အခန်း (၂၃၅-၂၃၆)
Vol. 24 Ch. 235-236
Chapter 235
သွေးကြောများသည် ကျင့်ကြံခြင်း၏ အခြေခံဖြစ်သည်။ ၎င်းတို့ကို ပိုမိုအသုံးပြုနိုင်လေ ပိုကောင်းလေဟု မဆိုနိုင်ပေ၊၊ မတူညီသော ကျင့်ကြံခြင်းနည်းစနစ်များသည် အစစ်မှန်ချီကို မတူညီသော သွေးကြောများတစ်လျှောက် စီးဆင်းစေရန် လမ်းညွှန်ပေးသည်၊၊
သန့်စင်ယန်အင်မော်တယ်မန္တန်၏ အပြည့်အဝလည်ပတ်မှုတစ်ခုသည် ဝမ်ရှန်း၏ သွေးကြောများ၏ ၇၀%ခန့်ကို အသုံးပြု၏။ ယခုအခါ ထိုသွေးကြောများသည် ရွှေရောင်ဖျော့ဖျော့သန်းနေပြီဖြစ်သည်။
ကိုယ်တွင်း၌ ထစ်ချုန်းသံများ အဆက်မပြတ်ပဲ့တင်ထပ်နေစဉ် ရွှေရောင်အလင်းတန်းက သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားလေ၏၊၊
သူ့သွေးကြောများ နောက်ဆုံးတွင် တည်ငြိမ်သွားသောအခါ ရွှေရောင်ဖျော့ဖျော့အလင်းနှင့် ကြယ်အလင်းတန်းများရောယှက်နေသော ချီဝဲကတော့က ပိုမိုမြန်ဆန်စွာ လည်ပတ်လာသည်။ သူ့အစစ်မှန်ချီ၏ အတွင်းပိုင်းလည်ပတ်မှုက လျင်မြန်စွာအရှိန်မြင့်တက်လာ၏၊၊
အေပရွန်ကို ဝတ်ဆင်ထားသော မုဝမ်ရွှမ်းက အိပ်ခန်းထဲသို့ အပြေးအလွှားဝင်လာခဲ့သည်။ ဝမ်ရှန်း၏ မျက်နှာက ရွှေရောင်ဖျော့ဖျော့တောက်ပနေပြီး ပြင်းထန်သော လေပြင်းများက သူ့ဘေးပတ်လည်မှ အပြင်သို့ တိုက်ခတ်နေ၏၊၊
ယနေ့အစောပိုင်းက သူမ၏ ဆရာညွှန်ကြားချက်ကို သတိရကာ မုဝမ်ရွှမ်းသည် ယင်ယန်မဟာအစီအရင်ကို တည်ဆောက်ရန် သူမ၏လက်ကို ချက်ချင်း မြှောက်လိုက်ပြီး ပြောင်းလဲနေသော ကမ္ဘာဦးချီများကို အခန်းထဲတွင်သာ ထိန်းထားနိုင်ရန် နံရံများနှင့် ပြတင်းပေါက်များကို ယင်ယန်ချီဖြင့် လွှမ်းခြုံလိုက်သည်၊၊
ထို့နောက် သူမ၏ သိုလှောင်အိတ်ကို ထုတ်ယူကာ ချီကျောက်တုံးပုံကြီးကို သွန်ချလိုက်ပြီး ကုတင်ဘေးတွင် ချီစုဆောင်းခြင်းအစီအရင်ကို လျင်မြန်စွာ နေရာချလိုက်၏။ အစီအရင်၏ အဓိကရည်ရွယ်ချက်မှာ ချီကျောက်တုံးများအတွင်းရှိ ကမ္ဘာဦးချီများကို လှုံ့ဆော်ရန်ဖြစ်သည်။
ဝမ်ရှန်း၏ ကိုယ်အတွင်း၌ ချီဝဲကတော့သည်
၁၈၀ဒီဂရီ တဖြည်းဖြည်းလည်ပတ်သွားပြီး သူ့ပတ်လည်ရှိ လေပြင်းများက ပြင်းထန်စွာ တိုက်ခတ်နေသည်။ ထို့နောက် သူ့ချွေးပေါက်များအားလုံးပွင့်သွားကာ ပတ်ဝန်းကျင်ရှိ ကမ္ဘာဦးချီများကို အရူးအမူးစုပ်ယူလာလေ၏၊၊
ဝမ်ရှန်းက ချီစုဆောင်းခြင်းအစီအရင်မှ ထွက်ပေါ်လာသော ကမ္ဘာဦးချီများကိုလည်း ချက်ချင်းဆိုသလို စုပ်ယူလိုက်သည်။ သူ့အနီးတွင် နူးညံ့သော လေပြေလှိုင်းများ ပိုမိုထွက်ပေါ်လာပြီး သူ့ထံသို့ အဆက်မပြတ်စီးဆင်းသွား၏၊၊
မုဝမ်ရွှမ်းလည်း မျက်မှောင်အနည်းငယ်ကြုတ်ကာ ကုတင်ပေါ်တွင် ချီကျောက်တုံးများကို ချက်ချင်းထပ်ချထားလိုက်သည်။ သို့သော် ၎င်းတို့၏ သက်တမ်းကြာမြင့်မှုကြောင့် ကမ္ဘာဦးချီများ အလွန်နည်းပါးနေ၏။ လှုံ့ဆော်လိုက်သည့်တိုင် အနည်းငယ်မျှသာ ထွက်ပေါ်လာပြီး ၎င်းက ဤအဆင့်ကျော်ဖြတ်မှုတွင် ဝမ်ရှန်း၏ အရေးပေါ်ကမ္ဘာဦးချီလိုအပ်ချက်ကို ဖြည့်ဆည်းရန် လုံးဝမလုံလောက်ပေ။ ၎င်းက တောက်လောင်နေသော မီးတောက်ကြီးကို ရေတစ်ခွက်ဖြင့် ငြှိမ်းသတ်ရန် ကြိုးစားနေသကဲ့သို့ပင်၊၊
သူတို့သည် ကမ္ဘာဦးချီများ နေက်ကျိပြီး မသန့်စင်သော လူ့လောကတွင် ရှိနေကြခြင်း ဖြစ်၏။ ဝမ်ရှန်းအတွက် အဆင်ြကျော်ဖြတ်မှုအတွက် ၎င်းကို စုပ်ယူရန် ကြီးမားသောပြဿနာမဟုတ်သော်လည်း နောက်ပိုင်းတွင် အညစ်အကြေးများကို ပြန်ထုတ်ပစ်ရန် အချိန်ပေးရလိမ့်မည်။ မုဝမ်ရွှမ်းသည် ထိုအကြောင်းကြောင့် ဝမ်ရှန်းကို အဓိကအဆင့်တစ်ခုသို့ ကျော်ဖြတ်ရာတွင် ရရှိမည့် အကျိုးကျေးဇူးများကို လက်လွှတ်မခံစေလိုပေ၊၊
သူမသည် နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်ပြီးနောက် ဝမ်ရှန်း၏ ရှေ့တွင် အသာအယာထိုင်လိုက်၏။ လှပသောလှုပ်ရှားမှုဖြင့် သူမက အေပရွန်ဝတ်စုံကို ချွတ်လိုက်ပြီး ဆွယ်တာအင်္ကျီကိုပါ ချွတ်လိုက်သည်။ သူမ၏ ဖြူဝင်းသော အသားအရေက ဖန်သားကဲ့သို့ ကြည်လင်တောက်ပနေပြီး သူမ၏ ဆံနွယ်များက လွင့်မျောကာ လျှောကျနေသော်လည်း ကြည့်မည့်သူမရှိချေ၊၊
သူမက လက်ဟန်များကို လျင်မြန်စွာ ဖွဲ့စည်းလိုက်ရာ သူမ၏ ဆံနွယ်ရှည်များက ညင်သာစွာ လွင့်မျောသွားပြီး ယင်ယန်ချီမျှင်များက သူမ၏ ပတ်ပတ်လည်တွင် လွင့်မျောနေ၏၊၊
ချီတစ်သွယ်သည် ယင်နှင့်ယန်အဖြစ်ကွဲပြားသည်။ ဆန့်ကျင်ဘက်များအနေဖြင့် ၎င်းတို့က တိုက်ခိုက်ကြသော်လည်း တစ်ခုနှင့်တစ်ခုဖြည့်ဆည်းပေးကြသည်၊၊
ကြည်လင်မှုဖြင့် မူလအစသို့ ပြန်သွားကာ ကမ္ဘာဦးရှုပ်ထွေးမှုက ထိုအချိန်မှစ၍ ပေါ်ပေါက်လာသည်၊၊
ယင်ယန်လျှို့ဝှက်ကျမ်း - ယင်ယန်ပြန်လည်ပေါင်းစည်းခြင်းမန္တန်၊၊
ယင်ယန်ချီမျှင်များ ရောယှက်ကာ တဖြည်းဖြည်းပေါင်းစပ်သွားပြီး အနည်းငယ်နောက်ကျိသောအရှိန်အဝါတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ၎င်းက အရောင်အားလုံး ပျောက်ကွယ်သွားကာ အသန့်စင်ဆုံးသောကမ္ဘာဦးချီအဖြစ်သို့ ပြောင်းလဲသွားသည်။ ဝမ်ရှန်း ထုတ်လွှတ်လိုက်သော စုပ်ယူမှုအားက ထိုချီအားလုံးကို သူ့ကိုယ်တွင်းသို့ ဆွဲသွင်းလိုက်သည်၊၊
ဝမ်ရှန်း၏ တာအိုခန္ဓာကိုယ်က ခြောက်သွေ့သောမြေပြင်က မိုးရွာသွန်းမှုကို ကြုံတွေ့ရသကဲ့သို့ အနည်းငယ်တုန်ခါသွားလေ၏။ မသိစိတ်ဖြင့် သူသည် သူ့ထံသို့ လွင့်မျောလာသော သန့်စင်သောကမ္ဘာဦးချီများကို စုပ်ယူလိုက်သည်၊၊
သူ့အတွင်းမှ ထစ်ချုန်းသံက ပိုမိုကျယ်လောင်လာပြီး သူ့အရေပြားအောက်ရှိ ရွှေရောင်အလင်းတန်းက ပိုမိုနက်ရှိုင်းလာကာ သူ့အရှိန်အဝါက တည်ငြိမ်စွာမြင့်တက်လာ၏။ သူ့ကိုယ်တွင်းရှိ ချီဝဲကတော့ကလည်း ပိုမိုမြန်ဆန်စွာ လည်ပတ်လာသည်၊၊
အစစ်မှန်ချီက သူ့ကိုယ်အတွင်း၌ အရူးအမူးလှိုင်းထလာပြီး အသက်ရှူသုံးကြိမ်တိုင်းတွင် မဟာလည်ပတ်မှုတစ်ခု ပြီးမြောက်နေသည်။ သူ့၏ အသစ်တိုးချဲ့ထားသော သွေးကြောများသည် လျင်မြန်စွာ ပြည့်နှက်သွားပြီး ချီဝဲကတော့ကလည်း သိသာထင်ရှားစွာ ကျယ်ပြန့်လာ၏၊၊
ချီပင်လယ်တစ်ခု ဖြစ်ထွန်းလာခဲ့ပြီ။
ယခုအချိန်တွင် ဝမ်ရှန်း၏ စိတ်က လည်ပတ်နေသော ချီပင်လယ်ထဲတွင် နစ်မြုပ်နေပြီး တာအို၏ မရေမတွက်နိုင်သော အသွင်ပြောင်းလဲမှုများကို ခံစားနေရသည်။ သူသည် ချီဝဲကတော့၏ ဗဟိုတည့်တည့်တွင် ရပ်နေသကဲ့သို့ပင် ဖြစ်သည်၊၊
ဝမ်ရှန်း၏ နက်နဲပြီး ဆန်းကြယ်သော ဝိညာဥ်သိစိတ်မှတစ်ဆင့် ချီပင်လယ်၏ မြင်တွေ့ရသော အရွယ်အစားသည် မကြာမီ ၉မူ (စတုရန်းမီတာ ၆၀၀၀) ထက် ကျော်လွန်သွား၏။ သူ့တာအိုခန္ဓာကိုယ်က ဤမျှကျယ်ပြောလှသော ဝဲကတော့ကြီးကို မည်သို့ထိန်းထားနိုင်သည်ကို သူမတွေးဆနိုင်တော့ပေ၊၊ ၎င်းက သူ့တာအိုခန္ဓာကိုယ်၏ ဒန်တျန်ဧရိယာတွင် လက်ဖဝါးခန့်သာရှိပုံရသော်လည်း သူ့စိတ်ဝိညာဉ်ကမူ ချီဝဲကတော့သည် ကိုးမူအထိ အမှန်တကယ်ကျယ်ပြန့်နေကြောင်း ပြောပြနေသည်၊၊
ချီဝဲကတော့၏ အလယ်ဗဟိုတွင် ရွှေရောင်အလင်းတန်းတစ်ချက်လက်သွား၏။ လျှပ်စီးကြောင်းများပေါက်ကွဲထွက်လာပြီး ရွှေရောင်သန်းနေသော အရောင်ဖျော့ဖျော့ချီအမြုတေတစ်ခုကို ဖော်ပြနေသည်။
တာအိုမှတစ်ဆင့် ချီများကို စုဆောင်းပြီးနောက် ယခုအခါ သူသည် ၎င်းတို့အားလုံးကို ပုံရိပ်ယောင်အမြုတေတစ်ခုအဖြစ် စုစည်းလိုက်ပြီဖြစ်သည်၊၊
သူ နောက်ဆုံးတွင် အဆင့်ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်၊၊
“ဒါက ပုံရိပ်ယောင်အမြုတေအဆင့်ပေါ့လေ”
အစစ်မှန်ချီက ရေကန်ကြီးတစ်ခုအလား ကျယ်ပြောလှပြီး မြစ်ပြင်ကြီးလို အရှိန်အဟုန်နဲ့ စီးဆင်းနေ၏၊၊ အရေပြား သို့မဟုတ် အသားအရေ၏ ပိတ်ဆို့မှုများ လုံးဝမရှိတော့ဘဲ ကောင်းကင်နဲ့မြေကြီးရဲ့ ကမ္ဘာဦးချီများက သူ့၏ အစစ်မှန်ချီနှင့် တိုက်ရိုက်ပေါင်းစပ်သွားနိုင်သလို ခံစားရသည်၊၊
ကြယ်အလင်းစက်များ ဖျော့တော့စွာနှင့် ချီပင်လယ်က ဖြည်းဖြည်းချင်းလည်ပတ်နေ၏၊၊ ၎င်းက သန့်စင်ယန်အင်မော်တယ်မန္တန်အခြေခံဖြစ်သော်လည်း လုံးဝကြီးတော့ မဟုတ်ချေ၊၊ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဇီဝေဓားဆန္ဒပါ သန့်စင်ယန်အတွင်း၌ပေါင်းစပ်နေ၍ဖြစ်သည်၊၊
လူတိုင်းက မိမိတို့ဂိုဏ်းကနေ တူညီသည့် ကျင့်ကြံခြင်းနည်းစနစ်ကို ဆက်ခံရရှိကြသော်လည်း တစ်ဦးချင်းစီရဲ့ တာအိုအပေါ် နားလည်သဘောပေါက်မှုမှာတော့ ကွဲပြားကြလေ၏၊၊ ၎င်းတို့လျှောက်လှမ်းသည့် ထာဝရရှင်သန်ခြင်းလမ်းစဉ်မှာလည်း သိမ်မွေ့သောနည်းလမ်းများနှင့် ကွဲပြားသွားသောကြောင့် ပန်းတိုင်နဲ့ လမ်းခရီးတစ်လျှောက်က ရှုခင်းများမှာ တစ်ယောက်နဲ့တစ်ယောက်မတူညီကြသည်က သဘာဝပင်ဖြစ်သည်၊၊
အတန်ကြာသော် ဝမ်ရှန်းလည်း ကမ္ဘာဦးချီစုပ်ယူခြင်းကို ရပ်လိုက်၏၊၊ သူ့၏ချီပင်လယ်က ဆက်ပြီးမကျယ်ပြန့်တော့သလို မပြောင်းလဲတော့ဘဲ သူ့အတွင်းမှာ ပြင်းထန်လျင်မြန်စွာ စီးဆင်းနေတဲ့ အစစ်မှန်ချီများကလည်း ဖြည်းဖြည်းချင်းနှေးကွေးသွားခဲ့သည်၊၊
အဆုံးမဲ့ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေသည့် ချီဝဲကတော့က စကြဝဠာထဲက ဘဲဥပုံဂလက်ဆီတစ်ခုနဲ့ ဆင်တူလှ၏၊၊ ၎င်းက ကြည့်ရှုသူများကို စိတ်အာရုံအနက်ရှိုင်းဆုံးဆီသို့ ဆွဲခေါ်သွားပြီး လူသားနဲ့စကြဝဠာကြား ဆက်နွှယ်မှုများကို ရှာဖွေရန်၊ လူသားခန္ဓာကိုယ်အတွင်းမှ တာအိုကျမ်းစာတွေနဲ့ ထာဝရကြယ်တာယာကောင်းကင်ကြားက လျှို့ဝှက်ချက်များကို ဖော်ထုတ်ဖို့ ဖိတ်ခေါ်နေသကဲ့သို့ပင်၊၊
ခဏမျှ စဉ်းစားပြီးနောက် ဝမ်ရှန်း၏အာရုံက ချီဝဲကတော့၏ ဗဟိုတည့်တည့်၌ အထက်အောက် လွင့်မျောနေသော ပုံရိပ်ယောင်အမြုတေဆီ ပြန်ရောက်သွား၏။
“ဒါက ငါ့ရဲ့အနာဂတ်ရွှေအမြုတေရဲ့ အခြေခံပေါ့လေ”
၎င်းက အချိန်မရွေးပေါက်ထွက်သွားနိုင်သည့် နူးညံ့သောပူဖောင်းလေးတစ်ခုနှင့် တူနေ၏။ ရွှေရောင်ဖျော့ဖျော့ အရှိန်အဝါမျှင်လေးများက ၎င်းကို ဝန်းရံထားပြီး လွင့်မျောသွားကာ ချီဝဲကတော့ထဲ ပေါင်းစပ်သွားသည်။ တစ်ဖန် ၎င်းတို့က ဝဲကတော့ဆီမှ အစစ်မှန်ချီမျှင်များကို ပြန်လည်ဆွဲဆောင်လေ၏။
၎င်းက အဆုံးမရှိသောသံသရာတစ်ခုဖြစ်ပြီး နက်နဲမှုကို ခန့်မှန်းရခက်လှသည်။
ဝမ်ရှန်းလည်း ပုံရိပ်ယောင်အမြုတေကို လှုပ်ရှားရန် ကြိုးစားလိုက်၏။ ချီပင်လယ်ထဲမှနေ၍ ဖြည်းဖြည်းချင်းမြင့်တက်လာပြီး သူ၏သွေးကြောများတစ်လျှောက် စီးဆင်းသွားသည်။ အစစ်မှန်ချီလှိုင်းများက အမြုတေကို လွှမ်းခြုံထားပြီး ၎င်းက အစစ်မှန်ချီနှင့်မတူသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ကာ သူ၏တာအိုခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို အားဖြည့်ပေးရန် သွေးကြောများတစ်လျှောက် စီးဆင်းသွား၏။
“အင်း...”
ထိုအရာက အလွန်သက်တောင့်သက်သာရှိလှသည်။ ၎င်းကဖြစ်ပေါ်စေသည့် ဆန်းကြယ်သောခံစားချက်က လုံးဝပင်ပန်းနွမ်းနယ်ပြီးနောက် ရေနွေးကန်ထဲ၌ စိမ်နေရသလိုမျိုး သို့မဟုတ် နူးညံ့သောလေပြေနှင့်အတူ တိမ်ဖြူများပေါ်၌ လှဲလျောင်းရင်း လွင့်မျောနေရသလိုမျိုး ဖြစ်၏။
မူအားဖြင့် တာအိုဂိုဏ်းများ လက်ဆင့်ကမ်းခဲ့သည့် ကျင့်ကြံခြင်းနည်းလမ်းများက အခြေခံတည်ဆောက်ခြင်းအဆင့်မှ စတင်ခြင်းဖြစ်သည်။ ထို့နောက်တွင် ချီများကို အမြုတေတစ်ခုအဖြစ် စုစည်းပြီး ၎င်းကို မိမိတို့၏စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို အားဖြည့်ပေးရန် အသုံးပြုကြ၏။
သို့သော် ရှေးခေတ်က အင်အားကြီးကျင့်ကြံသူများက ရွှေအမြုတေဖွဲ့စည်းခြင်း၏ အခက်အခဲကို လျှော့ချရန်အတွက် ပုံရိပ်ယောင်အမြုတေအဆင့်ကို တီထွင်ခဲ့ကြသည်။ ၎င်းက ထိုကောင်းကင်လောက်ဖြစ်နေသောအခက်ခဲကြီးကို ကျဉ်းမြောင်းသွားစေရန် လုပ်ငန်းစဉ်ကို အဆင့်ဆင့်ခွဲခြားလိုက်သလိုပင် ဖြစ်၏။
ပုံရိပ်ယောင်အမြုတေအဆင့်၌ ကျင့်ကြံသူများက ရွှေအမြုတေ၏ ထူးခြားဆန်းကြယ်သော သဘာဝကို ခံစားသိရှိနိုင်နေပြီ ဖြစ်သည်။
လာမည့်လများအတွင်း၌ ဝမ်ရှန်း၏ ပုံရိပ်ယောင်အမြုတေက သူ၏စိတ်ဝိညာဉ်ကို ဖြည်းဖြည်းချင်းသန့်စင်ပေးပြီး သူ၏ရိုးတွင်းချင်ဆီများကို ပုံသွင်းပေးမည်ဖြစ်သောကြောင့် သူ၏တာအိုခန္ဓာကိုယ်သည် လူ့လောကအညစ်အကြေးများကို စွန့်ခွာပြီး ပိုပြီးသန့်စင်လာမည် ဖြစ်သည်။ သူကလည်း တဖြည်းဖြည်းချင်း ပိုမိုအားကောင်းလာပေမည်၊၊
Chapter 236
ပုံရိပ်ယောင်အမြုတေအဆင့်၏ အလယ်ပိုင်းနှင့် နောက်ပိုင်းအဆင့်များတွင်မူ ပုံရိပ်ယောင်အမြုတေက လုံးဝခဲ၍ခိုင်မာသောအခြေအနေနီးပါးဖြစ်လာသည့်အထိ အဆက်မပြတ်ပြောင်းလဲနေမည်ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူက သက်တမ်း နှစ် ၈၀၀အထိ ရရှိစေနိုင်သည့် ရွှေအမြုတေအဆင့်သို့ ကျော်ဖြတ်ရန် ကြိုးစားနိုင်ပြီဖြစ်ပြီး ၎င်းက တာအို၏ စစ်မှန်သောအခြေခံပင်ဖြစ်၏။
စိတ်ကျေနပ်မှုနှင့် တောင့်တမှုများနှင့်အတူ ဝမ်ရှန်းက သူ၏စိတ်ဝိညာဉ်စင်မြင့်ကို စစ်ဆေးကြည့်ရာ ဓားဆန္ဒနှစ်ခုကြားမှ ပြောင်းလဲမှုများကို ခံစားလိုက်ရသည်။ ထို့နောက် သူ့ကိုယ်အတွင်းရှိ နတ်ဘုရားအဆင့်ဓားပျံကို အားဖြည့်ပေးရန် အစစ်မှန်ချီကို လည်ပတ်စေလိုက်၏။ ထို့နောက်တွင် အတွင်းပိုင်းစစ်ဆေးမှုကို အဆုံးသတ်လိုက်ပြီး သူ၏ ဝိညာဥ်အသိစိတ်ကို အပြင်ဘက်သို့ တိုးချဲ့လိုက်သည်။
“စီနီယာအစ်မ...”
မျက်လုံးဖွင့်လိုက်သည့်အခါ ဝမ်ရှန်းကို ဆီးကြိုလိုက်သည်က နှင်းခဲလို ဖြူဝင်းနုနယ်သော အလှတရားတစ်ခုပင်။
မုဝမ်ရွှမ်းက သူ၏အနား၌ ဘယ်တုန်းကမှ အထူးတလည်စောင့်ဆိုင်းနေခြင်းမျိုး မရှိခဲ့ချေ။ သို့သော် သူမ ရုပ်ပိုင်းဆိုင်ရာ ရင့်ကျက်လာပြီး အင်တာနက်နှင့် ပိုမိုရင်းနှီးလာပြီးနောက် ဝမ်ရှန်း၏ တာအိုစိတ်နှလုံးသားကို နှောင့်ယှက်ပြီး ကျင့်ကြံခြင်းကို မထိခိုက်စေရန်အတွက် ဝမ်ရှန်းရှေ့၌ အဝတ်အစားလဲတာမျိုးမလုပ်ဖို့ သိရှိနားလည်လာခဲ့သည်။
သူမက အတွင်းခံအဝတ်အစားမျှသာ ဝတ်ဆင်ထားသည်ကို မြင်လိုက်ရသဖြင့် ဝမ်ရှန်း၏အကြည့်က သူမ၏နုနယ်သော ညှပ်ရိုးများဆီ အသိစိတ်မဲ့စွာ ကျရောက်သွား၏။ သူက သူမ၏ ချုပ်ရိုးမရှိဘဲ သေသပ်လှပပြီး ရှေးဆန်သော အတွင်းခံအဝတ်အစားများကို မကြည့်ရဲတော့ဘဲ အကြည့်ကို လျင်မြန်စွာ လွှဲလိုက်ရသည်။
“ဟင်း... စိတ်အေးအေးထား စိတ်အေးအေးထား”
သူ့၌ အာရုံလွင့်ပျံသည့် အတွေးအချို့ရှိနေသည်မှာ သဘာဝပင်။ သို့သော် အခန်း၏ အပြင်အဆင်ကိုမြင်လိုက်ရသည့်အခါ သူ့၌ နက်ရှိုင်းသော စိတ်လှုပ်ရှားမှုတစ်ခုသာ ကျန်ရှိတော့၏။
သူ့ကို ဘယ်လိုအတားအဆီးမှမရှိဘဲ အောင်မြင်စွာ ကျော်ဖြတ်နိုင်အောင် ကူညီပေးရန်အတွက် မုဝမ်ရွှမ်းက သူမ၏ အစစ်မှန်ချီကို ကမ္ဘာဦးချီအဖြစ် ပြောင်းလဲပြီး သူ့ကို လွတ်လပ်စွာ စုပ်ယူစေခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။ ဤလုပ်ငန်းစဉ်က သူမ၏ကျင့်ကြံခြင်းကို မထိခိုက်စေနိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာအရ အလွန်ပင်ပန်းစေ၏။ သူမ၏နုနယ်သော မျက်နှာလေး၌ နက်နဲသောပင်ပန်းနွမ်းနယ်မှုများ ထင်ဟပ်နေသောကြောင့် ဝမ်ရှန်း၏နှလုံးသားကို အပြစ်ရှိသလို ခံစားချက်များနှင့် ပြည့်နှက်သွားစေသည်။
ညင်သာစွာ စစ်ဆေးကြည့်ရာ မုဝမ်ရွှမ်းက သူမ၏ အစစ်မှန်ချီထက်ဝက်ကျော်ကို အသုံးပြုထားကြောင်း တွေ့လိုက်ရ၏။ ယခုအချိန်၌ သူမက ချီကျောက်တုံးများဆီမှ ကမ္ဘာဦးချီများကို စုပ်ယူရန် အာရုံစိုက်နေသည်။
ဝမ်ရှန်းက အချိန်ကို ကြည့်လိုက်၏။ ညနေ လေးနာရီကျော်ရုံသာ ရှိသေးသောကြောင့် နှစ်သစ်ကူးအကြိုညစာစားရန် စောနေသေးသည်။
ချင်ယန်ဇီက ပုံရိပ်ယောင်အမြုတေအဆင့်သို့ ကျော်ဖြတ်စဉ်တုန်းက အတွေ့အကြုံမရှိသောကြောင့် ဘာလုပ်ရမှန်းမသိဘဲ ထိုအဆင့်ကို နားလည်သဘောပေါက်ရန် ရက်အတော်ကြာအောင် အထီးကျန်ဆန်စွာ နေထိုင်ခဲ့ရသည်။ သူနှင့်မတူဘဲ ဝမ်ရှန်းက ပုံရိပ်ယောင်အမြုတေအဆင့်သို့ ကျော်ဖြတ်ချိန်တွင်မူ ဘာလုပ်ရမလဲ၊ ဘာကိုမျှော်လင့်ရမလဲဆိုတာ လုံးဝနားလည်နေပြီဖြစ်၏။ မုဝမ်ရွှမ်း၏ အကူညီကြောင့် လုပ်ငန်းစဉ်က ဘာပြဿနာမှမရှိဘဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
သူက လက်ကို မြှောက်လိုက်၏။ သူ့လက်ဖဝါးထဲမှနေ၍ အစစ်မှန်ချီမျှင်များ ထွက်ပေါ်လာပြီး သူ့ဘေးမှ ချီကျောက်တုံး သုံးဆယ်ကျော်က လေထဲသို့ ဖြည်းဖြည်းချင်းပျံတက်သွားသည်။ ထို့နောက် ၎င်းတို့က ညင်သာစွာ လည်ပတ်လာပြီး အစီအရင်ဝိညာဉ်ထံမှ သူရရှိထားသော ချီစုဆောင်းခြင်းအစီအရင်ကို ဖွဲ့စည်းလိုက်၏။
ချီကျောက်တုံးများဆီမှ ကမ္ဘာဦးချီများ လျင်မြန်စွာ ထွက်ပေါ်လာသည်။ မုဝမ်ရွှမ်းက သိသိသာသာပင်ပန်းနေကာ ကမ္ဘာဦးချီအားလုံးကို ချက်ချင်းစုပ်ယူလိုက်၏။
နာရီဝက်ခန့်အကြာတွင် ချီကျောက်တုံးများက မှေးမှိန်သွားခဲ့သည်။ မုဝမ်ရွှမ်းက သူမ၏ အစစ်မှန်ချီ ငါးဆယ်ရာခိုင်နှုန်းခန့်ကို ပြန်လည်ရရှိသွားပြီ ဖြစ်၏။
“ခဏလောက် နားလိုက်ဦး.. စီနီယာအစ်မ။ ကျွန်တော် ဒီမှာပဲ စောင့်ပေးမယ်။ အစစ်မှန်ချီကို အေးအေးဆေးဆေးပြန်ဖြည့်ပါ”
ဝမ်ရှန်းက တိုးတိုးလေး ပြောလိုက်သည်။
“အွန်း...”
မုဝမ်ရွှမ်းက မျက်လုံးကို အားယူဖွင့်ပြီး ဝမ်ရှန်းကို ညင်သာစွာ ပြုံးပြကာ သန်းဝေလိုက်၏။ အစောပိုင်းက သူမကို အိပ်မပျော်အောင် ထိန်းထားပေးသည့် တစ်ခုတည်းသောအရာက သူမမောင်လေးကို အဆုံးအထိ ကာကွယ်ပေးချင်သော ဆန္ဒပင် ဖြစ်သည်။ သူမ၏ အစစ်မှန်ချီအားလုံးကို ကုန်ဆုံးစေပြီး ပြန်လည်စုဆောင်းသည့် လုပ်ငန်းစဉ်က သူမ၏စိတ်စွမ်းအားကို အတော်လေးကုန်ခမ်းစေခဲ့လေ၏။
ဝမ်ရှန်း မတ်တပ်ရပ်လိုက်စဉ် မုဝမ်ရွှမ်းက ပျင်းရိစွာ အကြောဆန့်လိုက်ပြီး သူမထံမှ ရင်သပ်ရှုမောဖွယ် ရှုခင်းနှင့် ဘေးနားက ဓားကျင့်ကြံသူအပေါ် သက်ရောက်မှုကို သူမကိုယ်တိုင်သတိမထားမိခဲ့ချေ။
ထို့နောက် သူမက ကုတင်ပေါ်၌ သဘာဝအတိုင်း လှဲလျောင်းလိုက်သည်။ မူလက သူမက ဖုန်းကိုယူပြီး သူမ၏ဂျူနီယာမောင်လေး ပုံရိပ်ယောင်အမြုတေအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားသည်ကို ဂုဏ်ပြုရန်နှင့် အမြုတေဖွဲ့စည်းရန် တစ်ဆင့်နီးကပ်သွားပြီဖြစ်ကြောင်း ပြောရန်အတွက် meme အချို့ ပို့ပေးချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝမ်ရှန်းက သူမကို စောင်နှင့် သေချာခြုံပေးလိုက်ပြီဖြစ်၏။
“ခဏလောက် နားလိုက်ပါ။ ကျွန်တော် ကမ္ဘာဦးချီအချို့ကို ဆွဲယူပြီး အစစ်မှန်ချီပိုရအောင် ကူညီပေးမယ်”
“အိုကေ”
သူမက ခေါင်းလေးပြူထွက်ပြီး ကလေးတစ်ယောက်လိုပြန်ဖြေလိုက်၏။ သူမဆက်ပြီး တောင့်မခံနိုင်တော့သောကြောင့် မျက်လုံးများကို မှိတ်လိုက်ပြီး မကြာခင်မှာပဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။
ပုံမှန်အားဖြင့် အိပ်စက်ခြင်းက စိတ်စွမ်းအားကို ပြန်လည်ဖြည့်တင်းရန် အမြန်ဆုံးနည်းလမ်းဖြစ်သော်လည်း ကျင့်ကြံသူများကမူ ကမ္ဘာဦးချီများနှင့် အသက်စွမ်းအားများပြည့်နှက်နေလေ့ရှိသောကြောင့် နားရက်လိုအပ်ဖို့ ခဲယဉ်းတတ်ကြသည်။
ဝမ်ရှန်းက ကုလားထိုင်တစ်လုံးကို ဆွဲပြီး ပြတင်းပေါက်နား၌ ထိုင်လိုက်၏။ ထို့နောက် ပြတင်းပေါက်ကို အနည်းငယ်ဖွင့်လိုက်ရာ သူ့စီနီယာအစ်မက အခန်းကို ယင်ယန်မဟာအစီအရင်နှင့် ပိတ်ဆို့ထားကြောင်း ချက်ချင်းသတိပြုမိသွားသည်။
သူက လက်ချောင်းနှင့် အသာအယာတောက်လိုက်ရာ အစီအရင်၏ အလိုအလျောက်လည်ပတ်မှုထဲ၌ လမ်းကြောင်းတစ်ခုပွင့်သွား၏။ လက်ဟန်တစ်ခု ဖွဲ့စည်းပြီး သူ၏ပုံရိပ်ယောင်အမြုတေ၏ ပုံရိပ်ကို သူ့လက်ဖဝါးကြား၌ လွင့်မျောစေကာ အပြင်ဘက်က နောက်ကျိသော ကမ္ဘာဦးချီမျှင်များကို ထိုလမ်းကြောင်းမှ လမ်းညွှန်ပေးလိုက်သည်။
ပုံရိပ်ယောင်အမြုတေက ညင်သာစွာ လည်ပတ်ပြီး ကမ္ဘာဦးချီအတွင်းမှ အညစ်အကြေးများကို ဖယ်ထုတ်ကာ သန့်စင်သောကမ္ဘာဦးချီအဖြစ် သန့်စင်ပေးလိုက်၏။ ဝမ်ရှန်းက ၎င်းကို ကိုယ်တိုင်မစုပ်ယူဘဲ အစီအရင်အတွင်းသို့သာ ထုတ်လွှတ်ပေးလိုက်သည်။
အိပ်ပျော်နေစဉ်မှာပင် မုဝမ်ရွှမ်း၏ အစစ်မှန်ချီက သွေးကြောများတစ်လျှောက် ဆက်လက်လည်ပတ်နေသောကြောင့် သူမက သန့်စင်ပြီးသား ကမ္ဘာဦးချီများကို အချိန်နှင့်တပြေးညီစုပ်ယူသွားနိုင်မည်ဖြစ်သည်။
ညရှစ်နာရီရောက်သည့်အခါ အခန်းထဲ၌ ကမ္ဘာဦးချီများက မြူခိုးများဖြစ်လုနီးပါး ထူထပ်သွားခဲ့သည်။ ထိုအချိန်ကျမှ ဝမ်ရှန်းက ရပ်လိုက်ပြီး အစီအရင်၏ လမ်းကြောင်းကို ပိတ်ဆို့ရန် သူ၏ အစစ်မှန်ချီကို အသုံးပြုလိုက်၏။
သူ့ဖုန်းကို အသံပိတ်လိုက်ပြီး သူ့ဆရာထံသို့ သတင်းကောင်းနှင့် သူ မကြာသေးမီက ရရှိခဲ့သည့် နားလည်သဘောပေါက်မှုအချို့ကို ပို့လိုက်သည်။
ချင်ယန်ဇီက သူ့ကို လောလောဆယ်၌ ကျင့်ကြံခြင်းကိစ္စများကို စိတ်မပူရန်၊ အိမ်၌ သူ့စီနီယာအစ်မနှင့်အတူ ရက်အနည်းငယ်လောက် ပျော်ပျော်ရွှင်ရွှင်နေထိုင်ရန် ချက်ချင်းစာပြန်လာ၏။ နောက်ပိုင်း၌ ကျင့်ကြံခြင်းကို ပြန်လည်စတင်ရန် ဝူတန်းတောင် သို့မဟုတ် ကျုံနန်းတောင်သို့ ပြန်ဖို့ ရွေးချယ်ခြင်းကတော့ သူတို့အပေါ်မှာပဲ မူတည်လေသည်။ လောလောဆယ်တော့ သူတို့က တာအိုဂိုဏ်းများနှင့် မိစ္ဆာဂိုဏ်းများကြားမှ ပဋိပက္ခများထဲ၌ မပါဝင်သင့်သေးချေ။
ဝမ်ရှန်းက တာဝန်ထမ်းဆောင်ရန် ကမ်းလှမ်းမိတော့မလိုဖြစ်သွားသည်။ ယခု သူက ပုံရိပ်ယောင်အမြုတေအဆင့်သို့ရောက်ရှိသွားပြီဖြစ်သောကြောင့် ရွှေအမြုတေအဆင့် တာအိုဆရာတစ်ယောက်နှင့် တွေ့လျှင်တောင် ပုံမှန်နှင့် ပြောင်းပြန် ခုနှစ်စင်ကြယ်ဓားအစီအရင်၊ ဝိညာဉ်မဲ့ဓားနှင့် သူ၏နတ်ဘုရားအဆင့်ဓားပျံကို အသုံးပြုပြီး အလွယ်တကူထွက်ပြေးနိုင်လေ၏။ ထို့အပြင် မိစ္ဆာဂိုဏ်းများက ပုံရိပ်ယောင်အမြုတေအဆင့်များကို ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်နှစ်ယောက်ပဲဖြစ်ဖြစ် ထိပ်တိုက်ရင်ဆိုင်နိုင်သည်ဟု သူ ယုံကြည်ချက်ရှိနေသည်။
သို့သော် ချင်ယန်ဇီ၏ နောက်ထပ်စာတိုက တိုက်ပွဲအတွက် ကမ်းလှမ်းချင်သည့် စိတ်ကူးကို ချက်ချင်းစွန့်လွှတ်လိုက်ရစေ၏။
သူ့အဆိုအရ လွန်ခဲ့သည့် နှစ်ရက်က အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်း၏ ဒေသခံဌာနခွဲတစ်ခုကို ရုတ်တရက် ဝင်ရောက်စီးနင်းခဲ့သည်။ သူတို့က အဖမ်းခံထားရသည့် စုံစမ်းစစ်ဆေးရေးမှူးအချို့နှင့် လမ်းမှန်ကျင့်ကြံသူအချို့ကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့ထဲမှ နှစ်ယောက်ကမူ ဝိညာဉ်ရှာဖွေခြင်းကို ခံထားရပြီး ဖြစ်သည်။ သူတို့၏ ဝန်ခံချက်အရ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းက မုဝမ်ရွှမ်းအကြောင်းကို စစ်မေးနေခဲ့ကြခဲ့သည်ဟူ၍ဖြစ်သည်၊၊
မိစ္ဆာဂိုဏ်းက တစ်ခုခုသိရှိသွားသည်မှာ ထင်ရှားနေသည်။ ယခင်က သူတို့က ထိုဂိုဏ်းက မုဝမ်ရွှမ်းကို ပစ်မှတ်ထားနေသည်ဟု သံသယသာရှိခဲ့ခြင်းဖြစ်သော်လည်း ယခုအခါမှာတော့ ထိုမိစ္ဆာကျင့်ကြံသူများက သူ့စီနီယာအစ်မကို မျက်စိကျနေပြီဆိုသည်မှာ သေချာသွားခဲ့ပြီ ဖြစ်သည်။
ခေတ္တစဉ်းစားပြီးနောက် ဝမ်ရှန်းက စာပြန်ပို့လိုက်၏။
ဝမ်ရှန်း - “ဆရာ စိတ်မပူပါနဲ့။ စီနီယာအစ်မကို ရန်ရှာတဲ့သူရှိရင် ကျွန်တော် အသက်နဲ့လဲပြီး တိုက်ခိုက်ပါ့မယ်”
ချင်ယန်ဇီက သူ့ကို ချက်ချင်းဆူပူလိုက်သည်။
ချင်ယန်ဇီ - “ဝမ်ရှန်း... မင်းက ပိုပြီး လိမ္မာပါးနပ်ဖို့ လိုတယ်၊၊ အသက်နဲ့လဲမယ်ဆိုတဲ့ စကားကို ခဏခဏမပြောနဲ့ဦး။ မင်းမှာ အသက်ဘယ်နှစ်ချောင်းရှိတယ်လို့ ထင်နေလို့လဲ။ မင်းရဲ့ဦးနှောက်ကို အသုံးပြုရမယ်၊၊ အန္တရာယ်က တံခါးလာခေါက်တာကို စောင့်မနေဘဲ ရှောင်ရှားတတ်ဖို့ သင်ယူပါ”
ဝမ်ရှန်းက စိတ်ပျက်လက်ပျက်နှင့် ခေါင်းကို ကုတ်လိုက်မိ၏။ သူ နားမလည်တာမဟုတ်ဘဲ သူ့၏ရပ်တည်ချက်ကို ဖော်ပြချင်ရုံသာဖြစ်သည်။
အဆုံးမသတ်နိုင်သော ဆုံးမမှုကို ခံရပြီးနောက် သူက မိဘများထံ စာတိုပို့ပြီး သူနှင့် သူ့စီနီယာအစ်မ တရားထိုင်နေသောကြောင့် နောက်မှ ထွက်လာပြီး စားမည်ဟု အကြောင်းကြားလိုက်သည်။
သူ့ဖခင်က 👌အီမိုဂျီတစ်ခုနှင့် ပြန်လာပြီး အားလုံးအဆင်ပြေကြောင်း ပြောလာ၏။ သူက နှစ်သစ်ကူးအကြို ညစာနှင့် ပူဇော်မှုများကို စီစဉ်ပြီးပြီ ဖြစ်သည်။
အိပ်ပျော်နေသည့် စီနီယာအစ်မ၏ လှပပြီး မြင့်မြတ်သော မျက်နှာလေးကို ငေးကြည့်ရင်း ဝမ်ရှန်း၏စိတ်ထဲ၌ ရုတ်တရက် စေ့ဆော်မှုတစ်ခု ပေါ်လာသည်။ သူက ကုတင်အနားသို့ တိုးသွားပြီး ဂရုတစိုက်နှင့် ညင်သာသော လှုပ်ရှားမှုများနှင့် သူ၏ဓားသေတ္တာကို လှမ်းယူလိုက်၏။
သူက ဝိညာဉ်မဲ့ဓားကို ထုတ်လိုက်သည်။ ဓားသွားက လုံးဝထက်မြက်နေပြီး ဘာချို့ယွင်းချက်မျှ မရှိချေ။
“ဝိညာဉ်မဲ့ဓား... ငါ့ရဲ့ဓားလေး၊ မင်းမှာ တကယ်ပဲ စိတ်ဝိညာဉ် လုံးဝမရှိတာလား”
ဝမ်ရှန်းက သူ၏ပုံရိပ်ယောင်အမြုတေကို အသုံးပြုပြီး ဓားသွားကို သူ၏ ဝိညာဥ်အသိစိတ်နှင့် ထပ်မံလွှမ်းခြုံကာ တိတ်တဆိတ်ခံစားကြည့်လိုက်၏။
ဘာတုံ့ပြန်မှုမှ မရှိသေးချေ။
ရပါတယ်လေ။
သူ အတင်းအကျပ်မလုပ်ခဲ့ချေ။ ဝိညာဉ်မဲ့ဓားကို ပြန်သိမ်းပြီးနောက် သူ၏နတ်ဘုရားအဆင့်ဓားပျံကို အားဖြည့်ပေးရန် ပုံရိပ်ယောင်အမြုတေ၏ စွမ်းအားကို စတင်အသုံးပြုလိုက်သည်။
အဆင့်ကျော်ဖြတ်ပြီးနောက် သူ၏စွမ်းအားက သိသိသာသာတိုးတက်လာသောကြောင့် သူ၏ဓားထိန်းချုပ်ခြင်းပညာက ဘယ်လောက်အထိ အင်အားကြီးမားလာမလဲဆိုတာ သူ သိချင်နေမိ၏။
အကယ်၍ အခုချိန်၌ သူနှင့် ဖေးလျန်ဇီတို့က လေဖမ်းဓားနှစ်လက်ကို ထပ်မံထုတ်ဖော်မည်ဆိုလျှင် ရွှေအမြုတေအဆင့် တာအိုဆရာတစ်ယောက်ကိုတောင် ဒဏ်ရာရစေနိုင်လောက်သည်။
သူ၏ နတ်ဘုရားအဆင့်ဓားပျံနှင့် ပတ်သက်လျှင်မူ...
ပြီးခဲ့သည့်အကြိမ် သွားရောက်တုန်းက သူက ရှုဓားဂိုဏ်းမှ အလောတကြီးနှင့် ထွက်ခွာခဲ့ရခြင်းဖြစ်သည်။ ယခုက နှစ်သစ်ကူးဖြစ်သောကြောင့် သူက ဓား၇၂လက်စမ်းသပ်ချက်ဂူဝဆီ သွားပြီး အစီအရင်ဝိညာဥ်အဖိုးကြီးကို အမွှေးတိုင်ပူဇော်ခဲ့သင့်၏။ နောက်နှစ်ကျလျှင်မူ သူ သေချာပေါက်သွားမည်ဖြစ်ပြီး သူ့စီနီယာအစ်မကိုပါ ခေါ်သွားရမည်၊၊
ထို့နောက်တွင် ဝမ်ရှန်းက သူ့စိတ်ထဲ၌ ရှိနေတာကြာပြီဖြစ်သည့် အရာတစ်ခုဆီ အာရုံလွှဲလိုက်၏။ ၎င်းကမူ ပုံရိပ်ယောင်အမြုတေအဆင့်နှင့် ထိုထက်မြင့်သည့် ကျင့်ကြံသူများသာ လေ့ကျင့်နိုင်သည့် ဓားထိန်းချုပ်ခြင်းပညာ၏ ဓားပျံစီးနင်းခြင်းနည်းစနစ်ပင်ဖြစ်သည်။
သူ့စီနီယာအစ်မ နိုးလာသည်နှင့် သူက နတ်ဘုရားအဆင့်ဓားပျံပေါ် တက်ပြီး သူမကို ခေါ်ဆောင်ကာ ကောင်းကင်ထက်ဆီ ပျံသန်းသွားပေမည်၊၊ ကောင်းကင်အမြင့်က လေအေးများကို သူတို့အတူခံစားနိုင်ကြတော့မည်ဖြစ်၏။