← Chapters

အခန်း ၃၈၀

Vol. 28 Ch. 380

အခန်း ၃၈၀

Vol. 28 Ch. 380

အပိုင်း(၃၈၀)

မိစ္ဆာဧကရာဇ် ဆေးလုံး (စားသုံးနိုင်သော) - ဤဆေးလုံးကို စားသုံးပြီးနောက် မိစ္ဆာမျိုးနွယ်ဝင်တစ်ဦး၏ သွေးကြောဆိုင်ရာ ပါရမီစွမ်းရည်ကို တစ်ဆင့်မြှင့်တင်ပေးနိုင်သည်။ အဖြူရောင် အရည်အသွေးအတွက် အောင်မြင်မှုနှုန်း ၁၀၀ ရာခိုင်နှုန်း၊ အပြာရောင် အရည်အသွေးအတွက် ၅၀ ရာခိုင်နှုန်းနှင့် ရွှေရောင် အရည်အသွေးအတွက် ၂၅ ရာခိုင်နှုန်း ဖြစ်သည်။ မှတ်ချက် - မိစ္ဆာမျိုးနွယ်ဝင်များသာ အသုံးပြုနိုင်သည်။

မိစ္ဆာဧကရာဇ် ဆေးလုံး ၏ အာနိသင်ကို ကြည့်ပြီးနောက် ကျန်းလျို၏ မျက်နှာအမူအရာမှာ မှေးမှိန်သွားရလေသည်။ ၎င်းက ကိုးကြိမ် သန့်စင် ရွှေဆေးလုံး မဟုတ်ဘူးလော။ သူ လွန်စွာ စိတ်ပျက်မိသွားသည်။

သို့သော်လည်း... မိစ္ဆာဧကရာဇ် ဆေးလုံး ၏ အာနိသင်ကို သေချာစွာ စစ်ဆေးကြည့်သောအခါ ဤဆေးလုံးမှာ အလွန်ပင် အဖိုးတန်ကြောင်း ကျန်းလျို ဝန်ခံရပေမည်။ ၎င်းက မိစ္ဆာမျိုးနွယ်ဝင်တစ်ဦး၏ သွေးကြောဆိုင်ရာ ပါရမီစွမ်းရည်ကို မြှင့်တင်ပေးနိုင်သည်။

ဆိုလိုသည်က အဖြူရောင် အရည်အသွေးရှိသော သာမန်မိစ္ဆာမျိုးနွယ်ဝင်တစ်ဦးသည် ဤဆေးလုံးကို စားသုံးလိုက်ခြင်းဖြင့် အပြာရောင် အရည်အသွေးသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။

အပြာရောင် အရည်အသွေးရှိသူများအတွက်လည်း စားသုံးလိုက်ပါက ရွှေရောင် အရည်အသွေးသို့ တက်လှမ်းရန် ၅၀ ရာခိုင်နှုန်း အခွင့်အရေး ရှိနေသည် မဟုတ်ပါလော။

ရွှေရောင် အရည်အသွေးတွင် ရှိနှင့်ပြီးသူများ ဆိုလျှင်ရော သူတို့ ထပ်မံတက်လှမ်းနိုင်သေးသလော။

ပထမဦးစွာ ရွှေရောင် အရည်အသွေးထက် ပိုမိုမြင့်မားသော အဆင့်များ ရှိနေသေးသည်ဟူသည့်အချက်အတွက် ကျန်းလျို အံ့အားသင့်မိသည်။

ဒုတိယအချက်အနေဖြင့် ရွှေရောင် အရည်အသွေးသို့ တက်လှမ်းရန်အတွက် ၂၅ ရာခိုင်နှုန်းသာ ရှိသော အခွင့်အရေးမှာ လွန်စွာ နည်းပါးလွန်းသည်ဟု ခံစားရလေသည်။

၎င်းက ခွန်အားကို တိုက်ရိုက် တိုးတက်စေခြင်း မရှိသော်လည်း ဤဆေးလုံးမှာ မိစ္ဆာမျိုးနွယ်ဝင်များအတွက် တန်ဖိုးဖြတ်မရသော ရတနာတစ်ပါး ဖြစ်ပေသည်။ ဖြစ်နိုင်သည်က ၎င်း၏ အကြီးမားဆုံး တန်ဖိုးမှာ ရွှေရောင် အရည်အသွေးသို့ တက်လှမ်းရန်အတွက် နည်းပါးလွန်းသော ၂၅ ရာခိုင်နှုန်းသော အခွင့်အရေးတွင်သာ ရှိပေလိမ့်မည်။

မိစ္ဆာဧကရာဇ် ဆေးလုံး ကို ကြည့်နေသည့် ရုတ်တရက် ပတ်ဝန်းကျင်မှာ ရွှေရောင် အဖြစ် ပြောင်းလဲသွားသည်ကို ကျန်းလျို သတိပြုမိလိုက်သည်။ ချက်ချင်းဆိုသလိုပင် ရွှေရောင် ရူလိုင်ဘုရား ရုပ်တုကြီးတစ်ခု သူ၏ရှေ့တွင် ပေါ်လာလေသည်။

"အော်မိတော်ဖော... ရွှမ်ကျန်းဆရာတော်..."

ကျန်းလျိုအား ငုံ့ကြည့်နေသော ရူလိုင်ဘုရား ရုပ်တုကြီးက စကားစလိုက်လေသည်။ မိစ္ဆာဧကရာဇ် ဆေးလုံး တစ်လုံး ထိုက်ရှန်းလောင်ကျွင်း ၏ အထွတ်အထိပ် ရတနာ တစ်ခုကို ဒီအတိုင်း မျိုချလိုက်ရသည်မှာ တကယ်ကို နှမြောစရာ ကောင်းလှပေသည်။

ဤဆေးလုံး တစ်လုံးအတွက် သူသည် ကြီးမားလှသော အဖိုးအခကို ပေးဆပ်ခဲ့ရသည်။ ရူလိုင်ဘုရားသည် ဖြစ်ပေါ်စေနိုင်သော အနာဂတ် ပြဿနာများကို လျှော့ချရန်အတွက် ရွှမ်ကျန်းဆရာတော် အား ဆုံးမသွန်သင်ပေးသင့်သည်ဟု ခံစားမိလေသည်။

"တပည့်တော် ရွှမ်ကျန်းဆရာတော် ဘုရားရှင်ကို ရှိခိုးပါတယ်…"

ရူလိုင်ဘုရား သူ့ရှေ့တွင် ပေါ်လာသည်ကို မြင်သောအခါ ကျန်းလျိုမှာ အလန့်တကြားသည့် အမူအရာဖြင့် ဦးအကြိမ်ကြိမ် ချလိုက်လေသည်။ သူ စိတ်ထဲတွင်တော့ ကြိတ်ကာ ရယ်မောနေမိသည်။

"အရှင်ဘုရား… တပည့်တော် ရဲ့ အနောက်အရပ် ခရီးစဉ်က ရှည်လျားပြီး ခက်ခဲလှပါတယ်… ဒါကြောင့် အရှင်ဘုရားကပဲ တပည့်တော် ဆီကို ကျမ်းစာများ ကို ယူဆောင်လာပေးခဲ့တာလား... ဒီလောက်တောင် ဝေးတဲ့နေရာကနေ ကြွလာတာဆိုတော့ ကျမ်းစာတွေ ကို ယူဆောင်လာဖို့တော့ မေ့မသွားလောက်ပါဘူး နော်…"

ကျန်းလျိုက စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ပြောလိုက်သည်။

ရူလိုင်ဘုရား ၏ မျက်နှာပေါ်ရှိ အမူအရာမှာ အလွန်ပင် တည်ငြိမ်နေပြီး သူ၏ အတွေးများကို မည်သူမျှ မခန့်မှန်းနိုင်အောင် ဖြစ်နေလေသည်။

"ကျမ်းစာတွေကို လွယ်လွယ်ကူကူ ပေးလို့ မရဘူး ငါ့ရှင်… သင်က အစွမ်းကုန် ကြိုးစားအားထုတ်ပြီး မိုင်ရှစ်သောင်း ခရီးကို ဖြတ်သန်းလို့ အရှေ့ဘက် တာ့ထန်ပြည်ကို ကျမ်းစာတွေ ပြန်လည်သယ်ဆောင်သွားမှသာ မရေမတွက်နိုင်တဲ့ လူသားတွေက တန်ဖိုးထား မြတ်နိုးကြမှာဖြစ်တယ်... လွယ်လွယ်ရတဲ့ ပစ္စည်းကို တန်ဖိုး မထားကြဘူး ဆိုတဲ့ စကားကို သင်လည်း ကြားဖူးမှာပါ"

"ဒါဆိုရင် တပည့်တော် က မိုင်ရှစ်သောင်း ခရီးကို သွားရဦးမယ်ပေါ့လေ..."

ရူလိုင်ဘုရား၏ စကားကို ကြားသောအခါ ကျန်းလျိုသည် အနည်းငယ် အကူအညီမဲ့စွာဖြင့် တုံ့ပြန်လိုက်လေသည်။

ရူလိုင်ဘုရား၏ ရှေ့မှောက်တွင် သူသည် ရိုသေလေးစားမှု ရှိနေသေးသော်လည်း သူ၏ မျက်နှာအမူအရာကမူ 'ဗုဒ္ဓဘုရားက လွယ်လွယ်လေး ယူလာလို့ရနေတာကို တပည့်တော် ကိုကျမှ ဒုက္ခခံပြီး သွားယူခိုင်းနေတယ်' ဟု ပြောနေသည့်အလား ရှိလေသည်။

တစ်ခဏ ကြာပြီးနောက် ကျန်းလျိုသည် ရူလိုင်ဘုရားအား ကြည့်ကာ ဆက်ပြောသည်။

"အရှင်ဘုရားကို တောင်းဆိုချင်တာလေး ရှိပါတယ်… တပည့်တော်တို့အဖွဲ့ ဖျင်တင့်တောင် ကို ဖြတ်သွားတဲ့အခါ လမ်းပိတ်ဆို့နေတဲ့ မိစ္ဆာ နှစ်ကောင်နဲ့ ကြုံခဲ့ရတယ်… အဲဒီ မိစ္ဆာ နှစ်ကောင်မှာ အစစ်အမှန် သမာဓိမီးတောက်ကို သုံးနိုင်စွမ်းရှိတဲ့ မွေးစားဖခင်ကြီး တစ်ယောက်တောင် ရှိသေးတယ်… ဝူခုန်း တောင်မှ သူတို့ကို မရင်ဆိုင်ရဲဘူး… ဒါကြောင့် တပည့်တော် အနောက်အရပ် ခရီးဆက်နိုင်ဖို့အတွက် ဗုဒ္ဓဘုရား ကိုယ်တိုင်ပဲ ဒီမိစ္ဆာတွေကို နှိမ်နင်းပေးဖို့ တောင်းဆိုချင်ပါတယ်..."

"အဲဒါက..."

ကျန်းလျို၏ စကားများကြောင့် ရူလိုင်ဘုရား၏ မျက်နှာတွင် တွေဝေသွားသည့် အမူအရာများ ပေါ်လာခဲ့သည်။

ကျန်းလျိုဘက်မှ အမြင်က ရှင်းသည်။ ရူလိုင်၏ စကားအရ အနောက်အရပ်ကို သွားကို သွားရမည် ဖြစ်သည်။ သို့သော် လမ်းတွင် အစွမ်းထက်သော မိစ္ဆာများနှင့် ကြုံတွေ့နေရချိန်၌ ဗုဒ္ဓဘုရား ကိုယ်တိုင် သည်ကို ရောက်နေပြီဖြစ်ရာ ရောက်တုန်းရောက်ခိုက် လမ်းကြုံ ကူညီပေးလိုက်လို့ ဘာများ နစ်နာသွားမှာမို့လို့နည်း။

သို့တိုင်အောင် တကယ်တမ်းတွင် ရူလိုင်ဘုရား သည် ဝင်ရောက်စွက်ဖက်၍ မရနိုင်ပေ။

ပထမအချက်အနေဖြင့် ဤသည်မှာ ဘေးဒုက္ခ ရှစ်ဆယ့်တစ်ပါး အနက်မှ စမ်းသပ်မှုတစ်ခု ဖြစ်နေသောကြောင့်ပင်။

ဒုတိယအချက်အနေဖြင့် သူက ထိုက်ရှန်းလောင်ကျွင်းကို ဆန့်ကျင်ပြီး အရေးယူရမည်တဲ့လော။ သူတို့ နှစ်ဦးစလုံးသည် သူတော်စင်တစ်ပိုင်းအဆင့် ကျင့်ကြံခြင်းစွမ်းရည် ရှိကြသော်လည်း အဆင့်အတန်းအရဆိုလျှင် သူက သေချာပေါက် နိမ့်ကျနေသည် မဟုတ်ပါလော။

"အရှင်ဘုရား... အဲဒါလည်း မဖြစ်နိုင်ဘူးလား..."

ရူလိုင်ဘုရား တစ်ယောက် စကားမပြောဘဲ တွေဝေနေသည်ကို မြင်သောအခါ ကျန်းလျိုသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ကာ အကူအညီမဲ့သည့် လေသံဖြင့် မေးလိုက်လေသည်။

"အောမိတော်ဖော... မိုင်ရှစ်သောင်း အနောက်အရပ် ခရီးစဉ်ဆိုတာ သဘာဝအားဖြင့် အခက်အခဲတွေနဲ့ ပြည့်နှက်နေတာပဲ… ဒီဒုက္ခတွေ အားလုံးက သင့်ရဲ့ အနောက်အရပ် ခရီးစဉ် အစိတ်အပိုင်းတွေပဲလေ… ဒါကြောင့် တခြားသူတွေဆီကနေ အလွယ်တကူ အကူအညီ မတောင်းသင့်ဘူး… သေချာတာပေါ့... တကယ်လို့ သင်ကိုယ်တိုင် ဖြေရှင်းလို့ မရနိုင်တော့တဲ့ ပြဿနာဆိုရင်တော့ အထက်က အကူအညီကို တောင်းခံဖို့ လက်ခံနိုင်ပါတယ်..."

ရူလိုင်ဘုရား က ပြန်လည်ဖြေကြားလိုက်သည်။

"ဒါပေမဲ့ တပည့်တော် အခု အဲဒါကို ဖြေရှင်းလို့ မရနိုင်တော့ဘူးလို့ ခံစားနေရတယ်..."

ရူလိုင်ဘုရားအား ဖိအားပေးသည့်ဟန်ဖြင့် ကျန်းလျိုက လှုံ့ဆော်တွန်းအားပေးလိုက်လေသည်။

"မင်းက မစမ်းကြည့်ဘဲနဲ့ ဘယ်လိုလုပ် ဖြေရှင်းလို့ မရဘူးဆိုတာကို သိနေရတာလဲ..."

ရူလိုင်ဘုရားက ဝင်ရောက်မစွက်ဖက်ရန် အခိုင်အမာ ဆုံးဖြတ်ထားဟန်ဖြင့် ပြောလိုက်လေသည်။

"ကောင်းပါပြီ... ဒီလိုမှဆိုရင်လည်း တပည့်တော် နားလည်ပါပြီ..."

အကြိမ်ကြိမ် ဖိအားပေးနေသော်လည်း ရူလိုင်ဘုရား၏ ရပ်တည်ချက် ပြောင်းလဲမသွားသည်ကို မြင်သောအခါ ကျန်းလျိုသည် အကူအညီမဲ့စွာ ခေါင်းခါလိုက်ပြီး သူ၏ အမူအရာမှာ လွန်စွာ စိတ်ပျက်သွားသည့်ဟန် ရှိလေသည်။

ကျန်းလျို၏ စိတ်ပျက်နေသော မျက်နှာကို ကြည့်ရင်း ရူလိုင်ဘုရားသည်လည်း အနည်းငယ် အနေခက်သွားလေသည်။

ဤအနောက်အရပ်သို့ ခရီးသွားခြင်း သည် ကောင်းကင်နှင့် မြေကြီးတို့က သတ်မှတ်ထားသော ကပ်ဘေးကြီးတစ်ခု ဖြစ်ပြီး သူကိုယ်တိုင်ပင် အလွန်အကျွံ ဝင်ရောက်စွက်ဖက်၍ မရနိုင်ပေ။ သို့သော်လည်း သေချာသည်က ကျန်းလျိုသည် ဤအရာများကို တစ်ခုမျှ မသိရှိပေ။

ကျန်းလျို၏ အမြင်တွင်မူ သူ ယခုလေးတင် တောင်းဆိုလိုက်သည့် အချက်မှာ အတော်လေး အဓိပ္ပာယ်ရှိသည် မဟုတ်ပါလော…။

စိတ်ပျက်စွာ ခေါင်းခါပြီးနောက် ကျန်းလျိုသည် ရူလိုင်ဘုရားထံသို့ အကြည့်ပြန်ရောက်သွားကာ ပေါ့ပေါ့ပါးပါး လေသံဖြင့် မေးလိုက်လေသည်။

"ဒါနဲ့ နေပါဦး အရှင်ဘုရား... ဒီကို ကြွလာတဲ့ ရည်ရွယ်ချက်က ဘာများလဲ သိပါရစေ..."

"အဲဒါက..."

ကျန်းလျို၏ မေးခွန်းကြောင့် ရူလိုင်ဘုရားမှာ တစ်ခဏမျှ မည်သို့ ပြန်လည်ဖြေကြားရမည်ကို မသေမချာ ဖြစ်သွားရလေသည်။ မူလက ရူလိုင်ဘုရား၏ ရည်ရွယ်ချက်မှာ သူ့ကို သေချာပေါက် ဆူပူကြိမ်းမောင်းရန် ဖြစ်သည်။

သူက တောက်ရွှိုင်နန်းတော် ကို သွားပြီး ဘယ်လိုလုပ် အရက်သောက်နိုင်ရသနည်း… ပြီးတော့ မူးတောင် မူးသွားသေးသည်တဲ့လော...။

မူးသွားခြင်းက တစ်ပိုင်းဖြစ်သော်လည်း သူက တောက်ရွှိုင်နန်းတော် ထဲရှိ နတ်ဆေးလုံးများကိုပါ အမှန်တကယ် ခိုးစားခဲ့သေးသည်။

ထိုဆေးလုံးများမှာလည်း သူ့ အတွက် လုံးဝ အသုံးမတည့်သော အလွန်တန်ဖိုးကြီးသည့် ဆေးလုံးများကို စားသုံးခဲ့ခြင်းပင် ဖြစ်သည်။

သို့သော်လည်း... ဤအချိန်တွင် ကျန်းလျို၏ ဆက်တိုက်တောင်းဆိုမှုများကို သူ မဖြည့်ဆည်းပေးခဲ့ရသည့်အပြင် သူ့ကို ထပ်ပြီး ဆူပူကြိမ်းမောင်းရဦးမည်တဲ့လော။

ရူလိုင်ပင်လျှင် ဤအချိန်တွင် မည်သို့ပြောရမည်ကို စကားမစနိုင်အောင် ဖြစ်နေလေသည်။

ရူလိုင်က ကျန်းလျိုအား မဆူပူတော့ရန် ဆုံးဖြတ်လိုက်ပြီး နောက်ဆုံးတွင် ပြောလိုက်လေသည်။

"ဘာမှ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး… မင်း တောက်ရွှိုင်နန်းတော် မှာ အရက်မူးသွားပြီးတဲ့နောက် ဆေးလုံးတော်တော်များများကို စားသုံးခဲ့မိတယ်လေ… ဒါကြောင့် မင်းကိုယ်စား ထိုက်ရှန်းလောင်ကျွင်းဆီ သွားပြီး တောင်းပန်ပေးခဲ့တာပါ..."

သူ၏ကိုယ်စား ကိစ္စတစ်ရပ်ကို လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ရာ မျက်နှာသာရလိုသည့်ဟန်ဖြင့် ၎င်းကို ထည့်သွင်းပြောဆိုရမည်သာ ဖြစ်သည်။

"တပည့်တော် ရဲ့ အမှားပါ… အရှင်ဘုရားကို တပည့်တော် ကိုယ်စား တောင်းပန်ပေးစေခဲ့ရလို့ပါ..."

ရူလိုင်ဘုရား၏ ဆိုလိုရင်းကို နားလည်သွားသော ကျန်းလျိုသည် ထိုစကားအတိုင်း လိုက်လျောညီထွေ တုံ့ပြန်လိုက်ပြီး သူ၏ ကျေးဇူးတင်မှုကို အထပ်ထပ် ဖော်ပြလိုက်လေသည်။

ထိုအရာက သူ လိုချင်သော တုံ့ပြန်မှုပင် ဖြစ်သည်။ ကျန်းလျို၏ ကျေးဇူးတင်နေသော မျက်နှာကို မြင်သောအခါ ရူလိုင်က ခေါင်းကို အနည်းငယ် ညိတ်လိုက်၏။

"ထိုက်ရှန်းလောင်ကျွင်းကို တောင်းပန်ဖို့နဲ့ လျော်ကြေးပေးဖို့အတွက် ငါ တန်ဖိုးကြီးတဲ့ ရတနာများစွာကို ပေးအပ်ခဲ့ရသလို ငါ့ကိုယ်ငါလည်း အရှက်ကွဲခံခဲ့ရတယ်… မင်းအနေနဲ့လည်း နောက်ဆုတ်မသွားဘဲ အနောက်အရပ် ခရီးစဉ်ကို ဘယ်တော့မှ အရှုံးမပေးဖို့ မျှော်လင့်ပါတယ်..."

ဆူပူကြိမ်းမောင်းခြင်း ခံရမည့်အရာက အားပေးစကားအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ ကျန်းလျိုသည် ရူလိုင်ဘုရား အပေါ် သူ၏ အလွန်အမင်း ရိုသေလေးစားမှုကို ပြသချင်သည့်အလား ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ပြလိုက်လေသည်။

"စိတ်ချပါ ဘုရား… တပည့်တော် က ဗုဒ္ဓဘုရား ရဲ့ သွန်သင်ဆုံးမမှုတွေကို သေချာပေါက် မှတ်သားထားပါ့မယ်..."

***

All Chapters