← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

အခန်း (၉၄) အို... ဘုရားရေ...

"ယောက်ဖ... မင်း နောက်ဆုံးတော့ ပြန်လာပြီပဲ... လာ... ထိုင်ပါဦး..."

တတိယအစ်ကိုက သူ့ကို ကြိုဆိုရန် အလျင်အမြန် မတ်တတ်ရပ်လိုက်ပြီး ထိုင်ခုံတစ်လုံးကို ဆွဲထုတ် ပေးလိုက်လေသည်။

သူ၏ မိသားစုဝင်များက သူ နောက်ဆုံးတွင် အိမ်ပြန်ရောက်လာသည်ကို မြင်သောအခါ ၎င်းတို့၏ မျက်နှာများထက်တွင် အပြုံးများ ပေါ်လာခဲ့ကြလေသည်။

ကျိုးချန်ယဲ့၏ ရင်ထဲတွင် နွေးထွေးသွားကာ လက်ကို ကမန်းကတန်း ဆေးကြောလိုက်ပြီး ထိုင်လိုက် လေသည်။ ထိုအခါမှသာ လူတိုင်းက တူများကို ကောက်ကိုင်လိုက်ကြပြီး သက်ဝင်လှုပ်ရှားနေသော ညစာစားပွဲကို စတင်လိုက်ကြလေတော့သည်။

ထမင်းစားပြီးသွားသောအခါ ထျန်ရှောင်ယာက စားပွဲကို ရှင်းလင်းရန် ပြင်နေစဉ် ကျိုးချန်ယဲ့သည် လေးလံသော အထုပ်ကြီးတစ်ခုကို ယူဆောင်လာခဲ့လေသည်။

"မလောပါနဲ့ဦး... ငါ ပစ္စည်းတချို့ ယူလာတယ်... လာကြည့်ကြပါဦး..."

သူက အထုပ်ကို စားပွဲပေါ်တွင် တင်လိုက်ပြီး ပစ္စည်းများကို တစ်ခုချင်းစီ ထုတ်ယူလိုက်လေသည်။

ပထမဆုံး ထုတ်ယူလိုက်သောအရာများမှာ ကလေးအဝတ်အစား အချို့ပင် ဖြစ်လေ၏။ နူးညံ့သော အထည်သားမှာ ကိုင်ကြည့်ရသည်မှာ သက်သောင့်သက်သာရှိပြီး ပုံစံများမှာလည်း ခေတ်မီကာ အချိန် မရွေး ဝတ်ဆင်နိုင်သော ပုံစံများဖြစ်ပြီး ပီကင်းရှိ ကုန်တိုက်ကြီးတွင် ရောင်းချနေသော အဝတ်အစား များထက် များစွာ ပို၍ လှပလျက်ရှိနေခဲ့ပေသည်။

ထျန်ရှောင်ယာ၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားခဲ့ပြီး အထည်ကို ကိုင်ကြည့်ရန် လက် လှမ်းလိုက်လေသည်....။

"အို... ဘုရားရေ... ဒီဂါဝန်လေးက သိပ်လှတာပဲ... အထည်သားကလည်း အရမ်းကို နူးညံ့တာပဲ..."

ဆက်လက်၍ အမျိုးသမီး အဝတ်အထည်များ ဖြစ်ကြသော အေလိုင်း စကတ်များ၊ အပေါ်ထပ် အင်္ကျီ များနှင့် ဆောင်းဦးနှင့် ဆောင်းရာသီအတွက် ချည်ထိုး အပေါ်ထပ် အင်္ကျီများ ပါဝင်လေသည်...။

၎င်းတို့အားလုံးမှာ ဤခေတ်ကာလတွင် မြင်တွေ့ရခဲသော ပုံစံသစ်များဖြစ်ရာ လူတိုင်းကို အံ့ဩတကြီး သက်ပြင်းချသွားစေခဲ့လေသည်။

"အမလေး... ဒီပုံစံက တကယ့်ကို ခေတ်မီတာပဲ... နင်နဲ့ဆို အရမ်းလိုက်ဖက်မှာပဲ..."

ဒုတိယမရီးက ချက်ချင်းပင် ဝင်ပြောလိုက်လေသည်။

"ဒီအထည်သားက အရမ်းနူးညံ့တာပဲ... ဈေးကြီးမှာ သေချာတယ်..."

ဒုတိယအစ်ကို ထျန်ချင်းလင်းက အထည်ကို လှမ်းကိုင်ကြည့်ကာ အထပ်ထပ် ချီးကျူးလိုက်လေသည်။

ထို့နောက် ကျိုးချန်ယဲ့က ကျုံးရှန်းဝတ်စုံ၊ အလုပ်သမား ဘောင်းဘီရှည်နှင့် ချည်သားဆွယ်တာ အစရှိ သည့် အမျိုးသား အဝတ်အထည် အချို့ကို ထုတ်ယူလိုက်လေရာ အားလုံးမှာသပ်ရပ်ကာ စတိုင်ကျလှ ပေသည်။

ထျန်ချင်းလင်းနှင့် တတိယအစ်ကိုတို့မှာ ၎င်းတို့ကို လက်ထဲတွင် ကိုင်ထားကြရာ ၎င်းတို့၏ မျက်လုံးများ မှာ ပို၍ပင် တောက်ပလာခဲ့လေ၏။

အစောပိုင်းက ထုတ်ယူလိုက်သော အဝတ်အစားများမှာ အမျိုးသမီးများနှင့် ကလေးများအတွက်သာ ဖြစ်သဖြင့် ၎င်းတို့နှစ်ဦးအတွက် ဆန်းသစ်မှုသာ ရှိခဲ့လေသည်။ သို့ရာတွင် ယခု အမျိုးသား အဝတ် အစားများကို မြင်လိုက်ရသောအခါ ၎င်းတို့မှာ အမှန်တကယ်ပင် ဝယ်ယူချင်စိတ်များ ဖြစ်ပေါ်လာခဲ့ပေ သည်။

"ဒီဝတ်စုံက တကယ်ကောင်းတာပဲ... အထည်သားကလည်း သပ်ရပ်တယ်... ဝတ်လိုက်ရင် သေချာ ပေါက် စတိုင်ကျနေမှာပဲ..."

တတိယအစ်ကိုမှာ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေသည်။

"အစ်ကိုတို့ သဘောကျလို့ ဝမ်းသာပါတယ်..."

ကျိုးချန်ယဲ့က ပြုံးကာ ဇနီးဖြစ်သူဘက်သို့ လှည့်လိုက်သည်...။

"ရှောင်ယာ... အခုလောလောဆယ် ကိုယ်တို့က အမျိုးသမီးနဲ့ ကလေးဝတ်တွေကို အဓိက ထုတ် နေတာ ဆိုတော့ အမျိုးသား အဝတ်အစားတွေရဲ့ ပုံစံတွေကိုလည်း ကြည့်ထားလိုက်ပါဦး... အဲ့ဒါမှ ယေဘုယျ သဘောတရားကို သိထားမှာပေါ့..."

ထိုသို့ ပြောပြီးနောက် သူက အခြားသူများဘက်သို့ လှည့်ကာ ပြောလိုက်လေသည်...။

"ဒုတိယအစ်ကို... ဒုတိယမရီး... တတိယအစ်ကို... ဒီအဝတ်အစားတွေ အားလုံးကို ကျွန်တော်တို့ မိသား စုဝင်တွေရဲ့ ကိုယ်တိုင်းတွေအတိုင်း ရွေးလာခဲ့တာပါ..."

"ရှောင်ယာက ပုံစံအတိုင်း အချောထည် ချုပ်ပြီးသွားရင် အစ်ကိုတို့ ကြိုက်တာ ရွေးယူလို့ရပါတယ်... ရှောင်ယာနဲ့ ကျွန်တော့်ဆီက လက်ဆောင်လို့ပဲ မှတ်လိုက်ပါ..."

"အို... အဲ့လို မလုပ်ပါနဲ့... ဒီအဝတ်အစားတွေက ဈေးပေါမယ့်ပုံ မပေါ်ဘူး... အရမ်းဈေးကြီးမှာ... ငါတို့ လက်မခံနိုင်ပါဘူး..."

ဒုတိယမရီး ကျောက်ရှောက်ထင်က ငြင်းဆန်ရန် ကမန်းကတန်း လက်ခါပြလိုက်လေသည်။

"ဟုတ်တယ်... ချန်ယဲ့... ငါ ပီကင်းကို လာတာနဲ့တင် မင်းကို ဒုက္ခပေးသလို ဖြစ်နေပြီ... ဒီလောက် ကောင်းတဲ့ အဝတ်အစားတွေကို မင်းဆီကနေ ငါ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ..."

တတိယအစ်ကိုကလည်း ချက်ချင်းပင် ဝင်၍ ငြင်းဆန်လိုက်လေသည်။

"ဒုတိယမရီး... တတိယအစ်ကို... ကျွန်တော် ပြောတာ ဆုံးအောင် နားထောင်ပါဦး..."

၎င်းတို့ လက်ဆောင်ကို အပြန်အလှန် ငြင်းဆန်နေကြသည်ကို မြင်သောအခါ ကျိုးချန်ယဲ့က ပြုံးကာ အလျင်အမြန် ရှင်းပြလိုက်လေသည်...။

"ဒီလက်ဆောင်က အလကားပေးတာ မဟုတ်ဘူးနော်..."

"အစ်ကိုတို့ အဝတ်အစားသစ်တွေကို ဝတ်ပြီး အပြင်ထွက် လမ်းလျှောက်ပါလား... ကျွန်တော်တို့ရဲ့ အဝတ်အစားတွေအတွက် ကြိုတင် ကြော်ငြာပေးတယ်လို့ပဲ သဘောထားလိုက်ပါ..."

ထိုစကားကို ကြားသောအခါ အမျိုးသားများ၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် ပြေလျော့သွား ကြပြီး ထပ်မံ၍ အတင်းအကျပ် ငြင်းဆန်နေခြင်း မပြုကြတော့ပေ။

ဒုတိယအစ်ကို ထျန်ချင်းလင်းက အဝတ်အစားကို သူ၏ ကိုယ်တွင် ကပ်ကြည့်ကာ ရွှင်လန်းစွာဖြင့် ပြော လိုက်လေသည်...။

"အဲ့လိုဆိုရင်လည်း ငါတို့ အားမနာတော့ဘူးနော်..."

"ငါ အပြင်သွားတဲ့အခါ အိမ်နီးချင်းတွေ အားလုံး မြင်သွားအောင် သပ်သပ်ရပ်ရပ် ဝတ်သွားရမယ်..."

တတိယအစ်ကိုက သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်လေသည်...။

"ချန်ယဲ့... စိတ်မပူပါနဲ့... ငါတို့ ကြော်ငြာကို သေချာလုပ်ပေးပြီး အစကောင်းအောင် လုပ်ပေးပါ့မယ်..."

သူ၏ ရှေ့ရှိ စိတ်တူကိုယ်တူ ပူးပေါင်းဆောင်ရွက်နေကြသော မိသားစုကို ကြည့်ရင်း ကျိုးချန်ယဲ့မှာ ပို၍ပင် ယုံကြည်ချက် ရှိလာခဲ့လေတော့သည်။

နောက်ဆုံးတွင် သူသည် လတ်ဆတ်သော သစ်သီးများ၊ ဝက်ခြေထောက်များနှင့် ဝက်သားများကို စားပွဲ ပေါ်သို့ တစ်ခုချင်းစီ တင်လိုက်လေရာ အခန်းတွင်းရှိ လူတိုင်းမှာ အံ့အားသင့်ကာ စကားပင် မပြောနိုင်အောင် ဖြစ်သွားကြလေတော့သည်။

ထျန်ရှောင်ယာမှာ အံ့ဩဝမ်းသာဖြစ်သွားပြီး တိုးညှင်းစွာ မေးလိုက်သည်...။

"ဒါတွေအားလုံး... ဘယ်ကနေ ရလာတာလဲ..."

ကျိုးချန်ယဲ့က ပြုံးလိုက်ပြီး ယခင်က သဘောတူထားသည့်အတိုင်း ပြန်ဖြေလိုက်လေသည်...။

"သူငယ်ချင်း တစ်ယောက်ဆီကနေ ရလာတာလေ... ဒါကြောင့် ကြိုက်သလောက် စားလို့ရတယ်... ငါတို့ လည်း ခွန်အားတွေ ဖြည့်တင်းဖို့ လိုတယ်လေ..."

မိသားစုသည် အဝတ်အစားများနှင့် ပစ္စည်းများဘေးတွင် ဝိုင်းဖွဲ့ကာ စိတ်လှုပ်ရှားစွာဖြင့် စကားစမြည် ပြောဆိုနေလျက်ရှိကြပြီး ၎င်းတို့၏ မျက်နှာများထက်တွင် ဖုံးကွယ်မရနိုင်သော ဝမ်းသာပျော်ရွှင်မှုများ အပြည့်အဝ ဖုံးလွှမ်းနေခဲ့လေတော့သည်။ ၎င်းတို့သည် ရှေ့ဆက်လုပ်မည့် စီးပွားရေးနှင့် ပတ်သက်၍ ပိုမို မျှော်လင့်ချက် ရှိလာသကဲ့သို့ ရုတ်တရက် ခံစားလိုက်ကြရပေသည်။

နောက်ရက်အနည်းငယ်အတွင်း ထျန်ရှောင်ယာနှင့် ဝမ်တာ့ကျွမ်း၏ ဇနီးတို့သည် အလုပ်ထဲတွင် အပြည့် အဝ နစ်မြုပ်နေကြပြီး အလွန်တရာ အလုပ်များနေခဲ့ကြလေသည်။

ဤအလုပ်မှာ အရေးကြီးပြီး များပြားလှပေသည်။ ဝမ်တာ့ကျွမ်း၏ ဇနီးသည် ထျန်ရှောင်ယာက အပ်ချုပ်စက်ကို ကျွမ်းကျင်စွာ အသုံးပြုနေသည်ကို ကြည့်ရင်း အလွန်တရာ အားကျနေခဲ့လေ၏။ သူမကိုယ်တိုင်လည်း အပ်ချုပ်စက်တစ်လုံး ဝယ်ယူရန် စတင် စဉ်းစားလာခဲ့ပေသည်။

ကျိုးချန်ယဲ့ ထိုအကြောင်းကို သိသွားသောအခါ သူသည် အသစ်နီးပါးဖြစ်နေသေးသော ပျားနှင့်လိပ်ပြာ တံဆိပ် အပ်ချုပ်စက် တစ်လုံးကို သူမအတွက် အထူးတလည် ရှာဖွေပေးခဲ့လေသည်။

ဤစက်ကို အမှန်တကယ်တော့ ကျိုးချန်ယဲ့က သူ၏ ကိုယ်ပိုင် နေရာလွတ်ထဲမှ ရွေးထုတ်ပေးခဲ့ခြင်း ဖြစ်လေသည်။ ၎င်းမှာ မူလက ကုန်သည်တစ်ဦးထံမှ စမ်းသပ်သုံးစွဲရန် ပေးထားသော စက်ဖြစ်ပြီး ယခင်က သူ ကုန်ပစ္စည်းများ သိုလှောင်စဉ်က လက်ဆောင်အဖြစ် အလကား ရရှိခဲ့ခြင်း ဖြစ်ပေသည်။

ကျိုးချန်ယဲ့သည် ငွေအများကြီး မတောင်းဘဲ အမှတ်တရအနေဖြင့် ယွမ် ခုနစ်ဆယ်သာ ယူခဲ့ပြီး သူမ အား လက်မှတ်အတွက်ပင် ပေးခိုင်းခြင်း မပြုခဲ့ချေ။

အပ်ချုပ်စက် နှစ်လုံးကို နေရာချလိုက်သည်နှင့် တစ်ပြိုင်နက် အခန်းထဲတွင် ချက်ချင်းပင် သက်ဝင် လှုပ်ရှားလာခဲ့လေတော့သည်။

အပ်များမှာ တဒေါက်ဒေါက် မြည်ကာ မရပ်မနား အလုပ်လုပ်နေကြပြီး ၎င်းတို့နှစ်ဦးမှာ သွက်လက်စွာ နှင့် ဟန်ချက်ညီညီ အလုပ်လုပ်နေကြသဖြင့် အဝတ်အစားများ ချုပ်လုပ်ရသည်မှာ အဆပေါင်းများစွာ ပိုမြန်ဆန်လာခဲ့ပေသည်။

၎င်းတို့သည် တစ်ပတ်တိတိ မနားတမ်း အလုပ်လုပ်ခဲ့ကြပြီး ထျန်ရှောင်ယာနှင့် ဝမ်တာ့ကျွမ်း၏ ဇနီး တို့သည် ကျိုးချန်ယဲ့ ပေးထားသော ပုံစံများအတိုင်း ပုံစံတစ်မျိုးစီအတွက် အထည် ဆယ်ထည်ကျော် ခန့်စီ ချုပ်လုပ်နိုင်ခဲ့ကြလေသည်။

၎င်းတို့ကို သပ်ရပ်စွာ ခေါက်ထားရာ အလွန်တရာ ဆွဲဆောင်မှု ရှိနေခဲ့ပေသည်။

၎င်းတို့ တစ်စု တိုင်ပင်ဆွေးနွေးပြီးနောက် နောက်တစ်နေ့တွင် တတိယအစ်ကိုသည် မုန့်ဆိုင်နံဘေး၌ ဈေးဆိုင်တစ်ခု ခင်းကာ စမ်းသပ်ရောင်းချရန် ဆုံးဖြတ်လိုက်ကြလေသည်။

နောက်တစ်နေ့တွင်…။

ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုတို့သည် ဈေးဆိုင်ကို အလျင်အမြန် ခင်းကျင်းလိုက်ကြပြီး အဝတ် အစားသစ်များကို တစ်ထည်ချင်းစီ ချိတ်ဆွဲကာ ပြသထားလိုက်ကြလေသည်။

ဖြတ်သွားဖြတ်လာများမှာ ရုတ်တရက် ရပ်တန့်သွားကြပြီး ၎င်းတို့၏ မျက်လုံးများမှာ ဈေးဆိုင်ပေါ်တွင် အသေအချာ ကျရောက်နေကာ အချိန်အတော်ကြာသည်အထိ အကြည့်မလွှဲနိုင်အောင် ဖြစ်နေကြလေ တော့သည်။

"ဝိုး... ဒီဂါဝန်လေးက သိပ်လှတာပဲ... ပုံစံလေးက အရမ်း ဆန်းသစ်နေတာပဲ..."

"ကိုင်ကြည့်ရတာ နူးညံ့တယ်... အထည်သားကလည်း သက်သောင့်သက်သာရှိပြီး အချုပ်အလုပ်က သပ်ရပ်နေတာပဲ... လက်ရာက တကယ်ကို ကောင်းတာပဲ..."

... ... ... ...

ဖက်ရှင်ရေစီးကြောင်းကို စိတ်ဝင်စားသော လူငယ် အမျိုးသမီး အချို့မှာ ဘေးတွင်ဝိုင်းအုံလာကြပြီး ထွက်ခွာသွားရန်ပင် ဝန်လေးနေခဲ့ကြလေသည်။ ၎င်းတို့သည် ဟိုအထည်ကို ကိုင်ကြည့်လိုက်၊ ဒီအထည် နှင့် နှိုင်းယှဉ်ကြည့်လိုက်ဖြင့် အလွန်တရာ သဘောကျနေခဲ့ကြပေတော့သည်။

အချိန်တိုအတွင်းမှာပင် ဈေးဆိုင်ရှေ့၌ လူများ ပြည့်နှက်သွားခဲ့လေတော့သည်။

"ကျွန်မ ဒီအနီရောင် ကုတ်အင်္ကျီကို ယူမယ်..."

"ရဲဘော်... ဒီစကတ်က ဘယ်လောက်လဲ... ကျွန်မနဲ့တော်မယ့် အရွယ်အစားရော ရှိလား..."

"လူငယ်လေး... ဒီအဝတ်အစားတွေက ဘယ်လောက်လဲ... ကျွန်မ နှစ်ထည် ယူမယ်..."

... ... ... ...

လူများ ဈေးမေးသည့်အသံများ၊ ငွေထုတ်သည့်အသံများနှင့် အရွယ်အစား ရွေးချယ်သည့်အသံများမှာ ဆူညံစွာ ထွက်ပေါ်လာပြီး ဈေးတစ်ခုကဲ့သို့ သက်ဝင်လှုပ်ရှားလျက်ရှိနေခဲ့လေသည်။

၎င်းတို့ ယူဆောင်လာသော ကုန်ပစ္စည်းများမှာ အကန့်အသတ် ရှိနေပြီးဖြစ်ရာ လျင်မြန်စွာပင် အလု အယက် ဝယ်ယူခံလိုက်ရပြီး ဟိုတစ်ထည် ဒီတစ်ထည် အရွယ်အစား အချို့သာ ကျန်ရှိတော့လေသည်။

နောက်မှ ရောက်လာသော လူများသည် အဝတ်အစားများ နီးပါး ကုန်သွားပြီဖြစ်ကြောင်း မြင်သောအခါ အလွန်တရာ စိုးရိမ်ပူပန်သွားကြပြီး ခြေဆောင့်ကာ တတိယအစ်ကိုအား မေးခွန်းများ ဆက်တိုက် မေး နေကြလေတော့သည်။

"လူငယ်လေး... တခြား ရှိသေးလား... ငါ့သမီးက အဲ့ဒီ ချည်ထိုး အပေါ်ထပ် အင်္ကျီလေးကို မျက်စိကျ နေတာ..."

"ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောင်းကုန်သွားတာလဲ... ငါသာ နည်းနည်းလေး နောက်ကျသွားရင် အကုန်ပြောင်တော့မှာပဲ..."

"သူဌေး... ပစ္စည်း နည်းနည်းလောက် ပြန်ဖြည့်ပေးလို့ ရမလား... ငါ တကယ် ဝယ်ချင်နေလို့ပါ..."

အမြဲတမ်း ဉာဏ်ပြေးသော တတိယအစ်ကိုက ချက်ချင်းပင် အော်ပြောလိုက်လေသည်... "

အားလုံးပဲ စိတ်မပူကြပါနဲ့... မဝယ်လိုက်ရတဲ့ သူတွေအတွက် ကျွန်တော်တို့ အော်ဒါမှာလို့ ရအောင် စီစဉ်ပေးပါ့မယ်..."

"တကယ်လို့ စိတ်ဝင်စားတယ်ဆိုရင် ဒီနေရာမှာ အရွယ်အစားနဲ့ ပုံစံကို စာရင်းသွင်းထားခဲ့လို့ ရပါတယ် ... ပြီးရင် ရက်အနည်းငယ်နေရင် လာယူလှည့်ပါ... ကွက်တိတူပြီး အံကိုက်ဖြစ်ရမယ့်အပြင် လှပနေစေ ရမယ်လို့ အာမခံပါတယ်..."

ထိုစကားကို ကြားသောအခါ အဝတ်အစားများ မဝယ်လိုက်ရသူများမှာ ချက်ချင်းပင် အလွန်တရာ ဝမ်းသာသွားကြလေတော့သည်။

"တကယ် အော်ဒါမှာလို့ ရတာလား... အဲ့ဒါဆို အရမ်းကောင်းတာပေါ့..."

"ငါ အရင် တန်းစီမယ်... ငါ့ရဲ့ အရွယ်အစားကို အရင် ပြောမယ်နော်..."

"စရန်ငွေ ဘယ်လိုပေးရမလဲ... စရန် အရင်ပေးထားမှ ငါ စိတ်အေးရမှာ..."

All Chapters