← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

အခန်း (၇၀) နောင်တ

ယန်ရှင်းကျိုးသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်နှင့် ရုတ်တရက် သူ၏မျက်စိရှေ့မှောက်၌ စူးရှတောက်ပသော အလင်းတန်းများ ပေါ်ထွက်လာသည်။ ထို့နောက် ရှေ့ဆီမှဆူညံသံများကို ကြားလိုက်ရသည်။ သေချာစွာ ကြည့်လိုက်သောအခါ မည်သို့မည်ပုံရောက်ရှိလာမှန်း မသိဘဲ စည်ကားလှသော လမ်းမကြီးတစ်ခုပေါ်တွင် ရောက်နေကြောင်းတွေ့ရှိလိုက်ရတော့သည်။ လမ်းမထက်တွင် လူပေါင်းများစွာ သွားလာလှုပ်ရှားနေကြသော်လည်းယန်ရှင်းကျိုးကို စိတ်မသက်မသာ ဖြစ်စေသည့် အရာတစ်ခု ရှိနေ၏။ ၎င်းမှာ လမ်းမပေါ်ရှိလူတိုင်းသည် နဖူးပြင်ကို ပြောင်နေအောင် ရိတ်ထားကာ ဦးခေါင်းနောက်ဘက်တွင်ကျစ်ဆံမြီးရှည်ကြီးများ ချထားပြီး မန်ချူးဝတ်စုံများကို ဝတ်ဆင်ထားကြခြင်းပင်ဖြစ်သည်။

"ငါ ချင်းမင်းဆက်ဆီ ရောက်လာတာပဲ"

လူများ၏ ဝတ်စားဆင်ယင်မှုကို သေချာစွာ မြင်တွေ့လိုက်ရပြီးနောက် ယန်ရှင်းကျိုးတစ်ယောက် အနည်းငယ် ထိတ်လန့်သွားတော့သည်။

"ဒါတော့ မဟန်ဘူး ငါ့ဝတ်စုံက ပြဿနာ ရှာတော့မှာပဲ"

ထိုအတွေး စိတ်ထဲသို့ ဖြတ်ခနဲ ဝင်လာသည့် အခိုက်အတန့်မှာပင် လမ်းမပေါ်ရှိ လူအချို့မှာလှည့်ကြည့်လာကြပြီး သူတို့၏ မျက်နှာများတွင် အံ့အားသင့်တုန်လှုပ်ခြင်းများနှင့်အတူအချို့မှာ ကြောက်ရွံ့ထိတ်လန့်နေသည့် အရိပ်အယောင်များကိုပင် တွေ့မြင်လိုက်ရလေသည်။

ယန်ရှင်းကျိုးသည် ကိုယ်ကျပ်တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကိုအပြာရောင်ကြိုးဖြင့် စုစည်းချည်နှောင်ထား၏။ ခါးတွင် သွေးနီရောင်ဓားမြှောင်ကိုဆွဲချိတ်ထားပြီး ကျောဘက်၌ ဓားရှည်တစ်စင်းကို လွယ်ထားလေသည်။ သူ၏ ရုပ်ရည်သွင်ပြင်မှာဘေးပတ်ဝန်းကျင်ရှိ လူများနှင့် လုံးဝ ကွဲပြားခြားနားနေပေသည်။ သူ၏ ပုံစံမှာကြက်အုပ်ထဲသို့ ဒေါင်းတစ်ကောင် ကျလာသကဲ့သို့ အလွန်ပင် ထင်ရှားပေါ်လွင်နေ၏။ သူလမ်းမထက်တွင် ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးသော်လည်း လူအများအပြားက သူ့အား တအံ့တဩလှမ်းကြည့်လာကြတော့သည်။

"အခုချိန်မှာ အဝတ်အစားလဲဖို့က နောက်ကျသွားပြီ။ ပြီးတော့ ငါက လူရိုင်းတွေလိုမျိုးဆံပင်ရိတ်ပြီး သူတို့ဝတ်စုံကို ဘယ်တော့မှ လဲဝတ်မှာ မဟုတ်ဘူး။ ပြဿနာ တက်ရင်လည်းတက်ပါစေ... ငါ ရင်ဆိုင်ပစ်မယ်"ယန်ရှင်းကျိုးသည် ကနဦးတွင် မိမိ၏ ဝတ်စားဆင်ယင်မှုကြောင့် ပြဿနာဖြစ်မည်ကိုစိုးရိမ်ခဲ့သော်လည်း ယခုအခါ လှေကြုံလို့ လက်မှတ်ဖြတ်ပြီးပြီ ဖြစ်ရာ တစ်စုံတစ်ရာပြောင်းလဲရန် စိတ်မကူးတော့ပေ။ သူက စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။

"ဒီမန်ချူးတွေရဲ့ လောကမှာ ဘယ်လို ထိပ်တန်းပညာရှင်တွေ ရှိနေလို့လဲ။ ဝိုင်းပြီးတိုက်ခိုက်တာမျိုး မဟုတ်သရွေ့ ငါ့ရဲ့ ကိုယ်ခံပညာနဲ့ ဘယ်သူ့ကို ကြောက်နေစရာ လိုမလဲ။ငါ သူတို့ကို မယှဉ်နိုင်ရင်တောင် အသာလေး ထွက်ပြေးလို့ ရတာပဲ"

ဆုံးဖြတ်ချက် ချပြီးနောက် သူသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့လျှောက်လှမ်းခဲ့လေသည်။ ယခုအချိန်မှာ နေမွန်းတည့်ချိန် ဖြစ်သဖြင့် လမ်းမပေါ်တွင်လူစည်ကားလှပြီး ဈေးပွဲတော်တစ်ခုသဖွယ် စိုပြေနေသည်။ သို့သော်လည်း ယန်ရှင်းကျိုးလျှောက်လာသည်ကို မြင်လျှင် မြင်ချင်း လူတိုင်းက လန့်ဖျန့်သွားကြပြီး လမ်းကိုအလျင်အမြန် ဘေးသို့ ဖယ်ပေးကြသဖြင့် ခဏချင်းအတွင်းမှာပင် လမ်းလယ်၌ လမ်းကြောင်းတစ်ခုပေါ်ထွက်လာတော့သည်။ ယန်ရှင်းကျိုးမှာ အံ့ဩရသလို၊ ရယ်လည်းရယ်ချင်ကာ သနားစရာလည်း ကောင်းလှသည်ဟု တွေးမိတော့သည်။

"ငါက ဒီဝတ်စုံ ဝတ်ထားမိတာနဲ့တင် လမ်းပေါ်က ဘီလူးသရဲတစ်ကောင်ဖြစ်သွားရတာပဲ။ သနားစရာကောင်းတဲ့ ဒီလူတွေဟာ ချင်အစိုးရရဲ့ အဖိနှိပ်ခံဘဝဆိုးအောက်မှာ ဘယ်လောက်တောင် စိတ်ဓာတ် ပျက်စီးနေရသလဲဆိုရင် ဒီလိုမျိုးကြောက်ရွံ့တုန်လှုပ်နေကြတာပဲ"

သူသည် လမ်းမလယ်သို့ လျှောက်သွားပြီး ရုတ်တရက်ဆိုသလို ခန္ဓာကိုယ် ထွားကြိုင်းသောလူတစ်ယောက်ကို လှမ်းဖမ်းဆွဲကာ မေးလိုက်သည်။

"ညီအစ်ကို... ဒါ ဘယ်နေရာလဲ။"

ထိုထွားကြိုင်းသော လူကြီး၏ မျက်နှာမှာ ခက်ထန်ကြမ်းကြုတ်နေပြီး သိသိသာသာပင်လူဆိုးတစ်ယောက် ဖြစ်ပေသည်။ ယန်ရှင်းကျိုးသည် လေနက်တောင်စခန်းတွင် အချိန်အတော်ကြာနေထိုင်ခဲ့သူ ဖြစ်သဖြင့် လူအကဲခတ် အလွန်တော်၏။ ထိုလူကြီးထံမှ တောပုန်းဆန်သောအရှိန်အဝါကို တစ်ချက်ကြည့်ရုံဖြင့် သူ သိလိုက်ရသဖြင့် သာမန်လူကောင်း မဟုတ်ကြောင်းသေချာသဖြင့် လှမ်းဖမ်းဆွဲလိုက်ခြင်း ဖြစ်လေသည်။

ယန်ရှင်းကျိုးက ရုတ်တရက် လှမ်းဆွဲလိုက်သဖြင့် ထိုလူကြီးမှာ လန့်ဖျန့်သွားကာရုန်းကန်ရင်း အော်ဟစ်လိုက်တော့သည်။

"မင်း... မင်း ဘာလုပ်တာလဲ...လွှတ်စမ်း..."

"ဘာလို့ ဒီလောက်တောင် လန့်နေရတာလဲ ညီအစ်ကိုရာ ဒါ ဘယ်နေရာလဲဆိုတာပဲ ပြောပြစမ်းပါ ပြောရင် ငါ ချက်ချင်း လွှတ်ပေးမှာပေါ့"

ထိုလူကြီးက "မင်းလို ကောင်က ရှေးမင်းဆက် ဝတ်စုံကို ဝတ်ထားတာ။ သိသာပါတယ်... မင်းကပုန်ကန်သူ ပုန်ကန်တပ်ကပဲ။ ငါတို့ ငါးကျားဂိုဏ်းက မင်းတို့ရဲ့ ကိစ္စတွေထဲမှာ ပါဝင်ပတ်သက်ဖို့ စိတ်ကူးမရှိဘူး။ ဒါကြောင့် ငါ့ကို အခု ချက်ချင်းလွှတ်" “ငါးကျားဂိုဏ်း ဟုတ်လား ငါးကျားဂိုဏ်းက လူတွေက ဒီလောက်တောင် ဆရာကြီး လုပ်နေကြတာလား"

သူက အတွင်းအားကို အနည်းငယ် ညှစ်ထုတ်လိုက်ရာ ထိုလူကြီးမှာ တစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွားတော့သည်။ သူ၏ရှေ့မှောက်ရှိ လူငယ်၏ လက်ဖဝါးမှာ မီးရဲရဲတောက်နေသောသံပူပြားကြီးတစ်ခုအလား ပူလောင်လှသဖြင့် ရင်ဘတ်တစ်ခုလုံးသည် သည်းမခံနိုင်လောက်အောင်ပူလောင်နာကျင်လာရသည်။ ထိုလက်ဖဝါးမှ ထွက်ပေါ်လာသော အပူရှိန်မှာ သူ၏ ကိုယ်တွင်းကလီစာများဆီသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားကာ တစ်ကိုယ်လုံးရှိ သွေးများပင်ပွက်ပွက်ဆူလာတော့မလို ခံစားလိုက်ရသည်။

ထိုထွားကြိုင်းသော လူကြီးမှာ နာကျင်လွန်းသဖြင့် အူလှိုက်သည်းလှိုက်အော်ဟစ်လိုက်ပြီး ဒူးထောက် လျှောက်ကာ မြေပြင်ပေါ်သို့ ဒုတ် ကနဲ လဲကျသွားတော့သည်။

"အသက်ချမ်းသာပေးပါ... အသက်ချမ်းသာပေးပါခင်ဗျာ"

ယန်ရှင်းကျိုးက သူ၏ လက်ကို ပြန်လည်ရုပ်သိမ်းလိုက်ကာ ရယ်မောလိုက်သည်။

"ငါ မင်းကို သတ်မှာ မဟုတ်ပါဘူးကွာ လမ်းမေးတာတင်ပဲ ရှိသေးတာကို ဘာလို့ ဒီလောက်တောင်ကြောက်နေရတာလဲ နောက်ဆုံးတစ်ခေါက် ထပ်မေးမယ်... ဒါ ဘယ်နေရာလဲ"

"သခင်ကြီး... ဤနေရာသည် ကွမ်တုံးပြည်နယ်ထဲက ဖိုရှန်းမြို့ ပါခင်ဗျာ"

"သူက ဖိုရှန်းကို ရောက်နေတာပဲ။ ဒီနေရာ ဘယ်နေရာလဲဆိုတာ သူမသိဘဲ နေပါ့မလား။ သူ မေးတာက ဒီနေရာရဲ့ နာမည်အစစ်အမှန် မဟုတ်ဘဲဘယ်ကိုယ်ခံပညာဂိုဏ်းရဲ့ နယ်မြေလဲဆိုတာကို မေးတာ ဖြစ်ရမယ်။ ငါသာ မှားဖြေမိလို့ ဒီလိုအရဲစွန့်တဲ့ ပုန်ကန်သူ ဒုစရိုက်သမားက ငါ့ကို ဒေါသတကြီး သတ်ပစ်လိုက်ရင် ငါ အလကားသေရချေပြီ"

"ကွမ်တုံးနယ်မြေတစ်ခုလုံးမှာ ငါးကျားဂိုဏ်းက အင်အားအကြီးဆုံးပါ။ငါတို့ရဲ့ ဂိုဏ်းချုပ် ဖုန်းထျန်းနန်က ကွမ်တုံးနဲ့ ကွမ်ရှီးနယ်မြေနှစ်ခုလုံးမှာ ပြိုင်ဘက်ကင်းသူ ဖြစ်ပါတယ်။ ကွမ်တုံးကို အကာအကွယ်အပေးနိုင်ဆုံးလူကို ပြောပါဆိုရင် ဂိုဏ်းချုပ် ဖုန်းထျန်းနန် ကလွဲလို့တခြားမရှိပါဘူး။ အထူးသဖြင့် ဖိုရှန်းမြို့ဟာ ငါးကျားဂိုဏ်းရဲ့ ပိုင်နက်နယ်မြေလို့သတ်မှတ်လို့ ရပါတယ် ခင်ဗျာ"

"ငါးကျားဂိုဏ်း... ဖုန်းထျန်းနန် ဟုတ်လား အခုလက်ရှိ နန်းစံနေတဲ့ မင်းဆက်နာမည်က ဘာလဲ"

"ငါ ဘယ်လို ပြောရမလဲ။ ဒီလူက ရှေးမင်းဆက်ဝတ်စုံကို ဝတ်ထားတာ။ ငါသာ အခု ချန်လုံခေတ်လို့ ပြောလိုက်ရင် သူသေချာပေါက် ဒေါသထွက်လိမ့်မယ်။ သူ့သဘောအတိုင်း လိုက်လျောပြီး ပြောရုံပဲ ရှိတော့တယ် အင်း... ဒီလိုပြောတာကတော့ အကောင်းဆုံးပဲ..."

"သခင်ကြီး... အခုဟာ ချုံကျိန်း ဧကရာဇ်မင်းမြတ်ရဲ့ ကျာယိုနှစ်ပါခင်ဗျာ..."

ယန်ရှင်းကျိုးမှာ ခဏမျှ မှင်တက်သွားပြီးမှ အဓိပ္ပာယ်ကို သဘောပေါက်သွားကာ အားရပါးရရယ်မောလိုက်တော့သည်။

"ငါ့ကို လာပြီး လှည့်စားဖို့ မကြိုးစားနဲ့။ ငါ မင်းကို မေးနေတာ... အခုဟာ ချန်လုံခေတ် မဟုတ်ဘူးလား"

"ဟုတ်ကဲ့... ဟုတ်ကဲ့... ဟုတ်ပါတယ်ခင်ဗျာ။ အခုဟာ တကယ်ပဲချန်လုံခေတ်ပါ"

"ဖုန်းထျန်းနန်က ငါးကျားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပေါ့ ဟုတ်လား"

"ဟုတ်ကဲ့... ဖုန်းထျန်းနန်ဟာ ကွမ်တုံးနဲ့ ကွမ်ရှီးနယ်မြေ တစ်ခွင်လုံးမှာ ကျော်ကြားလှပြီး လူတိုင်း သိကြပါတယ်ခင်ဗျာ"

"ဒါဆို တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းတဲ့ ရွှေမျက်နှာတော်ရှင် မြောင်ရန်ဖုန်းရဲ့ နာမည်ကိုရော ကြားဖူးသလား။"

"ကျွန်တော်မျိုး... ကျွန်တော်မျိုး အဲဒီလူရဲ့ နာမည်ကို ကြားဖူးပါတယ်ခင်ဗျာ။ ဒါပေမဲ့ကျွန်တော့်အမြင်အရတော့ ဒါဟာ ကောလာဟလတစ်ခုပဲ ဖြစ်ရပါမယ်။ တကယ်လို့ယုံလို့မရပါဘူး..."

ယန်ရှင်းကျိုးသည် ထိုလူအား ဘေးသို့ တွန်းထုတ်လိုက်ပြီး ခါးသီးသော အပြုံးဖြင့်ခေါင်းကို ခါယမ်းလိုက်မိသည်။

"ငါ နောက်ဆုံးတော့ ဒီကမ္ဘာကြီးဆီ ရောက်လာခဲ့ပြီပေါ့။ နှမြောစရာကောင်းလိုက်တာ။ ငါ အနှစ်နှစ်ဆယ်တောင် နောက်ကျပြီး ရောက်လာခဲ့ရတာပဲ။"

မေးမြန်းစုံစမ်းပြီးနောက် သူသည် မိမိ မည်သည့်ကမ္ဘာသို့ ရောက်ရှိနေကြောင်း ကောင်းစွာသိရှိသွားခဲ့ချေပြီ။ ဤနေရာကား နှင်းတောင်ပျံမြေခွေး၏ ကမ္ဘာပင် ဖြစ်တော့သည်။

သူ တစ်သက်လုံး ဖတ်ရှုခဲ့ဖူးသော ကိုယ်ခံပညာဝတ္ထုများထဲတွင် ကောင်းကင်အထိပျံသန်းနိုင်သည့် ကိုယ်ခံပညာရှင်များ၊ လှပသော ဇနီးမယားနှင့် မောင်းမမိဿံများကိုပိုင်ဆိုင်ထားသူများစွာ ရှိသော်လည်း ယန်ရှင်းကျိုး အမှန်တကယ် အားကျရသောဇနီးမောင်နှံဟူ၍ကား အလွန်ပင် ရှားပါးလှပေသည်။

ကော်ကျင့် နှင့် ဟွမ်ရုံ တို့သည် သင့်တင့်လျောက်ပတ်သော ဇနီးမောင်နှံ ဖြစ်ကြပြီး လင်ဟုချုံ နှင့် ရန်ရင်ရင် တို့မှာမူ ထူးထူးခြားခြား မရှိပေ။ ယန်ကော် နှင့် ရှောင်လုံနွီ တို့မှာလည်း ဝမ်းနည်းဖွယ် ကံကြမ္မာဆိုးကို ခါးစည်းခံခဲ့ရသည့် စုံတွဲတစ်တွဲသာ ဖြစ်သဖြင့် ကောင်းမွန်လှပသော အိမ်ထောင်ဘက်ဟု မဆိုနိုင်ပေ။

ကျန်ရှိနေသော ဇာတ်ကောင်များဖြစ်သည့် ချူလူရှန်း၊ လူရှောင်ဖုန်းနှင့် တုမဲ့ညီနောင်တို့၏ အချစ်ဇာတ်လမ်းများမှာလည်း သာမန်မျှသာ ဖြစ်ပေသည်။ "နှင်းတောင်ပျံမြေခွေး" ထဲမှ ဟူယိတောင်နှင့် သူ၏ဇနီးသည်သာလျှင် ယန်ရှင်းကျိုး အားအကျဆုံး ဇနီးမောင်နှံ ဖြစ်ကြသည်။

ထိုဇနီးမောင်နှံနှစ်ဦးစလုံးသည် တူညီသော သဘောထားကြီးမှု၊ တူညီသောစိတ်ကောင်းနှလုံးကောင်း ရှိကြပြီး ကိုယ်ခံပညာချင်းလည်း ထူးချွန်ထက်မြက်ကြပေသည်။ ဟူယိတောင် ကွယ်လွန်သွားသောအခါ သူ၏ဇနီးသည်လည်း တစ်ကိုယ်တည်းဆက်လက်မရှင်သန်ဘဲ လိုက်ပါသွားခဲ့ရာ သူတို့သည် သေတူသက်စောင့် အတူတကွလိုက်ပါသွားကြသည့် စုံတွဲစစ်စစ် ဖြစ်ပေသည်။

မရေမတွက်နိုင်သော ကိုယ်ခံပညာဝတ္ထုများကို ဖတ်ရှုခဲ့ဖူးရာတွင်ဤဇနီးမောင်နှံနှစ်ဦးတည်းသာ အမှန်တကယ် သူရဲကောင်းဇနီးမောင်နှံအဖြစ် သတ်မှတ်ရန်ထိုက်တန်ပြီး ကျန်ရှိသူများမှာမူ များစွာ လိုအပ်နေသေးသည်။

ယခုမူ သူသည် ဤကမ္ဘာမြေသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ဖုန်းထျန်းနန်မှာငါးကျားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်နေပြီ ဖြစ်ရာ အချိန်ကာလအရ ဟူယိတောင်နှင့်သူ၏ဇနီးသည်မှာ အဆိပ်ခတ်ခံရပြီး ကွယ်လွန်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။

ဤအချက်က ယန်ရှင်းကျိုးကို များစွာ စိတ်ပျက်သွားစေတော့သည်။

အကယ်၍သာ သူသည် ဟူယိတောင်နှင့် သူ၏ဇနီးတို့ကို ရင်းနှီးခွင့်ရရှိပြီး သူတို့၏အသက်ကို ကယ်တင်နိုင်ခဲ့မည်ဆိုပါက ယခင်က ဝတ္ထုဖတ်စဉ် ခံစားခဲ့ရသော နောင်တတရားကြီးကိုဖြည့်ဆည်းပေးနိုင်လိမ့်မည်။ သို့သော်လည်း ဤအချိန်အခါတွင်မူ သူ ကယ်တင်ချင်လျှင်ပင်ဘာမျှ မတတ်နိုင်တော့ချေ။

"ဟူယိတောင်နဲ့ သူ့ဇနီးကို မကယ်တင်နိုင်ခဲ့တာကတော့ ကံတရားပေါ့။ ဒါပေမဲ့ ငါအခုဖိုရှန်းက ဂိုဏ်းချုပ် ဖုန်းထျန်းနန်နဲ့တော့ သေချာပေါက် တွေ့ဆုံရမယ်။"

ထိုသို့ တွေးလိုက်ပြီးနောက် ယန်ရှင်းကျိုးသည် လမ်းသွားလမ်းလာတစ်ဦးကို ဆွဲကာဖုန်းထျန်းနန်၏ စံအိမ်တည်နေရာကို မေးမြန်းလိုက်သည်။ ထို့နောက် လူအုပ်ကြီးကြားမှ တိုးဝှေ့လျက်ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းခဲ့ရာ ခဏချင်းအတွင်းမှာပင် စံအိမ်ကြီးတစ်လုံး၏တံခါးဝသို့ ရောက်ရှိသွားတော့သည်။

***

All Chapters