← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

အပိုင်း (၁၅)

​နောက်တစ်နေ့ မနက်စောစောတွင်...

​ လျူယွမ်တစ်ယောက် အပြင်ထွက်ဖို့ ခြေလှမ်းပြင်လိုက်တာနဲ့ ခြံဝန်းထဲရှိ လန်းဆန်းတက်ကြွနေကြတဲ့ အဘိုးကြီး၊ အဘွားကြီး တစ်အုပ်စုလုံးက သူ့ကို ဝိုင်းအုံလာကြတော့သည်။

​ “ယွမ်အာလေး... မနေ့ညက ချင်းရွှယ် အိပ်ပျော်ရဲ့လား"

​ "မင်းမှာ ငွေရေးကြေးရေး အခက်အခဲရှိရင် ငါတို့ကို ပွင့်ပွင့်လင်းလင်းပြောနော်။ ငါတို့ ညီအစ်ကိုတွေမှာ အခြားမရှိပေမဲ့ အငြိမ်းစားပင်စင်လစာတွေကတော့ အပုံအပင်ပဲ"

​ "မင်း ဘာမှမပူဘဲ အလုပ်သာ အေးဆေးသွားစမ်းပါ။ ချင်းရွှယ်ကို ငါတို့ သေချာ ဂရုစိုက်ပေးမယ်၊ ကိုယ်ဝန်ဆောင်ချိန်မှာ သူမကို ဘာတစ်ခုမှ အဆင်မပြေတာမျိုး မရှိစေရဘူး"

​ လျူယွမ်က ကျေးဇူးတင်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။

​ ဒီဝါရင့်ပညာရှင်ကြီးတွေ ဝိုင်းကူထိန်းပေးမယ်ဆိုရင်တော့ သူ့မိန်းမခမျာ တော်တော်လေး စိတ်အေးသွားနိုင်တာပေါ့။

​ ဒါပေမဲ့ ဗိုက်ထဲက ကလေးအတွက်တော့ နည်းနည်းတော့ ရုန်းကန်ရလိမ့်မည်။ ဘာလို့လဲဆိုတော့ မွေးလာပြီးရင် ဒီအဘိုး၊ အဘွားတွေရဲ့ နာမည်အမျိုးမျိုးကို လိုက်ခေါ်ရတော့မှာကိုး။

​ လျူယွမ် ခြံထဲက ထွက်သွားပြီးတာနဲ့...

​ "ဝှစ်..."

​ ခြံဝန်းထဲမှာ ဆိုင်းဘုတ်ကြီးတစ်ခုက ရုတ်တရက် ပေါ်လာခဲ့ပြန်သည်။ရုတ်တရက် ပေါလာခဲ့ပြန်သည်။

​ [ လျူမိသားစုခြံဝန်း၏ (၂၀) ကြိမ်မြောက် ကလေးမွေးဖွားခြင်းဆိုင်ရာ ကော်မတီအစည်းအဝေး ]

​ ချင်ဟန်ရှန်းက ကျောက်စာပွဲခုံကို လက်ဝါးနဲ့ ဝုန်းခနဲ ရိုက်လိုက်ပြီး အသံကျယ်ကြီးနဲ့ မိန့်ခွန်းခြွေလေသည်။

​ "ရဲဘော်တို့... ငါတို့ရဲ့ အဓိကရည်မှန်းချက်က သမိုင်းဝင် အပြောင်းအလဲတစ်ခုကို စတင်တော့မယ်"

​ "ဒီနေ့ကစပြီး ကလေးရအောင် တိုက်တွန်းတဲ့ အစီအစဉ်က ပြီးဆုံးသွားပြီ။ ကိုယ်ဝန်ကို ဘေးကင်းအောင် စောင့်ရှောက်မယ့် အစီအစဉ်ကို တရားဝင် အစီအစဉ်ထဲ ထည့်သွင်းလိုက်ပြီ"

​ စစ်ဦးစီးချုပ်ဟန်ပန်နဲ့ ဝမ်ကျန့်ကော်က မတ်တတ်ရပ်လိုက်ပြီး ပြင်းထန်တဲ့ စစ်သည်တော် အရှိန်အဝါတွေကို ထုတ်ဖော်ကာ -

"ငါကတော့ ၂၄ နာရီပတ်လုံး စောင့်ကြပ်ဖို့ အဆိုပြုတယ်။ ငါက နေ့ဆိုင်းတာဝန်ယူမယ်၊ အဖိုးကြီးချင်က ညဆိုင်းတာဝန်ယူ။ ငါတို့က ချင်းရွှယ်ရဲ့ သက်တော်စောင့်တွေပဲ၊ ယင်ကောင်တစ်ကောင်တောင် အထဲကို ပျံသန်းခွင့်မရှိစေရဘူး"

​ ချန်ကျိုကုန်းက သူ့ရဲ့ စာဖတ်မျက်မှန်ကို ပင့်တင်လိုက်ပြီး မောက်မာတဲ့ အရိပ်အယောင်နဲ့ -

"သက်တော်စောင့် ဟုတ်လား... အဆင့်နိမ့်လွန်းတယ်။ ငါ အခုပဲ ခြံဝန်းရဲ့ အစီအရင်ကြီးကို အဆင့်မြှင့်တင်လိုက်မယ်။ [မိုးကောင်းကင်ပိတ်ဆို့ခြင်း အစီအရင်လေးပါး] ကို ဆင်ယင်လိုက်ရင် ယင်ကောင်ဝေးလို့ ခြင်တစ်ကောင် ပျံဝင်လာရင်တောင် အထီးလား အမလား ခွဲခြားပစ်ဦးမှာ"

​ လီဖျောင်ရန်က ရေနွေးနွေးဓာတ်ဘူးကို ကိုင်ထားရင်း အရာရှိကြီးတစ်ယောက်လို လေသံနဲ့ စိုးရိမ်တကြီး ပြောလာခဲ့သည်။

"လွန်ခဲ့တဲ့ ၃ နှစ်က သွေးမိစ္ဆာဧကရာဇ်ရဲ့ ကိစ္စက အခုထိ မပြီးသေးဘူး မဟုတ်လား။ ဒီမိစ္ဆာကောင်ကို မနှိမ်နင်းနိုင်သရွေ့ လင်အန်းမြို့က ဘယ်တော့မှ အေးချမ်းမှာ မဟုတ်ဘူး။ တကယ်လို့ သူက ချင်းရွှယ်ကို ရန်ပြုလာရင် အကျိုးဆက်က တွေးဝံ့စရာတောင် မရှိဘူး။ ငါ အခုပဲ ဝန်ကြီးဌာနအားလုံးဆီ စာရေးပြီး ပူးတွဲအသနားခံစာ တင်လိုက်မယ်။ ကလေးမွေးမလာခင် ဒီမိစ္ဆာကို အပြတ်ရှင်းပစ်ရမယ်"

​ ကျန်းချင်းရွှမ်က သူ့အိတ်ထဲက ဝါးရောင်မန္တန်ပြားကို ထုတ်ပြီး ဂါထာမန္တန်တွေကို ရွတ်ဖတ်လိုက်သည်။

"ဒီ [နတ်ဘုရားကိုးပါး ကိုယ်ဝန်စောင့်ရှောက်ရေး မန္တန်] က ကလေးငယ်ရဲ့ နတ်မင်းကို ပင့်ဖိတ်ပြီး စောင့်ရှောက်ခိုင်းထားတာ ဖြစ်တယ်။ ကလေးငယ်လေးကို ဘာအနှောင့်အယှက်မှမရှိဘဲ ဘေးကင်းကျန်းမာစေမှာ သေချာတယ်"

​ အဘွားစွန်းကလည်း ဆေးညွှန်းတစ်ခုကို ထုတ်လိုက်ပြီး ‌လေးနက်တဲ့ အမူအရာနဲ့ -

"ငါ ချက်ချင်းပဲ [ ကိုးကြိမ်မြောက် ခရမ်းရွှေရတနာ သွေးသားတည်ငြိမ် ဆေးလုံး] ကို စတင်ဖော်စပ်တော့မယ်။ ကလေးငယ်လေး မွေးလာတာနဲ့ ခိုင်မာတဲ့ အခြေခံအုတ်မြစ် ရှိနေစေရမယ်၊ ရောဂါဘယ အားလုံးကိုလည်း ခံနိုင်ရည် ရှိစေရမယ်"

​ အငြိမ်းစား စာပေပညာရှင်ကြီး ချန်းမိုကတော့ အိမ်ထဲကနေ ခုနစ်ကြိုးပါ တရုတ်ကူချင်းကို သယ်လာပြီး -

"ကိုယ်ဝန်ဆောင် ပညာပေးမှုကို အခုကတည်းက စရမယ်။ ငါ နေ့တိုင်း စောင်းတီးပေးပြီး 'တောင်မြင့်ရေစီး' သံစဉ်နဲ့ ကလေးရဲ့ စရိုက်ကို ပျိုးထောင်ပေးမယ်၊ 'သောင်ပြင်သက်ဆင်း တောငန်းရိုင်း' သံစဉ်နဲ့ စိတ်ဝိညာဉ်ကို တည်ငြိမ်စေမယ်။ ကလေးကို ဗိုက်ထဲမှာ ကတည်းက ပညာရှိတွေရဲ့ မွန်မြတ်တဲ့ တေးဂီတတွေကြားမှာ ကြီးပြင်းလာစေရမယ်"

​ ဝါး... ဒါကတော့ အစအဆုံး အပြီးအစီး ဝန်ဆောင်မှုကြီးပင် ဖြစ်သည်။

​ အပြင်ဘက်က ဆူညံသံတွေကို ကြားပြီး အိမ်ထဲက စုချင်းရွှယ်တစ်ယောက် တခိခိ ရယ်မောနေခဲ့သည်။

​ သူမက မဖောင်းကြွသေးတဲ့ သူမရဲ့ ဗိုက်ကလေးကို ပွတ်သပ်ရင်း စမ်းရေပြင်လေးကို စကားပြောသလို နူးညံ့စွာ ပြောလိုက်မိသည်။

"မေမေ့ရဲ့ ကလေးလေး... မေမေကတော့ သမီးလေး (သို့) သားလေး ဒီလောကထဲကို ရောက်လာဖို့ အရမ်း စိတ်လှုပ်ရှားနေပြီကွယ်"

​

​ လူဝင်မှုကြီးကြပ်ရေးဗျူရို၊ စုံစမ်းစစ်ဆေးရေးဌာနခွဲ။

​ လျူယွမ် ရုံးခန်းကို ရောက်တဲ့အခါ သူ့မိန်းမ ကိုယ်ဝန်ရှိနေတဲ့အကြောင်းကို မကြေညာခဲ့ပေ။

​ သူ့မိန်းမက အလွန်အမင်း လှပလွန်းတာကြောင့် ပြဿနာတွေ ကင်းဝေးအောင် ကလေးရမယ့်အကြောင်းကို လျှို့ဝှက်ထားတာက အကောင်းဆုံးပင် ဖြစ်သည်။

​ မနက် ၁၀ နာရီမှာတော့ စုံစမ်းစစ်ဆေးရေးဌာနရဲ့ ထုံးစံအတိုင်း အစည်းအဝေး ရှိခဲ့သည်။

​ ဆန်းပြားတဲ့ ဆံပင်အနီရောင်နဲ့ ညွှန်ကြားရေးမှူး 'ယဲ့ချိုးဟုန်' ကိုယ်တိုင် အစည်းအဝေးကို ဦးဆောင်ခဲ့သည်။

​ "ဌာနမှူးတို့... ငလျင်တိုင်းကိရိယာက အခုလေးတင် သတိပေးချက် ထုတ်ပြန်လိုက်တယ်"

​ သူက မြေပုံပေါ်က အနီစက်တစ်ခုကို ထောက်ပြပြီး လေးနက်တဲ့ အမူအရာနဲ့ -

"လင်အန်မြို့ရဲ့ မြောက်ဘက် ကီလိုမီတာ ၃၀ အကွာက [ဟေးဖုန်းခို လေနက်ပင်လယ်အော်] မှာ ပြင်းထန်တဲ့ ဟင်းလင်းပြင် တုန်ခါမှုတွေကို တွေ့ရှိရတယ်။ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ ခိုးဝင်သူတွေ ရှိနေနိုင်တယ်။ ငလျင်တိုင်းကိရိယာက S-အဆင့် သတိပေးချက် ထုတ်ထားတာ။ ဘယ်ဌာနက သွားရောက်စုံစမ်းမလဲ"

​ အစည်းအဝေးခန်းတစ်ခုလုံး သေမင်းတမျှ တိတ်ဆိတ်သွားခဲ့သည်။

​ လေနက်ပင်လယ်အော်…

​ အဲဒီနေရာက တကယ်ကို ကြောက်စရာပင် ဖြစ်သည်။ နောက်ဆုံးတစ်ကြိမ် S-အဆင့် သတိပေးချက် ထုတ်ခဲ့တာက လွန်ခဲ့တဲ့ ၃ နှစ်က သွေးမိစ္ဆာဧကရာဇ် ရှိခဲ့စဉ်က ဖြစ်သည်။ အဲဒီနေရာကို သွားပြီး စုံစမ်းဖို့ဆိုတာ သေမင်းတမန် တာဝန်တစ်ခုပဲ မဟုတ်လား။

​ အဲဒီအချိန်မှာပဲ စွဲမက်ဖွယ် ကောက်ကြောင်းအလှ ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက် လက်ထောင်လိုက်သည်။

​ သူမကတော့ ပထမစုံစမ်းစစ်ဆေးရေးဌာနရဲ့ အကြီးအကဲ 'ချင်းရု' ဖြစ်သည်။

​ "ကျွန်မ သွားပါ့မယ်"

​ သူမရဲ့ အကြည့်တွေက လျူယွမ်ဆီ ရောက်သွားပြီး နှုတ်ခမ်းထောင့်ကနေ ပြုံးစိစိနဲ့ -

"ဒါပေမဲ့ ကျွန်မကို ကူညီဖို့ ဌာနခွဲမှူးလျူရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်ပါတယ်"

​ ယဲ့ချိုးဟုန်ရဲ့ မျက်ခုံးတွေ တွန့်သွားခဲ့သည်။

​ မင်းကို အရှက်မခွဲချင်လို့သာ ဘာမှမပြောတာ… မင်းက သူ့ရဲ့ ကံကောင်းခြင်း စွမ်းရည်ကို အသုံးချပြီး အမှတ်ယူချင်နေတာ မဟုတ်လား။

​ “ဌာနခွဲမှူးလျူ... မင်းကော ဘယ်လိုသဘောရလဲ" ယဲ့ချိုးဟုန်က မေးလိုက်သည်။

​ "ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ်ပါ" လျူယွမ်က ပခုံးတွန့်လိုက်ပြီး - "ဒါပေမဲ့ ကြိုပြောထားပါရစေ... ကျွန်တော်က လိုက်ပါဖို့ပဲ တာဝန်ယူမှာ၊ ဘာမှ ဝင်လုပ်မှာ မဟုတ်ဘူး။ တကယ်လို့ အန္တရာယ်တစ်ခုခုရှိရင် ကျွန်တော်က ပထမဆုံး ထွက်ပြေးမယ့်လူပဲ"

​ သူ့ရဲ့ “အကျပ်အတည်းကြားမှ ရှင်သန်ခြင်း" စွမ်းရည်ထဲတွင် အသင်းဖော်တွေကို ကာကွယ်ပေးဖို့ မပါဝင်ပေ။

​ "ပြဿနာမရှိဘူး" ချင်းရုက လွယ်လွယ်ကူကူပဲ သဘောတူလိုက်ပြီး ပွင့်ပွင့်လင်းလင်း ဆိုလိုက်သည်။ "မင်းက ငါ့နားမှာ ရှိနေပေးရုံပဲ၊ မင်းရဲ့ ကံကောင်းခြင်းတွေကို နည်းနည်းလောက် ခွဲဝေယူချင်လို့ပဲ"

​ သူမက သေရမှာကို မကြောက်ပေမဲ့ ဘာအကျိုးဆောင်မှုမှမရဘဲ သေသွားရမှာကိုတော့ တကယ်ပဲ နာကျင်ရမှာ ဖြစ်သည်။

​ နာရီဝက်အကြာတွင်တော့ ၇ ယောက်စီး ကားအိုကြီးတစ်စီးက လူဝင်မှုကြီးကြပ်ရေးရုံးကနေ မောင်းထွက်လာခဲ့သည်။

​ ကားထဲမှာတော့ လျူယွမ်အပြင် ချင်းရုနဲ့ သူမရဲ့ အထူးလက်ရွေးစင် နောက်လိုက် ၅ ယောက် ပါရှိသည်။

​ လေနက်ပင်လယ်အော်။

​ ကျန်ရှိနေတဲ့ ဟင်းလင်းပြင် တုန်ခါမှုတွေကြောင့် လေထုက အနည်းငယ် ပုံပျက်နေခဲ့သည်။

​ ထူးဆန်းပြီး သိမ်မွေ့တဲ့ ရနံ့တစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပျံ့လွင့်နေခဲ့သည်။

​ မြေပြင်ပေါ်မှာတော့ စုတ်ပြတ်သတ်နေတဲ့ သားရဲ အသေတချို့ ပြန့်ကျဲနေသည်။

​ "တိုက်ပွဲဖြစ်ပွားခဲ့တယ်" ချင်းရုက ဆောင့်ကြောင့်ထိုင်ပြီး သေချာ စစ်ဆေးလိုက်သည်။ "ခိုးဝင်လာတဲ့သူတွေက ဒီကို ရောက်ရောက်ချင်းမှာပဲ သားရဲကောင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာ"

​ "သွေးကွက်တွေ တွေ့ရပါတယ်"

​ "ဌာနမှူးကို အစီရင်ခံပါတယ်... လူသားတွေရဲ့ သွေးမဟုတ်ပါဘူး၊ အားလုံးက သားရဲသွေးတွေပါ"

​ "ခြေရာတွေကို စုဆောင်းပါ"

​ "အစီရင်ခံပါတယ်၊ ခြေရာက အလျား ၂၂ စင်တီမီတာ၊ အနံ ၇ စင်တီမီတာ ရှိပါတယ်။ ပုံစံအရ ခြေထောက်နှစ်ချောင်းနဲ့ လမ်းလျှောက်တဲ့ သက်ရှိဖြစ်နိုင်ပြီး အရပ်အမြင့် ၁.၆ မီတာလောက် ရှိနိုင်ပါတယ်"

​ အဖွဲ့သားတွေက ညနေစောင်းအထိ ရှာဖွေခဲ့ကြပေမဲ့ နောက်ထပ် သဲလွန်စ ရှာမတွေ့ခဲ့ကြပေ။

​ အားလုံးက တာဝန်ပြီးဆုံးလို့ ပြန်ဖို့ ပြင်ဆင်နေကြတုန်းမှာပဲ...

​ လေထုထဲက အမှတ်တစ်ခုက ရုတ်တရက် အတွင်းထဲကို ပြိုကျသွားပြီး ဟင်းလင်းပြင်ထဲမှာ အပေါက်ကြီးတစ်ခု အဖောက်ခံလိုက်ရသလို ဖြစ်သွားခဲ့သည်။

​ ချက်ချင်းဆိုသလိုပဲ မီးခိုးရောင် အကြေးခွံတွေနဲ့ ဖုံးလွှမ်းနေပြီး ပုံသဏ္ဌာန်မမှန်တဲ့ အကျိတ်ခဲကြီးတစ်ခုလို ရွံရှာဖွယ်ကောင်းတဲ့ အရာတစ်ခုက အပေါက်ထဲကနေ ရုန်းကန်ပြီး ထွက်လာခဲ့သည်။

​ ဒါက ဝက်ခြံညှစ်လိုက်လို့ ထွက်လာတာနဲ့ အလားသဏ္ဌာန်တူသည်။

​ သူ့မှာ မျက်နှာအင်္ဂါရပ်တွေ မရှိဘဲ ရေတွက်လို့မရတဲ့ အသက်ရှူပေါက်တွေပဲ ရှိနေခဲ့သည်။

​ "သတိထား၊ ဒါ [ဟင်းလင်းပြင် အကျိတ်] ပဲ" ချင်းရုက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

​ ဒီသက်ရှိတွေက ပင်လယ်ထဲက ကပ်ပါးကောင်တွေလိုပဲ ဟင်းလင်းပြင်လမ်းကြောင်းတွေရဲ့ နံရံတွေမှာ ကပ်တွယ်နေတတ်ကြသည်။ သင်္ဘောတစ်စီး ဖြတ်သွားတာနဲ့ သူတို့က ကွာကျပြီး ခိုးလိုက်ပါလာတတ်ကြတာ ဖြစ်သည်။

​ စကားတောင် မဆုံးသေးခင်မှာပဲ အဲဒီအကျိတ်ခဲကြီးရဲ့ ထိပ်ပိုင်းက ငုံနေတဲ့ ပန်းပွင့်ကြီးတစ်ပွင့် ပွင့်လာသလို ကွဲအက်သွားပြီး ငါးမန်းသွားတွေလို ထပ်နေတဲ့ သွားချွန်ကြီးတွေကို ဖော်ပြလာခဲ့သည်။

​ မျက်စိနဲ့တောင် မလိုက်နိုင်တဲ့ အရှိန်နှုန်းနဲ့ ၎င်းက အနီးဆုံးမှာ ရှိနေတဲ့ အမျိုးသမီး အဖွဲ့သားတစ်ယောက်ဆီကို ပစ်မှတ်ထားပြီး ခုန်အုပ်လိုက်တော့သည်။

​ “ဗျစ်…!!!!"

​ အသားတွေ စုတ်ပြတ်သွားတဲ့ အသံ ထွက်ပေါ်လာခဲ့သည်။

​ အဲဒီအမျိုးသမီး အဖွဲ့သားခမျာ နာကျင်စွာနဲ့ အော်ဟစ်လိုက်ပြီး သူမရဲ့ ရင်ဘတ်အောက်ပိုင်း ခန္ဓာကိုယ်တစ်ခုလုံးက အဲဒီမိစ္ဆာကောင်ရဲ့ သွားချွန်ကြီးတွေကြောင့် ချက်ချင်းပဲ သွေးမြူမှုန်တွေအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

​ သူမရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းကတော့ ပြင်းထန်တဲ့ ရိုက်ခတ်မှုကြောင့် လွင့်ထွက်သွားပြီး အတွင်းကလီစာတွေ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲသွားခဲ့သည်။

​ "ပစ်ခတ်ကြစမ်း"

​ ချင်းရုရဲ့ မျက်လုံးတွေ နီမြန်းသွားပြီး သူမရဲ့ လက်ကို မြှောက်ကာ တောက်ပတဲ့ အဖြူရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

​ ဘုန်း…

​ အလင်းတန်းက အဲဒီမိစ္ဆာကောင်ရဲ့ ပါးစပ်ထဲကို တိတိကျကျ ဝင်ရောက်သွားပြီး အတွင်းထဲကနေ ပေါက်ကွဲသွားကာ အဆိပ်ငွေ့တွေ ထွက်နေတဲ့ အရည်တွေအဖြစ် ပြောင်းလဲသွားခဲ့သည်။

​ ကျန်တဲ့ အဖွဲ့သားတွေက ဒဏ်ရာရသွားတဲ့ အဖွဲ့သားကို ချက်ချင်း စစ်ဆေးလိုက်ပြီး - "နှလုံးကတော့ ဒဏ်ရာမရသေးဘူး၊ မျှော်လင့်ချက် ရှိနိုင်ပါသေးတယ်"

​ "ဆုတ်ခွာမယ်၊ မြန်မြန် ကယ်တင်ကြ" ချင်းရုက ချက်ချင်း အမိန့်ပေးလိုက်သည်။

​ ဒဏ်ရာရတဲ့သူကို ဆေးရုံ ပို့ဆောင်ပြီးနောက်မှာတော့ ဒီနေ့ရဲ့ စုံစမ်းစစ်ဆေးမှုက ပြီးဆုံးသွားခဲ့သည်။

​ ကားထဲမှာ ထိုင်နေရင်း ချင်းရုက လျူယွမ်ကို စိတ်ပျက်လက်ပျက်နဲ့ ကြည့်လိုက်ပြီး - "မင်း ရှိနေရင် ငါတို့ ပထမတန်းစား ဂုဏ်ထူးဆောင်တံဆိပ် ရမယ်လို့ ထင်ထားတာ။ ငါ မှားသွားပုံပဲ"

​ လျူယွမ်က ပျင်းရိစွာနဲ့ သမ်းလိုက်ပြီး -

"မင်းက ဒီတစ်ခေါက် ကံစမ်းမဲက 'ကျေးဇူးတင်ပါသည်' ပဲ ထွက်လာလို့ ကျေးဇူးတောင်တင်ရဦးမယ်"

​ သူက ရှေ့က လမ်းဆုံကို ညွှန်ပြပြီး - "ရှေ့လမ်းဆုံမှာ ကားရပ်ပေးပါ၊ ငါ့အိမ်ရောက်ပြီ"

​ ကွင်းဆင်းတာဝန်ရဲ့ အားသာချက်ကတော့ အလုပ်စောစောဆင်းလို့ ရတာပင် ဖြစ်သည်။

​ လျူယွမ် ကားပေါ်က ဆင်းလိုက်သည်။ ညနေခင်း နေရောင်ခြည်က ပျင်းရိစရာ ကောင်းလှတာကြောင့် သူ အိပ်ချင်လာခဲ့သည်။ အိမ်ပြန်ရောက်ရင် ခေတ္တတစ်ရေးလောက် အိပ်လိုက်ဦးမည်။

​ ကားမောင်းထွက်သွားပြီးနောက် အဖွဲ့သားတစ်ယောက်က ချင်းရုကို မကျေမနပ် ပြောလာသည်။ "ဌာနမှူး... လျူယွမ်က တစ်ချိန်လုံး အလုပ်ရှောင်နေတာ၊ သူ့ကို ဘာလို့ ခေါ်လာတာလဲ မသိဘူး"

​ "ပါးစပ်ပိတ်ထားစမ်း" ချင်းရုက အေးစက်စွာ ပြောလိုက်သည်။ "သူ ပြောတာ မှန်တယ်။ ဒီခိုးဝင်လာတဲ့ အုပ်စုက သွေးမိစ္ဆာဧကရာဇ်ရဲ့ အဆင့်အတန်းမျိုး ဖြစ်နိုင်တယ်။ ငါတို့ရဲ့ အဖွဲ့ဝင်တစ်ယောက် ဒဏ်ရာရသွားပေမဲ့ ဒုတိယတန်းစား ဂုဏ်ထူးဆောင်တံဆိပ် ရလောက်တဲ့ သတင်းအချက်အလက်တွေ ရရှိခဲ့တာပဲ"

​

​ လျူယွမ် ခြံဝန်းရှိတဲ့ အိမ်ကြီးထဲကို လျှောက်ဝင်လာခဲ့သည်။

​ သူ အလုပ်စောစော ဆင်းလာခဲ့တာ ဖြစ်ပြီး ညစာစားချိန် မရောက်သေးတာကြောင့် အဘိုးကြီး၊ အဘွားကြီးတွေက သူတို့အခန်းထဲမှာ အလုပ်ရှုပ်နေကြပြီး ခြံဝန်းတစ်ခုလုံး ဗလာကျင်းနေခဲ့သည်။

​ သူက ရုတ်တရက် ခြေလှမ်းရပ်လိုက်ပြီး လေထုကို နမ်းရှုံ့လိုက်သည်။

​ တစ်ခုခုတော့ မဟုတ်တော့ဘူး။

​ လေထုထဲမှာ သိမ်မွေ့တဲ့ ရနံ့တစ်ခုက ပျံ့လွင့်နေသည်။

​ ဒီရနံ့က... အရမ်းကို ရင်းနှီးနေသည်။

​ ဒါက ဒီနေ့ လေနက်ပင်လယ်အော်မှာ သူ နမ်းရှုံ့မိခဲ့တဲ့ ရနံ့ဖျော့ဖျော့လေးပဲ မဟုတ်လား။

​ သူ အိမ်တံခါးဝဆီကို ချက်ချင်း ပြေးသွားလိုက်သည်။

​ ဒီနေရာမှာတော့ ရနံ့က ပိုပြီး ပြင်းထန်နေခဲ့သည်။

​ သော့ကို ထည့်၊ လှည့်လိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။

​ စုချင်းရွှယ်က တံခါးဝမှာ ပိတ်ရပ်နေပြီး အမြီးအနင်းခံလိုက်ရတဲ့ ကြောင်တစ်ကောင်လို မျက်လုံးတွေက ဟိုဟိုဒီဒီ ပျာယာခတ်နေကာ အပြစ်ရှိသလို ဖြစ်နေခဲ့သည်။

​ "မောင်... ဘာလို့ အလုပ်စောစော ဆင်းလာတာလဲ"

​ လျူယွမ် တစ်ခုခု ပိုပြီး လွဲမှားနေပြီဆိုတာ အာရုံရလိုက်သည်။

​ သူက ခေါင်းကို ဆန့်ပြီး အခန်းထဲကို ချောင်းကြည့်လိုက်မိသည်။

​ မဖြစ်နိုင်တာ... ငါ့မိန်းမ ငါ့အပေါ် ဖောက်ပြန်နေတာတော့ မဟုတ်ပါဘူးနော်။

​ အထဲမှာတော့ အရပ် ၁.၆ မီတာတောင် မပြည့်တဲ့၊ ဆံပင်နှစ်ဖက်ခွဲကျစ်ထားတဲ့ ကောင်မလေးတစ်ယောက်က စားပွဲမှာ ထိုင်ပြီး ခေါက်ဆွဲထုပ်ကို အငမ်းမရ စားသောက်နေခဲ့သည်။

​ သူမရဲ့ မျက်ခုံးနဲ့ မျက်လုံးတွေက စုချင်းရွှယ်နဲ့ တော်တော်လေး ဆင်တူနေသည်။

​ "အိမ်မှာ ဧည့်သည် ရောက်နေတာပဲ" လျူယွမ်က ချက်ချင်း သဘောပေါက်သွားပြီး လှည့်ထွက်ဖို့ ပြင်ကာ - "မင်းလည်း ငါ့ကို ကြိုမပြောဘူး။ ငါ အပြင်ထွက်ပြီး ဟင်းချက်စရာ သွားဝယ်လိုက်ဦးမယ်"

​ သူကတော့ သူ့ဇနီးသည်ကို ကိုယ်ပိုင်လွတ်လပ်ခွင့် ပေးချင်ဆဲ ဖြစ်သည်။

​ တကယ်လို့ သူ့မိန်းမက သူ့ကို မမြင်စေချင်ရင် သူလည်း မမြင်ချင်ယောင် ဆောင်ပေးနိုင်သည်။

​ "မဟုတ်ဘူး..." စုချင်းရွှယ်က သူ့ရဲ့ တုံ့ပြန်မှုကြောင့် အံ့အားသင့်သွားပြီး သူ လွဲသွားမှာ စိုးရိမ်တာကြောင့် သူ့ရဲ့ လက်မောင်းကို လှမ်းဆွဲလိုက်သည်။

​ လက်လွှတ်လိုက်တာက ပြဿနာတစ်ခု ဖြစ်ပြီး၊ လက်မလွှတ်တာကလည်း အခြားပြဿနာတစ်ခု ဖြစ်သည်။

​ အဲဒီအချိန်မှာပဲ အိမ်ထဲက ကောင်မလေးက ခေါက်ဆွဲဟင်းရည် နောက်ဆုံးတစ်ငုံကို သောက်လို့ ပြီးသွားပြီး လျူယွမ်ကို မော့ကြည့်ကာ ချိုသာတဲ့ အသံလေးနဲ့ မေးလိုက်တော့သည်။

​ "အစ်မ... ဒါ ဘယ်သူလဲဟင်"

​ “သူက ဘာလို့ ကျွန်မတို့အိမ်ထဲကို တံခါးမခေါက်ဘဲ ဝင်လာတာလဲ။ တကယ့်ကို ယဉ်ကျေးမှု မရှိတာပဲ”

All Chapters