← Chapters

အခန်း ၃၉၁

Vol. 28 Ch. 391

အခန်း ၃၉၁

Vol. 28 Ch. 391

အပိုင်း(၃၉၁)

"မဟာပညာရှိကြီး..."

စွန်းဝူခုန်း ပျံသန်းလာသည်ကို မြင်သောအခါ ထိုက်ရှန်းလောင်ကျွင်းသည် နှုတ်ဆက်သည့်အနေဖြင့် သူ၏ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်၏။ ကွယ်ရာတွင် မျောက်စုတ်၊ မျောက်သောင်းကြမ်း စသည်ဖြင့် ခေါ်ဝေါ်ခဲ့သော်လည်း မျက်နှာချင်းဆိုင်တွင်မူ ထိုက်ရှန်းလောင်ကျွင်းသည် အတော်လေး လေးစားမှု ပြသခဲ့လေသည်။

"ဘိုးဘိုးကြီး... ကျုပ် စွန်းဝူခုန်း မေးရဦးမယ်... အဲဒီနေ့က တောက်ရွှိုင်နန်းတော်မှာ ကျုပ် မူးပြီး သတိလစ်သွားတာကို သေချာမှတ်မိတယ်... ဘာလို့ လူ့ပြည်ကို ဆင်းလာပြီးတဲ့နောက်မှာ ကျုပ်ရဲ့ နတ်စွမ်းအင်တွေကို နည်းနည်းလေးတောင် ထုတ်သုံးလို့ မရတော့တာလဲ... ဘိုးဘိုးကြီးများ ကျုပ် စွန်းဝူခုန်း ကို တစ်ခုခု လုပ်လိုက်သေးလား..."

စွန်းဝူခုန်းသည် စကားကို လှည့်ပတ်မနေဘဲ တိုက်ရိုက်ပင် မေးမြန်းလိုက်လေသည်။

"မဟာပညာရှိကြီး... မင်း ငါ့ကို နားလည်မှုလွဲနေပြီ..."

"လုပ်ခဲ့တာက ဒီ တာအိုဘုန်းကြီး မဟုတ်ပါဘူး… ကျောက်စိမ်းဧကရာဇ် ပါ..."

ထိုက်ရှန်းလောင်ကျွင်းက တည်ငြိမ်စွာပင် ပြန်ပြောလိုက်လေသည်။

"ကျောက်စိမ်းဧကရာဇ် ဟုတ်လား..."

ထိုက်ရှန်းလောင်ကျွင်း၏ စကားကို ကြားသောအခါ စွန်းဝူခုန်း မျက်မှောင်ကြုတ်သွားလေသည်။

မျောက်မှာ အကြောင်းရင်းကို ချက်ချင်း သဘောပေါက်သွား၏။

"အဲဒီ ဘိုးတော်က တကယ်ကို ကပ်စေးနဲတာပဲ... သူ့ရဲ့ နန်းတွင်းအရက် တစ်အိုးလောက် ခိုးသောက်မိတာလေးကို ဒီလောက်တောင် အသေးအဖွဲ ကိစ္စလေးကို အကြီးအကျယ် လုပ်နေဖို့ လိုလို့လား..."

ဝူခုန်းက မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

"ကောင်းပြီ... ဆရာတော်နဲ့ မဟာပညာရှိကြီး… ဒီကိစ္စက ပြီးသွားပြီဆိုတော့ ငါလည်း တောက်ရွှိုင်နန်းတော်ကို ပြန်သင့်ပြီ..."

ထိုက်ရှန်းလောင်ကျွင်းက လက်ကာပြလိုက်ပြီး ပြောလိုက်သည်။

စကားပြောနေရင်းပင် သူသည် သူ၏ တာအိုဝတ်ရုံ လက်စွပ်ကို ဝှေ့ယမ်းလိုက်ရာ တာအိုဝတ်ရုံ ဝတ်ဆင်ထားသော ကလေးအစေခံများအဖြစ် အသွင်ပြောင်းသွားသည့် ရွှေချိုဘုရင်နှင့် ငွေချိုဘုရင်တို့သည် ထိုက်ရှန်းလောင်ကျွင်း၏ ဘေးတွင် ချက်ချင်း ပေါ်လာလေသည်။

သို့သော်လည်း ထိုက်ရှန်းလောင်ကျွင်း သူ၏ ကလေးအစေခံနှစ်ဦးနှင့်အတူ လှည့်ထွက်သွားတော့မည့်ဆဲဆဲတွင် ကျန်းလျိုက ရုတ်တရက် လှမ်းပြောလိုက်လေသည်။

"အာ... နေပါဦး ဘိုးဘိုးကြီး..."

ကျန်းလျို၏ ခေါ်သံကို ကြားသောအခါ ထိုက်ရှန်းလောင်ကျွင်းသည် လှည့်ကြည့်ကာ မေးလိုက်သည်။

"ရွှမ်ကျန်းဆရာတော်... တခြား ဘာကိစ္စများ ရှိသေးလို့လဲ..."

"ဘိုးဘိုးကြီး... ဒီကိစ္စမှာ ခင်ဗျားရဲ့ လုပ်ရပ်က နည်းနည်း မသင့်တော်ဘူးလို့ ကျွန်တော် ခံစားရတယ်..."

ထိုက်ရှန်းလောင်ကျွင်းသည် အလွန် မြင့်မြတ်သော ဂုဏ်ပုဒ်ရှိသူ ဖြစ်သော်လည်း ယခုအခါ ဗုဒ္ဓဂိုဏ်းဝင် တစ်ဦးဖြစ်ပြီး ဂိုဏ်းတစ်ခုလုံး၏ ကျောထောက်နောက်ခံ ရှိနေသော ကျန်းလျိုသည် သူ့အား ကြောက်ရွံ့ခြင်း၊ တွန့်ဆုတ်ခြင်း အလျဉ်းမရှိဘဲ ပြောလိုက်လေသည်။

"အိုး... ငါ့ရဲ့ အစေခံ ကလေး နှစ်ယောက် လူ့ပြည်ကို မိစ္ဆာအဖြစ် ဆင်းသွားပြီး မင်းကို ဒုက္ခပေးခဲ့တဲ့ ကိစ္စကို ပြောတာလား... တကယ်တော့ ဒီကိစ္စမှာ ဒီတာအိုဘုန်းကြီး မှားသွားပါတယ်… ဆရာတော်ကိုလည်း ငါ တောင်းပန်ပါတယ်... စိတ်ချပါ… ဒီကလေး နှစ်ယောက်က ရိုင်းစိုင်းပြီး မိုက်မဲလွန်းတယ်… ငါပြန်ရောက်ရင် သူတို့ကို သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးမှာပါ..."

ကျန်းလျို၏ စကားကို ကြားသောအခါ ထိုက်ရှန်းလောင်ကျွင်းသည် အစေခံနှစ်ဦး သူ့ကို ဒုက္ခပေးခဲ့သည့် ကိစ္စအတွက် အပြစ်တင်နေသည်ဟု ထင်မှတ်သွားပြီး ကိုယ်တိုင် တောင်းပန်ခြင်းဖြင့် ကျန်းလျိုကို မျက်နှာသာ အပြည့်အဝ ပေးလိုက်လေသည်။

"မဟုတ်ဘူး ဘိုးဘိုးကြီး... ခင်ဗျား နားလည်မှု လွဲနေပြီ..."

သို့သော်လည်း ထိုက်ရှန်းလောင်ကျွင်း၏ စကားကို ကြားသောအခါ ကျန်းလျိုသည် ဤအချက်က သူဆိုလိုရင်း မဟုတ်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းခါပြလိုက်သည်။

"တကယ်တော့ သူတို့ဖမ်းတာကို ခံရပြီး မိစ္ဆာသတ္တဝါရဲ့ ဂူထဲမှာ နေခဲ့ရပေမယ့်… အဲဒါက ကျွန်တော့်ကို တကယ်ကြီး ဒုက္ခမပေးခဲ့ပါဘူး… ဒါကြောင့် သူတို့ကို သိပ်ပြီး ဒေါသမထွက်ပါဘူး..."

"ဆရာတော်ရဲ့ သဘောထားကြီးမှုက လေးစားစရာပါပဲ..."

ကျန်းလျို၏ စကားကို ကြားသောအခါ ထိုက်ရှန်းလောင်ကျွင်းက ကျန်းလျိုအား ချီးမွမ်းလိုက်လေသည်။ သို့သော်လည်း... ကျန်းလျိုသည် လက်ကာပြလိုက်၏။ သူက ထိုက်ရှန်းလောင်ကျွင်း၏ မြှောက်ပင့်မှုကြောင့် သာယာယစ်မူးမသွားဘဲ ဆက်ပြောလိုက်လေသည်။

"ဒါပေမဲ့ ကျွန်တော် ဒီကိစ္စတွေကို ဂရုမစိုက်ပေမယ့်… ဂရုစိုက်ရမယ့် ကိစ္စတွေကတော့ ရှိနေသေးတယ်လေ… ဒါကြောင့် ဘိုးဘိုးကြီးရဲ့ လုပ်ရပ်က မသင့်တော်ဘူးလို့ ပြောရတာပဲ..."

"ဆရာတော်... ပွင့်ပွင့်လင်းလင်းသာ ပြောပါ..."

ထိုက်ရှန်းလောင်ကျွင်းသည် ကျန်းလျိုအား စူးစိုက်ကြည့်လိုက်ပြီး စိတ်ထဲတွင် သိချင်စိတ် ပြင်းပြနေလေသည်။ သူသည် အဖမ်းခံရပြီး ဤဂူထဲတွင် ပိတ်လှောင်ခံရသည်ကိုပင် ဒုက္ခမရောက်ဘူးဟု ဆိုနေလျှင် အခြားမည်သည့်အရာကို သူ စိုးရိမ်နေမည်နည်း။

"ဟိုးအရင်တုန်းက ကျွန်တော်ဟာ မဟာထန်ပြည်မှာ ဧကရာဇ်ရဲ့ ညီတော်အဆင့်အတန်း ရှိခဲ့တယ်… အဲဒီအပြင် မဟာထန်ပြည်ရဲ့ ဆရာတော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ စည်းစိမ်ချမ်းသာတွေကို ခံစားပြီး လိုချင်တာမှန်သမျှ ရနိုင်ခဲ့တယ်လေ… မဟုတ်ဘူးလား ဘိုးဘိုးကြီး..."

ကျန်းလျိုက မဟာထန်ပြည်မှ ဆရာတော် ဟူသည့် သူ၏ ဂုဏ်ပုဒ်ကို ထုတ်ဖော်ပြောဆိုလိုက်လေသည်။

"အမှန်ပါပဲ..."

ထိုက်ရှန်းလောင်ကျွင်းသည် ခေါင်းညိတ်လိုက်ပြီး ကျန်းလျို၏ စကားများက မှန်ကန်ကြောင်း သိထားလေသည်။

"အစက ကွမ်းယင်ဗောဓိသတ်က ကျွန်တော့်ကို တရားပြတုန်းက… ဗုဒ္ဓကို ဖူးမြော်ပြီး ကျမ်းစာပင့်ဆောင်ဖို့ အနောက်အရပ်ကို မိုင်ပေါင်း ရှစ်သောင်းတစ်ထောင် ခရီးနှင်ပြီး အခက်အခဲတွေကို တစ်လှမ်းချင်း ဖြတ်ကျော်ဖို့ သဘောတူခဲ့တယ်... လမ်းတစ်လျှောက်မှာ ကြုံတွေ့ရမယ့် အခက်အခဲအားလုံးကို ရင်ဆိုင်ဖို့ ကျုပ် စိတ်ပိုင်းဖြတ်ထားပြီးသားပါ..."

ကျန်းလျိုက ခိုင်မာတည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။

"ဆရာတော်ရဲ့ ဒီလို မကြောက်မရွံ့ ကိုယ်ကျိုးစွန့်တဲ့ စိတ်ဓာတ်က ကောင်းကင်ဘုံက နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေအားလုံးကို တကယ်ပဲ ကြည်နူးစေပါတယ်..."

ထိုက်ရှန်းလောင်ကျွင်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်ပြီး နောက်ထပ် ချီးကျူးစကား ထပ်ဆိုလေသည်။

"ဒါပေမဲ့ ကျွန်တော် အနောက်အရပ်ကို သွားတဲ့လမ်းမှာ အခက်အခဲအားလုံးအတွက် စိတ်ပိုင်းဖြတ်ထားပေမယ့်… နတ်ဘုရားတစ်ပါးက လူ့ပြည်ကိုဆင်းလာပြီး ကျွန်တော်ကို တမင်သက်သက် ဒုက္ခပေးတာကတော့ တရားမမျှတဘူးလို့ မထင်ဘူးလား..."

ကျန်းလျိုက စကားကို အနည်းငယ် ရပ်နားလိုက်ပြီးနောက် ဆက်ပြောလေသည်။

"အစတုန်းက နတ်မင်းကြီးလေးပါး လက်အောက်က ပန်းမွှေးမြွေပါ လူ့ပြည်ကိုဆင်းလာပြီး ကျွန်တော့်ကို ဒုက္ခပေးခဲ့တယ်… အဲဒါက အမှားတစ်ခု ဖြစ်ခဲ့ပေမယ့် သတိပေးချက် တစ်ခုအနေနဲ့တော့ ဖြစ်သွားခဲ့တယ်... ဒါပေမဲ့ ဒီနေ့မှာ ဘိုးဘိုးကြီးက လူတွေကို ဒီအတိုင်း အလွယ်တကူ ခေါ်သွားမယ်ဆိုရင်… နောင်တချိန်မှာ ကောင်းကင်ဘုံက ဘယ်နတ်ဘုရားမဆို လူ့ပြည်ကို ဆင်းလာပြီး ကျွန်တော့်ကို ဒုက္ခပေးနိုင်တယ်လို့ ဆိုလိုရာ မရောက်ဘူးလား..."

ကျန်းလျိုသည် ထိုက်ရှန်းလောင်ကျွင်းအား စူးစိုက်ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ဒေါသ၊ မလိုလားမှု၊ စိတ်ပိုင်းဖြတ်မှုနှင့် အနည်းငယ်မျှသော မကျေနပ်မှုတို့ ပေါ်လွင်နေလေသည်။

ကျန်းလျို၏ စကားများကြောင့် ထိုက်ရှန်းလောင်ကျွင်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားပြီး စိတ်ထဲမှနေ၍ ရယ်မောလိုက်လေသည်။

‘တကယ်လို့ ကောင်းကင်ဘုံက နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေအားလုံးက မင်းကို ဒုက္ခပေးခဲ့မယ်ဆိုရင်… ရူလိုင်နဲ့ ကွမ်ယင်တို့ကတောင် ဝမ်းသာအားရနဲ့ ရယ်မောနေကြဦးမှာပဲ... မင်း မသိသေးတာက… အခုတစ်ကြိမ်မှာ လူ့ပြည်ကိုဆင်းပြီး မင်းကို ဒုက္ခပေးဖို့ ကွမ်ယင် ကိုယ်တိုင်က ငါတို့ကို အကူအညီတောင်းခဲ့တာကွ...’

သို့သော်လည်း... သေချာပေါက် ဤအတွေးများကို နှုတ်မှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

သို့သော်လည်း ပြောရမည်ဆိုလျှင် အနောက်အရပ်သို့ ခရီးသွားခြင်း၏ အမှန်တရားကို မသိရှိသေးသော ကျန်းလျို၏ ရှုထောင့်မှ ကြည့်မည်ဆိုပါက သူ၏စကားများသည် အမှန်တကယ်ပင် မမှားယွင်းလှပေ။

ထိုက်ရှန်းလောင်ကျွင်း ဘာပြောရမှန်းမသိ ဆွံ့အသွားသည်ကို မြင်သောအခါ ကျန်းလျိုသည် သူပြောမည့်အချိန်ကို မစောင့်တော့ဘဲ ဆက်လက်၍ ပြောလိုက်လေသည်။

"လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက ဘုန်းကြီး တောက်ရွှိုင်နန်းတော်ကို ရောက်လာခဲ့ပြီး အရက်နည်းနည်း သောက်မိသွားတော့ ဘိုးဘိုးကြီးရဲ့ အံ့ဖွယ်ဆေးလုံး တချို့ကို အမှားယွင်းခံပြီး စားမိသွားခဲ့တယ်… အဲဒါက ဘုန်းကြီးရဲ့ အမှားပါ... ဒါကြောင့် ရူလိုင်ဘုရား ကိုယ်တိုင် ဘိုးဘိုးကြီးကို လျော်ကြေးပေးခဲ့တယ် မဟုတ်ဘူးလား..."

ထိုက်ရှန်းလောင်ကျွင်းမှာ ဆွံ့အသွားလေသည်။ ထိုစကားလုံးများ၏ အသွားအလာ အရ ထိုက်ရှန်းလောင်ကျွင်းသည် ကျန်းလျို ဆိုလိုရင်းကို နားလည်သွားလေတော့သည်။

ရွှမ်ကျန်း၏ ရှုထောင့်မှ ကြည့်မည်ဆိုလျှင် ဤသည်မှာ အမှန်တကယ်ပင် တရားမျှတလှသည်။ သူ အမှားလုပ်ခဲ့မိပြီး ဆေးလုံးအနည်းငယ်ကို စားသုံးမိခဲ့သည်။ ထိုဆေးလုံးများသည် မိစ္ဆာဧကရာဇ် ဆေးလုံးများကဲ့သို့ အလွန်တန်ဖိုးကြီးမားသော်လည်း သူ့အတွက်မူ အသုံးမဝင်ပေ။ သို့တိုင် ရူလိုင်ဘုရား ကိုယ်တိုင် လာရောက်တောင်းပန်ပြီး သူ့အတွက် လျော်ကြေးပေးခဲ့သည် မဟုတ်ပါလော။

အခုကော သူ၏ ကိုယ်ပိုင်လူများ လူ့ပြည်ကို ဆင်းလာပြီး ဒုက္ခပေးခဲ့သည်ကို နှုတ်ဖြင့် တောင်းပန်ရုံနှင့် ကျေနပ်ရမည်လော။

ရွှမ်ကျန်း၏ ရှုထောင့်မှ ကြည့်လိုက်သောအခါ သူ၏ လုပ်ရပ်များက ကြင်နာမှုမရှိဘူးဟု ခံစားရသည်မှာ မဆန်းတော့ပေ။

ထို့အပြင် ရူလိုင်၏ အခြေအနေကို ထည့်သွင်းပြောဆိုခြင်းဖြင့် ကျန်းလျိုသည် သူ့ကို လျော်ကြေးပေးရန် ရှင်းလင်းစွာ တောင်းဆိုနေလေည်။

တစ်စိတ်တစ်ပိုင်းအားဖြင့် ရူလိုင်ဘုရားက ထိုက်ရှန်းလောင်ကျွင်းအား လျော်ကြေးပေးခဲ့သည့် ပုံစံအတိုင်း လိုက်နာစေရန်ဖြစ်ပြီး အခြားတစ်စိတ်တစ်ပိုင်းမှာမူ သူပင်လျှင် လျော်ကြေးပေးရကြောင်းကို ကောင်းကင်ဘုံက မြင်တွေ့စေရန်နှင့် အခြားသော နတ်ဘုရားများ သူ့ကို ဒုက္ခမပေးရဲအောင် ဟန့်တားသည့်အနေဖြင့် ဖြစ်လေသည်။

ဤသို့ တွေးတောမိသောအခါ ထိုက်ရှန်းလောင်ကျွင်းသည် စိတ်ထဲမှနေ၍ တိတ်တဆိတ် ရယ်မောလိုက်လေသည်။

ရွှမ်ကျန်း၏ ရှုထောင့်မှ ကြည့်လျှင် သူ မှန်ပေသည်။ သို့သော် သူ၏ ကိုယ်ပိုင်ရှုထောင့်မှ ကြည့်လျှင်လည်း သူ မမှားခဲ့ပေ။ ဤသည်မှာ ဗုဒ္ဓဂိုဏ်းက အလွန်ကောင်းစွာ သိရှိထားသည့် ကိစ္စဖြစ်သောကြောင့် လျော်ကြေးအနည်းငယ် ပေးလိုက်ခြင်းက လက်ခံနိုင်စရာရှိပြီး ထိုအရာများကို ဗုဒ္ဓဂိုဏ်းထံမှ အမြဲတမ်း ပြန်လည်တောင်းခံနိုင်သည် မဟုတ်ပါလော။

ဗုဒ္ဓဂိုဏ်းသည်လည်း သူတို့ကို ကူညီပေးပြီးနောက် သူကပဲ ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရသည်ကို သေချာပေါက် မြင်ချင်မည်မဟုတ်ပေ။ သို့မဟုတ်ပါက အနာဂတ်တွင် မည်သည့် နတ်ဘုရားကမျှ သူတို့ကို ကူညီပေးလိုတော့မည် မဟုတ်ပေ။

ထိုသို့တွေးတောလိုက်ပြီးနောက် စိတ်ထဲမှ ရယ်မောနေသော်လည်း ထိုက်ရှန်းလောင်ကျွင်းသည် နောင်တရနေသော မျက်နှာထားကို ဟန်ဆောင်ပြလိုက်၏။

"ဒါဆိုရင် ဆရာတော်က ဘယ်လိုလျော်ကြေးမျိုး လိုချင်တာလဲ..."

သူက တုံ့ဆိုင်းကာမေးလိုက်လေသည်။

"အရမ်းရိုးရှင်းပါတယ်... ဘိုးဘိုးကြီးဆီက လျော်ကြေး နည်းနည်းပါပဲ..."

ကျန်းလျိုက ပြန်ဖြေလိုက်သည်။

"ကျွန်တော် ခုနက ပြောခဲ့သလိုပဲ… ဧကရာဇ်ရဲ့ ညီတော်အဆင့်အတန်းနဲ့ မဟာထန်ပြည်ရဲ့ ဆရာတော် တစ်ပါးအနေနဲ့ အဆုံးမရှိတဲ့ ဂုဏ်ကျက်သရေနဲ့ စည်းစိမ်ချမ်းသာတွေကို ခံစားခဲ့ရပြီးသားပါ...ကျွန်တော် လျော်ကြေးတောင်းတာက ဘိုးဘိုးကြီးရဲ့ ပစ္စည်းတွေကို လောဘတက်လို့ မဟုတ်ပါဘူး… တခြား နတ်ဘုရားတွေ သတိထားမိသွားအောင်နဲ့ ကျွန်တော်ကို ထပ်ပြီး ဒုက္ခမပေးရဲအောင်လို့ သက်သက်ပါ..."

တစ်ခဏမျှ စဉ်းစားပြီးနောက် ထိုက်ရှန်းလောင်ကျွင်းသည် ကြီးမားသော ဆုံးရှုံးမှုတစ်ခုအတွက် ပြင်ဆင်ထားသကဲ့သို့ လက်မြှောက်အရှုံးပေးချင်နေသော မျက်နှာထားဖြင့် ကျန်းလျိုအား မေးလိုက်လေသည်။

"ဆရာတော်က ဘယ်လိုလျော်ကြေးမျိုးကို စဉ်းစားထားတာလဲ..."

***

All Chapters