← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အပိုင်း (၁၆)

​ဒီကောင်မလေးက စုချင်းရွှယ်ကို "အစ်မ" လို့ ခေါ်လိုက်တာလား။

​ ဒါဆိုရင်... ငါ့ခယ်မလေးပေါ့။

​ လျူယွမ်တစ်ယောက် နှုတ်ခမ်းထောင့်က အပြုံးကို မနည်းအောင့်ထားရတော့သည်။

​ ဘုရားရေ... ငါ့မိန်းမရဲ့ မိဘအိမ်ကလူတွေ တကယ်ပဲ ရောက်လာကြပြီပဲဟ။

​ တော်သေးတာပေါ့၊ ကလေးလေးပဲ ရှိသေးလို့။ ကိုင်တွယ်ရတာ သိပ်တော့ မခက်ခဲလောက်ပါဘူး။

​ သူက စားပွဲပေါ်က ဗလာကျင်းနေတဲ့ ခေါက်ဆွဲထုပ်ခွက်ကို လှမ်းကြည့်လိုက်သည်။

​ အစားပုတ်တဲ့ ကောင်မလေးပဲ၊ ဒါဆိုရင်တော့ အလုပ်လုပ်ရတာ ပိုလွယ်သွားပြီ။

​ “ယွီမော့... ဒါက... နင့်ခဲအိုပဲ" စုချင်းရွှယ်က လျူယွမ်ကို အိမ်ထဲဆွဲသွင်းလိုက်ပြီး စိတ်ကို အတင်းတည်ငြိမ်အောင် ထိန်းကာ မျက်နှာတင်းတင်းနဲ့ မိတ်ဆက်ပေးလိုက်သည်။

​ “ခဲအို နာမည်ကလည်း တကယ့်ကို ခေတ်မမှီလိုက်တာ"

​ စုယွီမော့က ခေါင်းလေးစောင်းကာ ဒုတိယမြောက် ခေါက်ဆွဲထုပ်ခွက်ထဲကနေ မျက်နှာလေးမော့လာပြီး မျက်လုံးလေးတွေ တောက်ပလျက် တဟားဟား အော်ရယ်တော့သည်။

​ မမျှော်လင့်ဘဲ ဒီကမ္ဘာငယ်လေးရဲ့ အစားအသောက်က တော်တော်လေး အရသာရှိတာပဲ။

​ "နင် မှားနေပြီ" စုချင်းရွှယ်က အလျင်အမြန်ပဲ ပြင်ပေးလိုက်ပြီး - "ဒါက နင့်ခဲအို၊ ငါ့ရဲ့ ယောက်ျား... သူ့နာမည်က လျူယွမ် တဲ့"

​ “ဂလွမ်..."

​ စုယွီမော့ လက်ထဲက ခေါက်ဆွဲထုပ်ခွက်က ကြမ်းပြင်ပေါ်ကို ဝုန်းခနဲ ကျသွားခဲ့သည်။

​ ဟင်းရည်တွေက သူမရဲ့ ဘောင်းဘီပေါ်ကို စင်ပက်သွားပေမဲ့ သူမ ဘာမှ သတိမထားမိတော့ပေ။

​ သူမ မျက်နှာပေါ်က အပြုံးတွေက ချက်ချင်း တောင့်တင်းသွားပြီး၊ မျက်လုံးတွေ ပြူးကျယ်ကာ ပါးစပ်ကြီးက "အို" ပုံသဏ္ဌာန် ဖြစ်သွားခဲ့ရသည်။

​ သူမ ဆွံ့အသွားခဲ့လေပြီ။

​ အမလေး... တကယ်ကြီး အိမ်ထောင်ကျသွားတာလားဟ။

​ ငါ့အစ်မ... ( အဆုံးမဲ့ကောင်းကင်ဘုံ) ရဲ့ နံပါတ်တစ် နတ်ဘုရားမကြီးက တကယ်ကြီး အိမ်ထောင်ကျသွားတာလား။

​ သူမက တုန်ရင်နေသော လက်ညှိုးလေးနဲ့ လျူယွမ်ကို ညွှန်ပြပြီး - "အစ်မ... အစ်မ၊ အစ်မ... အစ်မမှာ ယောက်ျားရသွားပြီလား"

​ စုချင်းရွှယ်က ခေါင်းငြိမ့်ပြလိုက်သည်။

​ "အား... ! ! ! "

​ စူးရှလွန်းတဲ့ အော်ဟစ်သံကြီးက မိုးမြေကို တုန်ဟည်းသွားစေပြီး ဧည့်ခန်းက ပြတင်းပေါက် မှန်တံခါးတွေကိုပါ ပင့်ကူအိမ်သဖွယ် အက်ကြောင်းတွေ ထသွားစေခဲ့သည်။

​ "စိတ်အေးအေးထားစမ်း" စုချင်းရွှယ်က ချက်ချင်း တုံ့ပြန်လိုက်ပြီး သူမရဲ့ လက်ဖဝါးနဲ့ ညီမဖြစ်သူရဲ့ ပါးစပ်ကို လှမ်းပိတ်လိုက်ရသည်။

​ စုယွီမော့က ခေါင်းကို အသည်းအသန် ငြိမ့်ပြလိုက်ပြီး သူမရဲ့ တောက်ပတဲ့ မျက်လုံးအစုံနဲ့ လျူယွမ်ကို အပေါ်အောက် အကဲခတ်ကြည့်လိုက်သည်။

​ ကြည့်ကောင်းရုံလေးတော့ ကြည့်ကောင်းသားပဲ...

​ ဒါပေမဲ့ သူ့ရဲ့ ကျင့်စဉ်စွမ်းအားက... နိမ့်လွန်းတယ်။ ငါ့ကိုတောင် နိုင်မှာ မဟုတ်ဘူး။

​ သူမက အနည်းဆုံး အဆင့် (၈) ကျင့်စဥ်ရှိတဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်သော်လည်း သူမရှေ့က အမျိုးသားကတော့ အဆင့် (၃) ပဲ ရှိသေးသည်။

​ စုယွီမော့က သူမရဲ့ အစ်မ စုချင်းရွှယ်ဆီကို စိတ်ချင်းဆက်သွယ်တဲ့ စနစ်နဲ့ လှမ်းပြောလိုက်သည်။ ဒါက စိတ်ဝိညာဉ်ချင်း ဆက်သွယ်မှု ဖြစ်တာကြောင့် လျူယွမ် မကြားနိုင်ပေ။

​ "အစ်မ... အစ်မက အဆင့် (၁၀) ကျင့်စဥ်အဆင့်ရှိတဲ့ နတ်ဘုရားတစ်ပါးလေ၊ အဆုံးမဲ့ကောင်းကင်ဘုံရဲ့ နတ်ဘုရားမ ဖြစ်ပြီးတော့၊ ဘာလို့ အဆင့် (၃) ကျင့်ကြံဆင့်ပဲ ရှိတဲ့ အားနွဲ့တဲ့ သာမန်လူသားတစ်ယောက်နဲ့ လက်ထပ်လိုက်ရတာလဲ"

​ စုချင်းရွှယ်က ပြန်ဖြေလိုက်သည် - "ငါ သူ့ကို သဘောကျလို့ပေါ့၊ ဒါက လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ဘူးလား"

​ "အစ်မ... လွန်ခဲ့တဲ့ ၃ ရက်ကတင် အစ်မက မိသားစုရဲ့ လိမ္မာတဲ့ သမီးလေးပါ။ အဆုံးမဲ့ကောင်းကင်ဘုံက ပါရမီရှင် လူငယ်အမြောက်အမြားက အစ်မကို လိုက်ပိုးပန်းကြတာတောင် အစ်မက စောင်းငဲ့လို့တောင် မကြည့်ခဲ့ဘူး။ အစ်မက ဘယ်လောက်တောင်မှ သိက္ခာရှိပြီး ဖြူစင်ခဲ့လဲဆိုတာ အစ်မသိရဲ့လား။ အစ်မက အဆုံးမဲ့ကောင်းကင်ဘုံက ပါရမီရှင်တွေအားလုံးရဲ့ စိတ်ကူးထဲက လမင်းဖြူလေးပဲ... တကယ်လို့ သူတို့သာ အစ်မက အဆင့် (၃)ပဲရှိတဲ့ သာမန်လူသားတစ်ယောက်နဲ့ အိမ်ထောင်ကျသွားပြီဆိုတာ သိရင် သူတို့ရဲ့ စိတ်ဓာတ်တွေ အားလုံး ပြိုလဲသွားကြလိမ့်မယ်"

​ စုယွီမော့က သူမ စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောချင်ရုံသာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒါက ညီအစ်မနှစ်ယောက်ကြားက ရင်ဖွင့်စကားပဲ မဟုတ်လား။

​ စုချင်းရွှယ်ကတော့ မတရားမှုကို မခံချင်သလို လေသံနဲ့ ပြောလိုက်သည်။

​ “စုယွီမော့... နင့်ကို ငါ ပြောထားမယ်၊ ငါ့ယောက်ျားကို ဒီလိုစကားမျိုး သွားမပြောနဲ့။ မဟုတ်ရင်တော့ နင့်ကို ငါ့ညီမလို့ အသိအမှတ်မပြုဘူးလို့ မပြောနဲ့နော်"

​ စုယွီမော့ရဲ့ မျက်လုံးတွေထဲမှာ မခံချင်စိတ်တွေ ပြည့်သွားပြီး ငိုတော့မည့်အတိုင်း ဖြစ်သွားခဲ့သည်။

​ "ဝါး... အစ်မက ညီမလေးကို အော်တယ်။ ယောက်ျားတစ်ယောက်အတွက်နဲ့ တကယ်ကြီး ညီမလေးကို အော်လိုက်တာလား"

​ စုချင်းရွှယ်က တစ်ချက်တစ်ခုကို အလေးပေး ပြောလိုက်သည်။

​ "အဲဒါ ငါ့ယောက်ျား"

​ စုယွီမော့ တုန်လှုပ်သွားမိသည်။

​ "အစ်မ... အစ်မတော့ အချစ်ကြောင့် စုံလုံးကန်းနေပြီ။ လူတွေ ပြောကြတာက တကယ်ပဲ။ မိန်းမကောင်းလေးတွေက အမြဲတမ်း လူရှုပ်လူပွေတွေရဲ့ လက်ထဲ ရောက်သွားတတ်ကြတာပဲ"

​ "နင့်ခဲအိုက လူရှုပ်မဟုတ်ဘူး" စုချင်းရွှယ်က မျက်စောင်းထိုးလိုက်သည်။

​ "အစ်မ... ဒီကိစ္စကို အဖေ့ကို ရှင်းပြဖို့ ပြင်ထားဦး။ အဖေ သိသွားရင်တော့ ရူးသွားလောက်တယ်"

​ "ဖေဖေက နည်းနည်း ခေါင်းမာတတ်ပေမဲ့ အဲဒီလောက်အထိတော့..." စုချင်းရွှယ် စိတ်ထဲ နည်းနည်းတော့ လန့်သွားသည်။

​ "မဟုတ်ဘူး... အဖေက အစ်မထင်တာထက် ပိုပြီးတော့ကို ခေါင်းမာတာ"

​ သူတို့နှစ်ယောက် စိတ်ချင်း ဆက်သွယ်ပြီး စကားများနေကြတုန်းမှာပဲ လျူယွမ်က ရေတစ်ခွက်ကို ကိုင်ပြီး လျှောက်လာခဲ့သည်။

​ "ချင်းရွှယ်... ညီမလေးကို စကားပြောခွင့် မပေးဘူးလား"

​ စုချင်းရွှယ်က စုယွီမော့ကို မျက်စောင်း ခပ်စူးစူး ထိုးလိုက်ပြီး -

"မှတ်ထား... စကားတွေကို လျှောက်မပြောနဲ့"

​ ထို့နောက်မှ သူမက လက်ကို လွှတ်ပေးလိုက်သည်။

​ စုယွီမော့က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စစ်ဆေးမှုခံယူမည့် မူလတန်းကျောင်းသားလေးတစ်ယောက်လို ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်သည်။

​ သူမက လျူယွမ်ကို မကြောက်သော်လည်း သူမရဲ့ အစ်မကြီးကိုတော့ တကယ်ကို ကြောက်ရတာ ဖြစ်သည်။

​ အဆင့် (၁၀) နတ်ဘုရားတစ်ပါးက သူမလို အဆင့် (၈) သမားကို အေးဆေး နှိမ်နင်းနိုင်သည်မဟုတ်လား။

​ "ခဲအို... မင်္ဂလာပါ၊ ညီမလေးနာမည်က ယွီမော့ ပါ" သူမက ကလေးတစ်ယောက်လို လက်ကလေးကို ခင်မင်မှုပြတဲ့အနေနဲ့ ကမ်းပေးလိုက်သည်။

​ လျူယွမ်က သူမရဲ့ လက်ကလေးကို ညင်သာစွာ ဆုပ်ကိုင်လိုက်ရာ အေးစိမ့်ပြီး နူးညံ့တဲ့ ခံစားချက်ကို ရရှိလိုက်ပြီး ချက်ချင်းပဲ ပြန်လွှတ်လိုက်သည်။

​ သူက အနားကပ်ပြီး သူမရဲ့ ဆံပင်ရနံ့ကို အနံ့ခံလိုက်သည်။

​ ဒီထူးခြားပြီး သိမ်မွေ့တဲ့ ရနံ့က... ဒါပဲ။

​ သူက စုယွီမော့ရဲ့ တိမ်တိုက်ပုံစံ ပန်းထိုးထားတဲ့ ဖိနပ်လေးကို ထပ်ပြီး ငုံ့ကြည့်လိုက်သည်။

​ မကြီးလွန်း၊ မငယ်လွန်း၊ အလျား ၂၂ စင်တီမီတာ၊ အနံ ၇ စင်တီမီတာခန့် ရှိမည်။ လေနက်ပင်လယ်အော်က ခြေရာနဲ့ ကွက်တိပင် ဖြစ်သည်။

​ "ဒါဆို... အဲဒီ တရားမဝင် ခိုးဝင်လာတဲ့သူက မင်းပေါ့"

​ သူ့ရဲ့ စကားလုံးတွေက ကွက်တိ အမှန်ကို ထိမှန်သွားခဲ့သည်။

​ စုချင်းရွှယ်က ခေါင်းငြိမ့်ပြပြီး - "မောင်... မနက်ကပဲ ယွီမော့ရဲ့ အရှိန်အဝါကို ကျွန်မ အာရုံရလိုက်လို့။ သူမ ပြဿနာရှာမှာ စိုးရိမ်တာနဲ့ အိမ်ကိုပဲ ခေါ်လာခဲ့လိုက်တာ"

​ “ယွီမော့... မင်းက တရားမဝင်ဘဲ နယ်စပ်ဖြတ်ကျော်လာတာ ဖြစ်တဲ့အတွက် လူဝင်မှုကြီးကြပ်ရေးဗျူရိုက မင်းကို လာပြီး ဖမ်းဆီးလိမ့်မယ်" လျူယွမ်က အမှန်အတိုင်း ပြောလိုက်သည်။

​ “အဆင်ပြေပါတယ်" စုယွီမော့က သူမရဲ့ ရင်ဘတ်က ဆွဲကြိုးလေးကို ချက်ချင်း ပုတ်ပြပြီး - "ညီမလေးမှာ အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်တဲ့ ရတနာ ရှိတယ်။ အဆင့် (၁၀) နတ်ဘုရားတစ်ပါး ကိုယ်တိုင် လာရင်တောင် ညီမလေးကို ရှာတွေ့မှာ မဟုတ်ဘူး"

​ လျူယွမ်က သူမကို မျက်နှာသေနဲ့ ကြည့်ပြီး ပြောလိုက်သည် - "ငါက လူဝင်မှုကြီးကြပ်ရေးရုံးကပဲ"

​ စုယွီမော့ - "..."

​ သူမ မျက်နှာပေါ်က မောက်မာမှုတွေက ချက်ချင်း တောင့်တင်းသွားပြီး ကျောက်ရုပ်တစ်ခုလို ဖြစ်သွားခဲ့ရသည်။

​ သွားပါပြီ... ငါက သားကောင်ရဲ့တွင်းထဲကို ကိုယ်တိုင် လျှောက်ဝင်လာမိတာလား။

​ သူမက အဆင့် (၃) ပဲရှိတဲ့ သာမန် သိုင်းပညာရှင်လေးသာဖြစ်တဲ့ လျူယွမ်ကို မကြောက်သော်လည်း၊ ဒီကမ္ဘာငယ်လေးရဲ့ အခြေခံအင်အားကို သူမ စုံစမ်းထားဖူးသည်။ ဒီနေရာကို နတ်ဘုရားအဆင့်ရှိ သိုင်းပညာရှင်တစ်ယောက်က စောင့်ကြပ်နေပြီး၊ သိုင်းဂိုဏ်းချုပ်အဆင့်တွေလည်း ဒါဇင်ချီ ရှိနေသည်။ သူမရဲ့ အဆင့် (၈) အင်အားနဲ့ဆိုရင်တော့ အလွယ်တကူ ကိုင်တွယ်နိုင်မှာ မဟုတ်ပေ။

​ ဒါ့အပြင်... ငါ့အစ်မကလည်း အချစ်ကြောင့် စုံလုံးကန်းနေပြီဆိုတော့... ဒီယောက်ျားအတွက်နဲ့ သူမရဲ့ မိသားစုကို သစ္စာဖောက်လိုက်ရင် ဒုက္ခပဲ။

​ "ခဲအိုရှင့်….." စုယွီမော့ရဲ့ မျက်လုံးလေးတွေက ဟိုဟိုဒီဒီ လည်သွားပြီး ချက်ချင်းပဲ ချိုသာတဲ့ အပြုံးလေးကို ဆင်ယင်ကာ လျူယွမ်ရဲ့ လက်မောင်းကို ရင်းရင်းနှီးနှီး လှုပ်ရမ်းလိုက်ရင်း - "ခဲအိုက ညီမလေးကို တကယ်ကြီး မဖမ်းပါဘူးနော်၊ ဟုတ်တယ်မလား"

​ ဒီညီမလေးကတော့ တကယ်ကို လည်လွန်းပြီး ဆိုးသွမ်းလွန်းသည်။

​ "အဆုံးမဲ့ကောင်းကင်ဘုံကနေ ဒီဘက်ကို ခိုးဝင်လာရတဲ့ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ" လျူယွမ်က မေးလိုက်သည်။

​ စုချင်းရွှယ်လည်း သိချင်နေခဲ့သော်လည်း သေသေချာချာ မေးဖို့ အခွင့်အရေး မရသေးပေ။ ဒီကောင်မလေး အိမ်ရောက်ကတည်းက ငတ်မွတ်နေတဲ့ သရဲတစ်ကောင်လို အငမ်းမရ စားသောက်နေခဲ့တာကိုး။

​ “အဖေ့ရဲ့ စေခိုင်းချက်အရ လာခဲ့တာပါ" စုယွီမော့က အဖြေတစ်ခုကို ချက်ချင်း ထုတ်ပေးလိုက်သည်။

​ "အစ်မ... အစ်မ ပျောက်သွားတဲ့ ၃ ရက်လုံးလုံး အဖေက အရမ်း စိတ်ပူနေခဲ့တာ။ အစ်မ ရှိတဲ့နေရာကို သိရတာနဲ့ အစ်မကို အိမ်ပြန်ခေါ်ဖို့ ညီမလေးကို လွှတ်လိုက်တာပဲ"

​ ဒီအကြောင်းပြချက်က တကယ်ကို ယုတ္တိရှိလှသည်။ စုချင်းရွှယ်ကတော့ ယုံကြည်သွားခဲ့လေသည်။

​ ဒါပေမဲ့ လျူယွမ်ကတော့ တစ်လုံးမှ မယုံပေ။

​ "တကယ်လို့ သမီးကို အဲဒီလောက် သတိရနေတယ်ဆိုရင်... ယောက္ခမကြီးက ဘာလို့ ကိုယ်တိုင်မလာတာလဲ"

​ "ဘာလို့လဲဆိုတော့ အဖေက အရမ်းအလုပ်ရှုပ်နေလို့ပေါ့" စုယွီမော့က ရှင်းပြပြီးနောက် ဆက်ပြောလိုက်သည် - "ခဲအို... အဖေ ကိုယ်တိုင် မလာတာကိုပဲ ခဲအို ဝမ်းသာရမယ်၊ မဟုတ်ရင် ခဲအိုက အခုလောက်ဆို..."

​ သူမ စကားမဆုံးသေးခင်မှာပဲ... စိတ်ဝိညာဉ်ထဲမှာ ရုတ်တရက် ပြင်းထန်တဲ့ တုန်ခါမှုကြီးကို ခံစားလိုက်ရသည်။

​ ကြီးမားလှတဲ့ အရိပ်မည်းကြီးတစ်ခုက သူမရဲ့ စိတ်ဝိညာဥ်ကမ္ဘာထဲမှာ ပေါ်လာပြီး ကြောက်မက်ဖွယ် ဖိအားတွေကို ထုတ်လွှတ်နေခဲ့သည်။

​ ဒါက... အစ်မကြီးရဲ့ သတိပေးချက်ပင်။

​ စုယွီမော့က ကြောက်လန့်တကြား တုန်လှုပ်သွားပြီး စကားလုံးတွေကို မျိုချလိုက်ရတော့သည်။

​ "ချင်းရွှယ်... မင်းရဲ့ ညီမလေးကို မခြောက်ပါနဲ့၊ သူမကို စကားပြောပါစေဦး" လျူယွမ်က သူ့ဇနီးသည်ရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး ခပ်ပြုံးပြုံးနဲ့ - "ငါ့အမြင်တော့... မင်း ခိုးထွက်လာတာ မဟုတ်လား။"

​ သူမရဲ့ အစ်မဖြစ်သူရဲ့ ကြောက်စရာကောင်းတဲ့ အကြည့်ကို မြင်လိုက်ရတော့ စုယွီမော့ခင်ဗျာ ပျာယာခတ်သွားပြီး - "ခဲအို... စကားတွေကို လျှောက်မပြောနဲ့နော်။ ဘာသက်သေရှိလဲ။ ညီမလေးက တကယ်ပဲ အစ်မကို ရှာပြီး အိမ်ပြန်ခေါ်ဖို့ လာခဲ့တာ"

​ "အကြောင်းပြချက်က ရိုးရိုးလေးပဲ" လျူယွမ်က ဖြည်းဖြည်းချင်း ပြောလိုက်သည် - "ယောက္ခမကြီးက သူ့သမီးတွေကို အဲဒီလောက် ချစ်တာဆိုရင်... မင်းတစ်ယောက်တည်းကို အဝေးကြီး သွားခွင့်ပြုမှာ မဟုတ်ဘူး။ စုချင်းရွှယ်တောင် အပြင်မှာ တစ်ညမှ မအိပ်ဖူးဘူး၊ သူမထက် ငယ်တဲ့ မင်းဆိုရင် ပိုတောင် မဖြစ်နိုင်သေးတယ်။ ငါသာဆိုရင်လည်း ငါ့သမီးကို အပြင်မှာ လျှောက်သွားခွင့်ပြုမှာ မဟုတ်ဘူး"

​ ဒီစကားကို ကြားပြီးနောက် စုချင်းရွှယ်က သူမရဲ့ လက်သီးကို ဖြည်းဖြည်းချင်း ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ လက်ဆစ်ချိုးသံတွေ ထွက်ပေါ်လာခဲ့သည်။

​ စုယွီမော့တစ်ယောက် သူမတင်ပါးဆီကနေ ရုတ်တရက် နာကျင်မှုကို ကြိုတင် ခံစားလိုက်ရသလို ဖြစ်သွားပြီး လျူယွမ်ကို အသနားခံတဲ့ အကြည့်နဲ့ လှမ်းကြည့်လိုက်မိသည်။

​ (ခဲအိုရေ... ကယ်ပါဦး)

​ "ချင်းရွှယ်... ငါ အပြင်ထွက်ပြီး ညီမလေးအတွက် အမြည်းနဲ့ အစားအစာတချို့ သွားဝယ်လိုက်ဦးမယ်" လျူယွမ်က ပြုံးပြီး မတ်တတ်ရပ်လိုက်သည်။

​ "ခဲအို... ညီမလေးလည်း လိုက်မယ်"

​ စုယွီမော့က အသက်ကယ်ကြိုးကို ဆွဲလိုက်ရသလိုမျိုး ချက်ချင်းပဲ နောက်က လိုက်ဖို့ ပြင်ပြီး - “ဒါက လင်အန်းမြို့ရဲ့ အလှအပတွေကို ကြည့်ဖို့ အခွင့်အရေးကောင်းပဲ"

​ စုချင်းရွှယ်က တားချင်သော်လည်း လျူယွမ်က ခေါင်းခါပြလိုက်ပြီး - "ရပါတယ်၊ ငါ သူမကို ဒီကမ္ဘာရဲ့ စည်းမျဉ်းတွေကို ရှင်းပြပေးလိုက်ဦးမယ်၊ ဒါမှ သူမ ပြဿနာ မရှာမိမှာ"

​ အချို့သော ကိစ္စရပ်တွေက... ခဲအိုနဲ့ ခယ်မလေးကြား သီးသန့် ပြောဆိုရမည့် ကိစ္စတွေလည်း ရှိသည်မဟုတ်ပါလား။

All Chapters