← Chapters

အမြည်းဆင့် (၂)

Vol. 76 Ch. 1183

အမြည်းဆင့် (၂)

Vol. 76 Ch. 1183

“စွမ်းအင်မလောက်ဘူး ဟုတ်လား”

“ဟုတ်တယ်၊၊ အဆင့်မြင့်အမဲလိုက်သတ္တဝါကြီးတစ်ကောင်အတွက် အမဲလိုက်မှုတိုင်းက ကြီးမားတဲ့ အပူစွမ်းအင်နဲ့ အင်အားကို ကုန်ဆုံးစေတယ်၊၊ အကယ်၍ သားကောင်ဆီကနေရရှိမယ့် ကယ်လိုရီက အမဲလိုက်ဖို့ ကုန်ကျတဲ့စွမ်းအင်ကို မကာမိဘူးဆိုရင် သူ လှုပ်ရှားဖို့ မလိုဘူးလေ” ကျန်းယွမ်က ပြောသည်။

“ရှင်ပြောချင်တာက ဒီအကောင်ကြီးအတွက် ဒီမှာရှိတဲ့ ကျွန်မတို့လူသန်းပေါင်းများစွာက တိုက်ခိုက်ရလောက်တဲ့အထိ တန်ဖိုးမရှိဘူးလို့ပြောတာလား” ကီကီက ဝင်ပြောလိုက်သည်။

“ငါ ခန့်မှန်းကြည့်တာပဲ၊၊ ရာနှုန်းပြည့်တော့ မသေချာပါဘူး၊၊ ဒါပေမဲ့ အခြေအနေအရကြည့်ရင် သွေးနီရောင်ဒီရေလှိုင်းကို ထိန်းချုပ်ပြီး ငါတို့ကိုဝါးမျိုခိုင်းတာက သူ့အတွက် စွမ်းအင်အသက်သာဆုံးရွေးချယ်မှုဖြစ်လိမ့်မယ်”

“ဒါကြောင့်မို့လို့ လမ်းကြောင်းကို လုံးဝဖြတ်တောက်ဖို့ ချောက်နက်ကြီးကို တူးထုတ်ခဲ့တာပေါ့၊၊ ဒီကောင်စုတ်က အတော်ဉာဏ်များတာပဲ”

“သူဉာဏ်ကောင်းလို့ပဲ ဟုတ်ချင်မှဟုတ်မှာပါ” ချူယန်က ပြောသည်။

“ဒီနေရာက လမ်းညွှန်မှုအချို့က ဖောင်ဒေရှင်းရဲ့ လက်ချက်ဖြစ်နိုင်တယ်”

၎င်းတို့၏ စကားဝိုင်းကို နားထောင်ရင်း လင်းရှန်၏ အမူအရာသည် ပိုမိုလေးလံလာပြီး အစောပိုင်းက ခံစားချက်မျိုးက သူ့ထံ ထပ်မံရိုက်ခတ်လာပြန်သည်။

“ကျန်းယွမ်၊၊ အခုလေးတင် မင်းက သူက အပူစွမ်းအင်ကို ကုန်ဆုံးစေတယ်လို့ ပြောတယ်နော်၊၊ အရင်တုန်းက ဒီမွန်းစတားကြီးက အာရုဏ်ဦးဗဟိုစင်တာကို တိုက်ခိုက်ခဲ့စဉ်က အခြေအနေက အခုနဲ့ ကွဲပြားနေတာလား”

“လုံးဝကို ကွဲပြားတယ်”

ကျန်းယွမ်က ချက်ချင်းပြောလိုက်သည်။

“အဲဒီတုန်းက ငါတို့ရင်ဆိုင်ခဲ့ရတာတွေက အားလုံးနီးပါးက အထူးအဆင့်နဲ့ S-Class အဆင့် အလွန်ကြီးမားတဲ့ မွန်းစတားတွေပဲ၊၊ သွေးနီရောင်ဒီရေလှိုင်းက အခုလောက်မခြိမ်းခြောက်နိုင်ဘူး၊၊ အဲဒီအကောင်က မြေအောက်ကနေ တိုက်ခိုက်မှုတစ်ခုတည်း လုပ်လိုက်တာနဲ့တင် ငါတို့ရဲ့ သံမဏိအစောင့်တပ်ရင်းတစ်ဝက်နဲ့ ယာဉ်တန်းတွေအများကြီးဆုံးရှုံးခဲ့ရတယ်”

ထိုစကားကြောင့် လင်းရှန်၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားကာ သူက ဂရေ့စ်ကို ချက်ချင်းဆက်သွယ်လိုက်သည်။

“ဂရေ့စ်၊၊ ဒီဒေသရဲ့ သွေးနီရောင်ဒီရေ သိပ်သည်းဆဖြန့်ကျက်မှုက တခြားတိုက်ကြီးတွေရဲ့ ဒေသတွေနဲ့ အများကြီးကွာခြားနေတာမျိုးရှိလား”

[ရှိပါတယ်၊၊ လက်ရှိ မြောက်အမေရိကတိုက်ဒေသတွင် အလွန်မြင့်မားသော သွေးနီရောင်ဒီရေသိပ်သည်းဆရှိတဲ့ မုန်တိုင်းဇုန် စုစုပေါင်း ငါးခုပေါ်ပေါက်နေပြီး အဲ့ဒါတွေက နီဗားဒါး၊ အရီဇိုးနား၊ ယူတတ်၊ ကော်လိုရာဒိုနှင့် နယူးမက္ကဆီကိုတို့မှာ တည်ရှိပါတယ်၊၊ ၎င်းတို့ရဲ့ ရွေ့လျားမှုပုံစံက အပူပိုင်းမုန်တိုင်းများနဲ့ဆင်တူပြီး သိပ်သည်းဆမှာလည်း မြင့်တက်လာသည့် လမ်းကြောင်းတွင် ရှိနေပါတယ်]

ချူယန်သည်လည်း ဂရေ့စ်၏ တုံ့ပြန်မှုကို ကြားလိုက်ရသဖြင့် လင်းရှန်ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။

“နင် ဘာကိုသဘောပေါက်သွားတာလဲ”

သို့သော် ထိုအခိုက်အတန့်တွင် လင်းရှန်က ရုတ်တရက် ပျံသန်းနေရာမှ ရပ်တန့်သွားပြီး သူ၏တစ်ကိုယ်လုံး လေဟုန်ထဲတွင် ရပ်နေကာ မျက်ဝန်းများထဲ၌ ဗလာကျင်းနေသောအကြည့်များ ဖြစ်ပေါ်လာသည်။

“လင်းရှန်… ဘာဖြစ်တာလဲ”

“ခဏစောင့်”

“မွန်းစတားဒီရေလှိုင်းကို တားဆီးထား”

“လင်းရှန်”

ဟူး~

ဟူး~

ယခုအချိန်တွင် လင်းရှန်သည် သူ၏ စွမ်းအားဝတ်စုံ မျက်နှာဖုံးအတွင်းမှ မိမိကိုယ်တိုင်၏ ထွက်သက်ဝင်သက်သံကိုသာ ကြားနိုင်တော့ပုံရသည်၊၊ သူ၏နဖူးမှ ချွေးစေးများ အဆက်မပြတ်စီးကျလာပြီး ဤအချိန်တွင် သူ နောက်ဆုံး၌ နားလည်သွားခဲ့ပြီဖြစ်သည်။

သူသည် ယဉ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးအတွင်း၌ မြင်တွေ့ခဲ့ရသော ပုံရိပ်များကို ပြန်လည်အမှတ်ရမိသွားသည်။

သတင်းအချက်အလက်ခေတ်၏ အလင်းတန်းများသည် အရာအားလုံးကို တစ်ခဏချင်းဖုံးလွှမ်းသွားပြီး ဒေတာလှိုင်းလုံးကြီးများသည် မမြင်ရသောကွန်ရက်များတစ်လျှောက် တိုးဝှေ့နေကြသည်၊၊ ကြီးမားသော ကြယ်သင်္ဘောကြီးများသည် ဂြိုဟ်၏ဆွဲငင်အားမှ ရုန်းထွက်ကာ အနန္တနက်ရှိုင်းသော အာကာသထဲသို့ ရွက်လွှင့်သွားကြသည်၊၊ ပြီးပြည့်စုံသော ဂျီသြမေတြီပုံသဏ္ဍာန်ရှိပြီး သတ္တုလည်းမဟုတ် ကျောက်တုံးလည်းမဟုတ်သော ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် မိုးထိုးနေသောမျှော်စင်ကြီးများသည် ကမ္ဘာခြားဂြိုလ်များပေါ်မှ တစ်ခုပြီးတစ်ခုထွက်ပေါ်လာကာ စကြဝဠာလေဟာနယ်ထဲသို့ တည့်တည့်မတ်မတ်ထိုးထွက်နေကြပြီး တည်ငြိမ်ကြယ်များထံမှ ကောင်းကင်အကာကွယ်က ပြောင်းလဲပေးလိုက်သော စွမ်းအင်များကို လက်ခံရယူကာ မိုက်ခရိုဝေ့ဖ်များဖြင့် မြေမျက်နှာပြင်သို့ လွှဲပြောင်းပေးပို့နေကြသည်၊၊ ဤအရာသည် အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှု၏ အစပြုမှတ်ပင်ဖြစ်သည်။

“အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှု...”

မရေတွက်နိုင်သော ပုံရိပ်အပိုင်းအစများသည် လင်းရှန်၏ မျက်စိရှေ့တွင် ရူးသွပ်စွာ ဖြတ်ပြေးသွားကြသည်၊၊ လေထုထဲတွင် မျောပါနေသော ဧရာမသတ္တဝါအလောင်းများ၊ ဂြိုဟ်ဗဟိုချက်၏ အပူစွမ်းအင်ကို ဝါးမျိုနေသော သမုဒ္ဒရာနတ်ဘုရားကြီး၊ မြေအောက်မြို့တော် အမှတ် (၉)တွင် ပုန်းအောင်းနေသော မြေငလျင်ငါးခူ၊ ဆိုက်ဘေးရီးယားရှိ ကမ္ဘာ့အပေါ်ယံလွှာ မွန်းစတား၊ ကစဥ့်ကလျား ...

ထိုအာရုံ၏ အဆုံး၌ ထိုသတ္တုအန်စာတုံးလေးက ထပ်ခါတလဲလဲ တဖျတ်ဖျတ်လင်းလက်နေပြီး ၎င်းမှပေးပို့သော အချက်ပြကုဒ်မှ စာသားတစ်ကြောင်းကို ပြသနေသည်။

P——O——W——E——R

“အဲဒါတွေက အမှောင်ဒီရေ မုန်တိုင်းငါးခုမဟုတ်ဘူး၊၊ အဲဒါတွေက မျှော်စင်ငါးခုပဲ...”

လင်းရှန်၏ အမူအရာက တုန်လှုပ်သွားပြီး တီးတိုးရေရွတ်လိုက်သည်။

“ကောင်းကင်အကာကွယ်က လူသားတွေကို ပိတ်ဆို့ဖို့ ရည်ရွယ်ထားတာ လုံးဝမဟုတ်ဘူး၊၊ အဲဒါကစကြဝဠာစွမ်းအင်ပုံစံအားလုံးကို စုပ်ယူပြီး လမ်းကြောင်းလွှဲပေးဖို့အတွက် အသုံးပြုတဲ့ အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုရဲ့ ဒိုင်မေးရှင်းစွမ်းအင်စုပ်ယူမှုစနစ်ပဲ၊၊ အမှောင်ဒီရေဆိုတာ အဲဒီစွမ်းအင်က ပြောင်းလဲလာတဲ့ ပုံသဏ္ဍာန်တစ်ခုပဲ”

လင်းရှန်၏ စကားများသည် ဆက်သွယ်ရေးလိုင်းအတွင်း၌ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲသွားသည်။

“သူတို့က ကမ္ဘာမြေကြီးကို ပိုမိုမြင့်မားတဲ့ ဒိုင်မင်းရှင်းတစ်ခုအဖြစ် မြှင့်တင်တော့မှာ”

“မြင့်မားတဲ့ ဒိုင်မေးရှင်းဟုတ်လား” ကျန်းယွမ်က တုန်လှုပ်စွာ ပြောလိုက်သည်။

“အသွင်ပြောင်းလဲပစ်မှာလား”

“အသွင်ပြောင်းလဲပြီးရင် အိန်ဂျယ်တွေ ဆင်းသက်လာလိမ့်မယ်”

ချူယန်က တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်၊ သူမက ဤကောက်ချက်အပေါ် အံ့သြမနေခဲ့ပေ။

“အရာအားလုံးက တစ်ပြိုင်နက်တည်း ဖြစ်ပျက်နေတာပဲ၊၊ ဒီမျှော်စင်ငါးခုက ပေါ်လာပြီးပြီ၊၊ ငါထင်တာမှန်ရင် သိပ်မကြာခင်မှာ ကမ္ဘာ့အဆင့်ကပ်ဘေးကြီးငါးခု ဒီမှာပေါ်လာလိမ့်မယ်”

လင်းရှန်သည် ကောင်းကင်ရှိ ထိတ်လန့်ဖွယ် ဧရာမမျက်လုံးကြီးဆီသို့ လှည့်ကြည့်လိုက်သည်။

“ငါတို့က ဘယ်တုန်းကမှ သူ့ရဲ့ တကယ့်ပစ်မှတ် မဟုတ်ခဲ့ဘူး၊၊ ဒါမှမဟုတ် ငါတို့က ဘယ်လိုအရေးပါတဲ့ သားကောင်မှ မဟုတ်ဘူး၊၊ သူက တခြားကမ္ဘာ့အဆင့်သက်ရှိတွေ ရောက်လာပြီး ဝါးမျိုမှုအောင်မြင်ဖို့နဲ့ အိန်ဂျယ်တွေ ဆင်းသက်လာဖို့ကို စောင့်နေတာ၊ ပြီးတော့ ငါတို့က...”

“ဖြစ်နိုင်တာက ငါတို့ကဘာမှမဟုတ်ဘဲ...”

“အဓိကဟင်းလျာမလာခင်… ညစာမစားခင် အမြည်းဆင့်လေးပဲ ဖြစ်လိမ့်မယ်”

မြောက်ဘက်ကမ်းခြေ၏ ရူးသွပ်ဖွယ်ပိတ်ဆို့တိုက်ခိုက်ပွဲသည် ရက်စက်ကြမ်းကြုတ်စွာ ဆက်လက်ဖြစ်ပွားနေပြီး အမြောက်သံများမှာလည်း တအုန်းအုန်းဆူညံနေသည်၊၊ သို့သော် ထိုအခိုက်အတန့်တွင် ကွပ်ကဲဆက်သွယ်ရေးလိုင်းအတွင်း၌မူ မယုံနိုင်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။

သံမဏိအစောင့်တပ်ရင်းမှ လော့ရှောင်ခိုင်အပါအဝင် စစ်ဘက်ခေါင်းဆောင်အားလုံးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ငြိမ်သက်သွားကြသည်။

လော့ရှောင်ခိုင်က တည်ကြည်လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။

“စစ်သေနာပတိလင်း... မင်းပြောချင်တာက အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုရဲ့ အိန်ဂျယ်တွေက ဒီတိုက်ကြီးပေါ်မှာ ပေါင်းစည်းကြလိမ့်မယ်လို့ ဆိုလိုတာလား”

“ကမ္ဘာ့အဆင့်မွန်းစတားငါးကောင်လုံး ဒီမှာလာစုကြမယ်ဆိုရင် ဒါက ငါတို့အတွက် လုံးဝကပ်ဘေးဆိုက်သွားမှာပဲ မဟုတ်လား”

ကျန်းဝေကောင်းက ဝင်ပြောသည်။

“ဟုတ်ချင်မှလည်း ဟုတ်မှာပါ၊ စစ်သေနာပတိလင်းပြောပုံအရဆိုရင် အဲဒီလိုဖြစ်ဖို့ သူတို့က အတော်လေးကို ကြီးမားတဲ့ စွမ်းအင်ပမာဏကို စုပ်ယူဖို့ လိုအပ်တယ်”

ယူတိုးပီးယာမှ ရှောက ကောင်းကင်ကိုစစ်ဆေးနေရင်း ပြောလိုက်သည်။

“ဒီဒေသက သွေးနီရောင်မုန်တိုင်းရဲ့ ပမာဏက အရမ်းကြီးလွန်းနေတယ်၊၊ ဒါက ကစဥ့်ကလျားမွန်းစတားကို စွမ်းအင်ဖြည့်ပေးဖို့သက်သက်ပဲဖြစ်ပုံရတယ်”

“အတိအကျပဲ၊၊ အမှန်တော့ ငါလည်း ခန့်မှန်းကြည့်တာပဲ၊၊ ဒါပေမဲ့ လက်ရှိအခြေအနေနဲ့ ပေါင်းစပ်ကြည့်ရင် ငါ့ခန့်မှန်းချက်က မှန်ဖို့ ရာခိုင်နှုန်းတော်တော်များတယ်”

လင်းရှန်သည် ဤအခိုက်အတန့်တွင် စကားပြောလိုက်သည်၊၊ သူက သတ္တုအံစာတုံးအကြောင်းကို ထုတ်ဖော်မရှင်းပြနိုင်သော်လည်း လက်ရှိအခြေအနေနှင့် ပေါင်းစပ်လိုက်လျှင် ဤအရာသည် လုံးဝကို အကျိုးကြောင်းအရှိဆုံးရှင်းလင်းချက်ဖြစ်သည်။

သူက ကောင်းကင်သို့ ပျံသန်းသွားပြီး စွမ်းအားဝတ်စုံ၏ အမြင်အာရုံစနစ်က ကောင်းကင်ရှိ ဧရာမမျက်လုံးကြီးဆီသို့ ပစ်မှတ်ချလိုက်ကာ လေးလံသောအမူအရာဖြင့် ပြောလိုက်သည်။

“ဒါကြောင့်မို့လို့ သူက ဒီအကြောင်းပြချက်ကြောင့် တိုက်ရိုက်လှုပ်ရှားခြင်းမရှိတာကိုး၊၊ သူက အခု စွမ်းအင်ပြန်လည်ဖြည့်တင်းနေတာပဲ”

အရင်တုန်းက အာရုဏ်ဦးဗဟိုစင်တာမှာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲက ကြီးမားတဲ့ ဆုံးရှုံးမှုများဖြစ်စေခဲ့သလို ဤမိစ္ဆာကောင်ကိုလည်း အတော်လေးထိခိုက်ဒဏ်ရာရစေခဲ့သည်၊၊ ယဲ့လန်က နျူကလီးယားဗုံးအသုံးပြုမှုကို တင်းကျပ်စွာ ထိန်းချုပ်ခဲ့ပြီး တောင်ဘက်ကောင်းကင်ဂိတ်မှ ၁၃ ချက်တိတိပစ်ခတ်တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့သောကြောင့် ဤကောင်ကြီးသည် တောင်ကြီးတစ်လုံးဖြစ်နေလျှင်တောင် မလွဲမသွေဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“ဒါဆိုရင် ကျွန်မတို့က ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး အမြန်ပြေးရမယ်”

ကီကီက အမောတကော ပြောလိုက်သည်။

“အဲဒီအကောင်ကြီးတွေအားလုံး ရောက်လာတာကို စောင့်နေမယ်ဆိုရင် ကျွန်မတို့ လုံးဝပိတ်ဆို့ဝိုင်းရံခံရမှာမဟုတ်ဘူးလား”

All Chapters