← Chapters

အခန်း ၄၂၇

Vol. 43 Ch. 427

အခန်း ၄၂၇

Vol. 43 Ch. 427

အခန်း (၄၂၇) ဗုဒ္ဓဘာသာနှင့် တာအိုတို့၏ အားပြိုင်မှု၊ ဂုဏ်သရေရှိရှိ အိမ်ပြန်ခြင်း

ယောင်ယွဲ့၏ စကားထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဘေးပတ်ဝန်းကျင်ရှိ လေထုမှာ ရေခဲမှတ်အထိ ချက်ချင်း ကျဆင်းသွားလေသည်။

မျက်စိဖြင့် မမြင်နိုင်သော ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုက အရပ်လေးမျက်နှာသို့ လွင့်စင်ထွက်ပေါ်လာသည်။

သိုင်းသူတော်စင် နှစ်ပါးအကြားရှိ တိုက်ပွဲကြီးတစ်ခုမှာ အချိန်မရွေး ပေါက်ကွဲထွက်ပေါ်လာမည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။

ကျာလော့ ဗောဓိသတ်၏ မျက်နှာပေါ်တွင် မည်သည့်အမူအရာမျှ မရှိဘဲ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းများကို လုံးဝ မြင်တွေ့နိုင်စွမ်း မရှိပေ။ သူမသည် ယောင်ယွဲ့၏ စကားကို လုံးဝ စိတ်မဝင်စားသည့်အလား ခေတ္တမျှ တိတ်ဆိတ်နေပြီးမှသာ ဖွင့်ဟပြောဆိုလာသည်။

"နိုင်ငံတော်ဆရာ ယောင်ယွဲ့ နည်းနည်းများ အထင်လွဲနေသလား မသိဘူး... ငါက တိုက်ခိုက်မယ်လို့ တစ်ခါမှ မပြောခဲ့ဖူးပါဘူး... ဒီတစ်ခေါက် လာတာကလည်း တစ်စုံတစ်ယောက်ရဲ့ တောင်းဆိုချက်အရ ကွမ်ကျွင်းနယ်စားအတွက် ရန်ငြိုးတစ်ခုကို ဖြေရှင်းပေးဖို့ သက်သက်ပါပဲ..."

ကျာလော့ ဗောဓိသတ်က နောက်ဆုတ်သွားခဲ့လေပြီ။

တိတိကျကျ ပြောရမည်ဆိုလျှင် ယောင်ယွဲ့ ကိုယ်ထင်ပြလာပြီးနောက် ဤတိုက်ပွဲကို အဆုံးသတ်ရတော့မည်ဖြစ်ကြောင်း သူမ ကောင်းစွာ သိရှိလိုက်သည်။ ဤသည်မှာ ယောင်ယွဲ့က သူမထက် ပို၍ အစွမ်းထက်နေသောကြောင့် မဟုတ်ဘဲ ဤနေရာတွင် တိုက်ခိုက်နေရန် မည်သည့် အဓိပ္ပာယ်မျှ မရှိတော့သောကြောင့်ဖြစ်သည်။

မိုင်တစ်ရာဆိုသော အကွာအဝေးမှာ သိုင်းသူတော်စင်များအတွက်တော့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိနိုင်သော အကွာအဝေးဖြစ်သည်။

အကယ်၍ အမှန်တကယ် သေချာပေါက် တိုက်ခိုက်ရတော့မည်ဆိုလျှင်ပင် သူမအနေဖြင့် အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိပေ။ ထို့အပြင် နောက်ပိုင်းတွင် ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက် ရောက်လာခဲ့ပါက သူမအနေဖြင့် ဤကိစ္စကို အေးအေးဆေးဆေး အဆုံးသတ်ချင်လျှင်တောင် လုပ်နိုင်စွမ်း ရှိမည်မဟုတ်တော့ပေ။

ယောင်ယွဲ့သည် ကျာလော့ ဗောဓိသတ်ကို စူးစိုက်ကြည့်နေပြီး မျက်ဝန်းများထဲတွင် အလင်းတန်းများ တလက်လက် တောက်ပနေကာ ဤအခြေအနေကို ကြိုတင် တွက်ဆထားပြီးဖြစ်သည့်အလားပင်။

ကျာလော့ ဗောဓိသတ်သည် လက်တစ်ဖက်ကို ရင်ဘတ်အရှေ့တွင်ထားကာ ကျန်းချဲ့ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ကွမ်ကျွင်းနယ်စား... ငါ့ရဲ့ လွန်ကျူးမှုတွေ ရှိခဲ့ရင် ခွင့်လွှတ်ပေးပါ... ဒီတစ်ခေါက် ငါ သတိပေးတာက လုံးဝ အခြေအမြစ်မရှိဘဲ ပြောနေတာ မဟုတ်ပါဘူး... နဂါးနိုင်ကိုယ်တော်က သိပ်မကြာခင်မှာ တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတော့မှာပါ... ကွမ်ကျွင်းနယ်စား ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ပါ..."

"ဗောဓိသတ်ရဲ့ စကားကို ကျုပ် မှတ်ထားပါ့မယ်..."

ကျန်းချဲ့က တည်ကြည်လေးနက်စွာ ပြန်ပြောလိုက်သည်။

သူ့ရင်ထဲတွင် အလိုအလျောက်ပင် သတ်ဖြတ်လိုသော ဒေါသများနှင့် ရက်စက်ကြမ်းကြုတ်မှုများ ပေါ်ထွက်လာခဲ့သည်။

'ငါ့ကို ဘယ်သူမှ မခြိမ်းခြောက်ခဲ့တာ အချိန် အတော်ကြာနေပြီပဲ... ဗုဒ္ဓဘာသာဂိုဏ်း... အရမ်းကောင်းတယ်... တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင်တော့ အဟောင်းရော အသစ်ပါ ရန်ငြိုးတွေ အားလုံးကို တစ်ပြိုင်နက်တည်း ရှင်းလင်းပစ်မယ်...'

သေချာသည်ကတော့ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော်ငြား အပြင်ပန်းတွင်တော့ ကျန်းချဲ့က မည်သည့် အရာကိုမျှ ပြသခြင်း မရှိခဲ့ပေ။

မည်သို့ပင်ဆိုစေ သူ၏ လက်ရှိ စွမ်းအားမှာ အရမ်း နိမ့်ကျနေသေးပြီး ကြုံးဝါးခြိမ်းခြောက်နေရန် အရည်အချင်း မရှိသေးပေ။ ထိုသို့ လုပ်ဆောင်ခြင်းက အစွမ်းအစမရှိဘဲ ဒေါသထွက်နေခြင်း သက်သက်သာ ဖြစ်သည်။ ထို အရည်အချင်းကို ပိုင်ဆိုင်လာသည့် အချိန်ကျမှသာ သူ ပြောမည့် စကားများက အစစ်အမှန် ခြိမ်းခြောက်မှုများ ဖြစ်လာမည် ဖြစ်သည်။

"ဒီလိုဆိုမှတော့ ငါလည်း ပြန်ခွင့်ပြုပါဦး..."

ကျာလော့ ဗောဓိသတ်က ခပ်ဖွဖွ ပြုံးလိုက်ပြီး ချက်ချင်း ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

သို့သော် သူမ၏ စကားအဆုံးတွင် ယောင်ယွဲ့က ချက်ချင်း တားဆီးလိုက်သည်။

"ခဏနေဦး..."

"နိုင်ငံတော်ဆရာမှာ ဘာများ ပြောစရာ ရှိသေးလို့လဲ..."

"ပြောစရာလို့တော့ မဆိုနိုင်ပါဘူး... ငါက ဗောဓိသတ်ကို စကားတစ်ခွန်း လောက်ပဲ သတိပေးချင်လို့ပါ..."

ယောင်ယွဲ့က အေးစက်စွာ ပြောလိုက်သည်။

"ပြောပါ..."

"ဗုဒ္ဓဘာသာဂိုဏ်းနဲ့ ကျန်းချဲ့ရဲ့ ရန်ငြိုးက ငါနဲ့ ဘာမှ မဆိုင်ပါဘူး... လျှို့ဝှက် တိုက်ခိုက်ပြီး တစ်ဖက်ဖက်က သေတဲ့အထိ တိုက်ကြမယ် ဆိုရင်လည်း ကိစ္စမရှိပါဘူး... ဒါပေမဲ့... တကယ်လို့ ဗုဒ္ဓဘာသာဂိုဏ်းကသာ အကြီးက အငယ်ကို အနိုင်ကျင့်ပြီး ဩဇာအာဏာနဲ့ ဖိနှိပ်လာမယ် ဆိုရင်တော့... ငါလည်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး... ဘာတွေ ဆက်လုပ်မလဲ ဆိုတာကိုတော့ အများကြီး မပြောချင်တော့ပါဘူး... ဗောဓိသတ် ကိုယ်တိုင်လည်း ရင်ထဲမှာ အသိဆုံး ဖြစ်မှာပါ..."

"နိုင်ငံတော်ဆရာ ယောင်ယွဲ့က ဗုဒ္ဓဘာသာဂိုဏ်းကို ခြိမ်းခြောက်နေတာလား..."

ကျာလော့ ဗောဓိသတ်၏ အကြည့်များ အေးစက်သွားပြီး ဒေါသများကို ဖုံးကွယ်ထားသော မေတ္တာကင်းမဲ့သည့် ရုပ်တုကြီးတစ်ခုအလား ဖြစ်သွားသည်။

"မင်း ဒီလိုပဲ နားလည်ထားလိုက်လို့ ရပါတယ်..."

"ကောင်းပြီ... နိုင်ငံတော်ဆရာရဲ့ စကားကို ငါ မှတ်ထားပါ့မယ်..."

ကျာလော့ ဗောဓိသတ်နှင့် နိုင်ငံတော်ဆရာ ယောင်ယွဲ့တို့သည် စက္ကန့်အနည်းငယ် ကြာအောင် အချင်းချင်း စူးစိုက်ကြည့်နေကြပြီးနောက် နောက်ဆုံးတွင်တော့ သူမကသာ အရင်ဆုံး တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။ စကားပြောပြီးသည်နှင့် သူမ ထိုင်နေသော ကြာပလ္လင်မှာ အလင်းတန်းများ လင်းလက်လာခဲ့သည်။

ကြာဖတ်များ တစ်ချပ်ပြီး တစ်ချပ် ပိတ်သွားကာ ကြာဖူးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက် လေဟာနယ် အတွင်းသို့ တိတ်တဆိတ် ပျောက်ကွယ်သွားလေတော့သည်။

ဘေးပတ်ဝန်းကျင် လေဟာနယ် အတွင်းသို့ လွင့်စင်နေသော ရွှေကြာပန်းများ လည်း တဖြည်းဖြည်း မှေးမှိန်သွားပြီး အဆုံးတွင်တော့ လေဟာနယ်ထဲ၌ လုံးဝ ပျောက်ကွယ်သွားကာ ကောင်းကင် တစ်ခွင်လုံး ပြည့်နှက်နေသော ရွှေရောင် အလင်းတန်းများလည်း အတူတကွ ပျောက်ကွယ်သွားပြီး မူလ ကောင်းကင်နှင့် မြေကြီးအတိုင်း ပြန်လည် ဖြစ်တည်သွားသည်။ အရင်က ဘာမှ မဖြစ်ခဲ့သည့်အလား ပင်ဖြစ်သည်။

ကျာလော့ ဗောဓိသတ်၏ ခြိမ်းခြောက်မှုမှာ မြန်မြန်လာသလို မြန်မြန်ပင် ပျောက်ကွယ်သွားခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် လေဟာနယ်ထက်၌ ကျန်းချဲ့နှင့် နိုင်ငံတော်ဆရာ ယောင်ယွဲ့တို့ နှစ်ယောက်သာ ကျန်ရစ်ခဲ့ပြီး ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးထားသော အေးစက်သည့် ရေခဲနယ်ပယ်မှာလည်း ကျာလော့ ဗောဓိသတ် ထွက်ခွာသွားမှုနှင့်အတူ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

သို့သော် နိုင်ငံတော်ဆရာ ယောင်ယွဲ့၏ ပြိုင်ဘက်ကင်း အလှတရားကတော့ ကျန်းချဲ့၏ ခေါင်းထဲတွင် အပြည့်အဝ စွဲထင်သွားခဲ့ပြီဖြစ်သည်။

"ဒီတစ်ခေါက် ကူညီပေးတဲ့အတွက် နိုင်ငံတော်ဆရာကို အများကြီး ကျေးဇူးတင်ပါတယ်..."

ကျန်းချဲ့က အလွန် ရိုးသားဟန်ဖြင့် လက်ယှက် အရိုအသေ ပေးလိုက်သည်။

ယောင်ယွဲ့ ဘာကြောင့် ဤနေရာသို့ ရောက်လာသနည်း ဆိုသည်ကို ထည့်မတွက်လျှင်ပင် တစ်ဖက်လူက သူ့ကို ကူညီခဲ့ခြင်းက ကျေးဇူးတင်ထိုက်လှပေသည်။ အကယ်၍ ယောင်ယွဲ့သာ ပေါ်မလာခဲ့ပါက သူ၏ ယနေ့ အဆုံးသတ်မှာ သိပ်ပြီး ကောင်းမွန်လိမ့်မည် မဟုတ်ပေ။

ကောင်းကင်ယဇ်ပလ္လင်ကျောက်တိုင်ကို အသုံးပြုကာ အတင်းအဓမ္မ တိုက်ခိုက်နိုင်သည် ဆိုစေကာမူ ပေးဆပ်ရမည့် တန်ဖိုးမှာ သူ လုံးဝ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ အကြပ်အတည်းနှင့် မကြုံတွေ့ရသရွေ့ ကျန်းချဲ့သည် ထိုသို့ စမ်းသပ်ရန် လုံးဝ ရည်ရွယ်ထားမည် မဟုတ်ပေ။ အကြောင်းမူကား ယဇ်ပူဇော်မှုအတွက် သက်တမ်း အလုံအလောက် မရှိပါက မည်ကဲ့သို့သော ခန့်မှန်း၍ မရနိုင်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာမည်နည်းကို သူ မသိရှိသောကြောင့် ပင်ဖြစ်သည်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ယောင်ယွဲ့၏ ပေါ်ထွက်လာမှုကသာ သူ၏ အန္တရာယ်ကို အပြည့်အဝ ကယ်တင်ပေးနိုင်ခဲ့ခြင်း ပင်ဖြစ်သည်။ ထို့အပြင် နောက်ဆုံးတွင် ကြုံးဝါးခြိမ်းခြောက်ချက် တစ်ခုကိုပါ ချန်ထားရစ်ခဲ့သေးသည်။

ထိုစကားက သူ၏ အသက်အန္တရာယ်ကို အပြည့်အဝ အာမခံနိုင်မည် မဟုတ်သော်ငြား သေချာပေါက် သူ့အတွက် အကာအကွယ်တစ်ခုတော့ ဖြစ်စေမည် ဖြစ်သည်။ ဗုဒ္ဓဘာသာဂိုဏ်းက သူ့ကို တိုက်ခိုက်လိုပါက မည်သို့ပင်ဆိုစေ ယောင်ယွဲ့၏ တည်ရှိမှုကိုတော့ ထည့်သွင်း စဉ်းစားရမည်သာ ဖြစ်သည်။

ယောင်ယွဲ့သည် နောက်သို့ လှည့်လိုက်ပြီး အေးစက်သော အကြည့်များဖြင့် ကျန်းချဲ့ကို စူးစမ်း အကဲခတ်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် မည်သည့် အပြောင်းအလဲမျှ မရှိဘဲ လောကကြီးတွင် သူမကို တုန်လှုပ်စေနိုင်သော အရာ မရှိသည့်အလား ပင်ဖြစ်သည်။

"အသက်ကယ်တင်ပေးတဲ့ ကျေးဇူးအတွက် ငါ့ကို ဘယ်လို ပြန်ဆပ်မလဲ..."

ယောင်ယွဲ့၏ အသံက အလွန် တိုးတိမ်ပြီး နတ်သမီးတစ်ပါး၏ တိုးတိုးလေး ရေရွတ်သံအလား ပင်ဖြစ်သည်။

သို့သော် သူမ၏ ဤစကားက ကျန်းချဲ့ကို ကြက်သေသေ သွားစေခဲ့သည်။

'ဒီလို ချက်ချင်းကြီး ကျေးဇူးဆပ်ရတော့မှာလား...'

တကယ်ကို သူ ထင်မှတ်မထားခဲ့မိပေ။

ယခင်က သူသည် နန်းတော်ဥယျာဉ်တွင် ယောင်ယွဲ့ကို တစ်ကြိမ်သာ တွေ့ဆုံဖူးခဲ့ပြီး သူမအပေါ် အမြင်ရှင်းလင်းသော်ငြား အများကြီး ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့ပေ။ သတင်းအချက်အလက် အချို့အရ ယောင်ယွဲ့သည် တရားကျင့်ကြံခြင်းကိုသာ အာရုံစိုက်သော သူတစ်ယောက် ဖြစ်ကြောင်းကိုသာ သိရှိထားသည်။ သို့သော် တစ်ဖက်လူ၏ စကားကို ထောက်ရှု၍ ကြည့်မည်ဆိုပါက သူ ထင်ထားသည်နှင့် အတော်လေး လွဲချော်နေကြောင်း သိရှိလိုက်ရသည်။

အတွေးများ ရှုပ်ထွေးနေသော်ငြား ကျန်းချဲ့၏ တုံ့ပြန်မှုကတော့ အလွန် လျင်မြန်လှပေသည်။ အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။

"ကျွန်တော်ရဲ့ လက်ရှိ စွမ်းအားနဲ့ဆိုရင် ဘာမှ ပြန်ပြီး မဆပ်နိုင်သေးပါဘူး... ဒါပေမဲ့ နိုင်ငံတော်ဆရာ ဘက်က တောင်းဆိုချက်တွေ ဒါမှမဟုတ် ခိုင်းစရာတွေ ရှိလာရင်တော့... ကျွန်တော် အစွမ်းကုန် ကြိုးစားပြီး လုပ်ပေးပါ့မယ်..."

ယောင်ယွဲ့က ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။

"မင်း ပြောတာ မှန်ပါတယ်... မင်း အခုချိန်မှာ ငါ့ကို ဘာမှ ပြန်မဆပ်နိုင်သေးပါဘူး... ဒီကျေးဇူးကို အရင် မှတ်ထားလိုက်ပါ... နောင်တစ်ချိန် ငါ မင်းကို အသုံးလိုတဲ့ အချိန်ကျရင် ဒီနေ့ မင်းပြောခဲ့တဲ့ စကားကို မမေ့ပါနဲ့..."

"ကျွန်တော်က ကတိပေးပြီးရင် ဘယ်တော့မှ ဖောက်ဖျက်လေ့ မရှိပါဘူး..."

ကျန်းချဲ့က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

"ကျာလော့ကို ငါ နှင်ထုတ်လိုက်ပြီဆိုတော့... အချိန်တို အတွင်းမှာ သူ မင်းကို လာပြီး တိုက်ခိုက်မှာ မဟုတ်တော့ဘူး... ရှေ့ဆက်သွားရမယ့် လမ်းမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ..."

ယောင်ယွဲ့ စကားပြောပြီးသည်နှင့် ကျန်းချဲ့ကို ဆက်လက် ပြောဆိုခွင့်မပေးတော့ဘဲ လှည့်ထွက်ကာ လေဟာနယ် အတွင်းသို့ ခြေချလိုက်ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားလေတော့သည်။

"ဒီတစ်ခေါက်တော့ တကယ်ကို အန္တရာယ်များတာပဲ..."

ကပ်ဆိုးတစ်သောင်း မိစ္ဆာဓား အတွင်းမှ သိုင်းသူတော်စင် နှစ်ပါး အဆက်မပြတ် ထွက်ခွာသွားပြီးနောက် ချီရွှယ်မိစ္ဆာသခင်သည် နောက်ဆုံးတွင်တော့ သည်းမခံနိုင်တော့ဘဲ သွေးရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မိစ္ဆာဓား အတွင်းမှ ထွက်ပေါ်လာပြီး သက်ပြင်းချလိုက်သည်။

အသက်ရှင်သေဆုံးမှုက သူတစ်ပါး၏ စိတ်ဆန္ဒအပေါ်တွင်သာ မူတည်နေသည့် ဤကဲ့သို့သော အခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်ရာ အနည်းငယ်တော့ ညည်းတွားမိသည်။ သို့သော် တစ်ချိန်တည်းမှာပင် အများစုကတော့ ဘာမှ မတတ်နိုင်သည့် ခံစားချက်မျိုး ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ရောက်လာသူမှာ သိုင်းသူတော်စင် ဖြစ်နေသည် မဟုတ်ပါလော။ အမှန်တကယ် လောကကြီး၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူ ပင်ဖြစ်သည်။ တစ်ယောက်ချင်းစီ တိုင်းက ကောင်းကင်နှင့် မြေကြီးကို ပြောင်းလဲနိုင်သော မဟာ နတ်စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။ နယ်ပယ်တစ်ခုကို ဖန်တီးကာ နတ်ဘုရားတစ်ပါးအလား ကြီးစိုးနိုင်ကြသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သူ ယခင်က ထိပ်တန်း မဟာသိုင်းသခင်ကြီး တစ်ပါး ဖြစ်ခဲ့သော်ငြား သိုင်းသူတော်စင်၏ အရှေ့တွင်တော့ အလွန် သေးငယ်လွန်းလှပေသည်။ စောစောက အကြပ်အတည်းနှင့် ရင်ဆိုင်ရချိန်တွင် သေတမ်းစာကိုပင် မနေနိုင်မထိုင်နိုင် ပြောခဲ့မိသည် မဟုတ်ပါလော။

"အရင်တုန်းက ခင်ဗျားပဲ ယုံကြည်ချက် အပြည့်နဲ့ ဘာပြဿနာမှ မရှိဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား..."

ကျန်းချဲ့က ပြန်လည် တုံ့ပြန်လိုက်သည်။

ထိုအချိန်တုန်းက သူသည် ချီရွှယ်မိစ္ဆာသခင်၏ နည်းလမ်းများကို အခြေခံကာ အမှန်တကယ် ယုံကြည်ခဲ့မိသည်။ ရလဒ်အနေဖြင့် သူ၏ တစ်သက်တာတွင် အကြီးမားဆုံးသော အန္တရာယ်ကြီးနှင့် ရင်ဆိုင်လိုက်ရသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ ဝင်ရောက် မကူညီခဲ့ပါက ဤတစ်ကြိမ် သေမည် မသေမည်ကို မသိရသော်ငြား သူ သေချာပေါက် အလွန်အမင်း ဒုက္ခရောက်ရမည်မှာ အသေအချာ ပင်ဖြစ်သည်။

"ငါ သိုင်းသူတော်စင်ရဲ့ နည်းလမ်းတွေကို အထင်သေးသွားမိတာပါ..."

ချီရွှယ်မိစ္ဆာသခင်က ခေါင်းရမ်းလိုက်သည်။

သူ၏ ကိုယ်ပိုင် အရှိန်အဝါများကို ဖုံးကွယ်ထားနိုင်လျှင် လုံခြုံပြီဟု သူ ထင်မှတ်ထားခဲ့မိသည်။ သိုင်းသူတော်စင်၏ နည်းလမ်းများက ဤမျှလောက် ထူးဆန်းလိမ့်မည်ဟု သူ တကယ်ကို မထင်မှတ်ထားခဲ့ပေ။ သူတို့ ဤနေရာမှ ဖြတ်သန်းသွားမည်ကို ကြိုတင် တွက်ဆထားပြီး လုံးဝ သတိမထားမိဘဲ နယ်ပယ် အတွင်းသို့ ဆွဲသွင်းလိုက်နိုင်ခြင်း ပင်ဖြစ်သည်။

"သိုင်းသူတော်စင်..."

ကျန်းချဲ့ တိုးတိုးလေး ရေရွတ်လိုက်ပြီး အင်္ကျီလက် အတွင်းမှ လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေသည်။

ဤအဖြစ်အပျက်ကို ဖြတ်သန်းပြီးနောက်တွင် သူ၏ ယခင်က မာနထောင်လွှားမှုများ အားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။ တော်ဝင်နန်းတော်၏ မျက်နှာစာ၊ နံပါတ်တစ် ပါရမီရှင်၊ မဟာသိုင်းသခင်ကြီးနှင့် ယှဉ်ပြိုင်နိုင်သော စွမ်းအား ဆိုသည်များမှာ သိုင်းသူတော်စင်၏ အရှေ့တွင်တော့ အလွန် အားနည်းလွန်းလှပေသည်။ မဟုတ်ပေ၊ တိတိကျကျ ပြောရမည်ဆိုလျှင် သူကိုယ်တိုင်က အားနည်းလွန်းနေခြင်း ပင်ဖြစ်သည်။

'နောက်တစ်ကြိမ် ငါ ကသာ သူတို့ကို အဆင့်အတန်းနဲ့ ဖိနှိပ်ရမယ်... ဘယ်သူမှ ငါ့ကို လာပြီး မဖိနှိပ်စေရဘူး...'

ရင်ထဲတွင် ချက်ချင်းပင် ပိုမို အစွမ်းထက်လာစေရန် ကြီးမားလှသော ဆန္ဒကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ဤအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်စေရမည်ဟု သူ မျှော်လင့်သည်။

"ဘာဖြစ်လို့လဲ..."

ချီရွှယ်မိစ္ဆာသခင်က ကျန်းချဲ့၏ မျက်နှာထား အနည်းငယ် မမှန်သည်ကို ရိပ်မိသွားသည်။

"ဘာမှ မဖြစ်ပါဘူး... သွားကြတာပေါ့... ယွင်ပြည်နယ်ကို အမြန်ဆုံး ပြန်ကြမယ်..."

ကျန်းချဲ့က လက်ကာပြလိုက်ပြီး အမူအရာ ကင်းမဲ့စွာဖြင့် ပြန်ပြောလိုက်သည်။

ရင်ထဲရှိ စကားများကို ပြင်ပလူများကို ပြောပြနေရန် မလိုအပ်ပေ။ သူ ယခုအချိန်တွင် ယွင်ပြည်နယ်သို့ အမြန်ဆုံး ပြန်သွားချင်ပြီး ကျန်ရှိနေသော ယဇ်ပူဇော်ပစ္စည်း နှစ်ခုကို ယူဆောင်ကာ ဓမ္မရုပ်တုအဆင့်သို့ တက်လှမ်းရန် အမြန်ဆုံး ပြင်ဆင်လိုသည်။ သူ၏ စွမ်းအားများကို အမြန်ဆုံး မြှင့်တင်လိုသည်။ သိုင်းသူတော်စင်နှင့် မည်သည့် အချိန်တွင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာမည်နည်း။ ထိုအချိန်ကျမှသာ သူ အနည်းငယ် စိတ်အေးလက်အေး နေနိုင်မည် ဖြစ်သည်။

ဗုဒ္ဓဘာသာဂိုဏ်း၏ ယခုတစ်ကြိမ် ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ ကျန်းချဲ့လည်း အလွယ်တကူ ကျေအေးသွားမည် မဟုတ်ပေ။ ကျာလော့က ဩဇာအာဏာဖြင့် ဖိနှိပ်ခဲ့သလို သူကလည်း ဆယ်ဆ ပြန်လည် တုံ့ပြန်နိုင်လေသည်။ ထျန်းလုံ ဘုန်းကြီးကျောင်းသည် ယွဲ့ပြည်နယ်ရှိ ဗုဒ္ဓဘာသာဂိုဏ်း၏ အစွမ်းထက်ဆုံးသော အင်အားစုတစ်ခု ဖြစ်လေရာ ၎င်းတို့ကို အမြစ်ပြတ် ရှင်းလင်းပစ်လိုက်နိုင်ပါက ဗုဒ္ဓဘာသာဂိုဏ်းကို အနည်းငယ် နာကျင်သွားစေနိုင်မည်ဟု သူ ယုံကြည်သည်။ ဤသည်မှာ အစ သက်သက်သာ ဖြစ်သည်။

နောက်ပိုင်း ခရီးစဉ်များ အကြောင်းကိုတော့ အထူး ပြောနေစရာ မလိုတော့ပေ။ ကျာလော့၏ သင်ခန်းစာကြောင့် ကျန်းချဲ့နှင့် ချီရွှယ်မိစ္ဆာသခင်တို့သည် ပိုမို သတိထားလာကြသည်။ အမြန်နှုန်း အတော်လေး ကျဆင်းသွားသော်ငြား အမြင့်ဆုံး ကာကွယ်ရေး အခြေအနေသို့ ရောက်ရှိနေကြသည်။ ဤသည်မှာ သိုင်းသူတော်စင်များ အတွက်တော့ ဘာမှ မဟုတ်ဘူးဟု ဆိုနိုင်သော်ငြား... သူတို့အနေဖြင့် အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

အခြားတစ်ဖက်တွင်။

ကျန်းချဲ့ ခရီးဆက်နေစဉ် အတွင်း နိုင်ငံတော်ဆရာ ယောင်ယွဲ့ကတော့ ထပ်မံ လိုက်ပါလာခြင်း မရှိတော့ပေ။ အစောပိုင်းက ခေါက်ရှန်းနတ်မင်းကြီး၏ တောင်းဆိုချက်မှာ ကျာလော့ကို ရင်ဆိုင်ပေးရန် သက်သက်သာ ဖြစ်သည်။ ဤပြဿနာ ပြေလည်သွားပြီဖြစ်ရာ ကျန်းချဲ့သည် အခြေခံအားဖြင့် မည်သည့် အန္တရာယ်မျှ မရှိနိုင်တော့ဟု သူမ ယုံကြည်သည်။ ထို့ကြောင့် လားရာကို တိုက်ရိုက် ပြောင်းလဲလိုက်ပြီး အနက်ရောင်ရုံးတော်သို့ တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။

ကျီချန်တောက်သည် အဖြူရောင် ဝတ်ရုံကို ဆင်မြန်းထားဆဲ ဖြစ်ပြီး အနည်းငယ် ပျင်းရိနေသည့်ဟန် ရှိကာ လက်ထဲတွင် တာအိုကျမ်းစာအုပ် တစ်အုပ်ကို ကိုင်ဆောင် ဖတ်ရှုနေသည်။ ယောင်ယွဲ့ ရောက်ရှိလာခြင်း အပေါ် မည်သည့် ထူးခြားမှုကိုမျှ မပြသခဲ့ပေ။

"ကျန်းချဲ့ရဲ့ ပြဿနာ ရှင်းသွားပြီ..."

ယောင်ယွဲ့က ပထမဆုံး စတင်၍ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

"မဆိုးပါဘူး..."

ကျီချန်တောက်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။

"ငါ ကူညီပေးခဲ့တာကို နတ်မင်းကြီးက ကျေးဇူးတင်စကား တစ်ခွန်းတောင် မပြောဘူးလား..."

ယောင်ယွဲ့ မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး ကျီချန်တောက်၏ အပြုအမူအပေါ် မကျေမနပ် ဖြစ်သွားသည့်ဟန် ပေါ်နေသည်။ တစ်ဖက်လူသည် သူမထက် ပို၍ပင် မာနထောင်လွှားနေသည်ဟု ထင်မြင်မိသည်။

"ဘယ်လို အကြောင်းတရားမျိုး စိုက်ပျိုးခဲ့သလဲ... အဲ့ဒီအတိုင်း အကျိုးဆက်ကို ရမှာပဲ... မင်း ဒီနေ့ ကျန်းချဲ့ကို ကူညီလိုက်တော့ နောင်တစ်ချိန်မှာ သူကလည်း မင်းကို ပြန်ကူညီလိမ့်မယ်... ဒီကျေးဇူးတင်စကားကို ငါ ပြောစရာ မလိုပါဘူး... မင်းကိုယ်တိုင်ပဲ ပြောရမှာပါ..."

ယောင်ယွဲ့က ကျီချန်တောက်ကို တစ်ချက် စွေကြည့်လိုက်သည်။

"ငါက ကူညီပေးခဲ့တာကို တောင်မှ ပြန်ပြီး ကျေးဇူးတင်နေရဦးမှာလား..."

"နောင်တစ်ချိန် ကျရင် ငါ့ရည်ရွယ်ချက်ကို မင်း နားလည်လာပါလိမ့်မယ်..."

ကျီချန်တောက်က လက်ကာပြလိုက်ပြီး ယောင်ယွဲ့ကို ထွက်သွားရန် အချက်ပြလိုက်သည်။ သူမ ဤနေရာတွင် ရှိနေခြင်းက သူ စာဖတ်နေသည်ကို အနှောင့်အယှက် ဖြစ်စေသောကြောင့် ပင်ဖြစ်သည်။

"ငါက ဘယ်သူ့ရဲ့ အကူအညီမှ မပါဘဲနဲ့လည်း တာအိုလမ်းစဉ်ကို အောင်မြင်နိုင်ပါတယ်... ဒါပေမဲ့ မင်း အထင်ကြီးနေတဲ့ ကျန်းချဲ့ကတော့ သိုင်းသူတော်စင် ဖြစ်လာနိုင်ပါ့မလား ဆိုတာ အခုထိ မသေချာသေးဘူးလေ..."

ယောင်ယွဲ့က အနည်းငယ် မကျေမနပ်ဖြင့် ပြောလိုက်သည်။

ကျန်းချဲ့၏ ပါရမီအရ သူသာ မသေဆုံးပါက သိုင်းသူတော်စင် အဆင့်သို့ သေချာပေါက် ရောက်ရှိနိုင်မည် ဖြစ်ကြောင်းကို သူမ သဘာဝကျကျပင် သိရှိထားသည်။ သို့သော် ကျီချန်တောက်၏ အပြုအမူကို သူမ အနည်းငယ် မျက်မုန်းကျိုးနေမိသည်။ သူတို့ နှစ်ယောက်သည် တန်းတူရည်တူ ဖြစ်သင့်သော်ငြား ယခုအခါတွင်တော့ သူမက အောက်စီးသို့ ရောက်နေသလိုမျိုး ခံစားနေရသည်။

"ငါနဲ့ အလောင်းအစား လုပ်မလား..."

ကျီချန်တောက်က လက်ထဲရှိ တာအိုကျမ်းစာအုပ်ကို ချထားလိုက်ပြီး ယောင်ယွဲ့ကို အလွန် တည်ကြည်လေးနက်စွာ ကြည့်ကာ ပြောလိုက်သည်။

"ဘာကြေးလဲ..."

"နောင်တစ်ချိန် ကျရင် မင်း ကျန်းချဲ့ရဲ့ အကူအညီကို သေချာပေါက် လိုအပ်လာလိမ့်မယ် ဆိုတာကို လောင်းမယ်..."

"ငါက အဲ့ဒီလိုမျိုး အခြေအမြစ် မရှိတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်သူနဲ့မှ အလောင်းအစား မလုပ်ဘူး... ငါ ကျန်းချဲ့ကို ကူညီခဲ့တာဆိုတော့ နောင်တစ်ချိန်မှာ သူ့ကို အသုံးချရမယ့် နေရာ သေချာပေါက် ရှိလာမှာပါ... ဒီကိစ္စကို နတ်မင်းကြီး အထူးတလည် ပြောနေစရာ မလိုပါဘူး..."

"ဟဲဟဲဟဲ..."

ကျီချန်တောက်က ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။

ယောင်ယွဲ့က သူ့ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် ဆက်လက်၍ မည်သည့် စကားမျှ မဆိုတော့ဘဲ ချက်ချင်း လှည့်ထွက်သွားလေတော့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ရက်အနည်းငယ် အချိန် ကုန်ဆုံးသွားခဲ့လေပြီ။ ကျန်းချဲ့ တစ်ယောက် ခရီးကြမ်းကို ဖြတ်သန်းပြီးနောက် တောင်ပိုင်း ပြည်နယ်သုံးခုသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့လေပြီ။

ချန်ချင်းဖန်၏ အဆိုအရ ဆိုလျှင် အနက်ရောင်ရုံးတော် ကျူးချွဲဌာနခွဲရှိ လက်ထောက် သံတမန် သုံးပါးအနက် ယွမ်ယင်း မဟာသိုင်းသခင် အဆင့်ရှိသော နှစ်ပါးမှာ သူ့အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ ဖြစ်လာမည် မဟုတ်ပေ။ ချန်ချင်းဖန်၏ ကိုယ်တိုင် ရေးသားထားသော စာချွန်လွှာ ရှိနေသဖြင့် ထိုနှစ်ယောက် စလုံးသည် သူ့ကို အစွမ်းကုန် ကူညီကြလိမ့်မည် ဖြစ်သည်။

သို့သော် အခြား ဓမ္မရုပ်တုအဆင့် မဟာသိုင်းသခင် တစ်ပါးကတော့ သေချာပေါက် ပြော၍ မရနိုင်ပေ။ ထိုသူသည် ချန်ချင်းဖန်ကို ရိုသေလေးစားရခြင်းမှာ ချန်ချင်းဖန်၏ ကျင့်ကြံမှု စွမ်းအားက သူ့ထက် ပို၍ မြင့်မားနေသောကြောင့် ပင်ဖြစ်သည်။ သို့သော် ကျန်းချဲ့သည် အလွန် ငယ်ရွယ်လွန်းနေသေးသည်။ ထို့အပြင် ချန်ချင်းဖန် ထွက်သွားပြီး ကတည်းက တောင်ပိုင်း ကျူးချွဲဌာနခွဲကို သူကသာ ဦးစီး အုပ်ချုပ်နေခဲ့ရခြင်း ဖြစ်လေရာ ကျန်းချဲ့၏ ရုတ်တရက် ရောက်ရှိလာခြင်းက အသင့်အနေအထား ရှိပြီးသား အသီးကို လာရောက် ခူးဆွတ်နေသည့် လုပ်ရပ်မျိုးနှင့် ပို၍ တူနေသည်။ ၎င်းအပြင် တစ်ဖက်လူ၏ နောက်ခံမှာလည်း သာမန် မဟုတ်ပေ။ ကျန်းချဲ့ အနေဖြင့် သူ့ကို ရင်ဆိုင်ရချိန်တွင် တတ်နိုင်သမျှ သတိထားရမည် ဖြစ်သည်။

အဓိက ကိစ္စများကို တစ်ဖက်လူက မလုပ်ရဲသော်ငြား အသေးအမွှား ကိစ္စများတွင်တော့ သေချာပေါက် လက်တံရှည်လာနိုင်ချေ ရှိသည်။ မူလက ကျန်းချဲ့၏ အစီအစဉ်မှာ ယွင်ပြည်နယ် ကျူးချွဲဌာနခွဲ ဌာနချုပ်သို့ အရင် သွားရောက်ရန် ပင်ဖြစ်သည်။ အရာအားလုံးကို စုစည်းပြီးမှသာ အခြား ကိစ္စများကို ဆက်လက် လုပ်ဆောင်မည် ဖြစ်သည်။ သို့သော် ကျာလော့၏ ချုံခို တိုက်ခိုက်မှုကို ခံရပြီးနောက်တွင်တော့ ကျန်းချဲ့၏ ရင်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။ ၎င်းမှာ မြောက်ပိုင်းနယ်သို့ ပြန်ရန် ပင်ဖြစ်သည်။ မြောက်ပိုင်းနယ် ပေလင် ချီမိသားစု၏ သိုင်းသူတော်စင် ဘိုးဘေးထံမှ အသက်ကယ်တင်နိုင်မည့် နည်းလမ်းအချို့ကို တောင်းခံရန် ပင်ဖြစ်သည်။

သူသည် အခြေအမြစ် မရှိသော သူတစ်ယောက် မဟုတ်ဘဲ မြောက်ပိုင်းနယ် ပေလင် ချီမိသားစုနှင့် အလွန်အမင်း ရင်းနှီးစွာ ပတ်သက်ဆက်နွှယ်နေသည့် မိသားစုဝင် တစ်ယောက် ပင်ဖြစ်သည်။ ယခုအခါ သူသည် သူ၏ အလားအလာနှင့် စွမ်းအားကို ကနဦး ပြသနိုင်ခဲ့ပြီ ဖြစ်သည်။ မြောက်ပိုင်းနယ် ပေလင် ချီမိသားစု အနေဖြင့်လည်း ဆက်လက်၍ ရင်းနှီးမြှုပ်နှံ သင့်နေပြီ ဖြစ်သည်။ တစ်ဖက်လူက အလွယ်တကူ ငြင်းဆန်လိမ့်မည် မဟုတ်ကြောင်းကို သူ ယုံကြည်သည်။

ထိုနည်းတူစွာပင် ယွင်ပြည်နယ်သို့ ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် ကျန်းချဲ့သည် အသံလွှင့် အဆောင်ကို အသုံးပြုကာ အချစ်တော်လေး ကျောက်ရှန်းကျီနှင့် ချက်ချင်း ဆက်သွယ်လိုက်ပြီး သူ အပ်နှံထားခဲ့သော ယဇ်ပူဇော်ပစ္စည်း၏ အခြေအနေကို မေးမြန်းလိုက်သည်။ ကျန်းချဲ့၏ ရုတ်တရက် ဆက်သွယ်လာမှုက ကျောက်ရှန်းကျီကို အလွန်အမင်း အံ့အားသင့် ဝမ်းသာ ဖြစ်သွားစေခဲ့သည်။ ဝိညာဉ်ရတနာကို သူမ လက်ထဲတွင် ရရှိထားပြီ ဖြစ်ကြောင်းနှင့် အချိန်မရွေး လာရောက် ယူဆောင်နိုင်ကြောင်း သို့မဟုတ် သူကိုယ်တိုင် လင်းကျန့်တောင်သို့ လာရောက် လည်ပတ်နိုင်ကြောင်းကို ချက်ချင်းပင် အကြောင်းပြန်လိုက်သည်။

အလုပ်လုပ်ရာတွင် ပြတ်သားမြန်ဆန်သော ကျန်းချဲ့သည် ကျောက်ရှန်းကျီကိုသာ သူ့ထံသို့ လာရောက်ရန် ဖိတ်ခေါ်လိုက်သည်။ အကြောင်းမူကား နောက်ပိုင်း ထျန်းလုံ ဘုန်းကြီးကျောင်းကို တိုက်ခိုက်မည့် အချိန်တွင် သူမကဲ့သို့သော အစွမ်းထက်သည့် တိုက်ခိုက်ရေးသမား တစ်ယောက်ကို သေချာပေါက် လိုအပ်နေသောကြောင့် ပင်ဖြစ်သည်။

မြောက်ပိုင်းနယ်သို့ နောက်ထပ် တစ်ကြိမ် ရောက်ရှိလာချိန်တွင် ကျန်းချဲ့၏ ရင်ထဲတွင် အလွန် သက်ပြင်းချမိသည်။ သူ မြို့တော်သို့ ထွက်သွားခဲ့သည့် အချိန်မှစ၍ ယခု အချိန်အထိ အတိအကျ ဆိုရလျှင် နှစ်လ တိတိသာ ရှိသေးသည်။ သို့သော် ဤမျှလောက် တိုတောင်းလှသော အချိန်လေး အတွင်းတွင် သူ၏ အခြေအနေများမှာ ကောင်းကင်နှင့် မြေကြီး ပြောင်းပြန် ဖြစ်သွားသည့်အလား ပြောင်းလဲသွားခဲ့လေပြီ။

ကျင့်ကြံမှု စွမ်းအားများ အကြီးအကျယ် တိုးတက်လာပြီး ဓမ္မရုပ်တုအဆင့်သို့ တက်လှမ်းသွားရုံ သာမက ရာထူးနေရာမှာလည်း အများကြီး တိုးတက်လာခဲ့သည်။ ယခင်က အဆင့်သုံး အရာရှိ နေရာကို ရရှိခဲ့သော်ငြား ကွမ်ကျွင်းနယ်စား ဟူသော နယ်စားဘွဲ့ တစ်ခုတည်းသာ အခြားသူများကို အလေးထားစေနိုင်ခဲ့သည်။ သို့သော် ယခုအခါတွင်တော့ သူသည် နယ်စားတစ်ပါး သာမက အစစ်အမှန် ဩဇာအာဏာရှိသော အဆင့်သုံး နန်းတွင်း အရာရှိကြီး တစ်ယောက် ပင်ဖြစ်နေလေပြီ။

တောင်ပိုင်းဒေသကို အုပ်စိုးပြီး ပြည်နယ်သုံးခုကို ထိန်းချုပ်ကာ မြို့တော်ဝန် အဖြစ်ပါ ခန့်အပ်ခံရသည်။ ယခု လက်ရှိ အချိန်တွင် သူသည် အစစ်အမှန် နယ်စားကြီး တစ်ပါး ပင်ဖြစ်သည်။ ထိုနည်းတူစွာပင် ဤတစ်ကြိမ် အိမ်ပြန်လာခြင်းမှာလည်း ဂုဏ်သရေရှိရှိ အိမ်ပြန်လာခြင်း ပင်ဖြစ်သည်။

ရင်ထဲရှိ မကျေနပ်မှုများ အားလုံးကို ဖယ်ရှားလိုက်ပြီး ကျန်းချဲ့၏ မျက်နှာပေါ်တွင် ချက်ချင်းပင် တက်ကြွလန်းဆန်းသော အမူအရာများ ပေါ်လွင်လာကာ မြောက်ပိုင်းနယ် ပေလင် ချီမိသားစုသို့ တိုက်ရိုက် ဆင်းသက်လာခဲ့လေတော့သည်။

All Chapters