← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

အပိုင်း (၃၀)

"ဘာ... ဘာဖြစ်တယ်၊ ငါတို့သမီးလေးက အပြင်ထွက်လာတော့မလို့လား"

​ လျူယွမ်တစ်ယောက် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး စုချင်းရွှယ်ကို ဆိုဖာပေါ်မှာ အမြန် ထိုင်ခိုင်းလိုက်ကာ သူမရဲ့ ဂါဝန်အရှည်ကို ဂရုတစိုက် ပင့်မကြည့်လိုက်သည်။

​ ပြီးမှ သက်ပြင်းတစ်ချက် ချရင်း - "ရေမွှာတော့ မပေါက်သေးပါဘူး" လို့ ပြောလိုက်သည်။

​ "သမီးလေးရဲ့ လက်ညှိုးက ရေမွှာရည်တွေ ရှိနေတဲ့ ရေမွှာအိတ်ကို လှမ်းထိုးနေတာမောင်ရဲ့" စုချင်းရွှယ်က မျက်လုံးကို မှိတ်ပြီး ခန္ဓာကိုယ်အတွင်းပိုင်းက အခြေအနေကို သေသေချာချာ အကဲခတ်နေသည်။ ပြီးမှ မျက်လုံးပြန်ဖွင့်ပြီး လင်ယောက်ျားဖြစ်သူကို ကြည့်ကာ -

​"ရေမွှာအိတ်က တော်တော်လေး ကြံ့ခိုင်နေတာ၊ သမီးလေး အင်အားနဲ့က ဖောက်ထွက်နိုင်ဦးမှာ မဟုတ်ဘူး။ မောင်... ကျွန်မတို့ သမီးလေးကို ကူညီပေးကြမလား"

​ စုချင်းရွှယ်က ပေါ့ပေါ့ပါးပါးပဲ ပြောနေပေမဲ့ တကယ့်တကယ် ကလေးမွေးခါနီး အချိန်ကို ရောက်လာတော့ စိတ်လှုပ်ရှားမှုကို မအောင့်နိုင်ဘဲ နုနယ်တဲ့ ခန္ဓာကိုယ်လေးဟာ မသိစိတ်ကနေ အနည်းငယ် တုန်ရင်နေရှာသည်။

​ ဒါဟာ သူမအတွက်တော့ ပထမဆုံးအကြိမ် ကလေးမွေးရခြင်း မဟုတ်ပါလား။

​ လျူယွမ်က သူမကို လက်နှစ်ဖက်နဲ့ တင်းတင်းကြပ်ကြပ် ဖက်ထားပေးပြီး စိတ်တည်ငြိမ်သွားအောင် အသာအယာ ချော့မော့ရင်း တိုးတိုးလေး ပြောလိုက်သည်။

​ "မလောပါနဲ့ဦး မိန်းမရယ်၊ သမီးလေးကို သူ့ဘာသာသူ အရင် ကြိုးစားခွင့် ပေးလိုက်ပါဦး။ သူမရဲ့ ရေမွှာအိတ်ကို အတင်းသွားမခွဲပါနဲ့ဦး၊ သဘာဝအတိုင်းပဲ ဖြစ်ပါစေ"

​ "အင်း... ဟုတ်ကဲ့ပါ" စုချင်းရွှယ်က ခေါင်းညိတ်ပြီး လျူယွမ်ရဲ့ ကျယ်ပြန့်တဲ့ ရင်ခွင်ကျယ်ကြီးထဲ ခေါင်းလေးတိုးကာ ဂုဏ်ယူဝင့်ကြွားတဲ့ လေသံလေးနဲ့ ပြောလိုက်သည်။

​ "ဒါက မောင် သုံးနှစ်ပတ်လုံးလုံး မမောမပန်း ကြိုးစားပြီး စိုက်ပျိုးခဲ့တဲ့ အကောင်းဆုံး မျိုးဗီဇပဲဟာ။ ကျွန်မတို့ သမီးလေးကတော့ ဒီပထမဆုံး စမ်းသပ်ချက်ကို သူ့အားနဲ့သူ သေချာပေါက် ကျော်ဖြတ်နိုင်မှာပါ"

​ အဲဒီအချိန်မှာပဲ...

​ ဧည့်ခန်းထဲက တီဗီမှာ ညနေခင်း သတင်းတွေ လာနေသည်။

​ [အရေးပေါ်သတင်း]

​ လင်အန်းမြို့ရဲ့ နာမည်ကြီး လုပ်ငန်းစုတစ်ခုဖြစ်တဲ့ ဟွာချန်ဂရုဟာ ယွမ် ၁.၈ ထရီလီယံအထိ အကြွေးနွံနစ်ပြီး ဒေဝါလီခံခဲ့ရပြီးနောက်၊ အခုအခါမှာတော့ တရားရုံးရဲ့ အဓမ္မ သိမ်းဆည်းခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

​ ဂရုရဲ့ ဥက္ကဋ္ဌဖြစ်သူ လျူဟွာချန်ကိုလည်း ကြီးမားလှတဲ့ အကြွေးတွေကို ပြန်လည် မပေးဆပ်နိုင်တာကြောင့် တရားဝင် ဖမ်းဆီးလိုက်ပြီ ဖြစ်သည်။

​ ဖမ်းဆီးခံရစဉ်အတွင်း လျူဟွာချန်က သူ၏ သိုင်းဂိုဏ်းချုပ်အဆင့် သိုင်းပညာကို သုံးပြီး ပြင်းပြင်းထန်ထန် ပြန်လည် ခုခံခဲ့သည်။

​ ထို့ကြောင့် ပြည်တွင်းရေးရာဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ ပညာရေးဌာန၊ အခွန်ဦးစီးဌာန၊ ဈေးကွက်စောင့်ကြည့်ရေးဌာန၊ ဘဏ္ဍာရေးဌာန၊ ပို့ဆောင်ရေးဌာနနှင့် အိမ်ရာနှင့် မြို့ပြကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဌာန စသည့် နိုင်ငံတော်အဆင့် ဌာနကြီး (၈) ခုတို့ ပူးပေါင်းပြီး ဥပဒေစိုးမိုးရေးအရ လျူဟွာချန်ကို ဝိုင်းဝန်းပြီး နှိမ်နင်းခဲ့ရသည်။

​ ဟွာချန်ဂရုရဲ့ လက်အောက်မှာရှိတဲ့ အိမ်ရာစီမံကိန်း အားလုံးကိုလည်း အစိုးရက ဖွဲ့စည်းထားတဲ့ အထူးလုပ်ငန်းအဖွဲ့က ယာယီ လွှဲပြောင်းရယူထားပြီ ဖြစ်ကြောင်း...

​

​ လျူယွမ်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး -

​ "လျူဟွာချန် သေသွားပြီ ဟုတ်လား။ ဒါရိုက်တာ မုပိုင် တကယ်ကြီး လုပ်နိုင်လိမ့်မယ်လို့ မထင်ထားမိဘူး"

​ စုချင်းရွှယ်က စကားရဲ့ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားပြီး လျူယွမ်ကို လှမ်းကြည့်ကာ - "မောင်... လျူမိသားစုကို ဒေဝါလီခံအောင် လုပ်လိုက်တာ မောင်ပဲမလား"

​ "အင်းလေ"

​ "မောင်ကတော့ တကယ်ကို ဆိုးတာပဲ"

​ လျူယွမ်က ပြုံးလိုက်ပြီး - "မောင်က အကြံဉာဏ် အနည်းငယ်ပဲ ပေးခဲ့တာပါ၊ ဒါပေမဲ့ နိုင်ငံ‌တော်အဆင့် ဌာနကြီး (၈) ခုရဲ့ ပူးပေါင်းဆောင်ရွက်မှုက ဒီလောက်အထိ မြန်ဆန်လိမ့်မယ်လို့ တကယ် မမျှော်လင့်ထားဘူး။ အလုပ်တွေက မယုံနိုင်စရာကောင်းလောက်အောင် ချောမွေ့သွားတာပဲ။ မောင်ကတော့ လုပ်ထုံးလုပ်နည်းတွေအတိုင်း သွားရင် အနည်းဆုံး တစ်နှစ်လောက် ကြာဦးမယ် ထင်နေတာ"

​ "ဒါကတော့ ကန့်လန့်ကာနောက်ကွယ်ကနေ ကြိုးကိုင်ပေးတဲ့သူ ရှိလို့ နေမှာပေါ့" စုချင်းရွှယ်က စဉ်းစားသလိုနဲ့ ပြောလိုက်သည်။

​ "ဝါး... ငါ့မိန်းမက ပိုပိုပြီး စမတ်ကျလာပါလား။ အာဘွား"

​ "ဒါပေမဲ့..." စုချင်းရွှယ်က နှုတ်ခမ်းလေး ဆူလိုက်ပြီး စိုးရိမ်တကြီးနဲ့ - "သွေးမိစ္ဆာဧကရာဇ်ကတော့ အသက်ရှင်နေဦးမယ် ထင်တယ်။ လျူဟွာချန်က သူ့ရဲ့ ပူးကပ်ခြင်းခံထားရတဲ့ ခန္ဓာကိုယ် သက်သက်ပဲ ဖြစ်ရမယ်။ မဖြစ်သေးပါဘူး... ကျွန်မ အပြင်ထွက်ပြီး သွားရှာမှဖြစ်မယ်၊ သူ့ကို အလွတ်ပေးလိုက်လို့ လုံးဝမဖြစ်ဘူး"

​ ပြောပြောဆိုဆိုနဲ့ သူမက ထရပ်ဖို့ ပြင်တော့သည်။

​ "မသွားနဲ့ဦး" လျူယွမ်က သူမရဲ့ လက်မောင်းကို လှမ်းဆွဲလိုက်ပြီး - "သူကပဲ မင်းဆီကို လာရှာလိမ့်မယ်"

​ စုချင်းရွှယ်က နားမလည်နိုင်ဘဲ - "မောင်က ဘယ်လိုသိတာလဲ"

​ "မောင် ခန့်မှန်းကြည့်တာပါ" လျူယွမ်က ရှင်းပြလိုက်သည် - "မင်းက ကလေးမွေးတော့မှာလေ၊ အဲ့ဒီ အဘိုးကြီးက မင်းဆီကို ရောက်မလာဘဲ နေမှာ မဟုတ်ဘူး"

​ လျူစစ်ယဥ်နဲ့ တိုးတိုးတိတ်တိတ် သဘောတူညီချက် ယူထားတာကိုတော့ သူ တစ်လုံးမှ မဟခဲ့ပေ။

​ ဘာလို့လဲဆိုတော့ မိစ္ဆာတွေဆိုတာ လုံးဝ ယုံကြည်လို့ရတဲ့ အမျိုးတွေ မဟုတ်လို့ပင်။

​ အခုအချိန်မှာ စုချင်းရွှယ်ကို ပြောပြလိုက်ရင် သူမရဲ့ သတိဝီရိယကို လျော့ပါးသွားစေပြီး မိစ္ဆာတွေရဲ့ ထောင်ချောက်ထဲ သက်ဆင်းသွားစေနိုင်သည်။

​ စုချင်းရွှယ်က လျူယွမ်ရဲ့ ရင်ခွင်ထဲ မှီနွဲ့ရင်း လေသံလေး တိုးသွားကာ - "မောင်... တကယ်လို့ သွေးမိစ္ဆာဧကရာဇ်နဲ့ ဟို နတ်ဘုရားအိုကြီးပါ တကယ်ကြီး ရောက်လာရင်... ကျွန်မ မောင့်ကို ကာကွယ်ပေးနိုင်ပါ့မလား မသိဘူး..."

​ “ငါ့ရဲ့ အူတူတူ‌လေးရယ်" လျူယွမ်က သူမရဲ့ ဆံပင်တွေကို အသာအယာ ဖွလိုက်ပြီး လေသံက အလွန် လေးနက်သွားကာ - “ဒီအချိန်ထိကို မောင့်ကို ကာကွယ်ဖို့ပဲ တွေးနေတုန်းလား။ အရေးကြီးဆုံးက မင်းနဲ့ ငါတို့ သမီးလေး ဘေးကင်းဖို့ပဲ"

​ "မောင်ပြောတာကို သေချာနားထောင်စမ်း၊ တကယ်လို့ သူတို့က မောင့်ကို ဖမ်းသွားရင်တောင်မှ မင်းက သူတို့တောင်းဆိုတာတွေကို လုံးဝ ခွင့်မပြုရဘူး သိလား။ မဟုတ်ရင် မောင် ဒီနေရာတင်ပဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်မယ်"

​ "ကျွန်မ ခွင့်မပြုဘူး" စုချင်းရွှယ် လန့်ဖျပ်သွားပြီး သူမရဲ့ လက်ဖဝါးလေးနဲ့ လျူယွမ်ရဲ့ ပါးစပ်ကို အမြန် ပိတ်လိုက်သည်။

​ လျူယွမ်က သူမရဲ့ လက်ကလေးကို ဖယ်လိုက်ပြီး ဆက်ပြောသည် - "မောင်က အဆိုးဆုံး အခြေအနေကို ကြိုပြောပြတာပါ။ ပြီးတော့ တကယ်လို့ တိုက်ပွဲဖြစ်လာရင် အဲ့ဒီ နတ်ဘုရားကြီးကို အရင်ဆုံး ဦးတည်တိုက်ခိုက်။ သွေးမိစ္ဆာဧကရာဇ်က အရင်ကတည်းက ဒဏ်ရာရထားတာဆိုတော့ ခြိမ်းခြောက်မှု သိပ်မရှိနိုင်ဘူး"

​ “အင်း... ကျွန်မလည်း အဲ့လိုပဲ တွေးထားတာ" စုချင်းရွှယ်က ခေါင်းကို လေးနက်စွာ ညိတ်ပြလိုက်သည်။

​ "တကယ်လို့... တကယ်လို့ မင်း မနိုင်တော့ဘူးဆိုရင်" လျူယွမ် စကားအနည်းငယ် ဆိုင်းသွားပြီး လေသံထဲမှာ နှမြောတသမှုတွေ ပြည့်နှက်နေကာ - "အဲ့ဒါဆိုရင် သမီးလေးကို ခေါ်ပြီး ပြေးတော့၊ အဆုံးမဲ့ကောင်းကင်ဘုံကိုသာ ပြန်ပြေးတော့"

​ "မပြေးဘူး" စုချင်းရွှယ်က မျက်ရည်ဝဲလျက်နဲ့ ခေါင်းကို တရစပ် ရမ်းလိုက်ပြီး - "ကျွန်မ မပြေးဘူး၊ မောင်ရှိတဲ့နေရာကပဲ ကျွန်မရဲ့ အိမ်ပဲ"

​ လျူယွမ်က သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပြီး၊ ဗိုက်လေးကို ပွတ်သပ်ရင်း လေးနက်စွာ ပြောလိုက်သည် - "ကောင်းပြီ... အဲ့ဒါဆိုရင် မောင်တို့ မိသားစုလေးကို အတူတူ ကာကွယ်ကြတာပေါ့"

​ ပြောပြီးတာနဲ့ တစ်ပြိုင်နက်... စုချင်းရွှယ်ရဲ့ ဗိုက်ပေါ်မှာ သေးငယ်တဲ့ လက်ငါးချောင်းရာလေးတစ်ခု အထင်အရှား ပေါ်လာခဲ့သည်။

​ "မောင်... ကြည့်ဦး" စုချင်းရွှယ်က ဝမ်းသာအားရ ရေရွတ်လိုက်ပြီး - “ကျွန်မတို့ သမီးလေးကလည်း ကျွန်မတို့နဲ့အတူ ပူးပေါင်းချင်တယ်တဲ့"

​ လျူယွမ်ရဲ့ လက်ဖဝါးကြီးက ဇနီးသည်ရဲ့ ဗိုက်သားကို ဖြတ်ပြီး သမီးဖြစ်သူရဲ့ လက်ဖဝါးလေးနဲ့ အသာအယာ ထိတွေ့လိုက်တော့သည်။

​

​ (၇) ရက်မြောက်နေ့ ညဉ့်အခါတွင်….

​ လျူယွမ်က အိပ်ခန်းထဲမှာ ဇနီးသည်ကို ရင်ခွင်ထဲ ထည့်ပြီး အိပ်မောကျနေခဲ့သည်။

​ သူ့ရဲ့ စိတ်အသိဉာဏ်ကတော့ တားမြစ်နယ်မြေဆီသို့ နစ်မြုပ်သွားခဲ့သည်။

​ ဆယ်လတာကာလပတ်လုံး အသွင်ပြောင်းလဲခဲ့ပြီးနောက်... ဒီနေရာက အလောင်းတွေ ပြည့်နှက်နေတဲ့ စစ်တလင်းပြင် မဟုတ်တော့ပေ။

​ အလောင်းတောင်ကြီးတွေပေါ်တွင် မြက်ခင်းပြင်နဲ့ ပန်းပွင့်တွေ ဖုံးလွှမ်းသွားခဲ့လေပြီ။

​ သွေးပင်လယ်ကြီးကတော့ နွေးထွေးတဲ့ မုတ်သုံလေညင်းနဲ့ ဒီရေလှိုင်းတွေအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။

​ ကတိသစ္စာတွေ ရေးထွင်းထားတဲ့ မြို့ရိုးကြီးတွေပေါ်မှာတော့ တောက်ပတဲ့ ဂလက်ဆီ ကြယ်စင်တန်းကြီးက စီးဆင်းနေလေသည်။

​ အဲ့ဒီ သက်ရှိ တားမြစ်နယ်မြေထဲမှာတော့... ကျောက်စိမ်းဖြူနဲ့ ထုဆစ်ထားသည့်အလား ကြီးမားလှတဲ့ ကလေးမလေးတစ်ဦးက အလွန် ပြီးပြည့်စုံတဲ့ ပုံစံနဲ့ ဇောက်ထိုးရပ်နေခဲ့သည်။

​ သူမက မျက်လုံးတွေကို တင်းတင်းပိတ်ထားဆဲ ဖြစ်သည်။

​ သူမရဲ့ ခြေဖဝါးနှစ်ဖက်က ကောင်းကင်ယံနဲ့ နဂါးငွေ့တန်း ဂလက်ဆီကို နင်းခြေထားပြီး၊ သူမရဲ့ ဦးခေါင်းကတော့ ကြမ်းပြင်ကို မျက်နှာမူကာ အဆက်မပြတ် ဆောင့်ချနေခဲ့သည်။

​ ဒုတ်...

​ ဒုတ်...

​ ဒုတ်...

​ မြေပြင်ပေါ်တွင် မသိမသာ အက်ကြောင်းတစ်ခု စတင် ပေါ်ပေါက်လာခဲ့လေပြီ။

​ သူမက ခေါင်းနဲ့ဆောင့်ရတာ အားမရဘူး ထင်ပုံရကာ... လက်ညှိုးနဲ့ လက်ခလယ် နှစ်ချောင်းကို ဆန့်ထုတ်ပြီး ဓားကွက်ပုံစံ လုပ်ကာ အဲ့ဒီအက်ကြောင်းကို ပိုပြီး ကျယ်သွားအောင် တူးဆွရန် ကြိုးစားနေပြန်သည်။

​ သူမရဲ့ နှုတ်ခမ်းသေးသေးလေးကလည်း နုနယ်ပြီး ကလေးဆန်တဲ့ အသံလေးနဲ့ အော်ဟစ်နေခဲ့သည် -

​ "ပွင့်စမ်း"

​ "ငါ့အတွက် ပွင့်စမ်း"

​ "ဒီကောင်းကင်နဲ့ မြေပြင်က ထောင်တစ်ခုဆိုရင်လည်း... ငါက သွေးလမ်းကြောင်းတစ်ခုကို ဖွင့်ပြီး ဖောက်ထွက်ပြမယ်"

​ ရှေ့မှာ အတားအဆီး ရှိရင်... လက်သီးတစ်ချက်တည်းနဲ့ မှုန့်မှုန့်ညက်ညက် ချေဖျက်ပစ်မယ်။

​ “ငါသည်သာ နတ်ဘုရားအားလုံးရဲ့ သခင်ပဲ"

​ "ကွဲအက်သွားစမ်း"

​ ဝုန်း...

​ သူမရဲ့ နောက်ဆုံး ဟိန်းဟောက်သံနဲ့အတူ ကောင်းကင်နဲ့ မြေပြင်ကြီး တစ်ခုလုံး တုန်ဟီးသွားခဲ့သည်။

​ သူမ အကြိမ်ကြိမ် ဆောင့်ချခဲ့တဲ့ မြေပြင်ကြီးကတော့ နောက်ဆုံးမှာ မခံနိုင်တော့ဘဲ အောက်ခြေမရှိတဲ့ တွင်းနက်ကြီးတစ်ခုအဖြစ် ဝုန်းခနဲ ကွဲအက်သွားတော့သည်။

​ အရပ်မျက်နှာအနှံ့က အဆုံးမဲ့ ပင်လယ်ရေတွေကလည်း အဲ့ဒီအက်ကြောင်းကြီးဆီကို ကမ္ဘာပျက်တော့မည့်အလား တစ်ဟုန်ထိုး စီးဝင်သွားခဲ့ကြတော့သည်။

​

​ အိပ်ခန်းထဲက ကုတင်ကြီးပေါ်တွင်...

​ “အာ့..."

​ လဲလျောင်းအိပ်ပျော်နေတဲ့ စုချင်းရွှယ်က ရုတ်တရက် ညည်းတွားလိုက်ပြီး ကုတင်ပေါ်ကနေ ဝုန်းခနဲ ထထိုင်လိုက်သည်။

​ နွေးထွေးတဲ့ အရည်ကြည်တွေက ကုတင်အခင်းကို စိုစွတ်သွားစေခဲ့သည်။

​ စုချင်းရွှယ်တစ်ယောက် သူမရဲ့ ဆီးစပ်နားက ထူးခြားတဲ့ အခြေအနေကြောင့် ခဏတာ ထိတ်လန့်သွားခဲ့ရသည်။

​ အမှောင်ထုထဲမှာပဲ လျူယွမ်လည်း ချက်ချင်း နိုးလာခဲ့သည်။ သူက မသိစိတ်နဲ့ ဇနီးသည်ရဲ့ ပေါင်ပေါ်ကို လှမ်းစမ်းလိုက်တော့ စေးကပ်စိုစွတ်နေတာကို ခံစားလိုက်ရသည်။

​ ရေမွှာ ပေါက်သွားချေပြီ။

​ စုချင်းရွှယ်က လျူယွမ်ရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး၊ စိတ်လှုပ်ရှားမှုတွေ ရောပြွမ်းနေတဲ့ အသံလေးနဲ့ -

​"မောင်... ဒီတစ်ခါတော့ တကယ်ကြီး... တကယ်ကြီး မွေးတော့မှာ"

All Chapters