← Chapters

အခန်း ၄၂၈

Vol. 43 Ch. 428

အခန်း ၄၂၈

Vol. 43 Ch. 428

အခန်း (၄၂၈) အသက်ကယ် အဆုံးစွန်လက်နက်... ဘုရင်တစ်ပါးဖြစ်လာရန် ရည်မှန်းချက်

မြောက်ပိုင်းနယ် ပေလင် ချီမိသားစု... ဝမ်ပင်းအဆောက်အအုံ...

ပေလင် ချီမိသားစုသည် ချီဝမ်ကျင်းနှင့် ချီနင်ပင်းတို့အတွက် မင်္ဂလာအိမ်တော်အသစ် ဆောက်လုပ်ပေးထားခဲ့သော်ငြား ကျန်းချဲ့ မြို့တော်သို့ ထွက်ခွာသွားသောကြောင့် ချီညီအစ်မနှစ်ယောက်မှာ ချီမိသားစုအိမ်တော်သို့သာ ပြန်လည်နေထိုင်လေ့ရှိကြသည်။

ဝမ်ပင်းအဆောင်...

ချီဝမ်ကျင်းသည် တင်ပျဉ်ခွေထိုင်နေပြီး အဖြူနှင့် အပြာရောင် ရောယှက်နေသော ဂါဝန်ရှည်ကို ဆင်မြန်းထားသည်။ ရေတံခွန်အလား ကျဆင်းနေသော ဆံကေသာများနှင့်အတူ မျက်ခုံးနှစ်ခုကြားတွင် လက်မအရွယ်အစားရှိ ကျောက်စိမ်းရတနာတစ်ခုကို အလှဆင်ထားကာ လေပြေလေညင်းအောက်တွင် သူမ၏ ဝတ်ရုံလေးမှာ တဖြည်းဖြည်း လွင့်ဝဲနေသည်။

သူမသည် လူ့လောကမှ ကင်းကွာနေသော နတ်သမီးတစ်ပါးအလား ကျယ်ဝန်းသော အင်္ကျီကော်လာမှာ အနည်းငယ် ဟိုက်နေပြီး သူမ၏ ပြည့်ဖြိုးလှပသော ခန္ဓာကိုယ်အချိုးအစားကို အပြည့်အဝ ပေါ်လွင်စေသည်။ သို့သော် ဤသည်မှာ တမင်တကာ ပြင်ဆင်ထားခြင်းမျိုး မဟုတ်ဘဲ ကြည်လင်သော ရေပြင်ထက်မှ ပေါ်ထွက်လာသည့် ကြာပန်းလေးတစ်ပွင့်အလား လှပတင့်တယ်နေခြင်းသာ ဖြစ်သည်။

အေးချမ်းသော အကြည့်များဖြင့် လက်နှစ်ဖက်ကို ဝမ်းဗိုက်ပေါ်တွင် တင်ထားကာ နံနက်ခင်း နေရောင်ခြည်ကို မျက်နှာမူလျက် တရားထိုင် ကျင့်ကြံနေပြီး အလွန်တရာ ကျက်သရေရှိလှပေသည်။

သူမနှင့် နှိုင်းယှဉ်လျှင် ညီမဖြစ်သူ ချီနင်ပင်းကတော့ အနည်းငယ် သွက်လက်ပေါ့ပါးနေလေသည်။ ခြေသလုံးအထိ ရှည်လျားသော ပန်းရောင်ဂါဝန်ပါးပါးလေးကို ဆင်မြန်းထားသော်ငြား ခြေထောက်ချိတ်ထိုင်နေသောကြောင့် ဖြူဝင်းသော ပေါင်တံလေးများပင် ပေါ်လွင်နေသည်။

သွက်လက်လှပသော မျက်ဝန်းအစုံမှာ ပြောပြ၍မကုန်နိုင်သော လျှို့ဝှက်ချက်များကို သိုဝှက်ထားသည့်အလား ရှိနေပြီး သစ်ခက်လေးအလား လှပသော မျက်ခုံးလေးများကို ပင့်တင်ကာ ဤအေးချမ်းလှသော နေ့လယ်ခင်းကို သက်ပြင်းချနေသည့်အလား ပင်ဖြစ်သည်။ ပခုံးထက်တွင် ဖြန့်ချထားသော ဆံကေသာများမှာ လေနှင်ရာသို့ လွင့်ဝဲနေလေသည်။

"အစ်မ... ခဲအိုက ဘယ်တော့လောက်မှ ပြန်လာမှာလဲ... မြို့တော်ဘက်မှာ မြေခွေးမတစ်ကောင်ကများ သူ့ကို ဖမ်းချုပ်ထားလို့လား မသိဘူး... ဟွန့်... သောက်ယောက်ျားတွေ... ရပြီးသွားရင် တန်ဖိုးမထားကြတော့တာပဲ..."

ချီနင်ပင်းက နှာခေါင်းလေးရှုံ့ကာ အစ်မဖြစ်သူကို မကျေမနပ် ကြည့်ရင်း ပြောလိုက်သည်။

"ဘာလဲ... သူ့ကို လွမ်းနေပြီလား..."

ချီဝမ်ကျင်း မျက်လုံးအနည်းငယ် ဖွင့်ကာ ညီမဖြစ်သူကို တစ်ချက် စွေကြည့်လိုက်သည်။

"အစ်မရော မလွမ်းဘူးလား... မင်္ဂလာဆောင်တာမှ မကြာသေးဘူး... သူ့ကို မတွေ့ရတာ ဘယ်လောက်တောင် ကြာနေပြီလဲ..."

ချီနင်ပင်း က နှုတ်ခမ်းလေးစူကာ ပြောလိုက်သည်။ သူမသည် မင်္ဂလာဆောင်ပြီးနောက် သာယာလှပသော ဘဝလေးကို စိတ်ကူးယဉ်ထားခဲ့သော်ငြား ကျန်းချဲ့ တစ်ယောက် ထွက်သွားလိုက်သည်မှာ လနှင့်ချီနေပြီဖြစ်သော်လည်း ပြန်မလာသေးချေ။ သူမ အတော်လေး စိတ်မရှည်ဖြစ်နေပြီဖြစ်သည်။

"လွမ်းရင်လည်း သေသေချာချာ ကျင့်ကြံပါ... သူ ပြန်လာတဲ့အချိန် ညီမလေး ကျင့်ကြံဖို့ ပျင်းရိနေတာကို မမြင်စေချင်ဘူး မဟုတ်လား..."

ချီဝမ်ကျင်း က ခပ်ဖွဖွ ရယ်မောလိုက်သည်။ သူမကိုယ်တိုင်လည်း ကျန်းချဲ့ကို အလွန် လွမ်းဆွတ်နေသော်ငြား ရင်ထဲရှိ လွမ်းဆွတ်မှုများကို မည်သို့ ဖြေဖျောက်ရမည်ကို ကောင်းစွာ သိရှိထားပြီး နေ့စဉ်နှင့်အမျှ စိတ်ဝိညာဉ်ကို ကျင့်ကြံခြင်းတွင်သာ နစ်မြုပ်ထားလေသည်။ တိုးတက်မှုနှုန်း မမြန်ဆန်သော်ငြား သူမ၏ စိတ်ထဲတွင် အလွန် ပြည့်စုံနေသည်ဟု ခံစားရလေသည်။

"နေ့တိုင်း ထိုင်ပြီး ကျင့်ကြံနေရတာ ဘာများ အဓိပ္ပာယ်ရှိလို့လဲ... ပျင်းစရာကောင်းတဲ့အပြင် နှေးလည်း နှေးသေးတယ်... ခဲအိုနဲ့ အတူတူ ကျင့်ကြံရတာက သက်သာတဲ့အပြင် အမြန်နှုန်းကလည်း တကယ် မြန်တယ်... တစ်ခါလုပ်ရုံနဲ့တင် လဝက်လောက် ကျင့်ကြံရတာနဲ့ တန်တယ်..."

အမြန်နှုန်း တိုးမြှင့်သည့် အခြေအနေကို ခံစားဖူးပြီးနောက်တွင် ချီနင်ပင်း သည် ယခင်အတိုင်း ပြန်၍မရနိုင်တော့ချေ။ သူမ ကိုယ်တိုင်လည်း အကြိမ်ကြိမ် ကြိုးစားကြည့်ခဲ့ဖူးသော်ငြား အစ်မဖြစ်သူကဲ့သို့ စိတ်ကို ငြိမ်သက်အောင် လုံးဝ မထားနိုင်ခဲ့ချေ။ မျက်လုံးမှိတ်လိုက်တိုင်း ကျန်းချဲ့၏ လူယုတ်မာ အပြုံးများကိုသာ မြင်ယောင်လာမိပြီး လုံးဝ သည်းမခံနိုင်အောင် ဖြစ်ရလေသည်။ ထို့ကြောင့် လွန်ခဲ့သော နှစ်လတာ ကာလအတွင်း ချီဝမ်ကျင်း က ကြိုးစားပမ်းစား ကျင့်ကြံနေချိန်တွင် သူမ ကတော့ ပျင်းရိစွာသာ နေထိုင်ရန် ရွေးချယ်ခဲ့လေသည်။

"ကဲပါ... ညည်းတွားမနေပါနဲ့တော့... အစ်ကို က တောင်ပိုင်းသံတမန် အဖြစ် ရာထူးတိုးသွားတဲ့ သတင်းကို ညီမလေး မသိတာလည်း မဟုတ်ဘဲနဲ့... တွက်ကြည့်ရသလောက်ဆိုရင် ရက်ပိုင်းအတွင်း ပြန်ရောက်လာတော့မှာပါ... ဒီလောက် အရွယ်ရောက်နေပြီကို စိတ်မရှည်တဲ့ အကျင့်က ဖျောက်မရသေးဘူးလား..."

ဤညီမဖြစ်သူနှင့် ပတ်သက်၍ ချီဝမ်ကျင်း အမှန်တကယ်ပင် ဘာမှ မတတ်နိုင်တော့ချေ။ သူမ၏ နှလုံးသား တစ်ခုလုံးကို ကျန်းချဲ့၏ အပေါ်တွင်သာ အပြည့်အဝ ပုံအပ်ထားလေသည်။ အိမ်တော်ထဲရှိ ဟွမ်ရှန်းရှန်း နှင့်ပင် သိပ်မကွာလှချေ။

"အစ်မ... ခဲအိုက မြို့တော်မှာ တခြားမိန်းမတွေရဲ့ မြှူဆွယ်တာကိုများ ခံလိုက်ရပြီလား မသိဘူးနော်..."

ချီနင်ပင်း က ရုတ်တရက် တိုးတိုးလေး မေးလိုက်သည်။

"ဒီလိုစကားမျိုးတွေ နောက်ဆို လျှောက်မပြောနဲ့... အစ်ကို က ဘယ်လိုလူမျိုးလဲဆိုတာ ညီမလေး မသိတာလည်း မဟုတ်ဘူး... ပြီးတော့ ဒီနှစ်လလောက် အချိန်လေးအတွင်းမှာ သူ ဘာများ လုပ်နိုင်မှာလဲ..."

ချီဝမ်ကျင်း က မျက်မှောင်ကြုတ်ကာ ဆုံးမလိုက်သည်။

အစ်မဖြစ်သူ၏ ဆုံးမစကားကို ချီနင်ပင်း က သိပ်ပြီး ဂရုမစိုက်ဘဲ နှာခေါင်းတစ်ချက် ရှုံ့ကာ ပြန်ပြောလိုက်သည်။

"ဒါဆိုရင်လည်း ခဲအိုက ဘယ်လိုလူမျိုးလဲဆိုတာ ညီမ ကောင်းကောင်းကြီး သိတာပေါ့... မမေ့နဲ့နော်... သူက ညီမတို့နှစ်ယောက်စလုံးကို တစ်ပြိုင်နက်တည်း ယူခဲ့တာလေ... သူ့ရဲ့ အဲ့ဒီ စိတ်ကူးတွေကို ညီမ မသိဘူးများ မှတ်နေလား... ပြောရရင် အစ်မက အရမ်း ရှေးရိုးဆန်လွန်းတယ်... အစ်မသာ ညီမလိုမျိုး ပွင့်ပွင့်လင်းလင်း နေမယ်ဆိုရင် ခဲအိုက အပြင်ကို ထွက်မှာတောင် မဟုတ်ဘူး..."

"ချီနင်ပင်း... နည်းနည်းပါးပါး အရှက်လေး ဘာလေး ရဦးမှပေါ့... အိမ်ထောင်ကျနေပြီကို ဘာလို့ ပါးစပ်က ဒီလောက်တောင် လွတ်ထွက်နေရတာလဲ... အပြင်လူတွေ ကြားသွားရင် ဘယ်လိုလုပ်မလဲ..."

ချီဝမ်ကျင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

"ညီမက အပြင်လူတွေ ရှေ့မှာ ပြောနေတာမှ မဟုတ်တာ... ဒီနေရာမှာ ညီမတို့နှစ်ယောက်တည်း ရှိတာလေ..."

ချီနင်ပင်း က ဟီးဟီး ရယ်မောလိုက်ပြီး အစ်မဖြစ်သူ၏ ကျင့်ကြံမှုကို အနှောင့်အယှက် ပေးရန် အရှေ့သို့ တိုးသွားမည် ပြုစဉ်မှာပင် ရုတ်တရက် တစ်ခုခုကို ခံစားမိလိုက်သည့်အလား ရပ်တန့်သွားသည်။ ညီအစ်မ နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း ခေါင်းမော့ကာ အပေါ်သို့ ကြည့်လိုက်ကြသည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးတစ်ခု ရုတ်တရက် ကျဆင်းလာကြောင်းကိုသာ ခံစားလိုက်ရပြီး သူတို့နှစ်ယောက် သတိမဝင်လာမီမှာပင် အားအင်ပြည့်ဝသော လက်တစ်စုံက ချီညီအစ်မ နှစ်ယောက်စလုံးကို ရင်ခွင်ထဲသို့ ဆွဲပွေ့လိုက်လေသည်။ ကျန်းချဲ့ သည် အလွန်တရာ လှပကျက်သရေရှိလှသော ဇနီးသည် နှစ်ယောက်ကို ငုံ့ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဟားဟား... နင်ပင်း... မင်းက တစ်နေ့ကုန် ကိုယ့်ကွယ်ရာမှာ အတင်းတုပ်နေတာပေါ့လေ..."

"မင်း ဝမ်ကျင်း ဆီကနေ အတုမယူတတ်ဘူးလား..."

"အား... ခဲအို..."

ချီနင်ပင်း သည် ရောက်လာသူကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသောအခါ အကျယ်ကြီး အော်ဟစ်လိုက်ပြီး ကျန်းချဲ့ကို တင်းကျပ်စွာ ဖက်တွယ်လိုက်လေသည်။ မျက်နှာပေါ်တွင်လည်း အလွန်အမင်း ဝမ်းသာပျော်ရွှင်နေသည့် ဟန်များ ပြည့်နှက်နေသည်။ အခြားတစ်ဖက်ရှိ ချီဝမ်ကျင်း မှာ အနည်းငယ် ရှက်ရွံ့နေသော်ငြား ကျန်းချဲ့၏ ခါးကို ဖက်ထားသော လက်များကလည်း အလိုအလျောက် ပိုမို တင်းကျပ်သွားလေသည်။

မင်္ဂလာဆောင်ကာစ အချိန်တွင် မည်သည့် အမျိုးသမီးက ခင်ပွန်းဖြစ်သူကို မလွမ်းဆွတ်ဘဲ နေမည်နည်း။ သူမ သည် ပုံမှန်အချိန်များတွင် အနည်းငယ် ထိန်းသိမ်းထားရုံ သက်သက်သာ ဖြစ်လေသည်။

"ဘယ်လိုလဲ... ကိုယ့်ကို လွမ်းနေကြပြီလား..."

ကျန်းချဲ့ ဟားဟား ရယ်မောလိုက်သည်။

"သွားမယ်... သွားမယ်... အခန်းထဲ ဝင်ကြမယ်... ခဲအိုရဲ့ စွမ်းအားတွေ ဘယ်လောက်တောင် တိုးတက်လာပြီလဲ ဆိုတာကို ကြည့်ရသေးတာပေါ့... အစ်မ... ငေးမနေနဲ့... ကူပြီး တွဲခေါ်လာခဲ့... မြန်မြန်လုပ်... မြန်မြန်လုပ်..."

ချီနင်ပင်း သည် အမေးနှင့်အဖြေ မတိုက်ဆိုင်ဘဲ တိုက်ရိုက်ပင် အဓိက အကြောင်းအရာကို ဆွဲသွင်းလိုက်လေသည်။

ကျန်းချဲ့ ၏ မျက်နှာပေါ်ရှိ အပြုံးများ အနည်းငယ် တောင့်တင်းသွားသော်ငြား လျှင်မြန်စွာပင် သတိပြန်ဝင်လာပြီး လက်တစ်ဖက်စီဖြင့် သူတို့နှစ်ယောက်စလုံးကို ပွေ့ချီကာ အဆောက်အအုံ ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလေတော့သည်။ နှစ်လတာ ကာလအတွင်း မတွေ့ရသဖြင့် ချီညီအစ်မ နှစ်ယောက်၏ ကျင့်ကြံမှု အခြေအနေ မည်သို့ ရှိနေသနည်း ဆိုသည်ကို သူ ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးကြည့်ရမည် ဖြစ်လေသည်။

ပေလင် ချီမိသားစု အတွင်း၌။

ကျန်းချဲ့၏ ရောက်ရှိလာမှုကြောင့် အံ့အားသင့်သွားကြသော ချီမိသားစုမှ မဟာသိုင်းသခင်ကြီး များသည် အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်မိကြပြီး တိတ်ဆိတ် ငြိမ်သက်သွားကြလေသည်။ သူတို့သည် ကျန်းချဲ့၏ အရှိန်အဝါကို ခံစားမိသည်နှင့် တစ်ပြိုင်နက် လျင်မြန်စွာ စုရုံးခဲ့ကြလေသည်။ သို့သော် နောက်ကျသွားခဲ့ပြီး ကျန်းချဲ့ သည် ဝမ်ပင်းအဆောက်အအုံ သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့လေပြီ။

ချီကျန်းနန် ၏ မျက်နှာထား အနည်းငယ် မည်းမှောင်သွားပြီး ဘာပြောရမှန်း မသိအောင် ဖြစ်သွားရလေသည်။

အကြီးအကဲချုပ် ချီထျန်းကျုံ့ က မုတ်ဆိတ်မွေးရှည်ကြီးကို ခပ်ဖွဖွ ပွတ်သပ်ကာ ပြုံးလျက် ပြောလိုက်သည်။

"အခုခေတ် လူငယ်တွေကတော့လေ..."

"ကဲပါ... ကဲပါ... အကုန်လုံး လူစုခွဲကြတော့... ကျန်းချဲ့ အလုပ်တွေ ပြီးသွားရင် သူ့ဘာသာသူ ထွက်လာလိမ့်မယ်..."

ဒုတိယအကြီးအကဲ ကလည်း ဝင်ရောက် ပြောဆိုလိုက်လေသည်။

ကျန်းချဲ့ ၏ ဤ အလုပ်များမှု သည် အချိန် နှစ်နာရီ နီးပါးခန့် ကြာမြင့်သွားခဲ့လေသည်။

ချီညီအစ်မ နှစ်ယောက်၏ ကျင့်ကြံမှု တိုးတက်မှုကို အသေအချာ စစ်ဆေး စမ်းသပ်ပြီးနောက် သူ ဘေးတွင် အကူအညီ ပေးရန် မရှိပါက အလွန်တရာ ကြိုးစားပမ်းစား ကျင့်ကြံသော ချီဝမ်ကျင်း ပင်လျှင် တိုးတက်မှု အလွန် နှေးကွေးကြောင်းကို သက်သေပြနိုင်ခဲ့လေသည်။ သေချာသည်ကတော့ ဤသည်မှာ သိုင်းလောက၏ ပုံမှန် အခြေအနေ ပင်ဖြစ်သည်။ လူတိုင်းသည် သူကဲ့သို့ ကိုယ်ပိုင် ကျင့်ကြံမှု စွမ်းအားများကို အသုံးပြုကာ ဘေးရှိ မိန်းမလှလေးများကို ပြန်လည် ထောက်ပံ့ ပေးနိုင်စွမ်း ရှိကြသည် မဟုတ်ချေ။

ချီညီအစ်မ နှစ်ယောက် အပေါ် ဆက်ဆံရာတွင် ကျန်းချဲ့ သည် မိဖုရားကြီး ရွှယ်ပိုင်ကျိန်း အပေါ် ဆက်ဆံသည်ထက် အများကြီး ပို၍ နူးညံ့ ညင်သာလှပေသည်။ သူ့အတွက်တော့ ရွှယ်ပိုင်ကျိန်း သည် မလွှဲမရှောင်သာ အခြေအနေများကြောင့် သူ၏ အညံ့ခံမှုကို လက်ခံခဲ့ရသော အမျိုးသမီး တစ်ယောက် သက်သက်သာ ဖြစ်လေသည်။ သို့သော် ချီညီအစ်မ နှစ်ယောက် ကတော့ သူ၏ ဤတစ်သက်တာ အတွက် တရားဝင် ဇနီးမယားများ ပင်ဖြစ်သည်။

"အား... ဒီလို တိုးတက်မှုမျိုးကမှ တကယ် မြန်တာ... အစ်မ... အစ်မ အဲ့ဒီလိုမျိုး အပင်ပန်းခံပြီး ကျင့်ကြံနေတာ ဘာများ အဓိပ္ပာယ်ရှိလို့လဲ..."

ချီနင်ပင်း သည် အမောပြေသွားပြီးနောက် တွင် ရှက်သွေးဖြာနေသော အစ်မဖြစ်သူကို စတင် နောက်ပြောင်တော့သည်။

"အစ်မ ရဲ့ အခြေခံက ညီမလေး ထက် ပိုပြီး ခိုင်မာတယ်... အဲ့ဒါဆိုရင် လုံလောက်ပြီ..."

ချီဝမ်ကျင်း က သူမကို တစ်ချက် စွေကြည့်လိုက်သည်။

"ချီး... ဘယ်လောက်တောင် ခိုင်မာနေလို့လဲ... ခဲအို ရဲ့ အရှိန်ပြင်းပြင်းနဲ့ အတိုက်ခံရတော့လည်း အရှုံးပေးပြီး တောင်းပန်ခဲ့ရတာပဲ မဟုတ်ဘူးလား..."

ချီနင်ပင်း က လုံးဝ အားနာနေခြင်း မရှိဘဲ ပြောချလိုက်သည်။

"မင်း... ပါးစပ်ပိတ်ထားစမ်း..."

ချီဝမ်ကျင်း မျက်နှာလေး တစ်ခုလုံး နီမြန်းသွားရလေသည်။

"ကဲပါ... မင်းတို့ နှစ်ယောက် ဆက်ပြီး မငြင်းကြနဲ့တော့... ထပ်ငြင်းနေမယ် ဆိုရင် ကိုယ် လည်း ဝင်ငြင်းပေးရလိမ့်မယ်..."

ကျန်းချဲ့ က တိုက်ရိုက်ပင် ဖြတ်ပြောလိုက်လေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ချီညီအစ်မ နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း နှုတ်ဆိတ်သွားကြလေသည်။ သူတို့ နှစ်ယောက်စလုံး သည် ယခုလေးတင် ပြင်းထန်သော တိုက်ပွဲကြီး တစ်ခုကို ဖြတ်သန်း ခဲ့ရပြီး ဖြစ်ရာ နောက်ထပ် တစ်ကြိမ် အဖျက်အဆီး ခံရမည့် အခြေအနေကို လုံးဝ သည်းမခံနိုင်တော့ချေ။

"ခဲအို... အမှန်တိုင်း ပြောစမ်းပါ... ဒီတစ်ခေါက် မြို့တော်ကို သွားတဲ့ အချိန်မှာ တခြား မြေခွေးမတွေရဲ့ မြှူဆွယ်တာကို ခံခဲ့ရသေးလား..."

ချီနင်ပင်း က ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ကျန်းချဲ့ကို မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်ကာ မေးလိုက်သည်။

"မရှိပါဘူး..."

ကျန်းချဲ့ က အလွန် တည်ကြည် လေးနက်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်လေသည်။ ရွှယ်ပိုင်ကျိန်း သည် မိဖုရားကြီး တစ်ပါး ဖြစ်ပြီး မြေခွေးမ မဟုတ်ချေ။

"ဟွန့်... ဒါဆိုရင်လည်း ပြီးသွားတာပါပဲ..."

"ကဲပါ... ကဲပါ... အဓိက ကိစ္စကို ပြောကြရအောင်... အစ်ကို... ဒီတစ်ခေါက် မြို့တော်မှာ အရမ်းကို အန္တရာယ် များခဲ့တယ် မဟုတ်လား..."

ပေလင် ချီမိသားစု သည် ကျန်းချဲ့၏ အတွေ့အကြုံများ ကို အမြဲတမ်း စောင့်ကြည့် နေခဲ့ကြပြီး တာ့ကျိုး နိုင်ငံတော်၏ မင်းသား နှင့် ပွတ်တိုက်မှုများ ဖြစ်ပေါ် ခဲ့ကြောင်းကို သိရှိ ထားကြလေသည်။ ထို့အပြင် မြောက်ပိုင်း ရိုင်းစိုင်းသူများ ၏ သံတမန် နှင့်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။ ၎င်းအပြင် ချင်းထျန်းမိစ္ဆာဂိုဏ်း ၏ ကောင်းကင်လင်းယုန် ဓမ္မမင်းကြီး ကို သတ်ဖြတ် ခဲ့ခြင်း ကြောင့်သာ တောင်ပိုင်း သံတမန် အဖြစ် ရာထူး တိုးမြှင့် ခံရခြင်း ဖြစ်ကြောင်း သတင်းများလည်း ကြားသိ ထားခဲ့ကြလေသည်။ သူတို့ သည် သတင်းများ ကိုသာ ကြားသိ ခဲ့ရခြင်း ဖြစ်သော်ငြား ထို ကိစ္စများ ၏ နောက်ကွယ်ရှိ အန္တရာယ် ကြီးမား မှုများကို ကောင်းစွာ နားလည် ခံစား သိရှိ နိုင်လေသည်။

"အဆင်ပြေပါတယ်... ယေဘုယျ ပြောရရင်တော့ သိပ်ပြီး အန္တရာယ် မများခဲ့ပါဘူး..."

ကျန်းချဲ့ က နှစ်သိမ့် ပြောဆိုလိုက်လေသည်။ သူ ယခုလေးတင် ဖြတ်သန်း လာခဲ့ရသော အကြပ်အတည်း ကြီး အကြောင်းကိုတော့ ဖွင့်ဟ ပြောဆို ခြင်း မရှိခဲ့ချေ။ ချီညီအစ်မ နှစ်ယောက် အနေဖြင့် ဤ ကိစ္စများ တွင် သူ့ကို မည်သို့မျှ ကူညီ ပေးနိုင်စွမ်း မရှိတော့ရာ သူတို့ကို အလကား နေရင်း စိုးရိမ် ပူပန်မှုများ မဖြစ်စေချင်တော့ပေ။

"ခဲအို... တစ်ခုခု အခက်အခဲ တွေ့ရင် ပြောဖို့ မမေ့နဲ့နော်... ညီမတို့ နှစ်ယောက်က မကူညီ နိုင်ဘူး ဆိုရင်တောင်မှ ညီမ အဖေ ရှိသေးတယ်လေ... ခဲအို သာ အန္တရာယ် နဲ့ ကြုံရရင် အဖေ့ကို ကူညီပေးဖို့ ညီမ သွားတောင်းဆို ပေးမယ်... ချီမိသားစု ရဲ့ အင်အားကို အလကားနေရင်း မသုံးဘဲ ထားစရာ အကြောင်းမှ မရှိတာ..."

ချီနင်ပင်း က ရယ်မော ကာ ပြောလိုက်လေသည်။

သို့သော် သူမ၏ ဤ စကား ကြောင့် ချီဝမ်ကျင်း က ခပ်ဖွဖွ ရိုက်လိုက်ပြီး ပြောလိုက်သည်။

"ကောင်မစုတ်လေး... ချီမိသားစုက ညီမလေး ရဲ့ အိမ် မဟုတ်ဘူးလား..."

ချီနင်ပင်း နှုတ်ခမ်းလေး စူသွားပြီး ပြန်ပြောလိုက်သည်။

"ညီမ က အခု ကျန်းချီ မိသားစု က ဖြစ်နေပြီလေ..."

"ကောင်းပါပြီ... ကောင်းပါပြီ... နင်ပင်းလေး က အလိမ္မာဆုံးပါ... စိတ်ချပါ... တစ်ခုခု ပြဿနာ ရှိလာရင် ကိုယ့် ရဲ့ ကျောဘက်မှာ ချီမိသားစု ရှိနေသေးတယ် ဆိုတာကို မမေ့ပါဘူး... ပြီးတော့ ဝမ်ကျင်း... မင်းလည်း နောက်ပိုင်း ကျရင် အဲ့ဒီလောက် အပင်ပန်းခံပြီး ကျင့်ကြံ နေစရာ မလိုပါဘူး... မင်းရဲ့ ကျောဘက် မှာလည်း ကိုယ် ရှိနေသေးတယ်လေ... ကိုယ် ကိုယ်တိုင် အင်အား သုံးပြီး ကူညီ ပေးမယ် ဆိုမှတော့ မင်းရဲ့ ကျင့်ကြံမှု တွေ သေချာပေါက် အများကြီး တိုးတက် လာစေရမယ်..."

"လျှောက်မပြောပါနဲ့..."

ချီဝမ်ကျင်း မျက်နှာလေး နီမြန်း သွားပြီး တိုးတိုးလေး ဆူလိုက်လေသည်။ သူမ သည် ချီနင်ပင်း ကဲ့သို့ ပွင့်လင်း ရဲတင်း သူ တစ်ယောက် လုံးဝ မဟုတ်ချေ။

"ခဲအို... ညီမ လည်း ရှိသေးတယ်နော်... ညီမ ရဲ့ ကျောဘက် ကနေလည်း အင်အား သုံးပြီး ကူညီ ပေးရမယ်..."

ချီနင်ပင်း က အလျင်အမြန် ပင် ဝင်ပြော လိုက်လေသည်။

"စိတ်ချပါ... ဘယ်သူ့ကို မေ့မေ့ မင်းကိုတော့ မမေ့ပါဘူး..."

ချိုမြိန် နွေးထွေးသော အချိန်လေး တစ်ခုကို ဖြတ်သန်း ပြီးနောက် ကျန်းချဲ့ နှင့် ချီညီအစ်မ နှစ်ယောက် စလုံး အလွန် ကျေနပ် အားရ သွားကြလေသည်။ သေချာသည် ကတော့ ကျန်းချဲ့ လည်း အဓိက ကိစ္စ ကိုတော့ မေ့လျော့ နေခြင်း မရှိချေ။ သူ ဤ တစ်ကြိမ် ချီမိသားစု သို့ ရောက်ရှိ လာမှု သည် အသံဗလံ သိပ်မကြီးမား လှသော်ငြား ချီမိသားစု အတွင်း တွင် မဟာသိုင်းသခင်ကြီး များ ရှိနေသည် မဟုတ်ပါလော။ သူ ရောက်ရှိ လာကြောင်း ကို သေချာပေါက် သိရှိ နေကြမည် ဖြစ်လေသည်။ သာယာ နွေးထွေး နေသည် ဆိုလျှင်တောင်မှ အရမ်းကြီး လွန်ကျူး နေ၍ မရနိုင်ချေ။

ချီညီအစ်မ နှစ်ယောက် ကို သေသေချာချာ နှစ်သိမ့် ပြီးနောက် ကျန်းချဲ့ သည် ခန္ဓာကိုယ် ကို အနည်းငယ် ဆန့်ထုတ် လိုက်ပြီး အထွတ်အထိပ် အခြေအနေ သို့ ပြန်လည် ရောက်ရှိ သွားလေသည်။ ထို့နောက် မက်မွန် ဥယျာဉ် အတွင်းသို့ လျင်မြန်စွာ ရောက်ရှိ လာခဲ့လေသည်။ ယခု အခိုက်အတန့် တွင် ယောက္ခထီး ဖြစ်သူ ချီကျန်းနန် သည် မက်မွန်ပန်း များကို ကြည့်ရှု ရင်း ဝိညာဉ် လက်ဖက်ရည် ကို သောက်သုံး နေလေသည်။ အလွန်တရာ အေးချမ်း သက်သာ နေသည့် ဟန် ပေါ်လွင် နေလေသည်။

ဝင်ရောက် လာသော ကျန်းချဲ့ ကို တစ်ချက် စွေကြည့် လိုက်ပြီး ချီကျန်းနန် က သူ၏ အရှေ့ ကို လက်ညှိုး ထိုးပြ လိုက်လေသည်။

"လာ... ထိုင်လေ..."

"ကျေးဇူးတင်ပါတယ် ယောက္ခထီး..."

ကျန်းချဲ့ ၏ ကျင့်ကြံမှု နှင့် ရာထူး နေရာများ အများကြီး တိုးတက် လာခဲ့ သည် ဆိုစေကာမူ ယောက္ခထီး ဖြစ်သူ ၏ အရှေ့ တွင်တော့ အလွန် ယဉ်ကျေး ရိုသေ သည့် ဟန် ကို ပြသ နေဆဲ ပင်ဖြစ်သည်။ အလုံးစုံ ခြုံငုံ၍ ကြည့်မည် ဆိုလျှင် ချီကျန်းနန် သည် သူ၏ အပေါ် တွင် အမှန်တကယ် ပင် အလွန် ကောင်းမွန် ခဲ့လေသည်။ သူ အနေဖြင့် အခွင့်အာဏာ ရလာ သည်နှင့် တစ်ပြိုင်နက် မာန ထောင်လွှား သည့် လုပ်ရပ် မျိုးကို လုံးဝ မလုပ်ဆောင် နိုင်ချေ။ နောင်တစ်ချိန် သူ၏ ရာထူး နေရာ က ချီကျန်းနန် ထက် ကျော်လွန် သွားမည် ဆိုလျှင်တောင်မှ တစ်ဖက်လူ ကို လက်အောက်ငယ်သား ဟု ခေါ်ဆို စေမည် မဟုတ်ချေ။

"မင်း ကောင်လေး ကတော့လေ... ရာထူး တိုးလာလိုက်တာ ငါ တောင်မှ ချွေးပျံ ရတယ်..."

ချီကျန်းနန် က ခေတ္တမျှ တိတ်ဆိတ် နေပြီးနောက် သက်ပြင်းချ ကာ ပြောလိုက်လေသည်။

ယခု အခိုက်အတန့် တွင် သူ သည် ယခင် က ကဲ့သို့ စိတ်မကြည်လင် သည့် အချိန် မျိုး တွင် ကျန်းချဲ့ ကို သူ၏ ရာထူး နေရာ ဖြင့် ခေါ်ဆို ရန် ခိုင်းစေ ၍ မရနိုင် တော့ချေ။ အကြောင်းမူကား အမှန်တကယ် တွက်ကြည့် မည် ဆိုလျှင် ကျန်းချဲ့ ၏ ယခု လက်ရှိ ရာထူး မှာ သူ နှင့် တန်းတူ ပင် ဖြစ်နေပြီ ဖြစ်လေသည်။ ထို့အပြင် အစစ်အမှန် အာဏာ မှာလည်း ကျန်းချဲ့ ကို လုံးဝ မယှဉ်နိုင်ချေ။ သူ ဤ မြို့တော်ဝန် နေရာ တွင် ရှိနေ သော်ငြား စစ်ရေး အာဏာ မရှိချေ။ တော်ဝင် နန်းတော် က ပေလင် ချီမိသားစု ကို နှစ်သိမ့် လိုခြင်း နှင့် ဘိုးဘေး များ၏ ကုသိုလ် အချို့ ကြောင့် သာ ဤ နေရာ တွင် ထိုင်နေ ရခြင်း ဖြစ်လေရာ ကျန်းချဲ့ နှင့် လုံးဝ ယှဉ်ပြိုင် ၍ မရနိုင်ချေ။

ယခင် က ကျန်းချဲ့ ကို ပထမဆုံး အကြိမ် စတင် တွေ့ဆုံ ခဲ့ရချိန် ကို ပြန်လည် တွေးတော ကြည့်မည် ဆိုလျှင် တစ်ဖက်လူ သည် ပါရမီ အနည်းငယ် ကောင်းမွန် သော မွေးရာပါအဆင့် သိုင်းပညာရှင် တစ်ယောက် သက်သက် သာ ဖြစ်လေသည်။ သူ၏ အသိအမှတ်ပြု မှုကို ရရှိ ပြီးနောက် မှသာ ယွဲ့ပြည်နယ် တွင် အထောက်အပံ့ အနည်းငယ် ရရှိ လာခဲ့ခြင်း ပင်ဖြစ်သည်။ သို့သော် ယခု အခါ တွင်တော့ သူ့ကို ပခုံးချင်း ယှဉ်နိုင်သည့် အဆင့် သို့ ရောက်ရှိ နေခဲ့လေပြီ။ အစစ်အမှန် နယ်စားကြီး တစ်ပါး အဖြစ်သို့ တက်လှမ်း သွားခဲ့လေပြီ။ နောင်တစ်ချိန် တွင် ပေလင် ချီမိသားစု သည် တစ်ဖက်လူ ၏ အကူအညီ ကို အများကြီး အားထား ရတော့မည် ဖြစ်လေသည်။ ဤ အရာ က သူ့ကို ယခု အချိန် တွင် အနည်းငယ် ရှုပ်ထွေး သွားစေ ခဲ့လေသည်။ သို့သော် အလုံးစုံ ခြုံငုံ၍ ကြည့်မည် ဆိုလျှင်တော့ ကျန်းချဲ့ အတွက် သူ အလွန် ဝမ်းသာ ပျော်ရွှင် မိလေသည်။

အကြောင်းမူကား ပေလင် ချီမိသားစု ၏ ကျန်းချဲ့ အပေါ် ရင်းနှီးမြှုပ်နှံ မှု က မျက်စိ ဖြင့် မြင်နိုင်သော အကျိုးအမြတ် များ ရရှိ လာမည် ကို သိရှိ ထားသော ကြောင့် ပင်ဖြစ်သည်။ သူ၏ သမီး နှစ်ယောက် အနေဖြင့် လည်း နောင်တစ်ချိန် တွင် အားကိုးရာ ရရှိ သွားပြီ ဖြစ်လေသည်။ ထို့အပြင် ကျန်းချဲ့ ၏ တိုးတက် ကြီးထွား လာမှု က ပေလင် ချီမိသားစု ၏ ခန့်မှန်းချက် များကို အများကြီး ကျော်လွန် သွားခဲ့လေပြီ။ ကျန်းချဲ့ တောင်ပိုင်း သံတမန် အဖြစ် ရာထူး တိုးမြှင့် ခံရသည့် သတင်း ယွင်ပြည်နယ် သို့ ရောက်ရှိ လာချိန် တွင် ပေလင် ချီမိသားစု တစ်ခုလုံး အလွန်အမင်း ဝမ်းသာ ပျော်ရွှင် ခဲ့ကြလေသည်။ ဤ တစ်ကြိမ် တွင်တော့ ပေလင် ချီမိသားစု ၏ နောက်ခံ အင်အား မှာ နောက်ထပ် တစ်ကြိမ် အကြီးအကျယ် တိုးတက် သွားခဲ့လေပြီ။ မျိုးနွယ်စုကြီး ခြောက်ခု ၏ အဆင့်အတန်း မှာလည်း ပိုမို ခိုင်မာ လာခဲ့လေပြီ။

"တကယ်တော့ ဒါတွေ အကုန်လုံးက ယောက္ခထီး အရင်တုန်းက ကူညီပေးခဲ့လို့ပါ..."

ကျန်းချဲ့ သည် နန်ကုန်းကျိ ကို အသေခံ ရန် ဖိအားပေး ပြီးနောက် ဖြစ်ပေါ် ခဲ့သော အဖြစ်အပျက် များကို အတိုချုပ် ရှင်းပြ လိုက်လေသည်။ သေချာသည် ကတော့ အဓိက အားဖြင့် ရာထူး နေရာ အတွက် အားပြိုင်မှု များသာ ဖြစ်လေသည်။ အခြား ကိစ္စများ ကိုတော့ လုံးဝ ဖွင့်ဟ ပြောဆို ခြင်း မရှိခဲ့ချေ။

"ဒါက မင်းရဲ့ ကိုယ်ပိုင် ကံကြမ္မာ ပါ..."

ချီကျန်းနန် က လက်ကာပြ လိုက်ပြီး အကြွေး ကို သူ၏ အပေါ် တွင် ယူဆောင် လိုသည့် ဟန် မရှိချေ။

"ဒီတစ်ခေါက် မင်း တောင်ပိုင်း သံတမန် နေရာကို ရခဲ့သလို ယွဲ့ပြည်နယ် မြို့တော်ဝန် အဖြစ်ပါ ခန့်အပ် ခံရတာ က တော်ဝင် နန်းတော် က မင်းကို သုံးပြီး လီချန်ကော ကို ထိန်းချုပ် ဖို့ လုပ်တာပဲ... ဒီ အထဲမှာ ရှိနေတဲ့ အခြေအနေ အချို့ ကို မင်း နားလည် သဘောပေါက် ရမယ်... ပေါ့ပေါ့ဆဆ နေလို့ မရဘူး..."

ကျန်းချဲ့ ဤ အကြောင်းတရား များကို နားလည် သဘောပေါက် ကြောင်း ချီကျန်းနန် သိရှိ ထားသော်ငြား လူကြီး တစ်ယောက် အနေဖြင့် သူ သေချာပေါက် သတိပေး ရမည် ဖြစ်လေသည်။

ကျန်းချဲ့ ခေါင်းညိတ် လိုက်လေသည်။

"ယောက္ခထီး ပြောတာ အရမ်း မှန်ပါတယ်... ဒီတစ်ခေါက် တကယ်တမ်း ပြောရရင် ခေါက်ရှန်းနတ်မင်းကြီး က လီချန်ကော ကို ဖယ်ရှား ချင်နေတာပါ... ကျွန်တော် ကတော့ ပေလင် ချီမိသားစု ရဲ့ အကြောင်းရင်း ကြောင့် ခေါက်ရှန်းနတ်မင်းကြီး ရဲ့ မျက်စိကျ တာကို ခံလိုက်ရတာပါပဲ... သူက ကျွန်တော့် ကို အသုံးချ ပြီး ပေလင် ချီမိသားစု နဲ့ ဆက်သွယ် ချင်နေတာ... ချီမိသားစု ရဲ့ နှစ်ထောင်ချီ နောက်ခံ အင်အား ကို အသုံးချ ပြီး လီချန်ကော ရဲ့ ထိန်းချုပ် လို့ မရတဲ့ ရည်မှန်းချက် တွေကို ချေမှုန်း ပစ်ချင်နေတာ... သေချာတာ ပေါ့... ဒါက အန္တရာယ် များတယ် ဆိုပေမဲ့ တစ်ချိန်တည်း မှာပဲ အခွင့်အရေး တွေလည်း အများကြီး ရှိနေပါတယ်..."

ဤ တစ်ကြိမ် တွင် ပေလင် ချီမိသားစု ၏ အင်အား ကို အသုံးချ ရမည် ဖြစ်ကြောင်း ကျန်းချဲ့ သိရှိ ထားလေရာ အစ ကတည်းက လုံးဝ ဖုံးကွယ် ထားလိုသည့် ဟန် မရှိခဲ့ချေ။

"မင်းရဲ့ အဓိပ္ပာယ် က သူ့ နေရာမှာ အစားထိုး ဝင်ယူ မယ်ပေါ့..."

ချီကျန်းနန် ၏ အကြည့်များ ရုတ်တရက် စူးရှ သွားလေသည်။

ကျန်းချဲ့ ခပ်ဖွဖွ ခေါင်းညိတ် လိုက်လေသည်။

"လီချန်ကော က တကယ်ကို ဝါးရခက် တဲ့ အရိုးမာ ကြီး တစ်ခုပါ... ဒါပေမဲ့ အကျိုးအမြတ် ကလည်း အများကြီး ကြီးမား ပါတယ်... သူ့ကို ဖြုတ်ချ နိုင်တာနဲ့ တစ်ပြိုင်နက် သူ့ဆီမှာ ရှိတဲ့ အရာ အားလုံး ကို ကျွန်တော် ချုပ်ကိုင် လို့ ရသွားပြီ... အဲ့ဒီ အချိန်ကျရင် ယွဲ့ပြည်နယ် တစ်ခုလုံး ကို ကျွန်တော် နဲ့ ချီမိသားစု အတူတကွ ပိုင်ဆိုင် ခွင့် ရမှာပါ... ဒီ ယွဲ့ပြည်နယ် ဘုရင် နေရာ ကို လီချန်ကော လုပ်ခွင့် မရပေမဲ့ ကျွန်တော် ကျန်းချဲ့ ကတော့ ရနိုင်စွမ်း ရှိပါတယ်..."

"ယွဲ့ပြည်နယ် ဘုရင်... မင်း ကောင်လေး ရဲ့ ရည်မှန်းချက် က မသေးလှ ပါလား..."

ချီကျန်းနန် က ဟားဟား ရယ်မော လိုက်လေသည်။ မျိုးနွယ် မတူသော ဘုရင် တစ်ပါး ဖြစ်လာ ရန် မည်မျှလောက် ခက်ခဲ သနည်း ဆိုသည်ကို လောက ကြီး တစ်ခုလုံး သိရှိ ထားလေသည်။ သိုင်းသူတော်စင် ဆိုသည်မှာ အခြေခံ အကျဆုံး သတ်မှတ်ချက် တစ်ခု သက်သက် သာ ဖြစ်လေသည်။ နယ်မြေ တစ်ခု ကို ခွဲဝေ အုပ်ချုပ် လိုပါက တော်ဝင် နန်းတော် ကို ဆန့်ကျင် ခုခံ နိုင်သည့် စွမ်းအား မျိုး ကို ပိုင်ဆိုင် ထားမှသာ ဖြစ်နိုင်ပေမည်။ ထိုသို့ မှ မဟုတ်ပါက ဘုရင် ဟု ခေါ်ဆို ရလျှင်တောင် မှ ရေပြင် ထက်ရှိ လမင်း အလား အတုအယောင် သက်သက် သာ ဖြစ်လေမည်။

"ဘုရင် တစ်ပါး ဖြစ်ဖို့ က တကယ်ကို ခက်ခဲ ပါတယ်... ဒါပေမဲ့ ကျွန်တော် လည်း အခု ချက်ချင်း ဖြစ်ချင် နေတာ မှ မဟုတ်တာ... လူ ကြိုးစား ရင် ဘာမဆို ဖြစ်နိုင် တာပဲလေ... နောင်တစ်ချိန် မှာ ဘာတွေ ဖြစ်လာ မလဲ ဆိုတာ ဘယ်သူက သိနိုင်မှာလဲ..."

ကျန်းချဲ့ ၏ မျက်နှာ ပေါ်တွင်လည်း အပြုံး တစ်ခု ပေါ်ထွက် လာခဲ့လေသည်။ ယောက္ခထီး ဖြစ်သူ ၏ အရှေ့ တွင် သူ၏ ရည်မှန်းချက် အချို့ ကို ထုတ်ဖော် ပြသ ရန် သူ လုံးဝ ဝန်လေး နေခြင်း မရှိချေ။

"ဒါဆိုရင်... မင်း ဒီတစ်ခေါက် ငါ့ ဆီကို လာတွေ့ တာက ငါ့ကို စည်းရုံး ဖို့ ပေါ့..."

ချီကျန်းနန် က မေးလိုက်လေသည်။

"ဒါက အကြောင်းရင်း တစ်ခု သက်သက် ပါ... တကယ်တမ်း ကျွန်တော့် ရဲ့ အဓိက ရည်ရွယ်ချက် က... ဘိုးဘေး နဲ့ တစ်ခေါက် လောက် တွေ့ဆုံ ချင်လို့ပါ..."

ကျန်းချဲ့ အပြုံး များကို ရုပ်သိမ်း လိုက်ပြီး တစ်လုံးချင်း စီ တိကျ ပြတ်သားစွာ ပြောလိုက်လေသည်။

"ဘိုးဘေး နဲ့ တွေ့မယ်..."

ချီကျန်းနန် မျက်မှောင် တစ်ချက် ကြုတ်သွားလေသည်။

ကျန်းချဲ့ သက်ပြင်း တစ်ချက် ချလိုက်လေသည်။

"ဒီတစ်ခေါက် တောင်ပိုင်း ကို ပြန်လာတဲ့ လမ်းမှာ ကျွန်တော် သိုင်းသူတော်စင် ရဲ့ ချုံခို တိုက်ခိုက် တာကို ခံလိုက်ရတယ်... အသက် တောင် သေလုမတတ် ဖြစ်သွား ခဲ့တာ... စီနီယာ တစ်ယောက် ကသာ ဝင်မကူညီ ခဲ့ဘူး ဆိုရင် ကျွန်တော် သေချာပေါက် သေသွား လောက်ပြီ... ဒါကြောင့် ကျွန်တော် ဘိုးဘေး ကို တစ်ခေါက် လောက် တွေ့ချင်တယ်... အသက် ကယ်တင် နိုင်မယ့် အဆုံးစွန် လက်နက် တစ်ခု လောက် တောင်းဆို ချင်လို့ပါ…”

All Chapters