အခန်း ၃၅၆
Vol. 36 Ch. 356
အခန်း (၃၅၆) ကမ္ဘာ့သူဌေးကြီးတွေရဲ့ ရူးသွပ်မှု
အမြဲတမ်း ကျက်သရေရှိပြီး တည်ငြိမ်နေတတ်သော သက်ကြီးရွယ်အို အိမ်တော်ထိန်းသည် သူ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အသက်ရှူမှားသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကာ သူ၏ လက်ထဲရှိ တက်ဘလက် ကွန်ပျူတာလေးပင် အောက်ရှိ ကော်ဇောအထူကြီးပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားခဲ့သည်။
အရှေ့အလယ်ပိုင်းရှိ ဇိမ်ခံရုံးခန်းကြီးတစ်ခုထဲတွင်... မင်းသားက ဤသတင်းကောင်းကို ဖခင်ဖြစ်သူထံသို့ ပြောပြရန် ဖုန်းကို စိတ်လှုပ်ရှားစွာ ကောက်ကိုင်လိုက်စဉ် အနောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ ရွှေစင်စားပွဲကြီး၏ အလယ်ဗဟိုတွင် ထူးခြားသော ရနံ့များ သင်းပျံ့နေသည့် နတ်ဆေးလုံးလေးတစ်လုံး လေထဲမှ ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရ၏။
ကမ္ဘာတစ်ဝန်းရှိ အခြားသော နေရာ ၁၈ ခုတွင်လည်း ဤကဲ့သို့ အံ့ဖွယ်ကောင်းသော မြင်ကွင်းများ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေလေသည်။
ပို့ဆောင်ပေးသူ မရှိ၊ လူချင်းလွှဲပြောင်းပေးခြင်း မရှိသလို မည်သည့် ကြိုတင်သတိပေးချက်မျှလည်း မရှိခဲ့ချေ။
တောင်တန်းများနှင့် သမုဒ္ဒရာများကို ဖြတ်ကျော်ကာ... အကွာအဝေးများနှင့် နိုင်ငံနယ်နိမိတ်များကို လျစ်လျူရှု၍...
ကျန်းယဲ့ စကားပြောပြီးသည်နှင့် ခဏအကြာမှာပင် ဝယ်ယူသူတိုင်း၏ မျက်စိရှေ့တွင် ဆေးလုံးက တိကျစွာ လေထဲမှ ပေါ်လာခဲ့ခြင်းပင်။
ထိုအချိန်လေးတွင် အောင်မြင်စွာ ဝယ်ယူနိုင်လိုက်သည့် ကြီးမားသော ပျော်ရွှင်မှုအားလုံးက ဤမယုံနိုင်စရာကောင်းလှသော ပို့ဆောင်မှုနည်းလမ်းကြောင့် ဖြစ်ပေါ်လာသည့် အတိုင်းအဆမဲ့ တုန်လှုပ်မှုဖြင့် အစားထိုး ဝင်ရောက်သွားကြသည်။
ကျန်းယဲ့က စခရင်ပေါ်တွင် ရူးသွပ်လုမတတ် အဆက်မပြတ် တက်နေဆဲဖြစ်သော မှတ်ချက်များကို ကြည့်ကာ ပြုံးပြီး မေးလိုက်၏။ "ခုနက အသက်ရှည်ဆေးလုံးကို ဝယ်နိုင်လိုက်တဲ့ မိတ်ဆွေအယောက်နှစ်ဆယ်လုံး ပစ္စည်းတွေ ရောက်ပြီလား... ကျေးဇူးပြုပြီး အတည်ပြုပေးပါဦး... အားလုံး အဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့ရဲ့ အရောင်းအဝယ် ကိစ္စပြီးပါပြီ..."
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လက်ဆောင် အထူးပြုလုပ်ချက်များနှင့် သာမန်မှတ်ချက်များ ပြည့်နှံနေသည့် တိုက်ရိုက်ထုတ်လွှင့်မှု စခရင်ပေါ်တွင် အရာသစ်တစ်ခု ရုတ်တရက် ပေါ်လာချေသည်။
ရွှေရောင်ဘောင် အမိုက်စားများ၊ ဧရာမ စာလုံးကြီးများနှင့် ကောင်းကင်ယံတွင် ပျံသန်းနေသော ဖီးနစ်ငှက် အထူးပြုလုပ်ချက်များပင် ပါဝင်သည့် မျက်စိဖမ်းစားနိုင်သော မက်ဆေ့ချ်များက စခရင်ကို တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားပြီး လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။
[ ရရှိပါပြီ... ကျေးဇူးတင်ပါတယ် မစ္စတာကျန်း.. ]
[ ရရှိပါပြီ.... တကယ့်ကို အံ့မခန်းပါပဲ.. ]
[ ရရှိကြောင်း အတည်ပြုပါတယ်... မယုံနိုင်စရာပါပဲ... ]
[ ရရှိပါပြီ... အရမ်းကို ကျေးဇူးတင်ပါတယ်...]
...
ရရှိပါပြီဟူသော ကြေညာချက် အခုနှစ်ဆယ်က သီးသန့်ဖြစ်ပြီး ဂုဏ်သိက္ခာကြီးမားလှသော အထူးပြုလုပ်ချက်အပြည့်အစုံဖြင့် စခရင်ပေါ်တွင် စစ်ရေးပြပွဲတစ်ခုကဲ့သို့ သပ်ရပ်ပြီး အံ့မခန်းဖွယ်ရာ ဖြတ်သန်းသွားကြသည်။
ဤမြင်ကွင်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည့် သာမန်အင်တာနက်အသုံးပြုသူများကို လုံးဝ ကြက်သေ သေသွားစေခဲ့ပြီး အားကျတဲ့ မျက်ရည်များပင် စီးကျလာကြရသည်။
[ သေလိုက်ပါတော့... ဒါက သူဌေးတွေအတွက် သီးသန့်လုပ်ပေးထားတဲ့ မှတ်ချက်ပေးတဲ့စနစ်လား... ]
[ တောက်.. အထူးပြုလုပ်ချက်တွေ၊ မြင်ကွင်းတွေက ရရှိပါပြီဆိုတဲ့ မက်ဆေ့ချ်လေး တစ်ကြောင်း ပို့တာတောင် အရမ်းကို မိုက်လွန်းနေပြီကွာ... ]
[ ငါ ငိုလိုက်ပြီ... သူဌေးတွေရဲ့ ကမ္ဘာက လုံးဝကို ကွဲပြားတာပဲ... မှတ်ချက်ပေးတာလေးကအစ ငါတို့နဲ့ မတူဘူး... ]
[ ဒါရိုက်တာကျန်းရဲ့ ပို့ဆောင်မှုနည်းလမ်းက အံ့မခန်းပဲ... အဝေးကနေ ပို့လိုက်တာတဲ့.. ဒါက တကယ့်ကို နတ်ဘုရားစွမ်းရည်ပဲ.. ]
[ ဒါရိုက်တာကျန်းက ငါ့ရဲ့ နတ်ဘုရားပဲလို့ ငါ ကြေညာတယ်... ]
ဤမက်ဆေ့ချ် အခုနှစ်ဆယ်က အချက်ပြလိုက်သကဲ့သို့ ဖြစ်သွားပြီး နောက်တစ်စက္ကန့်တွင် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးရှိ လက်ဆောင် အထူးပြုလုပ်ချက်များက လုံးဝကို ရူးသွပ်သွားသည့် အခြေအနေသို့ ရောက်ရှိသွားလေတော့သည်။
ပွဲတော်၊ စကြဝဠာ နှလုံးသား၊ အိပ်မက်ရဲတိုက် ... တိုရင်၏ ထိပ်တန်းအဆင့် လက်ဆောင် အထူးပြုလုပ်ချက်များက နျူကလီးယား ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲထွက်လာပြီး တိုက်ရိုက်ထုတ်လွှင့်မှု စခရင်တစ်ခုလုံးကို လုံးဝ ဖုံးလွှမ်းသွားလုမတတ် ဖြစ်သွားရသည်။
ယွမ် ထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာ တန်ဖိုးရှိသည့် ဤလက်ဆောင်များက တကယ်ပဲ အလကားရနေသကဲ့သို့ အဆက်မပြတ်နှင့် ရပ်တန့်သွားခြင်း အလျဉ်းမရှိဘဲ ဆက်တိုက် တက်လာနေခဲ့သည်။
ယခုလေးတင် အံ့ဖွယ် ပို့ဆောင်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ကံကောင်းသည့် ဝယ်ယူသူ နှစ်ဆယ်က အထူးသဖြင့် ရက်ရောကြပြီး သူတို့၏ စိတ်လှုပ်ရှားမှုများနှင့် ကျန်းယဲ့အပေါ် ကြည်ညိုလေးစားမှုများကို လှိုင်းလုံးများကဲ့သို့ ဆက်တိုက် တက်လာနေသော စူပါလက်ဆောင်ကြီးများဖြင့် ဖော်ပြနေကြသည်။
မှတ်ချက်များကဏ္ဍတွင် အံ့အားသင့်သည့် အော်ဟစ်သံများဖြင့် ပြည့်နှက်နေလေသည်။
[ သူတို့ ရူးသွားပြီ.. သူတို့အားလုံး ရူးသွားကြပြီဟေ့.. ]
[ ငါ့မျက်လုံးတွေက အထူးပြုလုပ်ချက်တွေကြောင့် မျက်စိတွေတောင် ကျိန်းနေပြီကွာ.. ]
[ အဲ့ဒါက တကယ့်ကို ငွေတွေ အများကြီး ကုန်မှာပဲ... မိနစ်တိုင်း မိနစ်တိုင်းမှာ သန်းနဲ့ချီ လောင်ကျွမ်းနေတာ... ]
ဤအလွန်အမင်း ရူးသွပ်နေမှုများကြားတွင် သာမန်မှတ်ချက်တစ်ခုက မရေမတွက်နိုင်သော အထူးပြုလုပ်ချက်များကြားမှ ဆန်းကြယ်စွာ လူတို့၏ အာရုံစိုက်မှုကို ရရှိသွားခဲ့သည်။
[ ဒါရိုက်တာကျန်း... Top 1 က ဖောက်သည်အတွက် အထူးခံစားခွင့်လေး ဘာလေး မရှိဘူးလား... ဥပမာ- နောက်တစ်ခါ ဆေးလုံးတွေ ရောင်းရင် အလုအယက် ဝယ်စရာမလိုဘဲ ကြိုတင်ရွေးချယ်ပေးတာမျိုးလေ... ]
ဤစကားတစ်ခွန်းက ပွဲကြည့်ချင်နေကြသော အင်တာနက်အသုံးပြုသူများ၏ စိတ်အားထက်သန်မှုကို ချက်ချင်း မီးတောက်လောင်သွားစေချေသည်။
[ ဟုတ်တယ်.. ထိပ်တန်းပရိသတ်ကြီးအတွက် နေရာလေးတော့ ရှိရမှာပေါ့... ]
[ တရားဝင် မဟုတ်တဲ့ ဆုံးဖြတ်ချက်... တရားဝင် မဟုတ်တဲ့ ဆုံးဖြတ်ချက်... တရားဝင် မဟုတ်တဲ့ ဆုံးဖြတ်ချက်ပဲကွ... ]
[ ဟေး စထရင်းမာ... ထိပ်ဆုံးက ရောင်းအားအကောင်းဆုံးကို တစ်ချက်ကြည့်လိုက်ဦး.... လုပ်လိုက်စမ်းပါ... ]
[ +၁ ]
[ +၁၀၀၈၆ ]
[ +ID နံပါတ် ]
မရေမတွက်နိုင်သော လူများက ထိုမှတ်ချက်ကို ကော်ပီကူးကာ ချပေးနေကြသဖြင့် မှတ်ချက်များ တစ်ခုလုံး ဤစကားတစ်ခွန်းတည်းဖြင့် ချက်ချင်း ပြည့်နှံသွားလေတော့သည်။
ထို့ကြောင့် ကျန်းယဲ့အနေဖြင့် မမြင်ချင်ယောင် ဆောင်ချင်လျှင်တောင် မရနိုင်တော့ချေ။
သူက ထိုစာကြောင်းကို အသံထွက်ဖတ်လိုက်၏။ "Top 1 အတွက် အထူးခံစားခွင့် ရှိသလားတဲ့လား... နေရာတစ်ခု သေချာပေါက် ကြိုပေးထားရမလား... ဒါက... နည်းနည်း များလွန်းမနေဘူးလား..."
သူက အခက်တွေ့နေသည့်ပုံစံ ပြုလုပ်လိုက်၏။
သို့သော် ဤစကားများက ပျားအုံကို တုတ်နှင့်ထိုးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
လက်ဆောင်များ မိုးရွာသကဲ့သို့ ပေးနေကြသော ထိုသူဌေးကြီး ကြည့်ရှုသူများက ပို၍ပင် ကြီးကျယ်ခမ်းနားသော အထူးပြုလုပ်ချက် မှတ်ချက်များဖြင့် တုံ့ပြန်လာကြလေသည်။
[ ဒါက အရမ်းကောင်းတယ်လို့ ထင်ပါတယ်... ] (ပွဲတော်ဆယ်ခုတွဲလျက်)
[ ဒါက အရမ်းကောင်းတဲ့ အကြံပြုချက်ပဲ... ] (စကြဝဠာ နှလုံးသား အခုနှစ်ဆယ်တွဲလျက်)
[ အမိုက်စား အကြံပြုချက်ပဲ... ] အိပ်မက်ရဲတိုက်များ ဆက်တိုက်တွဲလျက်)
မှတ်ချက်များကဏ္ဍတွင်လည်း စိတ်လှုပ်ရှားမှုများဖြင့် ဆူညံနေလေသည်။
[ ဘော့စ်ကြီးတွေ အားလုံးက ကောင်းတယ်လို့ ပြောနေမှတော့ ဒါက တကယ်ကို ကောင်းတာပဲ... ]
[ အလျှော့ပေးလိုက်ပါ စထရင်းမာရေ... ]
[ ဒါရိုက်တာကျန်း... ထိပ်တန်း စပွန်ဆာကြီးရဲ့ တောင်းဆိုမှုကို သဘောတူပေးလိုက်ပါ... ]
လုံးဝကို ထိန်းမနိုင်သိမ်းမရ ဖြစ်နေသော အခြေအနေကို ကြည့်ကာ ကျန်းယဲ့က မတတ်နိုင်စွာ ပြုံးလိုက်၏။ "ကောင်းပါပြီ... ကောင်းပါပြီ... အားလုံးက အဲ့ဒီလို ပြောနေကြမှတော့ အများဆန္ဒကို ဆန့်ကျင်ဖို့ ခက်တာပေါ့... ဒါဆိုလည်း အလျှော့ပေးလိုက်ပါ့မယ်..."
"ဒီတော့... ကျွန်တော် လိုင်းမဆင်းခင် ဆယ်မိနစ်လောက် အချိန်ကျန်ပါသေးတယ်... ကျွန်တော် လိုင်းဆင်းမယ့်အချိန်မှာ အမှတ်ပေးဇယားရဲ့ နံပါတ် ၁ နေရာမှာ ရှိနေတဲ့သူက နောက်တစ်ခါ ဘယ်ဆေးလုံးမျိုးပဲ ရောင်းရောင်း အလုအယက် ဝယ်စရာမလိုဘဲ ဦးစားပေး ဝယ်ယူခွင့် ရပါလိမ့်မယ်..."
ဤစကားများက ဆူပွက်နေသော ဆီအိုးထဲသို့ ရေခဲရေ တစ်ခွက် လောင်းထည့်လိုက်သကဲ့သို့ပင်။
ပေါက်ကွဲသွားခဲ့ပြီ....
လုံးဝကို ပေါက်ကွဲသွားခြင်းပင်....
ကမ္ဘာတစ်ဝန်းရှိ လက်ဆောင်များကို အရူးအမူး ပေးနေကြသော သူဌေးကြီးများ၏ မျက်ဝန်းများက မနာလိုမှုကြောင့် ချက်ချင်း နီရဲသွားကြသည်။
ဥရောပရဲတိုက်ကြီးထဲတွင် သက်ကြီးရွယ်အို မြို့စားကြီးက ဖုန်းထဲသို့ အော်ဟစ်လိုက်၏။ "မြန်မြန်... ဆက်ဖြည့်နေ... မရပ်နဲ့... ဖောင်ဒေးရှင်းက သီးသန့်ဖယ်ထားတဲ့ အရင်းအနှီးတွေကိုပါ လွှဲလိုက်.... ဆယ်မိနစ်အတွင်း စာရင်းရဲ့ ထိပ်ဆုံးမှာ ငါ့နာမည်ကို တွေ့ချင်တယ်..."
နယူးယောက်မြို့ရှိ ရုံးခန်းထဲတွင် ဆေးလုံး မဝယ်နိုင်လိုက်သော ထိုငွေရေးကြေးရေး သူဌေးကြီးက နောက်ထပ် အခွင့်အရေးတစ်ခုကို တွေ့သွားပြီး သူ၏ နည်းပညာအဖွဲ့ကို အော်ဟစ်လိုက်၏။ "တိုရင်ကို ဆက်သွယ်.... ချက်ချင်း... အခုချက်ချင်း... အမြင့်ဆုံး ငွေပေးချေမှု ကန့်သတ်ချက်ကို လိုချင်တယ်... အကန့်အသတ်မရှိ.... ပို့လိုက်.... ငါတို့ ထိပ်ဆုံးနေရာကို ရကိုရရမယ်...."
အရှေ့အလယ်ပိုင်းမှ မင်းသားကလည်း သူ၏ ဘဏ္ဍာရေးဝန်ကြီးအား တိုက်ရိုက် အမိန့်ပေးလိုက်၏။ "ရနိုင်သမျှ ရန်ပုံငွေတွေ အားလုံးကို စုစည်းပြီး သတ်မှတ်ထားတဲ့ ဖျော်ဖြေရေး အကောင့်ထဲကို လွှဲလိုက်... မြန်မြန်"
အချို့က ဖြတ်လမ်းမှသွားရန်ပင် ကြိုးစားကြပြီး အထူးဝင်ရောက်ခွင့် တောင်းခံရန် သို့မဟုတ် အမှတ်ပေးဇယား၏ ထိပ်ဆုံးနေရာကို လက်ဝါးကြီးအုပ်ရန် တိုရင်းရုံးချုပ်သို့ အရူးအမူး ဆက်သွယ်လိုက်ကြသည်။ သို့သော် သူတို့ရရှိခဲ့သော အဖြေမှာ နည်းပညာက ဝင်စွက်ဖက်လို့ မရပါဘူး... တရားမျှတစွာ ယှဉ်ပြိုင်ကြပါဟူသော အေးစက်စက် အဖြေသာ။
တစ်ချိန်တည်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည့် ကမ္ဘာတစ်ဝန်းမှ ပရိသတ်များမှာ ဤဆယ်မိနစ်စာ စကြဝဠာတိုက်ပွဲကြီးကြောင့် သွားရည်များပင် ကျလာသည်အထိ လုံးဝ ကြက်သေ သေသွားကြရသည်။
[ ငါ ထုံကျဉ်သွားပြီ... တကယ်ကြီး ထုံကျဉ်သွားပြီဟေ့... ]
[ ဒီသူဌေးတွေ ပွဲတော်ထဲမှာ ပိုက်ဆံသုံးနေတာက ငါ ကြယ်လေးတစ်ပွင့်အတွက် ပိုက်ဆံတစ်ပြား သုံးသလိုမျိုး ပေါ့ပေါ့ပါးပါးပဲ... ]
[ မဟုတ်ဘူး... ငါတို့စုထားတဲ့ ကြယ်လေးတွေလောက်တောင် တန်ဖိုးမရှိတာ... ဒါက တကယ့်ကို နျူကလီးယားနဲ့ ပစ်ပေါက်နေတာပဲ... ]
[ ထိပ်တန်းအလှူရှင်က သေချာပေါက် နဂါးနှလုံးသားပဲ ဖြစ်ရမယ်လို့ ငါ ငါးပြားလောင်းတယ်... ]
[ သေချာချင်မှ သေချာမှာ... ဟို အမည်မသိ အသုံးပြုသူ ၀၀၈ဆိုတဲ့သူ ဘယ်လောက်တောင် အကြိတ်အနယ် ဝင်တိုက်နေလဲ ကြည့်ဦး... ]
[ လက်ဆောင် အဆင့်သတ်မှတ်ချက်ကို ကြည့်ဦး.... ဘုရားရေ... ဟိုဂူအောင်းနေသူဆိုတာက ဘယ်သူလဲ?! ဆယ်မိနစ်အတွင်းမှာကို ထိပ်ဆုံးသုံးယောက်စာရင်းရဲ့ အပြင်ဘက်ကနေ ရုတ်တရက် ခုန်တက်လာတာ... ]
[ လောxxdeတို့၊ လော xဖေး xတို့လို နာမည်တွေက တကယ်ကြီးလား.... ]
[ လျှို့ဝှက်ကုဒ်နာမည်တွေ အများကြီးပဲ... ရသေ့ကျောင်း၊ ခွန်းလွန်း၊ ဟုန်မန်အဖွဲ့... သေလိုက်ပါတော့... ဒါတွေက ဒဏ္ဍာရီထဲက မိသားစုတွေများလား... ]
[ ဖိနှိပ်ခံလိုက်ရပြီ... အမည်မသိအသုံးပြုသူ ၀၀၇က သဲကန္တာရနေမင်းကို ဖိနှိပ်သွားပြီ... ]
[ အမိုက်စားပဲ... ဒီကုဒ်နာမည်နဲ့ ဘော့စ်ကြီးတွေက လူသိရှင်ကြား ကြေညာထားတဲ့ ကမ္ဘာ့ဘီလီယံနာတွေကို အနိုင်ကျင့်နေတာပဲ... ဒါက တကယ်ကို ရှုပ်ထွေးတဲ့ အခြေအနေကြီးပဲ... ]
အခန်း ၃၅၆ပြီး၏။