အခန်း ၁၄
Vol. 2 Ch. 14
အပိုင်း (၁၄)
တစ်လအကြာတွင်...
လျူယွမ်တစ်ယောက် ထုံးစံအတိုင်း အလုပ်ဆင်းလာခဲ့ပြီး၊ သူ့ဇနီးသည် အကြိုက်ဆုံးဖြစ်တဲ့ ပဲပြားပူတင်းနဲ့ အသားကင်ခေါက်ဆွဲထုပ်ကို သယ်လာခဲ့သည်။
ခြံဝန်းရှိတဲ့ အိမ်ကြီးထဲကို ခြေလှမ်းလှမ်းလိုက်တာနဲ့ တစ်ခုခု လွဲမှားနေပြီဆိုတာ သူ ချက်ချင်း အာရုံရလိုက်သည်။
ခြံထဲက အငြိမ်းစား အဖိုးကြီး၊ အဖွားကြီးတွေက ဆေးမှားမိထားတဲ့ ခရမ်းသီးတွေလို ညှိုးရော်နေကြသည်။
အငြိမ်းစား တာအိုဆရာကြီး ‘ကျန်းချင်းရွှမ်’ က ဝတ္ထုဖတ်မနေဘဲ ကောင်းကင်ကြီးကို ကြည့်ပြီး ငေးငိုင်နေခဲ့သည်။
အငြိမ်းစား ဗိသုကာ ပညာရှင်ကြီး ‘ချန်ကျိုကုန်း’ ကတော့ ကတ်ကြေးတစ်လက်ကို ကိုင်ပြီး ဘွန်ဆိုင်းပင်လေးကို ပြောင်သလင်းခါနေအောင် လှီးဖြတ်နေလေသည်။
အငြိမ်းစား ဆရာကြီး ‘ချင်ဟန်ရှန်း’ ကတော့ ကျောက်စာပန်းခုံပေါ်မှာ ကုန်းကုန်းကွကွ ထိုင်ရင်း ဘာစကားမှ မပြောဘဲ ငြိမ်သက်နေခဲ့သည်။
အငြိမ်းစား စစ်သားကြီး ‘ဝမ်ကျန့်ကော်’ ကတော့ အဝတ်စတစ်ထည်နဲ့ သူ့ရဲ့ ပစ္စတိုသေနတ်ကို ပွတ်တိုက်နေပြီး မျက်လုံးတွေက အသက်မဲ့နေခဲ့သည်။
အငြိမ်းစား ဝန်ကြီး ‘လီဖျောင်ရန်’ ကတော့ သူ့ရှေ့က စစ်တုရင်ခုံကို ဖျက်ဆီးပစ်လိုက်ပြီး စစ်တုရင်ရုပ်တွေက ကြမ်းပြင်တစ်ခုလုံးမှာ ပြန့်ကျဲနေခဲ့သည်။
အငြိမ်းစား တရုတ်တိုင်းရင်းဆေးသမားတော်ကြီး အဘွားစွန်းကတော့ မီးငြိမ်းနေတဲ့ မီးဖိုကို စိုက်ကြည့်ရင်း မျက်လုံးတွေ မှေးမှိန်နေခဲ့သည်။
အငြိမ်းစား ဆရာကြီး ‘ချန်းမို’ ကတော့ မင်တောင့်ကို စက်ရုပ်တစ်ရုပ်လို အဝိုင်းလိုက် စက်ဝိုင်းပုံစံ စည်းချက်ကျကျ ကြိတ်နေပေမဲ့ သူ့ရှေ့က စက္ကူအလွတ်ကြီးကတော့ ဘာမှမရှိဘဲ ဗလာကျင်းနေဆဲပင်။
အငြိမ်းစား သံမဏိအလုပ်သမား ‘ကျိုးရှန့်ကုန်း’ ကတော့ မီးမညှိရသေးတဲ့ ဆေးတံကို ခဲပြီး နှုတ်ခမ်းကို တဖတ်ဖတ် စုပ်နေခဲ့သည်။
လျူယွမ်ရဲ့ မျက်ခုံးတွေ တစ်ချက် လှုပ်ခါသွားပြီး -
“ဝါး... အားလုံးပဲ ရည်းစားနဲ့ ပြတ်လာကြတာလား”
ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် ကလေးမွေးဖို့ တိုက်တွန်းတဲ့ အစီအစဉ်ကတော့ နောက်တစ်ကြိမ် ထပ်မံကျရှုံးသွားပြီး ပြင်းထန်တဲ့ ထိုးနှက်ချက်ကို ခံလိုက်ရတာ သေချာသည်။
ဘာပဲဖြစ်ဖြစ် သူတို့က အရမ်းအားနေကြတာပဲ၊ အငြိမ်းစားလစာတွေကလည်း များလွန်းနေတာကိုး။
တကယ်ဆို အသက် ၁၀၀ ပြည့်မှ အငြိမ်းစားပေးသင့်တာ။
သူက ခေါင်းခါလိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
ထုံးစံအတိုင်း ရရှိနေကျ မွှေးပျံ့တဲ့ ရနံ့လေးက ပေါ်မလာခဲ့ပေ။
မီးဖိုချောင်ကလည်း အေးစက်နေပြီး အိုးခွက်ပန်းကန်တွေလည်း မရှိ၊ ဟင်းချက်နံ့လည်း မွှေးမနေပေ။
ဟ…ငါ့မိန်းမ ဘယ်ရောက်သွားတာလဲ။
သူ ကိုင်ထားတဲ့ ပစ္စည်းတွေကို ချလိုက်ပြီး အခန်းတိုင်းကို လိုက်ရှာတော့သည်။
မရှိဘူး။
သူ ဖုန်းဆက်ဖို့ လုပ်နေတုန်းမှာပဲ၊ မျက်လုံးထောင့်ကနေ ရေချိုးခန်းထဲက အမှိုက်ပုံးကို ဖျတ်ခနဲ မြင်လိုက်ရသည်။
အထဲမှာတော့ ကိုယ်ဝန်ဆောင်စစ်ဆေးတဲ့ ပစ္စည်းလေးတစ်ခုက တိတ်တဆိတ် ရှိနေခဲ့သည်။
အပေါ်မှာတော့ လုံးဝကို ထင်ရှားပြတ်သားတဲ့ မျဉ်းနှစ်ကြောင်း။
လျူယွမ် တံတွေးတစ်ချက် မြိုချလိုက်မိသည်။
ဒီအိမ်မှာ သူ့မိန်းမတစ်ယောက်ပဲ ရှိတာ ဖြစ်သည်။
“မဖြစ်နိုင်တာ... ငါ့မိန်းမ တကယ်ပဲ ကိုယ်ဝန်ရသွားပြီလား”
သူ အချိန်ကို တွက်ချက်လိုက်ရာ အတိအကျဆိုရင် တစ်လပင် ရှိပြီ ဖြစ်သည်။
လွန်ခဲ့တဲ့ တစ်လက သူ့ဆီက မျိုးရိုးဗီဇတစ်ခုက သက်ရှိ တားမြစ်နယ်မြေကို ဖြတ်ကျော်ပြီး လူသားနဲ့ နတ်ဘုရားကြားက နယ်နိမိတ်ကို ကျော်လွန်သွားခဲ့တာ ဖြစ်သည်။
နောက်ဆုံးတော့ အခက်အခဲတွေကို အခွင့်အရေးအဖြစ် ပြောင်းလဲနိုင်တဲ့ သူ့ရဲ့ မှော်ဆန်တဲ့ စွမ်းရည်ကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့တာပင် ဖြစ်သည်။
သူ့ရဲ့ မျိုးရိုးဗီဇ ရှုထောင့်ကကြည့်ရင် သူ့ဇနီးရဲ့ ခန္ဓာကိုယ်က “လမ်းပိတ်နေတဲ့ နေရာ” တစ်ခု ဖြစ်သည်။
၃ နှစ်တာ ရှည်လျားလှတဲ့ သွေးချောင်းစီး တိုက်ပွဲတွေအပြီးမှာတော့ သူတို့ နောက်ဆုံးတော့ မျှော်လင့်ချက်ရောင်ခြည်ကို မြင်တွေ့ခဲ့ရလေပြီ။
“ဟူး... အခုတော့ ငါ့ကို ဧကရာဇ်ဝတ်ရုံ ဝတ်ခိုင်းနေကြပြီး ငါ့ညီအစ်ကိုတွေက ငါ့ကို အဖေဖြစ်အောင် အတင်းအကျပ် လုပ်နေကြပြီပေါ့”
လျူယွမ်က သက်ပြင်းချလိုက်မိသည်။
ကလေးထိန်းရတာ အရမ်းဒုက္ခများတာပဲ။ နို့မှုန့်ဖိုး၊ ဒိုင်ပါဖိုးတွေ ရှိသေးတယ်၊ ပြီးတော့ ညဘက်ဆိုလည်း သိပ်ရဦးမယ်...
ဒါပေမဲ့ ငါ့မိန်းမမှာ ကိုယ်ဝန်ရှိနေပြီဆိုမှတော့ ငါတို့ သေချာပေါက် မွေးရမှာပေါ့။
အဲဒီအချိန်မှာပဲ တံခါးအပြင်ဘက်ကနေ...
စုချင်းရွှယ် ပြန်ရောက်လာခဲ့သည်။
သူမက ဘယ်ဘက်လက်မှာ ကိတ်မုန့်အကြီးကြီးတစ်လုံးကို ကိုင်ထားပြီး၊ ညာဘက်လက်မှာတော့ အရောင်စုံ မင်္ဂလာ သကြားလုံးအိတ်ကြီး တစ်အိတ်ကို သယ်လာခဲ့သည်။
သူမ ခြံထဲကို ဝင်လာတာနဲ့ အဖိုးကြီးတွေက အားယူပြီး ခေါင်းမော့ကြည့်လိုက်ကြသည်။
“ချင်းရွှယ်... သမီး ဘာတွေလုပ်နေတာလဲ...”
အဘွားစွန်းက က မျက်စိလျှင်သူဖြစ်လို့ သကြားလုံးအိတ်ကို ပထမဆုံး သတိပြုမိသွားပြီး သူမရဲ့ အကြည့်တွေက ချက်ချင်း စူးရှသွားခဲ့သည်။
“အဘွားစွန်း၊ အဘိုးတို့... ဒီနေ့ သမီးမွေးနေ့လေ။ ကိတ်မုန့်စားကြပါဦး” စုချင်းရွှယ်က ပြုံးရင်း ပြောလိုက်သည်။
သူမက အိတ်ကိုဖွင့်၊ မင်္ဂလာ သကြားလုံးတွေကို လက်တစ်ဆုပ်စာ ယူပြီး အဘွားစွန်းရဲ့ လက်ထဲကို အတင်းထည့်ပေးလိုက်သည်။
“ပြီးတော့ မင်္ဂလာ သကြားလုံးလည်း စားကြပါဦး”
အဘွားစွန်းမှာ သကြားလုံးကို ကိုင်ထားရင်း လက်တွေ တုန်ရီနေပြီး အသံပါ တုန်ယင်စွာနဲ့ -
“ချင်းရွှယ်... သမီး... သမီး မဟုတ်မှလွဲရော...”
စုချင်းရွှယ်က ခေါင်းကို ပြတ်သားစွာ ငြိမ့်ပြလိုက်ပြီး သူမရဲ့ မျက်နှာမှာ ဖုံးကွယ်မထားနိုင်တဲ့ ပျော်ရွှင်မှုတွေ ဖြတ်ပြေးသွားခဲ့သည်။
“ဟုတ်တယ်။ အဘွားစွန်း... သမီး ကိုယ်ဝန်ရှိနေပြီ”
ဝုန်း!!!
ခြံဝန်းရှိတဲ့ အိမ်ကြီးတစ်ခုလုံး လျှပ်စီးအချက်ပေါင်းများစွာ အပစ်ခံလိုက်ရသလို ဖြစ်သွားခဲ့သည်။
“မြန်မြန်၊ အဘွားကို သမီးရဲ့ သွေးခုန်နှုန်း စစ်ဆေးခွင့်ပေးဦး” အဘွားစွန်းက စိတ်လှုပ်ရှားစွာနဲ့ စုချင်းရွှယ်ရဲ့ လက်ကောက်ဝတ်ကို လှမ်းဖမ်းလိုက်သည်။
ဝှစ် ဝှစ် ဝှစ်!
ခုနစ်စုံသော မျက်လုံးတွေက သူမဆီကို ချက်ချင်း လှည့်လာပြီး အသည်းအသန် စိုက်ကြည့်နေကြသည်။
“ဟုတ်တယ်” အဘွားစွန်းက ရုတ်တရက် ခေါင်းမော့လာပြီး မျက်ရည်တွေ စီးကျလာကာ - “ဒါ ကိုယ်ဝန်ဆောင်တွေရဲ့ သွေးခုန်နှုန်းပဲ။ လိမ့်နေတဲ့ ပုလဲလုံးလေးလို ချောမွေ့နေတာ။ တကယ်ပဲ ကိုယ်ဝန်ရနေပြီ”
“အားဝူး….”
ဆရာကြီး ‘ချင်ဟန်ရှန်း’ က ချက်ချင်း ကျောက်တုံးခုံပေါ်ကနေ ခုန်ထပြီး ကောင်းကင်ကြီးကို မော့ကြည့်ကာ အသံကျယ်ကြီးနဲ့ အော်ဟစ်လိုက်လေသည်။
‘ချန်ကျိုကုန်း’ ကတော့ သူ ပြောင်သလင်းခါအောင် ညှပ်ထားတဲ့ ဘွန်ဆိုင်းပင်လေးကို ဖက်ပြီး “ရွှတ်” ခနဲ အသံမြည်အောင် နမ်းလိုက်တော့သည်။
“ငါကတော့ ကမ္ဘာပေါ်မှာ အတော်ဆုံး အစီအရင်ဆရာကြီးပဲ”
အဘိုး ‘ဝမ်’ ကတော့ ချက်ချင်း မတ်တတ်ရပ်ပြီး စုချင်းရွှယ်ကို စစ်တပ်အလေးပြုခြင်းနဲ့ အလေးပြုလိုက်သည်။
“တာဝန်... ပြီးဆုံးပါပြီ”
‘လီဖျောင်ရန်’ ကတော့ လက်ကို ဝှေ့ယမ်းပြီး စားပွဲပေါ်က စစ်တုရင်ရုပ်တွေကို သုတ်ဖယ်ပစ်လိုက်သည်။
“ကောင်းတယ်၊ တကယ်ကို ကောင်းတယ်”
‘ချန်းမို’ ကတော့ ချက်ချင်းပဲ စက္ကူအလွတ်ကြီးကို ဖြန့်လိုက်ပြီး သူ့ရဲ့ စုတ်တံကို ကျွမ်းကျင်စွာ ကိုင်တွယ်ကာ မျက်နှာတစ်ခုလုံး ဝင်းပသွားခဲ့သည်။
“စာပေက တရားကို ဆောင်တယ်ဆိုတာ... ရှေးလူကြီးတွေ ပြောတာ တကယ်မှန်တာပဲ”
‘ကျိုးရှန့်ကုန်း’ ကတော့ ကလေးပုခက်ဆီကို အပြေးအလွှား သွားပြီး ဂရုတစိုက်နဲ့ သုတ်သင်နေရင်း - “ဘာတွေ လိုသေးလဲမသိဘူး” လို့ တိုးတိုးလေး ရေရွတ်နေခဲ့သည်။
‘ကျန်းချင်းရွှမ်’ ကတော့ သူ့ရဲ့ မုတ်ဆိတ်မွေးကို သပ်ရင်း၊ ဒီလို ပျော်ရွှင်စရာ ကောင်းတဲ့ အချိန်မှာ ပညာရှိတစ်ယောက်လို ဟန်ဆောင်ကာ -
“ငါ ဒါကို ကြိုတင် မြင်ပြီးသားပါ” ဟု ဆိုလေသည်။
“ချင်းရွှယ်... မြန်မြန်၊ သွားပြီး လျူယွမ်ကို ပြောလိုက်ဦး။ သူ အထဲကို အခုလေးတင် ဝင်သွားတာ” အဘွားစွန်းက တိုက်တွန်းလိုက်သည်။
“ရှူး…” စုချင်းရွှယ်က သူမရဲ့ လက်ညှိုးလေးကို နှုတ်ခမ်းမှာ တင်လိုက်ပြီး ကောက်ကျစ်စွာ ပြုံးကာ - “ဘာသံမှ မထွက်ကြနဲ့ဦးနော်၊ သမီး သူ့ကို အံ့အားသင့်အောင် လုပ်မလို့”
အဘိုးကြီး၊ အဘွားကြီးတွေက ချက်ချင်းပဲ သဘောပေါက်သွားပြီး ခေါင်းတွေကို အသည်းအသန် ငြိမ့်ပြကာ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့် ဖြစ်နေကြသည်။
စုချင်းရွှယ်က ကိတ်မုန့်ကို ကျောက်စားပွဲပေါ်မှာ တင်လိုက်ပြီး၊ အပြုံးကို ထိန်းကာ အသက်ပြင်းပြင်းရှူပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
အိမ်ထဲ ဝင်လိုက်တာနဲ့ လျူယွမ်က ချက်ပြုတ်ဖို့အတွက် မီးဖိုချောင်အင်္ကျီကို ဝတ်ပြီး အလုပ်ရှုပ်နေတာကို မြင်လိုက်ရသည်။
“မောင်... ကျွန်မပဲ လုပ်လိုက်ပါ့မယ်”
စုချင်းရွှယ်က အပြေးအလွှား ရှေ့တိုးလာခဲ့သည်။
လျူယွမ်က လှည့်လာပြီး ဘာစကားမှ မပြောဘဲ သူမရဲ့ ခါးကနေ ပွေ့ချီလိုက်သည်။
“မောင်.. ချပေးဦး”
စုချင်းရွှယ်က သူ့ရင်ခွင်ထဲမှာ ရုန်းကန်နေပြီး သူ့ရဲ့ အံ့အားသင့်သွားမယ့် မျက်နှာအမူအရာကို မြင်ချင်နေခဲ့သည်။ “ကျွန်မ မောင့်အတွက် အံ့သြစရာတစ်ခု ရှိတယ်”
လျူယွမ်က ခေါင်းကို စောင်းပြီး အပြစ်ကင်းစင်စွာနဲ့ မျက်တောင်ခတ်ရင်း - “ဘာအံ့သြစရာလဲဟင်”
“ကျွန်မ... ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ”
စုချင်းရွှယ်ရဲ့ ပါးပြင်တွေက ချက်ချင်း နီမြန်းသွားပြီး နားရွက်လေးတွေပါ ပန်းရောင်သန်းသွားခဲ့သည်။
လျူယွမ် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။
သူက မယုံနိုင်လောက်အောင် စုချင်းရွှယ်ရဲ့ ဗိုက်ကို စိုက်ကြည့်နေပြီး၊ ပါးစပ်ကလည်း ကြက်ဥတစ်လုံးလုံး ငုံထားနိုင်လောက်အောင် အဟောင်းသား ဖြစ်နေခဲ့သည်။
“မိန်းမ... မင်း ဘာပြောလိုက်တာလဲ။ နောက်တစ်ခေါက် ပြန်ပြောပါဦး”
လျူယွမ်ရဲ့ အံ့အားသင့်ပြီး စကားမထွက်နိုင်တဲ့ မျက်နှာထားကို ကြည့်ပြီး စုချင်းရွှယ်ရဲ့ နှလုံးသားတစ်ခုလုံး အရည်ပျော်မတတ် ဖြစ်သွားခဲ့သည်။
သူမက လျူယွမ်ရဲ့ မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်လိုက်ပြီး - “မောင်... ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ။ ဒါ တို့နှစ်ယောက်ရဲ့ ကလေးလေးလေ”
“အို ဘုရားသခင်…!!!”
လျူယွမ်က ရုတ်တရက် အိပ်မက်က နိုးလာသလို ဖြစ်သွားပြီး အလွန်အမင်း ဝမ်းသာအားရဖြစ်ကာ အော်ဟစ်လိုက်တော့သည်။
ငါ အဖေ ဖြစ်တော့မယ်။
သူက စုချင်းရွှယ်ကို ရင်ခွင်ထဲ ထည့်ပြီး ဝှေ့ယမ်းကာ ပတ်ချာလည် အသည်းအသန် လှည့်တော့သည်။
စုချင်းရွှယ်ကတော့ သူ့ရဲ့ ဝှေ့ယမ်းမှုကြောင့် ခေါင်းတွေ မူးနောက်သွားသလို ဖြစ်သွားခဲ့သည်။
သူမကတော့ လျူယွမ် ဟန်ဆောင်နေတာကို မသိဘဲ၊ သူ တကယ်ပဲ ပျော်ရွှင်နေတာလို့ ယုံကြည်နေခဲ့သည်။
‘မောင်... မွေးနေ့လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်နော်’
“ကဲ... အပြင်ထွက်ပြီး ကိတ်မုန့်စားရအောင်။ အဘွားစွန်းတို့နဲ့အတူ အောင်ပွဲခံရအောင်”
လောကတ်ပင်အိုကြီးရဲ့ အောက်မှာတော့ ‘လီဖျောင်ရန်’ က ကျောက်စားပွဲကို ရှင်းလင်းပြီးသား ဖြစ်နေသည်။
ကိတ်မုန့်ကို အလယ်မှာ ထားထားပြီး၊ ဘေးမှာတော့ အိမ်ချက် စားစရာအချို့နဲ့ နှစ်ပေါင်းများစွာ သိမ်းဆည်းထားတဲ့ အရက်အိုးကြီးတစ်အိုး ရှိနေခဲ့သည်။
ဒီခြံဝန်းရှိတဲ့ အိမ်ကြီးက ဒီလိုမျိုး မစည်ကားရတာ ကြာပြီ ဖြစ်သည်။
“ချင်းရွှယ်... သမီး သောက်လို့မရဘူး။ လျူယွမ်... မင်းပဲ မင်းမိန်းမအစား သောက်ပေးလိုက်တော့”
ကဲ... တစ်ခွက်လုံး ပြည့်အောင် ထည့်စမ်းကွာ။
ညချမ်းအချိန် ရောက်လာတဲ့အခါ၊ သောက်စရာတွေ အကြိမ်ကြိမ် ကုန်သွားပြီးနောက် အဖိုးကြီးတွေ အားလုံး မူးနောက်ကုန်ကြသည်။
စုချင်းရွှယ်က လျူယွမ်ကို အခန်းထဲ ပြန်ခေါ်သွားပြီး နားခိုင်းလိုက်ပြီ ဖြစ်သည်။
ဒါပေမဲ့ ခြံထဲက အောင်ပွဲခံမှုကတော့ ဆက်ရှိနေဆဲပင်။
ဆရာကြီး ‘ချင်ဟန်ရှန်း’ က အရက်ခွက်ကို ကိုင်ပြီး ခြံအလယ်ကို ယိုင်တိုင်တိုင်နဲ့ လျှောက်လာကာ ရုတ်တရက် အရက်တွေကို ကြမ်းပြင်ပေါ် သွန်ချလိုက်သည်။
သူ့ရဲ့ မျက်လုံးတွေက နီမြန်းပြီး ဖူးယောင်နေကာ၊ ဗလာကျင်းနေတဲ့ ညကောင်းကင်ကြီးကို မော့ကြည့်ရင်း မျက်ရည်တွေကို အတင်းအကျပ် အောင့်အည်းကာ အော်ဟစ်လိုက်သည်။
“အဖိုးကြီးလျူ... မင်း မျက်စိနဲ့ မြင်ရဲ့လားကွ”
“မင်းရဲ့ သားမှာ အမွေခံ ရပြီဟေ့။ လျူမိသားစုမှာ အမွေခံ ရှိပြီ”
မင်း သေချာပေါက် ငါတို့နဲ့ ဒီမဂ်လာသေရည်ကို လာသောက်ရမယ်။
ကျန်တဲ့ အဘိုးကြီးတွေလည်း မတ်တတ်ရပ်ပြီး သူတို့ခွက်ထဲက အရက်တွေကို ကြမ်းပြင်ပေါ် သွန်ချလိုက်ကြတော့သည်။