← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

အခန်း (၉၃) အတောက်ပဆုံး တည်ရှိမှု

သူက ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်ခြင်းဖြစ်လေသည်...။

"ကျွန်တော့်ဆီမှာ နောက်ဆုံးပေါ် ပုံစံသစ်တွေ ရှိတယ်... ပြီးတော့ အထည်လိပ်တွေလည်း ရနိုင်တယ်... ဈေးက အပြင်မှာ ဝယ်တာထက် သေချာပေါက် ပိုသက်သာတယ်... အဓိကအချက်က ဒါတွေကို အခြား ဘယ်နေရာမှာမှ ရှာမတွေ့နိုင်တာပဲ..."

"ကိုယ်တိုင်ချုပ်ပြီး ကိုယ်တိုင်ရောင်းမယ်... အပြင်ထုတ်လိုက်တာနဲ့ ဒါက အများရဲ့ အာရုံကို ဖမ်းစားနိုင် ဆုံးအရာ သေချာပေါက် ဖြစ်လာမှာပဲ..."

ထိုစကားကို ကြားသောအခါ လူတိုင်းက နားလည်သွားကြလေသည်။

ကျိုးချန်ယဲ့သည် စနစ်နေရာလွတ် အကြောင်းကို မည်သို့မျှ ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ သူ့တွင် အဆက်အသွယ်များနှင့် လမ်းကြောင်းများ ရှိကြောင်းကိုသာ ဝေဝါးစွာ ပြောပြခဲ့ခြင်းဖြစ်လေ၏။

မိသားစုဝင်အားလုံးက သူသည် စွမ်းဆောင်ရည်ရှိပြီး ဗဟုသုတ ကြွယ်ဝသူဖြစ်ကြောင်း သိထားကြ သဖြင့် အပြင်ဘက်မှ အဆက်အသွယ်ရှိသူ တစ်ဦးဦးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်မည်ဟုသာ ယူဆကာ မေးခွန်းများစွာ မမေးမြန်းကြတော့ချေ။

တတိယအစ်ကိုမှာ ရုတ်တရက် သက်သာရာရသွားပြီး လမ်းတစ်လျှောက်လုံး သူ့ကို ဖိစီးနေခဲ့သော စိုးရိမ်ပူပန်မှုများမှာ ချက်ချင်းပင် လွင့်ပျောက်သွားခဲ့လေတော့သည်။

သူ စကားပင် မပြောရသေးမီ သူ၏ ဒုတိယအစ်ကိုဖြစ်သူ ထျန်ချင်းလင်းက ပေါင်ကို ရိုက်လိုက်ကာ ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်လေတော့သည်...။

"ဒါ အရမ်းကောင်းတာပေါ့..."

"ယောက်ဖက ပုံစံတွေ ထုတ်ပေး... ညီမလေးက အဝတ်အစား ချုပ်တဲ့အပိုင်းကို တာဝန်ယူ... တတိယ အစ်ကိုကတော့ ဉာဏ်ကောင်းပြီး စာရင်းအင်း ကျွမ်းကျင်တော့ ကုန်ပစ္စည်းတွေ ရောင်းဖို့အတွက် ကွက် တိပဲ..."

"ငါ အားတဲ့အချိန်ဆိုရင်လည်း လာပြီး ကူလုပ်ပေးမယ်လေ..."

"ငါတို့ မိသားစုတွေသာ တက်ညီလက်ညီ လုပ်ကြမယ်ဆိုရင် သေချာပေါက် အောင်မြင်မှာပဲ..."

တတိယအစ်ကိုသည် စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ရပ်လိုက်ပြီး လက်သီးများကို ဆုပ်ကာ ပြောလိုက် လေသည်....။

"ကောင်းပြီ... အဝတ်အထည် လုပ်ငန်းကို လုပ်ကြတာပေါ့..."

"အရင်က ထောက်ပံ့ရေးနှင့် သမဝါယမအရောင်းဆိုင်မှာ စာရင်းတွေကို ကိုင်တွယ်ခဲ့ဖူးတယ်... ဈေးကွက် ရှာတာကစလို့ စာရင်းလုပ်တာ၊ ဈေးဆစ်တာတွေအထိ အကုန်လုံးကို ကိုင်တွယ်နိုင်တယ်..."

"ပုံစံသစ်တွေ ရှိနေသရွေ့တော့ စီးပွားရေးကို တိုးတက်လာအောင် လုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်..."

ဒုတိယမရီး ကျောက်ရှောက်ထင်က ပြုံးကာ ဝင်ရောက်ပြောဆိုလိုက်လေသည်...။

"သေချာပေါက် အဆင်ပြေမှာပါ... အခုခေတ် အမျိုးသမီးတွေက အဝတ်အစားသစ် လှလှလေးတွေ ဝတ်ရတာကို သဘောကျကြပြီး သူတို့ ကလေးတွေအတွက်လည်း ဝယ်ပေးဖို့ ဝန်မလေးကြဘူးလေ... ဒီစီးပွားရေးက သေချာပေါက် အောင်မြင်မှာပါ..."

"ပုံစံက လုံလောက်အောင် ခေတ်မီနေသရွေ့တော့ ဝယ်မယ့်သူ မရှိမှာကို စိတ်ပူစရာ မလိုပါဘူး..."

"မတ်လေးရဲ့ အကဲဖြတ်မှုက အမြဲတမ်း တိကျနေတာပဲ..."

ထျန်ရှောင်ယာက ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်လေသည်....။

"တကယ်လို့ ဝယ်လိုအား များလာရင် အသေးအဖွဲ အလုပ်တချို့ကို သင့်တော်သလို အခြားလူတွေကို ခွဲပေးလို့ ရသေးတယ်..."

"ကျွန်မတို့ ရပ်ကွက်ထဲက အသက်ကြီးတဲ့ အမျိုးသမီးတွေနဲ့ အန်တီကြီးတွေ အများစုက အပ်ချုပ် ပညာကို တော်တော်လေး ကျွမ်းကျင်ကြတယ်လေ..."

နေ့လယ်စာ စားပြီးနောက် ၎င်းတို့ တစ်စုသည် ကျောက်မီးသွေးမီးဖိုနံဘေးတွင် ဝိုင်းထိုင်ကာ အဝတ် အထည် စီးပွားရေး၏ အကြောင်းအရာများကို အသေးစိတ် ရှင်းပြလျက် စကားစမြည် ပြောဆိုနေခဲ့ကြ လေသည်။

"ဒုတိယအစ်ကို... တတိယအစ်ကို... ကျွန်တော်တို့ စီးပွားရေး ချဲ့ထွင်ဖို့ကို မလောသေးတာပေါ့... ပုံစံသစ် နည်းနည်းလောက်ကို အရင်ချုပ်ပြီး ဈေးကွက် အခြေအနေ ဘယ်လိုရှိလဲဆိုတာ သိရအောင် လမ်းပေါ် မှာ အရင် စမ်းရောင်းကြည့်ရအောင်..."

ကျိုးချန်ယဲ့က ပြောလိုက်လေသည်။

"ကောင်းပြီလေ..."

ဒုတိယအစ်ကိုက ချက်ချင်းပင် သဘောတူလိုက်လေသည်...။

"ငါ့ရဲ့ မုန့်ဆိုင်နားမှာ ဈေးဆိုင်အသေးလေး တစ်ခုဖွင့်ပြီး အရင်ဆုံး စမ်းသပ်ကြည့်ကြတာပေါ့..."

"တကယ်လို့ အရမ်း နာမည်ကြီးလာပြီး ငွေရှာနိုင်ပြီဆိုမှ သေချာတဲ့ ဆိုင်တစ်ဆိုင် ဖွင့်ကြတာပေါ့..."

နေဝင်သွားပြီး အခန်းတွင်း မှောင်မိုက်သွားသည့်တိုင်အောင် ၎င်းတို့ စကားပြောနေခဲ့ကြရာ ထိုအချိန်မှ သာ တတိယအစ်ကိုမှာ နောက်ဆုံးတွင် သက်သာရာ ရသွားခဲ့လေတော့သည်။

အစောပိုင်းက ခံစားခဲ့ရသော စိုးရိမ်ပူပန်မှုများနှင့် ကျရှုံးမည်ကို ကြောက်ရွံ့မှုများမှာ လုံးဝ လွင့်ပျောက် သွားခဲ့ပေတော့သည်။

ထိုအရာများ အစား အမှန်တကယ် မျှော်လင့်ချက်များ နေရာယူလာခဲ့ပြီး ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်နေသော သူ၏မျက်လုံးများပင် အနည်းငယ် တောက်ပလာခဲ့လေပေ သည်။

နောက်တစ်နေ့ နံနက်တွင် ကျိုးချန်ယဲ့သည် ပုံမှန်အတိုင်း ကျောင်းသွားရန် ပြင်ဆင်နေခဲ့လေသည်။

မထွက်ခွာမီ သူသည် ဇနီးဖြစ်သူ၏အနီးသို့ ကပ်ကာ အပြုံးဖြင့် ပြောလိုက်လေသည်...။

"ဒီနေ့ ငါ ပြန်လာတာ နည်းနည်း နောက်ကျလိမ့်မယ်... သူငယ်ချင်း တစ်ယောက်ဆီကနေ အထည် နမူနာတချို့ သွားယူမလို့... ညကျရင် မင်းတို့ အရင်စားနှင့်ကြ... ငါ့ကို မစောင့်နဲ့တော့နော်..."

ထျန်ရှောင်ယာက ခေါင်းညိတ်လိုက်ပြီး သူ၏ ကော်လာကို သပ်ရပ်အောင် ပြင်ပေးကာ ပြောလိုက် လေသည်...။

"သိပါပြီ... လမ်းကို ဂရုစိုက်သွားနော်... အရမ်း နောက်ကျမှ မပြန်လာနဲ့..."

"စိတ်မပူပါနဲ့..."

ကျိုးချန်ယဲ့က ပြန်ဖြေလိုက်ပြီး သူ၏ စက်ဘီးကို တွန်းကာ ခြံတံခါးမှ ထွက်သွားခဲ့လေသည်။

ကျောင်းဆင်းပြီးနောက် ကျိုးချန်ယဲ့သည် သူ၏ ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး တိတ်ဆိတ်သော လမ်းကြားလေးတစ်ခုထဲသို့ တမင်သက်သက် လမ်းလွှဲဝင်သွားခဲ့လေသည်။

ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မည်သူမျှ မရှိကြောင်း သေချာသွားပြီးနောက် သူက အတွေးတစ်ချက် တွေးလိုက်ရာ နောက်တစ်စက္ကန့်တွင် သူ၏ စနစ်နေရာလွတ်ထဲသို့ ဝင်ရောက်သွားခဲ့လေတော့သည်။

သူ၏ နေရာလွတ်မှာ ရာသီဥတုများ၏ လွှမ်းမိုးမှုမရှိဘဲ အပူချိန်မှာလည်း အမြဲတမ်း သက်သောင့် သက် သာ ရှိနေသဖြင့် နေထိုင်ရသည်မှာ အလွန်တရာ သာယာလှပေသည်။

သစ်သီးခြံထဲရှိ သစ်သီးများမှာ ကောင်းမွန်စွာ ကြီးထွားနေပြီး သူသည် အသုတ်လိုက် အကြိမ်များစွာပင် ခူးဆွတ်ပြီးဖြစ်လေသည်။

လယ်ကွင်းထဲတွင် စိုက်ပျိုးထားသော သီးနှံများမှာ အထွက်နှုန်း အလွန်ကောင်းမွန်ကာ ၎င်းတို့အားလုံး ကို ကုန်တိုက်ကြီး၏ မြေအောက် ဒုတိယထပ်တွင် သပ်ရပ်စွာ ပုံထားခဲ့ခြင်းဖြစ်လေသည်။

ယခင်က အထူးတလည် စိုက်ပျိုးထားခဲ့သော အဖိုးတန် ဆေးဘက်ဝင် အပင်များသာလျှင် မြေကြီးထဲ တွင် တည်ငြိမ်စွာ ကြီးထွားနေဆဲဖြစ်ပြီး ဖြည်းညင်းစွာ ပြုစုပျိုးထောင်ခြင်း ခံနေရလေ၏။

မွေးမြူရေးခြံထဲတွင် ကြက်၊ ဘဲ၊ နွားနှင့် သိုးများမှာ မရေမတွက်နိုင်အောင် ရှိနေလေသည်။ သူသည် ရက်အနည်းငယ်ကြာတိုင်း အိမ်သို့ အသားအချို့ ယူဆောင်သွားလေ့ရှိသော်လည်း သူ၏ မိသားစု မည်မျှပင် စားစေကာမူ နေရာလွတ်၏ ထုတ်လုပ်မှု အမြန်နှုန်းကို မမီနိုင်ခဲ့ချေ။

ထို့အပြင် ဝိညာဉ်ကူးပြောင်းဝင်စားခြင်း မပြုမီက သူသည် အသားအမြောက်အမြားကို သိုလှောင်ထား ခဲ့ရာ ယခုအခါတွင် သူ၏ မိသားစုမှာ ၎င်းတို့အားလုံးကို လုံးဝ ကုန်စင်အောင် မစားနိုင်ကြတော့ပေ။

ဤသိုလှောင်ထားသော အသားအချို့ကို အမြန်ဆုံး ရှင်းထုတ်နိုင်ရန်အတွက် လုံခြုံစိတ်ချရသော အခွင့် အရေးတစ်ခုကို ရှာဖွေရမည် ဖြစ်လေသည်။

ကျိုးချန်ယဲ့သည် ငေးမောနေရာမှ သတိပြန်ဝင်လာပြီး သူ၏ နာရီကို လှမ်းကြည့်လိုက်ရာ အချိန်လင့်နေ ပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် သူ၏ နေရာလွတ်ထဲရှိ ဆိုင်ရှိရာသို့ ဦးတည်သွားခဲ့လေတော့သည်။

သူသည် တတိယထပ်ရှိ ကလေးအဝတ်အထည် ဌာနသို့ အတန်းသွားကာ ကြည့်ကောင်းသော ကလေး အဝတ်အစား အမြောက်အမြားကို ဂရုတစိုက် ရွေးချယ်လိုက်လေသည်။

နူးညံ့ပြီး အမွှေးပွ ကလေးဝတ် ဝမ်းဆက် အင်္ကျီများ၊ ချစ်စရာကောင်းသော ပီတာပန် ကော်လာပါသည့် အင်္ကျီများ၊ ချည်သားစစ်စစ် ဆွယ်တာများ၊ ခါးကြိုးပါသော ပေါ့ပေါ့ပါးပါး ဘောင်းဘီများနှင့် ပေါ့ပါး သော ခေါင်းစွပ်အင်္ကျီများ ၎င်းတို့အားလုံးမှာ သက်သောင့်သက်သာရှိသော ပစ္စည်းများဖြင့် ပြုလုပ် ထားပြီး စတိုင်ကျသော ပုံစံများ ရှိကြလေသည်။

ကလေးအဝတ်အစားများကို ရွေးချယ်ပြီးနောက် သူသည် စတုတ္ထထပ်ရှိ အမျိုးသမီး အဝတ်အထည် တန်းသို့ သွားခဲ့လေသည်။

သူသည် မိသားစုတွင်းရှိ အမျိုးသမီးများ၏ အရွယ်အစားများကို အခြေခံ၍ အံကိုက်ဖြစ်မည့် အရွယ် အစားများကို သေချာဂရုစိုက် ရွေးချယ်လိုက်လေသည်။

သပ်ရပ်သော ကော်လာပါ ချည်သားအင်္ကျီ၊ ခါးကိုပေါ်လွင်စေသော သိုးမွှေးအလွှာပါသည့် ပန်းပွင့်ပုံ ဂါဝန်၊ ရိုးရှင်းပြီး သပ်ရပ်လှပသော လီနင်ဝတ်စုံ၊ ကိုယ်ကြပ် ချည်ထိုးအင်္ကျီ၊ ဆောင်းဦးနှင့် ဆောင်းရာ သီအတွက် အထူးသင့်လျော်သော ခေတ်ဟောင်း အေလိုင်း စကတ် စသည်တို့အားလုံးမှာ (၁၉၈၀) ပြည့် နှစ်အလွန်များတွင် ရေပန်းမစားသေးသော ခေတ်မီပုံစံများဖြစ်ကာ ကြည့်ကောင်းပြီး လက်တွေ့လည်း အသုံးကျလေသည်။

ခဏရပ်လိုက်ပြီးနောက် ကျိုးချန်ယဲ့သည် လှည့်ကာ ဒုတိယထပ်ရှိ အမျိုးသား အဝတ်အထည် တန်းသို့ သွားခဲ့ပြီး ထိုနေရာမှလည်း အဝတ်အစား အချို့ကို ရွေးချယ်လိုက်လေသည်။

သပ်ရပ်သော ကျုံးရှန်းဝတ်စုံ၊ ပွယောင်းယောင်း အလုပ်သမား ဘောင်းဘီရှည်၊ အရောင်တစ်မျိုးတည်း ပါရှိသော ကော်လာပါ အင်္ကျီ၊ ထူထဲသော ချည်သားဆွယ်တာနှင့် ပေါ့ပါးသော နေ့စဉ်ဝတ် အင်္ကျီ...၊

*ဒီတစ်ခါက အမျိုးသမီးနဲ့ ကလေးဝတ် အဝတ်အထည် စီးပွားရေးကို အဓိက လုပ်မှာဆိုပေမယ့် အမျိုးသား အဝတ်အစားတွေရဲ့ ပုံစံတွေနဲ့ အထည်သားတွေကို ကြိုတင်ပြီး စစ်ဆေးကြည့်ဖို့ လိုသေး တယ်... ကြိုတင်ပြီး အကြံဉာဏ်တချို့ ရထားတာက အမြဲတမ်း ကောင်းပါတယ်လေ...* ဟု သူ တွေးလိုက်လေသည်။

သူသည် ဤအဝတ်အစား အများစုကို သူ၏ မိသားစု အရွယ်အစားများအတိုင်း ယူဆောင်ခဲ့ခြင်း ဖြစ် ပေသည်။

ပြန်ရောက်သွားသည့်အခါ သူတို့ကို ဤအဝတ်အစားများ ဝတ်ခိုင်းလိုက်ပါက အသင့်သုံး ကြော်ငြာ တစ်ခု ဖြစ်သွားမည်ပင်။

အဝတ်အစားသစ်များ ရသွားရုံတင်မကဘဲ နာမည်ကောင်းရရန်ပါ ကူညီပေးနိုင်မည်ဖြစ်ရာ နှစ်ဦး နှစ်ဖက်လုံး အကျိုးရှိသည့် အခြေအနေပင် ဖြစ်လေသည်။

သူ၏ အလုပ်များကို ပြီးစီးပြီးနောက် ကျိုးချန်ယဲ့သည် ကုန်တိုက်ကြီး၏ မြေအောက် ဒုတိယထပ်သို့ ပြန်သွားကာ ပိုက်ကွန်အိတ်တစ်လုံးထဲသို့ နေရာလွတ် သစ်သီးခြံမှ လတ်ဆတ်သော သစ်သီးများကို အပြည့်ထည့်လိုက်လေသည်။

ဝက်ခြေထောက် လေးချောင်း၊ လတ်ဆတ်သော ဝက်သား ဆယ်ပေါင်အပြည့်နှင့် ဝက်ပေါင်ခြောက် ငါးပေါင်း တို့ကိုလည်း ယူဆောင်လာခဲ့လေသည်။

သူသည် အားလုံးကို အတူတကွ ထုပ်ပိုးလိုက်ပြီးနောက် နေရာလွတ်ထဲမှ ပြန်ထွက်လာကာ ပစ္စည်းများ ကို လက်မှကိုင်လျက် အိမ်သို့ အလျင်အမြန် ပြန်လာခဲ့လေတော့သည်။

ကျိုးချန်ယဲ့က တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ပူနွေးသော အစားအစာ၏ မွှေးရနံ့က လွင့်ပျံ လာခဲ့ပြီး အထဲမှ လင်းထိန်နေသော မီးရောင်များက သူ့ကို နွေးထွေးကာ သက်သောင့်သက်သာ ဖြစ် စေခဲ့ပေသည်။

သူသည် အံ့အားသင့်သွားပြီး မေးလိုက်လေသည်...။

"ဘာလို့ မစားကြသေးတာလဲ..."

ထျန်ရှောင်ယာက သူ ပြန်လာသည်ကို မြင်သောအခါ အမြန်သွားကြိုလိုက်ပြီး သူ၏ အင်္ကျီပေါ်မှ ဖုန် များကို ညင်သာစွာ ခါပေးလျက် အပြုံးဖြင့် ပြောလိုက်သည်...။

"ကျွန်မတို့အားလုံး ရှင် ပြန်လာမယ့်အချိန်ကို စောင့်နေကြတာလေ... ရှင် ပြန်မလာသေးရင် ကျွန်မတို့ လည်း စိတ်အေးလက်အေး မစားနိုင်ဘူးပေါ့..."

စကားပြောနေရင်းဖြင့် ၎င်းတို့နှစ်ဦး ဧည့်ခန်းမထဲသို့ ဝင်သွားကြရာ လူတိုင်းမှာ စားပွဲတွင် ဝိုင်းထိုင် နေဆဲဖြစ်ပြီး အငွေ့တထောင်းထောင်း ထနေဆဲဖြစ်သော အစားအစာများကို စောင့်ဆိုင်းနေကြ လေသည်။

ဆန်းဝါမှာ အသက်ငယ်သေးသဖြင့် အဆာမခံနိုင်သောကြောင့် ထျန်ရှောင်ယာက သူ့အတွက် အစား အစာ တစ်ပန်းကန် အရင်ခူးပေးထားလေသည်။

ယခုအချိန်တွင် သူသည် ခွေးခြေငယ်လေးတစ်ခုပေါ်၌ လိမ္မာစွာ ထိုင်နေပြီး ပုခက်ထဲရှိ ကလေးငယ် လေးအား ကြည့်ကာ မန်ထိုတစ်လုံးကို ကိုက်စားနေခဲ့ပေတော့သည်။

ကျောက်ခဲလေးမှာ မိခင်နို့ သောက်ပြီးသွားပြီဖြစ်ရာ ပုခက်ထဲတွင် အိပ်မောကျနေခဲ့လေသည်။

"ဦးလေးငယ်..."

မျက်စိလျင်သော ဆန်းဝါသည် ကျိုးချန်ယဲ့ကို တစ်ချက်ကြည့်ရုံဖြင့် မြင်သွားကာ ပြုံးရွှင်လျက် ချက်ချင်းပင် အော်ခေါ်လိုက်လေတော့သည်။

All Chapters