← Chapters

အခန်း ၉၂

Vol. 10 Ch. 92

အခန်း ၉၂

Vol. 10 Ch. 92

အခန်း (၉၂) တတိယအစ်ကို ပီကင်းသို့ ရောက်ရှိလာခြင်း

ကျောက်ဖျင်အန်းနှင့် တတိယအစ်ကိုတို့သည် ထောက်ပံ့ရေးနှင့် သမဝါယမအရောင်းဆိုင်အတွင်း၌ အတော်လေး ကောင်းမွန်သော ဆက်ဆံရေး ရှိကြလေသည်။

သာမန်ရက်များတွင် သူသည် ဈေးဝယ်ထွက်ရာမှ နောက်ကျမှ ပြန်လာလေ့ရှိပြီး တတိယအစ်ကို ကလည်း အမြဲတမ်း သူ့အား စောင့်ဆိုင်းပေးကာ အလုပ်လွှဲပြောင်းမှုများကို သေချာစွာ ပြီးစီးစေပြီး မှသာ ပြန်လေ့ရှိပေသည်။

အချိန်ကြာလာသည်နှင့်အမျှ ကျောက်ဖျင်အန်းသည် ပစ္စည်းများ သွားရောက်ဝယ်ယူသည့်အခါတိုင်း စီမံကိန်းတွင် မပါဝင်သော ဝယ်လိုအားများသည့် ပစ္စည်းအချို့ကို သူ့အတွက် တိတ်တဆိတ် ယူဆောင် လာပေးလေ့ရှိလေသည်။

သူ ပြန်ရောက်ရောက်ချင်းပင် အခြားသူများ ဤကိစ္စကို ဆွေးနွေးနေကြသည်ကို ကြားလိုက်ရလေရာ သူသည် အလွန်တရာ စိုးရိမ်ပူပန်သွားပြီး ဝယ်ယူလာသော ပစ္စည်းများကိုပင် ချထားရန် အချိန်မရတော့ ဘဲ မေးမြန်းရန် ကမန်းကတန်း ပြေးလာခဲ့ခြင်းဖြစ်ပေတော့သည်။

"ဒါပေါ့..."

ထောက်ပံ့ရေးနှင့် သမဝါယမအရောင်းဆိုင်မှ အခြား ဝန်ထမ်းဟောင်းတစ်ဦးကလည်း သဘောတူစွာ ဖြင့် သက်ပြင်းချလိုက်လေသည်...။

"တည်ငြိမ်တဲ့ဘဝကို ဘာလို့ မနေချင်ရတာလဲ... အပြင်ထွက်ပြီး ဒုက္ခရှာဖို့ကိုပဲ တဇွတ်ထိုး လုပ်နေ ကြတယ်... တကယ်လို့များ ချော်လဲသွားရင် ပြန်လှည့်လာလို့ ရမှာမဟုတ်ဘူး..."

ယခင်ကတည်းက တတိယအစ်ကိုအား မနှစ်မြို့သူအချို့ကလည်း ဘေးမှရပ်ကာ ခနဲ့တဲ့တဲ့ လေသံဖြင့် ပြောလာကြလေသည်...။

"သူက အရမ်းတော်နေတော့ ငါတို့ရဲ့ သေးငယ်တဲ့ ထောက်ပံ့ရေးနှင့် သမဝါယမအရောင်းဆိုင်လေးကို အထင်မကြီးတာပေါ့ကွာ... သူ့အတွက် ငါတို့ စိတ်ပူစရာ မလိုပါဘူး..."

တတိယအစ်ကိုသည် ဘေးနားရှိ အတင်းအဖျင်းစကားများကို လျစ်လျူရှုထားလိုက်ပြီး ကျောက်ဖျင် အန်း ဘက်သို့ လှည့်ကာ သူ၏ပခုံးကို ပုတ်၍ အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်...။

"စိတ်မပူပါနဲ့... ငါ ဘာလုပ်နေတယ်ဆိုတာ ငါ သိပါတယ်..."

ခေါင်းဆောင်များမှာ ချက်ချင်းပင် အံ့အားသင့်ကာ နှမြောတသ ဖြစ်သွားကြပြီး လုပ်ဖော်ကိုင်ဖက်များ ကလည်း ဤကိစ္စကို စတင် ဆွေးနွေးလာကြလေသည်။ လူတိုင်းက တတိယအစ်ကို ရူးသွားပြီဟုသာ ထင်မှတ်နေခဲ့ကြပေတော့သည်။

လုံခြုံစိတ်ချရသော အလုပ်တစ်ခု ရှိနေသည်ကိုပင် အပြင်သို့ထွက်ကာ ပရမ်းပတာ လုပ်ရန်တဇွတ်ထိုး ဆန္ဒပြင်းပြနေခဲ့သည် မဟုတ်ပါလော။

သို့ရာတွင် အမှန်တရားကိုမူ တတိယအစ်ကို ကိုယ်တိုင်သာ သိရှိလေ၏။ သူသည် ရူးသွပ်သွားခြင်း မဟုတ်ဘဲ တစ်တိုင်းပြည်လုံးကို ဖြတ်သန်းတိုက်ခတ်မည့် နွေဦးလေနုအေးကို လိုက်လံ ဖမ်းဆုပ်ရန် ဖြစ်ပေသည်။

၎င်းတို့သည် မိမိတို့ ကိုယ်တိုင်နှင့် မိသားစုအတွက် အမှန်တကယ် ပိုင်ဆိုင်မည့် လမ်းသစ်တစ်ခုကို ဖောက်လုပ်ရန် ပီကင်းသို့ သွားရောက်ကြမည် ဖြစ်လေသည်။

————————————

တတိယအစ်ကိုသည် တွန့်ကြေနေသော ရထားလက်မှတ်ကို ဆုပ်ကိုင်ထားလျက် ကြမ်းတမ်းသော ခရီးစဉ်ကို ဖြတ်သန်းပြီးနောက် နောက်ဆုံးတွင် ပီကင်း ဘူတာရုံကြီးသို့ ခြေချနိုင်ခဲ့လေတော့သည်။

ဖေဖော်ဝါရီလ၏ လေပြေက အေးစက်မှုကို သယ်ဆောင်လာဆဲ ဖြစ်လေ၏။ သူသည် ဂွမ်းထိုးအင်္ကျီကို တင်းကျပ်စွာ စည်းနှောင်လိုက်ပြီး ဂုန်နီအိတ်တစ်လုံးကို သယ်ဆောင်ကာ လူအုပ်ကြီးထဲတွင် ရပ်နေ လျက် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ပူပန်မှုတို့ကို တပြိုင်နက်တည်း ခံစားနေရပေသည်။

ဤသည်မှာ သူ၏ ပီကင်းသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ပြီး မသေချာသော်လည်း မျှော် လင့်ချက် ပြည့်ဝနေသော အနာဂတ်တစ်ခုကို ရှာဖွေရန်အတွက် လုံခြုံစိတ်ချရသော အလုပ်တစ်ခုကို ပထမဆုံးအကြိမ် စွန့်လွှတ်ခဲ့ခြင်းလည်း ဖြစ်လေသည်။

ခရီးဆောင်အိတ် သယ်ဆောင်လာသော ရွာသားတစ်ဦးက သူ ငေးမောကာ ရပ်နေသည်ကို မြင်သော အခါ အမှတ်တမဲ့ ပြောလိုက်လေသည်...။

"လူငယ်လေး... ပီကင်းကို ပထမဆုံး ရောက်ဖူးတာလား... မင်းရဲ့ မျက်လုံးတွေကို ကြည့်ရတာတော့ ဒီနေရာမှာ အောင်မြင်မှုတစ်ခု လာရှာတာပေါ့လေ..."

တတိယအစ်ကိုသည် ငေးမောနေရာမှ သတိပြန်ဝင်လာပြီး ခေါင်းကို အားပါးတရ ညိတ်ပြလိုက်လေ သည်...။

"ဟုတ်ပါတယ်... စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ရောက်လာတာပါ..."

လွန်ခဲ့သော ရက်အနည်းငယ်က ယောက်ဖဖြစ်သူ ကျိုးချန်ယဲ့ထံမှ ရရှိခဲ့သော စာပြန်ချက်ကို သူ ပြန် လည်အမှတ်ရသွားချိန်တွင် သူ ဆုပ်ကိုင်ထားခဲ့သော ယုံကြည်ချက် အနည်းငယ်မှာ ရုတ်တရက် ပို၍ ခိုင်မာလာခဲ့ပေသည်။

ယောက်ဖဖြစ်သူက သူ၏ အနာဂတ်အတွက် ကြိုတင် စီစဉ်ပေးထားပြီး ဖြစ်ရာ ယခုအခါတွင် သူ ပီကင်းသို့ ခြေချကာ အစွမ်းကုန် ကြိုးစားရန်သာ ကျန်တော့လေသည်။

တတိယအစ်ကို ဘူတာရုံ အထွက်ပေါက်မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် လူတစ်ဦးက သူ့အား အော် ခေါ် လိုက်သည့် အသံကို ကြားလိုက်ရလေသည်...။

"တတိယအစ်ကို... အော်မိုရီ... ဒီဘက်မှာ..."

တတိယအစ်ကိုက မော့ကြည့်လိုက်ရာ သူ၏ ဒုတိယအစ်ကို ဖြစ်သော ထျန်ချင်းလင်းနှင့် ကျိုးချန်ယဲ့တို့ နှစ်ဦး လူအုပ်ထဲမှ သူ့အား ပြုံးရွှင်သော မျက်နှာများဖြင့် လက်ပြနေသည်ကို မြင်လိုက်ရလေသည်။

သူ၏ ရင်ထဲတွင် နွေးထွေးသွားကာ အလျင်အမြန် လျှောက်သွားလိုက်ပြီး ဩရှရှ အသံဖြင့် ပြောလိုက် သည်....။

"ဒုတိယအစ်ကို... ချန်ယဲ့... လာကြိုပေးလို့ ကျေးဇူးပါပဲ..."

"ငါတို့က မိသားစုတွေပဲ... အားနာစရာ မလိုပါဘူး..."

ထျန်ချင်းလင်းက သူ၏လက်ထဲမှ အိတ်ကို လှမ်းယူလိုက်ပြီး ပခုံးကိုပုတ်ကာ ပြောလိုက်လေသည်...။

"ငါတို့ မင်းကို စောင့်နေကြတာ... ရှောင်ယာနဲ့ မင်းရဲ့ ဒုတိယမရီးတို့လည်း အိမ်မှာ စောင့်နေကြတယ်..."

ကျိုးချန်ယဲ့က ပြုံးကာ ခေါင်းညိတ်လိုက်လေသည်...။

"တတိယအစ်ကို... ခရီးပန်းလာမှာပဲ... အိမ်အရင်ပြန်ပြီး အနွေးဓာတ်ယူလိုက်ဦး... ပြီးမှ ဖြည်းဖြည်းချင်း စကားပြောကြတာပေါ့..."

၎င်းတို့ သုံးဦးသည် ဘတ်စ်ကားပေါ်သို့ တိုးဝှေ့တက်လိုက်ကြပြီး ကျိုးမိသားစု ခြံဝင်းရှိရာသို့ ဦးတည် သွားကြလေတော့သည်။

ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ဆန်းဝါလေးမှာ ပြေးလာခဲ့ပြီး နီရဲနေသော ပါးပြင်လေး များဖြင့် မော့ကြည့်ကာ ကြည်လင်သော အသံလေးဖြင့် ခေါ်လိုက်လေသည်...။

"တတိယဦးလေး..."

အနည်းငယ် စူထွက်နေသော ဗိုက်လေးဖြင့် ဒုတိယမရီး ကျောက်ရှောက်ထင်သည် ထျန်ရှောင်ယာနှင့် အတူ အိမ်ထဲမှ ထွက်လာကြရာ ၎င်းတို့၏ မျက်နှာများတွင် ဝမ်းသာပျော်ရွှင်မှုများ အပြည့်အဝ ဖုံးလွှမ်း နေခဲ့ပေတော့သည်။

"တတိယအစ်ကို... ကျွန်မတို့ အစ်ကို့ကို စောင့်နေကြတာ..."

ထျန်ရှောင်ယာက ရှေ့သို့တိုးလာပြီး တတိယအစ်ကို၏ လက်မောင်းကို ဆွဲကိုင်လိုက်ရာ သူမ၏ စိတ် အားထက်သန်မှုတို့မှာ လျှံကျနေခဲ့လေသည်...။

"လာ... အထဲဝင်ရအောင်... အထဲမှာ နွေးတယ်..."

"ညီမလေး... ဒုတိယမရီး..."

တတိယအစ်ကို၏ ရင်ထဲတွင် နွေးထွေးမှုလှိုင်းတစ်ခု ဖြတ်သန်းသွားပြီး အထပ်ထပ် နှုတ်ဆက်လိုက် လေတော့သည်။

အားလုံးအတူတကွ ဧည့်ခန်းမထဲသို့ ဝင်သွားကြလေ၏။ စားပွဲတွင် ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ထျန်ရှောင်ယာက ကြံသကာရည် ပန်းကန်လုံးအချို့ကို ယူလာကာ အပြုံးဖြင့် ဆီးကြိုလိုက်လေသည်...။

"ခရီးပန်းလာမှာပဲ... ကိုယ်ခံအားကောင်းအောင်နဲ့ အအေးဒဏ် ခံနိုင်အောင် ကြံသကာရည်လေး သောက် လိုက်ဦးနော်..."

"ကျေးဇူးပါပဲ ညီမလေး..."

တတိယအစ်ကိုက ပြုံးကာ အလျင်အမြန် လက်ခံယူလိုက်လေသည်။

ချစ်ခင်ရသူများ၏ ပြုံးရွှင်နေသော မျက်နှာများကို ကြည့်ရင်း ခရီးစဉ်မှ ပါလာသော စိုးရိမ်ပူပန်မှု အများ စုမှာ ချက်ချင်းပင် လွင့်ပျောက်သွားခဲ့ပြီး သူ၏ မျက်လုံးများပင် အနည်းငယ် ပူနွေးလာခဲ့ပေသည်။

ဒုတိယအစ်ကို ထျန်ချင်းလင်းက စိုးရိမ်မှုအပြည့်ပါသော လေသံဖြင့် အရင် စကားစလိုက်လေသည်...။

"တတိယအစ်ကို... အလုပ်ကနေ တကယ် ထွက်လိုက်တာလား... မင်း မိန်းမနဲ့ ထင်ထင်တို့ရော အိမ်မှာ အဆင်ပြေရဲ့လား..."

တတိယအစ်ကိုသည် သူ၏လက်ထဲရှိ ကြွေခွက်ကို ဆုပ်ကိုင်လိုက်ကာ ပြတ်သားသော လေသံဖြင့် ပြော လိုက်လေသည်...။

"ထွက်လိုက်ပြီ... ငါ့မိန်းမက ကလေးနဲ့အတူ အခုလောလောဆယ် ရွာမှာ နေရစ်ခဲ့လိမ့်မယ်... ပီကင်းမှာ နေရာတစ်ခု ရသွားပြီဆိုရင် သူတို့ကို ခေါ်လာမှာပါ..."

ဤတစ်ကြိမ် ဤနေရာသို့ လာခဲ့ခြင်းမှာ ပီကင်းတွင် အောင်မြင်မှုတစ်ခု ရရှိရန် ခိုင်မာသော ဆုံးဖြတ် ချက်ဖြင့် ရောက်လာခဲ့ခြင်း ဖြစ်ပေတော့သည်။

ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကျိုးချန်ယဲ့က နားလည်သွားကာ ဇနီးဖြစ်သူအား အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်လေသည်။

ထျန်ရှောင်ယာသည် ခင်ပွန်းဖြစ်သူ၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွားလေသည်။ သူမသည် မည်သည့်စကားမျှ မပြောဘဲ လှည့်ကာ အိပ်ခန်းထဲသို့ ဝင်သွားခဲ့လေတော့သည်။

အချိန်ခဏအကြာတွင် သူမသည် သပ်ရပ်စွာ ခေါက်ထားသော အမျိုးသမီး အဝတ်အထည် အချို့ကို ကိုင်ဆောင်လျက် ထွက်လာခဲ့လေသည်။

"တတိယအစ်ကို... ဒီအဝတ်အစားတွေကို အရင်ကြည့်ကြည့်ပါဦး..."

ကျိုးချန်ယဲ့က ပြောလိုက်လေသည်။

တတိယအစ်ကိုသည် ကျိုးချန်ယဲ့၏ ရည်ရွယ်ချက်ကို ချက်ချင်း နားမလည်ခဲ့သော်လည်း လှမ်းယူလိုက် သေးလေ၏။

ဖြန့်ကြည့်လိုက်သောအခါ ဆောင်းတွင်းဝတ် အမျိုးသမီး အဝတ်အထည် အချို့ကို မြင်လိုက်ရလေ သည်။

အထင်ရှားဆုံး အရာမှာ အပြာနုရောင် ကုတ်အင်္ကျီတစ်ထည် ဖြစ်ပေသည်။ အထည်သားမှာ ဈေးကွက် ထဲတွင် တွေ့ရလေ့ရှိသော သာမန် နူးညံ့သည့် အစမျိုး မဟုတ်ဘဲ အလွန်တရာ သပ်ရပ်ကာ စတိုင်ကျ လှပေသည်။

အင်္ကျီများကို သိုးမွှေးအလွှာပါးလေးဖြင့် စီမံထားပြီး လက်ချောင်းများနှင့် ထိတွေ့လိုက်သောအခါ နွေးထွေးသော ခံစားမှုကို ရရှိစေနိုင်လေသည်။

အင်္ကျီတွင် ဘေးတစ်ဖက်စီ၌ အသုံးဝင်သော အိတ်ကပ်နှစ်ခု ပါရှိပြီး အနားသတ်များနှင့် လက်ကောက် ဝတ်များတွင် တပ်ဆင်ထားသော ပန်းဖွားတိုလေးများက စတိုင်ကျကာ တက်ကြွသော အသွင်အပြင်ကို ပေးစွမ်းနိုင်ပေသည်။

ဘေးမှ ကြည့်နေသော ဒုတိယမရီး ကျောက်ရှောက်ထင်မှာ ရုတ်တရက် အကြံဉာဏ်တစ်ခု ရသွားကာ အံ့ဩတကြီး ပြောလိုက်လေသည်...။

"ဒီအင်္ကျီက တကယ်လှတာပဲ ရှောင်ယာ... ကုန်တိုက်ကြီးက အထည်ပုံစံသစ်လား..."

ထိုစကားကို ကြားသောအခါ ဒုတိယအစ်ကိုသည် ထျန်ရှောင်ယာအား တိတ်တဆိတ် ကြည့်လိုက်ပြီး သူ၏ စိတ်ထဲတွင် တွေးတောနေခဲ့လေသည်၊ သူ၏ ညီမလေးမှာ ကြွားဝါလေ့ရှိသူ မဟုတ်ပါဘဲနှင့် ယနေ့ကျမှ အဘယ်ကြောင့် အဝတ်အစားသစ် အချို့ကို ရုတ်တရက် ထုတ်ပြနေရပါသနည်း။

တတိယအစ်ကိုသည် ငွေများ သိမ်းဆည်းထားသော အိတ်ကပ်ထဲသို့ တိတ်တဆိတ် လက်နှိုက်လိုက်ကာ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်၊ မနက်ဖြန် အားလပ်ချိန် ရသည်နှင့် တစ်ပြိုင် နက် ကုန်တိုက်ကြီးသို့သွား၍ သူ၏ ညီမလေးအတွက် လှပသော အဝတ်အစားသစ် အချို့ကို ဝယ်ပေး မည် ဖြစ်ပေသည်။

ထျန်ရှောင်ယာက ထိုအကြည့်ကို ပြုံးပြလိုက်ပြီး ညင်သာစွာ ပြောလိုက်လေသည်...။

"ဝယ်ထားတာ မဟုတ်ပါဘူး... ကိုယ်တိုင် ချုပ်ထားတာပါ..."

*ကိုယ်တိုင် ချုပ်ထားတာတဲ့လား…*

တတိယအစ်ကို၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားခဲ့လေ၏။ သူ၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ဖြတ်ပြေးသွားသော်လည်း သေချာပေါက် မဆုပ်ကိုင်နိုင်ခဲ့ချေ။ သူသည် လက်ထဲရှိ အဝတ်အစားများ ကိုသာ ငေးမောကာ ကြည့်နေမိလေတော့သည်။

"ဒါတွေ အားလုံးက ရှောင်ယာရယ် သူ့ရဲ့ အိမ်နီးချင်း မရီးဝမ်၊ ဝမ်တာ့ကျွမ်းရဲ့ ဇနီးရယ်တို့ ကိုယ်တိုင် ချုပ်ထားကြတာလေ... ဘယ်လိုလဲ..."

ကျိုးချန်ယဲ့က ပြုံးလျက် ပြောလိုက်လေသည်။

"ငါ့ ညီမလေးက သိပ်တော်တာပဲ... ထျန်ချင်းလင်းရဲ့ ညီမလေး ပီသပါပေတယ်..."

ဒုတိယအစ်ကို ထျန်ချင်းလင်းက ရင်ဘတ်ကို ပုတ်ကာ ဝမ်းသာအားရ ချီးကျူးလိုက်လေသည်။

ဒုတိယမရီး ကျောက်ရှောက်ထင်သည် ခင်ပွန်းဖြစ်သူ၏ စကားကို ကြားသောအခါ သူ့အား မထီမဲ့မြင် အကြည့်ဖြင့် ကြည့်လိုက်ပြီး နဖူးကို လက်ဖြင့် ညင်သာစွာ အုပ်ကာ ခေါင်းကို အခါခါ ခါယမ်းလျက် မတတ်နိုင်သော အမူအရာကို ပြသနေခဲ့လေသည်။

ထိုအချိန်တွင် ကျိုးချန်ယဲ့က ဖြည်းညင်းစွာ စကားစလိုက်လေသည်....။

"တတိယအစ်ကို... ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင် ကျွန်တော်တို့ အဝတ်အထည် စီးပွားရေး လုပ်ကြ ရအောင်..."

သမိုင်းတစ်လျှောက်လုံးတွင် အလွယ်ကူဆုံး ရှာနိုင်သော ငွေမှာ အမျိုးသမီးများနှင့် ကလေးများထံမှပင် ဖြစ်လေသည်။

သူက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်လေသည်...။

"အခုအချိန်မှာ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒတွေ စတင်နေပြီဆိုပေမယ့် အပြင်ဘက်က လူအများစုက မီးခိုးရောင်၊ အပြာရောင်နဲ့ အနက်ရောင်တွေကိုပဲ ဝတ်ဆင်နေကြတုန်းပဲ... နည်းနည်း လောက် လှတဲ့ အဝတ်အစားကို တွေ့တာနဲ့ လူတွေက လုဝယ်ကြမှာပဲ..."

ကျိုးချန်ယဲ့က စားပွဲပေါ်ရှိ အဝတ်အစားများကို လှမ်းကြည့်လိုက်ပြီး အသံကိုနှိမ့်ကာ ပြောလိုက်လေ သည်....။

"အခု လမ်းမပေါ်မှာ အဝတ်အစားတွေ ရောင်းဖို့ ဈေးဆိုင်တွေ ခင်းနေကြပြီ... သူတို့ထဲက အများစုဟာ ပစ္စည်းတွေ သွားယူဖို့ တောင်ဘက်ကို သွားကြပြီးတော့မှ ပြန်လာရောင်းကြတာ..."

ငွေရှာနိုင်သော်လည်း အန္တရာယ်ကလည်း များပြားလှပေသည်။ ရင်းနှီးကျွမ်းဝင်မှု မရှိသော နေရာတစ်ခု တွင် ရောက်နေသည့်အပြင် လမ်းခရီးများမှာလည်း ရှုပ်ထွေးနေတတ်လေ၏။

အကယ်၍ လိမ်လည် ခံရခြင်း သို့မဟုတ် သစ္စာဖောက်ခံရခြင်းများနှင့် ကြုံတွေ့ရပါက တရားမျှတမှုကို ရှာဖွေရန် နေရာပင် ရှိမည်မဟုတ်ပေ။

"ဒါပေမဲ့ ဒီနေရာမှာတော့ ကွာခြားတယ်လေ..."

All Chapters