← Chapters

ဖြတ်တောက်ပိတ်ဆို့တိုက်ပွဲ (၁)

Vol. 76 Ch. 1179

ဖြတ်တောက်ပိတ်ဆို့တိုက်ပွဲ (၁)

Vol. 76 Ch. 1179

နဂါးတောင် ၁ မှ ရှီတိယွမ်က အသံများအက်ကွဲသည်အထိ အော်ဟစ်လိုက်လေသည်။

ဤခမ်းနားကြီးကျယ်လှသော မြင်ကွင်းသည် အသက်ရှင်ကျန်ရစ်သူအားလုံးကို ချက်ချင်းပင် လှုပ်ခတ်သွားစေပြီး ကောင်းကင်အမိုးခုံးရထားပေါ်ရှိ ချန်ဆီရွှမ်နှင့် အခြားသူများသည်လည်း ဤမြင်ကွင်းကြောင့် သက်ပြင်းချနိုင်ကြပြီး ဝမ်းသာအားရအာမေဍိတ်သံများထွက်ပေါ်လာကြသည်။

ငွေကြယ်ရထားပေါ်တွင်မူ ကျန်းရှု့ဝေသည် စိတ်လှုပ်ရှားနေကြသော အင်ဂျင်နီယာအုပ်စုကြားတွင် ရပ်နေပြီး သူမ၏ နှုတ်ခမ်းထောင့်များက အဆက်မပြတ်ကွေးညွတ်တက်နေသည်။

ကျန်းယွမ်က ကောင်းကင်ယံရှိ လူသားပုံသဏ္ဍာန်ကို လေထဲမှ ကြည့်ရှုရင်း စိတ်လှုပ်ရှားစွာဖြင့် မရယ်ဘဲ မနေနိုင်တော့ပေ၊၊

“ဒီလိုခမ်းနားတဲ့ ပွဲထွက်မှုအပိုင်းမှာတော့ ဘယ်သူမှ သူ့ကို မယှဉ်နိုင်ဘူး”

“ဟဲဟဲ…. အကယ်၍ စွမ်းအားပိုင်းဆိုရင် ငါ့ကိုယ်ငါ အနန္တမဟာမိတ်အဖွဲ့ထဲမှာ အကောင်းဆုံးလို့ယူဆပေမဲ့ သူရဲကောင်းဆန်ဆန်ပွဲထွက်တဲ့နေရာမှာတော့ အစ်ကိုလင်းကို မှီဖို့ နည်းနည်းလိုသေးတယ်လို့ ဝန်ခံရမယ်”

လုရှင်းချန်က ကောင်းကင်အမိုးခုံးရထားပေါ်သို့ ဆင်းသက်လိုက်ပြီး သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းနေကာ အစမှအဆုံးထိ သူသည် စိတ်အားထက်သန်မှုအရှိဆုံးဖြစ်သည်၊၊ လင်းရှန်က ဟင်းလင်းပြင်ထဲတွင် တံတားများတည်ဆောက်နေသည်ကို မြင်သောအခါ သဘာဝအတိုင်း အတိုင်းထက်အလွန်ဝမ်းသာနေလေသည်။

“ဝိုး… အစ်ကိုလင်း ရောက်လာပြီ”

ကောင်းကင်ယံရှိ မိုးပျံမက်မွန်သီးယာဉ်ပေါ်တွင် ရှားရှားက ဝမ်းသာအားရအော်ဟစ်လိုက်သည်။

“အားလုံးပဲ”

ထိုအချိန်တွင် ချူယန်၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် မြှင့်တင်ထားသော လင်းရှန်၏ အသံသည် ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် ထွက်ပေါ်လာသည်၊၊

“ခံစစ်လိုင်းကို ဆက်ထိန်းထားပါ။ တံတားကိုဖြတ်ပြီးတာနဲ့ ကျုပ်က မြောက်အမေရိကအရှေ့ဘက်လိုင်းရထားလမ်းတစ်ခုလုံးကို အချောသတ်ပြီးမှာပဲ။ ဒါကြောင့် အားလုံးပဲ အမြန်မောင်းရုံပဲ။ ကျုပ်တို့ စစ်ကူအဖွဲ့က နောက်မြီးကို ဖြတ်တောက်ပစ်မယ်”

“ဘုရားရေ”

ကွပ်ကဲဌာနချုပ်တွင် ကျန်းဝေကောင်းသည် ကောင်းကင်လေတပ်က ပို့လွှတ်သော ရှေ့တန်းမှတ်တမ်းတင်ရုပ်သံကို မြင်လိုက်ရပြီး သူ၏ မျက်လုံးများ ပြူးထွက်လုနီးပါး ဖြစ်သွားသည်၊၊

“ဒီကောင်က အဲဒီ S-Class အဆင့်ကို တစ်ချက်တည်းနဲ့ ဒီလောက်အလွယ်လေးရှင်းပစ်လိုက်တာလား”

“တောင်ဘက်ကောင်းကင်ဂိတ်က အရင်ကတည်းက သူ့ရဲ့ ဝှက်ဖဲပဲ။ ဒါပေမဲ့ ငါလည်းဒီလိုမမျှော်လင့်ထားခဲ့ဘူး”

ဗိုလ်ချုပ်လီရှန်းလည်း ယခင်က ဤမျှ စိတ်လှုပ်ရှားဖူးခြင်းမရှိခဲ့ချေ။ သူသည် မျက်မှန်ကို ပင့်တင်ပြီး စစ်မြေပြင်ရုပ်သံကို စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုက်သည်၊၊

“သူက ဟင်းလင်းပြင်ထဲမှာ မီတာသုံးထောင်ရှိတဲ့ တံတားတစ်စင်းကို တည်ဆောက်လိုက်တာပဲ။ ဒါက တကယ်ကို မယုံနိုင်စရာပဲ”

လော့ရှောင်ခိုင်ကမူ သူ၏ ဘေးတွင် သက်ပြင်းချနိုင်သွားကာ မှတ်ချက်ပြုလိုက်သည်၊၊

“အခုမှပဲ သူ ဘာလို့ ရထားကို အရှိန်အပြည့်နဲ့ မောင်းခိုင်းလဲဆိုတာ နားလည်တော့တယ်”

သူသည် လင်းရှန်ထံသို့ ချက်ချင်း ဆက်သွယ်လိုက်ပြီး “စစ်သေနာပတိလင်း။ အဓိကစစ်ကူတပ်ဖွဲ့က ဘယ်မှာလဲ။ နောက်ဘက်က သံမဏိအစောင့်တပ်ရင်း ၁၃ ကလည်း အပြန်အလှန်အကာအကွယ်ပေးနိုင်တယ်”

သို့သော် ဆက်သွယ်ရေးစက်၏ အခြားတစ်ဖက်မှ လင်းရှန်က ရိုးရှင်းစွာပင် ပြန်ဖြေလာသည်။

“စိတ်မကောင်းပါဘူး ဗိုလ်ချုပ်လော့။ စစ်ကူအဖွဲ့မှာ ကျုပ်တို့သုံးယောက်ပဲ ရှိတယ်”

ထိုစကားကို ကြားရသောအခါ ကွပ်ကဲလိုင်းတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားသည်။

သုံးယောက်။

ဝင်ရိုးစွန်းဒေသကနေ ကယ်ဆယ်ဖို့ လွှတ်လိုက်တာ သုံးယောက်တည်းလား။

လူသုံးသန်းကို ကယ်တင်ဖို့ လူသုံးယောက်တည်းလား။

ဤနေရာတွင် စစ်တပ်ခေါင်းဆောင်များနှင့် ယာဉ်တန်းကပ္ပတိန်များသာမက တည်ငြိမ်လှသော လော့ရှောင်ခိုင်ပင်လျှင် ခေတ္တဆွံ့အသွားသည်။

“မင်းပြောတာက မင်းတို့ရဲ့ ထိပ်တန်းအဖွဲ့သုံးယောက်က ဒီကိုရောက်နေပြီလို့ ပြောတာလား။ ဒါမှမဟုတ်...”

“ကျုပ်တို့ သုံးယောက်ပဲ ရှိတယ်။ ဒါ့အပြင် တခြားစစ်ကူမရှိဘူး”

လင်းရှန်က တိုက်ရိုက်ပင် အခြေအနေကို ရှင်းပြလိုက်သည်၊၊

“ကမ္ဘာပျက်ကပ်သွေးနီရောင်တွေက တောင်အမေရိကတစ်ခုလုံးကို လွှမ်းခြုံထားလို့ အဓိကတပ်ဖွဲ့က ဝင်မလာနိုင်ဘူး။ ရထားလမ်းတပ်ဖွဲ့တွေ မလှုပ်ရှားနိုင်တာက မြေမျက်နှာသွင်ပြင်နဲ့ ရထားလမ်းပြဿနာကြောင့်ဆိုတာ ကျုပ်သိလို့ ကယ်ဆယ်ရေးအတွက် စွန့်စားဖို့ တပ်မှူးယဲ့ကို ခွင့်ပြုချက်တောင်းခဲ့တာပဲ”

“ဒါက...”

“ဒါဆို လွန်ခဲ့တဲ့ နှစ်ရက်က တောင်ဘက်ကောင်းကင်ဂိတ်နဲ့ ပစ်ခတ်ခဲ့တာ မင်းပဲလား”

“ဒါက... မတော်တဆထိမှန်သွားတာလို့ ယူဆလို့ရပါတယ်”

လင်းရှန်က ပြန်ဖြေသည်။

“ဒါကို နောက်မှ ဆွေးနွေးကြမယ်။ အန္တရာယ်ကမပြီးသေးဘူး”

လော့ရှောင်ခိုင်က ဆက်ပြောသည်၊၊

“စစ်သေနာပတိလင်းလင်းက ရထားလမ်းပြဿနာကို ရှင်းပေးလိုက်လို့ ငါတို့ ချောက်ကမ်းပါးအစွန်းကနေ မျှော်လင့်ချက်ရောင်ခြည်သန်းလာတာ တကယ်ကို ကောင်းပါတယ်။ ဒါပေမဲ့ ငါတို့နောက်မှာ မွန်းစတားကြီးလိုက်နေတာကို မမေ့နဲ့ဦး”

ကောင်းကင်၌ လင်းရှန်လည်း သူ့အောက်ရှိ အဆုံးမရှိသော ရထားတပ်ဖွဲ့များကို ငုံ့ကြည့်လိုက်ပြီး သူ၏ အမူအရာက အလွန်ပင် တည်ကြည်လေးနက်နေသည်။ ထိုအချိန်တွင် လေတပ်နှစ်ခုနှင့် ကောင်းကင်အမိုးခုံးရထားတို့သည် ချောက်ကမ်းပါးအထက်တွင် ပျံဝဲနေကြပြီး ချောက်ကမ်းပါးကို ဖြတ်ကျော်နေသော ရထားတပ်ဖွဲ့များကို ကာကွယ်ရန် ပစ်ခတ်မှုများပြုလုပ်ပေးနေကြသည်။

၎င်းတို့နောက်ကွယ်က မိုးကုတ်စက်ဝိုင်းတွင်မူ လေထဲ၌ လွင့်မျောနေသော ကောင်းကင်မျက်လုံးကြီးက မြင်တွေ့နိုင်သော သွေးနီရောင်ဒီရေလှိုင်းများကို လှုပ်ခတ်နေစေရာ ကမ္ဘာမြေကြီးတစ်ခုလုံး တုန်ခါနေသကဲ့သို့ပင် ရှိသည်။

ရထားတပ်ဖွဲ့များ ချောက်ကမ်းပါးကို ဖြတ်ကျော်နေသည့်မြင်ကွင်းသည် မိစ္ဆာနတ်ဘုရားကို အကြီးအကျယ်ဒေါသထွက်စေသည်မှာ သိသာလှသည်။

“ဒီအရှိန်အတိုင်းဆိုရင် ရထားတပ်ဖွဲ့အားလုံး တံတားကိုဖြတ်ကျော်ဖို့ အနည်းဆုံးတစ်နာရီလောက်ကြာလိမ့်မယ်”

ဗိုလ်ချုပ်ကျန်းဝေကောင်းက ပြောသည်။

“သေချာတာပေါ့” ဗိုလ်ချုပ်လီရှန်းက ထိုအချိန်တွင် ဆက်ပြောလိုက်သည်၊၊

“ငါတို့ တပ်ရင်း ၁၃ ရဲ့ အဓိကတပ်ဖွဲ့က ကျောက်ဆောင်နီချောက်ကြီးကို ဖြတ်ကျော်ခါစပဲရှိသေးတယ်။ လမ်းခရီးမှာ ပျက်စီးကျန်ခဲ့တဲ့ အကြွင်းအကျန်တွေနဲ့ မော်တော်ယာဉ်တပ်ဖွဲ့တွေကို ရင်ဆိုင်နေရတုန်းပဲ။ အပြီးထိုးဖောက်ထွက်ဖို့က မလွယ်ကူလှဘူး”

“စစ်သေနာပတိလင်း”

လော့ရှောင်ခိုင်က ထိုအချိန်တွင် မှတ်ချက်ပေးလိုက်သည်၊၊

“မင်းက စစ်မြေပြင်ကို တာဝန်ယူထားတာဆိုတော့ ငါတို့ နောက်ထပ်ဘယ်လိုဖြန့်ကျက်မလဲဆိုတာ မင်းရဲ့ စီစဉ်မှုအတိုင်းပဲ ဖြစ်ရမယ်”

ထိုစကားကို ကြားသောအခါ လင်းရှန်က အလျင်အမြန်ပြန်ပြောလိုက်သည်၊၊

“ဗိုလ်ကြီးက လာနောက်နေတာပဲ။ ကျုပ်က စစ်မြေပြင်ဖြန့်ကျက်မှုအကြောင်း ဘာမှနားမလည်ဘူး။ အဲဒီအပိုင်းကို ဗိုလ်ချုပ်တွေပဲ စီစဉ်သင့်ပါတယ်။ ကျုပ်က ရထားရွှေ့ပြောင်းမှုနဲ့ လုံခြုံရေးမဟာဗျူဟာကိုပဲ ကိုင်တွယ်တာမို့ ဗိုလ်ကြီးတို့ကိုပဲ အားကိုးရပါလိမ့်မယ်”

“ကောင်းပြီ။ အချိန်မရှိတော့ဘူး။ ငါအကြံပြုချင်တာကတော့ တံတားကို ဖြတ်ကျော်ပြီးသား တိုက်ခိုက်ရေးတပ်ရင်းသုံးခုက ရှေ့ပြေးတပ်ဖွဲ့ကို ကာကွယ်ဖို့ ဆက်ချီတက်ပါ။ တခြား တပ်ရင်း ၁၃ နဲ့ ၂၂ တွေကတော့ မြောက်ဘက်ကမ်းရဲ့ ဘယ်ညာတောင်ပံတွေမှာ ထူထပ်တဲ့ ပစ်အားကာကွယ်ရေးတပ်တွေကို အသီးသီးဖြန့်ကျက်ပြီး တံတားကို ဖြတ်ကျော်နေတဲ့ ရထားနဲ့ အဓိကတပ်ဖွဲ့ကို အကာအကွယ်ပေးပါ။ ငါတို့ တံတားထိပ်ကာကွယ်ရေးတိုက်ပွဲကို ပြတ်ပြတ်သားသားတိုက်ရမယ်”

လော့ရှောင်ခိုင်က ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်သည်။

“ငါ သဘောတူတယ်”

“ငါလည်း သဘောတူတယ်”

“ကောင်းပြီ”

အမှတ် (၂) တိုက်ကြီးတပ်ဖွဲ့၏ ဗိုလ်ချုပ်လော့ရှောင်ခိုင်က ကွပ်ကဲလိုင်းတွင် ပြတ်သားစွာ အမိန့်လိုက်သည်၊၊ သူ၏ အသံက အမြောက်သံများကို ထိုးဖောက်သွားသည်။ သူသည် ကွပ်ကဲဌာနချုပ်ရှိ ဧရာမသုံးဖက်မြင်ပုံရိပ်ယောင်သဲပြင်ပုံစံငယ်ရှေ့တွင် ရပ်နေပြီး သူ၏ အကြည့်သည် တပ်ဖွဲ့များကို ကိုယ်စားပြုသည့် လင်းလက်နေသောအမှတ်များပေါ်သို့ လင်းယုန်တစ်ကောင်ကဲ့သို့ စူးရှစွာ ဖြတ်သန်းသွားသည်၊၊

“ဝေကောင်း… မင်းရဲ့ တပ်ရင်း ၂၂ က ဘယ်တောင်ပံကို ကိုင်တွယ်… ငါ့ရဲ့ တပ်ခွဲ ၂ နဲ့ ၃ က ညာဘက်က ဒီနေရာနှစ်ခုကို အာရုံစိုက်ပြီး ခံစစ်ကုန်းတွေကို အရင်ရယူမယ်။ ပြီးရင် တပ်ခွဲ ၄၊ ၆၊ ၇ နဲ့ မီကာတပ်ခွဲနှစ်ခုက ရထားလမ်းဘက်ကနေ ရွှေ့ပြောင်းပြီး ၁၅ မိနစ်အတွင်း ကာကွယ်ရေးလိုင်းကို တည်ဆောက်ပါ။ ဝူရှန်းကွမ်… မင်းရဲ့ မိုးကြိုးလေတပ်က ပစ်အားအတားအဆီးတွေ သုံးပြီး စစ်ကူတွေကို အရင်ရှင်းလင်း...”

“အမှတ် (၂) တိုက်ကြီးအထူးစစ်ဆင်ရေးအဖွဲ့ကတော့ တံတားထိပ်မျက်နှာစာကို ထိန်းချုပ်ပြီး ကန့်လန့်ဖြတ်ပစ်အားကွန်ရက်ကို တည်ဆောက်ပါ။ နဂါးခွန်ပန် မိုးကြိုးလေတပ်ကတော့ အနိမ့်ပျံဝဲပြီး ချောက်ကမ်းပါးရဲ့ ဘေးနှစ်ဖက်စလုံးက ကောင်းကင်နဲ့ မြေပြင်ကို ရှင်းလင်းပါ။ မီးကျောက်တုံးလေတပ်ကတော့ ပြောက်ကျားစစ်ကူပေးပြီး ဘယ်နေရာက ပိတ်ဆို့နေလဲ အဲဒီနေရာကို တိုက်ခိုက်ပါ”

“ကောင်းပါပြီ”

ထိုအမိန့်သည် ဆူပွက်နေသော စစ်မြေပြင်ထဲသို့ ပစ်ချလိုက်သည့် ကျောက်ခဲကြီးတစ်ချပ်ကဲ့သို့ပင်၊၊

ရထားတန်း၏ နောက်မြီးပိုင်းတွင်မူ နောက်မှ လိုက်ပါလာသော သံမဏိအစောင့်တပ်ရင်း ၁၃ သည် ပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲနေရသည်။ ဗိုလ်ချုပ်လီရှန်း၏ မီးကျောက်တုံးလေတပ်ကွပ်ကဲဌာနချုပ်သည် ကွပ်ကဲမှုအချက်ပြလှိုင်းများကို ပြင်ပသို့ အရှိန်အဟုန်ဖြင့် ထုတ်လွှင့်နေသည်။ စစ်မြေပြင်တစ်ခုလုံးရှိ မွန်းစတားလှိုင်းကြီးသည် ရထားတန်းဆီသို့ ဦးတည်ထိုးနှက်နေပြီး သံမဏိအစောင့်တပ်ရင်း ၁၃ သည် ဤအရှိန်မြှင့်တင်ထားသော ကမ္ဘာပျက်ရထားကြီး၏ နောက်ဆုံးခံစစ်ဖြစ်နေသောကြောင့် လက်ရှိတွင် ၎င်းတို့က ဖိအားအများဆုံးရင်ဆိုင်နေရခြင်းဖြစ်သည်။

ပေါင်းစည်းယာဉ်တန်း၏ အဆုံးပိုင်းတွင်မူ လက်နက်အပြည့်တပ်ဆင်ထားသည့် စစ်ဘက်သုံးအမြောက်ကြီးများတပ်ဆင်ထားသော ရထားတွဲပေါင်း ၅၀ကျော် ရှိနေပြီး ၎င်းသည်လည်း သံမဏိအစောင့်တပ်ရင်း ၁၃ ၏ အဓိကတပ်ဖွဲ့တစ်ခုဖြစ်သည်။ ဤနောက်မြီးပိုင်း အဝေးပစ်အမြောက်တပ်ဖွဲ့သည် ရထားလမ်းပေါ်တွင် မွန်းစတားများ လုံးဝမကျော်ဖြတ်နိုင်သေးသည့် နောက်ဆုံးခံတပ်ကြီး ဖြစ်ပေသည်။

ထိုအချိန်တွင် ရှေ့မျက်နှာစာ ချောက်ကမ်းပါး၏ မြောက်ဘက်ကမ်းပေါ်၌ သံမဏိအစောင့်တပ်ရင်း ၂၂ ၏ တပ်ခွဲ ၃ မှ TFV-600 ပြောင်းနှစ်လုံးပူးတင့်ကားအုပ်စုသည် နားကွဲလုမတတ်ချီတတ်သံများနှင့်အတူ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။ လေးလံသော ချိန်းပတ်လမ်းများသည် လောင်ကျွမ်းထားသော မြေရိုင်းများကို နင်းခြေကာ တံတားထိပ်၏ မြောက်ဘက်ကမ်းတွင် တန်းစီနေရာယူလိုက်ပြီး ထူထဲသော ပြောင်းဝများမှ ဖျက်အားပြင်းမီးလုံးကြီးများကို မှုတ်ထုတ်လိုက်ရာ လှိုင်းလုံးကြီးပမာအုပ်စုလိုက်တိုးဝှေ့လာနေသည့် ခြေလက်များစွာပါသော အလောင်းကောင်အင်းစက်အုပ်ကြီးကို သွေးမိုးမုန်တိုင်းအဖြစ်လွင့်စင်သွားစေသည်။

၎င်း၏နောက်တွင် ကပ်လျက်ပင် ယန္တရားခြေလျင်တပ်ခွဲ ၆ နှင့် ၇ တို့သည် တင့်ကားပျက်များနှင့် အလျင်စလိုစုပုံထားသော အလွိုင်းအကာအကွယ်များကို အမှီပြု၍ နေရာယူလိုက်ကြသည်။ 1139 CIWS စက်အမြောက်မှ ထွက်ပေါ်လာသော သတ္တုမုန်တိုင်းသည် လေထုထဲတွင် သေမင်းကွန်ရက်တစ်ခုကို ရက်လုပ်လိုက်ပြီး ငုံ့ဆင်းတိုက်ခိုက်လာသော မိုးပျံမွန်းစတားအုပ်များကို တစ်စစီဆုတ်ဖြဲပစ်လိုက်သည်။ ၎င်းတို့၏ ကာကွယ်ရေးလိုင်းသည် သံမဏိရေကာတာကြီးတစ်ခုကဲ့သို့ အနောက်ဘက်ခြမ်း ကျောက်နက်တောအုပ်ဘက်မှ လှိမ့်ဝင်လာသော အဆုံးမရှိသည့် မွန်းစတားလှိုင်းကြီးကို ကြံ့ကြံ့ခံပိတ်ဆို့ထားလေသည်။

ဗိုလ်ချုပ်ကျန်းဝေကောင်း၏ အော်သံက ပြတ်သားမှုများဖြင့် ပြည့်နှက်နေသည်၊၊

“ဒါက ခေါင်းတလားပျဉ်ချပ် ဖြစ်နေရင်တောင် ငါ့အတွက် သံမှိုနဲ့ ရိုက်ပိတ်ထားကြရအောင်။ တင့်ကားတပ်ရင်း… ရှေ့တိုးပြီး လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းနဲ့ ပူးပေါင်းပြီး ကောင်းကင်က အတောင်ပံပါတဲ့ မျိုးမစစ်ကောင်တွေကို ရှင်းပစ်စမ်း”

All Chapters