← Chapters

အခန်း ၃၆၂

Vol. 37 Ch. 362

အခန်း ၃၆၂

Vol. 37 Ch. 362

အခန်း (၃၆၂) ကြယ်တာရာ ကမ္ဘာ

​သူ၏ စကားလုံးများနှင့် မျက်ဝန်းထဲရှိ အကြည့်များက ဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှုတစ်ခုအကြောင်းကို ကြားလိုက်ရခြင်း မဟုတ်ဘဲ မမျှော်လင့်ထားသော အံ့အားသင့်စရာတစ်ခုကို မျှော်လင့်နေသည့်အလားပင်။

​လင်ရှောင်နှင့် ချန်ချင်းက ကျန်းယဲ့၏ ရုတ်တရက် တုံ့ပြန်မှုကြောင့် အနည်းငယ် နောက်ဆုတ်သွားကြရသည်။ စိတ်လှုပ်ရှား တက်ကြွနေသည့်အလား လင်းလက်နေသော သူ၏ မျက်ဝန်းများကို ကြည့်ကာ သူတို့နှစ်ဦးမှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး မသိစိတ်အရပင် တုန်ယင်သွားကြလေသည်။

​သူတို့နှစ်ဦး၏ ရင်ထဲတွင် ကြိုတင်ခံစားသိမြင်မှု တစ်ခုက တစ်ပြိုင်နက်တည်း ပေါ်လာ၏။

​အကယ်၍ ဂျပန်ကသာ တကယ် ရူးသွပ်သွားပြီး ကျန်းယဲ့အပေါ် အစွန်းရောက်လုပ်ရပ်ဟုခေါ်သော အရာတစ်ခုခုကို လုပ်ရဲခဲ့မည်ဆိုပါက...

​ထိုအကျိုးဆက်က အမြဲတမ်း ပိတ်ပင်ခံရခြင်းထက် အဆပေါင်း ထောင်ချီ၍ ပိုမိုဆိုးရွားသွားပေလိမ့်မည်။

​ယခု ကျန်းယဲ့၏ တုံ့ပြန်မှုက အခြေအနေများ လုံလောက်အောင် မဆိုးရွားသေးဘူးဟု ခံစားနေရကြောင်း ရှင်းလင်းစွာ ပြသနေပြီးတစ်ဖက်လူက သူ၏ထံသို့ တမင်လာရောက် ပြဿနာရှာကာ ပိုမိုဆိုးရွားသော နည်းလမ်းများကို အသုံးပြုရန် အကြောင်းပြချက်ကောင်းတစ်ခု ပေးလာလိမ့်မည်ကိုပင် သူက တိတ်တဆိတ် မျှော်လင့်နေသေးချေသည်။

​ကျန်းယဲ့၏ နူးညံ့သိမ်မွေ့သော အပြင်ပန်းသွင်ပြင်အောက်တွင် သူတို့ တစ်ခါမျှ စိတ်ကူးမယဉ်ဖူးသော စွမ်းအားတစ်ခု ရှိနေလေသည်။

​ချန်ချင်းနှင့် လင်ရှောင်တို့ ထွက်သွားပြီးနောက် ကျန်းယဲ့က သူ၏ အေးအေးဆေးဆေးနှင့် ပေါ့ပေါ့ပါးပါး လူနေမှုဘဝကို ပြန်လည်စတင်လိုက်၏။

​နေ့တိုင်း အလိုအလျောက် နိုးလာသည်အထိ အိပ်သည်။

ထို့နောက် ဘာစားရမလဲဆိုတာ စဉ်းစားပြန်၏။

တစ်ခါတစ်ရံ စိတ်ကူးပေါက်လျှင် မြောက်ပိုင်းတောင်ထိပ်ဘက်သို့ တောင်တက်သွားကာ အကြောအခြင်များ ဆန့်တန်းလေ့ကျင့်ခန်း လုပ်တတ်သည်။

​လက်ရှိ သူ၏ နာမည်ကျော်ကြားမှုက ထိပ်တန်းအဆင့် နာမည်ကြီး အနုပညာရှင်များထက် များစွာ သာလွန်နေသဖြင့် ကျန်းယဲ့က အပြင်ထွက်တိုင်း လက်နက်အပြည့်အစုံ တပ်ဆင်ထားလေ့ရှိလေသည်။

မျက်နှာဖုံး၊ နေကာမျက်မှနိ၊ ဘေ့စ်ဘောဦးထုပ်....

​ဤဝတ်စုံက လမ်းပေါ်တွင် အာရုံစိုက်မှုကို မလွဲမသွေ ဆွဲဆောင်နိုင်သော်လည်း ယေဘုယျအားဖြင့်တော့ ဘေးကင်းပြီး စိတ်အားထက်သန်သော လူအုပ်ကြီး၏ ဝိုင်းအုံမှုကို တစ်ခါမျှ မခံခဲ့ရဖူးချေ။

​ထိုနေ့တွင် သူက မြောက်ပိုင်းတောင်ထိပ်၏ ကျောက်တုံးလှေကားထစ်များအတိုင်း ဖြည်းညှင်းစွာ တက်လာစဉ် မလှမ်းမကမ်းရှိ အနားယူရာ နေရာလေးမှ လူငယ်အမျိုးသမီးနှစ်ဦးက သူ့ဘက်သို့ လက်ညှိုးထိုးကာ တီးတိုးပြောနေကြသည်ကို သတိထားမိလိုက်၏။

​ထို့ကြောင့် ကျန်းယဲ့၏ နှလုံးသားက တစ်ချက် ခုန်သွားရသည်။

​တကယ်လို့ တောင်တက်နေတုန်း တစ်ဝက်လောက်မှာ လူမိသွားပြီး ခရီးသွားတွေ ဝိုင်းအုံတာကို ခံရရင်တော့ တောင်တက်တာက လွယ်ပေမဲ့ တောင်ဆင်းဖို့က ခက်ခဲသွားလိမ့်မည်။

​သူက မသိစိတ်အရ ဦးထုပ်ကို အနည်းငယ် ငုံ့ချလိုက်ပြီး ခြေလှမ်းများကို နှေးလိုက်ကာ အခြေအနေ မဟန်ပါက အချိန်မရွေး လှည့်ပြန်ရန် အသင့်ပြင်ထားလိုက်ချေသည်။

​သို့သော် သူ ပိုနီးကပ်သွားသောအခါ လေထဲတွင် လွင့်ပါလာသော ထိုမိန်းကလေးနှစ်ဦး၏ စကားပြောသံများကို ခပ်သဲ့သဲ့ ကြားလိုက်ရ၏။

​"ဟိုက လူကို ကြည့်လိုက်ဦး... တစ်ကိုယ်လုံး ဖုံးအုပ်ထားတာတောင် အရမ်းချောနေသလိုပဲနော်..."

​"ဟုတ်တယ် ဟုတ်တယ်... သူ့ရဲ့ အငွေ့အသက်က တကယ်ကို အမိုက်စားပဲ... ဝတ္ထုထဲကနေ ထွက်လာတဲ့ မင်းသားလိုပဲ အေးစက်ပြီး ခပ်တည်တည် အငွေ့အသက်လေး ရှိတယ်..."

​"သူ့ခန္ဓာကိုယ်ကလည်း အရမ်းမိုက်တာပဲ... လမ်းလျှောက်တာလေးကအစ စတိုင်လ်ကျနေတာပဲ..."

​ကျန်းယဲ့ : "......"

​အော်... ရုပ်ရည်အကြောင်း ပြောနေတာကိုး...

​သူက အနည်းငယ် စိတ်အေးသွားသော်လည်း သတိထားနေဆဲပင်။

​သူတို့ဘေးမှ ဖြတ်သွားချိန်တွင် သူတို့၏ ပူလောင်နေသော အကြည့်များက သူ့ထံသို့ စူးစိုက်နေကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။

​တကယ်လို့ သူတို့က ငါ့ဆီလာပြီး ဖုန်းနံပါတ်တွေ ဘာတွေ လာတောင်းရင် ဘယ်လိုလုပ်မလဲ....

​ကျန်းယဲ့ တစ်ယောက် တွေးတောနေစဉ် ထိုမိန်းကလေးနှစ်ဦးက သူ့ကို လှမ်းကြည့်ရုံသာ ကြည့်နေပြီး မလှုပ်မရှား ရပ်နေခဲ့ကြသည်။

​ဟွန့်... ဘယ်သူကမှ ငါ့ကို လာမပရောပပါလားကွ...

​ဟူး... ကြည့်ရတာ ငါ့ဆီမှာ ဆွဲဆောင်မှု မလုံလောက်သေးဘူးထင်တယ်....

​ကျန်းယဲ့က ဆယ်မီတာကျော်ခန့် အဝေးသို့ ရောက်သွားချိန်မှသာ သူတို့၏ တီးတိုးပြောသံများ ထပ်မံလွင့်ပါလာသည်ကို ခပ်သဲ့သဲ့ ကြားလိုက်ရပြန်သည်။

​"ဟေး... သူက နာမည်ကြီး တစ်ယောက်ယောက်များ ဖြစ်နေမလားဟင်... နည်းနည်းတော့ ရင်းနှီးနေသလိုပဲ..."

​"နင် ပြောမှပဲ ငါလည်း ခံစားမိတယ်... သူက နည်းနည်းလေး... ဒါရိုက်တာကျန်းနဲ့ တူနေသလိုပဲ..."

​"ဒါရိုက်တာကျန်း... ဘယ် ဒါရိုက်တာကျန်းလဲ... သေလိုက်ပါတော့... ဟို အချိန်ခရီးသွားအေဂျင်စီက တစ်ယောက်လား..."

​ဒါရိုက်တာကျန်းဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် ကျန်းယဲ့မှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရ၏။ ထို့နောက် သူက ခြေလှမ်းများကို အလျင်အမြန် သွက်လိုက်ပြီး အပေါ်သို့ ခုန်တက်မတတ် ပြေးတက်သွားကာ အရှေ့ရှိ ကွေ့အကွယ်တွင် ပျောက်ကွယ်သွားလေတော့သည်။

​သူက မြောက်ပိုင်းတောင်ထိပ်တွင် ခေတ္တမျှ လမ်းလျှောက်ရင်း ရှုခင်းများကို ခံစားလိုက်ပြီးနောက် အိမ်သို့ ဘေးကင်းစွာ ပြန်နိုင်ရန်အတွက် ခရီးသွားများ နည်းပါးသော တိတ်ဆိတ်သည့် လမ်းလေးတစ်ခုကို ရွေးချယ်ကာ တောင်ပေါ်မှ ဆင်းလာခဲ့ပြန်သည်။

​ထိုနေ့တွင် တောင်တက်ရာမှ ပြန်ရောက်ပြီးနောက် ကျန်းယဲ့က ရေချိုးသန့်စင်လိုက်ပြီး ကွန်ပျူတာကို ပေါ့ပေါ့ပါးပါး ဖွင့်ကာ တိုရင်အကောင့်ထဲသို့ ဝင်လိုက်၏။

​ကိုယ်ပိုင် မက်ဆေ့ချ်များနှင့် မှတ်ချက်များက သဘာဝကျစွာပင် ၉၉+ အနီရောင်အစက်များ ပြသနေလေသည်။

​သူက ထုံးစံအတိုင်း ကျော်သွားရန် ရည်ရွယ်ထားသော်လည်း သူ၏ အကြည့်များက ဝေ့ကြည့်လိုက်ချိန်တွင် ရင်းနှီးနေသော ID အချို့ကြောင့် သူ တစ်ခဏမျှ ရပ်တန့်သွားရသည်။

​လင့်ခ်ကို ဖွင့်ကြည့်လိုက်ချိန်တွင် ၎င်းတို့မှာ အဆိပ်ဖြေဆေးလုံး သောက်သုံးရန် ရွေးချယ်ခံခဲ့ရသော ကလေးအချို့၏ မိဘများထံမှ ဖြစ်ကြောင်း သေချာသွားခဲ့သည်။

​နေ့စဉ်နီးပါး ရေးသားထားသော ထိုမက်ဆေ့ချ်များထဲတွင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကားများနှင့် ကလေးငယ်၏ ပြန်လည်ကျန်းမာလာမှု အခြေအနေများကို အပ်ဒိတ်လုပ်ထားပြီး စကားလုံးတိုင်းက သူတို့၏ ခံစားချက်များကို သူ မတွေ့မည်ကို စိုးရိမ်နေသည့်အလား ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေကြသည်။

​ကျန်းယဲ့၏ ရင်ထဲတွင် နွေးထွေးသွား၏။ သူ၏ လက်ချောင်းလေးများက ကီးဘုတ်ပေါ်တွင် ကလစ်နှိပ်လိုက်ပြီး သူတို့အားလုံးထံ ရိုးရှင်းသော မက်ဆေ့ချ်တစ်ခု ပြန်ပို့လိုက်သည်။ "ရပါတယ်... ကလေးတွေ ပြန်လည်ကျန်းမာလာတာကို မြင်ရလို့ ဝမ်းသာပါတယ်... ကောင်းကောင်း ရှင်သန်ကြပါ..."

​ပြန်စာပို့ပြီးနောက် သူ ကွန်ပျူတာကို ပိတ်ရန် ပြင်လိုက်ချိန်တွင် ရင်းနှီးနေသော စက်ရုပ်အသံက သူ၏ စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာ၏။

​[ ဒင်... နောက်ဆုံးပေါ် ခရီးသွားနေရာ အချက်အလက်များကို ထုတ်ပြန်လိုက်ပါပြီ ]

​[ ရှုခင်းသာအမည် ] : ကြယ်တာရာ ကောင်းကင်ယံသို့ လှည့်လည်သွားလာခြင်း · အနာဂတ်ခေတ်

​[ ကမ္ဘာ့နောက်ခံသမိုင်း ] : ကြယ်တာရာ ပြက္ခဒိန် ၉၉၈၉၊ အလွန်တရာ တိုးတက်နေသော ကြယ်တာရာ ယဉ်ကျေးမှုခေတ်။

​[ ခရီးစဉ် ] : ခုနစ်ရက်တာ အသေးစိတ် လေ့လာရေး ခရီးစဉ်။

​[ ခေါ်ယူမည့် လူအရေအတွက် ] : ၅၀ ဦး။

​[ စျေးနှုန်း ] : ၁၀၀,၀၀၀ ယွမ် / တစ်ဦး။

​[ မှာယူရန် ဖွင့်လှစ်မည့်အချိန် ] : ယခုအပတ် တနင်္ဂနွေနေ့ နေ့လယ် ၁၂:၀၀ နာရီတိတိ။

​[ မှာယူနိုင်မည့် ကြာချိန် ] : ၃၀ မိနစ်။

​[ တာဝန် ဆုကြေးငွေ ] : ခရီးသွားတာဝန်ကို အောင်မြင်စွာ ပြီးမြောက်ပါက သက်တမ်း +၁၈၀ ရက်နှင့် အပိုဆုကြေးငွေ ယွမ် +၁,၀၀၀,၀၀၀ ရရှိမည် ဖြစ်သည်။

​[ သတိပေးချက် ] : ဤခရီးစဉ်အတွက် အမျိုးသား ခရီးသွားများကိုသာ ဦးစားပေး ခေါ်ယူရန် အကြံပြုအပ်ပါသည်။

​ကြယ်တာရာ ကမ္ဘာ...

​ကျန်းယဲ့က အနည်းငယ် ကြောင်အသွားပြီးနောက် သူ၏ မျက်ဝန်းများထဲတွင် ပြင်းထန်သော စိတ်ဝင်စားမှုတစ်ခု လက်ဖြာသွားရသည်။

​သို့သော် ထို့နောက် သူ၏ အကြည့်များက နောက်ဆုံးရှိ သတိပေးချက် အပေါ်သို့ ကျရောက်သွားချိန်တွင် အေးခဲသွားပြန်သည်။

​"အမျိုးသား ခရီးသွားတွေကို ဦးစားပေးရမယ်.... " ကျန်းယဲ့က စိတ်ထဲမှနေ၍ စနစ်ကို လှမ်းခေါ်လိုက်၏။ "စနစ်... ထွက်လာပြီး ရှင်းပြစမ်း... ဘာလို့ ဒီတစ်ခါ ယောကျ်ားလေးတွေကိုပဲ ခေါ်ဖို့ အထူးသတိပေးနေရတာလဲ... ဘာလို့ မိန်းကလေးတွေ မရတာလဲ... အဲ့ဒီ ကြယ်တာရာကမ္ဘာမှာ တစ်ခုခု ထူးခြားတဲ့ အကြောင်းပြချက် ရှိလို့လား..."

​စနစ် : "......"

​သူ၏ စိတ်ထဲတွင် လုံးဝကို တိတ်ဆိတ်နေပြီး အေးစက်သော စနစ်က မည်သည့် တုံ့ပြန်မှုမျှ မပြဘဲ သူ၏ မေးခွန်းကို လျစ်လျူရှုထားလိုက်သည်။

​ကျန်းယဲ့က စက္ကန့်အနည်းငယ် စောင့်ကြည့်လိုက်ပြီး စနစ်က သေချင်ယောင်ဆောင်နေသည်ကို မြင်သောအခါ မနေနိုင်ဘဲ နှုတ်ခမ်းမဲ့လိုက်ခေသည်။

​"ကောင်းပြီလေ... ဒီကောင်က ဘာမှပြောဖို့ အစီအစဉ်မရှိဘူးပဲ..."

​သူက ညည်းတွားလိုက်သော်လည်း ၎င်းကို အလေးအနက်ထား စဉ်းစားလိုက်၏။

​စနစ်က အေးစက်စက်နိုင်လှသော်လည်း ၎င်းပေးသော သတိပေးချက်များက ဘယ်သောအခါမှ အခြေအမြစ်မရှိဘဲ ပေါ်လာခြင်း မဟုတ်ချေ။

​၎င်းက ဤမျှ ရှင်းလင်းသော သတိပေးချက်ကို ပေးထားသည်ဆိုမှတော့ သူတို့သွားမည့် ကြယ်တာရာ ကမ္ဘာတွင် အမျိုးသမီးများအတွက် အဆင်မပြေသော သို့မဟုတ် အန္တရာယ်ရှိနိုင်သော အချက်အလက် တစ်ခုခု ပါဝင်နေနိုင်သည်ဟု ဆိုလိုခြင်းပင်။

​ဤအချက်ကို စိတ်ထဲမှတ်ထားလျက် ကျန်းယဲ့က ချက်ချင်း စတင်လှုပ်ရှားလိုက်၏။

​သူက ဂုဏ်သတင်းအမှတ်အချို့ကို အသုံးပြုကာ ပစ်မှတ်ထားရာ ကြယ်တာရာကမ္ဘာနှင့် ပတ်သက်သည့် ရင်သပ်ရှုမောဖွယ် ဗီဒီယိုအတိုတစ်ခုကို စနစ်ထံမှ ဝယ်ယူလိုက်သည်။

မိုးမျှော်တိုက်ကြီးများကြားတွင် သွားလာနေသော လေယာဉ်ကားများ၊ ခမ်းနားလှသော ဂြိုဟ်သား ရှုခင်းများ၊ နည်းပညာအလွန်တိုးတက်နေသော မြို့ပြရှုခင်းများနှင့် ကြယ်တာရာရေတပ်ကြီးတစ်ခု၏ လျှပ်တစ်ပြက် မြင်ကွင်းများ စသည်တို့ ပါဝင်၏။

​အကြမ်းဖျင်း တစ်ချက်ကြည့်လိုက်ပြီးနောက် သူက တည်းဖြတ်မှု အနည်းငယ် ပြုလုပ်လိုက်လေသည်။

​ထို့နောက် တည်းဖြတ်ထားသော ဗီဒီယိုကို သူ၏ တိုရင်အကောင့်တွင် တင်လိုက်ပြီး စာသားလေး ရေးလိုက်၏။ "ခရီးစဉ်အသစ် ကြိုတင်မိတ်ဆက် : ကြယ်တာရာကောင်းကင်ယံသို့ လှည့်လည်သွားလာခြင်း အနာဂတ်ခေတ်.... ယခုအပတ် တနင်္ဂနွေနေ့ နေ့လယ် ၁၂ နာရီတိတိ.... လက်မှတ်ခ ၁ သိန်း.... နေရာ ၅၀.... အဲ့ဒီကျမှ တွေ့ကြမယ်..."

​သို့သော် ဗီဒီယို၏ အဆုံးတွင်တော့ ကျန်းယဲ့က လူကိုယ်တိုင် ပေါ်လာရန် ရွေးချယ်လိုက်သည်။

​သူက ပုံမှန်မဟုတ်ဘဲ လေးနက်သော အမူအရာဖြင့် ကင်မရာကို ကြည့်ကာ စနစ်၏ သတိပေးချက်ကို လေးလေးနက်နက် ထပ်ဖြည့်ပြောလိုက်ပြန်သည်။

​"နောက်ဆုံးအနေနဲ့... ဒီခရီးစဉ်ကို စိတ်ဝင်စားကြတဲ့ ကမ္ဘာတစ်ဝန်းက အမျိုးသမီး နိုင်ငံသားအားလုံးကို အထူးလေးလေးနက်နက် အသိပေးချင်တာလေး တစ်ခုရှိပါတယ်... ကျေးဇူးပြုပြီး ဒီခုနစ်ရက်တာ ကြယ်တာရာခရီးစဉ် ကြိုတင်ရောင်းချမှုမှာ မပါဝင်ကြပါနဲ့.. မပါဝင်ပါနဲ့... ထပ်ပြောပါမယ်... အမျိုးသမီးတွေ ကျေးဇူးပြုပြီး မပါဝင်ကြပါနဲ့...."

​"ဒါက ကျားမခွဲခြားဆက်ဆံတာ မဟုတ်ပါဘူး... ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို အကဲဖြတ်မှုအပေါ် အခြေခံထားတာပါ... အကယ်၍ အမျိုးသမီး ခရီးသွားတွေက ဒီသတိပေးချက်ကို လျစ်လျူရှုပြီး လက်မှတ်တွေကို အတင်းအကျပ်ဝယ်ယူပြီးတော့ သွားမယ့်နေရာကို အောင်မြင်စွာရောက်ရှိသွားမယ်ဆိုရင်တောင် ခရီးစဉ်အတွင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ မမျှော်လင့်ထားတဲ့ အခြေအနေတွေအတွက် ခရီးသွားအေဂျင်စီက တာဝန်ယူမှာ မဟုတ်ပါဘူး..."

​"ခင်ဗျားတို့ရဲ့ ကိုယ်ပိုင်ဘေးကင်းလုံခြုံရေးအတွက် ကျေးဇူးပြုပြီး အသိတရားနဲ့ ဆုံးဖြတ်ပါ... မဆင်မခြင် မလုပ်ကြပါနဲ့... ကျေးဇူးတင်ပါတယ်..."

အခန်း ၃၆၂ပြီး၏။

All Chapters