← Chapters

အခန်း ၃၈၄

Vol. 28 Ch. 384

အခန်း ၃၈၄

Vol. 28 Ch. 384

အပိုင်း(၃၈၄)

ထိုညတွင် ခွက်ပိုနည်းနည်း သောက်လိုက်ပြီးနောက် ငွေချိုဘုရင်သည် အတော်လေး မူးယစ်နေပြီဖြစ်သည်။ သူသည် ခရမ်းရွှေဘူးသီး ကို ထုတ်ပြီး လှုပ်ကြည့်လိုက်၏။

"ဒီမျောက် ဒီအထဲမှာ ပိတ်မိနေတာ ရက်အတော်ကြာပြီ... သေများ သေနေပြီလား မသိဘူး..."

သူက မူးနေသည့် လက္ခဏာများကို အထင်အရှားပြသနေပြီး ပြောလိုက်သည်် ခရမ်းရွှေဘူးသီးထဲတွင် အကျဉ်းကျနေသည့် စွန်းဝူခုန်းသည် အပြင်မှအသံကို ကြားသောအခါ မျက်လုံးအရောင်လက်သွားပြီး အပြင်က မိစ္ဆာက မူးနေပုံရပြီး အခွင့်အရေးများ ရှိနိုင်မလားဟုတွေးမိသွားသည်။ မျက်လုံးများ ဟိုဟိုဒီဒီ ကစားပြီးနောက် သူက အော်ပြောလိုက်သည်။

"ငါ မသေသေးဘူး... ငါ စွန်းဝူခုန်း အသက်ရှင်နေသေးတယ်ကွ... ဟားဟားဟား..."

"ချီး... ဒီမျောက်က ဒီလောက်ကျယ်ကျယ် အော်နိုင်ဖို့ ခွန်အားတွေ အများကြီး ရှိနေသေးတာပဲ..."

အတွင်းမှ စွန်းဝူခုန်း၏ အော်သံကို ကြားသောအခါ ငွေချိုဘုရင်သည် မကျေမနပ်ဖြစ်သွားသည်။ သူသည် ခရမ်းရွှေဘူးသီးကို ကိုင်ပြီး ပြင်းပြင်းထန်ထန် အကြိမ်ကြိမ် လှုပ်ရမ်းပစ်လိုက်သည်။ အတွင်းမှ စွန်းဝူခုန်း မှာ ယိမ်းယိုင်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည့်အသံကြားမှသာ ငွေချိုဘုရင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်တော့သည်။

"အပြင်က မိစ္ဆာကောင်လေး... မင်း အလစ်ငိုက်တိုက်ခိုက်ခဲ့လို့သာ ငါ ရဲ့စွန်းက မြေပြန့်ကို ရောက်ပြီး ခွေးအကိုက်ခံရတဲ့ ကျားလို ဖြစ်နေရတာကွ... မဟုတ်လို့ကတော့ မင်းလောက် စွမ်းရည်လေးနဲ့ ငါက လက်တစ်ချောင်းတည်းနဲ့တောင် ဖိသတ်လိုက်လို့ရတယ်..."

စွန်းဝူခုန်းက ဘူးသီးထဲကနေ အသံကျယ်ကျယ်နှင့် အော်ဟစ်လိုက်သည်။

"မျောက်စုတ်... မင်းက ခေါင်းမာနေတုန်းပဲလား... မင်းလို မျောက်ကောင်က ဘာအစွမ်းတွေများ ရှိလို့လဲ... ဒီလိုအချိန်မျိုးမှာတောင် လေလုံးထွားရဲသေးတယ်ပေါ့လေ..."

ငွေချိုဘုရင် က ခရမ်းရွှေဘူးသီး ကို စားပွဲပေါ်တင်ပြီး အရက်လေချဉ်တက်ရင်း လှောင်ပြောင်မေးခွန်းထုတ်လိုက်တယ်။

"နားထောင်စမ်း... ငါ ရဲ့စွန်းက လွန်ခဲ့တဲ့ နှစ်ငါးရာက ကောင်းကင်ဘုံကို သောင်းကျန်းခဲ့တဲ့ ကောင်းကင်နဲ့ တစ်တန်းတည်း မဟာပညာရှိကြီးကွ... ငါသိတဲ့ လှည့်ကွက်တွေက ရေတွက်လို့တောင်မရဘူး... မင်းတို့လို မိစ္ဆာငယ်လေးတွေက ငါ သတိလက်လွတ်ဖြစ်နေတဲ့အချိန်လေးမှာပဲ အကြံအစည်နဲ့ လုပ်ရဲကြတာလေ..."

"ဟား ဟား ဟား... ဒီမျောက်ကတော့ ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်နေတာပဲ..."

မိမိအား ဆက်တိုက် နှိမ့်ချနေသော စွန်းဝူခုန်း၏ စကားများကို နားထောင်ရင်း ငွေချိုဘုရင်သည် တစ်ဝက်က တကယ် ဒေါသထွက်ကာ တစ်ဝက်က ဟန်ဆောင်လျက် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"အစွမ်းအစမရှိတဲ့လူက ပိုပြီး ဒေါသကြီးတတ်ကြတယ်… တကယ် အစွမ်းရှိတဲ့သူတွေကတော့ လက်တွေ့ပဲ လုပ်ပြကြတယ်ကွ... မင်း တကယ်စွမ်းတယ်ဆိုရင် ငါ့ကို ဘာလို့ အပြင်မလွှတ်ပေးတာလဲ... မင်းသာ ငါ့ကို မျှမျှတတ ယှဉ်ပြိုင်ပြီး အနိုင်ယူနိုင်ရင် ငါ အခုပြောခဲ့တဲ့စကားတွေကို ပြန်ရုပ်သိမ်းပေးမယ်..."

စွန်းဝူခုန်း၏ အသံမှာ ဘူးသီးထဲမှနေ၍ လှောင်ပြောင်သံများပါ ရောယှက်ကာ ဆက်လက် ထွက်ပေါ်လာလေသည်။

ဒေါသဆွခြင်းမှာ ရိုးရှင်းသော လှည့်ကွက်တစ်ခုဖြစ်သော်လည်း၊ တစ်ခါတရံတွင် အထူးသဖြင့် ထိရောက်မှုရှိသည်ဟု ဆိုရပေမည်။ လှည့်ကွက်က ပိုရိုးရှင်းလေ ပို၍ အလုပ်ဖြစ်နိုင်ခြေများလေပင် ဖြစ်သည်။

စွန်းဝူခုန်း၏ စကားလုံးများကြောင့် တကယ်ပဲ ဒေါသထွက်သွားသည်လား သို့မဟုတ် သက်သက် ဟန်ဆောင်နေသည်လား ဆိုသည်ကို မသိရသော်လည်း ငွေချိုဘုရင်သည် စွန်းဝူခုန်း၏ ဒေါသဆွမှုထဲသို့ လုံးဝ ကျဆင်းသွားပုံရလေသည်။

"ကောင်းပြီ... မင်းလို ပုသေးသေး မျောက်ကောင်က ငါ့ရှေ့မှာ ဒီလောက်တောင် လေလုံးထွားရဲလောက်အောင် တကယ်တမ်း ဘာအစွမ်းတွေများ ရှိသလဲဆိုတာ ဒီနေ့ ငါကိုယ်တိုင် ကြည့်ရသေးတာပေါ့..."

ထိုသို့ ကြေညာလိုက်ပြီးနောက် ငွေချိုဘုရင်သည် ခရမ်းရွှေဘူးသီးကို ကောက်ကိုင်လိုက်ပြီး ဘူးသီး၏ အဝကို ဖွင့်လိုက်လေတော့သည်။

ခရမ်းရွှေဘူးသီး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် အပြင်ထွက်ရန် မစောင့်နိုင်တော့သော စွန်းဝူခုန်းသည် အလင်းတန်းတစ်ခုအသွင်ဖြင့် အလျင်အမြန် ပစ်ထွက်လာပြီး လွတ်မြောက်သွားလေတော့သည်။

သို့သော် ဝူခုန်း တစ်ခုခု မလှုပ်ရှားရသေးမီမှာပင် ဘူးသီးအဝကို ဖွင့်ပေးလိုက်သော ငွေချိုဘုရင်သည် ရုတ်တရက် တစ်ဖက်သို့ ယိမ်းယိုင်သွားကာ စားပွဲပေါ်သို့ မှောက်ကျသွားပြီး ချက်ချင်းပင် အိပ်မောကျသွားလေတော့သည်။

"ဟီးဟီးဟီး... ဒီကောင်ကတော့..."

ငွေချိုဘုရင် အရက်မူးပြီး အိပ်ပျော်သွားသည်ကို မြင်သောအခါ စွန်းဝူခုန်းသည် ပြုံးစိစိဖြင့် ရယ်မောလိုက်လေသည်။

သူ့ကို ထိုနေရာ၌ပင် တိုက်ခိုက်၍ သတ်ပစ်ရန် တွေးလိုက်သော်လည်း တစ်ခဏမျှ တွေဝေသွားပြီးနောက်တွင်မူ သူ ဘာမှမလုပ်ဖြစ်ခဲ့ပေ။

"ဟေး... ထစမ်း... ထစမ်း... ငါ့ဆရာတော် ဘယ်မှာလဲ..."

စွန်းဝူခုန်းသည် အိပ်ပျော်နေသော ငွေချိုဘုရင်ကို ပခုံးပုတ်နိုးရင်း မေးလိုက်လေသည်။

သို့သော် ငွေချိုဘုရင်မှာ လောကကြီးနှင့် အဆက်အသွယ်ပြတ်ကာ သေနေသော ဝက်တစ်ကောင်လို ဖြစ်နေပြီး စွန်းဝူခုန်း လှုပ်နှိုးနေသည်ကို မည်သို့မျှ တုံ့ပြန်မှု မလုပ်ခဲ့ပေ။

အခြေအနေကို တွေးတောစဉ်းစားပြီးနောက်တွင် စွန်းဝူခုန်းသည် ရန်သူကို အလန့်တကြားဖြစ်စေမည့် လုပ်ရပ်မျိုး မလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။ သူသည် ခရမ်းရွှေဘူးသီးကို ကောက်ကိုင်လိုက်ပြီး သူ၏ ဆံပင်တစ်ပင်ကို နှုတ်ကာ လေမှုတ်လိုက်၍ သူ့ပုံစံနှင့် တစ်ထပ်တည်းတူသော ပုံတူကိုယ်ပွားတစ်ခု ဖန်တီးကာ အထဲသို့ ထည့်လိုက်လေသည်။ ထို့နောက်မှ သူသည် ဘူးသီးကို စားပွဲပေါ်တွင် သေသေချာချာ ပြန်တင်ထားလိုက်လေသည်။

ထို့နောက်တွင် သူသည် မိစ္ဆာငယ်လေးတစ်ကောင်၏ ပုံစံမျိုးဖြစ်အောင် အသွင်ပြောင်းခြင်း စွမ်းရည်ကို အသုံးပြုလိုက်ပြီး မိစ္ဆာဂူအတွင်း လှည့်လည်သွားလာလေတော့သည်။

ခဏမျှ လှည့်ပတ်သွားလာပြီး မိစ္ဆာငယ်လေး အနည်းငယ်နှင့် စကားစမြည်ပြောဆိုပြီးနောက်တွင် သူတို့ထံမှ ကျန်းလျိုကို မည်သည့်နေရာ၌ ချုပ်နှောင်ထားသနည်းဆိုသည်ကို အလျင်အမြန် သိရှိသွားခဲ့လေသည်။

သို့သော် စွန်းဝူခုန်း ကျောက်ခန်းဆီသို့ ရောက်သွားသောအခါ တံခါးကို ပိတ်ထားပြီး မိစ္ဆာငယ်နှစ်ကောင် အစောင့်ချထားကာ မည်သူ့ကိုမျှ အထဲဝင်ခွင့်မပြုသည်ကို တွေ့လိုက်ရလေတော့သည်။

၎င်းကိုမြင်သောအခါ စွန်းဝူခုန်း ၏ ခြေလှမ်းများ ရပ်တန့်သွားသော်လည်း ထို့နောက်တွင် သူသည် ကောက်ကျစ်သော အပြုံးတစ်ခုကို ပြုံးလိုက်လေသည်။

သူသည် ခုနစ်ဆယ့်နှစ်ပါးသော အသွင်ပြောင်းခြင်းများအနက်မှ တစ်ခုကို အသုံးပြု၍ သူသည် သေးငယ်သော ခြင်တစ်ကောင်အဖြစ် အသွင်ပြောင်းလိုက်ပြီး တိုက်ရိုက်ပျံသန်းသွားကာ ကျောက်ခန်းတံခါး၏ အက်ကွဲကြောင်းကြားမှတစ်ဆင့် အတွင်းသို့ လျှိုဝင်သွားလေတော့သည်။

“ဆရာတော်... ဆရာတော်...”

ကျန်းလျို သည် မြေပြင်ပေါ်တွင် ထိုင်ကာ ကောင်းကင်နဂါး ဓမ္မတေးသံ ကျင့်စဉ်ကို လည်ပတ်စေရင်း အတွေ့အကြုံမှတ် များ တဖြည်းဖြည်း တိုးပွားလာသည်ကို ခံစားနေစဉ်မှာပင် ရုတ်တရက် အားနည်းသော ခြင်တစ်ကောင်၏ အော်သံက သူ၏ အာရုံစူးစိုက်မှုကို ဖြတ်တောက်လိုက်သဖြင့် သူ မျက်လုံးများကို ဖွင့်ကြည့်လိုက်လေသည်။

သူ ယခုလေးတင် ဝူခုန်း၏ အသံကို ကြားလိုက်ရသည်လော။

သို့ရာတွင် ကျောက်ခန်း အတွင်းသို့ ပတ်ပတ်လည် ဝေ့ကြည့်လိုက်သောအခါ သူ့ကိုယ်သူမှတစ်ပါး အခြားမည်သူ့ကိုမျှ မတွေ့ရချေ။

"ဆရာတော်... တပည့်တော် ဒီမှာပါ..."

ကျန်းလျို မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် စွန်းဝူခုန်း သည် သူ၏ အသွင်ပြောင်းထားမှုကို ရုပ်သိမ်းလိုက်ကာ သူ၏ မူလ မျောက်ပုံစံသို့ ပြန်လည်ပြောင်းလဲလိုက်ပြီး ကျန်းလျို ၏ ရှေ့တွင် ပေါ်လာခဲ့လေသည်။

စကားပြောနေစဉ်မှာပင် စွန်းဝူခုန်းသည် သူ၏ ဆရာတော်ကို တုပ်နှောင်ထားသော ကြိုးများကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ဆရာတော်... တပည့်တော် အရင်ဆုံး ကြိုးတွေ ဖြုတ်ပေးပါ့မယ်..."

သူ ကြိုးများကို ဖြုတ်ပေးရန် ပြင်လိုက်စဉ်မှာပင်....

"နေပါဦး ဝူခုန်း..."

ကျန်းလျိုက အလျင်စလို တားဆီးလိုက်လေသည်။

"ဘာဖြစ်လို့လဲ..."

စွန်းဝူခုန်းက ကျန်းလျို အား နားမလည်နိုင်စွာ ကြည့်လိုက်လေသည်။

"ဒီအတိုင်းပဲ ပြန်သွားပါ… ငါ့ကို မကယ်နဲ့... ပါကျဲ တို့ကိုလည်း ငါ့ကို လာမကယ်ဖို့ သွားပြောလိုက်ပါ..."

ကျန်းလျို က ခေါင်းခါယမ်းရင်း ပြောလိုက်လေသည်။

"ဗျာ..."

ထိုစကားများကြောင့် စွန်းဝူခုန်း ၏ မျက်လုံးများ ပြူးကျယ်သွားကာ အလွန်အမင်း အံ့အားသင့်သွားရလေသည်။

"ဖယ်ရှားခြင်း ဂါထာ"

ထပ်မံ၍ ရှင်းပြမနေတော့ဘဲ ကျန်းလျို သည် မိမိကိုယ်ကို ဖယ်ရှားခြင်း ဂါထာ တစ်ခုကို ရွတ်ဆိုလိုက်ရာ ချုပ်နှောင်ခြင်း အမျိုးအစား အာနိသင်များ အားလုံးကို ဖယ်ရှားပစ်နိုင်ခဲ့လေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် စွမ်းရည် သက်ဝင်သွားသည်နှင့် တစ်ပြိုင်နက် သူ့ကို တုပ်နှောင်ထားသော ကြိုးများမှာ အလိုအလျောက် ပြုတ်ကျသွားပြီး ကျန်းလျို သည် သူ၏ လွတ်လပ်မှုကို ပြန်လည်ရရှိသွားလေသည်။

သူသည် လက်မောင်းများကို လှုပ်ရှားကာ အကြောဆန့်လိုက်ပြီး ပြောလိုက်သည်။

"မြင်တဲ့အတိုင်းပဲ... ဒီကြိုးတွေက မင်းဆရာကို မချုပ်နှောင်ထားနိုင်ပါဘူး… တကယ်လို့ ငါသာ ထွက်ပြေးချင်ရင် စောစောကတည်းက ထွက်ပြေးပြီးနေလောက်ပြီ..."

"ဒါဆို ဆရာတော် က ဘာလို့..."

စွန်းဝူခုန်း ၏ ဦးနှောက်မှာ အခြေအနေကို လိုက်မမီနိုင်တော့သကဲ့သို့ ခံစားလိုက်ရလေသည်။

ဆရာတော် က လွတ်မြောက်ရန် နည်းလမ်းရှာနိုင်ပါလျက်နှင့် အဘယ်ကြောင့် ဤနေရာတွင် ဆက်နေရသနည်း။ ထို့ပြင် သူနှင့် ပါကျဲ တို့ကိုပါ လာမကယ်ရန် အဘယ်ကြောင့် အတင်းအကြပ် ပြောဆိုနေရသနည်း။

"ဒါက ရှုပ်ထွေးတယ်… စကားလုံး နည်းနည်းနဲ့ အကုန်လုံးကို ရှင်းပြလို့မရဘူး... ငါပြောတာကိုပဲ နားထောင်ပြီး ငါ့ကို လာမကယ်ကြနဲ့..."

ကျန်းလျို က ခေါင်းခါလိုက်ပြီး ထပ်မံ၍ ရှင်းပြရန် ရည်ရွယ်ချက်မရှိကြောင်း ပြသကာ စွန်းဝူခုန်း အား ညွှန်ကြားရုံသာ ညွှန်ကြားလိုက်လေသည်။

"အင်း... ကောင်းပါပြီလေ..."

ခဏမျှ တွေးတောပြီးနောက် ဆရာတော် တွင် သူ၏ ကိုယ်ပိုင် အကြောင်းပြချက်များ ရှိရမည်ဟု ယူဆကာ စွန်းဝူခုန်း သည် ထပ်မံ၍ မေးခွန်းများ မမေးတော့ရန် ဆုံးဖြတ်လိုက်ပြီး နောက်သို့လှည့်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။

"ဟူး... ခဏနေပါဦး ဝူခုန်း ရဲ့... အဲဒီလောက် အလောတကြီး ထွက်မသွားပါနဲ့ဦး... ငါ့ကို ကြိုးတွေနဲ့ မြန်မြန် ပြန်တုပ်ပေးခဲ့ဦး... ငါက ဖြုတ်တော့ ဖြုတ်နိုင်တယ်… ကိုယ့်ကိုယ်ကိုယ် ပြန်တုပ်ဖို့ကျတော့ မလုပ်နိုင်လို့ပါကွာ...”

***

All Chapters