ဟစ်ညဥ်းညူသံများကို စဉ်းစားမိတိုင်း သူ့နှလုံးသားကို ဓားနဲ့ ထိုးသကဲ့သို့ ခံစားရလေသည်။

သူတို့က ကျိယောင်ယွဲ့နောက်သို့ မလိုက်တော့ဘဲ ဆေးဝယ်ယူခြင်းကိုသာ အမြန်ဆုံး ပြီးစီးအောင် လုပ်ဆောင်လိုက်ကြလေသည်။

ကျိယောင်ယွဲ့သည် သူမဘဝတစ်လျှောက်လုံးတွင် အမြန်ဆုံးအရှိန်ဖြင့် ပြေးခဲ့ပြီး မကြာမီပင် သူတို့နေထိုင်ရာ အိမ်စုတ်လေးဆီသို့ ဆေးဝါးများဖြင့် ပြန်ရောက်လာခဲ့လေသည်။ သူမ၏ စိတ်အခြေအနေကတော့ အလွန်ဆိုးရွားနေခဲ့လေသည်။

“လင်းထျန် ဘယ်လိုနေသေးလဲ။ အဲဒီ လူယုတ်မာတွေကြောင့် မဟုတ်ရင် ငါ အစောကြီး ပြန်လာနိုင်မှာ"

အိမ်ထဲသို့ဝင်လာရင်း ကျိယောင်ယွဲ့က မကျေမနပ်ဖြင့် ဆက်တိုက် ပြောဆိုနေခဲ့လေသည်။ တစ်နေ့မဟုတ်တစ်နေ့ သူမကိုယ်တိုင် ဒီလူတွေကို တမလွန်သို့ရောက်အောင် ပို့မည်လို့ စိတ်ထဲတွင် ဆုံးဖြတ်ထားခဲ့လေသည်။

လင်းထျန်သည် သတိမကပ်နိုင်သည့်အခြေအနေဖြစ်နေပြီး ကျိယောင်ယွဲ့ ပြန်လာသည့် အသံကို ကြားလိုက်ရသောကြောင့် တံခါးဘက်သို့ မျက်စိဖွင့်ကာအားတင်းပြီး ကြည့်လိုက်လေသည်။ မျက်လုံးများမှာ ဝေဝါးနေပြီး စိတ်ဓာတ်အင်အားကြီးမားလို့သာ မလဲကျသေးခြင်း ဖြစ်လေသည်။

“လင်းထျန်… ဘာဖြစ်နေတာလဲ.."

လင်းထျန် သတိလစ်သွားတော့မည့်ပုံစံကို မြင်လိုက်ရသဖြင့် ကျိယောင်ယွဲ့မှာ အမြန်ဆုံး သွားပြီး ထူပေးလိုက်လေသည်။

အဲ့ဒီအချိန်မှာပင် အိပ်ရာပေါ်တွင် လဲလျောင်းနေသော ကျိုးဟောင်ကို မြင်လိုက်ရသောကြောင့် ကျိယောင်ယွဲ့၏ စိတ်ထဲတွင် မိုးကြိုးပစ်သလို ခံစားလိုက်ရလေသည်။

သူမ ထွက်မသွားခင်အချိန်တုန်းက ကျိုးဟောင်ဟာ အားအင်ပြည့်ဝနေခဲ့သေးလေသည်။ ဒီလောက်အချိန်တိုအတွင်း ဘယ်လိုလုပ်ပြီး ဒီအခြေအနေထိ ဖြစ်သွားခဲ့ရပါသနည်း။

ကံကောင်းစွာပင် လေ့ကျင့်ရေးစခန်းရှိ ဆေးဝါးများမှာ အလွန်ထိရောက်လှပေသည်။ ဒဏ်ရာဘယ်လောက်ပြင်းပြင်း ကုသမည့်ဆေးဝါးကိုသာလဲလှယ်နိုင်ပါက အရှင်းသက်သာအောင် ကုသနိုင်လေသည်။

“ရှင်တို့… ဘာဖြစ်သွားကြတာလဲ"

ကျိယောင်ယွဲ့၏ အသံမှာ ငိုသံရောနှောနေခဲ့လေသည်။ ကံကောင်းစွာပင် အပိုဆေးတစ်စုံကိုလည်း သူမ လဲလှယ်ယူလာခဲ့လေသည်။

အရေးပေါ် အခြေအနေအတွက် ဆောင်ထားရန် စဉ်းစားခဲ့ခြင်းဖြစ်ပြီး အခုတော့ အမှန်တကယ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့လေသည်။

“ဆေးကို ကျိုးဟောင်ကို အရင်ပေးလိုက်ပါ။ ငါ… ငါက အဆင်ပြေပါတယ်။"

ထိုစကားကို ပြောပြီးနောက် လင်းထျန်မှာ သတိလစ်သွားခဲ့လေသည်။ သူ့နှလုံးသားထဲတွင် ကျိုးဟောင်၏ အသက်က သူ့အသက်ထက် ပိုပြီးအရေးကြီးနေခဲ့လေသည်။

မျက်ရည်များ ပြည့်လျက် ကျိယောင်ယွဲ့က ဆေးများကို မနှောင့်နှေးဘဲ အသုံးပြုလိုက်လေသည်။ ထို့နောက် သူမသည် အိပ်ရာပေါ်တွင် လဲလျောင်းနေကြသော ထိုလူနှစ်ဦးကို မျက်လုံးမလွှဲဘဲ ကြည့်နေခဲ့လေသည်။

သူတို့သုံးဦး အတူတူ တွေ့ကြုံခံစားလာခဲ့ရသော အခက်အခဲများကို ပြန်လည် သတိရမိလာခဲ့လေသည်။

သူတို့နှင့် သက်တူရွယ်တူ လူငယ်များက တီဗီရှေ့မှာ အေးဆေးနေရင်း ကောလိပ်ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြသော်လည်း သူတို့ကတော့ နေ့စဉ်နေ့တိုင်း အန္တရာယ်များကို ရင်ဆိုင်နေခဲ့ရလေသည်။

....................................................................................

အခန်း (၈၄၉) ပြီးပါပြီ။

--

All Chapters