← Chapters

အခန်း ၈၄၃

Vol. 71 Ch. 843

အခန်း ၈၄၃

Vol. 71 Ch. 843

အပိုင်း (၈၄၃)

တကယ်တမ်းတွင် ဤအသွင်ပြောင်း ဝေလငါးကြီးများကို ရင်ဆိုင်ရာ၌ နောက်ထပ် အစီအစဉ် တစ်ခု ရှိသေးသည်။ ၎င်းမှာ ယွင်ကျုံးဟဲ့ ကိုယ်တိုင် ထွက်ခွာခြင်း ဖြစ်၏။

သူ၏ ကိုယ်ပေါ်တွင် နံပါတ် ၂၅ စိတ်ရောဂါသည် ပင်လယ်သားတော် ရှိနေပြီး ပင်လယ် သတ္တဝါများကို ထိန်းချုပ်ရာတွင် အကျွမ်းကျင်ဆုံး ဖြစ်သည်။

ထို့အပြင် နဝမမြောက် ပိရမစ်သို့ သွားရောက်ပြီးနောက် သူကိုယ်တိုင်သည် ဤစိတ်ရောဂါသည်များ၏ အထူး စွမ်းရည်များကို အလွန် ကျွမ်းကျင်စွာ အသုံးပြုနိုင်နေပြီ ဖြစ်၏။

သို့ပေမည့် တာရှန်းမိစ္ဆာနိုင်ငံ၏ ဤအသွင်ပြောင်း သတ္တဝါများ အားလုံးကို အထူး ယဇ်ပုရောဟိတ်များက ထိန်းချုပ်ထားခြင်းဖြစ်ရာ ထိန်းချုပ်ခွင့်ကို ပြန်လည် လုယူနိုင်မည်၊ မလုယူနိုင်မည် ဆိုသည်ကိုတော့ အာမမခံရဲသေးပေ။

“အရှင်... ပို့လာပါပြီ။”

ဟေးယန် အင်ပါယာ သိုင်းသမား တစ်ဦးက ဧရာမ လှောင်အိမ်ကြီး တစ်ခုကို ယူဆောင်လာရာ အတွင်းတွင် တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း ကျီးကန်း တစ်ကောင် ပါရှိသည်။

ဤငှက်၏ အတောင်ပံ ဖြန့်လိုက်ပါက နှစ်မီတာတိတိ ရှိလောက်ပြီး နှုတ်သီးက အံ့ဩစရာ ကောင်းလောက်အောင် ထက်မြက်ကာ ခြေသည်းများကလည်း ဓားမြှောင်ငယ်များကဲ့သို့ ဖြစ်နေ၏။

ယွင်ကျုံးဟဲ့ကို မြင်ချိန်မှာတော့ ဤအသွင်ပြောင်း ကျီးကန်းသည် ချက်ချင်း ရက်စက် ကြမ်းကြုတ်လာပြီး လှောင်အိမ်ကို ရူးသွပ်စွာ ဆွဲဖြဲကာ ယွင်ကျုံးဟဲ့ကို အပြင်းအထန် တိုက်ခိုက်ရန် ပြင်လိုက်သည်။

သူ မျက်စိမှိတ်လိုက်ပြီး နံပါတ် ၂၅ စိတ်ရောဂါသည်၏ လောကအတွင်းသို့ ဝင်ရောက်ကာ အလွန် ထူးခြားသော အသံလှိုင်းများကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် လှောင်အိမ်ဆီသို့ လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်၏။

တာရှန်းမိစ္ဆာနိုင်ငံ၏ အသွင်ပြောင်း ကျီးကန်းသည် စတင် ရုန်းကန်လာပြီး သွေးနီရောင် မျက်လုံးများက ဝေဝါးလာကာ တစ်ခဏ ရက်စက် ကြမ်းကြုတ်ချင်ပြီး၊ တစ်ခဏ ယဉ်ပါးချင်လာသည်။

စက္ကန့် သုံးဆယ် အချိန်အတွင်းမှာပင် အသွင်ပြောင်း ကျီးကန်းသည် အရှုံးပေးလိုက်သည်။ ယွင်ကျုံးဟဲ့ ၎င်း၏ ခေါင်းကို ပွတ်သပ်လိုက်ရာ ကျီးကန်းလည်း ချက်ချင်း ယဉ်ပါးသွား၏။

ဤသည်မှာ သတင်းကောင်း တစ်ခု ဖြစ်သော်လည်း အသွင်ပြောင်း ကျီးကန်းသည် မည်သို့ပင်ဖြစ်စေ အရွယ်အစား သေးငယ်သောကြောင့် ဤနည်းလမ်းကို အသွင်ပြောင်း ဝေလငါးကြီး အပေါ်တွင် အသုံးပြု၍ ရနိုင်မည်၊ မရနိုင်မည်ကို မသိရှိရသေးပေ။

စမ်းသပ်ဖူးခြင်း မရှိသောကြောင့် တကယ်တမ်း မည်သို့ ဖြစ်လာမည်ကို မသိနိုင်ပေ။ အသွင်ပြောင်း ဝေလငါးကြီးသည် အရွယ်အစား ကြီးမားသောကြောင့် ယွင်ကျုံးဟဲ့၏ စိတ်စွမ်းအားနှင့် ပဲ့တင်ထပ်မှု ဖြစ်ပေါ်ရန် ပိုမို လွယ်ကူနိုင်သည်ဟုလည်း ဖြစ်နိုင်ချေ ရှိသည်။

......................

တာရှန်း အင်ပါယာ၊ စီးမိသားစု ကျွန်းဆွယ်၊ ဧရာမ ခံတပ်ကြီး အတွင်းတွင် ကျင်းဝူရွှမ်းသည် အစည်းအဝေး လုပ်နေ၏။

သူမသည် တကယ်ကို ဤဧရာမ ခံတပ်ကြီး၏ ပိုင်ရှင်ဖြစ်ပြီး စစ်တပ် သိန်းချီနှင့် ဧရာမ ရေတပ်ကြီး တစ်ခုကို အုပ်ချုပ်ကာ တာရှန်းဧကရာဇ် အတွက် အင်ပါယာ၏ တောင်ဘက်ဆုံး အစွန်းပိုင်းကို စောင့်ရှောက်ပေးနေခြင်း ဖြစ်သည်။

သူမ၏ လက်ရှိ ရာထူးမှာ တာရှန်းအင်ပါယာ၏ တောင်ပိုင်း စောင့်ရှောက်သူ ဖြစ်ပြီး စီးမိသားစု ကျွန်းဆွယ်နှင့် တောင်ပိုင်း ပြည်နယ် လေးခုကို ထိန်းချုပ်ထားကာ စတုရန်း ကီလိုမီတာ တစ်သန်းကျော် ကျယ်ဝန်းသောကြောင့် တကယ်ကို ဩဇာအာဏာ ကြီးမားသည်ဟု ဆိုနိုင်၏။

ထို့အပြင် သူမလည်း အသွင်ပြောင်းသွားခဲ့ပြီ ဖြစ်၏။ ကျင်းကျုံးယွဲ့ အရပ်ရှည်လာသကဲ့သို့ ကျင်းဝူရွှမ်းလည်း အရပ်ရှည်လာပြီး အရိုး သိပ်သည်းဆ၊ သွေးကြောများ အားလုံး အသွင်ပြောင်းသွားခဲ့ပြီ ဖြစ်သည်။

ထို့အပြင် သူမ၏ မျက်လုံးများသည်လည်း ယခုအခါ လူသားများနှင့် ပို၍ပင် မတူတော့ဘဲ လူတစ်ယောက်ကို တစ်ချက် ကြည့်လိုက်ရုံဖြင့် ဝိညာဉ် လွင့်စင်သွားမတတ် ဖြစ်စေ၏။

ထိုမျှမက သူမ တစ်ကိုယ်လုံးတွင် အလွန် ထူးခြားသော အမှောင် အငွေ့အသက်များ ပြည့်နှက်နေပြီး သွေးဆာ ရက်စက်နေသည်။

ကျင်းကျုံးယွဲ့ ၏ သိုင်းပညာများ ကြီးမားစွာ တိုးတက်လာသကဲ့သို့ ကျင်းဝူရွှမ်းလည်း ခြွင်းချက် မဟုတ်ဘဲ သူမ၏ တိုးတက်မှုက ပို၍ပင် ကြီးမား၏။

အရင်က ကျင်းဝူရွှမ်းသည် ရိုလန် ဘုရင်မ ဖြစ်ခဲ့သော်လည်း ယခုအခါ ဘုရင်ရာထူးကို လုယူခံလိုက်ရပြီ ဖြစ်၏။ တာရှန်း အင်ပါယာသည် ရိုးရာ အစဉ်အလာများကို ပြန်လည် အသက်သွင်းခဲ့ပြီး ချင်ဝမ် ကိုးယောက်၊ မြို့စား ရှစ်ဆယ့်တစ်ယောက် ရှိသည်။

ကျင်းဝူရွှမ်းသည် တာရှန်းမိစ္ဆာနိုင်ငံ၏ အမျိုးသမီး မြို့စားများထဲမှ တစ်ဦး ဖြစ်ပြီး လဲ့ဖုန်း မြို့စား ဟု ခေါ်၏။

ဆိုလိုသည်မှာ သူမက ကျင်းကျုံးယွဲ့၏ ဘွဲ့ထူးကို လုယူသွားခဲ့ပြီး ကျင်းမိသားစု၏ တရားဝင် ဆက်ခံသူ ဖြစ်လာခဲ့ခြင်းပင်။

ထိုနေရာတွင် ရင်းနှီးသော သူအချို့လည်း ရှိနေသေးသည်။ ယခင် တာ့ကျိုး အင်ပါယာ၏ ကျိန့်ဟိုင်ဝမ် ဖြစ်သော စီးပြန်းသည် ယခုအခါ ကျင်းဝူရွှမ်း၏ အိမ်တော် အမတ် တစ်ဦး ဖြစ်နေသည်။

ယခုအခါ တာရှန်းမိစ္ဆာနိုင်ငံ၏ နယ်မြေ အကျယ်အဝန်းသည် ယခင် အင်ပါယာကြီး လေးခုထက် သာလွန်သွားပြီ ဖြစ်ပြီး စတုတ္ထ ကီလိုမီတာ သန်းဆယ်ဂဏန်းကျော် ရှိ၏။

မူလ တာ့ကျိုး အင်ပါယာ၏ နယ်မြေသည် ယခုအခါတွင် ဘုရင်နိုင်ငံတစ်ခု ဖြစ်နေဆဲဖြစ်ပြီး အမြင့်ဆုံး အုပ်ချုပ်သူမှာ အနက်ရောင်ဘုရင်ကျိုး ဖြစ်ကာ ချင်ဝမ် ကိုးယောက်ထဲမှ တစ်ဦး ဖြစ်သည်။

ဤအနက်ရောင်ဘုရင်ကျိုး ဆိုသူမှာ မည်သူနည်း။ လုံးဝ မသိရပေ။ အဘယ်ကြောင့်ဆိုသော် သူသည် တာရှန်းမိစ္ဆာနိုင်ငံ၏ အခြား ချင်ဝမ် များကဲ့သို့ပင် အမြဲတမ်း အနက်ရောင် သံချပ်ကာ ဝတ်စုံကို လွှမ်းခြုံထားသောကြောင့်ပင်။

လဲ့ဖုန်း မြို့စား ကျင်းဝူရွှမ်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “အားလုံးပဲ။ ယွင်ကျုံးဟဲ့ ပြန်လာပြီ။ သူ့ရဲ့ တာ့ယန် အင်ပါယာကြီးကို ခေါ်ပြီး ပြန်လာပြီ။”

ထိုနေရာရှိ အမတ် ဆယ်ဂဏန်းခန့်က ခေါင်းငုံ့လိုက်ကြ၏။

“သူက အလွန် အင်အားကြီးမားတဲ့ ရေယာဉ်စုကို ခေါ်လာတယ်။ စစ်သင်္ဘော နှစ်စင်းတည်းနဲ့ ကျွန်မတို့ရဲ့ စစ်သင်္ဘော နှစ်ဆယ့်ရှစ်စင်းကို ဖျက်ဆီးပစ်ခဲ့တယ်။”

ကျင်းဝူရွှမ်က ပြောသည်။ “ဒါက ဘာကို သက်သေပြနေတာလဲ။”

ဘေးရှိ ပိတ်ကား နောက်ကွယ်မှ ဆွဲဆောင်မှု ရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဤအသံက အနည်းငယ် ရင်းနှီးနေပြီး ပင်လယ်ပြင်ပေါ်တွင် အသွင်ပြောင်း ဝေလငါးကြီးကို ထိန်းချုပ်ခဲ့သော၊ ကိုယ့်ကိုယ်ကိုယ် ပိုင်ရှယ် ဟု ခေါ်ဆိုခဲ့သော အမျိုးသမီး ယဇ်ပုရောဟိတ် ပင် ဖြစ်၏။

“ဒါက ကျွန်မတို့ တာရှန်း အင်ပါယာက လူတချို့ လမ်းမှား လျှောက်ခဲ့တယ် ဆိုတာကို သက်သေပြနေတာပါ။ တာ့ယန် အင်ပါယာက အမြောက်တွေ ထုတ်လုပ်တာကို မြင်တော့ ကျွန်မတို့လည်း လိုက်ပြီး အမြောက်တွေ ထုတ်လုပ်ခဲ့တယ်။ ယွင်ကျုံးဟဲ့ အရင်က ပြောခဲ့ဖူးတဲ့ စကားနဲ့ ပြောရရင် ဒါက ဟန်တန်က လမ်းလျှောက်သင်တာ (သူများ အတုခိုးပြီး ကိုယ့်မူလ စွမ်းရည်ပါ ပျောက်ဆုံးသွားခြင်း) ပဲ။”

ယဇ်ပုရောဟိတ် ပိုင်ရှယ် က ပြောလိုက်သည်။ “ကျွန်မတို့ တာရှန်း အင်ပါယာက မြတ်နိုးတာ နုဧကရာဇ် ရဲ့ အနက်ရောင် ကျမ်းစာ ပါ။ အမှောင်ထုနဲ့ သေဆုံးခြင်းတွေကမှ ကျွန်မတို့ရဲ့ အင်အား အရင်းအမြစ်တွေပါ။ အဲဒါကြောင့် ကျွန်မတို့ရဲ့ အကြီးမားဆုံး အားကိုးရာက အသွင်ပြောင်း စစ်တပ်တွေပါပဲ။

မကြာခင်က ဖြစ်ပွားခဲ့တဲ့ ရေတိုက်ပွဲက ရှင်းရှင်းလင်းလင်း သက်သေပြခဲ့ပြီးပါပြီ။ ကျွန်မတို့က အသွင်ပြောင်း ဧရာမ ဝေလငါး တစ်ကောင်တည်းကို အားကိုးပြီး ယွင်ကျုံးဟဲ့ရဲ့ ရေယာဉ်စု တစ်ခုလုံးကို အနိုင်ယူခဲ့တယ်၊ သူ့ရဲ့ စစ်သင်္ဘော ခုနစ်စင်းကို ဖျက်ဆီးပစ်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့ အင်အားကြီးမားတဲ့ ရေယာဉ်စုက လုံးဝ ပြန်လည် ခုခံနိုင်စွမ်း မရှိခဲ့ဘူးလေ။”

ပိုင်ရှယ် ယဇ်ပုရောဟိတ်ကို ရင်ဆိုင်ရာတွင် လဲ့ဖုန်းမြို့စား ကျင်းဝူရွှမ်က လေးစားမှု ပြသခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယဇ်ပုရောဟိတ် အားလုံးသည် တာရှန်းမိစ္ဆာနိုင်ငံ ယဇ်ပုရောဟိတ် ကျောင်းတော်မှ စေလွှတ်လိုက်ခြင်း ဖြစ်ပြီး သူမသည် ကျင်းဝူရွှမ်းကို သစ္စာခံရန် မလိုအပ်ဘဲ ပူးပေါင်း ဆောင်ရွက်သည့် ဆက်ဆံရေးမျိုးသာ ဖြစ်သောကြောင့်ပင်။

ယခင် တာ့ကျိုး အင်ပါယာ၏ ကျိန့်ဟိုင်ဝမ် ဖြစ်ပြီး ယခုအခါ အိမ်တော် အမတ် တစ်ဦး ဖြစ်လာသော စီးပြန်းက ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့ရဲ့ လျှို့ဝှက် ဖဲချပ်တွေကို ကျုပ်တို့ ရှင်းရှင်းလင်းလင်း သိနေပါပြီ။ ဒါပေမဲ့ ကျုပ်တို့ရဲ့ လျှို့ဝှက် ဖဲချပ်တွေကိုတော့ သူ သေချာ မသိသေးပါဘူး။

ကျုပ်တို့မှာ စစ်တပ် သိန်းချီ၊ အသွင်ပြောင်း စစ်တပ် သောင်းချီနဲ့ အသွင်ပြောင်း သားရဲ စစ်တပ်တွေ ရှိပါတယ်။ သူက အသွင်ပြောင်း ဧရာမ ဝေလငါး တစ်ကောင်တည်းကိုပဲ တွေ့ခဲ့တာပါ။ ဒါပေမဲ့ ကျုပ်တို့ဆီမှာ ငါးကောင်တိတိ ရှိပြီး သူ့ရဲ့ ရေယာဉ်စု တစ်ခုလုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပါတယ်။

အဲဒါကြောင့် ယွင်ကျုံးဟဲ့က ကျုပ်တို့ရဲ့ လဲ့ဖုန်း ဧရာမ ခံတပ်ကြီး ကို တိုက်ခိုက် သိမ်းပိုက်ချင်တယ် ဆိုတာ လုံးဝ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပါပဲ။ သူ လာရဲတယ် ဆိုရင် တစ်ခုတည်းသော ရလဒ်က တပ်လုံးကျွတ် သေဆုံးသွားဖို့ပါပဲ။ ကျုပ်တို့ရဲ့ စစ်တပ် သိန်းချီနဲ့ အသွင်ပြောင်း စစ်တပ် သောင်းချီက အသုံးတောင် ပြုစရာ လိုမှာ မဟုတ်ပါဘူး။”

ဤအချိန်တွင် ခန်းမအလယ်၌ နေရာတစ်ခု ရှိပြီး လူတစ်ယောက် ထိုင်နေသည်။ သူသည် တာရှန်းအင်ပါယာ၏ အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ဖော်ပြနေသော မျက်နှာမှာ ရင်းနှီးသော သူတစ်ယောက် ဖြစ်သည့် ယခင် တာ့ကျိုး အင်ပါယာ၏ ဝန်ကြီးချုပ် လင်ကုန်း၊ အောက်မင်၏ ဆရာပင် ဖြစ်၏။

သူ၏ ယခု လက်ရှိ ရာထူးမှာ တာရှန်း မိစ္ဆာနိုင်ငံ အနက်ရောင်ဘုရင်ကျိုး၏ အထူး ကိုယ်စားလှယ်ပင် ဖြစ်သည်။

အထူး ကိုယ်စားလှယ် လင်ကုန်းက မေးလိုက်၏။ “မြို့စားကြီး... အရှင်မင်းကြီးက ယွင်ကျုံးဟဲ့ အင်အားကြီးမားတဲ့ ရေယာဉ်စုကို ခေါ်ပြီး ပြန်လာတယ် ဆိုတာကို ကြားတော့ အရမ်း အာရုံစိုက်ပါတယ်။ အဲဒါကြောင့် ကျုပ်ကို အထူး စေလွှတ်ပြီး နိုင်ငံတော်ရဲ့ အကူအညီ လိုအပ်သလားလို့ လာမေးခိုင်းတာပါ။ ပြီးတော့ အခုအချိန်မှာ မိစ္ဆာမြို့တော် (မိုကျင်း) ကို သတင်းပို့ဖို့ လိုအပ်ပြီလား။”

‘မိစ္ဆာမြို့တော်။ ဒါက တာရှန်း မိစ္ဆာနိုင်ငံရဲ့ မြို့တော်သစ်လား။’

ကျင်းဝူရွှမ်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “အရှင်ဧကရာဇ်က တောင်ပိုင်း ပြည်နယ်ကို ကျွန်မဆီ အပိုင်ပေး ထားပြီး အင်ပါယာရဲ့ တောင်ဘက် တံခါးပေါက်ကို စောင့်ရှောက်ခိုင်းထားတာပါ။ ကျွန်မရဲ့ လက်ထဲမှာ အင်အားကြီးမားတဲ့ အမှောင် စစ်တပ်တွေကို ပိုင်ဆိုင်ထားပြီးသားပါ။

အကယ်၍ ယွင်ကျုံးဟဲ့ရဲ့ တာ့ယန် အင်ပါယာက လဲ့ဖုန်း ဧရာမ ခံတပ်ကြီးကို တိုက်ခိုက် ဖောက်ထွင်း သွားနိုင်တယ်ဆိုရင် ကျွန်မက ဘယ်မျက်နှာနဲ့ အရှင်ဧကရာဇ်နဲ့ အရှင်မင်းကြီးကို သွားတွေ့တော့မှာလဲ။ ဘယ်မျက်နှာနဲ့ တာရှန်း မိစ္ဆာနိုင်ငံမှာ ဆက်ရပ်တည်နေတော့မှာလဲ။

ပြီးတော့ မကြာခင်က ဖြစ်ပွားခဲ့တဲ့ ရေတိုက်ပွဲ ရလဒ်က ရှင်းရှင်းလင်းလင်း သက်သေပြနေပြီလေ။ ယွင်ကျုံးဟဲ့ရဲ့ အင်အားအကြီးဆုံး စစ်တပ်က ရေတပ်ပဲ ဖြစ်ပြီး အသွင်ပြောင်း ဝေလငါး တစ်ကောင်ရဲ့ ရှေ့မှာတောင် ဒီလောက် ထိခိုက်လွယ်နေတာ။ အဲဒါကြောင့် ဒီတိုက်ပွဲမှာ ကျွန်မရဲ့ တောင်ပိုင်း ပြည်နယ်က အပြည့်အဝ ရင်ဆိုင်နိုင်ပြီး တခြားသူတွေရဲ့ အကူအညီ မလိုအပ်ပါဘူး။”

ကျင်းဝူရွှမ်က ဆက်ပြော၏။ “အထူး ကိုယ်စားလှယ် လင်ကုန်း... အရှင်မင်းကြီးဆီ ပြန်သတင်းပို့ပြီး ကျွန်မရဲ့ အောင်ပွဲ သတင်းကိုသာ စောင့်နေခိုင်းလိုက်ပါ။ ယွင်ကျုံးဟဲ့ရဲ့ ခေါင်းကို သူ့ရှေ့ မြန်မြန် ပို့ပေးလိုက်ပါ့မယ်လို့။”

အထူး ကိုယ်စားလှယ် လင်ကုန်းက မေးလိုက်သည်။ “မြို့စားကြီး... အကယ်၍ ယွင်ကျုံးဟဲ့ရဲ့ ဘေးမှာ အစ်မဖြစ်သူ ကျင်းကျုံးယွဲ့ ပါလာတယ် ဆိုရင်ကော ဘယ်လို လုပ်မလဲ။ အဲဒီတုန်းက ခင်ဗျားက အစ်မဖြစ်သူအတွက် အရင် တာရှနိုင်ငံရဲ့ ဧကရာဇ်ကိုတောင် လက်ထပ်ဖို့ ဆန္ဒရှိခဲ့တာကို ကျုပ် မှတ်မိနေပါသေးတယ်။”

ကျင်းဝူရွှမ်က ဖြေ၏။ “အဲဒီအချိန်က တစ်မျိုး၊ အခုအချိန်က တစ်မျိုးပေါ့။ အဲဒီတုန်းက ကျွန်မက နုဧကရာဇ်ရဲ့ အနက်ရောင် ကျမ်းစာကို သေချာ မလေ့လာရသေးသလို ကြီးမားတဲ့ အသွင်ပြောင်းမှု သုံးကြိမ်ကိုလည်း မဖြတ်သန်းရသေးဘူး။ အပေါ်ယံဆန်တဲ့ စိတ်ခံစားမှုတွေ အပေါ်မှာ မျှော်လင့်ချက်တွေ ထားရှိခဲ့ပြီး ဘဝရဲ့ တကယ့် တန်ဖိုးကို နားမလည်ခဲ့လို့ ကလေးဆန်တဲ့ စိတ်ခံစားမှုတွေရဲ့ နှောင်ကြိုးတွေ မိနေခဲ့တာပါ။

အခုတော့ လုံးဝ မတူတော့ပါဘူး။ တာရှန်း မိစ္ဆာနိုင်ငံကို လာရောက် ကျူးကျော်ဝံ့တဲ့ သူတိုင်း သေရပါမယ်။ ကျွန်မရဲ့ အစ်မ ဖြစ်နေရင်တောင် ခြွင်းချက် မရှိပါဘူး။ ပြီးတော့ သူက အနက်ရောင် ကျမ်းစာကို မယုံကြည်ဘူး ဆိုရင် သူက ကျွန်မရဲ့အစ်မ မဟုတ်တော့ပါဘူး။ ကျွန်မတို့ တာရှန်း မိစ္ဆာနိုင်ငံမှာ အပေါ်ယံဆန်တဲ့ ညီအစ်ကို မောင်နှမ ဆက်ဆံရေး ဆိုတာ မရှိပါဘူး။”

အထူး ကိုယ်စားလှယ် လင်ကုန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဒါဆို ကျုပ် စိတ်ချသွားပါပြီ။ ကျုပ် အရှင်မင်းကြီးဆီ ပြန်သတင်းပို့ပြီး မြို့စားရဲ့ သတင်းကောင်းကို စောင့်နေဖို့ ပြောလိုက်ပါ့မယ်။”

ကျင်းဝူရွှမ်က ပြော၏။ “အထူး ကိုယ်စားလှယ်ကို ကျွန်မ လိုက်ပို့ပေးပါ့မယ်။”

ထို့နောက် ကျင်းဝူရွှမ်းသည် အထူး ကိုယ်စားလှယ် လင်ကုန်းကို လဲ့ဖုန်း ဧရာမ ခံတပ်ကြီးမှ ကိုယ်တိုင် လိုက်လံ ပို့ဆောင်ပေးခဲ့သည်။

All Chapters