← Chapters

အခန်း ၃၈၃

Vol. 28 Ch. 383

အခန်း ၃၈၃

Vol. 28 Ch. 383

အပိုင်း(၃၈၃)

မိစ္ဆာဂူ၏ အနက်ရှိုင်းဆုံး နေရာတွင် ရွှေချိုဘုရင် သည် သူ၏ ပလ္လင်ပေါ်၌ တိတ်ဆိတ်စွာ ထိုင်နေစဉ် မိစ္ဆာငယ် တစ်ကောင်ထံမှ ဒုတိယဘုရင်က ထန်ဆရာတော် ကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းပို့သံကို ကြားလိုက်ရလေသည်။

“ဟား... ဟား... ဟား...”

ရွှေချိုဘုရင်မှာ အသံထွက်လျှက် အားရပါးရ ရယ်မောလိုက်လေတော့သည်။ ဤသည်မှာ လွယ်ကူသောကိစ္စမဟုတ်ပေ။ နောက်ဆုံးတွင်တော့ သူတို့သည် ထန်ဆရာတော် ကို ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်သည်။ သို့မဟုတ်ပါက မည်သည့်အချိန်ကျမှ ဖြစ်လာမည်ကို မည်သူက သိနိုင်မည်နည်း။

ရယ်မောနေစဉ်မှာပင် ရွှေချိုဘုရင်သည် သူ့ဆီသို့ လျှောက်လာနေသော ကျန်းလျို နှင့် ငွေချိုဘုရင် တို့ကို မြင်လိုက်ရလေသည်။

သို့ရာတွင် ကျန်းလျို ၏ အေးအေးလူလူ လမ်းလျှောက်လာမှုနှင့် သူ၏နောက်မှ အစေခံတစ်ယောက်ကဲ့သို့ လိုက်ပါလာသော ငွေချိုဘုရင် တို့ကို မြင်သောအခါ ရွှေချိုဘုရင် ၏ ရယ်မောသံမှာ ရုတ်တရက် ရပ်တန့်သွားလေသည်။

"နေပါဦး... ခုနက မင်း ဘယ်လိုပြောလိုက်တယ်... ဒုတိယဘုရင် က ထန်ဆရာတော် ကို ဖမ်းလာတာဆို... ဒီပုံစံကို ကြည့်ရတာ သူ အဖမ်းခံလာရတာ သေချာလို့လား..."

ရယ်မောသံများ ရပ်တန့်သွားပြီးနောက် ရွှေချိုဘုရင် သည် ဘေးရှိ မိစ္ဆာငယ် တစ်ကောင်ဘက်သို့ လှည့်ကာ မေးလိုက်လေသည်။

ထိုစကားကို ကြားသောအခါ မိစ္ဆာငယ် တစ်ကောင်က မျက်နှာပျက်ပျက်ဖြင့် ပြန်ဖြေလိုက်လေသည်။

"အဲဒါ... အဲဒါကို ကျွန်တော်မျိုးလည်း မသိပါဘူးဗျာ..."

"ကောင်းပြီ... သွားတော့..."

မိစ္ဆာငယ် ၏ မျက်နှာအမူအရာကို ကြည့်ပြီးနောက် ရွှေချိုဘုရင် သည် လက်ကိုဝှေ့ယမ်းပြကာ ပြောလိုက်လေသည်။

စကားပြောဆိုနေစဉ်မှာပင် သူသည် မတ်တတ်ရပ်ကာ သူတို့ကို ကြိုဆိုရန် သွားလိုက်သည် ။

"ဟားဟားဟား... ညီတော်... ကောင်းလိုက်တဲ့ လုပ်ရပ်ပဲ… မင်း နောက်ဆုံးတော့ ထန်ဆရာတော် ကို ဖမ်းမိ..."

"မင်းက ရွှေချိုဘုရင် မလား..."

သို့သော် ရွှေချိုဘုရင် စကားပြော၍ မဆုံးမီမှာပင် ကျန်းလျို က စကားစလိုက်၏။ သူ၏ အကြည့်များက ရွှေချိုဘုရင် အပေါ်သို့ ကျရောက်သွားလေသည်။

"ဟား ဟား ဟား... အင်း..."

ကျန်းလျို၏ စကားကြောင့် ရွှေချိုဘုရင် မှာ မှင်သက်သွားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ဟုတ်တယ်... တကယ်ပဲ ငါက ဘုရင်ပဲ... အရှေ့ဘက် တာ့ထန်ပြည် က ရဟန်းတစ်ပါး အနောက်ကောင်းကင်ဘုံကို ခရီးသွားနေတယ်ဆိုတာ ငါ ကြားနေတာ ကြာပြီ... ပြီးတော့ သူ့ရဲ့ အသားတစ်ဖဲ့ကို စားလိုက်ရုံနဲ့ ထာဝရအသက်ရှင်နိုင်တယ် ဆိုပဲ... ဟီးဟီး..."

"သူ့အသားကို စားရင် ထာဝရအသက်ရှင်နိုင်တယ် ဟုတ်လား..."

ထိုစကားကို ကြားသောအခါ ပတ်ဝန်းကျင်ရှိ မိစ္ဆာငယ် များစွာ၏ မျက်လုံးများ အရောင်လက်သွားကြပြီး ကျန်းလျို အား အံ့သြဝမ်းသာစွာဖြင့် ကြည့်လိုက်ကြလေသည်။

အကယ်၍ ၎င်းသာ အမှန်တကယ်ဖြစ်ပါက ၎င်းသည် ကြီးမားလှသော ကံကောင်းခြင်းကြီး တစ်ရပ်ပင် ဖြစ်ပေလိမ့်မည်။

"အော်... ငါက ဒီကို ရောက်နေပြီပဲ... သတ်ချင်သတ်… အရေခွံခွာချင်ခွာ... မင်းတို့ သဘောပဲ..."

ရွှေချိုဘုရင် ၏ စကားကို နားထောင်ပြီးနောက် ကျန်းလျို သည် အကြောက်တရား အနည်းငယ်မျှပင် မရှိဘဲ အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။

"မင်းကြီး... ဒီ ရဟန်းလေး က ဒီလောက်တောင် လိုက်လျောနေမှတော့… သူ့ကို အရင်ဆုံး အရေခွံခွာပြီး အိုးကြီးတစ်လုံးထဲမှာ ပြုတ်လိုက်ကြရအောင်..."

ကျန်းလျို စကားပြောအပြီးတွင် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော မိစ္ဆာစစ်သူကြီး တစ်ကောင်သည် စိတ်လှုပ်ရှားမှုများ တောက်ပနေသည့် မျက်နှာဖြင့် ခုန်ထွက်လာခဲ့ပြီး သံမဏိဓားတစ်လက်ကို ကိုင်ဆောင်ကာ ကျန်းလျို ထံသို့ ခုတ်ပိုင်းရန် အလောတကြီး ပြင်လိုက်လေသည်။

ဘုန်း..

သို့သော်လည်း ဓား မကျရောက်မီမှာပင် ရုတ်တရက် မိစ္ဆာအိုကြီး၏ အမြင်အာရုံများ မှုန်ဝါးသွားပြီး သူ၏ စိတ်အာရုံမှာ လုံးဝ ဗလာကျင်းသွားလေတော့သည်။

မိစ္ဆာအိုကြီးသည် သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရပြီးနောက် သူ၏ ရောင်ရမ်းနေသော ပါးပြင်ကို ဖုံးအုပ်ကာ ငွေချိုဘုရင် အား မယုံကြည်နိုင်လောက်အောင် အံ့သြရှုပ်ထွေးစွာဖြင့် ကြည့်လိုက်လေသည်။

သူ့ကို အဘယ်ကြောင့် တားဆီးရသနည်း… ထိုအသားတစ်ဖဲ့ကို စားသုံးလိုက်ခြင်းက ထာဝရအသက်ရှင်ခြင်းကို ပေးစွမ်းနိုင်သည် မဟုတ်ပါလော…

"မလောနဲ့ဦး... သူ့ကို ရက်ပိုင်းလောက် သန့်သန့်ရှင်းရှင်း ထားပြီးမှ ဆုံးဖြတ်ကြတာပေါ့..."

မိစ္ဆာအိုကြီး ၏ မယုံကြည်နိုင်သော အမူအရာနှင့် မိစ္ဆာဂူ အတွင်းရှိ အခြား မိစ္ဆာငယ် များ၏ နားမလည်နိုင်သော အကြည့်များကို မြင်သောအခါ ငွေချိုဘုရင် က ပြောလိုက်လေသည်။

ဤ မိစ္ဆာဂူအတွင်း၌ ကျန်းလျို သည် လုံးဝ ကြောက်ရွံ့ခြင်းမရှိချေ။ ဤ မိစ္ဆာငယ် များအဖို့ သူသည် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို ဂရုမစိုက်သူ တစ်ယောက်ကဲ့သို့ ထင်မှတ်ရလေသည်။

ဥပမာအားဖြင့် ငွေချိုဘုရင် က သူ့ကို ဖမ်းချင်သည်ဆိုပါက...

“ကောင်းပြီလေ... မင်း ငါ့ကို ဖမ်းနေစရာမလိုဘူး… တိုက်ခိုက်ရတဲ့ ဒုက္ခကင်းသွားအောင် မင်းနောက်ကို ငါ့ဘာသာ လိုက်ခဲ့မယ်” ဆိုသည့်သဘောပင်…။

သို့မဟုတ် ရွှေချိုဘုရင် က သူ့ကို စားချင်သည်ဟု ဆိုလာပါက...

“ရပါတယ်... မင်းသဘောပဲ… သတ်ချင်သတ် အရေခွံခွာချင်ခွာ အားလုံး အဆင်ပြေတယ်...”

ဟူ၍ ဖြစ်၏…။

ကျန်းလျို အတွက်က အရာအားလုံး ရှင်းလင်းနေသည်။ အပြင်ပန်းကြည့်လျှင် သူတို့သည် သူ့ကို တကယ်ပဲ စားရန် ရည်ရွယ်ထားပုံရသော်လည်း ဤအရာအားလုံးမှာ ဟန်ပြသက်သက်သာ ဖြစ်ပေသည်။ သူ့ကို အမှန်တကယ် သတ်ဖြတ်ခြင်းက ပြဿနာရှာခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ငွေချိုဘုရင်သည် ထို မိစ္ဆာအိုကြီး အား ကျန်းလျို ကို တကယ်သတ်ခွင့် ပြုလိမ့်မည် မဟုတ်ချေ။

မိစ္ဆာငယ်များ၏ နားမလည်နိုင်သော မျက်နှာများကို ရင်ဆိုင်ရသောအခါ ငွေချိုဘုရင်သည် ဤဘုန်းကြီးကို ရက်အနည်းငယ်ခန့် ထားပြီးမှ ဆုံးဖြတ်မည်ဟုသာ ပြောနိုင်တော့သည်။

ငွေချိုဘုရင်၏ စကားကို ကြားသောအခါ မိစ္ဆာဂူ အတွင်းရှိ မိစ္ဆာငယ် များသည် မည်သို့မျှ မပြောနိုင်ကြတော့ဘဲ ကျန်းလျို အား ကြိုးများဖြင့် တုပ်နှောင်ကာ ထွက်မပြေးနိုင်စေရန် ကျောက်ခန်း တစ်ခုအတွင်း၌ ထားရှိလိုက်ကြလေသည်။

"ဟူး... ငါ ဒီ အနောက်အရပ် ခရီးကို စတင်ခဲ့တာ တစ်နှစ်ကျော်နေပြီ… အခုမှပဲ မိစ္ဆာ တစ်ကောင်ရဲ့ ဖမ်းဆီးတာကို ခံရတော့တယ်ပေါ့..."

ကျောက်ခန်း အတွင်း၌ ကျန်းလျိုသည် သူ့ကို တုပ်နှောင်ထားသော ကြိုးများကို ကြည့်ရင်း စိတ်ခံစားမှုအချို့ဖြင့် ခေါင်းကို မခါယမ်းဘဲ မနေနိုင်တော့ချေ။ မည်သို့ပင်ဆိုစေ ထန်ဆရာတော် ကဲ့သို့သော ဇာတ်ကောင်တစ်ဦးအနေဖြင့် မိစ္ဆာ များ၏ ဖမ်းဆီးခြင်းကို မခံရပါက အနည်းငယ် ယုတ္တိမတန်သကဲ့သို့ ဖြစ်နေမည် မဟုတ်ပါလော…။

သို့သော် ဤကဲ့သို့သော ချုပ်နှောင်မှုများမှာ သူ့အတွက်မူ အပိုအလုပ်များသာ ဖြစ်ပုံရပေသည်။ ကြိုးမှာ အထူးပြုလုပ်ထားပုံရပြီး ဖြတ်တောက်၍မရနိုင်သော်လည်း သူသည် မိမိကိုယ်ကို ဖယ်ရှားခြင်း ဂါထာ တစ်ခု ရွတ်ဆိုလိုက်ရုံဖြင့် ဤအခြေအနေမှ လွတ်မြောက်နိုင်သည် မဟုတ်ပါလော…။

သို့သော် ယခုအခါ သူ အဖမ်းခံထားရပြီး စွန်းဝူခုန်း သည်လည်း မန်နာများ ဆုံးရှုံးကာ ခရမ်းရွှေဘူးသီး အတွင်း၌ အကျဉ်းကျနေပြီဖြစ်ရာ နောက်ထပ် ဘာဆက်လုပ်ရမည်နည်း။ သူကိုယ်သူ ဘယ်လို ကယ်တင်ရမည်နည်း။ သို့မဟုတ် ဤကောင်းကင်ဘုံက ချမှတ်ထားသော ကပ်ဘေးကြီးကို သူ မည်သို့ ဇာတ်မျောလိုက်ရမည်နည်း။

ကျန်းလျို သည် အလျင်စလို မရှိဘဲ ကျေနပ်စွာ စောင့်ဆိုင်းနေပြီး တည်ငြိမ်စွာပင် ထိုင်ချလိုက်ကာ မျက်လုံးများကို မှိတ်၍ ကောင်းကင်နဂါး ဓမ္မတေးသံ ကျင့်စဉ်ကို တိတ်ဆိတ်စွာ လေ့ကျင့်နေလေတော့သည်။ ထိုသို့ဖြင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် သုံးရက်ကြာလွန်သွားခဲ့လေသည်။

ကျန်းလျို သည် သူ၏ နေရာတွင် ကျေနပ်စွာ ဆက်လက်ရှိနေခဲ့ပြီး စွန်းဝူခုန်း မှာမူ ခရမ်းရွှေဘူးသီး ထဲတွင် ပိတ်မိနေကာ သူ၏ မန်နာ စွမ်းအားများ ပြန်လည်ပြည့်ဝလာသည့်တိုင်အောင် လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။

ကျူးပါကျဲ နှင့် အခြားသူများသည် နတ်စံအိမ်တော် အတွင်း၌ စောင့်ဆိုင်းနေဆဲ ဖြစ်လေသည်။

ဆရာတော် နှင့် အစ်ကိုကြီးတို့ ကောင်းကင်ဘုံ သို့ သွားကြခြင်းဖြစ်ရာ တစ်လ နှစ်လခန့် ကြန့်ကြာနေခြင်းမှာ ထူးဆန်းသောအရာ မဟုတ်ပေ။

တစ်နေ့တွင် ရွှေချိုဘုရင် နှင့် ငွေချိုဘုရင် တို့ နှစ်ဦးတည်းသာ ရှိနေပြီး မိစ္ဆာဂူ အတွင်းရှိ မိစ္ဆာငယ် များ အားလုံးကို ဆင်ခြေပေးကာ အဝေးသို့ စေလွှတ်လိုက်ကြလေသည်။

"နောက်ထပ် ဘာဆက်လုပ်သင့်တယ်လို့ မင်းထင်လဲ... ထန်ဆရာတော် ကို ကယ်ဖို့ တစ်ယောက်ယောက်လာအောင် ငါတို့ ဘယ်လို စီစဉ်သင့်သလဲ..."

ရွှေချိုဘုရင် သည် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး ငွေချိုဘုရင် နှင့်အတူ နောက်တစ်ဆင့် လုပ်ဆောင်ရမည့် အရာများကို ချက်ချင်းပင် စတင်ဆွေးနွေးလေတော့သည်။

တာအို ဘိုးဘိုးကြီး၏ ညွှန်ကြားချက်အရ ထန်ဆရာတော် ကို ဖမ်းဆီးပြီး ဤ မိစ္ဆာဂူ တွင် ချုပ်နှောင်ထားခြင်းက ကပ်ဘေးတစ်ခု၏ အပြီးသတ်ကို ရည်ညွှန်းပေသည်။ နောက်တစ်ဆင့်သည် ဤပြဇာတ်ကို အဆုံးသတ်ရန်သာဖြစ်သည်။ သို့မှသာ ထန်ဆရာတော် ကို အောင်မြင်စွာ ကယ်တင်နိုင်ပြီး သည်ကိစ္စက ကျေနပ်စရာကောင်းလောက်အောင် ပြီးဆုံးသွားမည် ဖြစ်သည်။

"အင်း... တကယ်ပဲ ငါတို့ အစီအစဉ်တစ်ခု စဉ်းစားဖို့ လိုတယ်..."

ငွေချိုဘုရင်ကလည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ချက်ချင်းပင် သူတို့နှစ်ယောက်သည် ထန်ဆရာတော် ကို ကယ်တင်ရန် မည်သို့ အကြောင်းပြချက်ဖန်တီးရမည် ဆိုသည်ကို စတင်ဆွေးနွေးကြတော့သည်။

"အဲဒီမျောက်က ခရမ်းရွှေဘူးသီးထဲမှာ ပိတ်မိနေတာဆိုတော့ သူ့ကို အပြင်ထွက်ခွင့်ပေးဖို့ နည်းလမ်းတစ်ခုခုတော့ ရှာရမယ်ထင်တယ်..."

ရွှေချိုဘုရင်သည် အခြေအနေအားလုံးမှာ စွန်းဝူခုန်း အပေါ်မှာပဲ မူတည်နေသည်ဟု ခံစားမိပြီး တွေးတောပြောဆိုလိုက်သည်။

"အင်း... သူ့ကို ဒီရက်ပိုင်း ပိတ်လှောင်ထားတာဆိုတော့ နည်းနည်းတော့ ဒုက္ခရောက်လောက်ပြီ..."

ငွေချိုဘုရင် က ခေါင်းညိတ်လိုက်သည်။ သူသည် စွန်းဝူခုန်း ကောင်းကင်ဘုံမှာ သောင်းကျန်းခဲ့တုန်းက ပါကွ မီးဖိုကြီးထဲ အထည့်ခံခဲ့ရတဲ့အပေါ် အငြိုးထားနေတုန်း ဖြစ်သည်။ ထို့ကြောင့်... စွန်းဝူခုန်း ခရမ်းရွှေဘူးသီး ထဲ ပိတ်မိနေတာကို တွေးပြီး အတော်လေး ကျေနပ်နေမိသည်။

ခဏတဖြုတ် ဆွေးနွေးပြီးနောက်တွင် ရွှေချိုဘုရင် နဲ့ ငွေချိုဘုရင် တို့က စွန်းဝူခုန်း ကို တိတ်တဆိတ် လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။

***

All Chapters