အခန်း ၄၂၉
Vol. 43 Ch. 429
အခန်း (၄၂၉) မိသားစုကျင့်ဝတ်နှင့်ဆိုင်သော နောက်ပြောင်မှု... ဒန်းပေါ်မှ ကျင့်ကြံခြင်း
"သိုင်းသူတော်စင်က ချုံခိုတိုက်ခိုက်တယ်... ဘယ်သူလဲ..."
ချီကျန်းနန်၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားပြီး သူ၏ ကိုယ်ပေါ်မှ ပြင်းထန်လှသော ဖိအားကြီးတစ်ခု လွင့်စင်ထွက်ပေါ်လာကာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ ဖုံးကွယ်နေလေသည်။
မြောက်ပိုင်းနယ် ပေလင် ချီမိသားစုအတွက် ကျန်းချဲ့သည် အနာဂတ်၏ အားထားရာနှင့် မျှော်လင့်ချက်ဖြစ်ပြီး သူကိုယ်တိုင်ကလည်း သမီးနှစ်ယောက်စလုံးကို ကျန်းချဲ့နှင့် ပေးစားထားခဲ့ရာ ကျန်းချဲ့ကို မည်သည့် အန္တရာယ်မှ အဖြစ်ခံမည် မဟုတ်ပေ။
အထူးသဖြင့် သိုင်းသူတော်စင်ကဲ့သို့သော တည်ရှိမှုမျိုး ပင်ဖြစ်သည်။
ဤသည်မှာ အကြီးက အငယ်ကို အနိုင်ကျင့်ခြင်း အစစ်အမှန် ပင်ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ချင်းထျန်းမိစ္ဆာဂိုဏ်းကို တွေးတောမိလိုက်သည်။
မည်သို့ပင်ဆိုစေ ကျန်းချဲ့၏ လုပ်ရပ်များက ချင်းထျန်းမိစ္ဆာဂိုဏ်း၏ သတ်ဖြတ်လိုစိတ်ကို ဆွဲဆောင်နိုင်ခြင်းမှာ အလွန် ပုံမှန်ပင်ဖြစ်သည်။ ဤသည်က ချီမိသားစုအတွက် အလွန် ကြီးမားသော ဖိအားကြီး တစ်ခုဖြစ်ရာ သူ၏ ရင်ထဲတွင် အတွေးများ ရှုပ်ထွေးနေလေသည်။
"တာ့ကျိုးရဲ့ နိုင်ငံတော်ဆရာ... ကျာလော့ မာယာကွမ်ရင် ဗောဓိသတ်ပါ..."
ကျန်းချဲ့က ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်လေသည်။
"ဘာ... ဗုဒ္ဓဘာသာဂိုဏ်း..."
ချီကျန်းနန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။
အကယ်၍ ချင်းထျန်းမိစ္ဆာဂိုဏ်း ဆိုလျှင် သူ နားလည်ပေးနိုင်သော်ငြား ဗုဒ္ဓဘာသာဂိုဏ်းက ဘာကြောင့် ကျန်းချဲ့ကို ပစ်မှတ်ထားရသနည်း။ အထူးသဖြင့် နိုင်ငံတော်ဆရာ ကိုယ်တိုင် ဝင်ရောက် လှုပ်ရှားခြင်းမှာ တော်ဝင်နန်းတော် ဘက်မှ ကြည့်လျှင်လည်း အကြောင်းပြချက် မခိုင်လုံချေ။
"မင်းက ဘယ်တုန်းက ဗုဒ္ဓဘာသာဂိုဏ်းကို သွားပြီး ပြဿနာ ရှာလိုက်ပြန်တာလဲ..."
ချီကျန်းနန် က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ကျန်းချဲ့၏ ပါရမီနှင့် အရည်အချင်းများမှာ အကောင်းဆုံး ဖြစ်သော်ငြား ပြဿနာ ရှာနိုင်စွမ်းမှာလည်း ထိပ်တန်း အဆင့်တွင် ရှိနေလေသည်။
အကယ်၍ ချင်းထျန်းမိစ္ဆာဂိုဏ်း ဆိုလျှင် ပေလင် ချီမိသားစု အနေဖြင့် တောင်ပိုင်းဒေသတွင် အတင်းအဓမ္မ ခုခံနိုင်စွမ်း ရှိသေးသော်ငြား မျက်နှာစာတွင် နံပါတ်တစ် မသေမျိုးဂိုဏ်းဟု သတ်မှတ်ခံထားရသော ဗုဒ္ဓဘာသာဂိုဏ်းကို ရင်ဆိုင်ရမည် ဆိုပါက ပေလင် ချီမိသားစု အနေဖြင့် အများကြီး အင်အား မရှိလှချေ။
မည်သို့ပင်ဆိုစေ အပြင်ပန်း အင်အား အရပင်လျှင် ဗုဒ္ဓဘာသာဂိုဏ်း တွင် သိုင်းသူတော်စင် အဆင့်ရှိ ဗောဓိသတ် အများအပြား ရှိနေလေသည်။
ထို့အပြင် သမိုင်းကြောင်းမှာလည်း အလွန် ရှည်လျားပြီး နောက်ခံအင်အား အလွန် နက်ရှိုင်းလှသည်။
အဆုံးအစ မသိနိုင်လောက်အောင် နက်ရှိုင်းသည်ဟု ဆိုလျှင်ပင် လွန်ကျူးမည် မဟုတ်ချေ။
"ကျွန်တော် သွားပြီး ပြဿနာ ရှာတာ မဟုတ်ပါဘူး... ချီရွှယ်မိစ္ဆာသခင် ကြောင့်ပါ..."
ကျန်းချဲ့ က ခေါင်းရမ်းလိုက်ပြီး ချီရွှယ်မိစ္ဆာသခင် နှင့် နဂါးနိုင်ကိုယ်တော် တို့ကြားရှိ ရန်ငြိုးများကို အတိုချုပ် ရှင်းပြလိုက်လေသည်။
"ဒီလိုကိုး... ကျာလော့ ဗောဓိသတ် က မင်းကို လာတိုက်ခိုက်တယ် ဆိုတော့... တော်ဝင်နန်းတော် ဘက်ကရော..."
ချီကျန်းနန် မျက်နှာပေါ်တွင် တွေဝေသွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။
"သူမ တိုက်ခိုက်ဖို့ အချိန်တောင် မရလိုက်ပါဘူး... နိုင်ငံတော်ဆရာ ယောင်ယွဲ့ က ဝင်တားသွားလို့ပါ... ပြီးတော့ ခေါက်ရှန်းနတ်မင်းကြီး လည်း ရှိနေတော့ အချိန်တိုအတွင်းမှာ ဗုဒ္ဓဘာသာဂိုဏ်း က ကျွန်တော့်ကို လာပြီး တိုက်ခိုက်မှာ မဟုတ်တော့ပါဘူး... အကြီးက အငယ်ကို အနိုင်ကျင့်ဖို့ ဗောဓိသတ် ကို ထပ်လွှတ်မှာလည်း မဟုတ်တော့ပါဘူး..."
ဗုဒ္ဓဘာသာဂိုဏ်း တာ့လေ့ယင် ဘုန်းကြီးကျောင်း၏ ဖိအားပေးနိုင်စွမ်း မည်မျှ ကြီးမားသနည်း ဆိုသည်ကို ကျန်းချဲ့ ကောင်းစွာ သိရှိထားလေသည်။ အဆင့်တူ သိုင်းသူတော်စင် များမှလွဲ၍ မည်သူကမျှ မကြောက်ရွံ့ဘဲ မနေနိုင်ချေ။ ချီကျန်းနန် ၏ လက်ရှိ အခြေအနေမှာလည်း သူ ကြိုတင် ခန့်မှန်းထားသည့် အတိုင်း ပင်ဖြစ်သည်။
ထို့ကြောင့် ကျီချန်တောက် ၏ နာမည်ကို ချက်ချင်းပင် ဆွဲထုတ်လိုက်လေသည်။
ပေလင် ချီမိသားစု က သူ၏ အပေါ်တွင် ရင်းနှီးမြှုပ်နှံမှု အများကြီး ပြုလုပ်ထားသည် ဆိုစေကာမူ သူ၏ အကြောင်းကြောင့် ဗုဒ္ဓဘာသာဂိုဏ်း နှင့် စစ်ခင်းရမည် ဆိုပါက ပေလင် ချီမိသားစု တွင် ထိုကဲ့သို့သော ရဲရင့်မှုမျိုး မရှိနိုင်ကြောင်း သူ ခန့်မှန်းမိလေသည်။
သေချာသည်ကတော့ ပေလင် ချီမိသားစု နောက်ဆုတ်သွားခြင်းကို သူ အပြစ်မတင်ချေ။ အမှန်တကယ်ပင် ဗုဒ္ဓဘာသာဂိုဏ်း၏ အင်အားက လွန်းမင်းစွာ ကြီးမားလွန်းလှပေသည်။
အနောက်မြောက်ဘက် နယ်စပ်ရှိ လင်းရှန်းတောင် တွင် အခြေစိုက်ထားပြီး တစ်ပြည်နယ်ကို ဗုဒ္ဓတစ်ပါးက အုပ်စိုးထားကာ အဆင့်အတန်း အလွန် မြင့်မားလှသည်။ တော်ဝင်နန်းတော် ပင်လျှင် အမည်ခံ အုပ်ချုပ်ခွင့် သက်သက်သာ ရရှိထားပြီး ဗုဒ္ဓဘာသာဂိုဏ်း နှင့် အပေးအယူ လုပ်ထားရလေသည်။
"ဒါဆိုရင်လည်း တော်သေးတာပေါ့..."
ချီကျန်းနန် ရင်ထဲမှ အလုံးကြီး ကျသွားလေသည်။
စောစောက သူ စကားကို အဆုံးအစွန်ထိ ကြွားလုံး မထုတ်လိုက်မိသည်မှာ တော်သေးသည်။ ထိုသို့မှ မဟုတ်ပါက မျက်နှာဖြတ်ရိုက် ခံရသလို ဖြစ်သွားမည် အသေအချာ ပင်ဖြစ်သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲတွင် အနည်းငယ် ရှုပ်ထွေးသွားပြီး လက်ရှိ ကျန်းချဲ့ကို ပေလင် ချီမိသားစု တစ်ခုတည်း၏ အင်အားဖြင့် မကာကွယ်ပေးနိုင်တော့ကြောင်းကို ကောင်းစွာ နားလည် သဘောပေါက် လိုက်လေသည်။
တစ်ဖက်လူ အနေဖြင့် ခေါက်ရှန်းနတ်မင်းကြီး ကျီချန်တောက် ထံသို့ ခိုလှုံသွားခြင်း ကလည်း အလွန် မှန်ကန်သော ရွေးချယ်မှု တစ်ခု ပင်ဖြစ်သည်။
သို့သော်လည်း သူ၏ ရင်ထဲတွင်တော့ အကြောင်းပြချက် မရှိဘဲ သက်ပြင်းချ နေမိလေသည်။
အကြောင်းမူကား ယခင်က ပေလင် ချီမိသားစု၏ နာမည်ဂုဏ်သတင်း ဖြင့် ကျန်းချဲ့ကို မဟာသိုင်းသခင်ကြီး အဆင့်သို့ ရောက်သည်အထိ ကာကွယ်ပေးနိုင်မည်ဟု သူ ထင်မှတ်ထားခဲ့မိသောကြောင့် ပင်ဖြစ်သည်။ ယခု ကြည့်ရသည်မှာ အမှန်တကယ်ပင် လိုအပ်ချက်များ ရှိနေသေးလေသည်။
"ဗုဒ္ဓဘာသာဂိုဏ်း ရဲ့ ခြိမ်းခြောက်မှု က လောလောဆယ် ပြေလည်သွားပြီ ဆိုပေမဲ့... ကျွန်တော် အခုလေးတင် ချင်းထျန်းမိစ္ဆာဂိုဏ်း ရဲ့ သားတော် နဲ့ ဓမ္မမင်းကြီး ကို သတ်ခဲ့တာ ယောက္ခထီး လည်း အသိပဲလေ... ဒီ ခြိမ်းခြောက်မှု ကလည်း ကျွန်တော့် အတွက် အရမ်းကို ကြီးမားပါတယ်..."
"သိုင်းသူတော်စင် အောက်က လူတွေကိုတော့ ကျွန်တော် ရင်ဆိုင်နိုင်ပါတယ်... ဒါပေမဲ့ သိုင်းသူတော်စင် တစ်ပါးပါး ကသာ ဝင်ရောက် တိုက်ခိုက်လာမယ် ဆိုရင်တော့ ကျွန်တော့်မှာ ဘာနည်းလမ်းမှ မရှိတော့ဘူး... ဒါကြောင့် ဘိုးဘေး ဆီကနေ အကူအညီ တောင်းချင်တာပါ..."
ကျန်းချဲ့ က ဆက်ပြောလိုက်လေသည်။
အလားအလာ ရှိသော ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရန် အတွက် သူ မည်မျှပင် ကြိုတင် ပြင်ဆင်ထားပါစေ အကုန်လုံး တန်ကြေးရှိသည်ဟု သူ ထင်မြင်လေသည်။
မည်သို့ပင်ဆိုစေ လီချန်ကော နှင့် ချင်းထျန်းမိစ္ဆာဂိုဏ်း တို့အကြား ပတ်သက်မှုများ ရှိနေကြောင်းကို ယခုအခါ သူ ကောင်းစွာ သိရှိထားလေပြီ။ ဓမ္မမင်းကြီး နန်ကုန်းကျိ ကိုယ်တိုင် လာရောက် တိုက်ခိုက်သည်တောင်မှ သူ့ကို မနိုင်ခဲ့သည့် အခြေအနေမျိုးတွင် ချင်းထျန်းမိစ္ဆာဂိုဏ်း ဘက်မှ သိုင်းသူတော်စင် ကို စေလွှတ်လာနိုင်ချေ ရှိလေသည်။
ထို့ကြောင့် နောက်ပိုင်း ယဇ်ပူဇော် ပစ္စည်းများကို စိတ်အေးလက်အေး ရှာဖွေနိုင်ရန် အတွက် သူ ကြိုတင် ပြင်ဆင်မှုများ အားလုံးကို အပြည့်အဝ လုပ်ဆောင်ထားရမည် ဖြစ်လေသည်။
ချီကျန်းနန် က ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး ခေတ္တမျှ တိတ်ဆိတ်နေကာ ကျန်းချဲ့၏ တောင်းဆိုချက်ကို လက်ခံလိုက်လေသည်။ မည်သို့ပင်ဆိုစေ ကျန်းချဲ့၏ လက်ရှိ အခြေအနေ အရ ကျောဘက်တွင် ကာကွယ်ပေးမည့် သိုင်းသူတော်စင် တစ်ပါးမျှ မရှိပါက မည်သည့် ကိစ္စကို လုပ်ဆောင်သည် ဖြစ်စေ အနှောင့်အယှက်များ ရှိနေမည် သာဖြစ်သည်။
ထို့ကြောင့် ချက်ချင်းပင် ပြန်ပြောလိုက်လေသည်။
"ဘိုးဘေး ရဲ့ သွားလာလှုပ်ရှားမှု တွေက လျှို့ဝှက်ဆန်းကြယ်တယ်... တံခါးပိတ် ကျင့်ကြံနေတာ ဖြစ်နိုင်သလို လူ့လောက ထဲမှာ လှည့်လည် သွားလာ နေတာလည်း ဖြစ်နိုင်တယ်... ဦးလေး အမြန်ဆုံး ဆက်သွယ် ပြီးတော့ မင်းကို အကြောင်းပြန်ပေးပါ့မယ်... ဒီရက်ပိုင်း အတွင်းမှာတော့ မင်း ချီမိသားစု မှာပဲ အရင် နေလိုက်ပါဦး..."
"ကျေးဇူးတင်ပါတယ် ယောက္ခထီး..."
"မိသားစုဝင် တွေပဲ... ကျေးဇူးတင်စကား ပြောစရာ မလိုပါဘူး..."
ချီကျန်းနန် က လက်ကာပြလိုက်လေသည်။
ဤသည်မှာ ကျန်းချဲ့ အတွက် သူ တစ်ခုတည်းသော လုပ်ပေးနိုင်သည့် အရာ ပင်ဖြစ်သည်။ သို့တိုင်အောင် ကျန်းချဲ့ကို သူ အတိအကျ အာမခံချက် မပေးရဲချေ။ ရလဒ် အားလုံးက ဘိုးဘေး ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက် အပေါ်တွင်သာ မူတည် နေလေသည်။ မည်သို့ပင်ဆိုစေ အသက်ကယ် အဆုံးစွန် လက်နက် ဆိုသည်မျိုးက သူ ကိုယ်တိုင်တောင်မှ ပိုင်ဆိုင်ထားခြင်း မရှိချေ။
သိုင်းသူတော်စင် တစ်ပါး အနေဖြင့် ထိုကဲ့သို့သော ရတနာမျိုးကို ဖန်တီးချင်လျှင်တောင်မှ အချိန်နှင့် အားအင် အများကြီး စိုက်ထုတ်ရမည် ဖြစ်လေသည်။
သေချာသည်ကတော့ သူ့တွင် အသက်ကယ် အဆုံးစွန် လက်နက် မရှိရခြင်း၏ အဓိက အကြောင်းရင်းမှာ သူသည် ပုံမှန်အားဖြင့် ပေလင်မြို့ တွင်သာ အမြဲတမ်း အထိုင်ချ နေထိုင်သောကြောင့် ပင်ဖြစ်သည်။ အသက်အန္တရာယ်နှင့် ကြုံတွေ့ရမည် ဆိုလျှင် အိမ်တိုင်ရာရောက် လာရောက် တိုက်ခိုက်ခြင်းမျိုး သာရှိမည် ဖြစ်သည်။
ထိုသို့မှ မဟုတ်လျှင်လည်း တစ်ဖက်လူက ချီမိသားစု၏ သိုင်းသူတော်စင် ကို လုံးဝ ဂရုမစိုက်သောသူ မျိုးသာ ဖြစ်မည်ဖြစ်သည်။
ထို့ကြောင့် အဆုံးစွန် လက်နက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူ့အတွက် အတူတူပင် ဖြစ်လေသည်။
ထို့နောက် ကျန်းချဲ့ သည် ချီကျန်းနန် နှင့် မြို့တော်တွင် ကြုံတွေ့ခဲ့ရသော အခြေအနေ အချို့ကို ဆွေးနွေးလိုက်လေသည်။ သို့သော် ထုတ်ဖော်ပြောဆို၍ မရနိုင်သော ကိစ္စများ အများကြီး ရှိနေသောကြောင့် ကျန်းချဲ့ သည် စကားလမ်းကြောင်းကို အမြန်လွှဲလိုက်ပြီး နောက်ပိုင်း လုပ်ဆောင်မည့် အစီအစဉ်များ ဘက်သို့ ဦးတည်လိုက်လေသည်။
ချီကျန်းနန် လည်း ကျန်းချဲ့ သည် အမိန့်တော်ကို ခံယူ၍ လုပ်ဆောင်နေခြင်း ဖြစ်ပြီး လီချန်ကော နှင့် အားပြိုင်မှု မှာ ရှောင်လွှဲ၍ မရနိုင်ကြောင်းကို သိရှိထားလေရာ ချက်ချင်းပင် အကြံဉာဏ်များ နှင့် ကတိစကားများ ပေးလိုက်ပြီး ပေလင် ချီမိသားစု အနေဖြင့် ကျန်းချဲ့ကို ခိုင်ခိုင်မာမာ ကူညီ ထောက်ပံ့သွားမည် ဖြစ်ကြောင်းကို ပြောဆိုလိုက်လေသည်။
နောင်တစ်ချိန် ယွဲ့ပြည်နယ် ကို အတူတကွ ခွဲဝေယူကြမည့် ကိစ္စနှင့် ပတ်သက်၍ ယခု အချိန်တွင် ပြောရန် စောလွန်းနေသေးလေသည်။
သူကိုယ်တိုင်လည်း ဤကိစ္စအပေါ် အများကြီး မျှော်လင့်ချက် မထားချေ။
မကြာမီမှာပင်။
ကျန်းချဲ့ နှင့် ယောက္ခထီး ဖြစ်သူတို့ အလွန် ရင်းနှီးစွာ စကားစမြည် ပြောဆိုနေချိန်တွင် အကြီးအကဲချုပ် ချီထျန်းကျုံ့ နှင့် ဒုတိယ အကြီးအကဲ ချီထျန်းဟယ် တို့လည်း သတင်းရရှိသွားပြီး မက်မွန်ဥယျာဉ် အတွင်းသို့ လျင်မြန်စွာ ရောက်ရှိလာကြလေသည်။
"ဟားဟားဟား... ကောင်လေး... ရက်အနည်းငယ်လောက် မတွေ့ရတဲ့ အချိန်အတွင်းမှာ တကယ်ကို မျက်လုံးပြူးလောက်အောင် တိုးတက်သွားတာပဲ..."
ချီထျန်းကျုံ့ က တောင်ဝှေးကို ထောက်ကာ ကျန်းချဲ့ကို အကဲခတ် ကြည့်ရှုရင်း မျက်နှာပေါ်တွင်လည်း အလွန်အမင်း ဝမ်းသာနေသည့် ဟန်များ ပေါ်လွင်နေလေသည်။
သူ အမှန်တကယ်ပင် အလွန်အမင်း ဝမ်းသာနေလေသည်။ တိတိကျကျ ပြောရမည် ဆိုလျှင် ပေလင် ချီမိသားစု တစ်ခုလုံး ဝမ်းသာ နေကြခြင်း ပင်ဖြစ်သည်။
အကြောင်းမူကား ကျန်းချဲ့ ၏ ယခု လက်ရှိ စွမ်းအား ဖြစ်စေ ရာထူး နေရာ ဖြစ်စေ အဆင့်အတန်း တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ပေလင် ချီမိသားစု နှင့် ရင်ဘောင်တန်းနိုင်သော ကြီးမားလှသည့် အင်အားစုများကို လက်ဝယ် ပိုင်ဆိုင်ထားသောကြောင့် ပင်ဖြစ်သည်။
အနက်ရောင်ရုံးတော် ကျူးချွဲ ဌာနခွဲကို ချုပ်ကိုင်ထားပြီးနောက် နောင်တစ်ချိန်တွင် ပေလင် ချီမိသားစု ပင်လျှင် ကျန်းချဲ့၏ အကူအညီများကို အားထား ရတော့မည် ဖြစ်လေသည်။
ယခင်က ကျန်းချဲ့ နှင့် မင်္ဂလာ ကိစ္စ စီစဉ်ခဲ့စဉ်က အခြေအနေကို ပြန်လည် တွေးတော ကြည့်လိုက်သောအခါ... သူ၏ ရင်ထဲတွင် အတွေး တစ်ခုတည်းသာ ရှိတော့လေသည်။
'တန်တယ်... အရမ်းကို တန်သွားပြီ...'
ယခင်ကလည်း ပေလင် ချီမိသားစု သည် မင်္ဂလာ ကိစ္စများ စီစဉ်ခဲ့ဖူးသော်ငြား သိုင်းပညာရှင် အများစုမှာ လမ်းတစ်ဝက်တွင်ပင် ကျဆုံး သွားခဲ့ကြလေသည်။ ချီမိသားစုကို ပြန်လည် ကူညီပေးနိုင်သူ ဆိုသည်မှာ လက်ချိုး ရေတွက်၍ ရလောက်အောင်ပင် နည်းပါးလှပြီး ၎င်းတို့ အထဲတွင် ကျန်းချဲ့ သည် သေချာပေါက် တိုးတက်မှု အမြန်ဆုံး သူ ပင်ဖြစ်သည်။
သေချာသည်ကတော့ ပေလင် ချီမိသားစု ကလည်း အများကြီး ပေးဆပ်ခဲ့ရလေသည်။
ကျင့်ကြံခြင်း အရင်းအမြစ်များ၊ နောက်ခံ အင်အားစု နှင့် သိုင်းပညာ အတွေ့အကြုံများ စသည်ဖြင့်... ဤ အရာများ အားလုံးတွင် ပေလင် ချီမိသားစု က အများကြီး ရင်းနှီးမြှုပ်နှံ ခဲ့လေသည်။
ဒုတိယ အကြီးအကဲ ချီထျန်းဟယ် မှာလည်း အလားတူ စိတ်နေသဘောထား မျိုး ရှိနေလေသည်။ ကွာခြားချက်မှာ သူသည် ကျန်းချဲ့ နှင့် အချိန် အတော်ကြာအောင် ဆက်ဆံခဲ့ရပြီး ကျန်းချဲ့ တစ်လှမ်းချင်း စီ တက်လှမ်း လာသည်ကို အစအဆုံး မြင်တွေ့ခဲ့ရသူ ဖြစ်သောကြောင့် ပင်ဖြစ်သည်။
သူ၏ ရင်ထဲတွင် အသိအမြင် တစ်ခုပင် ရရှိနေလေပြီ။ ကျန်းချဲ့ ၏ ပါရမီ နှင့် ယခု လက်ရှိ ကျင့်ကြံမှု စွမ်းအားကို ပေါင်းစပ် လိုက်မည် ဆိုပါက သူ ကျန်းချဲ့ နှင့် တိုက်ခိုက် လျှင်ပင် ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်တော့ချေ။ တစ်ဖက်လူ သည် သူ့ကို အားကိုးရသည့် အခြေအနေ မှနေ၍ သူ့ထက် ကျော်လွန် သွားသည့် အခြေအနေ သို့ ပြောင်းလဲ သွားခဲ့လေပြီ။
"အကြီးအကဲချုပ် ကတော့ မြှောက်ပြောနေပါပြီ... ကျွန်တော်မျိုး ကတော့ အဲ့ဒီလောက် အဆင့် မရှိသေးပါဘူး..."
ကျန်းချဲ့ က မတ်တပ်ရပ်ကာ လက်ယှက် အရိုအသေ ပေးလိုက်လေသည်။
ချီမိသားစု မှ လူများ အားလုံး အပေါ် ကျန်းချဲ့ ၏ အမြင် က အလွန် ကောင်းမွန် လှပေသည်။ ပေလင် ချီမိသားစု ၏ အထောက်အပံ့ သာ မပါခဲ့ပါက သူ ဤမျှလောက် မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်မည် မဟုတ်ချေ။ ၎င်းတို့ အထဲတွင် အကြီးအကဲ နှစ်ယောက်၏ အထောက်အပံ့ မှာလည်း အလွန် ကြီးမားလှပေသည်။ ယောက္ခထီး ဖြစ်သူ ချီကျန်းနန် ပြီးလျှင် ဒုတိယ လိုက်လေသည်။
သူတို့ ကူညီပေးရခြင်း မှာ ချီမိသားစု နှင့် မင်္ဂလာ ဆောင်ထားသောကြောင့် အနာဂတ် အတွက် ရင်းနှီးမြှုပ်နှံ နေခြင်း ဖြစ်ကြောင်း သူ သိရှိထားသော်ငြား ကူညီ သည်က ကူညီ သည်သာ ဖြစ်ရာ ဤ သံယောဇဉ် ကိုတော့ သူ မှတ်သားထားရမည် ဖြစ်လေသည်။
"ဘာမှ လက်မခံရဲစရာ မရှိပါဘူး... မင်းက အခု လောက မှာ နံပါတ်တစ် ပါရမီရှင် ဖြစ်နေပြီလေ... နန်ကုန်းကျိ လို အဖိုးကြီး တောင်မှ မင်းရဲ့ လက်ထဲမှာ သေသွား ခဲ့ရတာ... မင်း နည်းနည်းပါးပါး မာနမကြီးရင် ဘယ်ဖြစ်မလဲ... လာ... ဒီနေ့တော့ မင်းနဲ့ ငါ အရက် မူးတဲ့အထိ သောက်ကြတာပေါ့..."
အကြီးအကဲချုပ် က အလွန် စိတ်အားထက်သန်စွာ ဖြင့် ပြောလိုက်လေသည်။
"ကောင်းပါပြီ... ဒါဆိုရင်လည်း အဆုံးထိ သောက်ကြတာပေါ့..."
အရက်ဝိုင်းလေး တစ်ခု စတင်လိုက်သော်ငြား ပေလင် ချီမိသားစု တစ်ခုလုံးကို အုတ်အော်သောင်းနင်း မဖြစ်စေခဲ့ချေ။ သို့သော် ပေလင် ချီမိသားစု အတွင်းရှိ အထွတ်အထိပ်ဆုံး လူပုဂ္ဂိုလ် များကိုတော့ တုန်လှုပ် သွားစေခဲ့လေသည်။ ယခုအခါ ကျန်းချဲ့ သည် မည်သည့် ရှုထောင့်မှ ကြည့်သည် ဖြစ်စေ ချီမိသားစု ၏ အကြီးအကဲ များ နှင့် တန်းတူ ရည်တူ အဆင့်အတန်း မျိုးသို့ ရောက်ရှိ နေခဲ့လေပြီ။
စကားပြောဆို ရာတွင်လည်း အားပေး စကားများ နည်းပါး သွားပြီး အဆင့်တူ မဟာသိုင်းသခင်ကြီး တစ်ပါးကို ရင်ဆိုင် နေရသည့် အလား ဆွေးနွေး ပြောဆို နေကြလေသည်။ သေချာသည် ကတော့ ကျန်းချဲ့ သည် အလွန် ယဉ်ကျေး ရိုသေ သည့် ဟန် ကို ပြသ နေဆဲ ပင်ဖြစ်သည်။
မည်သည့် နေရာတွင်မှ မာနထောင်လွှား သည့် အရိပ်အယောင် များကို လုံးဝ ပြသ ခြင်း မရှိခဲ့ချေ။ သိုင်းသူတော်စင် ချုံခို တိုက်ခိုက် ခဲ့သည့် ကိစ္စ ကိုလည်း အနည်းငယ်မျှ ထုတ်ဖော် ပြောဆို ခြင်း မရှိခဲ့ချေ။
ဤ ကိစ္စများ သည် ဂုဏ်ယူစရာ ကိစ္စများ မဟုတ်ရာ ချီကျန်းနန် တစ်ယောက်တည်း သိရှိ ထားလျှင် လုံလောက်ပြီ ဖြစ်လေသည်။
သေချာသည် ကတော့ အရက်ဝိုင်း တွင် ကျန်းချဲ့ သည် လီချန်ကော နှင့် ရန်သူ ဖြစ်လာမည့် ကိစ္စကို အနည်းငယ် သွယ်ဝိုက် ဖော်ပြ လိုက်ပြီး ချီမိသားစု ၏ အကြီးအကဲ များ သူ့ကို ထောက်ခံ အားပေး လာစေရန် စည်းရုံး လိုက်လေသည်။
သို့သော် ဤ ကိစ္စသည် သေးငယ်သော ကိစ္စ တစ်ခု မဟုတ်ရာ ချီထျန်းကျုံ့ တို့ ကလည်း ဤ ကိစ္စတွင် သူ့ဘက်သို့ ယိမ်းယိုင် ပေးမည် ဖြစ်ကြောင်း သာ ပြသ ခဲ့ကြပြီး အမှန်တကယ် ကိုယ်တိုင် ဝင်ရောက် စွန့်စား ရမည်လား ဆိုသည် ကိုတော့ သေချာစွာ ဆွေးနွေး တိုင်ပင် ရဦးမည် ဖြစ်လေသည်။
ဤသည်မှာ ပေလင် ချီမိသားစု ကဲ့သို့သော မျိုးနွယ်စု ကြီးများ ၏ လုပ်ထုံးလုပ်နည်း ပင်ဖြစ်သည်။
အာဏာ ကို လူ တစ်ယောက် နှစ်ယောက် ၏ လက်ထဲတွင် သာ ချုပ်ကိုင် ထားခြင်း မဟုတ်ချေ။ ချီမိသားစု တစ်ခုလုံး ရှိ မဟာသိုင်းသခင်ကြီး များ အားလုံး ကိုယ်ပိုင် သဘောထား ကို ထုတ်ဖော် ပြောဆို နိုင်ခွင့် ရှိလေသည်။ အခြေခံ အားဖြင့်တော့ မိသားစု ခေါင်းဆောင် နှင့် အကြီးအကဲချုပ် တို့ သဘောတူ လိုက်သည် နှင့် ကျန်လူများ အားလုံးလည်း သဘောတူ လိုက်ကြမည် ဖြစ်လေသည်။ ဆွေးနွေး တိုင်ပင် ခြင်း ဆိုသည်မှာ လုပ်ထုံးလုပ်နည်း တစ်ခု သက်သက် သာ ဖြစ်လေသည်။
နောက်ပိုင်း နှစ်ရက် တာ ကာလ အတွင်း။
ကျန်းချဲ့ တစ်ယောက် အလွန် စိတ်အေး ချမ်းသာစွာ ဖြတ်သန်း ခဲ့လေသည်။ ကိစ္စများ အားလုံးကို ဘေးဖယ် ထားလိုက် သည့် အလား ချီညီအစ်မ နှစ်ယောက် နှင့် ဟွမ်ရှန်းရှန်း တို့ ဘေးတွင် အမြဲတမ်း အချိန်ပေး နေခဲ့လေသည်။ ယခု အခြေအနေ အရ ဟွမ်ရှန်းရှန်း နှင့် သူ၏ အကြား တွင် ကွာဟချက် အလွန် ကြီးမား လွန်းနေပြီ ဖြစ်သော်ငြား ကိုယ်ပိုင် အမျိုးသမီး တစ်ယောက် ဖြစ်နေသဖြင့် ကျန်းချဲ့ သည် အလေးအပေါ့ ခွဲခြား ဆက်ဆံ ခြင်း မျိုးကို လုံးဝ မလုပ်ဆောင် ခဲ့ချေ။
မည်သို့ပင်ဆိုစေ ဟွမ်ရှန်းရှန်း သည် မည်သည့် အရာကိုမျှ တောင်းဆို လိုချင် တပ်မက် ခြင်း မရှိဘဲ ကိုယ်လုပ်တော် နေရာ လေး တစ်ခုကို သာ ကျေနပ် နေခဲ့သူ ဖြစ်လေသည်။ ကျန်ရှိ နေသော အချိန်များ တွင်လည်း အပြင်းအထန် ကျင့်ကြံ နေခြင်း မဟုတ်လျှင် ကျန်းချဲ့ ၏ အပေါ် တွင်သာ စိတ်နှလုံး ကို အပြည့်အဝ ပုံအပ် ထားကာ သူမ၏ မျက်လုံးထဲတွင် သူ တစ်ယောက်တည်း သာ ရှိနေသည့် ဟန် ပေါ်လွင် နေလေသည်။
နှစ်ရက်တာ ကာလ အတွင်း ကျန်းချဲ့ လည်း အားလပ် နေခဲ့ခြင်း မဟုတ်ချေ။ ချီညီအစ်မ နှစ်ယောက် နှင့် ဟွမ်ရှန်းရှန်း တို့၏ ကျင့်ကြံမှု များကို သေသေချာချာ သင်ကြား ပြသ ပေးခဲ့ပြီး သူတို့ သုံးယောက် စလုံး ခေါင်းမူး သွားသည် အထိ ကျင့်ကြံ စေခဲ့လေသည်။ သို့သော် အဆက်မပြတ် သင်ကြား ပြသ မှုများ အောက်တွင် သူတို့၏ ကျင့်ကြံမှု တိုးတက် လာမှုများ ကလည်း အလွန် ဝမ်းသာ ဂုဏ်ယူ စရာ ကောင်းလှပေသည်။ ဗဟုသုတ အသစ် များကိုလည်း ထပ်မံ ရှာဖွေ ဖော်ထုတ် နိုင်ခဲ့ကြလေသည်။
သေချာသည် ကတော့ ဤသည်မှာ ကျန်းချဲ့ အမှန်တကယ် ပျင်းရိ နေသောကြောင့် မဟုတ်ချေ။ ချီမိသားစု ဘိုးဘေး ၏ သတင်း ကို စောင့်ဆိုင်း နေခြင်း ပင်ဖြစ်သည်။ တစ်ဖက်လူ သည် သူ့အတွက် ယခု အချိန်တွင် အလွန် အရေးကြီး လှပေသည်။ သူ လုံးဝ လျစ်လျူရှု ထား၍ မရနိုင်ချေ။
နောက်တစ်ခု ကတော့ ကျန်းချဲ့ သည် ကျောက်ရှန်းကျီ အိမ်တိုင်ရာရောက် လာမည် ကို စောင့်ဆိုင်း နေခြင်း ပင်ဖြစ်သည်။ မူလ က တစ်ဖက်လူ သည် ချက်ချင်း ပင် ထွက်ခွာ လာမည် ဖြစ်သော်ငြား ရုတ်တရက် ပြဿနာ အချို့ နှင့် အလုပ်ရှုပ် သွားသော ကြောင့် ရက်အနည်းငယ် ကြန့်ကြာ သွားခဲ့လေသည်။ လက်ရှိ တွင်တော့ ပေလင်မြို့ သို့ လာရောက် နေသည့် လမ်းခရီး တွင် ရှိနေလေပြီ။
ဝမ်ပင်းအဆောက်အအုံ... ဒန်းလေး တစ်ခု အပေါ်တွင်။
"ခဲအို... ဘာဖြစ်လို့ စိတ်နဲ့လူနဲ့ မကပ် ဖြစ်နေတာလဲ... ဒီရက်ပိုင်း အတွင်းမှာ အစွမ်းကုန် ညှစ်ထုတ် ခံလိုက်ရလို့တော့ မဟုတ်ပါဘူးနော်..."
ချီနင်ပင်း သည် ကျန်းချဲ့ ၏ ရင်ခွင်ထဲတွင် ဝင်ရောက် ခွေနေပြီး ကိုယ်လုံးလေး မှာလည်း ဒန်းနှင့် အတူ လှုပ်ယမ်း နေလေသည်။ ခေါင်းမော့ လာပြီး မျက်ဝန်းများ ထဲတွင်လည်း လူယုတ်မာ အပြုံးလေး များ ဖုံးကွယ် နေလေသည်။
ချီဝမ်ကျင်း နှင့် ဟွမ်ရှန်းရှန်း တို့ အပြင်ပန်း တွင် အနည်းငယ် ထိန်းသိမ်း နေကြသော်ငြား သူမ ကတော့ လုံးဝ ဂရုမစိုက်ချေ။ ကျန်းချဲ့ အဓိက ကိစ္စများ နှင့် မလုပ်ရှုပ် နေသရွေ့ ကျန်းချဲ့ ၏ ဘေးတွင် အမြဲတမ်း ကပ်နေပြီး နောက်ပြောင် နေတတ်လေသည်။
ကျန်းချဲ့ သည် ချီနင်ပင်း ၏ နူးညံ့ ပျော့ပျောင်း သော ဆံပင်လေး များကို ခပ်ဖွဖွ ပွတ်သပ် လိုက်ပြီး ရယ်မော ကာ ပြောလိုက်လေသည်။
"မင်းတို့လောက် လယ်ကွက်လေး နဲ့များ ကိုယ့်ကို ညှစ်ထုတ် ပစ်ချင်နေတာလား..."
ချီနင်ပင်း ချက်ချင်း ပင် ရှက်ရွံ့ ဒေါသထွက် သွားလေသည်။
"အစ်မ သာ အရှက် မသည်း ဘူးဆိုရင် ညီမတို့ သုံးယောက်စလုံး တစ်ပြိုင်နက်တည်း ဝိုင်းလုပ်ကြမှာ... အဲ့ဒီ အချိန်ကျရင် ခဲအို ကို မနိုင်ဘူး ဆိုတာ မယုံဘူး..."
"ကောင်းပြီလေ... ဒါဆိုရင်လည်း ညီမလေးက ဝမ်ကျင်း ကို သွားပြီး စည်းရုံး လိုက်လေ... ကိုယ် လည်း ညီမတို့ သုံးယောက် ပေါင်းရင် ဘယ်လောက်တောင် အရည်အချင်း ရှိလဲ ဆိုတာ ကြည့်ချင်နေတာ... အဲ့ဒီ အချိန်ကျရင် ရေဓာတ် ခန်းခြောက် မသွားအောင်တော့ သတိထားဦးနော်..."
ကျန်းချဲ့ ၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်ကွေး သွားလေသည်။
ချီနင်ပင်း နှုတ်ခမ်းလေး စူသွားပြီး ဘေးပတ်ဝန်းကျင် ကို တစ်ချက် အကဲခတ် လိုက်ကာ ကျန်းချဲ့ ၏ နားနား သို့ ကပ်၍ တိုးတိုးလေး ပြောလိုက်လေသည်။
"ခဲအို... ရှန်းရှန်း နဲ့ အစ်မ လည်း မရှိဘူး ဆိုတော့... ညီမတို့ နှစ်ယောက် ဒန်းပေါ်မှာ ကျင့်ကြံ ကြည့်ရအောင်လား..."
"ညီမလေး တစ်ယောက်တည်း တောင့်ခံ နိုင်လို့လား..."
ကျန်းချဲ့ ၏ မျက်ဝန်းထဲတွင် သံသယ အရိပ်အယောင်များ ပေါ်ထွက် လာလေသည်။
ချီနင်ပင်း သည် သွက်လက် ပေါ့ပါး သော်ငြား တိုက်ခိုက်ရေး စွမ်းအား မှာ သာမန် သက်သက် သာ ဖြစ်လေသည်။ အထူးသဖြင့် သူ၏ ရုပ်ခန္ဓာကိုယ် ကျင့်ကြံမှု အဆင့် အကြီးအကျယ် တိုးတက် လာပြီး နောက်ပိုင်း တွင် တစ်ချက်လေး တောင် ခံနိုင်ရည် မရှိသည့် အခြေအနေ ထက် အနည်းငယ် သာလွန် ရုံမျှသာ ဖြစ်ပြီး အမှန်တကယ် ပင် အလွန် သာမန် သက်သက် သာ ဖြစ်လေသည်။
"ညီမ သေချာပေါက် တောင့်ခံ နိုင်တယ်... ခဲအို သာ စိတ်ချ... ဒီနေ့ ဒီသခင်မလေး က ခဲအို လူယုတ်မာ ကြီးကို အပြတ် မျိုချ ပစ်မယ်..."
ချီနင်ပင်း က ပြည့်ဖြိုးလှသော သူမ၏ ရင်ဘတ်လေး ကို အရင်ဆုံး ပုတ်လိုက်ပြီးနောက် ခေါင်းငုံ့ ကာ လူယုတ်မာ အပြုံးလေး ဖြင့် ရယ်မော လိုက်လေသည်။
"ကောင်းပါပြီ... ကောင်းပါပြီ... ကိုယ် က လူယုတ်မာ ကြီး ဆိုရင် ညီမလေး က သူတော်ကောင်းမလေး လေးပေါ့..."
ကျန်းချဲ့ က ညစ်ညမ်းသော စကား အချို့ကို ပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အကြည့်များ စူးရှ သွားပြီးနောက် ချီနင်ပင်း ၏ ကျောပြင်လေး ကို ခပ်ဖွဖွ ပုတ်လိုက်လေသည်။
"ဘာလဲ... မစောင့်နိုင်တော့ဘူးလား..."
ချီနင်ပင်း ဟီးဟီး ရယ်မော လိုက်လေသည်။
"မင်း အဖေ လာနေတယ်..."
ကျန်းချဲ့ က တိုးတိုးလေး သတိပေး လိုက်လေသည်။
ချီနင်ပင်း သည် ကျန်းချဲ့ က သူမကို လိမ်ညာ နေသည် ဟု ထင်မှတ် ကာ ကျန်းချဲ့ ကို ဖက်ထားရာမှ လွှတ်မပေးဘဲ မျက်နှာလေး နီမြန်း ကာ မူနွဲ့လျက် ပြောလိုက်လေသည်။
"ခဲအို... အဲ့ဒီလိုကြီး မပြောပါနဲ့... တခြားလူတွေ ကြားသွားရင် မကောင်းပါဘူး..."
"အဟမ်း... အဟမ်း..."
ရုတ်တရက် ပင် ချီကျန်းနန် သည် ပန်းခြံ ၏ တစ်ဖက် ထောင့်မှ ဖြည်းညင်းစွာ ထွက်ပေါ် လာခဲ့လေသည်။ မျက်နှာပေါ်တွင် အပျော်၊ အဒေါသ များကို မြင်တွေ့ နိုင်စွမ်း မရှိဘဲ ကျန်းချဲ့ ကို တစ်ချက် စွေကြည့် လိုက်လေသည်။
ကျန်းချဲ့ သည် ချီနင်ပင်း ကို မျက်ရိပ် မျက်ကဲ ပြလိုက်ပြီး 'မင်း အဖေ တကယ် လာနေတာ' ဟု ပြောနေသည့် အလား ပင်ဖြစ်သည်။
ချီနင်ပင်း လည်း လန့်ဖြတ် သွားပြီး မျက်နှာလေး ဖြူရော် သွားကာ ကျန်းချဲ့ ၏ ကိုယ်ပေါ်မှ အလျင်အမြန် ထလိုက်လေသည်။ ရှုပ်ပွ နေသော ဝတ်ရုံလေး ကို သပ်ရပ်အောင် ပြင်ဆင် လိုက်ပြီး ခေါင်းငုံ့ ကာ မည်သည့် စကား ကိုမျှ ထပ်မံ မပြောရဲ တော့ချေ။
"ဦးလေး... ဒီနေ့ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ..."
ကျန်းချဲ့ လည်း ချက်ချင်း ပင် တည်ကြည် လေးနက် သော မျက်နှာထား ကို ပြောင်းလဲ လိုက်လေသည်။
"ဘိုးဘေး တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီ... မင်းကို တွေ့ချင်နေတယ်... ဦးလေး နောက်က လိုက်ခဲ့..."
ချီကျန်းနန် က အေးစက်စွာ ပြောလိုက်ပြီး စောစောက ပြောဆို နေခဲ့ကြသော စကားများကို လုံးဝ မကြားလိုက်ရ သည့် အလား ပင်ဖြစ်သည်။
"ဟုတ်ကဲ့ပါ..."
ကျန်းချဲ့ ၏ အကြည့်များ တည်ကြည် သွားလေသည်။ နောက်ဆုံးတော့ တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာခဲ့လေပြီ။
"မင်း အစ်မ ဆီ ပြန်ပြီး သွားကျင့်ကြံချေ... နေ့တိုင်း ကစားဖို့ပဲ သိနေတယ်... ကြည့်စမ်း... ဘယ်လို ပုံစံကြီး ပေါက်နေလဲ..."
ချီကျန်းနန် က ချီနင်ပင်း ကို တစ်ခွန်း ဆူပူ လိုက်ပြီးနောက် ချက်ချင်း လှည့်ထွက် သွားလေတော့သည်။
"ခဲအို... အားလုံး ခဲအို ကြောင့် ဖြစ်ရတာ..."
ချီနင်ပင်း က ကျန်းချဲ့ ကို မျက်စောင်း ထိုးကြည့် လိုက်သည်။
"ကိုယ် က သတိပေး သားပဲလေ..."
ကျန်းချဲ့ က ဘာမှ မတတ်နိုင်သည့် ဟန်ဖြင့် ပြောလိုက်လေသည်။
"ဘာပဲ ဖြစ်ဖြစ် ခဲအို ကြောင့်ပဲ..."
"ကောင်းပါပြီ... ကောင်းပါပြီ... ညီမလေး အရင် ပြန်သွားနှင့်ပါ... စိတ်ချပါ... မင်း အဖေ က ဘာအဓိပ္ပာယ် လဲဆိုတာ နားလည် မှာ မဟုတ်ပါဘူး..."
ကျန်းချဲ့ က နှစ်သိမ့် ပြောဆို လိုက်လေသည်။
"သိပါပြီ..."
ချီနင်ပင်း ကို နှစ်သိမ့် ပြီးနောက် ကျန်းချဲ့ သည် ဝမ်ပင်းအဆောက်အအုံ မှ အလျင်အမြန် ထွက်လာခဲ့လေသည်။ ချီကျန်းနန် သည် အပြင်ဘက် တွင် စောင့်ဆိုင်း နေပြီး ကျန်းချဲ့ အလျင်အမြန် ပင် အရှေ့ သို့ တိုးသွား လိုက်လေသည်။
"ဦးလေး..."
ကျန်းချဲ့ သည် ဘိုးဘေး နှင့် ပတ်သက်သော အကြောင်းအရာ များကို မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ချီကျန်းနန် က အခွင့်အရေး မပေးတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်လေသည်။
"နောက်ဆိုရင် ဒီလိုမျိုး မိသားစု ကျင့်ဝတ် နဲ့ မညီတဲ့ နောက်ပြောင်မှု တွေ မလုပ်ပါနဲ့..."
"ဗျာ..."
ကျန်းချဲ့ ကြက်သေသေ သွားရလေသည်။ ချီကျန်းနန် ကြားသွားတာလား။
သို့သော် ချက်ချင်း ပင် သက်ပြင်းချ လိုက်မိလေသည်။ အကြောင်းမူကား ချီကျန်းနန် က ဆက်ပြောလာသောကြောင့် ပင်ဖြစ်သည်။
"အိမ်ထောင် ကျနေပြီကို အရင်တုန်းက လိုမျိုး နေနေလို့ ဘယ်ဖြစ်မလဲ…”