← Chapters

အခန်း ၃၄၈

Vol. 35 Ch. 348

အခန်း ၃၄၈

Vol. 35 Ch. 348

အခန်း (၃၄၈) ဝင်ခွင့်လက်မှတ်

​တိတ်ဆိတ်မှုနှင့် ဖိနှိပ်မှုများကြားတွင် မုရှီးတောင်ကြားအဖွဲ့မှ နူးညံ့သိမ်မွေ့သော အမျိုးသမီးကျင့်ကြံသူတစ်ဦးက သူမ၏လက်ကို ကြောက်ရွံ့တုံ့ဆိုင်းစွာ မြှောက်လိုက်ပြီး သူမ၏လေသံက အနည်းငယ် စိုးရိမ်ထိတ်လန့်နေခဲ့သည်။

​"တာအိုရောင်းရင်းကျန်း... ကျွန်မ... ကျွန်မဆီမှာ ချို့ယွင်းချက်ရှိတဲ့ ဆေးလုံးတချို့ ရှိပါတယ်..."

​အကြည့်အားလုံးက သူမထံသို့ ချက်ချင်း ရောက်ရှိသွားကြသည်။

​ရွှီဝမ်က အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ရှင်းပြလိုက်၏။ "ကျွန်မနဲ့ တစ်ရွာတည်းသားဖြစ်တဲ့ ဂိုဏ်းတူမောင်လေးက ဆေးဖော်စပ်သူတစ်ယောက်ပါ... ဒီချို့ယွင်းချက်ရှိတဲ့ ဆေးလုံးတွေက သူ လေ့ကျင့်နေတုန်းက စွန့်ပစ်ထားတဲ့ ဆေးလုံးတွေ ဒါမှမဟုတ် သူ့ရဲ့စံနှုန်းနဲ့ မကိုက်ညီတဲ့ ဆေးလုံးတွေပေါ့... လျှို့ဝှက်နယ်မြေကနေ ပြန်ထွက်သွားတဲ့အခါ လူ့လောကက မင်းဆက်တွေဆီမှာ ရွှေငွေတချို့နဲ့ သွားရောင်းပေးဖို့ သူက ကျွန်မကို ယုံယုံကြည်ကြည်နဲ့ အပ်ထားခဲ့တာပါ..."

​ကျန်းယဲ့၏ မျက်ဝန်းများ အရောင်လင်းလက်သွားပြီး ချက်ချင်း မေးလိုက်၏။ "ဘယ်လောက်တောင် ရှိလဲ..."

​ရွှီဝမ်က ပေါ့ပေါ့ဆဆ မနေရဲချေ။ သူမက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအင်များဖြင့် သယ်ဆောင်လာသော ကျောက်စိမ်းပုလင်းငယ်လေးများက ကျန်းယဲ့၏ ရှေ့တွင် သပ်ရပ်စွာ စီတန်းသွားပြီး စုစုပေါင်း ပုလင်းနှစ်ဆယ်တိတိ ရှိချေသည်။

​"ဒါပါပဲ... ကျွန်မဆီမှာ ဒါတွေပဲ ရှိတော့တာပါ..." ရွှီဝမ်က တိုးညင်းစွာ ပြောလိုက်၏။

​ကျန်းယဲ့က ဆေးလုံးပုလင်း အလုံးနှစ်ဆယ်ကို အလွန်ကျေနပ်အားရစွာ ကြည့်လိုက်ပြီးနောက် မေးလိုက်ပြန်သည်။ "ဒါတွေက ဘယ်လိုဆေးလုံးမျိုးတွေလဲ... တိကျတဲ့ အာနိသင်တွေက ဘာတွေလဲ..."

​ကျန်းယဲ့က တကယ်စိတ်ဝင်စားနေပုံရသည်ကို မြင်သောအခါ ရွှီဝမ်မှာ အနည်းငယ် စိတ်သက်သာရာရသွားပြီး တစ်ခုချင်းစီ စတင်မိတ်ဆက်ပြလေသည်။

​"ဒီကျောက်စိမ်းဖြူ ပုလင်းထဲမှာက သာမန်လူ့လောကမှာ လူကြိုက်အများဆုံး အသက်ရှည်ဆေးလုံးတွေပါ... တစ်လုံးသောက်ရင် အသက်နှစ်ဆယ် ပိုရှည်စေပါတယ်..."

​"ဒီပန်းရောင်ပုလင်းကတော့ အလှတိုးဆေးလုံးပါ... သောက်လိုက်ရင် အသားအရေကို ဖြူဖွေးဝင်းမွတ်သွားစေပါတယ်..."

​"ဒီအညိုရောင်ပုလင်းကကျတော့ အချိန်တိုအတွင်းမှာ ခွန်အားတွေကို အများကြီး တိုးလာစေနိုင်တဲ့ ခွန်အားတိုးဆေးလုံးပါ..."

​"ပြီးတော့ ဒါတွေက ကြွက်သားနဲ့ အရိုးသန်မာစေတဲ့ ဆေးလုံး၊ ကာမအားတိုးဆေးလုံး၊ အစာရှောင်ဆေးလုံး၊ အဆိပ်ဖြေဆေးလုံး၊ အဆိပ်ကာကွယ်ရေးဆေးလုံး နဲ့ 'အတိတ်မေ့ဆေးလုံးတွေပါ..."

​ရွှီဝမ်က ဆေးလုံးတစ်လုံးချင်းစီ၏ အမည်နှင့် အာနိသင်များကို ပြောပြနေစဉ် ကျန်းယဲ့၏ အနောက်ရှိ ခရီးသွား လေးဆယ့်ကိုးယောက်၏ မျက်ဝန်းများက ပို၍ပို၍ အရောင်တောက်လာကြပြီး သူတို့၏ အသက်ရှူသံများလည်း မြန်ဆန်လာကြရသည်။

​အသက်ရှည်စေတယ်...

​အလှအပနဲ့ အသားအရေ ထိန်းသိမ်းနိုင်တယ်...

​ခန္ဓာကိုယ်ကို သန်မာစေတယ်...

​ဒါက သူတို့ အမြဲတမ်း အိပ်မက်မက်နေခဲ့တဲ့ အရာတွေ မဟုတ်ဘူးလား....

​ရွှီဝမ်က မိတ်ဆက်ပေးအပြီးတွင် ထပ်ဖြည့်ပြောလိုက်ပြန်သည်။ "ဒါတွေက သာမန်လူ့လောကရဲ့ မင်းဆက်တွေမှာ လူကြိုက်အများဆုံးနဲ့ အရောင်းရဆုံး ဆေးလုံးတွေပါ..."

​ဆိုလိုသည်မှာ ၎င်းတို့က ကျင့်ကြံသူများအတွက် အသုံးမဝင်သော်လည်း သာမန်လူများအတွက်တော့ ရတနာများဖြစ်ကြောင်းပင်။

​ကျန်းယဲ့မှာ အလွန်တရာ ကျေနပ်သွားပြီး ရွှီဝမ်အား ပြုံး၍ ပြောလိုက်၏။ "အရမ်းကောင်းတယ်... ဒီဆေးလုံးတွေ အားလုံးကို ကျွန်တော် ယူမယ်... အလဲအလှယ်အနေနဲ့ ခင်ဗျား အင်မော်တယ်စံအိမ်ထဲကို ပထမဆုံး ဝင်ခွင့်ရပြီ..."

​ယင်းစကားကို ကြားသောအခါ ရွှီဝမ်၏ မျက်နှာပေါ်တွင် အံ့ဩမှုနှင့် ဝမ်းသာမှုတို့ ရောယှက်လင်းလက်သွားပြီး အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်၏။ "အရမ်းကျေးဇူးတင်ပါတယ် တာအိုရောင်းရင်းကျန်း..."

​ထို့နောက် ကျန်းယဲ့က ထိုနေရာတွင်ရှိနေသော ကျင့်ကြံသူအားလုံးကို ကြည့်လိုက်ပြန်သည်။ "ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတွေ အသုံးပြုတဲ့ အခြေခံအကျဆုံးအဆင့် သိုင်းကျင့်စဉ်တွေ ဘယ်သူ့ဆီမှာ ရှိသေးလဲ... ဘယ်လို စွမ်းအင်အမျိုးအစား... ဘယ်လိုပုံစံပဲဖြစ်ဖြစ် ရတယ်... ပိုကောင်းပြီး ပိုပြည့်စုံတဲ့ သိုင်းကျင့်စဉ်ရှိတဲ့သူက အင်မော်တယ်စံအိမ်ထဲကို ဒုတိယမြောက် ဝင်ခွင့်ရမယ်..."

​သူက ဆက်ပြောလိုက်၏။ "စကားမစပ်... ခင်ဗျားတို့ဆီမှာ သာမန်လူတွေ ဒါမှမဟုတ် အဆင့်နိမ့်ကျင့်ကြံသူတွေ သုံးဖို့ သင့်တော်မယ့် အဲ့ဒီလို ချို့ယွင်းချက်ရှိတဲ့ ဆေးလုံးတွေ... မှော်ပစ္စည်းတွေ ရှိတယ်ဆိုရင်လည်း တခြားသူတွေနဲ့ဖြစ်ဖြစ် ကျွန်တော်နဲ့ တိုက်ရိုက်ဖြစ်ဖြစ်လာပြီး အရောင်းအဝယ် လုပ်လို့ရပါတယ်..."

​နောက်ဆုံးတွင်တော့ ကျင့်ကြံသူအားလုံး၏ မျက်နှာကို သိသိသာသာ ပြောင်းလဲသွားစေမည့် စကားတစ်ခွန်းကို သူ ထုတ်ပြောလိုက်ပြန်သည်။ "ဒါပေမဲ့... ခင်ဗျားတို့ဆီမှာ ကျွန်တော်တို့နဲ့ အရောင်းအဝယ်လုပ်ဖို့ တန်ဖိုးရှိတဲ့အရာ ဘာမှမရှိဘူးဆိုရင်တော့... စိတ်မကောင်းစွာနဲ့ပဲ ဒီအင်မော်တယ်စံအိမ်ထဲကို ဝင်ဖို့ အရည်အချင်းမမီပါဘူး... ကျွန်တော်တို့နဲ့ အရောင်းအဝယ် လုပ်နိုင်တဲ့သူတွေမှသာ အထဲကို ဝင်ခွင့်ရလိမ့်မယ်..."

​ဤစကားများက ဗုံးတစ်လုံး ကျကွဲသွားသကဲ့သို့ ဂိုဏ်းခုနစ်ဂိုဏ်းမှ ကျင့်ကြံသူများအကြား ချက်ချင်း ဆူညံသွားစေခဲ့သည်။

​အချို့သောလူများက သူတို့ မလိုအပ်တော့သည့် အဆင့်နိမ့်ပစ္စည်းလေးများ ရှိနေသေးသောကြောင့် စိတ်လှုပ်ရှားသွားကြရသည်။

​အချို့မှာမူ ထိုအမှိုက်များကို ရှင်းလင်းလွှင့်ပစ်ခဲ့ပြီးဖြစ်သောကြောင့် သူတို့၏ မျက်နှာများက ချက်ချင်း ရှုံ့မဲ့သွားကြသည်။

​လူအများစုကတော့ နောင်တတရားများနှင့် စိတ်မကောင်းဖြစ်မှုတို့ဖြင့် ပြည့်နှက်သွားကြလေသည်။

​အထူးသဖြင့် အခြေတည်အဆင့်တွင် ရပ်တည်နေသည်မှာ ကြာမြင့်နေပြီဖြစ်သော ကျင့်ကြံသူများအတွက် ချီသန့်စင်ခြင်းအဆင့်မှ သိုင်းကျင့်စဉ်များနှင့် ဆေးလုံးများက သူတို့အတွက် အသုံးမဝင်တော့ချေ။

တန်ဖိုးရှိလှသော သိုလှောင်အိတ် နေရာလွတ်များကို ချွေတာရန်အတွက် ၎င်းတို့ကို ရောင်းချခြင်း၊ သူတစ်ပါးအား ပေးကမ်းခြင်း သို့မဟုတ် အလွယ်တကူ လွှင့်ပစ်ခဲ့ကြသည်မှာ ကြာမြင့်နေပြီ ဖြစ်၏။

​တစ်ချိန်က သူတို့ အထင်အမြင်သေးခဲ့သော ဤ အမှိုက်များက ယခုအခါ ဝိညာဉ်သန္ဓေအဆင့် အင်မော်တယ်စံအိမ်သို့ ဦးစားပေး ဝင်ရောက်နိုင်မည့် ဝင်ခွင့်လက်မှတ်များ ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

​ကျန်းယဲ့ စကားပြောအပြီးတွင် အလွန်ဆန်းကြယ်လှသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။

​အခြေတည်အဆင့် ကျင့်ကြံသူများစွာက သူတို့၏ လက်များကို တစ်ယောက်ပြီးတစ်ယောက် မြှောက်လိုက်ကြပြီး အလုအယက် အော်ဟစ်လိုက်ကြ၏။

​"တာအိုရောင်းရင်းကျန်း... ကျွန်တော့်ဆီမှာ မြေကမ္ဘာ၏ လျှို့ဝှက်ချက်ကျမ်းစာအပြည့်အစုံ ရှိတယ်..."

​"ကျွန်တော့်ဆီမှာ အခြေခံဆေးဖော်စပ်ခြင်းနိဒါန်း ရှိတယ်..."

​"ကျွန်မဆီမှာ အခြေခံ ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းကျင့်စဉ် ရှိတယ်..."

​"ကျွန်တော့်ဆီမှာ စွန့်ပစ်ထားတဲ့ ချီစုဆောင်းခြင်း ဆေးလုံး ပုလင်းအနည်းငယ် ကျန်သေးတယ်... အဲ့ဒါကိုရော ချို့ယွင်းချက်ရှိတဲ့ ပစ္စည်းတွေအဖြစ် သတ်မှတ်ပေးလို့ ရမလား...."

​အရောင်းအဝယ်ပြုလုပ်လိုသည့် စိတ်အားထက်သန်မှုများက ချက်ချင်း မီးတောက်လောင်လာချေသည်။

​ဤသည်ကို မြင်သောအခါ နဂါးပြာ၊ လင်းဝမ်နှင့် အခြားသူများကလည်း ချက်ချင်းပင် တက်ကြွစွာ ဈေးခေါ်လိုက်ကြ၏။

​"အခြေခံ သိုင်းကျင့်စဉ် မျိုးစုံကို ရှာနေပါတယ်... ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်တွေဆို ပိုကြိုက်ပါတယ်.."

​"အလှအပနဲ့ အသက်ရှည်စေတဲ့ ဆေးလုံးတွေကို ရှာနေပါတယ်..."

​"ထူးဆန်းတဲ့ ဆေးလုံးမျိုးစုံကို ဝယ်ယူပါမယ်... ဘာပဲဖြစ်ဖြစ် ရပါတယ်...."

​"ဗဟုသုတတွေ၊ ကျွမ်းကျင်မှုပညာရပ်မျိုးစုံ မှတ်တမ်းတင်ထားတဲ့ ကျောက်စိမ်းပြားတွေများ ရှိလား... အဲ့ဒါတွေလည်း ယူပါတယ်..."

​အခြား ခရီးသွားများကလည်း သူတို့နောက်သို့ လိုက်ကာ သူတို့စိတ်ဝင်စားသည့် ပစ္စည်းများကို အော်ဟစ် ဝယ်ယူကြတော့သည်။

​တစ်ခဏမျှအတွင်း ဝိညာဉ်သန္ဓေအဆင့် အင်မော်တယ်စံအိမ်အတွက် အသေအကြေ တိုက်ခိုက်ရမည့် ဤတောင်ကြားနေရာကြီးက... စည်ကားသိုက်မြိုက်လှသော ကမ္ဘာဖြတ်ကျော် ကုန်သွယ်ရေးဈေးကွက်ကြီးတစ်ခုအဖြစ်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားချေသည်။

​ဂိုဏ်းခုနစ်ဂိုဏ်းမှ ကျင့်ကြံသူများနှင့် အခြားကမ္ဘာမှ ခရီးသွားများအကြားတွင် ထူးခြားလှသော ကုန်သွယ်မှု ပွဲတော်ကြီးတစ်ခု ပေါ်ပေါက်လာ၏။

​သေရေးရှင်ရေး တင်းမာနေသော လေထုကြီးကို ကျန်းယဲ့က ဤကဲ့သို့ အတင်းအဓမ္မနှင့် ဆန်းကြယ်လှသော နည်းလမ်းဖြင့် အရောင်းအဝယ် ဖလှယ်သည့် ပွဲတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လိုက်ခြင်းပင်။

​နောက်ဆုံးတွင်တော့ အရောင်းအဝယ်များ ပြီးဆုံးသွားခဲ့ပြီး နှစ်ဖက်စလုံးက သူတို့လိုချင်သည့် အကျိုးအမြတ်များကို အသီးသီး ရရှိသွားခဲ့ကြသည်။

​ဂိုဏ်းခုနစ်ဂိုဏ်းမှ ကျင့်ကြံသူများက အင်မော်တယ်စံအိမ်ထဲ ဝင်ခွင့်ရရန် လက်မှတ်များ ရရှိသွားကြပြီး ခရီးသွားများကတော့ သူတို့ အိပ်မက်မက်နေသည့် ဆေးလုံးများနှင့် သိုင်းကျင့်စဉ်များကို ရရှိသွားခဲ့ကြသည်။

​ကျန်းယဲ့က အရောင်းအဝယ်ကို ပထမဆုံး အပြီးသတ်နိုင်ခဲ့သည့် မုရှီးတောင်ကြားမှ အမျိုးသမီးကျင့်ကြံသူ ရွှီဝမ်ကို ကြည့်ကာ နွေးထွေးသော အပြုံးဖြင့် ပြောလိုက်၏။ "တာအိုရောင်းရင်း ရွှီဝမ်... ခင်ဗျားရဲ့ ဆေးဖော်စပ်တဲ့ ဂိုဏ်းတူမောင်လေးကို စကားတစ်ခွန်းလောက် ပါးလိုက်ပါ..."

​ရွှီဝမ်က လေးစားစွာဖြင့် အလျင်အမြန် ပြန်ဖြေသေးလေသည်။ "ပြောပါ တာအိုရောင်းရင်းကျန်း..."

​"နောင်ဆိုရင် အဲ့ဒီလို ချို့ယွင်းချက်ရှိတဲ့ ဆေးလုံးတွေကို ပိုပြီး ဖော်စပ်ခိုင်းလိုက်ပါ... နောက်ပိုင်းကျရင် ကျွန်တော် နည်းနည်း လိုအပ်ကောင်း လိုအပ်လာနိုင်တယ်..."

​ရွှီဝမ်မှာ အံ့အားသင့်သွားရသည်။ ဤဆန်းကြယ်သော ကျွမ်းကျင်သူကြီးက အဘယ်ကြောင့် ချို့ယွင်းချက်ရှိသော ပစ္စည်းများကို ဤမျှ သဘောကျနေရသနည်းဆိုသည်ကို နားမလည်သော်လည်း သူမက အလျင်အမြန် ခေါင်းညိတ်ကာ ပြောလိုက်၏။ "ဟုတ်ကဲ့ပါ... ကျွန်မ သေချာပေါက် စကားပါးလိုက်ပါ့မယ်..."

​ကျန်းယဲ့က တစ်ခုခုကို သတိရသွားပုံဖြင့် ပေါ့ပေါ့ပါးပါး မေးလိုက်ပြန်သည်။ "စကားမစပ်... ခင်ဗျားရဲ့ ဂိုဏ်းတူမောင်လေး နာမည်က ဘယ်သူလဲ..."

​"တာအိုရောင်းရင်းကျန်းကို အသိပေးရမယ်ဆိုရင် ကျွန်မရဲ့ ဂိုဏ်းတူမောင်လေး နာမည်က ကျန်းဟွမ် ပါ..." ရွှီဝမ်က ရိုးသားစွာ ပြန်ဖြေလိုက်၏။

​ကျန်းယဲ့က ခေါင်းညိတ်လိုက်ပြီး ထိုနာမည်ကို မှတ်သားထားလိုက်သည်။

​ထို့နောက် သူက ထိုနေရာတွင်ရှိနေသော ရှုပ်ထွေးသည့် အမူအရာများဖြစ်နေသည့် ဂိုဏ်းခုနစ်ဂိုဏ်းမှ ကျင့်ကြံသူအားလုံးကို ဝေ့ကြည့်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။ "တာအိုရောင်းရင်းတို့... ဒီနေ့ဖြစ်ရပ်က ခင်ဗျားတို့အတွက် သတိပေးချက်တစ်ခု ဖြစ်သင့်တယ်... နောင်အပြင်ထွက်တဲ့အခါ ခင်ဗျားတို့အတွက် အသုံးမဝင်ဘူးလို့ ထင်ရတဲ့ ပစ္စည်းတွေကို ပိုပြီး သယ်လာခဲ့ကြပါ..."

​အဓိပ္ပာယ်ပါသော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းဖျားတွင် ကစားသွားခဲ့၏။ "တစ်နေ့နေ့ တစ်ချိန်ချိန်များ ငါတို့ ထပ်ဆုံကြရင် ဘယ်လိုလုပ်မလဲ... အဲ့ဒီအခါကျရင်လည်း ဒီနေ့လိုပဲ သာယာတဲ့ အရောင်းအဝယ်တစ်ခုကို လုပ်လို့ရတာပေါ့..."

​ကျင့်ကြံသူများ : "......"

​ဤ သာယာလှသော အရောင်းအဝယ်ကို သူတို့ နောက်ထပ် တစ်ခါမျှ ထပ်မကြုံတွေ့ချင်တော့ချေ။

​ထို့နောက်တွင်တော့ ကျန်းယဲ့က သူ၏ ကတိကို တည်ခဲ့သည်။

​သူ၏ စိတ်အလိုအရ တင်းကျပ်စွာ ချည်နှောင်ခံထားရသော ရွှေအမြုတေအဆင့် မိစ္ဆာသားရဲနှစ်ကောင်ထံ အာရုံစိုက်လိုက်၏။ ထို့နောက် သူ၏ စွမ်းအင်များကို အနည်းငယ် ချိန်ညှိလိုက်ပြီး ရေကန်ဝင်ပေါက်တွင် လုံခြုံသော လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးလိုက်လေသည်။

​"တာအိုရောင်းရင်း ရွှီဝမ်... ကျေးဇူးပြုပြီး... ခင်ဗျားက ပထမဆုံးပဲ..."

အခန်း ၃၄၈ပြီး၏။

All Chapters