← Chapters

အခန်း ၃၈၂

Vol. 28 Ch. 382

အခန်း ၃၈၂

Vol. 28 Ch. 382

အပိုင်း(၃၈၂)

အမည် - ငွေချိုဘုရင် (အပြာရောင်)

ကျား/မ - ကျား

အသက်မွေးဝမ်းကျောင်း - မိစ္ဆာ မျိုးနွယ်

အဆင့် - ၇၁

ပစ္စည်းကိရိယာ - ခရမ်းရွှေဘူးသီး (ဒဏ္ဍာရီလာ အရည်အသွေး) - လိုအပ်သော အဆင့်သတ်မှတ်ချက် မရှိပါ...

"ဒီ ငွေချိုဘုရင် က အဆင့် ၇၁ ခွန်အားကိုတောင် ပိုင်ဆိုင်ထားတယ် ဟုတ်လား... ပြီးတော့ အပြာရောင် အရည်အသွေး အချက်အလက် မျက်နှာပြင်နဲ့တဲ့လား..."

ငွေချိုဘုရင်၏ ဇာတ်ကောင် အချက်အလက်များကို မြင်ပြီးနောက် ကျန်းလျိုသည် စိတ်ထဲမှ အံ့အားသင့်သွားမိလေသည်။

သို့ရာတွင် ထပ်မံစဉ်းစားကြည့်သောအခါ ထိုက်ရှန်းလောင်ကျွင်း လက်အောက်မှ အစေခံကောင်လေး တစ်ယောက်ဖြစ်ရန်မှာ စွမ်းရည်တစ်ချို့တစ်ဝက်မရှိဘဲ လုံးဝ မဖြစ်နိုင်ပေ။

အဆင့် ၇၁ ဆိုသည်မှာ ထိုက်ယီ အစစ်အမှန် နတ်မင်း ၏ နယ်ပယ်ထဲသို့ ခြေချခါစ အဆင့်သာ ရှိပေသေးသည်။

မူရင်းဇာတ်လမ်းထဲတွင် ရွှေချိုဘုရင်နှင့် ငွေချိုဘုရင်တို့သည် သူတို့၏ မှော်လက်နက်များကို အားကိုးခြင်းဖြင့်သာ စွန်းဝူခုန်းကို ရင်ဆိုင်နိုင်ခဲ့ကြခြင်းဖြစ်ရာ သူတို့၏ တကယ့်အစွမ်းအစမှာ သိပ်ပြီး မသန်မာလှဘူးဟု အမြဲလိုလို ခံစားရစေခဲ့သည်။

သို့သော် ၎င်းမှာ သူတို့ မည်သူနှင့် ယှဉ်ပြိုင်နေသနည်းဆိုသည့်အပေါ်တွင်လည်း မူတည်နေပေသည်။ အဆင့် ၇၁ သာ ရှိသေးသူတစ်ယောက်အနေဖြင့် စွန်းဝူခုန်း၏ ပြိုင်ဘက်မဖြစ်နိုင်ခြင်းမှာ လုံးဝ ယုတ္တိကျနေသည် မဟုတ်ပါလော။

ထို့ပြင် စွန်းဝူခုန်းသည်လည်း ရွှေရောင် ဘော့စ်အဆင့် ဇာတ်ကောင် အချက်အလက် မျက်နှာပြင်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်။

"ခဏနေပါဦး..."

ငွေချိုဘုရင်၏ ဇာတ်ကောင် အချက်အလက်များကို အကဲဖြတ်ပြီးနောက် သူ၏ဆီသို့ ပြေးဝင်လာသည်ကို မြင်သောအခါ ကျန်းလျိုသည် လက်ကိုမြှောက်ကာ စကားစလိုက်လေသည်။

"ဘာလုပ်ဖို့လဲ..."

ထိုစကားကို ကြားသောအခါ ငွေချိုဘုရင်သည် အမှန်တကယ်ပင် ရပ်တန့်သွားပြီး သူ၏ မျက်နှာပေါ်တွင် ကြမ်းကြုတ်သော အမူအရာဖြင့် သတိပေးလိုက်သည်။

"မင်းကို ငါ ပြောမယ်… လူသားအသားကို အရသာမခံရတာ အတော်လေး ကြာနေပြီ… ဒီနေ့ မင်းလို နုနယ်လတ်ဆတ်တဲ့ ရဟန်းလေးနဲ့ တွေ့မှတော့ ငါ မင်းကို လွှတ်မပေးနိုင်ဘူး..."

"ကိစ္စမရှိပါဘူး… မင်းကြီးက ငါ့ကို ဖမ်းပြီး စားချင်နေမှတော့ ငါလည်း မခုခံနိုင်ပါဘူး… ဒါကြောင့် မင်းနောက်ကို သဘောတူတူ လိုက်ခဲ့ပါ့မယ်..."

ကျန်းလျိုက လက်ဝှေ့ယမ်းလိုက်ပြီး တစ်ဖက်လူနှင့် လိုက်သွားရန် အလိုအလျောက်ပင် သဘောတူလိုက်လေသည်။

"ဟင်..."

ငွေချိုဘုရင်၏ မျက်နှာပေါ်ရှိ ကြမ်းကြုတ်သော အမူအရာမှာ တစ်ခဏမျှ အေးခဲသွားပြီး ကျန်းလျိုအား မယုံနိုင်စွာ ကြည့်လိုက်လေသည်။

ကျန်းလျို၏ သမားရိုးကျမဟုတ်သော တုံ့ပြန်မှုက ငွေချိုဘုရင်ကို လုံးဝ အံ့အားသင့်သွားစေခဲ့သည်။

ယုတ္တိဗေဒအရဆိုလျှင် အဖမ်းခံရမည်ဟု ကြားပြီးနောက် ဤရဟန်းလေးသည် အသက်လု၍ ထွက်ပြေးရန် ကြိုးစားသင့်သည် မဟုတ်ပါလော… အနည်းဆုံးတော့ အသက်ချမ်းသာပေးရန် တောင်းပန်သင့်သည် မဟုတ်ပါလော…။

ကျန်းလျို အတွက်မူ အခြားရွေးချယ်စရာ မရှိပါချေ။ အဆင့် ၇၁ အပြာရောင် အရည်အသွေး နှင့် ခရမ်းရွှေဘူးသီး ၊ ကြယ်ခုနစ်ပွင့် ရတနာဓား ကဲ့သို့သော ရတနာများကို ပိုင်ဆိုင်ထားသောကြောင့် အကယ်၍ ငွေချိုဘုရင်သာ သူ့ကို အမှန်တကယ် ဖမ်းဆီးရန် ဆုံးဖြတ်ခဲ့ပါက သူ ခုခံနိုင်မည်မဟုတ်ကြောင်းကို ကျန်းလျို သိထားလေသည်။

အဆင့်ကွာဟချက်မှာ ကြီးမားလွန်းလှရာ ဝစီပိတ်တရားနှင့် သိုးအသွင်ပြောင်း နည်းစနစ် ကဲ့သို့သော ဥပဒေသအခြေခံ စွမ်းရည်များကို အသုံးပြုလျှင်ပင် သေးငယ်သော ရုန်းကန်မှုလေးသာ ဖြစ်ပေလိမ့်မည်။

ရလဒ်က ရှောင်လွှဲ၍မရနိုင်မှတော့ ဘာလို့ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား လိုက်မသွားရမည်နည်း။

ထို့ပြင် ဤ အနောက်အရပ်သို့ ခရီးသွားခြင်း ကမ္ဘာကြီးတွင် သေချင်လျှင်ပင် သေရန်မှာ သိပ်မလွယ်ကူလှပေ…

မူလကတည်းက ကြီးမားသော အန္တရာယ်များစွာ မရှိသောကြောင့် သူသည် ခုခံရန်ပင် ပျင်းရိနေခဲ့သည်။

ဆိုရိုးစကား ရှိသည် မဟုတ်ပါလော…

‘ဘဝဆိုတာ အနိုင်ကျင့်ခံရတာနဲ့ တူတယ် ပြန်မခုခံနိုင်ရင် အဲဒီအခြေအနေကို သာယာအောင် နေလိုက်တာ အကောင်းဆုံးပဲ’ ဟူ၍...။

"ဟေး... ဘာတွေ ကြောင်ကြည့်နေတာလဲ… ဘာလို့ အချိန်ဆွဲနေတာလဲ… သွားမှာလား မသွားဘူးလား… မင်းရဲ့ မိစ္ဆာဂူ က ဘယ်မှာလဲ..."

ငွေချိုဘုရင် တစ်ယောက် နေရာမှာတင် ရပ်တန့်နေသည်ကို မြင်သောအခါ ကျန်းလျိုက အလျင်စလို မေးလိုက်လေသည်။

"အော်... ဟုတ်သားပဲ… ရွှမ်ကျန်းဆရာတော်... ဒီဘက်ကို ကြွပါ..."

ကျန်းလျို၏ စကားကြောင့် သတိဝင်လာသော ငွေချိုဘုရင်က ပြန်ဖြေလိုက်ပြီး သူ၏ မိစ္ဆာဂူ ဆီသို့ လမ်းပြခေါ်ဆောင်သွားလေသည်။

သို့ရာတွင် ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ငွေချိုဘုရင်သည် တစ်ခုခု မှားယွင်းနေကြောင်းကို ခံစားလိုက်ရလေသည်။

သို့သော် အတိအကျ ဘာမှားနေသနည်း။ ယခုလောလောဆယ်တွင် သူ ရေရေရာရာ မပြောနိုင်သေးချေ။

ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ငွေချိုဘုရင်သည် ထပ်မံဂရုမစိုက်တော့ဘဲ ကျန်းလျိုအား ဆက်လက် လမ်းပြခေါ်ဆောင်သွားလေသည်။ မကြာမီမှာပင် သူတို့သည် မိစ္ဆာဂူ တစ်ခုသို့ ရောက်ရှိသွားကြလေသည်။

"ဟင်... ဒါက မင်းရဲ့ မိစ္ဆာဂူ လား..."

ဖျင်တင့်တောင် ပေါ်ရှိ မိစ္ဆာဂူ သို့ရောက်သောအခါ ကျန်းလျိုက မထီမဲ့မြင်ဟန်ဖြင့် ကြည့်လိုက်ပြီး ခေါင်းခါလိုက်လေသည်။

"ဘာဖြစ်လို့လဲ... ငါ့ရဲ့ မိစ္ဆာဂူ က အားမလိုအားမရ ဖြစ်စရာ တစ်ခုခု ရှိနေလို့လား..."

ငွေချိုဘုရင်မှာ ကျန်းလျိုကို အထဲသို့ ခေါ်ဆောင်သွားရင်း သူ၏ မျက်နှာအမူအရာကို သတိထားမိကာ မေးလိုက်လေသည်။

"အင်း... ဘာစတိုင်မှကို မရှိဘူးကွာ..."

မျက်လုံးများကို ပွတ်သပ်ရင်း မိစ္ဆာဂူ အတွင်း ရုတ်တရက် မှောင်ကျသွားသော အလင်းရောင်နှင့် အသားကျအောင် လုပ်ကာ ကျန်းလျိုက မှတ်ချက်ချလိုက်သည်။

"ဒီက အလင်းရောင်က မလုံလောက်ဘူး… ပြီးတော့ လေဝင်လေထွက်လည်း မကောင်းဘူး... နည်းနည်း စိုစွတ်နေသလို ခံစားရတယ်..."

ငွေချိုဘုရင်၏ နောက်မှ လိုက်သွားရင်း ကျန်းလျိုသည် မိစ္ဆာဂူ တစ်ခွင်ကို လိုက်လံကြည့်ရှုကာ အရာအားလုံးကို မှတ်ချက်ချနေလေသည်။ ကျန်းလျို၏ အရှေ့မှ ငွေချိုဘုရင် လျှောက်သွားနေပုံမှာ သူ့အတွက် လမ်းရှင်းပေးနေသော အစေခံတစ်ဦးနှင့် တူနေလေသည်။ ၎င်းမှာ စားသောက်ဆိုင်သို့ သွားသည့်အခါ စားပွဲထိုးများက ဦးညွှတ်ပြီး လမ်းပြခေါ်ဆောင်သွားသည်နှင့် အလားသဏ္ဌာန်တူနေပေသည်။

နောက်သို့လှည့်ကာ ကျန်းလျို၏ အမူအကျင့်ကို မြင်သောအခါ သူကိုယ်တိုင်က အစေခံလမ်းပြတစ်ဦးလို ဖြစ်နေကြောင်း သဘောပေါက်သွားပြီး ငွေချိုဘုရင်က ပြောလိုက်လေသည်။

"ခဏနေပါဦး... မင်း အရှေ့က သွား..."

ထို့နောက်... ငွေချိုဘုရင်သည် ကျန်းလျို၏ နောက်မှ လိုက်လျှောက်သွားခဲ့ပြီး သူ့ကို အရှေ့မှ ဦးဆောင်သွားစေလေသည်။

ကျန်းလျိုသည် အကျဉ်းသားတစ်ယောက်ဖြစ်နေသည်ဟူသော အသိစိတ် လုံးဝမရှိဘဲ အေးအေးလူလူ လျှောက်သွားနေကာ မိမိ၏ ကိုယ်ပိုင်နယ်မြေကို စစ်ဆေးနေသည့်အလား နောက်ကျောဘက်တွင် လက်ကို ပစ်လျှက် လျှောက်လှမ်းသွားလေသည်။

ထို့ပြင် သူသည် မိစ္ဆာဂူ အတွင်းရှိ မိစ္ဆာငယ် အနည်းငယ်ကို ကြည့်ရှုလိုက်ပြီး မှတ်ချက်ချလေသည်။

"ဒီ ဖျင်တင့်တောင် ပေါ်မှာ မိစ္ဆာငယ် သိပ်များများစားစား မရှိပါလား... မင်းတို့ရဲ့ မိသားစုလုပ်ငန်းက သိပ်အဆင်ပြေပုံမရဘူးနော်..."

သည်တစ်ကြိမ်တွင်ရော ဘာထူးလို့နည်း။

ကျန်းလျိုသည် နောက်ကျောဘက်တွင် လက်ကို ပစ်လျှက် အေးအေးလူလူ လျှောက်လှမ်းရင်း မိစ္ဆာဂူ အတွင်းရှိ အရာအားလုံးကို ဝေဖန်မှတ်ချက်ချနေခဲ့သည်။ ငွေချိုဘုရင်ကမူ သူ၏ နောက်မှ အစေခံတစ်ယောက်ကဲ့သို့ လိုက်ပါသွားလေသည်။

ပုံမှန်အားဖြင့် အပြင်ထွက်သည့်အခါ သခင်ဖြစ်သူက ရှေ့မှသွားပြီး အစေခံများက နောက်မှလိုက်ရသည် မဟုတ်ပါလော။

ငွေချိုဘုရင်သည် ခေါင်းကို ကုတ်လိုက်ပြီး တစ်ခုခုတော့ သေချာပေါက် မှားယွင်းနေပြီဟု ခံစားလိုက်ရလေသည်။

ရှေ့မှ လမ်းပြခေါ်ဆောင်သည်ဖြစ်စေ နောက်မှ လိုက်ပါသွားသည်ဖြစ်စေ နှစ်ခုစလုံးမှာ တစ်နည်းနည်းဖြင့် မသင့်တော်သကဲ့သို့ ရှိနေပေတောာ့သည်။

***

All Chapters