← Chapters

ယန္တရားတံတား (၃)

Vol. 76 Ch. 1178

ယန္တရားတံတား (၃)

Vol. 76 Ch. 1178

ဤအချိန်တွင် ဘာထိန်းချုပ်မှုမှ မရှိတော့ဘဲ ယာဉ်တန်းရှိ ဒရိုင်ဘာများအားလုံး လီဗာကို အဆုံးထိနင်းချထားကြပြီး လက်နက်ကိုင်အဖွဲ့ဝင်များမှာလည်း မျက်လုံးများ နီရဲလျက် ရှိနေကြသည်။ ရထားတွဲများအတွင်း၌မူ အမြောက်သံများ လွှမ်းမိုးတုန်ခါနေခြင်းသာ ကျန်ရှိတော့သည်။

ရော့ကီတောင်တန်းလွင်ပြင်ထက်တွင် လူပေါင်းသန်းချီ၏ သွေးနှင့်မီးတောက်တို့ ပေါင်းစပ်နေသော ကြေကွဲဝမ်းနည်းဖွယ် မြင်ကွင်းကြီးတစ်ခုထွက်ပေါ်လာခဲ့သည်။

“ရေဒါထောက်လှမ်းချက်အရ ရှေ့ မီတာ ၂၀၀၀ အကွာမှာ ချောက်နက်ကြီးရှိနေတယ်”

ထိုအသံသည် ယာဥ်တန်းခေါင်းဆောင်အားလုံး၏ နားထဲတွင် ပဲ့တင်ထပ်သွားပြီး လူတိုင်း၏ နှလုံးသားများကို အရူးမူးခုန်ပေါက်သွားစေခဲ့သည်။

“မီတာ ၁၀၀၀ …. ၅ စက္ကန့်ပဲ လိုတော့တယ်”

ကွပ်ကဲစခန်းအတွင်းရှိ လော့ရှောင်ခိုင်၊ ဗိုလ်ချုပ်လီရှန်းနှင့် ဗိုလ်ချုပ်ကျန်းဝေကောင်းတို့သည် ရေဒါစကင်ဖတ်မှုမှ ပြသနေသည့် တွင်းနက်ကြီးကဲ့သို့ မြေမျက်နှာသွင်ပြင်ကို ကြည့်ရင်း အာရုံကြောများတင်းမာနေကြသည်။

၎င်းမှာ မီတာထောင်ချီကျယ်ဝန်းသော အလွန်ကြီးမားသည့် ချောက်နက်ကြီးဖြစ်သည်။

သို့သော် အခြားယာဉ်တန်းများအတွက်မူ ရှေ့မှန်ပြင်မှတစ်ဆင့် မြင်တွေ့နေရသည်မှာ ပိတ်ဆို့နေသော မြူထုကြီးသာဖြစ်သည်။ ဒရိုင်ဘာများသည် စတီယာတိုင်ကို တင်းတင်းဆုပ်ကိုင်ထားပြီး မျက်ကန်းတောတိုးနေကဲ့သို့ပင် အရှိန်ကို အမြင့်ဆုံးတင်၍မောင်းနှင်နေကြသည်။

“ဘုရားသခင်… ဆောင်မပါ… ဘုရားသခင် သနားကရုဏာသက်တော်မူပါ” တစ်စုံတစ်ယောက်က ဆုတောင်းနေခဲ့သည်။

“မျက်စိမှိတ်ထားနော်” မိခင်ဖြစ်သူက သူမ၏ကလေးကို ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်။

“သေချာကိုင်ထားကြ” ရထားတွဲတိုင်း၏ အတွင်းမှ အော်ဟစ်သံများ ပဲ့တင်ထပ်နေသည်။

“အဲဒါ ဘာကြီးလဲ”

လေကြောင်းထောက်လှမ်းရေးအဖွဲ့မှ ရှောင်ချင်းနှင့် လို့ရှားရှားတို့သည် ကောင်းကင်အမြင့်သို့ ပျံတက်သွားစဉ် ရှေ့ရှိ ချောက်နက်ကြီးအတွင်းမှ မီတာရာပေါင်းများစွာမြင့်သော အရိပ်မည်းကြီးတစ်ခု တဖြည်းဖြည်းထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

ကောင်းကင်အမိုးခုံးရထားပေါ်တွင် ရှီဇီ၏ မျက်နှာဖြူလျော်သွားခဲ့သည်။

“ရှေ့မှာ မွန်းစတားတစ်ကောင်ရှိနေတယ်၊၊ S-Class အဆင့်ပဲ ချောက်နက်ကြီးရဲ့ အလယ်တည့်တည့်မှာ”

“မကောင်းတော့ဘူး”

ချန်ဆီရွှမ်လည်း ရေဒါမျက်နှာပြင်ပေါ်တွင် တဖျတ်ဖျတ်လင်းနေသော ကြီးမားလှသည့် အရိပ်ကောက်ကြောင်းကို စိုက်ကြည့်ရင်း ရင်ထဲထိတ်ခနဲဖြစ်သွားကာ ဆက်သွယ်ရေးကိရိယာကို အလောတကြီးဖိနှိပ်လိုက်သည်။

“လင်းရှန်... လင်းရှန်”

ဒုန်း၊၊

မြေငလျင်လှုပ်ခတ်သကဲ့သို့ ကျယ်လောင်သောမြည်ဟီးသံကြီးထွက်ပေါ်လာပြီး ကွပ်ကဲစခန်းအားလုံးတွင် အန္တရာယ်အချက်ပေးသံများ တစ်ပြိုင်နက်တည်း ဆူညံစွာ မြည်လာခဲ့သည်။

လော့ရှောင်ခိုင်နှင့် အခြားသူများသည်လည်း ဤအချိန်တွင် ရန်သူကို ထောက်လှမ်းမိသွားကြသဖြင့် လူတိုင်းချွေးစေးများပြန်လာကြတော့သည်။

“S-Class လား… အဲဒီကောင်ကြီးက ချောက်ထဲမှာ ငါတို့ကို စောင့်နေတာလား”

“ငါတို့တော့ သွားပြီ”

“ဘုရားရေ”

“နဂါးခွန်ပန် မိုးကြိုးလေတပ်… အမြောက်အားလုံးနဲ့ အဲဒီကောင်ကို ချိန်ပြီးပစ်ကြ”

ဘန်း ဘန်း ဘန်း အုန်း၊၊

ထိုအချိန်တွင် ရှေ့ဆုံးမှ ရထားများနှင့် ယာဉ်တန်းများပေါ်ရှိ လူများသည် ကောင်းကင်ရှိ လေတပ်စုနှစ်ခုမှ အမြောက်ပေါင်းထောင်ချီကာ ပစ်ခတ်လိုက်သည်ကို မြင်လိုက်ရသည်။ တောက်ပလှသော မီးတောက်များက မိုးကောင်းကင်ကို ဖုံးလွှမ်းသွားပြီး တောက်လောင်နေသော ပစ်အားများကို ရှေ့တည့်တည့်ဆီသို့ တိုက်ရိုက်မှုတ်ထုတ်ပစ်လိုက်သည်။

ရုတ်တရက် အမြောက်မီးတောက်များက ကောင်းကင်ကို လင်းထိန်သွားစေပြီး လေပြင်းများကြောင့် မြူထုကြီးကွဲလွင့်သွားသောအခါ ရှေ့တွင် အောက်ခြေမမြင်ရဘဲ အဆုံးအစမရှိသည့် အလွန်ကြီးမားသော ချောက်ကမ်းပါးကြီးရှိနေသည်ကို အားလုံး အံ့ဩတုန်လှုပ်ဖွယ်မြင်တွေ့လိုက်ရသည်။ အဆိုးရွားဆုံးနှင့် မျှော်လင့်ချက်အမဲ့ဆုံးမြင်ကွင်းမှာ ထိုချောက်ကြီးအတွင်းရှိနေသည့် ဂန္ထဝင်ဆန်သောဧရာမသတ္တဝါကြီးဖြစ်သည်။ ၎င်းမှာ ပြောင်းပြန်လှန်ထားသော ရေဘဝဲခေါင်းရှိပြီး တောင်တစ်လုံးကဲ့သို့ ကြီးမားကာ လူးလွန့်နေသော လက်တံပေါင်းများစွာကို ဝှေ့ယမ်းနေသည့် သတ္တဝါကြီးဖြစ်သည်။ ၎င်း၏ အကြေးခွံများမှာ ဖြူဖျော့သောအလင်းရောင်ဖြင့် ကြောက်မက်ဖွယ်တောက်ပနေခဲ့သည်။

ထိုစက္ကန့်ပိုင်းအတွင်း လူပေါင်းမြောက်မြားစွာ၏ နှလုံခုန်သံများရပ်တန့်သွားလေသည်။

ငွေကြယ်၊ နဂါးတောင် ၁၊ ယူတိုးပီးယာ၊ ကားယာဉ်တန်းပေါ်မှ လူတိုင်း၊ သံမဏိအစောင့်တပ်ရင်းမှ စစ်သားများနှင့် လေတပ်မှ စစ်သည်များအားလုံး….

လေထုကြီးတစ်ခုလုံး အေးခဲသွားသကဲ့သို့ ဦးနှောက်များ ခေတ္တဗလာကျင်းသွားကြသည်။

မီတာအနည်းငယ်သာ လိုတော့သည်။

ယခုအချိန်တွင် ဘရိတ်ဖမ်းရန် လုံးဝမဖြစ်နိုင်တော့ချေ။

ချောက်ကမ်းပါးနှင့် ဧရာမသတ္တဝါကြီး။ ယာဉ်တန်း၏ အရှေ့ဆုံးတွင် ရှိနေသော မွန်းစတားထရပ်ကားပေါ်၌ ထိုင်နေသည့် လဲ့ကျန်းသည် ခေါင်းမော့ကာ မြူထုကြားမှ သတ္တဝါကြီးနှင့် ၎င်းတို့ထံ ဦးတည်ဝှေ့ယမ်းလာနေသည့် ဧရာမလက်တံကြီးများကို စိုက်ကြည့်နေမိသည်။ မျှော်လင့်ချက်မဲ့ခြင်း၏ အအေးဓာတ်က သူ့ဦးနှောက်ဆီသို့ စီးဆင်းသွားပြီး ထိုအချိန်တွင် သူသည် ပါးစပ်ကို ဟကာ ဒေါသတကြီးဖြင့်သာ အော်ဟစ်နိုင်တော့သည်။

“မအေဘေး…. သောက်ကျိုးတော့နည်းပြီ”

သို့သော် သူ၏ ဆဲရေးတိုင်းထွာသံပင် မဆုံးသေးမီ ကောင်းကင်အမြင့်မှ နေမင်းတစ်စင်းကဲ့သို့ ရွှေရောင်အလင်းတန်းတစ်ခုသည် တိမ်တိုက်များကို ဖောက်ထွက်လာခဲ့သည်။ ၎င်းသည် အချင်းမီတာငါးရာကျော်ရှိသော ပလာစမာလျှပ်စီးလှိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေပြင်ကို ချိတ်ဆက်ထားသည့် နတ်ဘုရားများ၏ ပြစ်ဒဏ်ခတ်လှံကြီးကဲ့သို့ S-Class မွန်းစတားကြီး၏ ခေါင်းတည့်တည့်ဆီသို့ တိုက်ရိုက်ထိုးစိုက်ချလိုက်တော့သည်။

အုန်း၊၊

ထိုပြင်းထန်သော လျှပ်စီးလှိုင်းကြီး ကျရောက်သွားသောအခါ အချိန်ကာလကြီးတစ်ခုလုံး ခေတ္တရပ်တန့်သွားသကဲ့သို့ပင်။

ချောက်နက်ကြီး၏ ကောင်းကင်တစ်ခုလုံး နေမင်းကြီးကြောင့် လင်းထိန်သွားသကဲ့သို့ ဖြစ်သွားပြီး ဖုံးလွှမ်းနေသော သွေးနီရောင်မြူထုကြီးမှာ ချက်ချင်းပင် တစ်စစီဆုတ်ဖြဲခံလိုက်ရသည်။ အရှိန်ပြင်းစွာ မောင်းနှင်နေသော ရထားများနှင့် ကားယာဉ်တန်းပေါ်ရှိ လူတိုင်းမှာ စူးရှလွန်းသော အဖြူရောင်အလင်းတန်းကြောင့် မျက်စိများကျိန်းစပ်သွားရပြီး ကမ္ဘာကြီးတစ်ခုလုံး နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားခဲ့သည်။

ရထားယာဉ်တန်းတစ်ခုလုံးမှာမူ ထိုကဲ့သို့ ပြင်းထန်လှသော အပူလှိုင်းနှင့် ချောက်ကမ်းပါးအစွန်းကို ခွဲခြားမရနိုင်တော့သည့် အခြေအနေမျိုးတွင်ပင်… ထိုအလင်းတန်းကြီးထဲသို့ ရဲရဲဝံ့ဝံ့ကြီးတိုးဝင်မောင်းနှင်သွားကြတော့သည်။

“အား”

“အား”

ထိုစက္ကန့်ပိုင်းအတွင်း လူတိုင်း အံတင်းတင်းကြိတ်ကာ အော်ဟစ်လိုက်ကြပြီး အမျိုးသမီးများမှာ မျက်စိမှိတ်ကာ အော်ဟစ်ငိုယိုကုန်ကြသည်။ အသက်ရှင်ကျန်ရစ်သူများသည် သူတို့၏ နောက်ဆုံးကံကြမ္မာကို ရင်ဆိုင်ရန်အတွက် ဆုပ်ကိုင်နိုင်သမျှအရာအားလုံးကို အသည်းအသန်ဖက်တွယ်ထားကြသည်။

၁ စက္ကန့်၊ ၂ စက္ကန့်၊ ၃ စက္ကန့်၊၊

ချောက်ထဲသို့ ပြုတ်ကျသွားမည့် မျှော်လင့်ထားသော လေဟာနယ်ခံစားချက်ကြီးက ရောက်ရှိမလာခဲ့ချေ။ ရထားတွဲများအတွင်းရှိ လူများသည် မျက်စိကျိန်းစပ်မှုများမှ တဖြည်းဖြည်းပြန်လည်သက်သာလာကြပြီး မျက်စိမှိတ်ထားသူအချို့မှာလည်း မျက်လုံးများပြန်ဖွင့်လာကြသည်။ ပြင်းထန်သောအပူလှိုင်းကြီးမှလွဲ၍ သံမဏိသံလမ်းချင်း ထိခိုက်မိသည့် ဂျုံးဂျုံးဂျက်ဂျက်ဟူသည့် အသံကြီးသာကျန်ရှိနေခဲ့သည်။

တစ်ချိန်တည်းမှာပင် ဘေးဝဲယာရှိ ကားယာဉ်တန်းကြီးသည်လည်း ချောက်ထဲသို့ ကျွမ်းထိုးမှောက်ခုံပြုတ်ကျသွားခြင်းမျိုးမရှိခဲ့ချေ။ သူတို့ ပထမဆုံး သတိပြုမိလိုက်သည်မှာ လမ်းကြောင်းကို မခွဲခြားနိုင်သေးမီမှာပင် လမ်းကြီးမှာ ချောမွေ့သွားခြင်း ဖြစ်သည်။

ကန္တာရလွင်ပြင်ထက်တွင် ဒုန်းဆိုင်းမောင်းနှင်နေရသော ခံစားချက်များက ချက်ချင်းပင် လုံးဝပျောက်ကွယ်သွားခဲ့သည်။

ဤအချိန်တွင် လူပေါင်းမြောက်မြားစွာသည် ကျန်ရှိနေသော အလင်းတန်းများကြားမှတစ်ဆင့် ရှေ့တည့်တည့်နှင့် ကောင်းကင်သို့ ရဲရဲဝံ့ဝံ့မော့ကြည့်လိုက်ကြသည်။ ကွပ်ကဲစခန်းအတွင်းရှိ လော့ရှောင်ခိုင်နှင့် အခြားဗိုလ်ချုပ်များအားလုံး ထရပ်လိုက်ကြတော့သည်။

အဘယ်ကြောင့်ဆိုသော် ယခုအခါတွင် ချောက်ကမ်းပါး၏ ကောင်းကင်ယံအမြင့်၌ ရထားကြီးတစ်စင်းပျံသန်းနေသောကြောင့်ဖြစ်သည်။

ထို့ပြင် ရထားကြီး၏ အရှေ့တည့်တည့်၊ ချောက်နက်ကြီး၏ ကောင်းကင်ထက်တွင် ကြီးမားလှသော လေဟာနယ်တံခါးကြီးတစ်ခု ရုတ်တရက် ပွင့်ဟလာခဲ့သည်။

ထိုတံခါးကြီး၏ အတွင်းဘက်တွင် ကြယ်တာရာကောင်းကင်ယံမဟုတ်ဘဲ ဆူပွက်နေသော ယန္တရားဂြိုလ်ကြီး ရှိနေသည်။ လင်းရှန်၏ ခန္ဓာကိုယ်မှာ ယန္တရားတံခါးကြီး၏ ဗဟိုချက်တွင် လွင့်ပျံနေပြီး သူဝတ်ဆင်ထားသော Black Hwak တိုက်ခိုက်ရေးဝတ်စုံ၏ အကွဲကြောင်းများကြားမှ အပြာရောင်အချက်အလက်အလင်းတန်းများ စီးဆင်းနေသည်။ သူ၏ နောက်ကွယ်တွင်မူ သောင်းနှင့်ချီသော တည်ဆောက်ရေးဒရုန်းများမှာ ဂလက်ဆီထဲမှ ပေါက်ကွဲထွက်လာသော ရေလှိုင်းကြီးကဲ့သို့ ပြေးထွက်လာကြပြီး ထူထပ်လှသော သံလမ်းများ၊ သံမဏိပြားများ၊ အထောက်အပံ့တိုင်များနှင့် မူလီများမှာ လေဟာနယ်တံခါးကြီးအတွင်းမှ သတ္တုစပ်ရေလှိုင်းကြီးတစ်ခုကဲ့သို့ ကောင်းကင်ယံမှ တိုက်ရိုက်စီးဆင်းကျလာခဲ့သည်။

ထိုဒရုန်းအုပ်ကြီးသည် လေထုထဲတွင် ကီလိုမီတာအကျယ်ရှိသော လျှပ်စစ်သံလိုက်ကွန်ရက်ကြီးတစ်ခုကို ရက်လုပ်လိုက်ကြသည်။ အသစ်ထွက်ပေါ်လာသော အရည်ပျော်သတ္တုစပ်များသည် ထိုကွန်ရက်နှင့် ထိတွေ့သည်နှင့် ခဲသွားပြီး မီတာငါးရာကျော် ရှည်လျားသော ပေါင်းစပ်သံလမ်းအောက်ခြေပြားကြီးများမှာ ပြုတ်ကျနေစဉ်အတွင်းမှာပင် ချိတ်ဆက်သွားကြသည်။ ငွေကြယ်၏ အရှေ့ပိုင်း ချောက်ကမ်းပါးအစွန်းမှ ထွက်ခွာလာသည်နှင့်အမျှ မီတာရာချီ ကျယ်ဝန်းသော သံလမ်းတံတားကြီးတစ်ခုမှာ ထိုတွင်းနက်ကြီးထက်တွင် ဖိအားပေးတည်ဆောက်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ သတ္တုစပ်လမ်းမတံတားကြီးများမှာ ဘေးဝဲယာနှစ်ဖက်စလုံးသို့ ဆန့်ထွက်သွားခဲ့ပြီး ယခုအခါ ယာဉ်တန်းကြီးမှာ ရှေ့သို့ ဆက်မောင်းနှင်သွားကြရာ ၎င်းတို့၏ ဘီးများမှာ အအေးခံထားသော သံမဏိပြားများပေါ်တွင် တိုက်ရိုက်ပွတ်တိုက်မိသဖြင့် နီရဲသော မီးပွားများ လွင့်စင်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် ယန္တရားတံခါးကြီးအတွင်းမှ ယန္တရားခြောက်ထောင်ခန့်မှာ မွန်းစတားလှိုင်းများစုစည်းနေသည့် ချောက်ကမ်းပါးဆီသို့ ပျံသန်းသွားခဲ့ကြသည်။

ကာဗွန်အလွိုင်းသတ္တုစပ်များဖြင့် အပြည့်အဝဖုံးလွှမ်းထားသော ယန္တရားစစ်သည် မီကာများမှာ မွန်းစတားလှိုင်းကြီးထဲသို့ ဥက္ကာခဲများကဲ့သို့ ကျဆင်းသွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားရာနေရာများတွင် စက်ဝိုင်းပုံစံ သံလိုက်မုန်တိုင်းရိုက်ခတ်မှုများဖြစ်ပေါ်လာခဲ့သည်။ သတ်ဖြတ်ရေးမီကာများမှာလည်း ငုပ်လျှိုးဆင်းသက်လာပြီး ပလာစမာတောင်ပံဓားသွားများကို ထုတ်ဖော်ကာ နီရဲသော လက်တံကြီးများကို အပူချိန်မြင့်မားလှသော အလင်းတန်းများဖြင့် ဖြတ်တောက်ခြေမှုန်းပစ်လိုက်သည်။ သွေးနီရောင်စွမ်းအင်ကြိမ်နှုန်းကို အပြည့်အဝခုခံနိုင်စွမ်းရှိသော ဤယန္တရားတပ်ဖွဲ့သည် မြေပြင်သို့ ဆင်းသက်သည်နှင့် နေရာလွတ်တစ်ခုကို သတ်ဖြတ်ဖန်တီးလိုက်ပြီး ယာဉ်တန်းကြီးအား ဖြတ်သန်းနိုင်ရန် အကာအကွယ်ပေးခဲ့ကြသည်။

လင်းရှန်၏ ဘေးတွင်မူ ကီကီနှင့် ချူယန်တို့က ပျံသန်းလိုက်ပါလာကြသည်။ အားကောင်းလှသော စိတ်စွမ်းအင်လှိုင်းများက ကောင်းကင်တံခါးကြီး၏ ပေါက်ကွဲမှုစွမ်းအားများကို ချောက်နက်ကြီးအတွင်းသို့ အတင်းအကျပ်ဖိနှိပ်ပေးထားသဖြင့် လင်းရှန်၏ သံလမ်းတံတားကို အလျင်အမြန်တည်ဆောက်နိုင်ခြင်းဖြစ်သည်။ ထို့နောက် ကီကီက သူမ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ပေါက်ကွဲမှုစွမ်းအားများမှာ ရထားလမ်းကြောင်း၏ ဘေးဝဲယာနှစ်ဖက်သို့ ကွဲလွင့်သွားပြီး ကောင်းကင်အထိ ထတောက်နေသော မီးတောက်များအောက်တွင် ကီလိုမီတာပေါင်းများစွာ ကျယ်ဝန်းသော မီးလောင်ပြင်ကြီးတစ်ခုအဖြစ် ချက်ချင်းချေမှုန်းဖျက်စီးပစ်လိုက်သည်။

ချူယန်က လှုပ်ရှားခြင်းမရှိဘဲ သူမ၏ မျက်ဝန်းများထဲတွင် စိတ်ဝိညာဉ်စွမ်းအားများလှုပ်ရှားနေကာ မမြင်နိုင်သော စွမ်းအားများက ကောင်းကင်ဆီသို့ စီးဆင်းသွားခဲ့သည်။ လေပြင်းတစ်ချက်ပင် မတိုက်ခတ်သွားဘဲ ပျံသန်းနေသော အတောင်ပံပါသတ္တဝါဆိုးများစွာသည် အေးခဲသွားသကဲ့သို့ သွေးနီရောင်တိမ်တိုက်များထဲမှ အစုလိုက်အပြုံလိုက် ပြုတ်ကျလာခဲ့ကြသည်။

ယခုအခါတွင်မူ လေဟာနယ်ထဲတွင် တည်ဆောက်ထားသော ထိုသံလမ်းတံတားကြီး၏ အောက်၌ အစောပိုင်းက ဟိန်းဟောက်နေခဲ့သော S-Class မွန်းစတားကြီး၏ ခန္ဓာကိုယ်တစ်ဝက်မှာ တောင်ဘက်ကောင်းကင်တံခါးဂိတ်၏ ပစ်ခတ်မှုကြောင့် အရည်ပျော်သွားခဲ့ပြီ ဖြစ်သည်။ ထိုဧရာမခန္ဓာကိုယ်ကြီးမှာ ယခုအခါ အရည်ပျော်နေသော အပူငွေ့များဖြင့် လောင်ကျွမ်းနေပြီး နီရဲတောက်လျက် ချောက်နက်ကြီးအတွင်းသို့ မှောက်ခုံလဲပြိုကျသွားခဲ့ရာ စကားလုံးဖြင့် ဖော်ပြ၍မရနိုင်အောင် ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ထိုစက္ကန့်ပိုင်းအတွင်း အံ့ဩမှင်သက်နေသော မျက်လုံးများစွာသည် ကောင်းကင်ရှိ အရိပ်ဆီသို့ စိုက်ကြည့်နေမိကြသည်။ လင်းရှန်၏ နောက်ရှိ သတ္တုရေလှိုင်းကြီးမှာ ယန္တရားနတ်ဘုရား၏ တောင်ပံကြီးများကဲ့သို့ ကောင်းကင်အထက်သို့ ပျံတက်သွားခဲ့သည်။

“သောက်ရမ်းလန်းတယ်”

ရီပက်ဘလစ်ကန်မဟာမိတ်ယာဉ်တန်းသည် S-Class မွန်းစတားကြီး၏ အလောင်းကောင်ထက်မှ ညှီစော်နံသော မြူထုကြီးကို ဖြတ်သန်းမောင်းနှင်သွားခဲ့သည်။ ချောက်နက်ကြီး၏ အထက်တွင် လေပြင်းတစ်ချက်တိုက်ခတ်သွားပြီး ၎င်းတို့ ရှေ့သို့ အရှိန်ပြင်းစွာ မောင်းနှင်နေစဉ် လဲ့ကျန်းသည် မိမိ၏ကားရှေ့တွင် ပေါ်ပေါက်လာသော တံတားမျက်နှာပြင်မှာ မိမိကား၏ အရှိန်ထက် စက္ကန့်ပိုင်းမျှသာစော၍ ပေါ်ထွက်လာသည်ကို ကြည့်နေမိသည်။ လေဟာနယ်ထဲမှ လမ်းမကြီးခင်းကျင်းပေးနေသော ဤခံစားချက်ကြီးက သူ့ကို အလွန်စိတ်လှုပ်ရှားတက်ကြွသွားစေသဖြင့် လင်းရှန်ကို ကြည့်ပြီး စိတ်အားထက်သန်စွာဖြင့် လှမ်းအော်လိုက်တော့သည်။

“လင်း… သောက်ရမ်းမိုက်တယ်”

All Chapters