← Chapters

အမြည်းဆင့် (၁)

Vol. 76 Ch. 1182

အမြည်းဆင့် (၁)

Vol. 76 Ch. 1182

ချီလီသည် ဖမ်းဆုပ်ရခက်သော ရွှေရောင်လျှပ်စီးကြောင်းတစ်ခုအသွင်ပြောင်းလဲသွားပြီး စစ်တလင်းတစ်ခွင်၌ အရှိန်အဟုန်ဖြင့် လှုပ်ရှားနေကာ သူ ခေတ္တရပ်လိုက်သည့် အကြိမ်တိုင်း၌ အမဲလိုက်သတ္တဝါအများအပြား၏ အမြုတေများ ထိုးဖောက်ခံရခြင်း သို့မဟုတ် အရေးပါသောအစိတ်အပိုင်းများ ချက်ချင်းဖျက်ဆီးခံရခြင်းတို့ တွဲဖက်ဖြစ်ပွားနေသည်။

နန်ကျင်းက မီတာအနည်းငယ်မြင့်သော ခွန်အားအမျိုးအစား ဆင့်ကဲပြောင်းလဲသူအဖြစ် ပြောင်းလဲသွားပြီး သူမ၏လက်သီးများသည် လေးလံသောအမြောက်များကဲ့သို့ လမ်းပိတ်ထားသော မွန်းစတားများကို အသားမှုန့်ဖြစ်အောင် ပေါက်ကွဲပစ်ကာ ရဲဘော်ရဲဘက်များကို ကာကွယ်ပေးထားသည်။

ရှီတိယွမ်သည်လည်း ဝက်ဝံကဲ့သို့သော သားရဲပုံသဏ္ဍာန်အဖြစ် ပြောင်းလဲကာ ဟိန်းဟောက်လိုက်ပြီး လက်သည်းများဖြင့် လေထုကို ဆုတ်ဖြဲရင်း သံချပ်ကာယာဉ်တန်းဆီသို့ ခုန်အုပ်လာသည့် A-Level ကင်းမြီးကောက်ကြီးတစ်ကောင်ကို ရူးသွပ်စွာ တိုက်ခိုက်နေသည်။

၎င်းတို့ထံမှ ထွက်ပေါ်လာသော တိုက်ခိုက်မှုတစ်ခုချင်းစီသည် ယိမ်းယိုင်နေသော ခံစစ်ကြောင်းအတွက် အဖိုးတန်သော အသက်ရှုချိန်များကို ဝယ်ယူပေးနိုင်ခဲ့သည်။

ဤအသားကြိတ်စက်ကဲ့သို့သော စစ်တလင်း၏ ဗဟိုတည့်တည့်တွင် လင်းရှန်၊ ကီကီ၊ ကျန်းယွမ်နှင့် ချူယန်တို့အဖွဲ့သည် ရထားလမ်းများ၏ နောက်ဘက်ရှိ ပိုမိုရှုပ်ထွေးပြီး သွေးနီရောင်မြူအထူဆုံးနယ်မြေဆီသို့ မယုံနိုင်ဖွယ်အရှိန်အဟုန်ဖြင့် ဦးတည်သွားကြသည်။

၎င်းတို့၏ ရည်မှန်းချက်မှာ လမ်းတစ်လျှောက်ရှိ ရထားသံလမ်းများကို ပြုပြင်ရန်နှင့် နောက်ဘက်မှ အရှိန်မြှင့်မောင်းနှင်လာသော ရထားများ နောက်ကျမကျန်ခဲ့စေရန် အာမခံချက်ပေးဖို့ ဖြစ်သည်။

ကျန်းယွမ်က ပြင်းထန်သော လေဆင်နှာမောင်းမုန်တိုင်းတစ်ခုဝန်းရံလျက် ရှေ့ဆုံးမှ အပြင်းအထန်တိုးဝင်သွားသည်။ သူက လက်နှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ မမြင်ရသော လေဖိအားသည် နတ်ဘုရားတစ်ပါး၏ ထွက်သက်ကဲ့သို့ ဖြစ်ပေါ်လာပြီး ရှေ့ရှိ ထူထပ်သော သွေးနီရောင်မြူထူထဲတွင် မီတာရာဂဏန်းခန့် အချင်းရှိသော အပေါက်ကြီးတစ်ပေါက်ကို အတင်းအကျပ်မှုတ်ထုတ်ပစ်လိုက်သဖြင့် အောက်ခြေရှိ လိမ်တွန့်အက်ကွဲနေသော မြေပြင်နှင့် အတွင်း၌ ရူးသွပ်စွာ လူးလွန့်နေသော မွန်းစတားများ၏ အရိပ်မည်းများကို ပေါ်ထွက်လာစေကာ နောက်မှလိုက်ပါလာသော တပ်ဖွဲ့များအား ခေတ္တအမြင်အာရုံသက်သာရာရမှုနှင့် အမောဖြေချိန်ကို ပေးစွမ်းနိုင်ခဲ့ပြီး ဒေသတွင်းခံစစ်၏ ဖိအားကို များစွာလျော့ပါးသွားစေသည်။

ကီကီသည် ကပ်လျက် လိုက်ပါလာပြီး သူမ၏ မျက်ဝန်းများသည် ကြယ်တာရာများကဲ့သို့ တောက်ပနေကာ သူမ၏ အစွမ်းထက်လှသော စိတ်စွမ်းအင်သည် မမြင်ရသော လက်ဝါးကြီးတစ်ဖက်အဖြစ် ပြောင်းလဲသွားပြီး တစ်ခါတစ်ရံတွင် နယ်မြေတစ်ခုအတွင်းရှိ မွန်းစတားဒါဇင်ပေါင်းများစွာကို သွေးမြူများအဖြစ် ကြိတ်ခြေပစ်ကာ အခြားတစ်ခါတွင်မူ မီးလောင်နေသော တင့်ကားပျက်များ သို့မဟုတ် ကျိုးပဲ့နေသော သံလမ်း သံမဏိတန်းများကို မတင်ကာ အဝေးရှိ မွန်းစတားအုပ်စု၏ ဗဟိုချက်ဆီသို့ လောက်လွှဲကဲ့သို့ ပစ်ပေါက်လိုက်ရာ စိတ်စွမ်းအင်လှိုင်းတစ်ခုချင်းစီတိုးမြင့်လာမှုနှင့်အတူ အကြီးစားရှင်းလင်းမှုများ တွဲ၍ဖြစ်ပေါ်လာသည်။

ဤနှစ်ယောက် မြေပြင်တွင် ရှိနေခြင်းကြောင့် လင်းရှန်နှင့် ချူယန်တို့သည် ပေါင်းစည်းယာဥ်တန်းနှင့် နီးကပ်စွာ နိမ့်ဆင်းပျံသန်းနိုင်ပြီး ယန္တရားစွမ်းအားကို အသုံးပြုကာ အောက်ခြေရှိ သံလမ်းများကို ပြုပြင်နိုင်ကြကာ ချူယန်၏ အခန်းကဏ္ဍမှာမူ အစွမ်းထက်သော စိတ်ဝိညာဥ်စွမ်းအင်နယ်ပယ်ဖြင့် ဖိနှိပ်ထားရန် ဖြစ်သည်၊၊ အကြောင်းမှာ အင်းဆက်ဒီရေလှိုင်းသည် လင်းရှန်ကို ပစ်မှတ်ထားနေပုံရပြီး ဆူနာမီကဲ့သို့ လှိုင်းလုံးကြီးများ ထလာသောကြောင့်ဖြစ်သည်။

“ဂရေ့စ်” လင်းရှန်သည် ဆိုးရွားစွာ ပုံပျက်နေသော သံလမ်းတစ်ခုကို ပြုပြင်ရင်း ဂရေ့စ်ကို လှမ်းခေါ်လိုက်သည်။

[ကစဥ့်ကလျားရဲ့ တည်နေရာသြဒိနိတ်ကို ရှာဖွေတွေ့ရှိထားပြီးဖြစ်ပေမယ့် ရှင့်ကို သတိပေးဖို့ လိုနေပါတယ်]

“ဘာလဲ”

နက်ရှိုင်းသော အာကာသအထက်တွင် ၁၂ ကီလိုမီတာ အချင်းရှိသော လက်စွပ်ကွင်းပုံသဏ္ဍာန် စွမ်းအင်သိုလှောင်မှုအခင်းအကျင်းသည် တောက်ပသော အပြာရောင်လျှပ်စစ်စီးကြောင်းများနှင့်အတူ ရုတ်တရက် လင်းထိန်သွားပြီး တရားစီရင်ခြင်း၏ အတောင်ပံများ ဖြန့်ကျက်ထားသကဲ့သို့ ဖယောင်းနဂါးအဆင့် ကန့်သတ်အမှုန်တန်းအခင်းအကျင်း ၂၄ခုသည် လေဟာနယ်ထဲတွင် ၎င်းတို့၏ သေနတ်ပြောင်းများကို တိတ်တဆိတ်ရွှေ့ပြောင်းလိုက်ကြကာ ဥက္ကာခဲများကို ဖျက်ဆီးရန်အတွက် နက်ရှိုင်းသောအာကာသသို့ မူလက ဦးတည်ထားသော စွမ်းအင်မြင့်အမှုန်အမြောက်များကို မြောက်ဘက်ကမ်းခြေစစ်တလင်းဆီသို့ လှည့်လိုက်ကြသည်။

ဂရေ့စ်က ထိန်းချုပ်ခုံရှေ့တွင် ရပ်နေရင်း လင်းရှန်ကို ပြောလိုက်သည်။

[ရွေ့လျားစကင်ဖတ်စစ်ဆေးမှုအရ ၎င်းက ထိုသက်ရှိ၏ ပင်မကိုယ်ထည်မဟုတ်ကြောင်း ပြသနေပါသည်]

“ဘာဆိုလိုတာလဲ”

“နင်မြင်နေရတာက ကစဥ့်ကလျားရဲ့ ပင်မခန္ဓာကိုယ်မဟုတ်ဘူး”

ချူယန်က ကောင်းကင်ရှိ ဂြိုဟ်မျက်လုံးကြီးကို ကြည့်ကာ လင်းရှန်ကို ပြောလိုက်သည်။

“သူ့ရဲ့ ပင်မခန္ဓာကိုယ်က မြေအောက်မှာရှိနေတယ်”

“ဘယ်လို”

လင်းရှန်လည်း ထိုမှတ်ချက်ကြောင့် တုန်လှုပ်သွားသည်။

“ကောင်းကင်မှာ မျက်လုံးရှိပြီး ပင်မခန္ဓာကိုယ်က မြေအောက်မှာဆိုတော့ ဒါက ဘယ်လိုတစ္ဆေသရဲလိုအရာမျိုးလဲ”

ချူယန်က ခေါင်းခါပြသည်။

“ငါလည်းမသိဘူး၊၊ ကော်လိုရာဒိုက အာရုဏ်ဦးဗဟိုစင်တာရဲ့ ရင်ဆိုင်တိုက်ပွဲမှာလည်း သူ့ရဲ့ ပုံပန်းသဏ္ဍာန်အပြည့်အစုံကို အပြည့်အဝမလေ့လာနိုင်ခဲ့ဘူး၊၊ ငါတို့သိတာက သူ့ရဲ့ ပင်မခန္ဓာကိုယ်က မြေအောက်မှာ သေချာပေါက်ရှိနေတယ်ဆိုတာပဲ၊၊ ၁၀ ကီလိုမီတာကျော် မြေမျက်နှာသွင်ပြင်ကို ဖျက်ဆီးနိုင်စွမ်းရှိတဲ့ ကောင်မျိုးပေါ့”

လင်းရှန်၏ မျက်ဝန်းများ အနည်းငယ်ကျဉ်းမြောင်းသွားသည်။

“ဒီလောက် အဓိပ္ပာယ်မရှိအောင် ကြီးမားတဲ့အရာတွေအားလုံးဟာ အာကာသထဲကနေ ငုံ့ကြည့်ရင် သာမန်မျက်စိနဲ့တောင် မြင်နိုင်လောက်တယ်”

“သတိထား”

လေဆင်နှာမောင်းက ဟိန်းဟောက်သွားပြီး ကျန်းယွမ်က ဆက်သွယ်ရေးစက်မှတစ်ဆင့် အော်ဟစ်လိုက်သည် လင်းရှန် မတုံ့ပြန်နိုင်သေးခင်မှာပင် ရှေ့ရှိ အာကာသသည် သွေးနီရောင်အဖြစ်ပေါ်ထွက်လာပြီး ကြီးမားသော အမဲလိုက်သတ္တဝါကြီးတစ်ကောင်က ချက်ချင်းပေါ်လာကာ ၎င်း၏ ရှုံ့တွနေသော မျက်နှာသည် အေးစက်သော သတ်ဖြတ်လိုစိတ်ဖြင့် လင်းရှန်ကို စိုက်ကြည့်နေပြီး ၎င်း၏ မြှောက်ထားသော လက်သည်းများတွင် အမှောင်စွမ်းအင်များလျှံထွက်နေကာ ထိုအခိုက်အတန့်တွင် လူတိုင်း၏ စွမ်းအားဝတ်စုံ လျှပ်စစ်စနစ်ကို ပြင်းထန်စွာ တဖျတ်ဖျတ်တုန်ခါသွားစေသည်။

ဤအခိုက်အတန့်တွင် ချူယန်၏ မျက်ဝန်းများထဲ၌ အဖြူရောင်အလင်းများ ဖျတ်ခနဲဖြစ်သွားပြီး ထိတ်လန့်ဖွယ် စိတ်ဝိညာဥ်စွမ်းအင်နယ်ပယ်က ဗဟိုဆီသို့စုဆုံလျက် ဖျော့တော့စွာတောက်ပလာရာ တဖျတ်ဖျတ်ဖြစ်နေသော အမဲလိုက်သတ္တဝါကြီး၏ တိုက်ခိုက်မှုသည် တစ်စက္ကန့်ခန့် ရုတ်တရက် ရပ်တန့်သွားသည်၊၊ ဤတစ်စက္ကန့်အတွင်းမှာပင် လင်းရှန်က သူ၏လက်ကို အလျားလိုက် လွှဲယမ်းလိုက်ရာ စူပါအလင်းယိုင်ဓားသည် မီတာရာဂဏန်းရှိသော မွန်းစတားဒီရေလှိုင်းများနှင့်အတူ စစ်တလင်းကို ဖြတ်သန်းသွားပြီး လောင်ကျွမ်းနေသော မြေပြင်ကို ချန်ရစ်ခဲ့သည်။

“လင်းရှန်… အဆင်ပြေရဲ့လား”

ကီကီက စိတ်စွမ်းအင်နယ်ပယ်ကို ထိန်းချုပ်ရင်း ကောင်းကင်မှ ဆင်းသက်လာသည်။

“လခွမ်း… ကပ်သီလေးပဲ” လင်းရှန်က တုံ့ပြန်လိုက်သည်။

“မင်းလည်း သတိထား… အဲဒီလိုသွေးနီရောင်မြူတွေက ဘာမှမရှိဘဲနဲ့ လေထဲကနေ ပေါ်လာနိုင်တယ်”

“တည်နေရာကူးပြောင်းမှုက ကာကွယ်ဖို့ အတော်ခက်တယ်”

ချူယန်က ကျဆုံးသွားသော အမဲလိုက်သတ္တဝါကြီး၏ မီးကျွမ်းနေသော အလောင်းကို ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။

“ဒါ့အပြင် တခြားအမျိုးအစားတွေလည်း အများကြီးရှိသေးတယ်၊၊ ဘယ်လိုပဲဖြစ်ဖြစ် သတိလက်လွတ်ဖြစ်တဲ့ စွမ်းအားရှင်တိုင်းက တစ်စက္ကန့်အတွင်း သေသွားနိုင်တယ်၊၊ ဘယ်တော့မှ ပေါ့ပေါ့ဆဆမလုပ်နဲ့”

“အခု ငါမသိတာက အဲဒီမျက်လုံးကြီးမှာ တကယ်တမ်း ဘယ်လိုတိုက်ခိုက်ရေးနည်းလမ်းရှိလဲဆိုတာပဲ၊၊ ငါတို့မှာ သူ့ကိုရင်ဆိုင်ဖို့ ဘာဗျူဟာ ဒါမှမဟုတ် ပြင်ဆင်မှုမှ မရှိဘူး”

လင်းရှန်က ပြောသည်။

“အဲဒီအရာက အကြီးစားမြေမျက်နှာသွင်ပြင်နိမ့်ကျမှုကိုဖြစ်စေလိမ့်မယ်၊၊ လင်းရှန်… မြေအောက်မြို့တော် အမှတ် (၉) မှာ ကျွန်မတို့ ကြုံခဲ့ရတာကို ရှင်မှတ်မိသေးလား”

ကောင်းကင်အမိုးခုံးရထားပေါ်မှ ချန်ဆီရွှမ်၏ အသံထွက်ပေါ်လာသည်။

“ကျွန်မတို့ သုံးသပ်ချက်အရ အဲဒါက ‌မြေငလျင်ငါးခူလိုမျိုး ကမ္ဘာ့အပေါ်ယံအလွှာအောက်မှာ ရွေ့လျားနေတာဖြစ်ဖို့ အလားအလာအများကြီးရှိတယ်”

“အခုလေးတင် ပေါ်လာတဲ့ ချောက်နက်ကြီးက မြေမျက်နှာသွင်ပြင်အရ အရင်က လုံးဝမရှိခဲ့ဖူးဘူး၊၊ အဲဒါကို ဒီကစဥ့်ကလျားမွန်းစတားက ဖန်တီးခဲ့တာလို့ အတည်ပြုနိုင်တယ်” ချူယန်က ပြောသည်။

လင်းရှန်လည်း သူနှင့် ကီကီတို့ မြေအောက်မြို့တော် အမှတ် (၉) ရှိ ဥမင်လိုဏ်ခေါင်းအောက်ခြေတွင် ပုန်းအောင်းနေသော ထိုထိတ်လန့်ဖွယ်သတ္တဝါကြီးကို လှမ်းမြင်ခဲ့ရစဉ်က အချိန်ကို ချက်ချင်းသတိရမိပြီး ယခုအချိန်ထိ တွေးမိရုံနှင့်ပင် ကျောရိုးတစ်လျှောက်စိမ့်တတ်သွားရသည်။

“အခု ငါ သိချင်တာက ဒီအကောင်ကြီးရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲဆိုတာပဲ၊၊ မွန်းစတားဒီရေလှိုင်းကို လှုံ့ဆော်ပေးရုံကလွဲလို့ ဘာလို့ ကိုယ်တိုင်တိုက်ခိုက်ခြင်းမရှိသေးတာလဲ”

“မသိဘူး၊၊ ဘာမဆိုဖြစ်နိုင်တာပဲ”

ကျန်းယွမ်က လေဆင်နှာမောင်းမုန်တိုင်း၏ ဗဟိုတွင် ရပ်နေရင်း ဤအခိုက်အတန့်၌ တည်ငြိမ်စွာ ပြောလိုက်သည်။

“ဥပမာအားဖြင့် တချို့ အဆင့်မြင့်အမဲလိုက်သမားတွေက အမဲလိုက်ရတဲ့ စိတ်လှုပ်ရှားမှုကို နှစ်သက်ကြတယ်၊၊ ဖြစ်နိုင်တာက သူ့မျက်လုံးထဲမှာ ငါတို့က သူ့နယ်မြေထဲကနေ ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူးလို့မြင်တာနေမှာပါ”

“နောက်ထပ် ရှင်းလင်းချက်တစ်ခုလည်း ရှိသေးတယ်၊ အဲဒါကတော့ စွမ်းအင်မလောက်တာပဲ”

All Chapters