အခန်း ၃၆၇
Vol. 37 Ch. 367
အခန်း (၃၆၇) ခေါင်းဆောင်သစ်
ထိုနှစ်ယောက် မှင်တက်နေဆဲအချိန်မှာပင် မြေပြင်ပေါ်၌ လဲကျနေသည့် မီကာတိုမှာ နာကျင်မှုနှင့် မူးဝေမှုတို့မှ သက်သာသွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"တောက်... ခွေးမသား... ဒီနေ့ မင်းရဲ့ လက်တွေ ခြေထောက်တွေကို ငါကိုယ်တိုင် ချိုးပစ်မယ်..."
သူက ရုန်းကန်ကာ ထရန်ကြိုးစားလိုက်သော်လည်း ကျန်းယဲ့က သူ့အား အခွင့်အရေး မပေးခဲ့ချေ။
သူ ထူမတ်လိုက်သည့် အခိုက်အတန့်မှာပင် ကျန်းယဲ့က လျှပ်စီးလက်သကဲ့သို့ မြန်ဆန်စွာဖြင့် ခြေတစ်ချက် ကန်ထုတ်လိုက်ရာ သူ၏ မျက်နှာတည့်တည့်သို့ အရှိန်ပြင်းပြင်း ထိမှန်သွားခဲ့သည်။
"ဘန်း.."
မီကာတို၏ နှာခေါင်းရိုး ကျိုးကြေသွားသည့် အသံကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရ၏။ သူက ကန်ချက်၏ အရှိန်ကြောင့် နောက်သို့ လွင့်စင်သွားကာ သူ့၏ ကျောပြင်က အေးစက်နေသည့် အချုပ်ခန်း သတ္တုတံခါးကြီးနှင့် ပြင်းထန်စွာ ဆောင့်မိသွားပြီး ပိုမိုကျယ်လောင်သည့် အသံကြီးထွက်ပေါ်လာကာ ကြမ်းပြင်ပေါ်သို့ ခွေခွေလေး ကျသွားတော့သည်။
ကျန်းယဲ့က အေးစက်လှသည့် မျက်ဝန်းများဖြင့် ငုံ့ကြည့်လိုက်၏။
ပြင်းထန်သည့် ဒဏ်ရာများ ရထားသော်ငြားလည်း မီကာတိုက ကြမ်းကြုတ်နေဆဲပင်။ သူက အလျင်အမြန် တုံ့ပြန်လိုက်ပြီး ခြေထောက်တစ်ဖက်ကို မြှောက်ကာ ကျန်းယဲ့၏ ခေါင်းဆီသို့ ရွယ်၍ လွှဲကန်လိုက်၏။
ကျန်းယဲ့က ရှောင်တိမ်းခြင်း အလျဉ်းမရှိဘဲ ပိုမိုအားပါကာ တိကျလှသည့် ဘေးတိုက်ကန်ချက်ဖြင့် ဦးစွာ တန်ပြန်လိုက်ရာ ထိုကန်ချက်က မီကာတို၏ ဒူးဆစ်ဘေးဘက်သို့ တိုက်ရိုက် ထိမှန်သွားလေသည်။
"ဂျွတ်...."
ရွံရှာဖွယ်ကောင်းလှသည့် အရိုးကျိုးသံကြီး ထွက်ပေါ်လာခဲ့၏။
"အားး..."
မီကာတိုက သွေးပျက်ဖွယ် အော်ဟစ်လိုက်ပြီး သူ၏ ခြေထောက်မှာ ကြက်သီးထဖွယ် ထောင့်ချိုးတစ်ခုအဖြစ် ကွေးကောက်သွားကာ လုံးဝ ပျက်စီးသွားချေပြီ။
ရုတ်တရက် ခြေတစ်ဖက်တည်းဖြင့်သာ ရပ်တည်နေရသဖြင့် ဟန်ချက်ပျက်ကာ နောက်သို့ လဲကျသွားရသည်။
ကျန်းယဲ့ ရှေ့သို့တိုးကာ သူ၏ အခြားခြေထောက်တစ်ဖက်ကိုပါ ချိုးဖြတ်ရန် ပြင်လိုက်ချိန်မှာပင် အေးစက်သည့် သတ္တုရောင် တလက်လက်တောက်နေသည့် စက်လက်သီးတစ်လုံးက ကျန်းယဲ့၏ နားထင်ဆီသို့ ဘေးဘက်မှနေ၍ လေခွင်းသံနှင့်အတူ ထိုးချလာ၏။
ကျန်းယဲ့က ကြိုတင်သိနေသည့်အလား ခေါင်းကို အနည်းငယ် စောင်းလိုက်ရာ ထိုစက်လက်သီးက သူ၏ ဆံပင်များကိုသာ ပွတ်တိုက်သွားလေသည်။
စက်လက်နှင့် လွေ့ရှီက နာကျင်စွာ အော်ဟစ်နေသည့် မီကာတို၏ ရှေ့တွင် ရပ်လိုက်ပြီး သူ့၏ စူးရှသည့် မျက်လုံးများက ကျန်းယဲ့အပေါ် ကျရောက်နေကာ အေးစက်စက် လေသံဖြင့် ပြောလိုက်၏။ "လူသစ်... မင်း နည်းနည်း ရက်စက်လွန်းမနေဘူးလား... တော်သင့်ပြီ..."
ကျန်းယဲ့က သူလုပ်နေသည့် အရာကို ရပ်တန့်လိုက်ပြီး မျက်နှာက အတော်အသင့် ခန့်ညားသော်လည်း လက်နှစ်ဖက်စလုံးကို စက်များဖြင့် အစားထိုးထားသည့် ထိုလူအား ကြည့်ကာ တည်ငြိမ်စွာဖြင့် မေးလိုက်သည်။ "ငါက မတော်သေးဘူးဆိုရင်ရော..."
လွေ့ရှီ၏ စက်လက်ချောင်းများက တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ "ဂျွတ်.. ဂျွတ်.." ဆိုသည့် သတ္တုပွတ်တိုက်သံများ ထွက်ပေါ်လာကာ သတိပေးလိုက်သည့်အလား ဖြစ်နေ၏။
"ဒါဆိုရင်တော့ မင်း ငါတို့ ဝိုင်းတိုက်တာကို ခံရလိမ့်မယ်..."
အလွန်အမင်း နာကျင်နေသော်ငြားလည်း မီကာတို၏ မျက်လုံးများက အလွန်တရာ ရက်စက်ကြမ်းကြုတ်သွားပြီး ဟိန်းဟောက်လိုက်သည်။ "လွေ့ရှီ... ဒီအလှလေးနဲ့ စကားပြောပြီး အချိန်ဖြုန်းနေစရာ မလိုဘူး။ ငါတို့ အတူတူဝိုင်းတိုက်ပြီး သူ့ကို သေလုမျောပါး ရိုက်နှက်ကြမယ်။ အခုကစပြီး သူက ငါတို့ရဲ့ ခွေးပဲ... ငါတို့ စိတ်ကြိုက် ကစားလို့ရတဲ့ အရုပ်ပဲ..."
ကျန်းယဲ့က မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်ပြီး ကုတင်ပေါ်တွင် ခြေပိုက်ဆန်ကာ ထိုင်နေသည့် ဒါးရ်ဆီသို့ အကြည့်လွှဲလိုက်ပြန်သည်။ ဒါးရ်က ဇာတ်လမ်းကောင်း တစ်ပုဒ်ကို ဘေးမှကြည့်နေသည့် ပရိသတ်တစ်ယောက်လိုပင်။
"မင်းရော... သူတို့နဲ့ ပူးပေါင်းချင်သေးလား..."
ဒါးရ်က မျက်ခွံကို အနည်းငယ် ပင့်လိုက်ရာ သူ၏ စက်မျက်လုံးမှ အနီရောင်အလင်း တစ်ချက် လက်သွားပြီး ပခုံးတွန့်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ "မင်းတို့ သဘောပဲလေ..."
ဒါးရ်က ဝင်မစွက်ဖက်ဖို့ ရှင်းလင်းစွာ ပြသလိုက်သည်ကို မြင်သောအခါ မီကာတိုက ချက်ချင်းပင် ကျိန်ဆဲလိုက်လေသည်။ "ဒါးရ်... မင်းလို သတ္တိကြောင်တဲ့ကောင်..."
မီကာတို၏ ဒေါသကို ရင်ဆိုင်ရချိန်တွင် ဒါးရ်က ရယ်မောလိုက်ပြီး ပျင်းရိပျင်းတွဲ လေသံဖြင့် တုံ့ပြန်လိုက်သည်။ "မင်းက တခြားလူရဲ့ တင်ပါးကို စိတ်ဝင်စားနေတာ ငါနဲ့ ဘာဆိုင်လို့လဲ။ ငါက မင်းလို အစားမရွေးတဲ့ကောင်မှ မဟုတ်တာ..."
မီကာတိုက ထိုဟန်ဆောင်ကောင်းလှသူအား ဒေါသတကြီးဖြင့် အံကြိတ်ကာ ပြောလိုက်၏။ "ဒါဆို... မင်းက သူ့ကိုတောင် သဘောမကျဘူးပေါ့လေ..."
ဒါးရ်က မျက်လုံးလှန်ပြကာ ခေါင်းကို တစ်ဖက်သို့ လှည့်သွားလိုက်သည်။ သူတို့၏ တိုက်ပွဲထဲသို့ မပါဝင်လိုကြောင်း ရှင်းလင်းစွာ ပြသလိုက်ပြီး မီကာတိုအား လုံးဝ လျစ်လျူရှုထားလိုက်တော့သည်။
ကျန်းယဲ့၏ အကြည့်က လွေ့ရှီနှင့် ခြေတစ်ဖက်တည်းဖြင့် မတ်တပ်ရပ်နိုင်ရန် ရုန်းကန်နေရသည့် မီကာတိုထံသို့ ပြန်ရောက်လာခဲ့၏။
ထို့နောက် သူက စကားပြောဖို့ပင် အချိန်မဖြုန်းတော့ဘဲ ထိုနှစ်ယောက်အား လက်ညှိုးဖြင့် ကွေးကာ ခေါ်လိုက်လေသည်။ ထိုအမူအရာက ရန်စမှုများ အပြည့်အဝ ပါဝင်နေချေသည်။
လွေ့ရှီ၏ မျက်လုံးများထဲ၌ ဒေါသတရားများ တောက်လောင်သွားပြီး မီကာတိုမှာလည်း ထိုသို့ အထင်သေးလှသည့် လုပ်ရပ်ကြောင့် ဒေါသထွက်သွားရသည်။ သူက အော်ဟစ်လိုက်ပြီး ကျိုးနေသည့် ခြေထောက်မှ ပြင်းထန်လှသော နာကျင်မှုကို လျစ်လျူရှုကာ ခြေတစ်ဖက်တည်းဖြင့် ခုန်၍ လက်သီးဖြင့် ထိုးချလိုက်၏။
လွေ့ရှီ၏ စက်လက်သီးများကလည်း တစ်ပြိုင်နက်တည်း အသက်ဝင်လာကာ လေခွင်းသံများနှင့်အတူ အခြားတစ်ဖက်မှနေ၍ ကျန်းယဲ့၏ အသက်အန္တရာယ်ရှိသည့် နေရာများဆီသို့ တိုက်ခိုက်လာလေတော့သည်။
ထို့နောက် ဖြစ်ပွားလာသည့် တိုက်ပွဲက ရိုးရှင်းပြီး ရက်စက်ကြမ်းကြုတ်လှသည်။
ကျဥ်းမြောင်းလှသည့် အချုပ်ခန်းထဲ၌ ကျန်းယဲ့၏ ခန္ဓာကိုယ်က တစ္ဆေတစ်ကောင်ကဲ့သို့ တဖျပ်ဖျပ် လှုပ်ရှားနေ၏။ စနစ်မှ ပေးထားသည့် "ကြယ်တာရာ အထက်တန်းစားခန္ဓာကိုယ်က သူ၏ ခွန်အား၊ အမြန်နှုန်းနှင့် တိုက်ခိုက်ရေးဗီဇတို့ကို ထိုနှစ်ယောက်ထက် အဆပေါင်းများစွာ သာလွန်နေစေခဲ့သည်။
သွားကျိန်းဖွယ်ကောင်းလှသည့် ဂျွတ်ဆိုသည့် အသံများနှင့် တုံးတိုတို ထိခိုက်သံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် မီကာတို၏ လက်များမှာ ပုံမှန်မဟုတ်သည့် ထောင့်ချိုးတစ်ခုအဖြစ် လိမ်ကောက်သွားကာ သိသိသာသာပင် ကျိုးကြေသွားခဲ့ပြီ ဖြစ်၏။
သူက ရွှံ့တုံးကြီးတစ်ခုကဲ့သို့ မြေပြင်ပေါ်တွင် ပုံကျနေပြီး နာကျင်စွာ ညည်းတွားနေချေသည်။
ကျန်းယဲ့က သူ၏ နောက်စေ့ကို ခြေထောက်ဖြင့် နင်းထားလိုက်ရာ သူ့မျက်နှာက အေးစက်နေသည့် ကြမ်းပြင်နှင့် ပြင်းထန်စွာ ဖိကပ်ခံထားရ၏။ ထို့နောက် ကျန်းယဲ့က သူ့အား ငုံ့ကြည့်ကာ အေးစက်စက် လေသံဖြင့် ပြောလိုက်၏။
"ငါ့ကို အဲ့ဒီလို ရွံစရာကောင်းတဲ့ အကြည့်တွေနဲ့ ကြည့်နေတာကို ရပ်လိုက်စမ်း။ မင်း ဆက်ကြည့်နေဦးမယ်ဆိုရင် မင်းရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်ဖို့ ငါ နည်းနည်းလေးတောင် တွေဝေနေမှာ မဟုတ်ဘူး..."
ထိုစဥ် လွေ့ရှီမှာလည်း အိမ်သာအနီး၌ သနားစရာကောင်းလှသည့် အခြေအနေဖြင့် လဲကျနေခဲ့သည်။ သူ အလွန်တန်ဖိုးထားရသည့် စက်လက်များပေါ်တွင် သေးငယ်သည့် အက်ကြောင်းများ ပေါ်လာကာ အဆက်များမှနေ၍ မီးပွားလေးများ ထွက်ပေါ်နေ၏။
သူက ကျန်းယဲ့အား မယုံနိုင်စွာဖြင့် မော့ကြည့်နေပြီး ကြောက်မက်ဖွယ် မကောင်းဆိုးဝါး တစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေလေသည်။
ကုတင်ပေါ်တွင် ထိုင်ကာ ပွဲကြည့်နေသည့် ဒါးရ်၏ မျက်နှာပေါ်တွင် ကစားချင်စရာ အပြုံးတစ်ခု ရှိနေဆဲဖြစ်သော်လည်း ကျန်းယဲ့အား ကြည့်နေသည့် သူ၏ မျက်လုံးများထဲ၌မူ သံသယများနှင့် ဖုံးကွယ်ထား၍မရသည့် တုန်လှုပ်မှုတို့ ရှိနေချေသည်။
ဒီလူသစ်လေးရဲ့ ကျွမ်းကျင်မှုအဆင့်က အဓိပ္ပာယ်မရှိလောက်အောင်ကို မြင့်မားလွန်းနေပေသည်။
မီကာတိုကတော့ လုံးဝကို ထိတ်လန့်ကြောက်ရွံ့သွားခဲ့ပြီ ဖြစ်၏။ အကြွင်းမဲ့ အင်အားကို ရင်ဆိုင်လိုက်ရချိန်၌ သူ၏ ညစ်ညမ်းလှသည့် အတွေးများအားလုံး ချေမှုန်းခံလိုက်ရချေပြီ။
သူက တုန်ယင်နေသည့် လေသံဖြင့် တောင်းပန်လိုက်လေသည်။ "ငါ... ငါ နောက်ထပ် မလုပ်တော့ပါဘူး။ ငါက ခွေးပါ... ငါက မင်းရဲ့ ခွေးပါ။ အခုကစပြီး မင်း ငါ့ကို စိတ်ကြိုက် ခိုင်းလို့ရပါပြီ..."
ကျန်းယဲ့က သူ၏ စကားများကို ရွံရှာသွားကာ ရွံမုန်းဖွယ်အကြည့်ဖြင့် သူ့မျက်နှာကို နောက်တစ်ချက် ထပ်ကန်လိုက်၏။
"ချီးပဲ... ထွက်သွားစမ်း.. ငါ့ကို လာပြီး မရွံအောင် မလုပ်နဲ့..."
အလားတူ အဖြစ်အပျက်မျိုးများက လူသစ်များ ရောက်ရှိနေသည့် အခြားသော အချုပ်ခန်းများစွာတွင်လည်း ဖြစ်ပေါ်လျက်ရှိသည်။
ဥပမာအားဖြင့် မော့ကျဲနှင့် တစ်ခန်းတည်း ကျသည့် ကွမ်ယုသည်လည်း အကျဥ်းသားဟောင်းများထံမှ ကြိုဆိုပွဲကို ရင်ဆိုင်လိုက်ရလေသည်။
ရလဒ်အနေဖြင့် စနစ်၏ မြှင့်တင်ပေးမှုကြောင့် ကွမ်ယုနှင့် မော့ကျဲတို့ နှစ်ယောက်က အချိတ်အဆက်မိမိ ပူးပေါင်းကာ လူသစ်များကို အနိုင်ကျင့်ရန် ကြိုးစားနေသည့် အကျဥ်းသားဟောင်း နှစ်ယောက်အား အလျင်အမြန်ပင် မြေပြင်ပေါ်သို့ ဖိချကာ ရိုက်နှက်ပစ်လိုက်ကြ၏။
တိုက်ပွဲအပြီးတွင် ကွမ်ယုနှင့် မော့ကျဲတို့က သူတို့၏ လက်များကို ကြည့်ကာ စိတ်လှုပ်ရှားမှုနှင့် မယုံနိုင်မှုတို့ကို တစ်ပြိုင်နက် ခံစားလိုက်ကြရသည်။
"ဘုရားရေ... လောင်မော့... ခုနက ငါလုပ်လိုက်တဲ့ လှုပ်ရှားမှုကို မင်း မြင်လိုက်လား။ သိပ်ကို မိုက်တာပဲကွာ.." ကွမ်ယုက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။
မော့ကျဲသည်လည်း စိတ်လှုပ်ရှားနေချေသည်။ "ငါ မြင်လိုက်တယ်။ ငါကိုယ်တိုင်လည်း ဒီလောက်တောင် တိုက်ရည်ခိုက်ရည် ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ငါ့ခန္ဓာကိုယ်က အလိုလို လှုပ်ရှားနေသလို ခံစားရတယ်။ ငါ့ရဲ့ တိုက်ခိုက်မှုတွေက မြန်ဆန်တယ်... ရက်စက်တယ်... ပြီးတော့ တိကျတယ်..."
ကြီးမားလှသည့် ခွန်အားများကို အသုံးပြုရသည့် ဤခံစားချက်မျိုးကို သူတို့ ယခင်က တစ်ခါမှ မကြုံဖူးခဲ့ချေ။ အကြိမ်ပေါင်း ထောင်ချီ၍ လေ့ကျင့်ထားခဲ့သကဲ့သို့ သူတို့၏ ကြွက်သားများက ပြီးပြည့်စုံသည့် တိုက်ခိုက်ရေး မှတ်ဉာဏ်များကို ဖန်တီးထားပြီး ဖြစ်နေခဲ့သည်။
သူတို့သာမက အခြားသော အချုပ်ခန်းအသီးသီးသို့ ရောက်ရှိသွားကြသည့် ခရီးသွားများမှာလည်း သိုင်းပညာရှင်များဖြစ်လာရသည့် ပျော်ရွှင်မှုကို အတိုင်းအတာ တစ်ခုအထိ အသီးသီး ခံစားခဲ့ကြရ၏။
ယာယီ မြှင့်တင်ပေးထားသည့် ခန္ဓာကိုယ်နှင့် တိုက်ခိုက်ရေးဗီဇများကြောင့် သူတို့က မိမိကိုယ်ကိုယ် အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ကြသည်။
အချို့ဆိုလျှင် အချုပ်ခန်းကိုပင် သိမ်းပိုက်လိုက်ပြီး ခေါင်းဆောင်သစ်များ ဖြစ်လာခဲ့ကြသည်။
ကျန်းယဲ့နှင့် သူ့အဖွဲ့၏ အကျဥ်းထောင်တွင်း ပထမဆုံးနေ့ရက်က ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းခဲ့သော်လည်း သူတို့၏ စနစ်အထောက်အပံ့များကြောင့် ယေဘုယျအားဖြင့်တော့ သာယာသည့် အချိန်ကို ပိုင်ဆိုင်ခဲ့ကြပြီး ဆန်းသစ်ကာ စိတ်လှုပ်ရှားစရာ ကောင်းသည်ဟုပင် ခံစားခဲ့ကြရသည်။
သို့သော်လည်း မည်သည့် မြှင့်တင်မှုမှ မရရှိထားသည့် အခြားသော အစစ်အမှန် လူသစ်အကျဥ်းသားများကတော့ ထိုမျှ ကံမကောင်းခဲ့ကြချေ။
အချို့က ပြန်လည်ခုခံကြသဖြင့် သေလုမျောပါး ရိုက်နှက်ခံလိုက်ရ၏။
အချို့ကတော့ သရေကျအောင် စွမ်းဆောင်နိုင်ခဲ့ပြီး သိမ်မွေ့သည့် မျှတမှုတစ်ခုကို ရရှိခဲ့ကြသည်။
အချို့မှာမူ အတင်းအကျပ် အညံ့ခံခဲ့ရပြီး အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ကြရသည်.....
(လခွမ်း... ဖင်ကျိန်းလိုက်တာကွာ..)
အချုပ်အားဖြင့်ဆိုရလျှင် ဤလူသစ်များ ရောက်ရှိလာမှုက နံပါတ် ၁၅ အကျဥ်းထောင်ရှိ အချုပ်ခန်းများအားလုံးအတွက် အလွန်တရာ စည်ကားသက်ဝင်သော ညတစ်ညကို ဖန်တီးပေးခဲ့လေတော့သည်။
(NT- စနစ်က သတိပေးခဲ့တာအလကားမဟုတ်ဘူးနော်... ယောင်္ကျားလေးတောင် ဒီလောက်ဖြစ်နေတာ...)
အခန်း ၃၆၇ပြီး၏။