အခန်း ၃၄
Vol. 4 Ch. 34
အခန်း ၃၄။ လေလွင့်သူခိုး ကိုယ်ဖော့သိုင်းကွက်
နေမင်း၏ အလင်းတန်းများ တောက်ပစွာ ဖြာကျနေသည့် နံနက်ခင်းတွင် လျူကျင်းနှင့် အဘိုးအိုကျန်းတို့သည် အရှေ့ဘက်ဆိပ်ကမ်းမြို့ပြင်သို့ အတူတကွ လှမ်းထွက်လာခဲ့ကြသည်။ ထုံးစံအတိုင်းပင်... သူတို့ သားအဖနှစ်ဦး ဆေးဘက်ဝင်သစ်ဥသစ်ဖုများ ရှာဖွေစုဆောင်းရန် ထွက်ခွာလာခြင်း ဖြစ်ပေသည်။ လျူကျင်းအဖို့မူ... ယခုခရီးစဉ်သည် လဆန်းမြို့တော် ၌ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ပေါင်းစုံကို ဆရာကြီးနှင့် သေသေချာချာ တိုင်ပင်ဆွေးနွေးခွင့်ရမည့် အဖိုးတန် အခွင့်အရေးတစ်ခု ဖြစ်နေတော့သည်။
"အိုးဟိုး... ကြည့်ရတာ မင်းရဲ့ လဆန်းမြို့တော် ခရီးစဉ်က တကယ့်ကို စိတ်ဝင်စားစရာ အတွေ့အကြုံတွေနဲ့ ပြည့်နှက်နေခဲ့တာပဲပေါ့..."
'စိတ်ဝင်စားစရာ' ဟူသော စကားလုံးမှာ ဆရာကြီးဘက်က အခြေအနေကို ခပ်ပေါ့ပေါ့ သုံးနှုန်းလိုက်ခြင်းမျှသာ ဖြစ်သည်။ အကယ်၍သာ လျူကျင်းသည် မိမိကိုယ်ကိုယ် ကောင်းကောင်းမထိန်းချုပ်နိုင်သော စိတ်လိုက်မာန်ပါ လူငယ်တစ်ဦးဆိုပါက အဘိုးကြီး၏ စကားကြောင့် နှာခေါင်းရှုံ့မိလောက်ပေသည်။ သို့သော်လည်း သူက ဘာမှပြန်မပြောဘဲ ငြိမ်သက်စွာဖြင့်သာ ဆရာကြီးထံမှ ထွက်ပေါ်လာမည့် အဆုံးအဖြတ်ကို စောင့်ဆိုင်းနေမိသည်။ သို့သော်... ဆရာကြီးထံမှ မည်သည့်အပြစ်တင်သံမျှ ထွက်ပေါ်မလာခဲ့ချေ။
"ဆရာကြီး..."
တိတ်ဆိတ်မှုက ကြာရှည်လွန်းလှသဖြင့် လျူကျင်းကပဲ စတင်၍ လေသံတိုးလေးဖြင့် မေးခွန်းထုတ်လိုက်သည်။
"ကျွန်တော့်အပေါ်ကို... ဆရာကြီး နည်းနည်းမှ စိတ်မပျက်မိဘူးလားဟင်..."
အဘိုးအိုကျန်းက လျူကျင်းအား ကမ္ဘာပေါ်တွင် အမိုက်မဲဆုံး စကားတစ်ခွန်းကို ပြောလိုက်သည့်အလား ဆန်းကြယ်စွာ စိုက်ကြည့်ရင်း
"နေပါဦး... ငါက ဘာဖြစ်လို့ မင်းအပေါ် စိတ်ပျက်ရမှာလဲကွ..."
"ဆရာကြီး သင်ပေးတဲ့ ဆေးပညာကို တလွဲအသုံးချမိလို့လေ.."
လျူကျင်းသည် သူ့စိတ်ထဲမှ အပြစ်မကင်းစွာ ခံစားရပုံကို ထုတ်ပြောလာခဲ့သည် ။
"ကျွန်တော် အဲ့ပညာရပ်တွေကို မမှန်မကန် အသုံးချမိခဲ့တယ်ဗျ..."
ဝက်ဝံနက်ဓားပြအဖွဲ့ ၏ ပဉ္စမမြောက် ခေါင်းဆောင်နှင့် အသက်လု တိုက်ခိုက်ခဲ့ရစဉ်က... လျူကျင်းသည် သူတတ်မြောက်ထားသော လူသားတို့၏ သွေးကြောပိတ် သည့် အချက်အခြာနေရာ အသိပညာများကို လူနာအား ကုသရန်အတွက် မဟုတ်ဘဲ၊ ရန်သူကို အလဲထိုး ချေမှုန်းရန်အတွက်သာ အသုံးချခဲ့ခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်၌ ဆေးပညာဖြင့် အသက်ကယ်ရန်ဟူသော အတွေးမှာ သူ၏ဦးနှောက်ထဲ၌ အဝေးဆုံးသို့ လွင့်စင်ပျောက်ကွယ်နေခဲ့သည်ဟူသော အရှိတရားကို ဝန်ခံရသည်မှာ သူ့အတွက် တကယ့်ကို ရှက်ဖွယ်ရာ ကောင်းလှချေ၏။
"ဒါတွေ ခေါင်းထဲထည့်မနေပါနဲ့ကွာ..."
အဘိုးအိုကျန်းက ဘာမှမဟုတ်သည့်အလား လက်ဝါးကို ဝေ့ယမ်းကာ ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်လိုက်သည်။
"ငါ မင်းကို သင်ပေးခဲ့တဲ့ ပညာတွေက အခုဆို မင်းအပိုင် ဖြစ်နေပြီပဲ။ အဲဒီပညာတွေကို ဘယ်လိုအချိန်မှာ ဘယ်လိုသုံးမလဲဆိုတာ မင်းရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ ဖြစ်ရမယ်။ သူများ ထိန်းချုပ်မှုအောက်မှာ ရှိမနေစေနဲ့။ တကယ်လို့ မင်းက လူတွေကို ကယ်ဖို့ သုံးချင်လဲ ရတာပဲ၊ ဒါမှမဟုတ် ရန်သူတွေကို ရှင်းပစ်ဖို့ တိုက်ပွဲတွေထဲမှာ သုံးချင်လဲ ရတာပဲလေ။ ငါ့အတွက် အဓိက အရေးကြီးတာက... မင်း ဒီပညာတွေကို သေသေချာချာ တတ်သွားဖို့နဲ့ အချိန်တန်ရင်... မင်း စိတ်ချယုံကြည်ရတဲ့ ထိုက်တန်သူတစ်ယောက်ယောက်ဆီ ပြန်ပြီး လက်ဆင့်ကမ်းပေးနိုင်ဖို့ပဲ..."
ဆရာကြီး၏ စကားကြောင့် လျူကျင်းတစ်ယောက် စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ဖွင့်ဟပြောဆိုချင်သည့် စကားလုံးပေါင်းများစွာ ရှိနေသော်လည်း ဆရာကြီးကျန်းက သူ့အား စကားပြောခွင့်မပေးဘဲ ဆက်လက်၍ ဆိုလာခဲ့သည်။
"မင်းကို အပြစ်တင်ဖို့ဆိုတာ ငါ့စိတ်ထဲမှာ အဝေးကြီးပါ တပည့်ရာ။ အဲဒါထက်... မင်း အသက်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ အရေးကြုံချိန်မှာ ငါသင်ပေးထားတဲ့ ဒီလျှို့ဝှက်သိုင်းကွက်ကို အောင်အောင်မြင်မြင် ထုတ်သုံးနိုင်ခဲ့လို့ ငါတောင် ဝမ်းသာမိသေးတယ်။"
"ဒါက... ကြက်ကန်း ဆန်အိုးတိုးတာပါ ဆရာကြီးရာ"
လျူကျင်းက မိမိ၏ စွမ်းဆောင်ရည်ကို အမွှမ်းမတင်ဘဲ ရိုးရိုးသားသားဖြင့်သာ လျှောက်တင်လိုက်သည်။
"ဒါပေမဲ့... ကျွန်တော် ရန်သူနဲ့ ချနေတုန်း 'လေလွင့်သူခိုး ကိုယ်ဖော့သိုင်းကွက် ကို ထုတ်သုံးခဲ့မိတာကတော့ အမှန်ပဲ ဆရာကြီး..."
"ဝက်ဝံနက်ဓားပြဂိုဏ်း၏ ပဉ္စမမြောက်ခေါင်းဆောင်နှင့် အသက်လုတိုက်ခဲ့ရသည့် အဖြစ်ကို ပြန်တွေးမိတိုင်း လျူကျင်းတစ်ယောက် ကြက်သီးတဖြန်းဖြန်း ထသွားရသည်ကို မနည်းထိန်းလိုက်ရသည်။ အမှန်အတိုင်းဆိုလျှင် ထိုသိုင်းကွက်က သူ့ကို တိုက်ပွဲတွင် အပြတ်အသတ် အနိုင်မရစေခဲ့သော်လည်း... ထိုအခိုက်အတန့်၌သာ ဤသိုင်းကွက်ကို မထုတ်သုံးနိုင်ခဲ့ပါက ယခုအချိန်တွင် သူ သေလူဖြစ်နေလောက်ပြီမှာ မြေကြီးလက်ခတ်မလွဲပေ။"
"ဒါပေမဲ့... အဲဒီလို ကံကောင်းတာနဲ့ ယှဉ်ရင်တော့ အခုထိ ဒီတပည့် ခန္ဓာကိုယ်ထဲမှာ ချီအပ်က ကိုးချောင်းတောင် ရှိသေးတယ် ဆရာကြီး..."
ဆရာကြီးကျန်း မှ သူ့အား ကိုးခေါင်းမြွေနတ်ဘုရားထံ ခေါ်ဆောင်သွားခဲ့သည့်နေ့မှစ၍ လျိုကျင်းသည် ခန္ဓာကိုယ်တွင်းရှိ အဆိပ်ကို ထိန်းချုပ်ရန် အပ်စိုက်ကာ ချီ စီးဆင်းမှုကို ပြောင်းလဲခဲ့ရသည်။ ဤနည်းလမ်းက သူ့ကို အဆိပ်ဘေးမှ ကာကွယ်ပေးထားသော်လည်း တစ်ဖက်တွင်မူ ကျင့်ကြံမှုကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။ ထိုကံဆိုးမိုးမှောင်ကျသည့် ညကတည်းက သူ၏ကျင့်စဉ်မှာ တစ်လှမ်းမျှပင် တိုးတက်မလာတော့ပေ။
အချိန်ကြာလာသည်နှင့်အမျှ ထိန်းချုပ်နိုင်စွမ်း တိုးတက်လာသဖြင့် ခန္ဓာကိုယ်ထဲမှ အပ်အချို့ကို ဖယ်ရှားနိုင်ခဲ့ရာ လက်ရှိတွင် ကိုးချောင်းသာ ကျန်တော့သည်။ သို့သော်လည်း ဤနှုန်းအတိုင်းဆိုလျှင် သုံးနှစ်ပြည့်သည့်တိုင် အပ်အားလုံးကို ဖယ်ရှားနိုင်မည်မဟုတ်သည်မှာ သေချာသလောက်ပင်။
“ဒါကတော့ ဖြစ်သင့်တာပါပဲ”
ဆရာကြီးကျန်းသည် သိပ် စိတ်ပူပုံမပြဘဲ သူ့ကိုလှမ်း ပြောလိုက်လေသည်။
“ဒီလိုအခြေအနေမျိုးမှာတောင် လေလွင့်သူခိုးကိုယ် ဖော့ သိုင်းကွက် ကို မင်း သုံးနိုင်ခဲ့တာက မင်းအရည်အချင်းကို ပြနေတာပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီကျင့်စဉ်ကို ဆက်ပြီး လေ့ကျင့်ဖို့တော့ မမေ့နဲ့ဦး။ ဖြစ်နိုင်ရင်တော့ ဒီနှစ်မကုန်ခင်မှာ ပထမအဆင့်ကို အခက်အခဲမရှိ သုံးနိုင်စေချင်တယ်”
လေလွင့်သူခိုးကိုယ် ဖော့ သိုင်းကွက်။
ဤသိုင်းကျင့်စဉ်၏ အမည်မှာ နားထောင်ရသည်မှာ တမျိုးကြီးဖြစ်နေသည် ။ သို့သော်လည်း လျိုကျင်းအနေဖြင့် ဤသိုင်းကွက်ကို မဖြစ်မနေ ကျွမ်းကျင်အောင် တတ်မြောက်ထားရန် အသက်တမျှ အရေးကြီးကြောင်း သူ၏ဆရာက အခိုင်အမာ မှာကြားခဲ့ဖူးသည်။
'ဒီသိုင်းကွက်က တကယ်ပဲ အရေးကြီးလို့လားဗျာ...'
စင်စစ်မူ'လေလွင့်သူခိုး ကိုယ်ဖော့သိုင်းကွက်' သည် ပဉ္စမတပ်မှူးနှင့် တိုက်ပွဲတွင် သူ၏အသက်ကို ကယ်တင်ပေးခဲ့သည်မှာ မှန်သော်လည်း ဆေးပညာနှင့် လုံးဝမသက်ဆိုင်ဘဲ ရွေ့လျားမှုသက်သက်သာ ဖြစ်ပြီး လိုအပ်သည်ထက် ပို၍ ရှုပ်ထွေးလွန်းလှသည်။ အကယ်၍ လျိုကျင်းသာ ကြိုးစားကြည့်မည်ဆိုပါက လဆန်းမြို့ငယ် သို့ သွားစဉ်က ရှောင်နန် ပြသခဲ့သည့် 'မြေလျှိုးသိုင်းကွက် ကိုရက်သတ္တပတ်အနည်းငယ် လေ့ကျင့်ရုံဖြင့် သုံးနိူင်လိမ့်မည်ဟု သူ သေချာပေါက် ယုံကြည်နေမိသည်။
အခြားတစ်ဖက်တွင်မူ လျိုကျင်းသည် ‘လေလွင့်သူခိုး ကိုယ်ဖော့သိုင်းကွက်’ ကို အပတ်တကုတ် လေ့ကျင့်ခဲ့သော်လည်း လပေါင်းများစွာကြာသည်အထိ ထူးထူးခြားခြား တိုးတက်မှု မရှိခဲ့ချေ။ အချိန်ယူ၍ အာရုံစိုက်လျှင် ထုတ်သုံးနိုင်သော်လည်း လျင်မြန်လှသော တိုက်ပွဲအတွင်း အသုံးချရန်မှာမူ အလွန် ရှုပ်ထွေးလွန်းလှသည်။ ထိုတိုက်ပွဲတုန်းက ဤသိုင်းကွက်ကို သူ မည်သို့များ ထုတ်ဖော်နိုင်ခဲ့ပါလိမ့်ဟုပင် ပြန်တွေးမိတိုင်း အံ့ဩနေရသည်။
'အဲဒါအရေးကြီးလို့လားကွ ...' ဆရာကြီးကျန်းက သူ့အားခပ်ဆတ်ဆတ် ငေါက်လိုက်သည်။
"ငါသင်ပေးတဲ့အထဲမှာ ဒီ ‘လေလွင့်သူခိုး ကိုယ်ဖော့သိုင်း’ က အရေးအကြီးဆုံးပဲ ကောင်စုတ်လေးရဲ့... သေချာမှတ်ထား။"
ထိုစကားကြောင့် လျိုကျင်းတစ်ယောက် ကြောင်အမ်းသွားပြီး ခြေလှမ်းမှားကာ ကျောက်တုံးတစ်ခုကို တိုက်မိ၍ လဲကျလုမတတ် ဖြစ်သွားရသည်။
'ဟမ် ….တကယ်လားခင်ဗျာ...' "
“သေချာစဉ်းစားကြည့်”
"ဆရာကြီးကျင်းက လက်ညှိုးတစ်ချောင်း ထောင်ပြကာ လေးနက်သောလေသံဖြင့် ဆက်ပြောလိုက်သည်။
“ငါ့လျှို့ဝှက်ချက်တွေကို ရဖို့အတွက် လူတွေအများကြီး အသက်ပေးပြီး လုကြလိမ့်မယ်လို့ မင်းကို ခဏခဏ ပြောခဲ့ဖူးတယ်။ တကယ်လို့ မင်းကို ငါသင်ပေးထားတယ်ဆိုတာ လူဆိုးတွေ သိသွားရင်၊ သူတို့က မင်းခေါင်းထဲက ပညာတွေကို ထုတ်ယူဖို့ ကြိုးစားကြလိမ့်မယ်။ မင်းကို ဖမ်းပြီး နှိပ်စက်ကြလိမ့်မယ်။ ဒါကြောင့်လည်း ‘လေလွင့်သူခိုး ကိုယ်ဖော့သိုင်း’ က အရေးကြီးတာပေါ့။ ငါ မင်းကို ဒီပညာသင်ပေးတာက အဲဒီလို ပညာလုမယ့်လူတွေဆီကနေ မင်း ပုန်းနိုင်အောင်လို့ပဲ။ တစ်နည်းပြောရရင် ‘လေလွင့်သူခိုး ကိုယ်ဖော့သိုင်း’ ဆိုတာ မင်းအသက်နဲ့ ငါ့ပညာကို ကာကွယ်ဖို့ပဲ။”
"လျိုကျင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။
“အဲ့သိုင်းကွက်က အဲ့လောက်တောင်စွမ်းတာလား ဆရာကြီးရာ..”
'သေချာတာပေါ့ဟ !' မိမိ၏အတွေးကို အလွယ်တကူ ရိပ်မိသွားသည့် ဆရာဖြစ်သူကြောင့် လျိုကျင်း အံ့ဩနေသည်ကို မြင်ရသောအခါ ဆရာကြီးကျင်းက
'ငါက သေခါနီး ဖြစ်နေပေမဲ့ မျက်စိကန်းနေတာတော့ မဟုတ်ဘူး' ဟု ဆိုလိုက်သည်။
ဆရာ၏ ကျန်းမာရေးအခြေအနေကို သတိရသွားမိသဖြင့် လျိုကျင်း မျက်နှာပျက်သွားရသည်။ သို့သော် ဆရာကြီးကျင်းကမူ ဂရုမစိုက်ဟန်ဖြင့် ဆက်ပြောသည်။
“‘လေလွင့်သူခိုး ကိုယ်ဖော့သိုင်း’ မှာ အဆင့်ခုနစ်ဆင့်ရှိတယ်။ အခုချိန်မှာ မင်းက ပထမအဆင့်ကိုတောင် ကပ်သီလေးပဲ ထုတ်သုံးနိုင်သေးတာ။ အဲဒါက ပြိုင်ဘက်ရဲ့ ချီစီးဆင်းမှုကို ကြည့်ပြီး သူတို့ရဲ့ မျက်ကွယ်ရာထဲကို ချော်ထွက်ဝင်သွားတဲ့ ပညာမျိုးပေါ့။ အရှိန်မြှင့်ပေးရုံတင်ရှိတဲ့ တခြားကိုယ်ဖော့သိုင်းတွေနဲ့ ယှဉ်ရင်တော့ ဒါက အတော်လေး ရှုပ်ထွေးတယ်ဆိုတာ မင်းသတိထားမိမှာပါ။”
လျိုကျင်း ခေါင်းငြိမ့်မိသည်။ သူနှင့် အဆင့်တူနီးပါးရှိသော ရှောင်ဒုန်း နှင့် တိုက်ခိုက်စဉ်ကပင် သူ ဤသိုင်းကွက်ကို ကောင်းမွန်စွာ မထုတ်ဖော်နိုင်ခဲ့ချေ။
'အစပိုင်းမှာတော့ ဒီကျင့်စဉ်က ပင်ပန်းရကျိုးမနပ်ဘူးလို့ ထင်ရနိုင်ပေမဲ့… ကိုင်း ရှုပ်တယ် ဒီမှာကြည့် ငါ ပြမယ် …”'
စကားအဆုံးတွင်ပင် သူ၏ဆရာသည် ရှေ့မှောက်မှ ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။
လျိုကျင်း မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း ဘေးပတ်လည်ကို အလျင်အမြန် လှည့်လည်ရှာဖွေမိသည်။ အရှေ့ပိုင်းဆိပ်ကမ်းမြို့ ပတ်ဝန်းကျင်ဒေသမှာ မြက်ခင်းပြင်ကျယ်များသာ ဖြစ်သော်လည်း ဆရာကြီးကျင်း၏ အရိပ်အယောင်ကို တစ်စွန်းတစ်စမျှပင် မမြင်ရတော့ချေ။"
လျိုကျင်းတစ်ယောက် လျှောက်ရှာကြည့်နေရင်း အနီးအနားရှိ လူအိုကြီးအား ဆရာကြီးကျင်းကို မြင်မိသလားဟု မေးရန် တွေးလိုက်သော်လည်း ထိုအတွေးမှာ စိတ်ထဲမှ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ထိုလူအိုကြီးကို အနှောင့်အယှက်ပေးရန် မလိုဟု ယူဆမိ၍ ဖြစ်သည်။
'ငါ ဒီမှာဟေ့…'
ထိုစကားသံနှင့်အတူ ထို လူအိုကြီးသည် သူ့ဆရာကြီးကျန်း အဖြစ်သို့ တစ တစ ပုံပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် လျိုကျင်းသည် ဆရာကြီးကျင်းကို ရှေ့မှောက်တွင် တစ်ဖန် ပြန်မြင်လိုက်ရသည်။ လျိုကျင်းတစ်ယောက် ရေခဲရေပုံးနှင့် လောင်းချခံလိုက်ရသလို ခံစားလိုက်ရပြီး ခဏတာမျှ မိမိဆရာကိုပင် မမှတ်မိနိုင်အောင် ဖြစ်သွားခဲ့သည်ကို ကိုယ်တိုင်ပင် မယုံကြည်နိုင် ဖြစ်မိတော့သည်။"
" 'အဲဒါပဲကွ...' ဆရာကြီးကျင်းက အောင်နိုင်သူအပြုံးဖြင့် ဆိုသည်၊
'အဆင့်ခုနစ်ဆင့်လုံးကို ကျွမ်းကျင်ပိုင်နိုင်သွားတဲ့အခါ ရလာမယ့် ရလဒ်ပဲ။ ငါ့ကို သတ်ဖို့ ကြိုးစားခဲ့တဲ့ လူတွေဆီကနေ ငါ ဘယ်လိုလွတ်မြောက်လာခဲ့တယ်လို့ မင်းထင်သလဲ။ ဧကရာဇ်နယ်ပယ် မှာ ရပ်တည်နေတဲ့သူတစ်ယောက်က လူတွေ သတိမထားမိဘဲ ဒီလောက်အချိန်ကြာကြာ ဘယ်လိုနေထိုင်နိုင်ခဲ့မယ်လို့ မင်းထင်သလဲ'
'အဲဒါကတော့...' လျိုကျင်း စကားလုံးရှာမရဘဲ အခက်တွေ့သွားရသည်။
'ဆရာကြီးက ချီ စွမ်းအင်ကိုပဲ ဖုံးကွယ်ထားတာလို့ ကျွန်တော် ထင်ခဲ့တာ။ ဆရာကြီးက... အဲဒီသိုင်းကွက်ကို သုံးနေတာပေါ့နော်'
'ငါ့ရဲ့ ချီကို ဖုံးကွယ်ထားရုံသက်သက်နဲ့တော့ ဒီလောက်အထိ ကောင်းကောင်းမွန်မွန် ပုန်းကွယ်နိုင်မှာ မဟုတ်ဘူး။ အဲဒီလိုသာ လုပ်ခဲ့ရင် ‘ယွန်းဂိုဏ်း’က ကောင်တွေငါ့ကို ရှာတွေ့သွားနိုင်လောက်တယ်' "
"မြို့ထဲတွင် အင်အားအကြီးဆုံးဖြစ်သည့် ထိုဂိုဏ်းအကြောင်းကို သူပြောဆိုလိုက်ပုံမှာ အထင်အမြင်သေးလှသည့် ဟန်ပန်မျိုး ဖြစ်သည်။ သို့သော်လည်း သူ့ဆရာမှာ ထိုသို့ပြောပိုင်ခွင့်ရှိလောက်အောင် တကယ်ပင် အင်အားကြီးမားလွန်းသူ ဖြစ်ပေသည်။
'ဒါပေမဲ့ မင်းပြောသလိုအတိအကျတော့မဟုတ်ဘူး ...' ဆရာကြီးကျင်းက ဆက်ပြောသည်။
'ငါ တစ်ချိန်လုံး အဆင့်ခုနစ်ကို သုံးနေခဲ့တာတော့ မဟုတ်ပါဘူး။ အဲဒီအဆင့်က ငါ့အတွက်တောင် ရှုပ်ထွေးလွန်းတယ်။ ငါပုန်းဖို့ဆို အဆင့်လေး လောက် သုံးရုံနဲ့တင် ရနေဘီကွ ..”'
သို့ဆိုပါကသူ့ဆရာသည် နေ့စဉ်ရက်ဆက် ဤသိုင်းကွက်ကို အမြဲအသုံးပြုနေခဲ့ခြင်းပေါ့။
အံ့ဩဖွယ် ကောင်းလှချေတည်း။
တကယ်ပင် လွန်စွာ အံ့ဩတုန်လှုပ်ဖွယ် ကောင်းလွန်းလှသည်။"
" 'ကျွန်တော် ဒီသိုင်းကွက်ကို ကျွမ်းကျင်အောင် အပတ်တကုတ် လေ့ကျင့်ပါ့မယ် ဆရာကြီး!' လျိုကျင်းက စိတ်အားထက်သန်စွာ ကတိပြုလိုက်သည်။
" 'ကောင်းပြီ၊ မင်းလည်း အဲဒီအတိုင်းသာ ကြိုးစားပါ။ ကဲ... အခု မင်းပြတဲ့အရာအကြောင်း ပြောရအောင်'
ဆရာကြီးကျင်းက သူ့သိုလှောင်အိတ်ထဲမှ ပုလင်းတစ်လုံး ထုတ်ယူသည်ကို လျိုကျင်း စောင့်ကြည့်နေမိသည်။ ၎င်းသည် ရှောင်ဟန် ၏ ခန္ဓာကိုယ်ထဲမှ ထွက်လာသည့် အမည်းရောင်အနှစ်ခဲ ထည့်ထားသော ပုလင်းပင် ဖြစ်သည်။ မနေ့ညကမှ ဆရာကြီးထံ အပ်ခဲ့ခြင်းဖြစ်သော်လည်း ထိုအရာအကြောင်း သေချာဆွေးနွေးရန် အချိန်မရခဲ့ချေ။ ပုလင်းပေါ်ရှိ အချိန်ထိန်းချုပ်မှုတံဆိပ် မှာ အသစ်တစ်ခု ဖြစ်နေသည်ကို မြင်ရသဖြင့် ဆရာကြီးကျင်း တစ်ခုခု စစ်ဆေးပြီးကြောင်း လျိုကျင်း ရိပ်မိလိုက်သည်။"
" အေး ငါဒါမျိုးမတွေ့ရတာ ကြာဘီကွ…”'
'ဟင် ဆရာကြီး... ဒါက ဘာလဲဆိုတာ သိပြီလားခင်ဗျာ'
လျိုကျင်းတစ်ယောက် သိလိုစိတ် အလွန်ပြင်းပြနေမိသည်။ လဆန်းမြို့ငယ် တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများသာ မရှိပါက သူသည် ထိုအမည်းရောင်အနှစ်ခဲကို စူးစမ်းရင်း ရက်ပေါင်းများစွာ အချိန်ကုန်ဆုံးနေမိမှာ အမှန်ပင်ဖြစ်သည်။
'ဒါက လူတစ်ယောက်ပဲကွ'
လျိုကျင်း တယောက်သူကြားရသည်ကို မယုံနိူင်ဖြစ်ကာ အချိန်များ ရပ်တန့်သွားသကဲ့သို့ ဖြည်းညင်းစွာဖြင့် မျက်တောင်ခတ်လိုက်မိသည်။
'ဗျာ... '
'လူတစ်ယောက်လို့ ပြောတာ' ဆရာကြီးကျင်းက ပုလင်းကို နေရောင်အောက် မြှောက်ပြရင်း ပြန်ပြောသည်။
'အတိအကျပြောရရင် လူတစ်ယောက် ‘ဖြစ်ခဲ့ဖူးတာ’ ပေါ့'
'ဘယ်လိုလုပ် အဲဒီလို ဖြစ်နိုင်မှာလဲ ခင်ဗျာ...' "
'" 'မင်းပြောတော့ ဒါက ကောင်လေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက ထွက်လာတာဆို မဟုတ်ဖူးလားကွ' ဆရာကြီးကျင်းက လျိုကျင်း အဖြေပေးသည်ကိုပင် စောင့်မနေဘဲ ဆက်ပြောသည်။
'ဒီကောင်လေးက သူ့အမေဗိုက်ထဲမှာ တယောက်ထဲမဟုတ်ဖူးကွ ..၊ အမွှာ ဖြစ်ဖို့များတယ်။ ဒါပေမဲ့ နောက်အမွှာတယောက်က သူ့အမေဗိုက်ထဲမှာတင်သေသွားတာဖြစ်မယ် …၊ အင်း ..အဲ့အတိုင်းပဲဖြစ်လိမ့်မယ်ကွ ….”
လျိုကျင်း၏ အကြည့်တို့က ထိုအမည်းရောင်အနှစ်ခဲဆီသို့ ဖြည်းညင်းစွာ ရောက်ရှိသွားသည်။ သွေးဆုတ်သွားသဖြင့် သူ၏ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားရတော့သည်။
'ဒါဆိုရင် အဲဒါက...'
သူ့ပါးစပ်မှ ထိုစကားကို ဆက်၍ ထုတ်ပြောရန်ပင် အားမရှိတော့ချေ။ တကယ်ကို ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
'ဒါကတော့ အဲဒီအမွှာပေါ့ကွ ..။ ဒါပေမဲ့ လူတောင်မဖြစ်သေးဘူးကွ .. ပုံမှန်ဆိုရင် သူက သေသွားရမှာ။ ဒါပေမဲ့ မသေခဲ့ဘူး။ ဦးနှောက်၊ နှလုံး ဒါမှမဟုတ် အဆုတ်ဆိုတာမျိုးတွေ တစ်ခါမှ မဖြစ်ပေါ်လာခဲ့ပေမဲ့ အသားစိုင်တစ်စိုင်အနေနဲ့ ဆက်ပြီး အသက်ရှင်နေခဲ့တာ။ တကယ်တော့ သူအသက်ရှင်စရာ တခြား ချီ အရင်းအမြစ်တစ်ခုသာ မရှိခဲ့ရင် သူ သေသွားလောက်ပြီ' "
“အဲဒီချီအရင်းအမြစ်ဆိုတာ ရှောင်ဟန် ပေါ့နော်” ဟု လျိုကျင်းက သက်ပြင်းချရင်း ပြောလိုက်သည်။
“မှန်တယ်ကွ ။ သူက သူ့အစ်ကိုရှောင်ဟန် ရဲ့ ခန္ဓာကိုယ်ထဲမှာပဲ တွယ်ကပ်ပြီး ကြီးထွားလာခဲ့တာ၊ အဲဒီလိုနဲ့ပဲ အသက်ဆက်ရှင်နေတာ” ဆရာကြီးကျင်းက ပြုံးလိုက်သည်။ “ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ အရာမျိုးကို မတွေ့ရတာ ကြာပြီ။”
“သူ့အတွက် တစ်ခုခုလုပ်ပေးလို့ ရနိုင်မလားဆရာကြီး?”ဟု လျိုကျင်းက ထိုအမည်းရောင်အသားစိုင်ကို အမြင်တစ်မျိုးဖြင့် ကြည့်ရင်း မေးလိုက်သည်။
“ကျွန်တော်တို့ သူ့ကို ကူညီပေးသင့်သလား ဆရာကြီး သူ အခု နာကျင်နေတာမျိုးတော့ မဟုတ်လောက်ပါဘူးနော် ?”
“ဟာ ..ဒီကောင်စုတ်လေးက တော့ မဟုတ်တာတေွတွေးပြန်ဘီ ” ဟု မဲ့တဲ့တဲ့ပြောရင်း ဆရာကြီးကျင်းက ခေါင်းခါလိုက်သည်။
" 'သူ့မှာ ခံစားချက်ရှိဖို့ နေနေသာသာ အသိစိတ်တောင် မရှိပါဘူး။ လဆန်းမြို့ငယ်မှာ မင်းတွေ့ခဲ့တဲ့ သစ်ပင်ကမှ ဒီဟာထက်စာရင် ပိုပြီး လူနဲ့တူဦးမယ်' "
‘သူယောင်မယ် သစ်ပင်’ အကြောင်း ပြောလိုက်သည့်အတွက် လျိုကျင်း မျက်မှောင်ကြုတ်မိသွားသည်။
“အာ... ဆရာကြီး၊ အဲဒီအကြောင်းနဲ့ ပတ်သက်လို့…”
“အဲဒီကိစ္စကို မင်း စိုးရိမ်စရာမလိုပါဘူး” ဟု သူ့ဆရာက ဆိုသည်။
" 'စကားပြောတတ်တဲ့ သစ်ပင်တွေ၊ စကားပြောတတ်တဲ့ ပစ္စည်းတွေဆိုတာ လောကမှာ ရှိစမြေပါပဲ။ ဒါပေမဲ့ အဲဒီအရာအားလုံးက မိစ္ဆာဖြစ်လာတာတော့ မဟုတ်ဘူး။ တကယ်တော့ အများစုက မဖြစ်လာကြပါဘူး။ ဒီဟာကတော့...'
ဆရာကြီးကျင်းက ပုလင်းကို လျစ်လျူရှုသလိုမျိုး တစ်ချက်ကြည့်လိုက်သည်။
" 'မင်းဆန္ဒရှိရင်တော့ သူ့အတွက် သင့်တော်မယ့် ခန္ဓာကိုယ်တစ်ခု ရှာပေးဖို့ ကြိုးစားကြည့်လို့ ရတာပေါ့'
'သင့်တော်မယ့် ခန္ဓာကိုယ် ဟုတ်လားခင်ဗျာ...'
'အလုပ်လုပ်နိုင်တဲ့ ကိုယ်တွင်းအင်္ဂါတွေ ရှိပြီးတော့ ကိုယ်ပိုင်စိတ်ဆန္ဒ ပြင်းပြင်းထန်ထန် မရှိတဲ့ ခန္ဓာကိုယ်မျိုးပေါ့။ ကဲ... ဒါကို ယူထားလိုက်'
ဆရာကြီးကျင်းက ပုလင်းကို လျိုကျင်းဆီ ပစ်ပေးလိုက်သည့်အခါ လျိုကျင်းမှာ လန့်ပြီး အော်လိုက်မိသည်။
" 'ဒါကို သိမ်းထားလိုက်ပါ၊ နောက်ကျရင် မင်း ဒါကို အသုံးချနိုင်မယ့်နေရာ တွေ့လာလိမ့်မယ်။ ဒါကို မင်းရဲ့ စီမံကိန်းတစ်ခုလိုပဲ သဘောထားလိုက်ပေါ့၊ ဒါပေမဲ့ နောက်မှပဲ အာရုံစိုက်ဖို့တော့ သတိရဦး။ အခုလောလောဆယ်တော့ မင်းမှာ ဒီထက်ပိုပြီး စိုးရိမ်စရာကောင်းတဲ့ ကိစ္စတွေ ရှိနေသေးတယ် မဟုတ်လား။ မင်းရဲ့ သတို့သမီးလောင်းကတော့ သူ့ကို ပစ်ထားပြီး ဒီပုလင်းနောက်ပဲ တကောက်ကောက် လိုက်နေတာကို လုံးလုံးကြိုက်မှာ မဟုတ်ဘူးနော်' "
အော်… မင်္ဂလာဆောင်ကိစ္စ။ လျိုကျင်းတစ်ယောက် အဲဒီအကြောင်း တွေးမိလိုက်သည်နှင့် မျက်နှာကို တွန့်ကွေးသွားစေသည်။
“ဆရာကြီး” ဟု သူက ပြောလိုက်သည်၊
“ဒီမင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ဆရာကြီး သဘောထားက ဘယ်လိုရှိလဲခင်ဗျာ'
‘ တပည့်မ တယောက် ထပ်ရတာ ငါတော့ ဝမ်းသာတာပေါ့ကွာ'
သေချာပေါက်ဆရာကြီးကျန်းကတော့ ဝမ်းသာပေမည်။
'ဆရာကြီးကလည်း ဗျာ... နောက်မနေပါနဲ့တော့။ ကျွန်တော်က တကယ်ဘာလုပ်ရမှန်းကိုမသိတော့လို့ပါဗျာ…”
ဆရာကြီးကျင်းသည် စိတ်ပျက်လက်ပျက်ဖြစ်နေသော လျိုကျင်းကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
" 'ကဲ... ဒါဆိုရင်လည်း မင်းကို ငါ အကြံနည်းနည်း ပေးရတာပေါ့ တပည့်လေးရ။ ဒီလက်ထပ်ပွဲက မင်းအတွက် သိပ်တော့ မဆိုးလှပါဘူး။ မင်း အနာဂတ်ကို ဒီမြို့လေးတင်ပဲ အခြေချဖို့တွေးထားရင်တော့ ရှောင်ဂိုဏ်း ထဲ ဝင်လိုက်တာက မဆိုးတဲ့ ရွေးချယ်မှုပဲ။ ရှောင်ကျင်း သမီးနဲ့ လက်ထပ်လိုက်ရင် မင်း ရှောင်ဂိုဏ်းထဲမှာ နေရာကောင်းတစ်ခု ရလာလိမ့်မယ်။ တစ်ဖက်ကကြည့်ရင်လည်း ရှောင်ဂိုဏ်းက မင်းလိုလူကို ရသွားတာပေါ့။ သိသာတာကတော့ သူတို့က ဒီပွဲကနေ ပိုပြီး အမြတ်ထွက်သွားတာပဲ၊ ဒါပေမဲ့ မင်းက အေးအေးချမ်းချမ်း ဘဝမှာနေချင်တယ်ဆိုရင်တော့ ဒီလမ်းက မဆိုးပါဘူးကွ ..'
'ဗျာ... ဘာ တွေ လဲ ဆရာကြီးရာ ' "
လျိုကျင်းသည် မစဉ်းစားဘဲ ထိုစကားလုံးကို အော်ပြောလိုက်မိသည်။ ဆရာကြီးကျန်းသည် သူနားမလည်နိူင်သော စကားများဖြင့် သူ့အား အံ့အားသင့်အောင် လုပ်ပြန်လေပြီ။
" 'ဆရာကြီး... အခုပြောလိုက်တာ ဒီမင်္ဂလာပွဲကနေ ရှောင်ဂိုဏ်းက ပိုပြီး အမြတ်ထွက်သွားတာလို့ ဆိုလိုတာလား ခင်ဗျာ' "
ဆရာကြီးကျင်းက လျိုကျင်းအား ဒီလောက်တောင် တုံးရသလားဟူသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် …
" 'အို... တပည့်မိုက်ရေ၊ မင်းမှာ ရှိသမျှ အားနည်းချက်တွေထဲမှာ မင်းတန်ဖိုး မင်းကိုယ်တိုင် မသိတာကပဲ ငါ့ကို စိတ်အပျက်ရဆုံးပဲ'
'ဒါပေမဲ့ ဆရာကြီး... ကျွန်တော်က အခုထိ အတွင်းအား စုစည်းခြင်းအဆင့်မှာပဲ ရှိသေးတာလေ ခင်ဗျာ'
'အဲဒါက အရေးကြီးလို့လား...' "
ဆရာကြီးကျင်းက ပြောသည်။
" 'ဟုတ်တယ်၊ မင်းက အခုထိ အတွင်းအား စုစည်းခြင်းအဆင့် မှာပဲ ရှိသေးတယ်၊ နောက်ထပ် တစ်နှစ်လောက်လည်း ဒီအတိုင်းပဲ ဆက်ရှိနေဦးမှာ။ ဒါပေမဲ့ ပြီးရင်ရော ဘာဖြစ်လဲ။ မင်း အဲဒီစမ်းသပ်မှုကို ကျော်ဖြတ်ပြီးတာနဲ့ တစ်ခါပြန်ပြီး ကျင့်ကြံနိုင်တော့မှာပဲ။ ချီ တွေ မှန်မှန်ကန်ကန် ပြန်စီးဆင်းလာတဲ့အခါ မင်း ဘယ်လောက်မြန်မြန် တိုးတက်လာမလဲဆိုတာ တွေ့ရင် မင်းကိုယ်တိုင်တောင် အံ့ဩသွားလိမ့်မယ်လို့ ငါ အာမခံတယ်။ နောက်ပြီး မင်းရဲ့ အသိပညာတွေကိုလည်း ထည့်တွက်ရဦးမယ်လေ၊ ဒါမှမဟုတ် ငါသင်ပေးထားတဲ့ ပညာတွေက တန်ဖိုးမရှိဘူးလို့ မင်း ပြောချင်တာလား' "
လျိုကျင်းက ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်သည်။
" 'မဟုတ်ရပါဘူး ဆရာကြီး! ဒီတပည့်က ဘယ်တော့မှ အဲဒီလို မတွေးဝံ့ပါဘူး!'
'ကောင်းပြီ၊ ဒါဆိုရင် ငါသင်ပေးသမျှ အကုန်လုံးကို အမွေဆက်ခံမယ့်သူက မင်းပဲဆိုတာ နားလည်ထားပါ။ အဲဒီအချက်ကပဲ မင်းကို ဒီမြို့ကြီးတစ်ခုလုံးထက်တောင် ပိုပြီး တန်ဖိုးရှိစေတာပေါ့'
ထိုစကားကြောင့် လျိုကျင်းမှာ ပြန်ပြောစရာ စကားလုံးပင် ပျောက်ရှသွားရသည်။
'မင်းရဲ့ တန်ဖိုးကို မင်းသိထားပါ တပည့်။ ကိုယ့်တန်ဖိုးကို ကိုယ်မသိတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးပေါပေါနဲ့ ရောင်းစားမိလိမ့်မယ်ကွ"