← Chapters

ကစဥ့်ကလျားမွန်းစတားကြီး (၁)

Vol. 76 Ch. 1184

ကစဥ့်ကလျားမွန်းစတားကြီး (၁)

Vol. 76 Ch. 1184

“ဟုတ်တယ်” ကျန်းယွမ်ကလည်း ပြောသည်။

“အခုကြည့်ရတာ ငါတို့ရဲ့ အစောပိုင်းရွှေ့ပြောင်းမှုတွေ ဆက်တိုက်နှောင့်ယှက်ခံနေရတာက ငါတို့ရဲ့ ရွေ့လျားမှုကို နှောင့်နှေးအောင် ပစ်မှတ်ထားနေတာပဲ၊၊ ပြီးတော့ ဒီမွန်းစတားက ကမ္ဘာ့အပေါ်ယံလွှာထဲမှာ ပုန်းအောင်းပြီး သွေးနီရောင်ကနေတစ်ဆင့် စွမ်းအင်ပြန်ဖြည့်နေတာ သေချာတယ်”

“ပြီးတော့ ငါတို့ အကြီးစားဆုတ်ခွာမှုကို စတင်ဖို့လုပ်ခါနီးမှာပဲ သူက မွန်းစတားဒီရေလှိုင်းကို ရုတ်တရက်ထုတ်လွှတ်လိုက်တယ်”

ချန်ဆီရွှမ်က ပြောသည်။

“ကျွန်မတို့ထဲမှာ ဖောင်ဒေးရှင်းရဲ့ သတင်းပေးတစ်ယောက်ယောက်ရှိနေပြီး တစ်နည်းနည်းနဲ့ အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုဆီ သတင်းအချက်အလက်တွေ ပေးပို့နေတာဖြစ်ရမယ်”

“ဒါမှမဟုတ်ရင် သူက ငါတို့ရဲ့ ဗျူဟာကို ဒီလောက်အထိ အတိအကျသိမြင်နိုင်မှာမဟုတ်ဘူး၊၊ အရင်တုန်းက သွေးနီရောင်ဒီရေရဲ့ ပြင်းအားအရ ကျွန်မတို့ရဲ့ ထိုးဖောက်ဆုတ်ခွာမှုက ဒီလောက်အထိဆိုးရွားပြင်းထန်လာစရာအကြောင်းမရှိဘူး”

“အခုအချိန်မှာ ဒါကို သိနေလည်း အဓိပ္ပာယ်မရှိတော့ဘူး”

ချူယန်က ဤအခိုက်အတန့်တွင် ဝင်ပြောလိုက်သည်။

“ဖောင်ဒေးရှင်းအတွက်ကတော့ လူသားတွေရဲ့ စစ်ဗျူဟာရည်ရွယ်ချက်အားလုံးနီးပါးက လှန်ပြထားတဲ့ ဖဲချပ်တွေလိုပဲ၊၊ သူကလွဲလို့ပေါ့...”

သူမ ခေတ္တရပ်လိုက်ပြီး သူမ၏ အကြည့်က လင်းရှန်ထံသို့ ဝေ့ဝဲသွားကာ ဆက်ပြောသည်။

“လက်ရှိအခြေအနေအရ ကစဥ့်ကလျားမွန်းစတားက အပြည့်အဝပြန်မကောင်းလာသေးဘူး၊၊ ဒါပေမဲ့ မုန်တိုင်းက ဖြစ်တည်နေပြီဆိုတော့ အချိန်အများကြီးမလိုတော့ဘူး၊၊ ငါတို့ မြန်မြန်လုပ်ရမယ်”

“လင်းရှန်၊ အရီဇိုးနားဘက်မှာ...” ချန်ဆီရွှမ်က ရုတ်တရက် ပြောလိုက်သည်။

“အဲဒါက သမုဒ္ဒရာနတ်ဘုရားကြီးပဲ”

လင်းရှန်လည်း ထိုစကားကို ကြားလိုက်ရသဖြင့် သူ၏မျက်ခုံးများ တင်းကြပ်သွားသည်။

“ကောင်းပြီ။ ရထားတပ်ဖွဲ့တွေက အရှိန်ထပ်မြှင့်ရမယ်၊၊ ငါတို့ အရုဏ်မတက်ခင် မြောက်အမေရိကကနေ သေချာပေါက်ထိုးဖောက်ထွက်ရမယ်၊ ဒါမှမဟုတ်ရင်...”

ဝုန်း၊၊

ရုတ်တရက် သွေးနီရောင်ကောင်းကင်ကြီးသည် စကြဝဠာသားရဲကြီးတစ်ကောင်၏ စူးစိုက်ကြည့်လိုက်သကဲ့သို့ ရုတ်ချည်းကျုံ့ဝင်သွားပြီး ကောင်းကင်ရှိ ဧရာမမျက်လုံးကြီးမှ ပြင်းထန်သော နီမှောင်သောအလင်းတန်းများ ရုတ်တရက်ပေါက်ကွဲထွက်လာကာ မြေပြင်တစ်ခုလုံးကို သွေးကန်ကြီးတစ်ခုအသွင်သို့ ချက်ချင်းပြောင်းလဲပစ်လိုက်သည်။

လေထုထဲတွင် သေလုဆဲဆဲဖြစ်နေသော အင်းဆက်သန်းပေါင်းများစွာ တောင်ပံများကို တစ်ပြိုင်နက်တည်းခတ်နေသကဲ့သို့ တိုးညှင်းသော တစီစီမြည်သံများ စတင်ထွက်ပေါ်လာပြီး သေးငယ်သော ကျောက်ခဲကလေးများသည် ဆွဲငင်အားမှ လွတ်မြောက်ကာ ထူးဆန်းစွာ လေထဲ၌ မျောပါလာကြသည်၊၊ ထို့နောက် ထိုတိုးညှင်းသောမြည်သံသည် မြေကမ္ဘာကို ဆုတ်ဖြဲပစ်မည့် ဟိန်းဟောက်သံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ မြေရိုင်းလွင်ပြင်တစ်ခုလုံးသည် မမြင်ရသော ဧရာမတူထုကြီးတစ်ခုဖြင့် အထုခံလိုက်ရသည့် စည်မျက်နှာပြင်ကဲ့သို့ အထက်သို့ မြောက်တက်သွားပြီးနောက် အောက်သို့ ပြင်းထန်စွာ ပြန်လည်ရိုက်ခတ်သွားခဲ့သည်။

“ဘာကြီးလဲ”

“သတိထားကြ”

“အမြန်ဆုတ်ကြ”

ဂရူးး။

ထိုပြင်းထန်လှသော ဟိန်းဟောက်သံကြီးနှင့်အတူ မြေပြင်မှ ဖုန်မှုန့်များ အထက်သို့ ပေါက်ကွဲတက်သွားပြီး တစ်ကမ္ဘာလုံး၏ အလင်းရောင်သည် ဆူပွက်နေသော သဲမုန်တိုင်းနှင့် မြူထူများကြောင့် ပိတ်ဆို့သွားကာ မှောင်မိုက်ခြင်းထဲသို့ ကျဆင်းသွားပုံရသည်။

ဤအခိုက်အတန့်တွင် လင်းရှန်နှင့် သူ၏ဘေးပတ်ဝန်းကျင်ရှိ လူအနည်းငယ်သည် သဲမုန်တိုင်းကြား၌ ရပ်နေကြပြီး အောက်ခြေတွင် အပြင်းအထန်မောင်းနှင်နေသော ရထားများကို မှုန်ဝါးဝါးသာ မြင်တွေ့နိုင်တော့သည်။

အား။

အမြောက်တပ်ဖွဲ့များ၏ ပစ်ခတ်မှု ခေတ္တရပ်တန့်သွားသည်နှင့်အမျှ သွေးနီရောင်ဖုန်မှုန့်များကြားမှ ရူးသွပ်နေသော မွန်းစတားဒီရေလှိုင်းကြီးသည် အရပ်မျက်နှာအနှံ့မှ ဟိန်းဟောက်တိုးဝင်လာကာ အောက်ခြေရှိ ရထားများ၏ ပစ်အားခံစစ်ကြောင်းကို ချက်ချင်းပြိုလဲပျက်စီးသွားစေသည်၊၊ ရထာတွဲခေါင်းများ၏ ရှေ့တွင် ကြီးမားသောကျင်းချိုင့်ကြီးများ ချက်ချင်းပေါ်ထွက်လာပြီး ပြိုကျပျက်စီးသွားကာ ဆက်သွယ်ရေးအချက်ပြမှုများပင် ထစ်ငေါ့ချို့ယွင်းလာခဲ့သည်။

“မကောင်းတော့ဘူး” ဤအခိုက်အတန့်တွင် ချူယန်၏ အသံက နားကြပ်ထဲမှ စူးရှစွာထွက်ပေါ်လာသည်။

“မွန်းစတားကြီးက ငါတို့ရဲ့ ဗျူဟာကို သိနေတယ်”

“ဘာ... သူက ကျွန်တို့ပြောတဲ့ စကားတွေကို နားလည်တာလား၊၊ ဒါမှမဟုတ် ကျွန်မတို့ရဲ့ အတွေးတွေကို သိမြင်နေတာလား”

ကီကီက စိတ်စွမ်းအင်နယ်ပယ်ကို ရူးသွပ်စွာ ဖြန့်ကြက်ရင်း ကျယ်လောင်စွာ ပြောလိုက်သည်။

“မဟုတ်ဘူး။ ဒါက သေချာပေါက် ဖောင်ဒေးရှင်းပဲ”

ချူယန်၏ လေသံက အေးစက်နေသည်။

“သေစမ်း... သူတို့က ငါတို့ရဲ့ အတွင်းပိုင်းဆက်သွယ်မှုအားလုံးကို သိနေတာပဲ”

“အခု ဘာလုပ်ကြမလဲ”

ကျန်းယွမ်က ဘေးပတ်ဝန်းကျင်မှ မုန်တိုင်းကို လိပ်တက်စေပြီး အထက်မှ ဆင်းသက်လာရင်း ပြောသည်။

“အဲဒီမွန်းစတားက ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ လုပ်တော့မယ့်ပုံပဲ”

“အခု ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းမရှိတော့ဘူး၊၊ လင်းရှန်...”

“အရင်ဆုံး လူကယ်ကြမယ်”

လင်းရှန်သည် ယန္တရားတံခါးကို ဖွင့်လိုက်ရာ ဒရုန်းများအားလုံး ဝေါခနဲထွက်လာကြပြီး ယာယီပျံသန်းရေးကိရိယာများအဖြစ် အလျင်အမြန်ပြောင်းလဲသွားကာ စစ်တလင်းတစ်ခုလုံးတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ကြသလို အောက်ခြေရှိ ဆက်သွယ်မှုပြတ်တောက်သွားသော ရထားများကို ဆက်လက်မောင်းနှင်နိုင်ရန် တည်ငြိမ်အောင် ကူညီပေးကြသည်။

ကျွီ ကျွီ။ ဒုန်း ဒုန်း ဒုန်း။

သို့သော်လည်း ခဏမျှအတွင်းမှာပင် မိုင်ပေါင်းများစွာ ရှည်လျားသော ယာယီရထားလမ်းကြောင်းကြီးသည် စတင်ပြိုလဲပျက်စီးလာခဲ့သည်။

လင်းရှန်၏ အမြင်အာရုံထဲတွင် မြေကြီးသည် ပြင်းထန်စွာ တုန်ခါလာပြီး ကမ္ဘာ့အပေါ်ယံလွှာကြီးသည် ဆက်တိုက်အက်ကွဲပွင့်ထွက်လာကာ အပူချိန်မြင့်မားသော ဓာတ်ငွေ့များ အထက်သို့ ပန်းထွက်လာသဖြင့် မြေပြင်၏ မြင်ကွင်းလှိုင်းတွန့်မှုမှာ သမုဒ္ဒရာလှိုင်းလုံးကြီးများနှင့် သဏ္ဍာန်တူလာခဲ့သည်၊၊ ထို့နောက် မြေပြင်ပေါ်ရှိ မိုင်ပေါင်းများစွာ ရှည်လျားသော ရထားလမ်းကြောင်းများသည် စတင်ကျိုးပဲ့ကာ လမ်းချော်ကုန်ကြပြီး မွန်းစတားဒီရေလှိုင်း၏ ဝိုင်းရံမှုကို ခံလိုက်ရသဖြင့် ရထားတွဲပေါင်းများစွာသည် ချက်ချင်းပင် ပျက်စီးသွားခဲ့ရသည်။

လူသန်းပေါင်းများစွာ၏ နောက်ဆုံးမျှော်လင့်ချက်ကို သယ်ဆောင်ထားသည့် ဤသံမဏိသွေးကြောကြီးသည် အဆုံးမရှိ တွန့်ခေါက်ကျိုးပဲ့သွားခဲ့ပြီ ဖြစ်သည်။ ခိုင်ခံ့လှသော အလွိုင်းသံမဏိသံလမ်းများသည် ကြွပ်ဆတ်သော မုန့်ချောင်းများကဲ့သို့ လိမ်ဖယ်သွားကြပြီး သွားကျိန်းဖွယ် သတ္တုညည်းတွားသံများကြားတွင် ကြီးမားလှသော အင်အားတစ်ခုကြောင့် ပြတ်တောက်လွင့်စင်သွားကုန်သည်။

ရထားဇလီဖားတုံးများနှင့် ကျောက်ခဲအကျိုးအပဲ့များက ကောင်းကင်သို့ လွင့်စင်တက်သွားပြီး မြင့်မားလှသော မီးခိုးလုံးကြီးများ၊ ဖုန်မှုန့်ကြီးများနှင့် ရောနှောလျက် အရင်ကတည်းက ရှားပါးလှသော အလင်းရောင်ကို လုံးဝဝါးမျိုပစ်လိုက်သည်။

ကမ္ဘာမြေကြီးသည် သံချေးနံ့များနှင့် သွေးညှီနံ့များပြည့်နှက်နေသည့် ဝရုန်းသုန်းကားရှုပ်ထွေးမှုတစ်ခုထဲသို့ ကျဆင်းသွားခဲ့ရသည်။

ကပ်ဘေးကြီးသည် တစ်ခဏချင်းအတွင်း ကျရောက်လာခဲ့ပြီ ဖြစ်သည်။

“အား... ရထားလမ်းချော်ကုန်ပြီ”

“ကယ်ကြပါဦး... ရထားတွဲမှောက်သွားပြီ”

“တွဲဆက်ပြတ်သွားပြီ... နောက်တွဲက ရှေ့ကို အရှိန်နဲ့ တိုးဝင်နေတယ်...”

အများသုံးဆက်သွယ်ရေးလိုင်းတစ်ခုလုံးတွင် ထိတ်လန့်တုန်လှုပ်နေသည့် အော်ဟစ်ငိုကြွေးသံများနှင့် မျှော်လင့်ချက်မဲ့နေသောအော်ဟစ်သံများက ချက်ချင်းဖုံးလွှမ်းသွားခဲ့သည်။

လေပြင်းယာဉ်တန်း၏ ရထားသည် ပထမဆုံးကပ်ဘေးနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်၊၊ ၎င်း၏ ကြီးမားလှသော အရှိန်အဟုန်ကြောင့် လက်နက်တပ်ဆင်ထားသော ရထားကြီးသည် မမြင်ရသော ဧရာမလက်ကြီးတစ်ဖက်၏ ပုတ်ခတ်ခြင်းကို ခံလိုက်ရသည့် ကစားစရာတစ်ခုကဲ့သို့ဖြစ်သွားပြီး သံမဏိများဆုတ်ပြဲသွားသည့် ညည်းတွားသံများနှင့်အတူ ကြီးမားသော ရထားတွဲဒါဇင်ပေါင်းများစွာသည် ဘေးတစောင်းလိမ့်ဆင်းကာ ဘေးနားရှိ ယာဉ်တန်းများဆီသို့ ပြင်းထန်စွာ ဝင်ဆောင့်မိသွားသည်။

သံမဏိသားရဲကြီးများသည် ကြိတ်ခြေဝင်ဆောင့်မိကြပြီး တောက်ပသော မီးပွားများနှင့် မြင့်မားသော မီးလျှံကြီးများ ပေါက်ကွဲထွက်လာခဲ့သည်။

လောင်စာဆီများတင်ဆောင်လာသည့် ဆီသယ်ထရပ်ကားတစ်စီးသည် လိမ့်ဆင်းလာသော ရထားတွဲတစ်ခုနှင့် ငြိသွားပြီး ကမ္ဘာမြေကို တုန်ဟိန်းစေသည့် မီးလုံးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့သည်။ လောင်ကျွမ်းနေသောအပျက်အစီးများ သယ်ဆောင်ထားသည့် အပူရိုက်ခတ်မှုလှိုင်းသည် မီတာရာဂဏန်းခန့်အထိ ရိုက်ခတ်သွားပြီး ဘေးနားတွင် မွန်းစတားဒီရေလှိုင်းကို ခုခံနေကြသည့် သံမဏိအစောင့်တပ်ရင်း စစ်သည်များကို တစ်ခဏချင်းအတွင်း ဝါးမျိုပစ်လိုက်သည်။

အော်ဟစ်သံများက အမြောက်သံများကိုပင် လွှမ်းမိုးသွားခဲ့ရသည်။

“သတင်းပို့ပါတယ်။ ဘယ်ဘက်စစ်ကြောင်း... ဘယ်ဘက်စစ်ကြောင်း ပြိုလဲသွားပါပြီ။ တပ်ခွဲ ၇... မရှိတော့ဘူး”

“ညာဘက်စစ်ကြောင်း စစ်ကူလိုပါတယ်။ မွန်းစတားတွေ တိုးဝင်လာနေတယ်၊၊ ငါတို့ မထိန်းထားနိုင်တော့ဘူး”

“ဌာနချုပ်။ ဌာနချုပ်။ ကျေးဇူးပြုပြီး ပြန်ဖြေပေးပါ။ ဗိုလ်ချုပ် လီရှန်း...”

တစ်ချိန်တည်းမှာပင် ဗိုလ်ချုပ်လီရှန်း ဦးဆောင်သည့် သံမဏိအစောင့်တပ်ရင်း ၁၃၏ ကွပ်ကဲဗဟိုချက်သည်လည်း လုံးဝအဆက်သွယ်ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။

နောက်ဘက်မှ ချိတ်ဆက်ထားသော ရထားတွဲအမြောက်အမြားသည် ကြောက်မက်ဖွယ်ဆွဲဆန့်အားအောက်တွင် ဒိုမီနိုတုံးများကဲ့သို့ သံလမ်းပေါ်မှ ပြုတ်ထွက်ကုန်ကြပြီး အထက်သို့ မြောက်တက်သွားကာ ပြင်းထန်စွာ ပြန်လည်ရိုက်ခတ်ကုန်ကြသည်။

ကွဲအက်သွားသော ဖန်သားပြင်များလို စူးရှသော အသံများ၊ လိမ်ဖယ်သွားသော သံမဏိများ၏ ညည်းတွားသံများနှင့် အရိုးများကြိတ်ခြေခံရသည့် ရောထွေးနေကြသည်၊၊ နောက်ဘက်မှ ရထားတွဲများသည် အချိန်မီမတုံ့ပြန်နိုင်ဘဲ ထူထပ်သော မြူထူများနှင့် ဖုန်မှုန့်များကြားတွင် ရှေ့ရှိ သံမဏိအပျက်အစီးများကို ပြင်းထန်စွာ ဝင်ဆောင့်မိခြင်းကြောင့် ပိုမိုဆိုးရွားသော ဒုတိယအကြိမ်မြောက်ဝင်ဆောင့်မှုများနှင့် ဆက်တိုက်ပေါက်ကွဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။

မီးလောင်နေသော အလင်းရောင်အောက်တွင် မရေတွက်နိုင်သော လူရိပ်များသည် ပျက်စီးသွားသော ပြတင်းပေါက်များမှတစ်ဆင့် ကျိုးပဲ့နေသော အရုပ်များကဲ့သို့ လွင့်စင်ထွက်လာကြပြီး အော်ဟစ်ချိန်ပင်မရလိုက်ဘဲ တိုးဝင်လာသော အင်းဆက်အုပ်ကြီး၏ ဝါးမျိုဆုတ်ဖြဲခြင်းကို ချက်ချင်းခံလိုက်ရသည်။

All Chapters