← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

အခန်း (၉၉) ကောင်းမွန်သော သံသရာလည်ခြင်း

"ငါ အခု ရပ်ကွက်ကော်မတီရုံးမှာ အလုပ်ရှိတယ်၊ ပြီးတော့ မုန့်ဆိုင်မှာလည်း ပင်ပန်းတဲ့ အလုပ်တွေ အများကြီး လုပ်ရဦးမယ်..."

ဒုတိယအစ်ကိုမှာ တစ်နေ့တခြား ပို၍ စိုးရိမ်ပူပန်လာခဲ့လေ၏။

"တကယ်လို့ အသားပေါင်းကိုပါ ထပ်ပေါင်းထည့်လိုက်ရင် ငါ အကုန်လုံးကို မနိုင်မှာ စိုးရိမ်တယ်... ဒီလောက်ကောင်းတဲ့ စီးပွားရေးကို အလဟဿ အဖြစ်မခံနိုင်ဘူး..."

"ရပ်ကွက်ကော်မတီရုံးက အလုပ်က ပင်ပန်းပြီး လစာလည်း သိပ်မကောင်းဘူး... အိမ်ထောင်စုစာရင်း ရဖို့အတွက် ခဏတဖြုတ် လုပ်ခဲ့တာပါ..."

ကျိုးချန်ယဲ့က စိတ်ရှည်လက်ရှည်ဖြင့် အကြံပေးလိုက်လေသည်...။

"ဘာလို့ အဲ့ဒါကို တခြားသူဆီ လွှဲမပေးလိုက်တာလဲ... အခုကစပြီး အစ်ကိုက မုန့်ဆိုင်နဲ့ အသားပေါင်း စီးပွားရေးကိုပဲ အာရုံစိုက်လို့ ရပြီလေ... တကယ်လို့ နှစ်ခုလုံးကို လုပ်မယ်ဆိုရင် အစ်ကို့ဘဝက တစ်နေ့ တခြား ပိုပြီး ကြီးပွားလာမှာပဲ..."

"ငါတို့ရဲ့ စီးပွားရေး တည်ငြိမ်သွားတာနဲ့ မုန့်ဆိုင်ကို ဝယ်လိုက်ပြီး ငါတို့ ကိုယ်ပိုင် စီးပွားရေးကိုပဲ အာရုံ စိုက်ပြီး လုပ်ကြတာပေါ့..."

"ဝယ်လိုက်မယ်...ဟုတ်လား…"

ထျန်ချင်းလင်း၏ မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားခဲ့လေ၏။

"ဒီဆိုင်ကို ရောင်းလို့ ဝယ်လို့ ရတယ်လား... ဘယ်လောက်တောင် ကုန်မှာလဲ..."

"အခု မူဝါဒတွေက ပိုပြီး ဖြေလျှော့ပေးလိုက်ပြီဆိုတော့ ကျွန်တော်တို့ဆီမှာ ငွေအလုံအလောက်ရှိနေပြီး သင့်တော်တဲ့ လုပ်ငန်းစဉ်တွေအတိုင်း လုပ်ဆောင်မယ်ဆိုရင် အမည်ပေါက် ပြောင်းလို့ ရပါတယ်..."

ကျိုးချန်ယဲ့က စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်လေသည်။

ဒုတိယအစ်ကို ထျန်ချင်းလင်းမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့လေ၏။ သူသည် လက်သီးကို ဆုပ် ကာ ခိုင်မာစွာ ခေါင်းညိတ်လိုက်လေသည်... ။

"ကောင်းပြီ... ယောက်ဖ... မင်း ပြောတဲ့အတိုင်းပဲ နားထောင်မယ်... မင်း ပြောတဲ့ နည်းလမ်းအတိုင်းပဲ လုပ်ကြတာပေါ့..."

ကျိုးချန်ယဲ့က ပြုံးလိုက်ပြီး သက်သာရာရသွားသကဲ့သို့ သက်ပြင်းတစ်ချက် ချလိုက်လေသည်။

ထိုညနေခင်းတွင် သူနှင့် သူ၏ ဒုတိယအစ်ကိုတို့သည် မီးဖိုချောင်ထဲ၌ ကြိုတင် ပြင်ဆင်ထားသော အသားများကို ပေါင်းကာ အလုပ်များနေခဲ့ကြလေတော့သည်။

သူသည် ကြာရှည်ခံသော ဟင်းသီးဟင်းရွက်များ ဖြစ်ကြသည့် အာလူးနှင့် ဂေါ်ဖီထုပ် အချို့ကိုလည်း ပြင်ဆင်ထားခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် ခဏတာ ပေါင်းရန် စီစဉ်ထားခဲ့ပေသည်။

"ဒုတိယအစ်ကို... ဒီရက်ပိုင်း ရာသီဥတုက အေးနေတုန်းပဲ... တကယ်လို့ ညမတိုင်ခင်ကတည်းက အသားတွေကို အိုးထဲထည့်ပေါင်းထားပြီး တစ်ညလုံး နှပ်ထားလိုက်မယ်ဆိုရင် ပိုပြီး အရသာရှိလာသလို ပိုပြီးတော့လည်း လွယ်ကူသွားလိမ့်မယ်..."

ကျိုးချန်ယဲ့သည် ပစ္စည်းများကို သိမ်းဆည်းနေရင်း သူတို့ကို သတိပေးလိုက်လေသည်...။

"ရာသီဥတု ပူလာတာနဲ့ ဒါတွေကို ကြာရှည်ထားလို့ မရတော့ဘူး... ချက်တဲ့နေ့မှာပဲ အကုန် ကုန်အောင် ရောင်းရတော့မှာ..."

သူက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်လေသည်...။

"ဒုတိယအစ်ကို... အခုကစပြီး အသားတွေ၊ ဟင်းသီးဟင်းရွက်တွေအတွက် စိတ်မပူနဲ့တော့... ပစ္စည်း ရဖို့အတွက် ကျွန်တော် နည်းလမ်းရှာပေးပါ့မယ်... အစ်ကို့အတွက် အကောင်းဆုံး အရည်အသွေးကို အသက်သာဆုံး ဈေးနဲ့ ရအောင် သေချာပေါက် လုပ်ပေးပါ့မယ်..."

ဒုတိယအစ်ကို ထျန်ချင်းလင်းက ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်လေသည်...။

"ငါ နားလည်ပါပြီ... အခုကစပြီး မင်း စီစဉ်တဲ့အတိုင်းပဲ လုပ်ပါ့မယ်..."

၎င်းတို့နှစ်ဦးသည် အရာအားလုံးကို ထုပ်ပိုးသိမ်းဆည်းရန်အတွက် ညဉ့်နက်သည်အထိ အလုပ်လုပ်ခဲ့ကြ ပြီး နောက်တစ်နေ့ နံနက်စောစောတွင် ဈေးဆိုင်ခင်းကျင်းရန် အသင့်ပြင်ဆင်ထားခဲ့ကြလေသည်။

————————————

နောက်တစ်နေ့တွင်…။

မိုးလင်းသည်နှင့် တစ်ပြိုင်နက် ဒုတိယအစ်ကိုသည် သူ၏ အသားဆိုင်ကို မုန့်ဆိုင် အပေါက်ဝတွင် ခင်း ကျင်းလိုက်ပြီး အသားပေါင်းနှင့် ဟင်းသီးဟင်းရွက်များကို စဉ်းတီတုံးပေါ်၌ သပ်ရပ်ကျွမ်းကျင်စွာ စီစဉ်ထားလိုက်လေသည်။

မကြာမီမှာပင် ပြည့်ဝပြီး ချိုမြိန်သော အသားပေါင်း ရနံ့က လေထဲတွင် လွင့်ပျံလာကာ လမ်းတစ် ဝက်ခန့်အထိ ပြည့်နှက်သွားခဲ့ပေသည်။

ရနံ့မှာ အဝေးဆီသို့ လွင့်ပျံသွားခဲ့ရာ အနံ့ခံ၍ လိုက်လာကြသော ဖြတ်သွားဖြတ်လာများကို ဆွဲဆောင် နိုင်ခဲ့လေသည်။

နံနက်စောစော ဈေးဝယ်ထွက်လာသော အမျိုးသမီးတစ်ဦးသည် ဈေးဆိုင်အနီးသို့ လျှောက်လာကာ အသားကို အခါခါ နမ်းရှူရင်း နှုတ်ခမ်းကို သပ်ကာ မေးလိုက်လေသည်...။

"ဘာလို့ ရှင်တို့ အသားက အသားဆိုင်က အသားထက် ပိုဈေးကြီးနေရတာလဲ..."

ဒုတိယအစ်ကို ထျန်ချင်းလင်းမှာ ရိုးသားသူ တစ်ဦးဖြစ်ရာ ခေါင်းကို ကုတ်လိုက်ပြီး ရိုးရှင်းကာ ပွင့်လင်း သော လေသံဖြင့် ပြန်ဖြေလိုက်လေသည်...။

"ညီမလေး... ကျွန်တော် ပေါင်းတဲ့အခါ သုံးတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက အစစ်အမှန်တွေ ချည်းပါပဲ... အရည်အသွေးမြင့် ပါဝင်ပစ္စည်းတွေကို မီးအေးအေးနဲ့ နှပ်ထားတာမလို့ အနံ့က အရမ်း မွှေးနေတာပါ..."

"ဒါ့အပြင် အသားစိမ်း တစ်ပေါင်ကို ပေါင်းလိုက်ရင် ခြောက်အောင်စ၊ ခုနစ်အောင်စ လောက်ပဲ ကျန် တော့တာလေ... ကုန်ကျစရိတ်က အရမ်း များနေတော့ အသားစိမ်း ဈေးနဲ့ အတူတူ ရောင်းဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ..."

အမျိုးသမီးက သူ အမှန်တိုင်း ပြောနေကြောင်း သိသဖြင့် သဘောတူစွာဖြင့် ခေါင်းညိတ်လိုက် သော်လည်း သူမ၏ အိတ်ကပ်ထဲမှ ငွေများကို ထုတ်ပေးရန် အနည်းငယ် နှမြောနေသေးလေ၏။

သို့ရာတွင် အသား၏ မွှေးရနံ့ကမူ သူမ၏ နှာခေါင်းထဲသို့ ဆက်တိုက် တိုးဝင်လွင့်ပျံလာခဲ့ပေသည်။

အိမ်ရှိ ကလေးငယ်ကို သတိရသွားသောအခါ သူမ၏ စိတ်များ နူးညံ့သွားခဲ့ပြီး ပြောလိုက်လေသည်...။

"ကောင်းပါပြီ... ကလေး အရသာရှိရှိ စားရအောင်လို့ ငါ့အတွက် ပေါင်ဝက်လောက် ချိန်ပေးပါ..."

"ကျွန်တော့်ကိုလည်း တစ်ပေါင်လောက် ပေးပါဦး... ဒီလောက် မွှေးတဲ့ အသားမျိုး မစားရတာ အတော် ကြာနေပြီ..."

"ငါ့အတွက်လည်း ကျင်းတစ်ဝက်လောက် ချိန်ပေးပါဦး..."

... ... ... ...

အသားပေါင်းသည် အသားစိမ်းထက် အမှန်တကယ် ပို၍ ဈေးကြီးသဖြင့် အစပိုင်းတွင် လူတိုင်းမှာ အနည်းငယ် တုံ့ဆိုင်းနေခဲ့ကြလေ၏။

သို့သော် ပြည့်ဝပြီး မွှေးပျံ့လှသော အသားပေါင်း ရနံ့ကမူ လုံးဝကို မတွန်းလှန်နိုင်လောက်အောင် ဖြစ် နေခဲ့ပေတော့သည်။

ဤသို့ဖြင့် ကျင်းဝက်ဝယ်သူက ဝယ်၊ တစ်ကျင်းဝယ်သူက ဝယ်ဖြင့် အခုလေးတင် ချက်ပြုတ်ထားသော အသားပေါင်းများမှာ လူအုပ်ကြီး၏ အလုအယက် ဝယ်ယူခြင်းကို ခံလိုက်ရလေတော့သည်။

၎င်းတို့ အသားချိန်နေစဉ်အတွင်း လူတိုင်း၏ မျက်လုံးများက ကောင်တာပေါ်၌ သပ်ရပ်စွာ စီစဉ်ထား သော မုန့်များဆီသို့ အမှတ်တမဲ့ ရောက်ရှိသွားကြလေသည်။ ၎င်းတို့မှာ လှပနေပြီး ချိုမြိန်သော ရနံ့များ လွင့်ပျံနေခဲ့၏။ ၎င်းတို့ မေးမြန်းကြည့်လိုက်သောအခါ ဤမုန့်များကိုလည်း ရောင်းချကြောင်း သိလိုက်ရ ပေသည်။

မည်သို့ပင်ဖြစ်စေ အပြင်ရောက်နေပြီဖြစ်ရာ တစ်ခါတည်း အိတ်တစ်အိတ်လောက် ဝယ်သွားရန် တွေး လိုက်ကြလေတော့သည်။

မထင်မှတ်ဘဲ ဤသို့ တွဲဖက်ရောင်းချခြင်းက စီးပွားရေးကို မယုံနိုင်လောက်အောင် အောင်မြင်သွားစေခဲ့ ပေသည်။

သေချာပေါက်ပင် အကြီးမားဆုံး ဝယ်သူများမှာ အရက်တစ်ခွက် နှစ်ခွက်ခန့် သောက်လေ့ရှိသော ဒေသ ခံ အမျိုးသားကြီးများပင် ဖြစ်လေ၏။

၎င်းတို့သည် ပြည့်ဝပြီး အရသာရှိသော အသားရနံ့ကို ရလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ ခြေ ထောက်များမှာ မြေကြီးတွင် ကပ်နေသကဲ့သို့ ဖြစ်သွားကာ တစ်လက်မမျှပင် မရွေ့နိုင်အောင် ဖြစ်သွား ကြလေသည်။ လူအများစုမှာ ငွေထုတ်ကာ အသားတစ်တုံး ဝယ်ယူပြီး အိမ်သို့ ပြန်၍ အရက်နှင့် တွဲဖက်ကာ အရသာခံ စားသောက်လေ့ ရှိကြပေသည်။

နောက်ပိုင်းတွင် သူသည် ယောက်ဖဖြစ်သူ၏ အကြံပေးချက်ကို လက်ခံကာ ပီကင်း ဆင်ခြေဖုံးရှိ အရက်ချက်စက်ရုံ တစ်ခုသို့ သွားရောက်ခဲ့လေသည်။

၎င်းတို့သည် ဈေးပေါပြီး သောက်ရလွယ်ကူသော အရက်ဖြူ အမြောက်အမြားကို ဝယ်ယူသိုလှောင် ထားလိုက်ကြပြီး ၎င်းတို့ကို အသားပေါင်း၊ မုန့်များနှင့်အတူ ဆိုင်ထဲတွင် ခင်းကျင်းပြသကာ ရောင်းချ ခဲ့ကြလေသည်။

ဒုတိယအစ်ကိုမှာ စကားပြော မကျွမ်းကျင်ဘဲ ချိုသာသော စကားများကို မည်သို့ အသုံးပြုရမည်ကို မသိသော်လည်း သူသည် ရိုးသားကာ ပွင့်လင်းသူ တစ်ဦးဖြစ်လေ၏။

မည်သည့် မေးခွန်းကိုမဆို ရိုးသားစွာ ပြန်ဖြေပြီး လိမ်လည်လှည့်စားခြင်း မပြုပါက စီးပွားရေးမှာ တစ်နေ့တခြား ပို၍ အောင်မြင်လာမည်သာ ဖြစ်ပေသည်။

အသားနှင့် အရက် လာဝယ်ကြသော ဒေသခံ အမျိုးသားများမှာ အိမ်ပြန်ရောက်သောအခါ ဇနီးသည် များ၏ ပူညံပူညံ လုပ်ခြင်းကို ခံရမည်ကို စိုးရိမ်ရန် မလိုတော့ချေ။

မပြန်မီ ကလေး သို့မဟုတ် ဇနီးသည်အတွက် မုန့်တစ်အိတ် သို့မဟုတ် လှပသော အဝတ်အစား တစ်စုံ ကို ယူဆောင်သွားလိုက်ရုံပင်။ အိမ်ပြန်ရောက်သောအခါ ဆူပူခံရမည့်အစား အသိဉာဏ်ရှိသည်ဟုပင် ချီးကျူးခံရဦးမည် ဖြစ်လေသည်။

အချိန်အတန်ကြာပြီးနောက်တွင် လူတိုင်းက ဤလှည့်ကွက်ကို နားလည်သွားကြလေသည်...။ အသားပေါင်း တစ်တုံး၊ အရက်ဖြူ တစ်ကျင်း၊ မုန့်တစ်အိတ်နှင့် အဝတ်အစား တစ်ထည်တို့ကို ဝယ်ယူလိုက်ပါက မိသားစု တစ်ခုလုံး ပျော်ရွှင်သွားကြမည် ဖြစ်လေ၏။

အရက်သောက်သူ များလာသည်နှင့်အမျှ မုန့်များနှင့် အဝတ်အစားများကို ဝယ်ယူသူများလည်း ပို၍ ပို၍ များပြားလာခဲ့ပေတော့သည်။

မထင်မှတ်ဘဲ မုန့်များ၊ အသားပေါင်း၊ အဝတ်အစားများနှင့် အရက်ဖြူတို့မှာ ကောင်းမွန်သော သံသရာ လည်ခြင်းကို ဖြစ်ပေါ်စေခဲ့ပြီး ဆိုင်ငယ်လေးမှာ နေ့စဉ်နှင့်အမျှ လူများဖြင့် စည်ကားနေခဲ့လေတော့ သည်။

ထျန်ချင်းလင်းသည် သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းကို ကြည့်ရင်း အပြုံးများကို မတားဆီးနိုင်တော့ ဘဲ အားလပ်ချိန် ရတိုင်း ကျိုးချန်ယဲ့ကို ဘေးသို့ဆွဲခေါ်ကာ အတိတ်ကို ပြန်လည် တမ်းတလေ့ရှိလေ သည်...။

"ယောက်ဖ... မင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ... ငါတို့သာ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် အချိန်တိုအတွင်းမှာ ဒီဆိုင်ကို ဝယ်နိုင်တော့မှာပဲ..."

————————————

ယခုအခါ စီးပွားရေး လုပ်ငန်းများ အားလုံးမှာ တည်ငြိမ်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး မိသားစု၏ ဘဝမှာလည်း နေ့စဉ်နှင့်အမျှ တစ်နေ့တခြား ပို၍ ကောင်းမွန်လာခဲ့လေသည်။

နေရာလွတ်ထဲတွင် သိုလှောင်ထားသော အသားများ၊ ဥများနှင့် နှံစားသီးနှံများမှာလည်း သင့်လျော်သော ဈေးကွက်တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့ပေသည်။

တစ်ကြိမ်လျှင် အများကြီး မထုတ်ယူသော်လည်း နေ့စဉ် လစဉ် အသုံးပြုပါက အချိန်ကြာလာသည် နှင့်အမျှ သိသာထင်ရှားသော ပမာဏတစ်ခုအထိ ရောက်ရှိသွားမည် ဖြစ်လေသည်။

သို့ရာတွင် နေရာလွတ်ထဲ၌ တောင်လိုပုံနေသော သိုလှောင်ထားသည့် ကုန်ပစ္စည်းများနှင့် နှိုင်းယှဉ်ပါက ဤသုံးစွဲမှုမှာ သမုဒ္ဒရာထဲမှ ရေတစ်စက်ကဲ့သို့သာ ရှိလေသည်။

ထို့အပြင် ချိုးချိုးသည် နေရာလွတ်ထဲတွင် နှံစားသီးနှံများကို အစဉ်မပြတ် စိုက်ပျိုးနေပြီး ကြက်၊ ဘဲ၊ ဝက်နှင့် သိုးများကိုလည်း မွေးမြူနေခဲ့ပေသည်။

သူ၏ မိသားစုမှာ အတော်လေး ချမ်းသာကြွယ်ဝနေပြီဖြစ်ရာ ဘဝတစ်သက်တာလုံးအတွက် အစား အသောက် သို့မဟုတ် အဝတ်အထည်များအတွက် စိုးရိမ်ရန် လိုအပ်တော့မည် မဟုတ်ပေ။

————————————

ညနေပိုင်းတွင် ကျိုးချန်ယဲ့သည် ရေမိုးချိုးပြီးနောက် အိမ်ထဲသို့ ဝင်လာခဲ့လေသည်။

မှိန်ပျပျ မီးရောင်အောက်တွင် ဇနီးဖြစ်သူသည် ခေါင်းငုံ့ကာ အသစ်စက်စက် ငွေစက္ကူအထပ်များကို အထပ်ထပ်အခါခါ ရေတွက်နေပြီး သူမ၏ လက်ချောင်းထိပ်လေးများတွင် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်နေခဲ့ပေသည်။

သူသည် တိုးညှင်းစွာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေသည်...။

"မင်း ရေနေတာ အတော်ကြာနေပြီကို မပြီးသေးဘူးလား..."

ထျန်ရှောင်ယာသည် ငွေများကို သပ်ရပ်စွာ စီစဉ်လိုက်ပြီး သစ်သားသေတ္တာထဲသို့ ဂရုတစိုက် သော့ခတ် သိမ်းဆည်းလိုက်လေသည်။

သူမ ပြန်မော့ကြည့်လိုက်သောအခါ သူမ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ လင်းလက် လျက်ရှိနေခဲ့ပေသည်...။

"အခု ကျွန်မတို့ ငွေဘယ်လောက် စုမိပြီလဲဆိုတာ ခန့်မှန်းကြည့်ပါဦး..."

ကျိုးချန်ယဲ့က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်လေသည်၊ မိသားစု၏ ဘုံဝင်ငွေ အားလုံးကို ဇနီးဖြစ်သူက သိမ်းဆည်းထားခြင်း ဖြစ်လေသည်။

သူ ဘယ်လောက် ရှာနေသလဲ ဆိုတာကို သူ ယေဘုယျအားဖြင့် သိထားပြီး အနည်းဆုံး သန်းကြွယ် သူဌေးတစ်ဦး ဖြစ်နေပြီဟု သူ ခန့်မှန်းထားခဲ့ပေသည်။

"ငါ မခန့်မှန်းတတ်ဘူး..."

ကျိုးချန်ယဲ့က ဇနီးဖြစ်သူကို စချင်သဖြင့် နားမလည်ဟန်ဆောင်ကာ ပြောလိုက်လေသည်။

ထျန်ရှောင်ယာ၏ မျက်လုံးများမှာ တောက်ပနေပြီး သူမ၏ အသံတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက် နေခဲ့ပေသည်....။

"အခုဆို ကျွန်မတို့က သန်းကြွယ်သူဌေးတွေ ဖြစ်နေပြီလေ... အရင်တုန်းက ဒါကို အိပ်မက်တောင် မမက်ရဲခဲ့ဘူး..."

"ဟုတ်ပါတယ်... အခုကစပြီး အကြီးအသေး ကိစ္စရပ်တိုင်းမှာ မင်း စကားကိုပဲ နားထောင်တော့မယ်... ငွေကြေးနဲ့ အိမ်ထောင်မှု ကိစ္စတွေကို မင်းပဲ စီမံခန့်ခွဲလိုက်တော့... ငါက အပြင်မှာ ငွေရှာဖို့ပဲ အာရုံ စိုက်တော့မယ်..."

ကျိုးချန်ယဲ့က အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ ပြတ်သားစွာ ပြောလိုက်လေသည်။

All Chapters