အခန်း ၁၁
Vol. 2 Ch. 11
အပိုင်း (၁၁)
လျူယွမ်က ရုံးခန်းထဲ ပြန်ရောက်လာတဲ့အခါ ကုလားထိုင်ပေါ်မှာ အသက်မပါသလို ခွေခေါက်ထိုင်နေပြီး စိတ်ဓာတ်တွေ အောက်ခြေအထိ ကျနေတဲ့ ယဲ့ချိုးဟုန်ကို တွေ့လိုက်ရသည်။
“ညွှန်ကြားရေးမှူးက ဘာပြောလဲ”
“ညွှန်ကြားရေးမှူးကတော့ မင်းရဲ့ လျှောက်တွေးတဲ့ စကားတွေကို ယာယီ ယုံသွားတာပေါ့၊ ဒါပေမဲ့... ငါ့ကိုတော့ သူ့မြေးလေးလိုမျိုး အပြတ်အသတ် ဆူလိုက်တာပဲ” ယဲ့ချိုးဟုန်ရဲ့ မျက်လုံးတွေထဲမှာ မကျေနပ်မှုတွေ ပြည့်နှက်နေလေသည်။
“ပြီးတော့ နောက်တစ်ချက်၊ မင်းမိန်းမရဲ့ ကိုယ်ရေးအချက်အလက်ကို ခိုးပြောင်းထားတာကို ညွှန်ကြားရေးမှူး သိသွားပြီ။ အခုလေးတင် ငါ့ကို သီးသန့် သတိပေးလိုက်သေးတယ်”
လျူယွမ်ရဲ့ နှလုံးသားတစ်ချက် တုန်လှုပ်သွားခဲ့သည်။
ညွှန်ကြားရေးမှူးက ဘာလို့ ဒါကို ရုတ်တရက်ကြီး ထုတ်ပြောရတာလဲ။ ဒါက သေးတဲ့ကိစ္စ မဟုတ်ပေ။
ဒါဆို... သူ့မိန်းမရဲ့ တကယ့် အထောက်အထားအမှန်ကို ရိပ်မိသွားတာများလား။
ချက်ချင်းဆိုသလို လျူယွမ်တစ်ယောက် ဖိအားတွေကို ခံစားလိုက်ရသည်။
ငါတို့ အမြန်ဆုံး ပိုသန်မာလာဖို့ လိုအပ်နေလေပြီ။
မဟုတ်ရင် နောက်ကျမှ တစ်ခုခုလွဲလို့ ပြဿနာတက်ခဲ့ရင်... ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်တော့ပေ။
မျိုးရိုးဗီဇ ညီအစ်ကိုတို့ရေ... ဂန်ဘာတဲ (ကြိုးစားကြစမ်းပါ)
လာစမ်းပါ ညီအစ်ကိုတို့ရာ... ငါတို့ကို မြန်မြန်လေး ဆင့်ကဲပြောင်းလဲစေလိုက်စမ်းပါ။
ရုံးဆင်းတော့ လျူယွမ် အိမ်ပြန်ရောက်လာခဲ့သည်။
ဟင်းချက်နံ့ သင်းပျံ့ပျံ့လေးက လေထဲမှာ ပျံ့လွင့်နေပြီး စုချင်းရွှယ်က သရေယိုစရာကောင်းတဲ့ ညစာ ထမင်းဝိုင်းကြီးကို ပြင်ဆင်ပြီးသား ဖြစ်နေပြီ။
သူတို့နှစ်ယောက် တီဗီက ညနေခင်းသတင်းကို ကြည့်ရင်း ထမင်းစားခဲ့လိုက်ကြသည်။
“...နိုင်ငံတော်ရဲ့ ကလေးမွေးဖွားနှုန်း တိုးမြှင့်ရေး လှုံ့ဆော်မှုကို ပိုမိုတွန်းအားပေးတဲ့အနေနဲ့ လူမှုဖူလုံရေး ဝန်ဆောင်မှု ဗျူရိုကနေ ဒီနေ့ပဲ အမိန့်ကြော်ငြာစာအသစ် ထုတ်ပြန်လိုက်ပြီး၊ လက်ရှိ မိခင်စရိတ် ထောက်ပံ့ကြေးကို နှစ်ဆအထိ တိုးမြှင့်ပေးလိုက်ပြီ ဖြစ်ပါတယ်”
ကလေးတစ်ယောက်ဆိုရင် တစ်လ ၃,၀၀၀ ယွမ်၊ နှစ်ယောက်ဆိုရင် ၆,၀၀၀ ယွမ်၊ သုံးယောက်ဆိုရင်တော့ ၁၀,၀၀၀ ယွမ်...
သတင်းကြေညာသူရဲ့ တောက်တောက်ပြောင်ပြောင်နဲ့ ပြတ်သားတဲ့ အသံကြောင့် စုချင်းရွှယ်ရဲ့ မျက်လုံးလေးတွေ ချက်ချင်း အရောင်တောက်သွားပြီး၊ မျက်ဝန်းထဲမှာ ပိုက်ဆံသင်္ကေတလေးတွေ အစီအရီ ပေါ်လာသလိုမျိုး ဖြစ်သွားခဲ့သည်။
သူမက ထမင်းစားတူကို ချလိုက်ပြီး၊ မျှော်လင့်ချက်အပြည့်နဲ့ လျူယွမ်ရဲ့ လက်မောင်းကို ဆွဲကိုင်ကာ - “မောင်ရေ... ကျွန်မ ကလေးယူချင်ပြီ”
လျူယွမ်က အသားတစ်တုံးကို ညှပ်ပြီး သူမပါးစပ်ထဲ ခွံ့ပေးလိုက်ရင်း - “ဖြည်းဖြည်းစားပါ မိန်းမရာ၊ ပူနေဦးမယ်”
သူက ဘေးနားက ကြက်မည်းစွပ်ပြုတ်ပန်းကန်ကို မပြီး တစ်ငုံ သောက်လိုက်တယ်။ ချက်ချင်းပဲ ဗိုက်ထဲကနေ နွေးခနဲ စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာပြီး၊ ခန္ဓာကိုယ်အနှံ့ကို စီးဆင်းသွားကာ တစ်ကိုယ်လုံး ပူထူသွားသလို ခံစားလိုက်ရသည်။
“မိန်းမ... ဒီစွပ်ပြုတ်ထဲမှာ ဘာတွေ ထည့်ထားလို့လဲ”
“အဘွားစွန်း ပေးခဲ့တဲ့ [ကောင်းကင်ဖြည့် ဆေးလုံး] လေ” စုချင်းရွှယ်က အပြစ်ကင်းစင်တဲ့ မျက်လုံးလေးတွေ ခတ်ကာ ပြောလိုက်တယ် - “အဲဒါ ခန္ဓာကိုယ်အတွက် အရမ်းအာဟာရဖြစ်တဲ့ ဆေးလုံးတဲ့”
လျူယွမ် သွေးအန်မတတ် ဖြစ်သွားပြီး - “မဟုတ်ဘူးလေ မိန်းမရဲ့... မင်း ငါ့ကို ဆေးခတ်လိုက်တာလား”
“စိတ်မပူပါနဲ့၊ ကျွန်မ သေသေချာချာ စစ်ဆေးပြီးပြီ။ ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘဲ ကျန်းမာရေးအတွက် အရမ်းကောင်းတာ” စုချင်းရွှယ်က ကြောင်ပေါက်လေးတစ်ကောင်လို လျူယွမ်ရဲ့ ပေါင်ပေါ်ကို ညင်သာစွာ တက်ထိုင်လိုက်ပြီး၊ မျက်ဝန်းတွေက ညှို့ဓာတ်အပြည့်နဲ့ ပြောလိုက်လေသည်။
ညဉ့်နက်သန်းခေါင်ယံ။
(အမျိုးသမီးဇာတ်ဆောင်ရဲ့ တာဝန်က [သော့ခလောက်] ဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ တားမြစ် သက်ရှိနယ်မြေကို ချိတ်ပိတ်ထားတာပါ၊ အမျိုးသားဇာတ်ဆောင်ရဲ့ တာဝန်ကတော့ [သော့] ဖြစ်ပြီး Level တက်ရင်း သော့ဖွင့်ပေးနိုင်တာပါ။ ဒါက အခန်း ၄၉ ထဲက သတ်မှတ်ချက်ပဲ ဖြစ်ပါတယ်)
ထိုအနီရောင်ဖျော့ဖျော့ “တားမြစ် သက်ရှိနယ်မြေ” ထဲတွင် သွေးနှင့် အရိုးတို့က မြေပြင်လို ခင်းကျင်းထားပြီး၊ စုတ်ပြဲနေသော စစ်တံခွန်များက လေရူးထဲတွင် ငိုကြွေးနေကြလေသည်။
မရေတွက်နိုင်သော ခေတ်အဆက်ဆက်က စစ်မက်ဖြစ်ပွားမှုများနှင့် သန်းပေါင်းများစွာသော ဝိညာဉ်တို့ သေဆုံးခဲ့မှုကြောင့်၊ ဤနေရာသည် မျှော်လင့်ချက်အားလုံးကို မြှုပ်နှံထားသည့် သင်္ချိုင်းဂူကြီးတစ်ခု ဖြစ်နေခဲ့လေပြီ။
ဤထာဝရ တိတ်ဆိတ်ခြင်းနှင့် အားကိုးရာမဲ့ခြင်းများကြားတွင် သူရဲကောင်းတစ်ဦး မွေးဖွားလာခဲ့သည်။
သူသည် သန်းပေါင်းများစွာသော အရိုးစုများကြားမှ ရုန်းထွက်လာပြီး၊ ရှေ့ဆောင်လမ်းပြတို့၏ ရုပ်အလောင်းများကို နင်းဖြတ်ကာ၊ လူမျိုးစုတစ်ခုလုံး၏ မကုန်ခန်းနိုင်တဲ့ တိုက်ခိုက်လိုစိတ်များဖြင့် ရှေ့သို့တိုးလာခဲ့သည်။
ထိုရွှေရောင်ပုံရိပ်ကြီးက ထာဝရအမှောင်ထုကို လင်းထိန်သွားစေသယောင်ပင်….
သူ့ရဲ့နောက်ကွယ်မှာတော့ သေဆုံးသွားကြတဲ့ ရဲဘော်ရဲဘက်တွေရဲ့ ဝိညာဉ်တွေက ဟိန်းဟောက်နေကြပြီး၊
သူ့ရဲ့ခြေဖဝါးအောက်မှာတော့ ဘိုးဘေးတို့ရဲ့ မဆုံးနိုင်ဘဲ တောက်လောင်နေတဲ့ အရိုးပြာတွေ ရှိနေခဲ့သည်။
“သတ်စမ်း...”
ပြင်းထန်လှတဲ့ ဟိန်းဟောက်သံကြီးက ဒီတားမြစ်နယ်မြေရဲ့ သေမင်းတမျှ တိတ်ဆိတ်မှုကို တုန်ခါသွားစေခဲ့သည်။
သူသည် ကောင်းကင်နဲ့ မြေကြီးကို ဖောက်ထွင်းမည့် နတ်ဘုရားသက်တံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ မိမိရဲ့ သက်စောင့်အသက်ဝိညာဉ်တစ်ခုလုံးကို လောင်ကျွမ်းစေပြီး နောက်ဆုံးအကြိမ် ထိုးဖောက်တိုက်ခိုက်လိုက်ပါတော့တယ်…
ထာဝရကာလပတ်လုံး ပြိုင်ဘက်ကင်းစွာဖြင့် သက်ရှိတားမြစ်နယ်မြေတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီး ရှင်သန်ခြင်း လမ်းစတစ်ခုကို ထွင်းထုလိုက်ခြင်းပင်…
“ဝုန်း...”
ခန့်ညားထည်ဝါလှတဲ့ မြို့ရိုးကြီးက သူ့ရဲ့တိုက်ကွက်ကြောင့် တကယ်ပဲ ပွင့်ထွက်သွားပြီး၊ သတိမထားမိနိုင်လောက်တဲ့ အက်ကွဲကြောင်း အသေးလေးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
သူ…..
သူတို့တွေ ရူးသွပ်ကုန်ကြလေပြီ….
နောက်တစ်နေ့။
လျူယွမ် ရုတ်တရက် မျက်လုံးပွင့်လာခဲ့ပြီး၊ သူ့ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်လုမတတ် စွမ်းအားတွေ စီးဆင်းနေတာကို ခံစားလိုက်ရသည်။
သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တဲ့အခါ လေထုထဲမှာ အုန်းခနဲ အသံတိုးတိုးတစ်ခုပင် မြည်ဟည်းသွားခဲ့သည်။
သူ အောက်ကို ငုံ့ကြည့်လိုက်တော့ သူ့ရဲ့ ကြွက်သားတွေက ပိုပြီး အချိုးကျကျ သန်မာထွားကျိုင်းလာပြီး ခွန်အားအစစ်အမှန်တွေ ထွက်ပေါ်နေတာကို တွေ့လိုက်ရသည်။
မျိုးရိုးဗီဇတွေက ထပ်ပြီး ဆင့်ကဲတိုးတက်သွားပြန်လေပြီ။
ပြီးတော့ ဒီတစ်ခါတော့ တကယ့်ကို အကောင်ကြီးကြီးတစ်ခု ရောက်လာပုံပဲဟ…
ဒီအချိန်မှာ စုချင်းရွှယ်က ချက်ပြုတ်ရေးဝတ်စုံကို ဝတ်ထားပြီး၊ သူမရဲ့ နုနယ်တဲ့ လက်ဖဝါးလေးတွေမှာ ဂျုံမှုန့်တွေ ပေကျံနေတုန်းပဲ ရှိသေးသည်။
သူမ အခန်းထဲကို လမ်းလျှောက်ဝင်လာပြီး ပါးလေးတွေ နီမြန်းကာ အပြစ်ကင်းစင်ပြီး နူးညံ့တဲ့ အပြုံးလေးနဲ့ -
“မောင်ရေ... ကျွန်မမှာ မောင့်အတွက် အံ့ဩစရာ သတင်းကောင်းရှိတယ်”
“ကျွန်မ... ကလေးရနေပြီ ထင်တယ်”
လျူယွမ်မှာ ကြောင်သွားပြီး - “‘ထင်တယ်’ ဆိုတာ ဘာသဘောလဲ မိန်းမရဲ့”
စုချင်းရွှယ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး မျက်နှာထက်မှာ သဘာဝအတိုင်း အပြစ်ကင်းစင်တဲ့ ပုံစံလေးနဲ့ ရှင်းပြလိုက်သည် -
“သူရဲကောင်းက သက်ရှိတားမြစ်နယ်မြေထဲမှာ ရှင်သန်ကျန်ရစ်ပြီး ညဏ်အလင်းကို ရှာဖွေနေတာလေ။ အောင်မြင်ရင်တော့ ကောင်းကင်ဘုံကို တက်လှမ်းနိုင်မယ်၊ ရှုံးနိမ့်ရင်တော့ ပျက်စီးသွားလိမ့်မယ်”
“သူ အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာ ကျွန်မလည်း သေသေချာချာ မသိသေးဘူး”
လျူယွမ် တစ်ကိုယ်လုံး လုံးဝကို ဝေခွဲမရ ဖြစ်သွားပြီး - “မိန်းမရာ... ငါ လုံးဝနားမလည်တော့ဘူး။ လူလိုပဲ ပြောပြလို့ ရမလား”
“သာမန်လူတွေ နားလည်နိုင်မယ့် စကားလုံးမျိုးပေါ့”
လျူယွမ်က နားလည်အောင် ကြိုးစားရင်း စကားတစ်ခွန်း ထပ်ဖြည့်လိုက်တယ် -
“မင်းပြောချင်တာက... မျိုးပွားခြင်းဆိုင်ရာ ကွဲပြားမှုတွေကြောင့် ငါတို့ရဲ့ မျိုးရိုးဗီဇတွေက ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဖြစ်နေတုန်းပဲ၊ အဲဒါတွေ ပေါင်းစပ်နိုင်မလားဆိုတာကတော့ ဖြစ်နိုင်ခြေ အပေါ်မှာပဲ မူတည်တယ်လို့ ပြောချင်တာလား”
စုချင်းရွှယ်က ခေါင်းညိတ်လိုက်ပြီး - “မောင့်ရဲ့ မျိုးရိုးဗီဇတွေက ကျွန်မရဲ့ မျိုးရိုးဗီဇတွေထဲကို ရောက်လာပြီ၊ ဒါပေမဲ့ တကယ့်ကို အပြည့်အဝတော့ မပေါင်းစပ်ရသေးဘူး”
“စိတ်မကောင်းပါဘူး ယောကျာ်းရယ်၊ ကျွန်မလည်း ဒီလိုဖြစ်လာမယ်လို့ မရည်ရွယ်ပါဘူး”
ဒါကို ကြားလိုက်ရတော့ လျူယွမ်က သူမကို ရင်ခွင်ထဲ ထည့်ပြီး တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ကာ - “ဒါတွေက အရေးမကြီးပါဘူး မိန်းမရာ၊ ငါ ချစ်တာ မင်းကိုပဲဥစ္စာ”
တစ်နာရီ ကြာပြီးနောက်။
“သွားပြီ... ငါ အလုပ်နောက်ကျတော့မယ်”
လျူယွမ် အခန်းထဲကနေ ကပျာကယာ ထွက်လာပြီး ခြံတံခါးဝဆီကို သုတ်ခြေတင် ပြေးတော့သည်။
ခြံထဲက ကျောက်စားပွဲဝိုင်းမှာတော့ အငြိမ်းစား အဘိုးကြီးအုပ်စုက မနက်စာ စားနေကြတာပေါ့။ လျူယွမ် ထွက်လာတာကို မြင်တော့ သူတို့အားလုံး ချက်ချင်းပဲ မျက်လုံးတွေ အရောင်တောက်သွားကြသည်။
“လျူယွမ်လေး... ဒီနေ့ တစ်ခုခု ထူးဆန်းနေပါလား” ကျန်းချင်းရွှမ်က မျက်မှောင်တစ်ဖက် ပင့်လိုက်ပြီး - “မင်း ပုံမှန်ထက် တစ်နာရီတောင် နောက်ကျနေတယ်နော်”
“ချင်းရွှယ်က မနက်စာ အများကြီး စားခိုင်းလို့ပါဗျာ” လျူယွမ်က မတတ်နိုင်တဲ့ လေသံနဲ့ - “ကျွန်တော်လည်း ငြင်းမရတာနဲ့ မနက်စာ အဝစားလိုက်ရလို့ပါ”
သူက စကားတစ်ခွန်းပဲ ချန်ထားခဲ့ပြီး လျှပ်စီးလို မြန်ဆန်တဲ့ နှုန်းနဲ့ ပျောက်ကွယ်သွားတော့သည်။
အဘိုးကြီးတွေမှာ သူ့ရဲ့ ကျောပြင်ကို ကြည့်ပြီး ချက်ချင်းပဲ ဆူညံပွက်လောရိုက်ကုန်ကြတော့သည်။
“အဲဒီကောင်လေး နောက်ဆုံးတော့ အလင်းပွင့်သွားပြီဟေ့” အဘွားစွန်းက ကျောက်စားပွဲကို အားရပါးရ ရိုက်လိုက်ပြီး - “ဒါ ငါ့ရဲ့ [ကောင်းကင်ဖြည့် ဆေးလုံး] က အစွမ်းပြလိုက်တာ သေချာတယ်”
“မမေ့နဲ့ဦး” ဆရာကြီးချင်နဲ့ နိုင်ငံရေးမှူးဝမ်က တစ်ပြိုင်နက်တည်း အော်လိုက်ကြတယ် - “အဲဒီ မြင့်မြတ် သားရဲလေးပါးရဲ့ သွေးတွေကို ရှာပေးခဲ့တာ ငါတို့နှစ်ယောက်ကွ”
ချန်ကျိုကုန်းက နှာခေါင်းရှုံ့လိုက်ပြီး - “ဆေးလုံးလောက်က ဘာဟုတ်သေးလို့လဲ၊ ဒါက ငါ့ရဲ့ အစီအရင်က ကွယ်ရာကနေ ကူညီပေးထားလို့ကွ”
“မငြင်းကြနဲ့တော့” ချန်းမိုက စုတ်တံကို ချလိုက်ပြီး နက်နဲတဲ့ မျက်နှာပေးနဲ့ - “ငါ့ရဲ့ ‘ပန်းခင်းရဲ့ ဆန်းကြယ်မှု ခြောက်ပါး’ ပန်းချီကားသာ အစွမ်းမပြရင် မင်းတို့ ကြိုးစားသမျှ အားလုံး သဲထဲရေသွန်ပဲ”
လီဖြောင်ရန်က လက်ထဲက သတင်းစာကို ချလိုက်ပြီး နိုင်ငံရေးသမား လေသံကြီးနဲ့ အားလုံးကို အကျဉ်းချုပ်ပေးလိုက်သည် -
“ဟေ့လူတွေ၊ မနေ့ညက သတင်းကို မကြည့်လိုက်ကြဘူးလား။ ငါ ရေးပေးလိုက်တဲ့ စာက အလုပ်ဖြစ်သွားတာကွ။ မိခင်စရိတ် ထောက်ပံ့ကြေးက နှစ်ဆ တိုးသွားပြီ။ လျူယွမ်လေးနဲ့ ချင်းရွှယ်က ငွေကြေးဖိအား မရှိတော့ဘူးဆိုတော့... သဘာဝကျကျပဲ ကလေးယူဖို့ သဘောတူလိုက်တာပေါ့”
လူအုပ်ကြီးက မျက်နှာတွေ နီရဲလာတဲ့အထိ အပြင်းအထန် ငြင်းခုံနေကြတော့သည်။
ကျန်းချင်းရွှမ်က ကြောက်ကြောက်လန့်လန့်နဲ့ လက်ကလေးထောင်ပြီး - “ငါ့ရဲ့ မန္တန်ကြောင့်လည်း ဖြစ်နိုင်...”
“ပါးစပ်ပိတ်ထားစမ်း” အားလုံးက တပြိုင်နက်တည်း ဝိုင်းအော်လိုက်ကြတယ် - “မင်းရဲ့ မန္တန်က ကိုယ်ဝန်ဆောင်ဖို့ ကူညီပေးတဲ့ မန္တန်လေ။ ချင်းရွှယ် တကယ် ကိုယ်ဝန်ရှိလာမှ မင်း လာပြီး အမှတ်ယူ”
ကျန်းချင်းရွှမ်ခမျာ ခေါင်းငုံ့ပြီး လက်ထဲက ပေါက်စီကိုပဲ တိတ်တိတ်ဆိတ်ဆိတ် ကိုက်ဝါးနေရရှာတော့သည်။
လူဝင်မှုကြီးကြပ်ရေးဗျူရို၊ စုံစမ်းစစ်ဆေးရေး နဝမဌာနခွဲ။
“တီ... ရုံးတက်လက်မှတ် ထိုးပြီးပါပြီ”
ရုံးတက်စက်က အနီရောင် တောက်ပသွားပြီး စက်ရုပ်အသံကြီးက ရုံးခန်းတစ်ခုလုံးကို ဟိန်းထွက်သွားခဲ့သည်။
“ပြင်းထန်တဲ့ ချီစွမ်းအင်နဲ့ သွေးလှိုင်း တက်ကြွမှုတွေကို စစ်ဆေးတွေ့ရှိရပါသည်။ ဂုဏ်ယူပါသည် ဌာနခွဲမှူး လျူယွမ်... သင်သည် သိုင်းပညာ၏ တတိယအဆင့်သို့ တရားဝင် ရောက်ရှိသွားပြီး၊ အဆင့်မြင့် သိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့ပါပြီ”
“သင်၏ လစဉ် လစာငွေကို ၁၀,၀၀၀ ယွမ်အထိ တိုးမြှင့်ပေးမည်ဖြစ်ပြီး၊ အဆင့် (A) အကျိုးခံစားခွင့်များကို ရရှိကာ၊ သီးသန့် ချီစွမ်းအင် ကျင့်ကြံအခန်းတစ်ခန်း ပေးအပ်မည် ဖြစ်သည်။ ထို့ပြင် ‘သိုင်းပညာဂူဗိမာန်’ သို့ ဝင်ရောက်ပြီး သိုင်းကျင့်စဉ် တစ်ခု ရွေးချယ်ခွင့် အခွင့်အရေး တစ်ကြိမ် ရရှိပါမည်”
ဝုန်း...
ရုံးခန်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
“ ဘုရားရေ ဌာနခွဲမှူးက အဆင့်မြင့် သိုင်းပညာရှင်အဖြစ် ချိုးဖျက်ပြီး တက်လှမ်းသွားပြီ ဟုတ်လား”
“အမလေးလေး... ငါ မှတ်မိသလောက်ဆို ဌာနခွဲမှူးက လွန်ခဲ့တဲ့ နှစ်ရက်တင် မတည်ငြိမ်သေးတဲ့ အလယ်အလတ်အဆင့် သိုင်းပညာရှင်ပဲ ရှိသေးတာ မဟုတ်ဘူးလား”
“ဒုံးပျံနဲ့ လိုက်ရင်တောင် ဒီလောက် မမြန်နိုင်ဘူး”
“အဆင့် (A) ခံစားခွင့်ကြီးတောင်လား။ အိုးမိုင်ဂေါ့... ဌာနခွဲမှူးတော့ တကယ်ကို အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်သွားပြီပဲ”
လုပ်ဖော်ကိုင်ဖက်တွေအားလုံး ဝိုင်းအုံလာကြပြီး မျက်နှာထက်မှာ အံ့ဩတုန်လှုပ်မှုတွေနဲ့ ကြည်ညိုလေးစားမှုတွေ ပြည့်နှက်နေကြတော့သည်။
နဝမဌာနခွဲက အဖွဲ့ဝင် အများစုက သိုင်းပညာသင်တန်းကျောင်းကနေ ဘွဲ့ရခါစ အခြေခံ သိုင်းသမားလေးတွေ ဖြစ်ကြတာမို့... သဘာဝအတိုင်းပဲ အားကောင်းတဲ့သူကို အားကျကြည်ညိုကြလေသည်။
ဒု-ဌာနခွဲမှူး လင်းဝေဝေက ရေနွေးကြမ်းပန်းကန်လေးကို ကိုင်ပြီး ကပျာကယာ ပြေးလာကာ၊ ဖားယားတဲ့ မျက်နှာပေးလေးနဲ့ -
“ဂုဏ်ယူပါတယ် ဌာနခွဲမှူး၊ တတိယအဆင့်ကို ရောက်ပြီး အဆင့်မြင့် သိုင်းပညာရှင် ဖြစ်သွားပြီနော်”
“ဌာနခွဲမှူးကတော့ တကယ်ကို... တကယ့်ကို တစ်သက်မှာ တစ်ယောက်ရခဲတဲ့ သိုင်းပညာ ပါရမီရှင်ကြီးပဲ”
ဒါပေမဲ့ သူမရဲ့ ရင်ထဲမှာတော့ နောင်တတစ်ခု ချက်ချင်း တိုးဝင်လာခဲ့သည်။
သူမက လျူယွမ်ကို အမြဲတမ်း ကံကောင်းရုံသက်သက်ပဲလို့ ထင်ခဲ့တာ ဖြစ်သည်။
ငါ့ရဲ့ ဌာနခွဲမှူးက ဒီလောက် အလားအလာရှိတဲ့ လူမှန်းသာ စောစောသိခဲ့ရင်... ငါ ဘာလို့ အသည်းအသန် ကလေးယူဖို့ စိတ်စောခဲ့မိပါလိမ့်...။