အခန်း ၈၄၈
Vol. 72 Ch. 848
အပိုင်း (၈၄၈)
အင်ပါယာ စစ်သည်များ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေသည် တကယ်ကို အလွန် ထူးချွန်လှ၏။
စစ်သည်တိုင်းသည် အဆင့်မြင့် ပညာရေးကို သင်ကြားခဲ့ဖူးပြီး စိတ်ထဲတွင် စံပြ ရည်မှန်းချက်များ၊ စိတ်အား ထက်သန်မှုများ၊ ဂုဏ်ယူမှုများ ပြည့်နှက်နေကြ၏။ ထိုကဲ့သို့ တက်ကြွပြီး တောက်ပသော မျက်နှာများသည် လူများကို အလွန် သဘောကျစေသည်။
ယခုအခါ ချက်ချင်းပဲ လူတစ်သောင်းနီးပါး သေဆုံးသွားခဲ့ရာ နှလုံးနာကျင်စေလှသည်။ ထို့ကြောင့် ရှေးခေတ်တည်းက စကားတစ်ခွန်း ရှိခဲ့သည်။ ကရုဏာကြီးသူသည် စစ်တပ်ကို မကွပ်ကဲနိုင် ဟူ၍ပင်။
ကျီးယန် သည် ယွင်ကျုံးဟဲ့၏ အနားသို့ ရောက်လာပြီး ပြောလိာ့်သည်။ “အရှင်... လူတိုင်းမှာ ကိုယ်ပိုင် အဆုံးသတ်တွေ ရှိကြပါတယ်။ တချို့က အသက်အရွယ် ကြီးရင့်ချိန်ကို အေးချမ်းစွာ ဖြတ်သန်းပြီး သားမြေးတွေ ဝန်းရံနေတဲ့ကြားမှာ ပျော်ရွှင်စွာ မျက်စိမှိတ် သွားကြတယ်။ တချို့ကတော့ စစ်မြေပြင်မှာ ကျဆုံးပြီး မရေမတွက်နိုင်တဲ့ လူတွေရဲ့ လွမ်းဆွတ်မှုတွေနဲ့အတူ ထွက်ခွာသွားကြတယ်။
တကယ်တော့ အားလုံးက ကောင်းမွန်တဲ့ အဆုံးသတ်တွေပါပဲ။ လူဆိုတာ သေချာပေါက် သေရမှာပါပဲ၊ အဓိကက တန်ဖိုးရှိရှိ သေဆုံးဖို့ပါပဲ။ အင်ပါယာ စစ်သည်တိုင်းက သူတို့ဟာ အရှင့်ရဲ့ ဘုရင်ရာထူး အတွက် တိုက်ပွဲဝင်နေတာ မဟုတ်ဘူး၊ အရှင့်ရဲ့ ကိုယ်ပိုင် အာဏာ အတွက် တိုက်ပွဲဝင်နေတာ မဟုတ်ဘူး ဆိုတာကို သိကြပါတယ်။
အင်ပါယာရဲ့ ယဉ်ကျေးမှုအတွက် တိုက်ပွဲဝင်နေတာ၊ လောကကြီးရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်နေတာ ဆိုတာကို သိကြပါတယ်။ လူအများအပြားက ဒီစကားကို ပါးစပ်ကနေ အော်ပြောနေကြပြီး အရမ်း ဟန်ဆောင်ကောင်းသလို ဖြစ်နေပေမယ့် ဒီတစ်ကြိမ်မှာတော့ ကျွန်မတို့က တရားမျှတမှုအတွက် တကယ် တိုက်ပွဲဝင်နေတာပါ၊ သေရကျိုး နပ်ပါတယ်။”
ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်သော်လည်း စကားမပြောခဲ့ပေ။
“အရှင်... ကျွန်မတို့က သုံ့ပန်း တစ်သိန်းနီးပါးကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ကို ယွင်ပြည်နယ်ကို ပြန်ခေါ်သွားပါမယ်။ ဒီလူ အများစုက အရင်က တာ့ကျိုး ရေတပ်က လူတွေ၊ အရင်က တာယင် အင်ပါယာရဲ့ ပင်လယ်ဓားပြတွေ၊ တာ့ကျိုးရဲ့ ပင်လယ်ဓားပြတွေနဲ့ စီးမိသားစုရဲ့ ရေတပ်က လူတွေပါ။”
ကျီးယန်က ဆက်ပြော၏။ “ဒါက ယဉ်ကျေးမှု စစ်ပွဲ တစ်ခု ဖြစ်နေမှတော့ ကျွန်မတို့က အကြမ်းဖက် စစ်ပွဲကိုပဲ လုပ်ဆောင်နေလို့ မရပါဘူး၊ လူတွေရဲ့ စိတ်နှလုံးကို သိမ်းပိုက်တဲ့ စစ်ပွဲကိုလည်း လုပ်ဆောင်ရပါမယ်။ တိုးတက်မှု ဆိုတာ ဘာလဲ၊ ယဉ်ကျေးမှု ဆိုတာ ဘာလဲ ဆိုတာကို သူတို့ကို ကျွန်မတို့ ပြသရပါမယ်။”
“ကောင်းပြီ။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။
ခဏအကြာတွင် ယခင် ကျိန့်ဟိုင် မြို့စား စီးပြန်း သည် ယွင်ကျုံးဟဲ့၏ ရှေ့သို့ ရောက်ရှိလာ၏။
သူသည် ယွင်ကျုံးဟဲ့ကို မြင်ချိန်မှာတော့ အနည်းငယ် အံ့ဩသွား၏။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့၏ အပြောင်းအလဲက တကယ်ကို ကြီးမားလွန်းလှသည်။
ပထမဆုံး အနေဖြင့် အလွန် ချောမော လှပလာပြီး လူငယ်ဆန်လာသည်။ အဓိက အချက်မှာ စိတ်ပိုင်းဆိုင်ရာ အငွေ့အသက်၊ မင်းမျိုးမင်းနွယ် အငွေ့အသက်၊ ခန့်ညားထည်ဝါမှု၊ ငြိမ်းချမ်းမှုများပင် ဖြစ်၏။
ယခင်က သူ မြင်တွေ့ခဲ့ဖူးသော ယွင်ကျုံးဟဲ့သည် ဝဝကစ်ကစ် ပုံစံလေး ဖြစ်ပြီး အောက်ယွီ ကဲ့သို့ အန္တရာယ် ကင်းမဲ့သော ပုံစံ ပေါက်နေသော်လည်း ထိုအချိန်က ယွင်ကျုံးဟဲ့၏ အကြည့်များသည် တကယ်တမ်းတွင် ရက်စက်ပြီး စိတ်ပိုင်းဆိုင်ရာ အငွေ့အသက်များက တကယ်တမ်းတွင် အစွန်းရောက်နေခဲ့သည်။
ခဏမျှ ရုန်းကန်ပြီးနောက် စီးပြန်း ဒူးထောက်လိုက်ကာ ပြောလိုက်၏။ “အပြစ်သား... အရှင်မင်းကြီးကို အရိုအသေပေးပါတယ်။”
“ထပါ...”
ယွင်ကျုံးဟဲ့ ရှေ့တိုးသွားကာ သူ့ကို ထူမပြီး ပြောလိုက်သည်။ “တာ့ယန် အင်ပါယာမှာ ဒူးထောက်တဲ့ ယဉ်ကျေးမှု ထုံးစံကို ဖျက်သိမ်းလိုက်ပါပြီ။ အမတ်ကြီးစီး... မတွေ့ရတာ ကြာပြီနော်။”
စီးပြန်းက အက်ကွဲသော အသံဖြင့် ပြော၏။ “အရှင်မင်းကြီး... မတွေ့ရတာ ကြာပါပြီ။”
နှစ်ဆယ်နီးပါး မတွေ့ခဲရချေ။ အဘယ်ကြောင့်ဆိုသော် ယွင်ကျုံးဟဲ့သည် ထျန်းယန် ဧကရာဇ်၏ ဆေးခတ်ခံရကာ အိပ်မောကျသွားပြီးနောက်ပိုင်း စီးပြန်းကို လုံးဝ မတွေ့ခဲ့ရတော့သောကြောင့် ဖြစ်သည်။
ပြန်နိုးလာပြီးနောက် သူက ထျန်းယန် ဧကရာဇ်ကို သတ်ပစ်ခဲ့သည်။ ထိုအချိန်က စီးပြန်း သည် တာ့ကျိုး မြို့တော်တွင် လုံးဝ မရှိခဲ့ပေ။
ပြောရမည်ဆိုလျှင် ယွင်ကျုံးဟဲ့သည် စီးပြန်း၏သားကို သတ်ခဲ့သူ ဖြစ်သော်လည်း ယခုအခါ ဤအမုန်းတရား များသည် တိမ်လွှာများထက်သို့ လွင့်စင်သွားခဲ့ပြီ ဖြစ်သည်။
စီးပြန်းက ခွင့်လွှတ်တတ်လာခြင်း မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများက အလွန် ကြီးမားလွန်းသောကြောင့် ဖြစ်၏။
သူသည် အရင်ဆုံး ဝမ်ယွင် ဧကရာဇ် ဘက်တွင် ရပ်တည်ကာ ပုန်ကန်မှု ပြုလုပ်ခဲ့သော်လည်း ယွင်ကျုံးဟဲ့နှင့် ကျိုးလီတို့က လီဟွာမေ၏ ရေယာဉ်စုကို ငှားရမ်းကာ နှိမ်နင်းခဲ့၏။ ထို့နောက် စီးပြန်း သည် ဘွဲ့ထူး ရုပ်သိမ်းခံရပြီး မိသားစု အခြေခံ အုတ်မြစ်များ ခွဲဝေခံလိုက်ရသည်။
သို့ပေမည့် မကြာမီမှာပင် ထျန်းယန် ဧကရာဇ်က အိမ်ရှေ့မင်းသား ကျိုးလီ နှင့် ယွင်ကျုံးဟဲ့တို့ကို အကွက်ဆင် ချောက်ချခဲ့သောကြောင့် ယခင်က ယွင်ကျုံးဟဲ့နှင့် ဆန့်ကျင်ခဲ့သူများ ပြန်လည် အင်အားကောင်းလာခဲ့၏။
ထိုအထဲတွင် စီးပြန်း လည်း အပါအဝင် ဖြစ်ကာ သူသည် မြို့စား ပြန်ဖြစ်လာခဲ့၏။ ထို့နောက် ထျန်းယန် ဧကရာဇ် သေဆုံးသွားပြီး တာ့ကျိုး အင်ပါယာ ပျက်စီးသွားခဲ့သည်။
စီးပြန်းသည် တာ့ကျိုး တောင်ပိုင်း စောင့်ရှောက်သူနှင့်အတူ ပုန်ကန်မှု ပြုလုပ်ကာ တာယင် အင်ပါယာကို ဆန့်ကျင်ခဲ့သည်။ သို့ပေမည့် တကယ်တမ်းတွင် ထိုအချိန်က သူသည် တာယင် အင်ပါယာ၏ သိမ်းသွင်းခြင်းကို ခံခဲ့ရပြီးသားဖြစ်ပြီး တာ့ကျိုး တောင်ပိုင်း စောင့်ရှောက်သူကို ချက်ချင်း သစ္စာဖောက်ခဲ့၏။
ဤတစ်ကြိမ်တွင် ချမ်းသာကြွယ်ဝမှုနှင့် ဂုဏ်ကျက်သရေများ ရရှိမည်ဟု ထင်မှတ်ထားခဲ့သော်လည်း နောက်ပိုင်းတွင် တာယင် ဧကရာဇ် သည် တာရှန်းမိစ္ဆာနိုင်ငံ၏ ဧကရာဇ် ဖြစ်သွားခဲ့သည်။
လောက တစ်ခွင်လုံး ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လန်မတတ် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး သူ၏ အခြေခံ အုတ်မြစ်များ အားလုံး အလုယူခံလိုက်ရကာ ပြန်လည် ခုခံနိုင်စွမ်း အနည်းငယ်မှ မရှိခဲ့ပေ။
သူ၏ မိသားစုဝင် အများစုလည်း သေဆုံးသွားခဲ့ပြီး သူသည်လည်း ကျင်းဝူရွှမ်း၏ အိမ်တော် အမတ် တစ်ယောက် ဖြစ်သွားခဲ့သည်။ ဤမျှ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာပြီးနောက် စီးကွမ်၏ သေဆုံးမှုမှာ အရေးမပါတော့ပေ။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အခု တာရှန်း မိစ္ဆာနိုင်ငံက ခွဲဝေ အုပ်ချုပ်တဲ့ စနစ်လား။”
စီးပြန်းက ဖြေ၏။ “ဟုတ်ပါတယ် အရှင်မင်းကြီး... ချင်ဝမ် ကိုးယောက်၊ မြို့စား ရှစ်ဆယ့်တစ်ယောက် ရှိပါတယ်။ မြို့စား တစ်ယောက်စီဟာ ဒီနယ်မြေပေါ်က ဘုရင်တွေပါပဲ။ ကျင်းဝူရွှမ်းဟာ စီးမိသားစု ကျွန်းဆွယ်နဲ့ တောင်ပိုင်း ပြည်နယ် လေးခုစလုံးကို ပိုင်ဆိုင်ပါတယ်။ သေချာပေါက် သူက မြို့စား ဖြစ်ပေမယ့် အင်ပါယာ တစ်ခုလုံးမှာ ဩဇာအာဏာ အကြီးဆုံး မြို့စား သုံးယောက်ထဲမှာ ပါဝင်ပါတယ်။”
ယွင်ကျုံးဟဲ့က ထပ်မေးသည်။ “တာရှန်း မိစ္ဆာနိုင်ငံ သွေးကြော ရှိသူတွေမှပဲ မှူးမတ်တွေနဲ့ နယ်စားပယ်စားတွေ ဖြစ်ခွင့် ရှိတာလား။”
စီးပြန်းက ဖြေ၏။ “ဟုတ်ပါတယ်။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို တာရှန်း မိစ္ဆာနိုင်ငံ တစ်ခုလုံးက မှူးမတ်တွေ အားလုံးဟာ အရင်က ပိုင်ယင် မြို့က အဖွဲ့ဝင်တွေ၊ ဒါမှမဟုတ် တာယင် ဧကရာဇ် ရဲ့ လက်အောက်ခံ မိစ္ဆာနိုင်ငံ သိုင်းသမားတွေပဲလား။”
စီးပြန်းက ဖြေလိုက်၏။ “အဲဒီလို မဟုတ်ပါဘူး။ အရှင်ဧကရာဇ်ဟာ အရှေ့ဘက်လောကကို သိမ်းပိုက်ပြီးနောက်မှာ နက္ခတ်ဗေဒင် ကိန်းဂဏန်းတွေလို များပြားလှတဲ့ လူအင်အားကို အသုံးပြုပြီး ကျိန်စာတိုက်ခံထားရတဲ့ နယ်မြေ သုံးခုကို တူးဖော်ခဲ့ပါတယ်။ အဲဒီအထဲမှာ အမှောင်မိစ္ဆာမျှော်စင်တွေ ရှိပါတယ်။
ကျိန်စာတိုက်ခံထားရတဲ့ နယ်မြေထဲ ဝင်သွားပြီး မသေဘဲ အသွင်ပြောင်းနိုင်တဲ့ သူတွေဟာ တာရှန်း မိစ္ဆာနိုင်ငံရဲ့ သွေးကြောကို အလိုအလျောက် ပိုင်ဆိုင်သွားပါတယ်။ အမှောင် မိစ္ဆာ မျှော်စင်ထဲ ဝင်ပြီး လေ့ကျင့်နိုင်ကာ ထပ်မံ အသွင်ပြောင်းနိုင်သူတွေဟာ တာရှန်း မိစ္ဆာနိုင်ငံ ရဲ့ သိုင်းသမားတွေ ဖြစ်လာပါတယ်။ မှူးမတ်တွေ အားလုံးဟာ အဆင့်မြင့် သိုင်းသမားတွေ ဒါမှမဟုတ် ယဇ်ပုရောဟိတ်တွေကနေ ပေါ်ထွက်လာတာပါ။”
‘ဒီပုံစံက ဟေးယန် အင်ပါယာဘက်နဲ့ တကယ်ကို အတူတူပဲ။ ဒါပေမဲ့ ဒီဧကရာဇ်ကြီးက ပိုကြီးမားတဲ့ ကျိန်စာတိုက်ခံထားရတဲ့ နယ်မြေတွေ၊ ပိုမို အဆင့်မြင့်တဲ့ အနက်ရောင် ပိရမစ်တွေကို တူးဖော်နိုင်ခဲ့တာပဲ ကွာခြားတယ်။’
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ခင်ဗျား ကျိန်စာတိုက်ခံထားရတဲ့ နယ်မြေထဲ မဝင်ခဲ့ဘူးလား။ အသွင်ပြောင်းဖို့ မကြိုးစားခဲ့ဘူးလား။”
စီးပြန်း သက်ပြင်းချကာ ဖြေလိုက်၏။ “ကျုပ်က အသက်ကြီးနေပါပြီ။ ကျုပ် မိသားစုက လူရာပေါင်းများစွာ သွားခဲ့ပေမယ့် အားလုံးနီးပါး သေကုန်ပါပြီ။ အသွင်ပြောင်းတာက ကိုးဆယ် ရာခိုင်နှုန်း သေရတာပါ။”
ယွင်ကျုံးဟဲ့က မြေပုံ တစ်ချပ်ကို ထုတ်ပြကာ မေးလိုက်သည်။ “ဒါက တာရှန်း မိစ္ဆာနိုင်ငံရဲ့ နယ်မြေ မြေပုံလား။”
ဤမြေပုံပေါ်တွင် အရှေ့ဘက် တိုက်ကြီး တစ်ခုလုံးနှင့် အလယ်ပိုင်း တိုက်ကြီး တစ်ခုလုံးသည် တာရှန်း မိစ္ဆာနိုင်ငံ၏ နယ်မြေများ ဖြစ်နေ၏။
တာ့ကျိုး အင်ပါယာ၊ တာယင် အင်ပါယာ၊ တာရှ အင်ပါယာ၊ မြောက်ပိုင်း လူရိုင်း နယ်မြေများ၊ အနောက်ဘက် ဒေသ နိုင်ငံများ၊ တာရှီ အင်ပါယာ စသည်တို့ အားလုံး ပါဝင်သည်။
ယွင်ကျုံးဟဲ့ အကြမ်းဖျင်း တွက်ချက်ကြည့်ရာ စုစုပေါင်း အကျယ်အဝန်းမှာ စတုရန်း ကီလိုမီတာ နှစ်ဆယ့် ခုနစ်သန်းခန့် ရှိမည်ဟု ခန့်မှန်းရ၏။
“ဒါတင် မကသေးပါဘူး။”
စီးပြန်းက ပြောလိုက်သည်။ “ဒီနေရာ၊ အရှေ့ဘက် ပင်လယ်ပြင်က ကျွန်းပေါင်း ဆယ်ဂဏန်းကျော်နဲ့ ဒီရွှေရောင်တိုက်ကြီးတွေ အားလုံးက တာရှန်း မိစ္ဆာနိုင်ငံရဲ့ နယ်မြေတွေပါ။”
‘ချီးတဲ့မှ... စုစုပေါင်း အကျယ်အဝန်းက သုံးဆယ့်ခုနစ်သန်း ကျော်သွားပြီလား။ ဒီရွှေရောင်တိုက်ကြီး တစ်ခုတည်းကတင် စတုရန်း ကီလိုမီတာ သန်းဂဏန်းလောက် ရှိနေပြီလေ။’
“ရွှေရောင်တိုက်ကြီး ဆိုတာက ဘယ်လိုနေရာမျိုးလဲ။” ယွင်ကျုံးဟဲ့က မေးလိုက်၏။
စီးပြန်းက ဖြေလိုက်သည်။ “ဒါက တာရှန်း မိစ္ဆာနိုင်ငံရဲ့ သတ္တုတွင်းပါ။ အမျိုးအစားစုံလင်တဲ့ သတ္တုတွင်းတွေ ရှိပြီး အားလုံးက အကောင်းဆုံး သတ္တုတွင်းတွေချည်းပါပဲ။ တိုက်ရိုက် ကောက်ယူရုံနဲ့တင် မကုန်နိုင်ပါဘူး။ အထူးသဖြင့် ရွှေဆိုရင် ပမာဏက အံ့မခန်းပါပဲ။”
ယွင်ကျုံးဟဲ့က ထပ်မေး၏။ “ဒီနေရာက မိစ္ဆာမြို့တော် လား။”
သူက ရိုလန်ဘုရင်နိုင်ငံနှင့် မိုင်ထောင်ချီ ကွာဝေးသော သဲကန္တာရ တစ်ခုကို လက်ညှိုးထိုးပြလိုက်၏။ ထိုနေရာသည် ယွင်ကျုံးဟဲ့က နုဧကရာဇ်၏ တကယ့် သင်္ချိုင်းဂူ တည်နေရာကို ရှာဖွေတွေ့ရှိခဲ့ပြီး တာယင် ဧကရာဇ်ကို အကွက်ဆင် ချောက်ချခဲ့ရာမှ သူ့ကို အသွင်ပြောင်းသွားစေခဲ့သည့် နေရာပင် ဖြစ်သည်။
ဤပိရမစ်ကို ယွမ်ထျန်းရှဲ့ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အရေးမပါသော ပိရမစ် တစ်ခုဟု ထင်မှတ် ထားခဲ့သော်လည်း အမှောင် ပိရမစ်များထဲမှ တစ်ခု ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သို့ပေမည့် အဘယ့်ကြောင့် ၎င်းတွင် အသွင်ပြောင်းစေနိုင်သည့် အာနိသင် မရှိရသနည်း။ သာမန် သင်္ချိုင်းဂူ တစ်ခုနှင့်သာ တူနေသည်။
“ဟုတ်ပါတယ်။”
စီးပြန်းက ဖြေ၏။ “ဒါက မိစ္ဆာမြို့တော်ပါပဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒီမြို့က ဘယ်လိုနေလဲ။”
စီးပြန်းက ဖြေ၏။ “ဖော်ပြလို့ မရနိုင်ပါဘူး။ ကောင်းကင်ယံက မြို့၊ မကောင်းဆိုးဝါးတွေရဲ့ မြို့ပါ။ အရှင်ဧကရာဇ်ဟာ လူအင်အား သန်းဆယ်ဂဏန်းကျော်ကို အသုံးပြုပြီး တူးဖော် တည်ဆောက်ထားတဲ့ လောကမှာ တစ်ခါမှ မရှိဖူးတဲ့ မြို့ကြီးပါ။ ဘယ်သူမဆို အိပ်မက်ထဲမှာတောင် မမြင်မက်နိုင်တဲ့ မြို့ကြီးပါ။ ဘယ်သူမဆို အစွမ်းကုန် စိတ်ကူးယဉ်ရင်တောင် စိတ်ကူးယဉ်လို့ မရနိုင်တဲ့ မြို့ကြီးပါ။”
ယွင်ကျုံးဟဲ့ သံသယ ဖြစ်သွားသည်။
စီးပြန်းက ဆက်ပြော၏။ “သေချာပေါက် ကျုပ် မမြင်ဖူးပါဘူး၊ ကျုပ် မရောက်ဖူးပါဘူး။ တာရှန်း မိစ္ဆာနိုင်ငံရဲ့ မြို့စားတွေမှသာ မိစ္ဆာမြို့တော်ကို သွားရောက်ခွင့် ရှိတာပါ။ တခြား ဘယ်သူမဆို အမိန့် မရဘဲ မိစ္ဆာမြို့တော် နယ်မြေထဲ ဝင်သွားတာနဲ့ သေချာပေါက် သေရမှာပါ။ ပြီးတော့ မိစ္ဆာမြို့တော်နဲ့ မိုင်နှစ်ထောင် အကွာကစပြီး တားမြစ်နယ်မြေ ဖြစ်နေပါပြီ၊ ဘယ်သူမှ ဝင်ခွင့် မရှိပါဘူး။”
ယွင်ကျုံးဟဲ့ မြေပုံကို ကြည့်လိုက်ရာ ဤစတုရန်း ကီလိုမီတာ လေးသန်းကျော် အကျယ်အဝန်းကို တားမြစ်နယ်မြေ အဖြစ် သတ်မှတ်ထားကြောင်း တွေ့လိုက်ရ၏။ မိစ္ဆာမြို့တော်သည် လောကတွင် လျှို့ဝှက် အဆန်းကြယ်ဆုံး နေရာ ဖြစ်လာခဲ့ပြီ ဖြစ်သည်။