← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အပိုင်း (၁၉)

​"ယွီမော့... အဖေက နင်ပြောသလောက်ကြီးလည်း ကြောက်ဖို့မကောင်းပါဘူး"

​ စုချင်းရွှယ်က မျှော်လင့်ချက်အရိပ်အယောင်လေး ရှိနေဆဲမို့ သူမရဲ့ ဝမ်းဗိုက်လေးကို ပွတ်သပ်ရင်း ပြောလိုက်သည် - “ကလေးကို မွေးပြီးရင်တော့ အဖေလည်း လက်ခံလာမှာပါ"

​ "အစ်မနော်... အစ်မက အဖေ့ရဲ့ အသက်ပဲဥစ္စာကို" စုယွီမော့က စိတ်ပူဇောနဲ့ ခြေဆောင့်ကာ "အခုက ခဲအိုက အစ်မကို ထိရုံတင်မကဘူး၊ ကိုယ်ဝန်ပါ ရအောင် လုပ်လိုက်တာလေ။ အဖေ့ရဲ့ ဒေါသနဲ့ဆိုရင်တော့..."

​ စုယွီမော့ တစ်ကိုယ်လုံး တုန်ရီသွားပြီး ကြောက်မက်ဖွယ်ရာ မြင်ကွင်းအချို့ကို ပြန်လည် မြင်ယောင်လာပုံရသည်။

​ သူမက လျူယွမ်ကို သနားဂရုဏာသက်စွာ ကြည့်ပြီး ပြန်မေးလိုက်သည် -

​"ခဲအို... တကယ်လို့ အစ်ကိုသာ ကျွန်မတို့အဖေ နေရာမှာဆိုရင် ဒါကို လက်ခံနိုင်ပါ့မလား"

​ လျူယွမ်က ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းရင်း ပြန်ဖြေလိုက်သည် -

​"ငါက နင့်အဖေ မဟုတ်ဘူးလေ၊ ဒါပေမဲ့ ငါက ဒီကလေးရဲ့ အဖေပဲ"

​ လူတစ်ယောက်ရဲ့ အမြင်က သူရပ်တည်နေတဲ့ အနေအထားပေါ်မှာပဲ မူတည်တာမျိုး ဖြစ်သည်။

​ စုယွီမော့တစ်ယောက် ခဏမျှ ဆွံ့အသွားရသည်။

​ ဒါက တကယ့်ကို အဓိပ္ပာယ်ရှိလွန်းလို့ ပြန်တောင် မငြင်းနိုင်တော့ဘူးပဲ။

​ "စိတ်မပူပါနဲ့ မောင်..." စုချင်းရွှယ်က လျူယွမ်ရဲ့ လက်ကို ခိုင်မြဲစွာ ဆုပ်ကိုင်လိုက်ပြီး သူမရဲ့ မျက်ဝန်းတွေက ပြတ်သားမှုတွေ ပြည့်နှက်နေလျက် - “ကျွန်မ အဖေ့ကို အကျိုးအကြောင်းနဲ့ ပြောပြမှာပါ။ တကယ်လို့ လက်သီးသုံးပြီး ရှင်းရမယ်ဆိုရင်တောင် အဖေက မောင့်ကိုရော တို့ရဲ့ ကလေးကိုပါ နာကျင်အောင် လုပ်ဖို့ ကျွန်မ လုံးဝ ခွင့်မပြုဘူး"

​ စုယွီမော့တစ်ယောက် ကြက်သီးမွေးညင်းတွေပါ ထလာခဲ့ရသည်၊ အချစ်မှာ မူးယစ်နေတဲ့ မိန်းမတွေက တကယ့်ကို ကြောက်စရာကောင်းလှသည်။

​ သို့သော်လည်း သူမက အစ်မဖြစ်သူကို ထပ်မံ ကြည့်လိုက်မိတဲ့အခါမှာတော့ အစ်မရဲ့ ကြည်လင်တဲ့ မျက်ဝန်းတွေထဲက ထူးခြားတဲ့ အရာတစ်ခုကို မြင်တွေ့လိုက်ရသည်။

​ ၎င်းက ယခင်က တစ်ခါမျှ မရှိခဲ့ဖူးတဲ့ တောက်ပမှုမျိုး ဖြစ်ပြီး၊ အပြစ်ကင်းစင်မှုတွေအပြင် အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ ခံစားချက်မျိုးလည်း ဖြစ်သည်။

​ မိခင်မေတ္တာပင်

​ ထိုအခိုက်အတန့်တွင် စုယွီမော့တစ်ယောက် လွန်ခဲ့တဲ့ ခုနစ်နှစ်က ကွယ်လွန်သွားခဲ့တဲ့ သူမတို့ရဲ့ မိခင်ဖြစ်သူကို မြင်ယောင်သွားမိသည်။

​ သူမရဲ့ ရင်ထဲမှာ ဒိတ်ခနဲ ဖြစ်သွားရကာ -

​ "အစ်မ... ကျွန်မ အစ်မရဲ့ ဗိုက်လေးကို ထိကြည့်လို့ ရမလား"

​ စုချင်းရွှယ်က ခွင့်ပြုလိုက်တာနဲ့ စုယွီမော့က အစ်မရဲ့ ရင်ခွင်ထဲကို ဂရုတစိုက် တိုးဝင်လိုက်ပြီး အနည်းငယ် ဖောင်းကားနေတဲ့ ဝမ်းဗိုက်လေးကို အသာအယာ ပွတ်သပ်လိုက်သည်။

​ သူမက နားရွက်ကိုပါ ဗိုက်ပေါ် ကပ်လိုက်ပြီး အထဲက ကောင်လေး ဘာလုပ်နေလဲဆိုတာကို နားစွင့်ဖို့ ကြိုးစားနေခဲ့သည်။

​ "ကောင်လေး... မင်းကတော့ တကယ့်ကို ရွေးချယ်ခံရသူပဲ။ မင်းအမေက မင်းအတွက်ဆိုရင် မင်းအဖိုးကိုတောင် ပြန်ချပစ်ဖို့ထိ အဆင်သင့်ပဲ..."

​ သူမက ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။

​ သူမ စကားဆုံးသည်နှင့် အထဲက သက်ရှိအသက်လေးက နားလည်သွားသည့်အလား ဗိုက်ကို ဖြည်းညှင်းစွာ လှုပ်ရှားပြီး ကန်ပြလိုက်သည်။

​ "ဝါး... လှုပ်သွားပြီ" စုယွီမော့က အံ့ဩတုန်လှုပ်စွာဖြင့် မော့ကြည့်လာပြီး - "သူ ငါ့ကို တုံ့ပြန်နေတာပဲ"

​ သူမက နားကို ဗိုက်ပေါ် ပြန်ကပ်လိုက်ရင်း -

​"ကောင်လေး... မင်းမှာ မင်းကို သိပ်ချစ်တဲ့ အမေတစ်ယောက် ရှိတာပဲ၊ မင်းက တကယ့်ကို ကံကောင်းလွန်းပါတယ်"

​ သူမက လေသံအေးအေးလေးနဲ့ ပြောလိုက်သော်လည်း မျက်လုံးတွေကတော့ မသိစိတ်ကနေ နီမြန်းလာခဲ့ရသည်။

​ "ယွီမော့... နင် ဘာလို့ ငိုနေတာလဲ"

​ စုချင်းရွှယ်က ညီမဖြစ်သူရဲ့ စိတ်ခံစားချက် အပြောင်းအလဲကို သတိထားမိသွားသည်။ သူတို့နှစ်ယောက်က သွေးချင်းနီးစပ်သူတွေမို့ တစ်ဦးရဲ့ ခံစားချက်ကို တစ်ဦးက အလွန် အကဲခတ်လွယ်လှသည်။

​ "ဝါး... အစ်မ... ကျွန်မ အမေကို လွမ်းတယ်"

​ စုယွီမော့တစ်ယောက် ဆက်ပြီး အောင့်အည်းမထားနိုင်တော့ဘဲ အစ်မဖြစ်သူရဲ့ ရင်ခွင်ထဲ မျက်နှာအပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးမိတော့သည်။ မိခင်ဖြစ်သူရဲ့ နွေးထွေးတဲ့ ရင်ခွင်ဆီ ပြန်ရောက်သွားသလိုပင်။

​ "အစ်မလည်း လွမ်းတာပေါ့" စုချင်းရွှယ်က ညီမဖြစ်သူရဲ့ ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးရင်း ဆံပင်တွေကို သပ်တင်ပေးလိုက်ရာ သူမရဲ့ လေသံက တိုးညှင်းပြီး ဝေးကွာလွန်းလှသည် -

​"အမေ ထွက်သွားတာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ခုနစ်နှစ်တောင် ရှိခဲ့ပြီပဲ"

​ လွန်ခဲ့တဲ့ ခုနစ်နှစ်က သူမဟာ မိခင်ဖြစ်သူရဲ့ ရင်ခွင်ထဲမှာ ခိုလှုံနေခဲ့တဲ့ မိန်းကလေးငယ်လေးသာ ရှိသေးသည်။

​ ခုနစ်နှစ်အကြာမှာတော့ သူမကိုယ်တိုင် မိခင်တစ်ယောက် ဖြစ်လာတော့မည်ဖြစ်သည်။

​ ဘေးနားမှာ ရပ်နေတဲ့ လျူယွမ်ကတော့ ညီအစ်မနှစ်ယောက် အတိတ်ကို သတိရတမ်းတနေကြတာကို ကြည့်ပြီး အချိန်ကိုက်ပင် တစ်ရှူးးဘူးကို ကမ်းပေးလိုက်သည်။

​ "ငါ့ကို ယောက္ခမအကြောင်း ပြောပြလို့ရမလား"

​ စုချင်းရွှယ်ရဲ့ စိတ်ခံစားချက်တွေ နောက်ဆုံးမှာ တည်ငြိမ်သွားခဲ့ပြီးနောက် သူမရဲ့ ရင်ထဲမှာ သိမ်းဆည်းထားခဲ့တဲ့ အတိတ်အကြောင်းကို ဖွင့်ဟလိုက်တော့သည်။

​ သူမတို့ရဲ့ မိခင်ဖြစ်သူ နာမည်က ‘ယိုကွမ်း' ဖြစ်ပြီး၊ ကြီးမြတ်သော ကမ္ဘာတစ်ထောင်ကနေ လာခဲ့တာဖြစ်သည်။

​ လက်ထပ်စာချုပ် အကြောင်းပြချက်ကြောင့် ယိုကွမ်းက အဆုံးမဲ့ကောင်းကင်ဘုံဆီကို လက်ထပ်ဖို့ ရောက်လာခဲ့ရပြီး၊ ထိုစဉ်က စုမိသားစုရဲ့ သခင်လေးဖြစ်တဲ့ စုကျန့်နန်နဲ့ လက်ထပ်ခဲ့သည်။

​ လက်ထပ်ပြီးနောက်မှာတော့ သူမက စုကျန့်နန်ကို အဆင့်ဆင့် ကူညီပံ့ပိုးပေးခဲ့ပြီး နောက်ဆုံးတွင် အဆုံးမဲ့ကောင်းကင်ဘုံရဲ့ အရှင်သခင် ဖြစ်လာအောင် ကူညီပေးခဲ့သည်။

​ လွန်ခဲ့တဲ့ ခုနစ်နှစ်မှာ အဆုံးမဲ့ကောင်းကင်ဘုံရဲ့ ရန်သူတော်ဖြစ်တဲ့ [ဗြဟ္မာကမ္ဘာ] က မိစ္ဆာတွေနဲ့ ပူးပေါင်းပြီး အကြီးအကျယ် ကျူးကျော်တိုက်ခိုက်လာခဲ့သည်။

​ ထို ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲအတွင်းမှာ ယိုကွမ်းက ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ထိုဒဏ်ရာတွေနဲ့ပဲ ကွယ်လွန်သွားခဲ့ရသည်။

​ ပူဆွေးသောကရောက်နေတဲ့ စုကျန့်နန်ကတော့ ကလဲ့စားချေလိုစိတ်ကြောင့် ဗြဟ္မာကမ္ဘာဆီကို တစ်ကိုယ်တော် ချဉ်းနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ ကောင်းကင်နဲ့ မြေကြီးပါ တုန်ဟည်းသွားစေပြီး သွေးချောင်းစီးခဲ့ရကာ၊ ဗြဟ္မာကမ္ဘာက နတ်ဘုရားတွေအားလုံးနီးပါး သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရသည်။

​ ပုံပြင်က သိပ်ပြီး ရှုပ်ထွေးပုံမရသော်လည်း ညီအစ်မနှစ်ယောက်ကတော့ အလွန် လေးလံတဲ့ လေသံတွေနဲ့ ပြောပြခဲ့ကြသည်။

​ ဒါပေမဲ့ သူတို့က ဇာတ်ကြောင်းထဲမှာ အလွန် နစ်မြုပ်နေခဲ့တာကြောင့် အချို့သော အသေးစိတ် အချက်အလက်တွေက အလွန် သံသယဖြစ်ဖွယ် ကောင်းနေတာကိုတော့ သတိမထားမိခဲ့ကြပေ။

​ လျူယွမ်ကတော့ ဇနီးဖြစ်သူက မိခင်ဖြစ်သူကို လွမ်းဆွတ်တမ်းတနေတဲ့ အချိန်မှာ အေးစက်စက် အတွေးတွေနဲ့ အနှောင့်အယှက် မပေးချင်ခဲ့ပေ။

​ သူက အကျိုးအကြောင်းတွေကို အတတ်နိုင်ဆုံး ထုတ်မပြောဘဲ သက်ပြင်းတစ်ချက်ချရင်း စာနာစိတ်နဲ့ မိမိရဲ့ နောက်ခံကိုသာ မျှဝေလိုက်သည် -

​"မိန်းမ... မင်းရဲ့ ရင်ထဲမှာတော့ အတိတ်က အမှတ်တရတွေ ရှိနေသေးတာပဲ၊ ငါဆိုရင် ငါ့မိဘတွေရဲ့ ရုပ်ရည်က ဘယ်လိုမျိုးလဲဆိုတာတောင် မသိဘူး"

​ သူ့ကိုတော့ ဒီခြံဝင်းကြီးထဲက အငြိမ်းစားယူထားတဲ့ အဘိုးအို၊ အဘွားအိုတစ်စုကပဲ ပြုစုပျိုးထောင်ပေးခဲ့တာ ဖြစ်သည်။

​ လျူယွမ်က ဇနီးဖြစ်သူရဲ့ မျက်ဝန်းထောင့်က မျက်ရည်စတွေကို တစ်ရှူးနဲ့ အသာအယာ သုတ်ပေးလိုက်သည်။

​ "ခဲအို... ကျွန်မကိုလည်း သုတ်ပေးဦးလေ" စုယွီမော့က မျက်ရည်တွေ စိုရွှဲနေတဲ့ မျက်နှာလေးကို ပင့်မော့ပြီး ပြောလိုက်သည်။

​ လျူယွမ်က သူမကို တစ်ချက် ကြည့်လိုက်ပြီး - "နင့်ဘာသာ နင် သုတ်"

​ "ခဲအိုကတော့ မျက်နှာလိုက်တာပဲ"

​ စုယွီမော့ရဲ့ ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွားပြီး ငိုသံက ချက်ချင်း ရပ်တန့်သွားခဲ့သည်။

​ လျူယွမ်က သူမအစ်မရဲ့ မျက်ရည်တွေကိုပဲ ဂရုတစိုက် သုတ်ပေးနေတာကို ကြည့်ပြီး သူမရဲ့ ရင်ထဲက မနာလိုစိတ်အမှောင်ထုက နိုးထလာခဲ့ရသည်။

​ မိခင်ဖြစ်သူ ရှိစဉ်ကတော့ ညီအစ်မနှစ်ယောက်လုံးကို တန်းတူ ချစ်ခဲ့သည်။

​ ဒါပေမဲ့ မိခင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက်မှာတော့ အဖေက သူ့ရဲ့ အချစ်တွေအားလုံးကို အစ်မဖြစ်သူဆီမှာပဲ ပုံအောပေးခဲ့သည်။ ဘယ်လောက်ပဲ ကောင်းတဲ့ အရာမျိုး ရှိရှိ၊ အစ်မဖြစ်သူက အမြဲတမ်း အရင်ဆုံး ရတတ်သည်။

​ သူမအလှည့်ကတော့ နောက်မှသာ ဖြစ်သည်။

​ ဒါက စုယွီမော့ရဲ့ ရင်ထဲမှာ အမြဲတမ်း ဆူးတစ်ချောင်းလို ဖြစ်နေခဲ့သည်။

​ အခုလည်း ဒီလူ့ပြည်ကမ္ဘာမှာ အစ်မဖြစ်သူက ဒီလောက်တောင် အလိုလိုက်ခြင်း ခံနေရသေးသည်။

​ သူမကို အသည်းစွဲချစ်တဲ့ ခင်ပွန်းတစ်ယောက် ရှိနေရုံတင်မကဘူး...

​ ဒီခြံဝင်းကြီးထဲမှာ နေထိုင်ကြတဲ့ အငြိမ်းစား အဘိုးအိုတွေကလည်း ရှိနေသေးသည်။

​ လွန်ခဲ့တဲ့ လေးလလုံးလုံး စုယွီမော့က ဒီအဘိုးကြီးတွေရဲ့ နောက်ခံကို အသေအချာ စုံစမ်းစစ်ဆေးခဲ့ရာ သူတို့အားလုံးက ကျင့်စဉ်အဆင့် (၉) ရဲ့ အထွတ်အထိပ်မှာ ရှိနေတဲ့ အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေ ဖြစ်နေခဲ့သည်။

​ လက်သီးကျင့်စဉ် ကျင့်ကြံတဲ့ 'ဆရာကြီးချင်' ဆိုရင် ခန္ဓာကိုယ် မပျက်စီးနိုင်တဲ့အဆင့်ကို ရောက်ရှိနေတဲ့ သိုင်းပညာရှင်ကြီး ဖြစ်သည်။

​ သေနတ်ကို အမြဲတမ်း သန့်ရှင်းရေး လုပ်နေတတ်တဲ့ ‘အဘိုးဝမ်' ကတော့ လူသတ်ငွေ့တွေ ထွက်ပေါ်နေတဲ့ သေနတ်ဘုရင်ကြီးပင် ဖြစ်သည်။

​ စတုရင်ကစားတတ်တဲ့ 'ဝန်ကြီးလီ' ကတော့ ဓားနတ်ဘုရား ဖြစ်သည်။

​ ဆေးဝါးတွေ ဖော်စပ်နေတတ်တဲ့ 'အဘွားစွန်း' ကတော့ ဆေးဖော်စပ်ခြင်းအတတ်ရဲ့ မဟာဆရာကြီး ဖြစ်သည်။

​ သစ်ပင်ပန်းမန်တွေကို ပြုစုပျိုးထောင်နေတဲ့ 'အဘိုးချန်' ကတော့ နဝမအဆင့် အစီအရင် ဆရာကြီး ဖြစ်သည်။

​ ဝတ္ထုဖတ်နေတတ်တဲ့ 'ဆရာကြီးကျန်း' ကတော့ ရွှေအမြုတေအဆင့်ရှိတဲ့ အင်မော်တယ်လမ်းစဥ် ကျင့်ကြံသူ ဖြစ်သည်။

​ ကုချင်းတီးပြီး စုတ်ချက်ရေးတတ်တဲ့ 'ဆရာချင်း' ကတော့ သူ့ရဲ့ စကားလုံးတိုင်းက ကောင်းကင်ဘုံကို လွှမ်းမိုးနိုင်တဲ့ စာပေသူတော်စင်ကြီး ဖြစ်သည်။

​ ပြီးတော့ ထို ပန်းပဲဆရာ 'အဘိုးကျိုး' ကတော့ နတ်ဘုရားလက်နက်တွေကို သွန်းလုပ်နိုင်တဲ့ နဝမအဆင့် လက်နက်ပန်းပဲ ဆရာကြီး ဖြစ်သည်။

​ ထို အဘိုးအိုတစ်စုလုံးက သူမရဲ့ အစ်မဖြစ်သူကို နေ့တိုင်း အလိုလိုက်ပြီး ဂရုစိုက်ကြင်နာမှုတွေ ပုံအောပေးကာ မင်းသမီးလေးတစ်ပါးလို ဆက်ဆံနေကြတာ ဖြစ်သည်။

​ တစ်ကမ္ဘာလုံးက စုချင်းရွှယ်ကိုပဲ ဗဟိုပြုပြီး လည်ပတ်နေသလိုပင်။

​ ပြင်းထန်တဲ့ မနာလိုစိတ်တွေက စုယွီမော့ရဲ့ ရင်ထဲမှာ အလိုလို ထွက်ပေါ်လာခဲ့ရသည်။

​ သူမလည်း အဲဒီလို ဆက်ဆံမှုကို လိုချင်တာပင်။

​ ဒါတွေအားလုံးရဲ့ သော့ချက်ကတော့... သူမရဲ့ အစ်မကို ကိုယ်ဝန်ရအောင် လုပ်နိုင်ခဲ့တဲ့ ဒီယောကျာ်းပဲ ဖြစ်ရမည်။

​ "ခဲအို..."

​ စုယွီမော့က တစ်ရှူးနဲ့ မျက်ရည်တွေကို သုတ်လိုက်ပြီး၊ အသက်ကို ပြင်းပြင်းရှူကာ စိုးရိမ်ပူပန်တဲ့ လေသံနဲ့ ပြောလိုက်သည် -

​“အထက်ဘုံရဲ့ အချိန်တွက်ချက်မှုအရ ဆိုရင်တော့ အဖေက နောက်ထပ် ခြောက်နာရီအတွင်းမှာ ဒီကို ရောက်လာတော့မှာ။ အဲဒီကျရင် အဖေ့ရဲ့ ဒေါသအမျက်ကို အစ်ကို ဘယ်လို ရင်ဆိုင်ဖို့ ပြင်ဆင်ထားလဲ"

​ "ဘာတွေ လောနေတာလဲ၊ နောက်ထပ် ခြောက်လတောင် လိုသေးတယ်ဥစ္စာ" လျူယွမ်က ဇနီးဖြစ်သူ စုချင်းရွှယ်ရဲ့ မျက်ရည်တွေကို အေးအေးလူလူ သုတ်ပေးလိုက်ပြီး သူမရဲ့ ဗိုက်လေးကို အသာအယာ ပွတ်သပ်ကာ ပါးပြင်လေးကို ဖွဖွလေး နမ်းလိုက်သည်။

​ "ဘယ်လိုလုပ်ပြီး မလောဘဲ နေနိုင်မှာလဲ ခဲအိုရဲ့၊ အစ်ကို အမြန်ဆုံး ပြင်ဆင်ထားသင့်တယ်" စုယွီမော့က ထို့နောက် အစ်မဖြစ်သူကို ကြည့်ပြီး - "အစ်မ... ငါတို့တွေ ခဲအိုကို တစ်နေရာရာမှာ သွားပုန်းခိုင်းရင် မကောင်းဘူးလား"

​ စုချင်းရွှယ်က မျက်မှောင်ကြုတ်လိုက်မိသည်၊ သူမလည်း ဒီအကြံဉာဏ်ကို တကယ် စဉ်းစားခဲ့ဖူးသည်။

​ လျူယွမ်ကို ခေါ်ပြီး သူမအဖေ ရှာမတွေ့နိုင်တဲ့ ကမ္ဘာငယ်လေးတစ်ခုထဲမှာ ပုန်းအောင်းနေကာ၊ အဲဒီနောက်ပိုင်း နှစ်ယောက်သား အပူအပင်မရှိ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားကြဖို့ ဖြစ်သည်။

​ "အဖေ့ရဲ့ စွမ်းရည်နဲ့ဆိုရင် သူရှာမတွေ့နိုင်တဲ့ နေရာမရှိဘူး၊ အချိန်စောတာနဲ့ နောက်ကျတာပဲ ကွာလိမ့်မယ်"

​ စုချင်းရွှယ်က ခေါင်းခါလိုက်သည်၊ ဒီနည်းလမ်းက လုံးဝ လက်တွေ့မကျပေ။

​ "ဒါကြောင့်မလို့ အစ်မရဲ့၊ ကျွန်မ ဆိုလိုတာက ခဲအိုကို တစ်နေရာမှာ ပုန်းခိုင်းထားပြီး၊ အစ်မက အဖေနဲ့အတူ အိမ်ပြန်လိုက်သွားလိုက်လေ" စုယွီမော့က အချစ်ရေးအကြံပေးအရာရှိကြီးလို အကြံဉာဏ် ပေးလာခဲ့သည် -

​"စဉ်းစားကြည့်လေ၊ အစ်မက အိမ်မှာ အဖေနဲ့ အချိန်ဆွဲထားရင် နောက်ဆုံးတော့ အဖေလည်း ခဲအိုကို ရှာမတွေ့တော့ဘဲ သူ့ရဲ့ ဒေါသတွေ ပြေလျော့သွားမှာပေါ့"

​ "ဒါဆို နင်က ငါ့ကို ဘယ်မှာ သွားပုန်းစေချင်လို့လဲ" လျူယွမ်က ခပ်အေးအေးပဲ မေးလိုက်သည်။

​ "ကျွန်မ အဖေ လုံးဝ ရှာမတွေ့နိုင်တဲ့ ကမ္ဘာငယ်လေးတစ်ခုအကြောင်း သိထားတာ ရှိတယ်လေ" စုယွီမော့က အနားကို ပိုတိုးကပ်လာပြီး လေသံကို နှိမ့်ကာ ဖြားယောင်းလိုက်သည် -

​"ခဲအို... ကျွန်မနဲ့အတူ လိုက်ခဲ့လေ။ အစ်ကို့ကို ကျွန်မ သေချာပေါက် ကာကွယ်ပေးမယ်လို့ ကတိပေးတယ်"

​ လျူယွမ်ကတော့ သူ့ရဲ့ ခယ်မလေးကို လှောင်ပြုံးပြုံးပြီး စိုက်ကြည့်နေခဲ့သည်။

​ နင်က တကယ့်ကို လည်လွန်းပါလား….။

​ စုချင်းရွှယ်က အစပိုင်းမှာတော့ ဒီအစီအစဉ်က တကယ့်ကို ကောင်းမွန်တယ်လို့ ထင်ခဲ့မိသည်။

​ ဒါပေမဲ့ ခင်ပွန်းဖြစ်သူရဲ့ အကြည့်က ညီမဖြစ်သူရဲ့ လျှို့ဝှက်တဲ့ ရည်ရွယ်ချက်ကို သတိထားမိစေခဲ့တာကြောင့် ချက်ချင်းပဲ စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကာ -

​"ယွီမော့..."

​ "နင် ငါ့ယောက်ျားကို ခိုးချင်နေတာလား"

​ "သူက နင့်ရဲ့ ခဲအိုလေ"

​ စုချင်းရွှယ်က အဖေဖြစ်သူက နှစ်တွေအကြာကြီး သူမကိုပဲ ပိုချစ်ခဲ့တာကြောင့် ညီမဖြစ်သူမှာ မကျေနပ်ချက်အချို့ ရှိနေခဲ့တာကို သိသော်လည်း...

​ အစ်မဖြစ်သူအနေနဲ့ သူမမှာ ဘယ်လောက်ပဲ ကောင်းတဲ့အရာမျိုး ရှိရှိ၊ ညီမဖြစ်သူကို ချက်ချင်း မျှဝေပေးခဲ့ပြီး ဘာတစ်ခုမှ တစ်ကိုယ်ကောင်းမဆန်ခဲ့ပေ။

​ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ညီမဖြစ်သူက သူမရဲ့ လင်ယောက်ျားအပေါ်ကို မျက်စိကျလာခဲ့ချေပြီ။

​ ဒါက မျှဝေပေးလို့ရတဲ့ အရာမျိုးမှ မဟုတ်တာပဲ။

​ စုယွီမော့ရဲ့ မျက်နှာလေးက ချက်ချင်း ချက်ချင်း နီမြန်းသွားခဲ့ရတော့သည်။

​ သွားပြီ... အစ်မ ရိပ်မိသွားပုံရတယ်

All Chapters